လူသားတစ်ယောက်ကို ချစ်မိခြင်း

By kiratommy5

150K 17.7K 3.8K

"ချစ်ခြင်း မေတ္တာဆိုတာ ယုံကြည်စရာ မကောင်းပါဘူးလို့ ကျွန်တော့်ကို ပြောပါ...ခင်ဗျားပြောရင် ကျွန်တော် ယုံမယ်." I... More

အပိုင်း{၁}
အပိုင်း{၂}
အပိုင်း{၃}
အပိုင်း{၄}
အပိုင်း{၅}
အပိုင်း{၆}
အပိုင်း{၇}
အပိုင်း{၈}
အပိုင်း{၉}
အပိုင်း{၁၀}
အပိုင်း{၁၁}
အပိုင်း{၁၂}
အပိုင်း{၁၃}
အပိုင်း{၁၅}
အပိုင်း{၁၆}
အပိုင်း{၁၇}
အပိုင်း{၁၈}
အပိုင်း{၁၉}
အပိုင်း{၂၀}
အပိုင်း{၂၁}
အပိုင်း(၂၂)
အပိုင်း (၂၃)
အပိုင်း(၂၄)

အပိုင်း{၁၄}

5.8K 832 181
By kiratommy5

🎀ချစ်သူကို ပျော်ရွှင်စေမည့် နည်းလမ်းများ🎀

1.နွေးထွေးပျူငှာသော အထိအတွေ့...

ချစ်သူနှင့်နေ့စဉ် လက်ပွန်းတတီးနေပါ
အထိအတွေ့က စကားလုံးတွေထက် ထိရောက်ပါတယ်...တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်
ခြင်း...ဖေးမခြင်း...ပွေ့ချီခြင်း အစရှိတဲ့ ကိုယ်ချင်းနီးစပ်မှုတွေဟာ...ချစ်သူနှစ်ဦးကြား ဆက်ဆံ
ရေးကို တိုးတက်စေပါတယ်...

2.နမ်းပါ...
နမ်းတဲ့အခါ တစ်နေရာနှင့် တစ်နေရာ
မတူအောင် မထပ်အောင် နမ်းကြည့်ပါ...ချစ်သူ
ဘဝမှာ အနမ်းဆိုတာ မကင်းသင့်ပါ...နမ်းလို့ရ
သမျှနေရာ နမ်းကြပါတော့...

လခွမ်း...ဘာတွေလဲဟ...😟

3.တစ်ယောက်ကိုတစ်ယောက် မှီအိပ်တဲ့အကျင့်
ရှိပြီလား?
နေ့လယ်ဘက် တီဗီကြည့်ရင်းပဲဖြစ်
ဖြစ်...ညနေဆည်းဆာကို စောင့်ကြည့်ရင်းပဲဖြစ်ဖြစ်...ချစ်သူရဲ့လက်မောင်းပေါ်...ပုခုံးပေါ်...ပေါင်ပေါ်မှာ သင်အိပ်ဖူးပြီလား...မအိပ်ဖူးသေးရင် အိပ်ကြည့်ပါ...သင်တို့ရဲ့ ချစ်ခင်ရင်းနှီးမှုဟာ...
သိသိသာသာ တိုးတက်လာပါလိမ့်မယ်...

😕

4.မျက်ဝန်းချင်းဆုံပြီး စကားပြောပါ...

စတုတ္ထမြောက်ခေါင်းစဉ်ကို ဖတ်ပြီးနောက်...
စာအုပ်ကို ပိတ်ကာ...အိပ်ရာပေါ် ပစ်တင်လိုက်ရင်း...ကျွန်တော်...မျက်လုံးများကိုမှိတ်ပစ်လိုက်မိသည်...

"မင်း...အဲဒီလို သူ့ကိုနိုင်နေရင်...တစ်နေ့...
သူ မင်းကို ချစ်မှာမဟုတ်တော့ဘူး...😪သူ့ကို
ပျော်အောင်ထားပေးရမှာပေါ့...မင်းကလည်း😕"

BaekHyun၏ သြဝါဒ...

ဟင်း...😑

လူတစ်ယောက်က ကိုယ့်ကိုချစ်ပြီဆို...
ကိုယ် ဘာလုပ်လုပ်ချစ်နေရမှာပေါ့...😑

ခုတော့...ဒီလို ခပ်ပေါပေါ အကြံပေးစာများကို
ကျွန်တော့်မှာ ရှာကြံဖတ်နေရသည်...😕

သူ့နည်းလမ်းများကလည်း လက်ပွန်းတတီး
နေရမည်ဆိုတာချည်း...😟
လက်ပွန်းတတီးဆိုတာ
နေတိုင်း ကောင်းသည်မှ မဟုတ်ဘဲ...😒

ကျွန်တော်က သန့်သန့်လေး တွယ်တာချင်
သည်...😔

မျက်နှာကျက်နံရံဖြူဖြူကို...ပျင်းပျင်းရိရိ
ငေးစိုက်ကြည့်နေမိတော့ အတွေးထဲတွင်
သူ့ပုံရိပ်က ဖြည်းဖြည်းချင်းပေါ်လာသည်...

လူကို စားမတတ်ဝါးမတတ်...စိုက်ကြည့်
နေရင်းကပင် နွေးထွေးစွာ ပြုံးနေတတ်သော...😔

ဝတ္ထုများထဲမှ သိပ်ချစ်သယောင် လုပ်ပြတတ်
သည့်...ကျွန်တော် မနှစ်သက်သည့်...ဇာတ်
ဆောင်များနှင့် ဆင်ဆင်တူသော...😔

ယုန်ငယ်လေးလို မျက်ဝန်းများနှင့် လူကို...အသနားခံ ၍မရလျှင် ကျားတစ်ကောင်လို
ရဲတင်းစွာ ဇွတ်တရွတ် ရှေ့တိုးလာတတ်သော...
😔

ကိုယ့်အတွေးကိုယ် သဘောကျပြီး ကျွန်တော်
ပြုံးမိသွားသည်...

"အင်းပေါ့...ခုတော့ ငါက မရှာနိုင်တော့ မင်းက
ဒီစကားပြောပြီပေါ့..."

အိမ်အောက်ထပ်မှနေ၍...အာလေးလျှာလေးနှင့်စိတ်ညစ်စရာကောင်းသော အသံကြီး ထွက်ပေါ်လာသည်...

ပါး...မူးလာပြန်ပြီ...😷

"ရှင့်ကို...ကျွန်မ အပြစ်တင်နေတာ မဟုတ်ဘူး
Deng Chao...တစ်ခုခုလုပ်ဖို့ ပြောနေတာ...
ကျွန်မတို့ ဒီလိုပဲ အကြာကြီးနေလို့ မဖြစ်ဘူးလေ
ပိုက်ဆံလည်း လက်ထဲသိပ်မရှိတော့ဘူး...ရှင်
အလုပ်ရှာမှ ဖြစ်မယ်"

"ငါလည်း ရှာနေတာပဲလေ...အဆင်မှ မပြေတာ"

"မပြေရင်လည်း တစ်နည်းနည်းတော့ ရှင်လုပ်
ပေးမှ ရမှာပေါ့...Luhanကလည်း အထက်တန်းရောက်လာပြီ...ရှင်က...ညနေတိုင်း အရည်
တွေ သောက်သောက်လာ..."

တစ်စတစ်စ...ကျယ်လောင်လာသော အသံများ
😞

ကျွန်တော် အိပ်ရာမှထ၍...စာကြည့်စားပွဲပေါ်ရှိ...mp3နှင့် နားကြပ်ကို ယူလိုက်မိရင်း တံခါးကို လော့ချလိုက်မိသည်...

ထို့နောက် နားကျပ်ကိုတပ်ထားလိုက်သည်...
အသံများက တိုးသွားသယောင်ရှိသော်လည်း
ကြားနေရဆဲ...

ပါး အလုပ်ပြုတ်သွားခဲ့ပြီ...
ကျွန်တော် မသိခဲ့...ကျွန်တော်တင်မဟုတ်...
မားကိုပါ ပါးက အသိမပေးခဲ့...

တရုတ်မှ ပြန်လာပြီးနောက်မှ ကျွန်တော်တို့...
အိမ်၏ အခြေအနေမှန်ကို နားလည်ခဲ့ရသည်

အကယ်၍ ကြိုသာသိခဲ့လျှင် တရုတ်သို့ ပြန်ဖြစ်
ခဲ့မည်မဟုတ်...သူ့မိဘ...ကျွန်တော့်အဖိုး
အဖွားများဆီ ပြန်ချင်သော မား၏ ဆန္ဒကို ပါးက
ခါတိုင်းလိုပင် ဟန်မပျက် ဖြည့်ဆည်းပေးခဲ့သည်...😞

တစ်ကောင်ကြွက်...ပါးနှင့် အိမ်ထောင်ပြုသဖြင့် သူတို့သမီးကိုပင် နှိမ်ချင်သော...
သွေးကြီးသည့် ယောက္ခမများကို ခံပြင်းစိတ်နှင့်
အကျောမခံချင်၍လည်း ဖြစ်နိုင်သည်...

ကျွန်တော် ပါးကို နားလည်ပါသည်...သို့ပေမယ့်
ဘယ်လိုပဲဖြစ်ပါစေ...ကျွန်တော်တို့ကို အသိပေးသင့်သည်ဟုတော့ ထင်သည်...

အခုရက်ပိုင်းများအတွင်း ပါးနှင့်မားတို့...မကြာ
ခဏ ရန်ဖြစ်ကြသည်...အလုပ်ရှာမရသည့် ကိစ္စ
ပါး အရက်သောက်သည့်ကိစ္စ...

နှစ်ယောက်သားစကားမပြောကြသည့်...
နေ့ရက်များက တဖြည်းဖြည်းများလာသည်...😷

မနက်စာထမင်းဝိုင်းသည်
တိတ်ဆိတ်ခြောက်ကပ်နေသည်...😞

ပါးက ကျွန်တော်တို့နှင့် မစားတော့...
မနက်ပိုင်းဆို...အခန်းထဲမျာ...အိပ်နေတတ်
ပြီး...နိုးလာလျှင် ရေမိုးချိုး...အပြင်ထွက်သွားတတ်သည်...

ညဘက်တွင်တော့ မူးပြီး ပြန်လာသည်...
ဒီလိုနဲ့ပဲ သံသရာလည်နေတော့မှာ
လား...

အင်းလေ...

ပါး အလုပ်ရရင်တော့ အဆင်ပြေသွားမှာပါ...

ဟင်း...

ဆက်ပြီး...မတွေးတာဘဲ ကောင်းပါသည်

သီချင်းကိုဖွင့်ပြီး volumeမြှင့်လိုက်တော့...
နားထောင်လက်စ Westlifeအဖွဲ့၏...More than words သီချင်းက သာယာညင်းပျောင်းစွာ ထွက်ပေါ်လာသည်...

ကျွန်တော်...ကုတင်အောက်မှ...နက်ပြာရောင်
စက္ကူဘူးလေးကို ဆွဲထုတ်ပြီး ကုတင်ပေါ်တင်
လိုက်မိသည်...

စိတ်ညစ်စရာများ ရှိနေခိုက်...သူ့အကြောင်း
တွေးလိုက်လျှင် ကျွန်တော်ပျော်လာသည်...

အနည်းဆုံးတော့ ကျွန်တော့်မှာ ပျော်စရာ
သူ ရှိနေသေးသည်...

နက်ပြာရောင်အဖုံးကို...ဖွင့်လိုက်တော့...
ချိုချဉ်နံ့လေး သင်းခနဲ...အရောင်စုံ ရနံ့စုံ...
အရသာစုံသော အသည်းပုံသကြားလုံးခွံလေးများက...စက္ကူဘူး၏ သုံးပုံနှစ်ပုံနီးပါး...အပြည့်အဝနေရာယူလျက်...

ကျွန်တော် လက်တစ်ဖက်ဖြင့် သကြားလုံးခွံ
လေးများကို ဖွလိုက်မိသည်...

သူသာ...ဒါတွေကို မြင်သွားလျှင် ဘာပြောမလဲ
မသိပါ...😌

တစ်နေ့ တစ်လုံး စားပွဲအောက်ရောက်နေသော
အသည်းပုံသကြားလုံးလေးများကို
မြည်းစမ်းဖို့ အရေး ကျွန်တော့်မှာ...နှမြောတသ
ဖြစ်နေခဲ့ရသည့် ကာလများ...

Ingredientက အစ...တယုတယ...ဖတ်ရင်း စားဖူးနေကျ သကြားလုံးကို...အထူးအဆန်း
ဖြစ်နေခဲ့မိသည်အထိ...😂

တရုတ်မှ ပြောင်းလာပြီး...ခင်ခင်မင်မင်ရှိသူဟူ
၍ BarkHyunတစ်ယောက်သာ ပြစရာရှိနေစဉ်
တည်းက ကျွန်တော် သူ့ကို သတိထားမိခဲ့သည်

ဆွတ်ဆွတ်ဖြူသော...အသားအရေ...ပိန်ပိန်ပါးပါးခန္ဓာကိုယ်...မှေးချင်သလိုရှိသည့် မျက်လုံး
များနှင့် အနည်းငယ် ဆိုက်ပိချင်သော...သူ့ကို...မကြာခဏဆိုသလို ကျောင်းဝန်းအတွင်း တွေ့ရတတ်သည်...

တော်တော်လတ်လျား လတ်လျားလုပ်နိုင်တဲ့
တစ်ယောက်ပဲလို့...ရိုးရိုးရှင်းရှင်း တွေးမိခဲ့သော်
လည်း...သူ၏ လတ်လျားလတ်လျားလုပ်ခြင်း
မှာ ကျွန်တော်နှင့် တိုက်ရိုက်ကြီး သက်ဆိုင်လာ
သည့်အခါ ကျွန်တော့်အတွေးများလည်း မရိုးရှင်းနိုင်တော့ပါ...

ကျွန်တော့်ကို မြင်လျှင် အပြုံးကြီးကြီးဖြင့်...
စူးစိုက်ကြည့်တတ်သော သူ့ပုံစံက...ကျွန်တော့်
ရင်အားဒိန်းဒလိန်းဒိန်း တုန်စေသည့်အဆင့်မှ ...ရှိန်းတိန်းဖိန်းတိန်း...ခုန်စေသည့်အဆင့်သို့
မကြာလှသည့် အချိန်အတွင်း...လျင်မြန်စွာ
ခုန်တက်သွားခဲ့သည်...

သူ့ကို မမြင်ရလျှင် မသိမသာ ရှာမိသည်...
မြင်ကွင်းထဲတွင် အမြဲတမ်းရှိနေလျှင်လည်း
အနေရခက်ပြီး အမြင်ကပ်လာသည်...
တစ်ခါတစ်ရံ...သူ့ကို ကျွန်တော့်နားမှာ ရှိစေချင်
သည်...တစ်ခါတစ်လေလည်း အဝေးဆုံးသို့
တွန်းပို့ထားချင်သည်...
ကျွန်တော် လက်လှမ်းမီနိုင်သလောက် အဝေးဆုံးအကွာအဝေး😔

မည်သူမဆို မိမိအပေါ် ဂရုစိုက်သော...မိမိကိုမှ
ရူးသွပ်သော လူတစ်ယောက်တော့...လိုချင်မိ
ကြသည်ပဲ...ခက်တာက...ကိုယ်ကိုယ်တိုင်
တောင် မသိလိုက်ပါဘဲ...အဲဒီလူကို စွဲလန်းမိသွားခြင်း...အင်း...စွဲလမ်းမှုသည်လည်း ရူးသွပ်
ခြင်းတစ်မျိုးပင်ဖြစ်ပါသည်...

ကျွန်တော် စွဲမိအောင်လည်း...သူက...တကယ်ကို ဆိုးပါသည်...
မုန့်စားဆင်းလျှင် ကျွန်တော့်နံဘေးတွင် အတင်း
ကပ်ပြီး လာထိုင်မည်...ကျွန်တော့်မှာ သူ့နာမည်
ကို တဖွဖွခေါ်ပြီး မျက်နှာထားတင်းတင်းနှင့်...
နှင်နေရသည်...ဘယ်လောက်ထိလဲဆို...BaekHyun ကျွန်တော့်ကျောကို
လာပုတ်တာတောင်

"မလုပ်နဲ့ကွာ...Oh Sehunရာ...ငြိမ်ငြိမ်နေ😒"

ဟု ယောင်မိသည်အထိ...

သူ ကျောင်းမလာသည့်ရက်များဆို...ကျွန်တော့်မှာ မသိမသာ...တံခါးဝဖက်သို့ မျှော်ငေးနေရသည်...အကြောင်းသိ...BaekHyunက...

"ကိုယ်တော် whiteboardက ဒီဘက်မှာခင်ဗျ"

ဟု ကျွန်တော့်ကို အငေါ်တူးသည်...

တကယ်တမ်းတော့...သူက လူအများအား...
သူ့ဘက်မှ စစ်ရှုံးတော့မည်ဟန်မြင်စေ...
ကရုဏာသက်စေလျက်...
ကျွန်တော့်နှလုံးသားထဲမှ သူ့နယ်နိမိတ်အား
တိတ်တိတ်လေး ချဲ့ထွင်နေခဲ့သည့်...အောင်နိုင်
သူကြီး ဖြစ်ပါသည်...

အင်း...

တစ်ခါတစ်လေလည်း...အလေးအနက်ထားမှု
နည်းပါးသော သူ့ပုံစံက ကျွန်တော့်ကို ရင်မော
စေသည်...😥

သူ ကျွန်တော့်အပေါ်ရော တကယ်လေးနက်ရဲ့
လား ဆိုတာမျိုး...

ထိုအခါမျိုးတွင် ကျွန်တော် စမ်းသပ်မှုများ လုပ်ချင်လာသည်...တော်ပါပြီ...ဒီတစ်ခါထပ်ပြီး အရူး
ထလျှင်ဖြင့်...သူရော ကျွန်တော်ပါ စိတ်ဆင်းရဲ
ပြီး သေလိမ့်မည်ထင်သည်...😖

အဲဒီတုန်းကအကြောင်း တွေးမိလျှင် မျက်နှာကြီး
ဖြုတ်ထားချင်မိအောင် ကျွန်တော် ရှက်သည်...ဘယ်လိုစိတ်မျိုးနဲ့များ အဲဒီစာကြီးကို ပေးလိုက်ပါလိမ့်...ကိုယ့်ကိုယ်ကို အသည်းမာသူကြီးလို...
အသည်းခွဲဆရာကြီးလို စိတ်ကြီးဝင်ပြီး

🍁Hun...ah...ဒီတိုင်းပဲ ငါ့ကိုမေ့လိုက်ပါ...🍁

အား...ဘာလို့ အဲလောက်ရူးရတာလဲ😭

သေတောင်သေချင်သည်...

ကျွန်တော် ကိုယ့်ခေါင်းကိုယ်ထုပြီး...ခေါင်းအုံးထဲ မျက်နှာကို နှစ်ထားလိုက်မိသည်...😭

တော်သေးတာပေါ့...သူ ကျွန်တော့်ကို စိတ်မဆိုး
လို့...

ရှက်လိုက်တာ...😔

အဲဒီနေ့က သူသာ လာမတွေ့လျှင်...ကျွန်တော်
ဘာလုပ်ရမည်လဲ တကယ်ကိုမသိပါ...

သင်တန်းဆရာပြောနေသည်များကို နားထဲ
မဝင်တစ်ချက် ဝင်တစ်ချက် နားထောင်ရင်း...
မျက်ရည်များကျလာသည်အထိ...😞

ငါ...မှားသွားပြီ...ငါ မှားသွားပြီဆိုသော အသိက
တကယ်ကို နာကျင်စရာကောင်းလှသည်...

သူ...ငါ့ကို မုန်းတော့မှာပဲ လို့ တွေးမိတိုင်း
ကျွန်တော် တစ်စုံတစ်ရာကို ကြောက်ရွံ့သလို...
ဝမ်းနည်းသလို...မကျေနပ်သလိုဖြစ်လာသည်...

သူကတော့...Oh Sehunလောက် ချစ်တတ်တဲ့
သူ ဒီကမ္ဘာမှာ မပေါ်သေးဟု မကြာခဏ
ကြွေးကြော်ရှာပါသည်......😂

ဒီလို ရူးပေါပေါအပြောလေးတွေကြောင့်လည်း ကျွန်တော် သူ့ကိုစွဲရသည်...

ဖြစ်နိုင်တာ မဖြစ်နိုင်တာထား...ရယ်စရာ
ကောင်းပြီး စိတ်သက်သာရာရသည်...😌

သို့သော် တစ်ခါတစ်လေကျတော့လည်း သူက အပိုတွေကို လုပ်လွန်းပါသည်...😒

ဥပမာ...လူတွေအားလုံး အာရုံစိုက်မိလောက်
သည့်အချိန်မျိုးမှာမှ အချစ်ရေ...လို့ အကျယ်ကြီး ထထအော်တာမျိုး...😲

လည်ပင်းညှစ်ချင်စရာကောင်းသည့် လုပ်ရပ်ကို လုပ်ထားပြီး မျက်လုံးလေး ပေကြောင်ပေကြောင်နှင့် သနားကမားရုပ်လေးလုပ်ပြနေသည်မျိုး...

လူရှေ့သူရှေ့မှာ မဟားဒရား ဖက်နမ်းပစ်သည်မျိုး...လူက တွန်းရအခက်...ခံနေရအခက်...
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ...😫

နောက်...များများမတွေးသည်မျိုး...ပြီးပြီးရော ကတိပေးတတ်သည်မျိုး...😕

ကျွန်တော် မလုပ်နှင့် လို့ ပြောလျှင် အင်း အင်း
မလုပ်တော့ဘူး လို့ သူ ချက်ချင်းပြောလိမ့်မည်
ညနေကျ မေ့သွားပြီး ထပ်လုပ်သည်မျိုး...
ပြီးလျှင် သူ့ဖာသာသူ ဘာမှားလို့မှားသွားမှန်း
တောင် မသိသလို...ကျွန်တော့်ကို အသည်းအသန်လိုက်မေးတတ်သည်...

"ဘာဖြစ်လို့လဲ...
ဘာဖြစ်လို့ စိတ်ဆိုးသွားတာလဲ...တောင်းပန်ပါ
တယ်...😭"

ထိုအခါမျိုးတွင် ကျွန်တော် သူ့တင်ပါးကို ပိတ်
ပိတ်ပြီး ကန်ပစ်ချင်သည်...😒

ကျွန်တော် သူ့ကိုသဘောကျသည်မှန်သော်
လည်း များသောအားဖြင့်...သူ ကျွန်တော့်ကို
ပြောပြသလိုတော့ဖြင့်...ဘယ်နေရာကို...
ဘယ်လိုသဘောကျကြောင်း...သိပ်မပြောပြဖြစ်

ဘာကြောင့်မှန်းမသိ...သူ...စကားပြောလျှင် အလိုလို...ဘုတိုက်ချင်သည်...😌

ဘာပြောရမှန်းမသိ...အခက်တွေ့လျှင်...
လျှာသပ်ပြီး ပါးစပ်တပြင်ပြင်ဖြစ်နေသော
သူ့ပုံစံလေးကို ကြိတ်ပြီး အူယားရသည်...😔

သူ အလိုမကျလျှင် နှုတ်ခမ်းထော်ပြီး ဟိုဘက်လှည့်ပြီး မချေတတ် ချေတတ် ချေနေရှာသည့်
အခိုက်အတန့်များကို ချစ်သည်...😘

သူနှင့်ပက်သက်၍...ကျွန်တော် အနှစ်သက်ဆုံး
အရာတစ်ခုကို ပြပါဆို...သူ့ကိုယ်နံ့လေးပင် ဖြစ်
လိမ့်မည်...ထင်သည်

သူအနားကပ်လာလျှင် လသားကလေးများထံမှ ရတတ်သော နို့နံ့နှင့်ပေါင်ဒါနံ့ရောနှောနေသည့် ရနံ့မျိုးကို သူ့အရေပြားမှတစ်ဆင့်...ရတတ်သည်...

ဥပမာ...လည်ပင်း...ပါးပြင်...နားသယ်စပ်...

ကျွန်တော် သူ့အား အနမ်းပေးဖူးသည်...
မွှေးကြူဖူးသည်ဟု မထင်ကြစေလိုပါ...😣

skinshipကြိုက်သော သူက...
အမှုမဲ့အမှတ်မဲ့ပုံစံဖြင့် ကျွန်တော့်နားသို့ မကြာခဏ ချဉ်းကပ်လာတတ်သည်...

ဥပမာ...လက်တစ်ကမ်းတွင် ရှိနေသည့်
စာအုပ်ကို ကျွန်တော့်နှာဖျားနှင့် သူ့နားသယ်စပ် ထိလုမတတ်တိုးကပ်ရင်း လှမ်းယူလိုက်သည်မျိုး...

ထိုအခါမျိုးတွင် ထိုရနံ့လေးကို တိုး၍ တိုး၍
နောက်မဆုတ်တမ်း...ရှုရှိုက်လိုက်ချင်သော...
ကျွန်တော်၏ မက်မောလောဘတက်မှုကို
သိသာမသွားစေရန်...ထိန်းချုပ်ထားရသည်မှာ မည်မျှခက်ခဲမှန်း သူစာနာတတ်ဖို့ကောင်းပါ
သည်...😒

အင်းလေ...မသိ...သူ မသိခဲ့ပါ...

သူ...ကျွန်တော့်ကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့
သည့် အကြိမ်ပေါင်း သူထင်တာထက် ပိုများခဲ့
သည်ဆိုတာ သူ ဘယ်တော့မှ သိလိမ့်မည်မထင်ပါ...😚

သူငယ်ချင်းများနှင့် ရယ်မောနေသော သူ့အား
ကျွန်တော် ကျောင်းစာအုပ်ကြီးရှေ့ချ၍...
စာဖတ်ဟန်ဆောင်ရင်း...မျက်မှန်အောက်မှ
တစ်ဆင့် မကြာခဏ ခိုးကြည့်ခဲ့ဖူးကြောင်း...

ကင်န်တင်းတွင်...အအေးဘူးကောက်ကိုင်ပြီး
တိုင်း သူလိုက်ဝယ်နိုင်ဖို့ နောက်ထပ်တစ်ဘူး
ရှိရဲ့လား ကြည့်ပြီးမှ ဝယ်ခဲ့သည့်အကြောင်း...

စာတစ်ကြောင်းကို ထပ်ခါထပ်ခါ ဆိုနေသော
သူ့ကို စိတ်မရှည်သလို အော်ငေါက်ရင်း...
လည်ပင်းထက်မှ မှဲ့လေးကိုတော့ တမြတ်တနိုး
ငေးကြည့်ခဲ့ဖူးကြောင်း...

လေ့လာရေးခရီးသွားတုန်းက...ကားပေါ်မှာ
သူ ကျွန်တော့်ကိုနမ်းတော့မည်ဆိုတာကို
ကျွန်တော် အလိုလို ခံစားမိနေကြောင်း...
ထို့ကြောင့် တမင် ပြတင်းပေါက်ဘက်သို့
လုံးဝကြီး မျက်နှာမမူထားခဲ့ခြင်းဖြစ်ကြောင်း...

ကိုယ့်ကိုယ်ကို ငါတော်လှပြီဟု မထင်မှတ်သင့်
ကြောင်း...သူ ရခဲ့သော အခွင့်အရေးများသည်..
ကျွန်တော် မသိဟန်ဆောင်၍ မသိမသာ...
ပေးခဲ့ခြင်းဖြစ်ကြောင်း

❤❤❤❤❤❤❤❤❤❤❤❤❤❤❤

💕 လူသားတစ်ယောက်ကို ချစ်မိခြင်း💕

တကယ်ပါ...

ကျွန်တော် သူ့ကို တိတ်တိတ်လေး ခိုးခိုး ချစ်ရင်း
မချစ်သလို ချစ်သလို အစဉ်သဖြင့်...စနောက်
နေချင်ပါသည်...

❤❤❤❤❤❤❤❤❤❤❤❤❤❤❤

အစက Hun povပဲ ပါမယ်ပြောခဲ့ပေမယ့်...
အခုတော့ Luhan povလည်း အလျင်းသင့်သလို ထည့်သွင်းသွားပါ့မယ်ရှင့်...

ချစ်သူကို ပျော်ရွှင်စေမယ့် နည်းလမ်းများ facts
တွေက...Fb Pageတစ်ခုက စာသားများဖြစ်ပါတယ်...creditပေးပါတယ်...😁

Continue Reading

You'll Also Like

96.8K 5.6K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
64.8K 16.8K 58
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
442K 86.6K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...