Fan Boy Is Just A Fan Boy
By mhuu99
18.7K 2.1K 135
This fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ fee... More
Fan Boy Is Just A Fan Boy Ch-1
Fan Boy Is Just A Fan Boy Ch-2
Fan Boy Is Just A Fan Boy Ch-3
Fan Boy Is Just A Fan Boy Ch-4
Fan Boy Is Just A Fan Boy Ch-5
Fan Boy Is Just A Fan Boy Ch-6
Fan Boy Is Just A Fan Boy Ch-7
Fan Boy Is Just A Fan Boy Ch-8
Fan Boy is Just A Fan Boy Ch-10
Fan Boy is Just A Fan Boy Ch-11
Fan Boy Is Just A Fan Boy Ch-12
Fan Boy Is Just A Fan Boy Ch-13
Fan Boy Is Just A Fan Boy Ch-14
Fan Boy Is Just A Fan Boy Ch-15
Fan Boy Is Just A Fan Boy Ch-16(The Last Part)
Fan Boy Is Just A Fan Boy Ch-9
981 140 10
By mhuu99
Unicode (Zawgyi below)
Jaehyun's POV
"Nae?????"
အိပ်နေရင်းဝင်လာတဲ့ဖုန်းကိုကိုင်လိုက်တော့မှ အကြီးကြီးမျက်လုံးပြူးတာ
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ဆိုဖာပေါ်ကနေပလူးပလဲအမြန်ထ
SM ရဲ့အပေါ်ထပ်ကို အမြန်တက်ပြေးတော့ တော်သေးတယ်
ဟိုကလေးတွေက အဆင်သင့်ဖြစ်နေကြပြီ ကျနော်တစ်ယောက်တည်းပင်ပန်းလွန်းလို့အိပ်ပျော်သွားတာ Dream ကလေးတွေက ဒီနေ့ M countdown သွားရမယ်ဆိုတာကိုကျနော်မေ့နေတာ
သတိတော့ရပါတယ်
အိပ်ပျော်သွားတော့မေ့သွားတာပါ
တော်သေးတာပေါ့ ဖုန်းဝင်လာလို့
"လာ လာ ကလေးတွေ အမြန်သွားရအောင်"
ကျနော်ကသာအလောသုံးဆယ်ရိုက်နေတာ သူတို့လေးတွေက slow motion လေးတွေနဲ့တော့။ ၇ယောက်လုံးကိုကားထဲအတင်းဆွဲသွင်းပြီး driver ကိူအမြန်မောင်းခိုင်းရတယ် ။မသိရင် ကလေးတစ်သိုက်ကိုပြန်ပေးဆွဲသွားတာကျနေတာပဲ။
Mnet building ရှေ့လည်းရောက်ရော အော်သံတွေကြွက်ကြွက်ညံ ကလေးတွေမထိခိုက်အောင် ဘေးကနေ ကာပေးထားရသေးတယ်။ ၇ယောက်ထဲက တစ်ယောက်သာလှမ်းဆွဲပြီးလုသွားရင်တော့ရင်ကျိုးရချည်ရဲ့။ကျနော်လည်းအလုပ်ပြုတ်မှာလေ ။ ဒါပေမယ့် ကျနော်ရှိရင် ဒီကလေးတွေကိုထိလို့တောင်မရပါဘူး။ fan တွေလည်းကြာရင်ကျနော့်ကို eye cross ဖြစ်တော့မှာ။ မသိဘူး မသိဘူး ကျနော်ခံစားနေရတာတွေဘယ်သူမှမသိဘူး
Building ထဲဝင်တော့မှရင်ထဲက ဘယ်သူများဆွဲလုသွားမလဲဆိုတဲ့အပူလုံးကြီးကကျသွားတာ
ဒီလို ဒီလိုနဲ့ ပြီးဆုံးရသောတစ်နေ့....
ကလေးတွေကို dorm ပြန်ပို့
ကျနော်ကတော့ SM မှာလုပ်စရာလေးတွေရှိသေးလို့ SM building ဆီပြန်ရတာပေါ့
ညနေ ၆ နာရီကျော်လောက်
တိတ်ဆိတ်စပြုနေပြီဖြစ်တဲ့ SM building ထဲမှာဖြစ်တာကြောင့် အလုပ်ကိုအမြန်လက်စသတ်ပြီး အဆောင်ပြန်ဖို့ အောက်ထပ်ကိုဆင်းလာလိုက်တယ်
ထူးဆန်းတဲ့အသံကကျနော့်နားထဲအလိုအလျောက်ဝင်လာတယ်
ကျနော်ကြမ်းပြင်ကိုငုံ့ကြည့်လိုက်တော့ ဘောလုံးလေးတစ်လုံးကျနော့်ဆီကိုလိမ့်လာတယ် အရှေ့ကိုကြည့်တော့လည်းဘယ်သူမှမတွေ့။ ဘုရားရေ သရဲခြောက်ပြီလားပေါ့?
အရှိန်နဲ့လိမ့်လာတာကြောင့်ဘောလုံးကအဝေးကနေကျနော့်နားကို ကျနော်ကြည့်နေတဲ့တစ်ခဏအတွင်းမှာရောက်လာတယ် နောက်ဆုံးတော့ကျနော့်ခြေထောက်ကိုလာထိတယ် ကျနော့်ခြေထောက်နားမှာပဲရပ်တန့်သွားတယ် အဲ့ဘောလုံးလေးကိုကျနော်ကောက်ယူလိုက်တော့ ရိုးရိုးဘောလုံးမဟုတ်ဘဲ pokemon ball လေးဖြစ်နေတာကိုတွေ့လိုက်ရတယ်
သေချာကြည့်တော့ ကစားစရာ pokemon ball မဟုတ် အနည်းငယ်ထူးခြားနေတဲ့ pokemon ball လေး။ ဘယ်သူ့ဟာမှန်းလည်းမသိ တိတ်ဆိတ်နေပြီဖြစ်တဲ့ဒီအဆောက်အဦထဲမှာ ဘယ်သူ့ကိုသွားအပ်ထားရမှန်းမသိ အတော်လေးအကြပ်ရိုက်တဲ့ကိစ္စကကျနော့်ဆီဦးတည်ပြီးရောက်လာတယ်
နောက်ထပ်ကြားလိုက်ရတဲ့အသံတစ်သံ
ခြေသံတို့ကကျနော်မရင်းနှီးသောခြေသံများ
ကျနော့်ရှေ့ကိုကြည့်လိုက်တော့ ကျနော်အတော်လေးကိုမှင်သက်အံ့သြသွားရလောက်တဲ့လူတစ်ယောက်ကကျနော့်ဆီကိုပြေးလာခဲ့တယ်
"ahh အဲ့ဒါကျနော့် pokemon ball ပါ အခန်းထဲကနေလိမ့်ကျသွားလို့ တော်သေးတာပေါ့ ပျောက်မသွားတာ"
Lee Taeyong ဟုခေါ်ရသောကျနော့်ရဲ့ idol
သူသာ pokemon monster လေးသာဆို ကျနော်လက်ထဲက pokemon ball နဲ့လှမ်းဖမ်းလိုက်မှာ... ဘယ်တော့မှပြန်လွှတ်မပေးတော့ဘဲ အပိုင်ဖမ်းထားလိုက်တော့မှာ ဒါပေမယ့် အရင်ကတည်းကကျနော့်နှလုံးသားထဲမှာဖမ်းသိမ်းထားခဲ့ရတဲ့လူတစ်ယောက်က သူပဲမဟူတ်လား
အဖြူရောင် T shirt လေးကိုသာဝတ်ထားတဲ့သူ့ရဲ့ရိုးရှင်းလွန်းတဲ့ ဒီဇိုင်းကသူ့ကိုပိုပြီးချစ်ဖို့ကောင်းစေတယ်
ကျနော့်ရှေ့ကိုရောက်လာတဲ့ သူလေးက Taeyong တဲ့လား
ဘုရား ဘုရားးးး
manga စာအုပ်ထဲကခုန်ထွက်လာတဲ့ character လိုမျိုးချောပြီးချစ်ဖို့ကောင်းနေလိုက်တာများ ကြည့်လို့တောင်မဝဘူး ပထမဆုံးမကြားဖူး မရင်းနှီးဖူးတဲ့ခြေသံပိုင်ရှင်က ကျနော့်ရဲ့ idol ခြေသံတဲ့ အိပ်မက်လို့တောင်ထင်မြင်ရတဲ့ဖြစ်ရပ်တွေ။ W ဇာတ်လမ်းက Taeyong ဆိုတဲ့သူနဲ့တွေ့မှအသက်ဝင်လာခဲ့တာ။
"ahh nae"
တဖြည်းဖြည်းအနီးကပ်လာတဲ့ သူကတော့ကျနော့်လက်ထဲက pokemon ball ကိုယူသွားပြီဖြစ်သည်။
ကျနော့်ရဲ့မှင်သက်အံ့သြနေတဲ့မျက်နှာကိုသေချာကြည့်ပြီး
"စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်"
SM ကိုရောက်ကတည်းက ပထမဆုံးတွေ့ရတဲ့ အခုလိုအချိန်မှာကျနော် အေးအေးဆေးဆေးတည်ငြိမ်နေပြနိုင်မလား????
" ah ရပါတယ် အနှောင့်အယှက်မဖြစ်ပါဘူး"
"ကျနော့်ရဲ့ Power bank လေ ဒါက အခန်းထဲကနေလိမ့်ကျသွားတာ"
"aww ဒါ့ကြောင့်တစ်မျိုးဖြစ်နေတယ်ထင်နေတာ ပထမ ရိုးရိုးဘောလုံးပဲထင်နေတာ"
"gomawo"
ကျနော့်ရဲ့ လည်ဆွဲကိုသူကြည့်လိုက်တယ်
"Jeong Jaehyun ssi"
ကျနော့်လည်ဆွဲက ကျနော့်နာမည်ကိုသူခေါ်လိုက်တယ် ချက်ချင်းအေးခဲသွားတဲ့ကျနော့်ခြေထောက်တွေလှုပ်လို့မရတော့ဘူး
ကျနော်သူ့ကိုနောက်ဆုံးတွေ့လိုက်ရတာက Singapore က fansign မှာ စားပွဲခုံခြားနေတဲ့သူ့မျက်နှာလေး
SM မှာကျနော်အလုပ်ဝင်လုပ်တဲ့အချိန်မှာ ဒါသူ့ကိုပထမဆုံးအနီးကပ်တွေ့ရတာ ရင်ဘတ်တွေထဲကနှလုံးသားဂနာမငြိမ်ဖြစ်နေတာသူမြင်လိုက်လားမသိဘူး ကျနော်စိုးရိမ်စွာပြန်တွေးမိပြန်တယ်။
သူ့ fansign ကိုလာခဲ့တဲ့ fanboy တစ်ယောက်ကကျနော်ဖြစ်နေတာကိုသူမေ့နေတယ်
အင်းလေ ။ ဒါလည်းသူ့အပြစ်မဟုတ်ပါဘူး။ fan တွေဒီလောက်များတာသူကျနော့်ကိုမမှတ်မိတာအထူးအဆန်းမှမဟုတ်တာ။ ဒါပေမယ့်ကျနော်စိတ်မကောင်းတော့ဖြစ်မိတာပေါ့။
"ahhh Jaehyun ဆိုတာက...."
စကားစပြတ်မသွားဘဲရှေ့ဆက်လာတဲ့သူ့စကားကြောင့်ကျနော်ပြန်အားတက်မိသွားတယ် သူကျနော့်ကိုမှတ်မိနေသေးတယ်လား?
"NCT Dream ရဲ့ manager မလား"
အောက်ကိုနောက်တစ်ကြိမ်ထပ်ပြုတ်ကျသွားခဲ့တဲ့ကျနော့်ရဲ့မျှော်လင့်ချက်လေး
တုတ်ရင်းကတုတ်ရင်းပါပဲ
သူကျနော့်ကိုလုံးဝဆိုလုံးဝမမှတ်မိတာပါ...
ကျနော်ခွင့်လွှတ်ပေးပါတယ် ဝမ်းနည်းစွာနဲ့ ....
"nae"
သူသိနေတဲ့ ကျနော်က အခုလက်ရှိ SM မှာ manager တစ်ယောက်အနေနဲ့အလုပ်လုပ်နေတဲ့လူတစ်ယောက်အဖြစ်နဲ့ပဲသိတာ
သူ့ဆီကိုလာခဲ့ဖူးတဲ့ fan boy တစ်ယောက်အနေနဲ့သိနေတာမဟုတ်ဘူး
"saeng တွေကပြောကြတယ် သူတို့ manager ကသဘောကောင်းတယ်တဲ့ ရှေ့ဆက်ပြီးလည်း ကျနော့်ညီလေးတွေကိုသေချာစောင့်ရှောက်ပေးပါနော်"
"nae Taeyong ssi"
ချိုမြိန်သွားစေခဲ့တဲ့သူ့နာမည်လေး
ဖြစ်နိုင်ရင် သူ့ကိုလှမ်းဆွဲပြီးရင်ခွင်ထဲထည့်လိုက်ချင်ပါရဲ့။ ရပါတယ်။ သူ့ကိုဒီလိုအနီးကပ်မြင်နေရတာကိုကကျနော့်အတွက်အတိုင်းမသိပျော်ရွှင်ရသောကြည်နူးမှုတစ်ခု။
အပြုံးလေးနဲ့ကျနော့်ကိုနှုတ်ဆက်ထွက်ခွာသွားတဲ့ Taeyong ကိုကျနော်ကြည့်ရင်းပြုံးမိတယ် ချစ်ရလွန်းတဲ့သူကိုကျနော်အနီးကပ်နိုင်ဖို့ကြိုးစားနေရင်းအခိုက်အတန့်မှာပင် မထင်မှတ်ထားတဲ့အခြေအနေတစ်ခုကြောင့်ပထမဆုံးအကြိမ်မြင်ဖူးလိုက်ရတယ်။
ဘယ်လောက်ထိ ကိုယ့်ကိုယ်ကိုဖြေသိမ့်ရင်းရူးသွပ်ခဲ့လဲဆိုရင်....
သူအမြဲသုံးနေကျ pokemon ball power bank ကိုကျနော်ကိုင်လိုက်ရတယ် သူနေ့တိုင်းကိုင်နေတဲ့ သူ့လက်တဲ့ထိတွေ့ထားတဲ့ ပစ္စည်းကိုကျနော်ထိတွေ့ကိုင်တွယ်လိုက်ရတယ်...
ကျေနပ်မှုအပြည့်ခံစားလိုက်ရသော ရင်တွင်းကချိုမြိန်မှုက ဒီလိုဆွဲတွေးရင်းနဲ့ဖြစ်လာတဲ့အတွေးတွေကြောင့်ပဲလေ.....
fan ဆိုတာအမြဲတမ်း ကိုယ်ချစ်ရတဲ့ ကိုယ့်ကိုမသိတဲ့ ကိုယ့် idol တွေ့ကြောင့်နေ့တိုင်းရူးသွပ်နေရတဲ့ အချစ်ကြီးသူလေးတွေ.....
စစ်မှန်ပြီးဖြူစင်လွန်းတဲ့အချစ်တွေကြောင့်ရူးသွပ်နေရတဲ့ သူတွေက fan တွေကလွဲရင်ဘယ်သူများရှိနေဦးမှာလဲ???
ကိုယ့် idol နဲ့ပတ်သက်ရင်အလိုလိုကိုလောဘတက်နေတာ ကျနော်အပါအဝင်ပေါ့။ ဒီလောက်နဲ့မလုံလောက်သေးပါဘူး ကျနော်သူ့နားကိုရောက်သွားပြီးသူနဲ့နီးစပ်ရမယ့်အချိန်တွေအများကြီးထပ်ရှိလာစေချင်သေးတယ်
**********
NCT Dream Chewing Gum era finished
ရင်ထဲကအလုံးကြီးလျှောကျသွားရသောကာလလေး
NCT Dream ရဲ့ manager အဖြစ် SM မှာအလုပ်လုက်လာရင်းးးး
အချိန်တွေ ရက်တွေပြောင်းလဲလာတယ်
ဒါပေမယ့် Taeyong ကိုတော့ ကျနော်ပြန်မတွေ့ရတော့ဘူး
အရင်တစ်ခါ pokemon ball လေးကိစ္စနဲ့တွေ့ပြီးကတည်းက အခုထိပြန်မတွေ့ရတာ ရင်ထဲမှာမချိလိုက်တာ
မချိတာထက်လွမ်းနေတာ အဆွေးဓာတ်ကအတွေးထဲမှာတမြေ့မြေ့နဲ့လှိုက်စားနေပြန်တယ်
သြော် သြော် ကျနော်လည်းသူ့တော်တော်ချစ်တာပဲ
အေးအေးဆေးဆေးနေနေရတဲ့အခိုက်အတန့်ကပြန်ကုန်သွားတယ်
NCT Dream Comeback ဆိုပဲ!!!
ဒီတခါတော့ Jaemin လေးကနေမကောင်းလို့ comeback မှာမပါနိုင်ဘူး အခြားသော member တွေကတော့ comeback အတွက်ပြင်ဆင်နေကြပြီ
"ကျနော်တို့ comeback မတိုင်ခင် hyung တို့က အရင် comeback မှာတဲ့"
ရေခဲချောင်းစားရင်းပြောလာတဲ့ Jisung စကားကြောင့်ရင်ထဲကို ရင်ခုန်သံတို့ကဒုံးကျည်သဖွယ်ဆောင့်တက်လေရဲ့
"ဘာာာာ??? NCT 127 comeback မှာ?????"
"အင်းလေ"
ဟင့်အင်း
ကျနော် Jisung လိုမအေးဆေးနိုင်ဘူး
သြော် manager ဆိုတာကလည်း fan ဖြစ်နေပြန်တော့ comeback ဆိုတဲ့စကားကြားရင်အလိုလိုထပျံချင်လာတာ
"ဘာဖြစ်သွားရတာလဲ?"
ရေခဲချောင်းစားတာအဆက်မပြတ်ဘဲ ပြန်မေးလာတဲ့ jisung ကြောင့်ကျနော်အမြန်ပြန်ဟန်ဆောင်လိုက်ကာ
"aww comeback တွေထပ်နေမှာပဲလို့ အဲ့လိုတွေးနေလို့ပါ"
"aww inn inn မသိဘူးလေ hyung က NCT 127 ကိုကြားတာနဲ့တခါတလေ အဲ့လိုရုပ်သေသေသွားလို့ မေးကြည့်တာ"
"မဟုတ်ပါဘူးကွာာ"
yesss comeback တော့မယ်
MV stream မယ်
Music Chart show တွေမှာ vote ရမယ်
album ဝယ်ရမယ်
ခေါင်းထဲကိုတန်းစီရောက်လာသော ကျနော့်ရဲ့အလုပ်များးး
Jaehyun's POV End
Zawgyi ver
Jaehyun's POV
"Nae?????"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
သတိတော့ရပါတယ်
ညနေ ၆ နာရီကျော်လောက်
ဘုရား ဘုရားးးး
"ahh nae"
"gomawo"
"Jeong Jaehyun ssi"
"ahhh Jaehyun ဆိုတာက...."
"nae"
"nae Taeyong ssi"
**********
"အင်းလေ"
ဟင့်အင်း
"ဘာဖြစ်သွားရတာလဲ?"
"မဟုတ်ပါဘူးကွာာ"
MV stream မယ်
album ဝယ်ရမယ်
Jaehyun's POV End
Continue Reading
You'll Also Like
1.1M 46.3K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
684K 33.8K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
11K 1K 27
Recommend songs- Letter ii // Zenith - Letter i//Zenith -8 letters//why don't we
315K 7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc