As You Like

By e_hsu_o

176K 8.2K 142

အမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ... More

Intro
Part {1}
Part{2}
Part{3}
Part{4} Rated-M
Part{5}
Part{6}
Part {7}
Part{8}
Part{9} Rated-M
Part{10}
Part{11}
Part{12}
Pary{13}
Part{14}
Part{15} Rated-M
Part{16}
Part{18}
Part{19}
Part{20}
Part{21}
Part{22}
တောင်းဆိုချက်😍😍
Part{23}
Part{24} (Final)
ကြော်ငြာ
ကြော်ငြာ

Part{17}

4.7K 233 1
By e_hsu_o

ကော်ဖီပန်းကန်ကို ဆုပ်ကိုင်လျက်ရှိသော ဖြူသွယ်သွယ်လက်ချောင်းလေးများ....
လက်သည်းလေးများကို တိတိရိရိ လှီးဖြတ်ထားပုံက လက်ချောင်းသွယ်တို့နှင့် လိုက်ဖက်ညီစွာ~~~

ခပ်တင်းတင်းစေ့လျက်ရှိသော ချယ်ရီရောင် နှုတ်ခမ်းပါးလေးတစ်စုံ....
ထိုနှုတ်ခမ်းပါးတို့ဖြင့် ဖုံးအုပ်၍ထားသော သွားတန်းဖြူဖြူလေးတို့က လှပသော ပုလဲလုံးလေးတွေအလား~~~

Linerထူထူတို့ဖြင့် မွမ်းမံ၍ထားလျက်ရှိသော မျက်ဝန်းညိုညိုလေးတစ်စုံ....
ထိုမျက်ဝန်းတစ်စုံနှင့် လိုက်ဖက်ညီသော နှာတံစင်းစင်းလေးက ကမ္ဘာကျော်ပန်းချီဆရာတစ်ဦးမှ ရေးဆွဲထားသည့်အလား~~~

Byun Baekhyunဆိုသော လူသားကား အနုစိတ်မှုန်းခြယ်ထားသော ပန်းချီကားတစ်ချပ်မှ အရုပ်လေးတစ်ရုပ်အလား လှပခြင်း သိမ်မွေ့ခြင်းတို့နှင့် ပြည့်စုံလှပေ၏။

"တွေ့ရတဲ့အကြောင်းအရင်းက?"

သူ့ဆီမှနှုတ်ထွက်စကားတစ်ခွန်းက ကျမစိတ်အစုံကို တုန်လှုပ်ခြောက်ခြားစေ၏။
ပန်းချီဆရာတစ်ဦး ရေးဆွဲခြယ်မှုန်းထားသော အရုပ်ကလေးတစ်ရုပ်သို့ ဤမျှသာယာသော အသံအိုးကို မည်သို့သောနတ်ဘုရားများက ပေးအပ်ထားလေသနည်း။

ပုရိသယောက်ျားတစ်ယောက်၌ ဤသို့သော ပြည့်စုံမှုမျိုး လိုအပ်လေသလား?

"Min Wan Yaung shi"

ရှေ့မှောက်ဆီမှ သူ့စကားသံအချို့က ကျမအတွေးတို့အား လက်ရှိကာလဆီသို့ ပြန်လည်ရောက်ရှိစေသည်။

"ကျမပြောချင်တာက..ကျမအမျိုးသားဘေးကနေရှင့်ကိုထွက်သွားပေးဖို့ပဲ"

သူမစကားအဆုံး သူအကြောင်းမဲ့စွာ ပြုံးလိုက်မိသည်။ မျှော်လင့်ထားပြီးသား စကားတစ်ခွန်းဖြစ်သည်မို့ အံ့ဩခြင်းမရှိသောငြား ဘယ်ဘက်ရင်အုံတစ်နေရာကတော့ ထူးဆန်းစွာစူးအောင့်သွားလေရဲ့။

"အိမ်ထောင်ရှိပြီးသားလူတစ်ယောက်ဘေးနေနေတော့ရောရှင့်အတွက်ဘာအကျိုးတွေရှိမှာတဲ့လဲ?"

ဘာအကျိုးတွေရှိမှာလဲ? အဲ့လိုမေးတဲ့သူမကို သူမေးချင်စမ်းပါ၏။ အဖြူရောင်ချစ်ခြင်းတရားတစ်ခုမှာ ကိုယ်ကျိုးဆိုတာမျိုး ပါဝင်လေသလားလို့။

"Arr..သူရှင့်ကိုပိုက်ဆံဘယ်လောက်ပေးလို့လဲ? ဒါမှမဟုတ် သူ့စည်းစိမ်တွေကို မက်မောလို့ ရှင်သူ့အနားနေနေတာများလား"

ခနဲ့တဲ့တဲ့သူမစကားတွေက သူ့သိက္ခာတွေကို စော်ကားနေသည့်အလား... အနီရင့်ရင့်နှုတ်ခမ်းလွှာထက်မှ မဲ့ပြုံးတို့က သူ့ဖြစ်တည်မှုကို လှောင်ပြောင်နေသည့်အလား...

"ရော့..ဒီဘဏ်စာအုပ်ထဲပိုက်ဆံအလုံအလောက်ပါတာမို့ကျမယောက်ျားဘေးကထွက်သွားပါတော့"

သူမ၏စကားအဆုံးမှာတော့ သူခြောက်ကပ်စွာ ရယ်မောလိုက်မိသည်။ ကျနော်သူ့အပေါ်ထားတဲ့ ချစ်ခြင်းတရားက ခပ်ပေါပေါချစ်ခြင်းတရားတစ်ခုမဟုတ်လေတာ သူမမသိခဲ့လေသလား?

"ဒါဆိုရင်တော့ဒီဘဏ်စာအုပ်ကိုခင်ဗျားပဲပြန်ယူသွားပါတော့..ကျနော်သူ့ဘေးရှိနေတာကငွေတွေစည်းစိမ်တွေအတွက်မဟုတ်တာမို့..သူ့ဘေးကလည်းသူနှင်မထုတ်မချင်းထွက်သွားဖို့စိတ်ကူးမရှိတာမို့..ခွင့်ပြုပါဦး"

သူ့အားဒေါသမျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသော သူမအား ကျောခိုင်းလျက် သူထွက်ခွာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Byun!!!မင်းဘယ်တွေလျှောက်သွားနေတာလဲ? ကိုယ်ဘယ်လောက်စိတ်ပူနေလဲသိလား?"

သူအိမ်ထဲဝင်ဝင်ချင်းမှာပဲ သူ့ကိုပွေ့ဖက်လျက် စကားတွေပြောနေသော သူ့ကြောင့် ကြည်နူးသွားရသည်တော့အမှန်။
ထာဝရသာသူနဲ့ဒီလိုနေနိုင်ရင်ဘယ်လောက်ကောင်းလိုက်မလဲနော်။

"ဘယ်တွေသွားနေတာလဲ?"

သူ့အားရင်ခွင်ထဲမှပြန်ထုတ်ကာ မေးဖျားလေးကို ဆွဲကိုင်လျက် တယုတယ မေးလာသော သူ့ကိုကြည့်ပြီး ကျနော်ရင်ခုန်သံတွေ မြန်လာသလို။

သူ့အကြည့်တစ်ချက်က ကျနော့်နှလုံးသားထိ ထိုးဖောက်ဝင်ရောက်နိုင်နေပြီလား?

"လေညင်းခံချင်လို့"

ကျနော်ပြောတဲ့မုသားကအဖြူရောင်မုသားပါyeol...ခင်ဗျားကိုစိတ်မပင်ပန်းစေချင်တာမို့ လိမ်ပြောမိတဲ့ကျနော့်ကို ခွင့်လွှတ်ပေးမယ်မလားဟင်?

"နောက်ဆိုကိုယ်ပါမှသွားပါ...တျောက်တည်းအပြင်တွေမသွားပါနဲ့"
"အွန်း..နောက်ဆိုဟောဒီ့ကဦးလေးကြီးပါမှပဲသွားတော့မယ်နော်"

ကျနော့်စကားအဆုံး သူမျက်မှောင်ကြီးကျုတ်ကာ ပြန်ကြည့်လာသည်။

"Borr!!!ဦးလေးကြီး ဟုတ်လား?
ဦးလေးကြီးဘယ်လောက်ဆိုးလဲပြရတာပေါ့"

သူ့စကားအဆုံး ကျနော့်ကိုယ်လေးကို ဆိုဖာပေါ်ပစ်တင်ကာ...

"ဟာ..yeolမလုပ်နဲ့ဆိုကွာ...မလုပ်နဲ့လေ"
"ကြောက်ပြီလား😝"
"အွန်း..ကြောက်..အား..ကြောက်ပြီဆို"

ကျနော့်ပေါ်တက်ခွပြီး...
.
.
.
.
.
ကလိထိုးနေခြင်း😂😂
(တစ်မျိုးတော့ထင်သွားတယ်မလား😝)

ရုန်းရင်းဆန်ခတ်ဖြစ်နေရင်းမှ သူကျနော့်ပါးလေးကို ဖွဖွလေးနမ်းလိုက်ကာ..

"ကိုယ်မင်းကိုအထိအခိုက်မခံနိုင်လို့ပါကလေးရယ်"

သူ့အသံက တိုးသည်...
သို့သော် ကျနော့်နားစည်ကို တုန်ခါစေသည်။
သူ့အကြည့်တွေက ဖျော့တော့သည်...
သို့သော် ကျနော့်နှလုံးသားကို ကိုင်လှုပ်သည်။

ဆက်လက်၍ပြုစားတော်မူပါသခင်...
ခင်ဗျားရဲ့နှုတ်ထွက်အမိန့်တွေအတိုင်း ကျနော့်ဘဝကို ပုံသွင်းမှာမလို့...

သခင်သာစေစားရင်...
ကျနော့်အသက်တောင်ပေးရဲပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နာကျင်မှုတွေပေါင်းစုပြီး တည်ဆောက်ခဲ့ရတဲ့ ချစ်ခြင်းတစ်ခုကို အထိအခိုက်အပျက်စီး မခံချင်တဲ့အတ္တတစ်ခုတော့ ကျနော့်မှာရှိပါရဲ့....

ချစ်မြတ်နိုးရတဲ့ တျောက်သောသူကို အဆုံးရှုံးမခံချင်တဲ့ အဖြူစွတ်စွတ် လောဘတစ်ခုလည်း ကျနော့်မှာရှိပါရဲ့...

သို့သော်....
ကြမ်းတမ်းတဲ့ကံကြမ္မာနဲ့ ရက်စက်လွန်းသော ဖူးစာရေးနတ်တို့၏ ပူးပေါင်းရက်စက်မှုအား တွန်းလှန်နိုင်စွမ်းသော အင်အားတို့ ကျနော့်မှာမရှိ...

တယုတယနှင့်တွယ်ဖက်ထားချင်မိခဲ့သော သူ၏ကျောပြင်အား ဝမ်းပန်းတနည်းနှင့် စွန့်လွှတ်ရမည့် နေ့ရက်တို့အား ကျနော် ရူးမိုက်စွာ ရွေးချယ်ခဲ့မိပါသည်။

ကျနော်ဆိုသောသူတျောက်၏ ဖြစ်တည်မှုသည် သူဆိုသောသူတျောက်အတွက် ပင်ပန်းဆင်းရဲမှုတစ်ခုသာ ဖြစ်နေခဲ့မည်ဆိုလျှင် ကျနော်နာကျင်စွာ စွန့်ခွာဖို့အသင့်ပါသခင်..

ဝေဝါးလာသော မြင်ကွင်းတို့နှင့်အတူ ပါးပြင်ပေါ်မှစိုထိုင်းထိုင်းအထိအတွေ့ကြောင့် ယောင်ယမ်းစွာ ထိကိုင်မိချိန်တွင်တော့ ပူနွေးနွေးမျက်ရည်စတို့က အဆီးအတားမရှိ ကျဆင်းလာလေရဲ့~~~

ခပ်အက်အက်ရယ်မောသံအချို့နဲ့ ခံစားချက်အချို့ကို လျစ်လျူရှုမိတော့ ဝဲဘက်ရင်အုံတစ်နေရာမှ ပြင်းထန်စွာ နာကျင်လာလေရဲ့~~~

နာကျင်မှုအစုံ ပြေပျောက်ရန်အလို့ငှာ ဘေးဘီဝဲယာကို မျက်စိကစားမိတော့ ခင်ဗျားပုံရိပ်တွေသာ တရိပ်ရိပ်ပေါ်လာခဲ့~~~

မျက်ဝန်းအစုံကို တင်းကြပ်စွာမှေးမှိတ်ရင်း သံစဉ်အချို့ကို အာရုံပြုရန်ကြိုးစားတော့ ခင်ဗျားစကားသံတို့ကို ရူးမိုက်စွာ ကြားယောင်ဆဲ~~~

ကျနော်မေ့သွားခဲ့တာ....
ခင်ဗျားကကျနော့်ဖြစ်တည်ရဲ့တစ်စိတ်တစ်ပိုင်းဆိုတာ~~
ဟင့်အင်း!!မေ့ထားခဲ့တာလို့ပြောရင် ပိုမှန်လေမလား?

ရိုးသားစွာဝန်ခံရပါမူ ကျနော်ခင်ဗျားကို မေ့ပစ်ဖို့ ခက်ခဲစွာ ကြိုးစားရပေဦးမည်။

ခင်ဗျားကိုရူးသွပ်စွာ ဖမ်းဆုပ်ထားခဲ့တဲ့ ကျနော့်လက်အစုံဟာ ခင်ဗျားကို အရင်ဆုံးစွန့်ခွာခဲ့တဲ့လက်တစ်စုံ ဖြစ်နေလေရဲ့~~~

ခင်ဗျားကိုကတိတွေပေးပြီး တွယ်ကပ်နေခဲ့တဲ့ ကျနော်ဆိုတဲ့ အရူးတျောက်ဟာ အဲ့ကတိတွေကို ပထမဆုံးချိုးဖောက်သူ ဖြစ်နေလေရဲ့~~~

ခင်ဗျားအပေါ် ပျော်ရွှင်မှုတွေပဲပေးချင်တဲ့ ကျနော်ဆိုတဲ့လူတျောက်ဟာ ခင်ဗျားအတွက် နာကျင်မှုတွေကိုပဲ ယူဆောင်လာပေးနေလေရဲ့~~~

အဲ့ဒါတွေကြောင့် ကျနော်ခင်ဗျားကို စွန့်ခွာမိတယ်လို့ပြောရင်ရော ခင်ဗျားကျနော့်ကို ခွင့်လွှတ်ပေးနိုင်မလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မဒိတ်တာအရမ်းကြာ😅
ကျနော်လည်းကျောင်းတက်နေရတာနဲ့😅
အပေါ်ပိုင်းရိုပြီးအောက်ပိုင်းလွမ်းသွားတယ်ဟုတ်😅 အပေါ်ပိုင်းရေး၃ကကျနော်ချစ်တဲ့သူဆီကအဖြေပြန်ရထားတဲ့အချိန်ဖြစ်ပြီးအောက်ပိုင်းရေးတဲ့အချိန်ကသူကျနော့်ကိုစွန့်ပစ်သွားတဲ့အချိန်ဖြစ်နေလို့😅😅ရင်ဖွင့်တာပါ😅
ကိုယ်ရေးကိုယ်တာနဲ့မရောထွေးသင့်မှန်းသိပေမယ့်လည်းကျနော့်စိတ်ကပုံမှန်မဟုတ်တဲ့အခြေအနေမှာရှိနေလို့ပါ😅
Gamsamitha readernim

Continue Reading

You'll Also Like

85.4K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
101K 17.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
222K 13.4K 41
ကလေးက ကိုကို့ရဲ့ oxygen လေး... (warning:Chanyeol uke!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee
11.2K 697 15
Unicode🦋🌿 မင်းကို ချစ်ရတာ ဝဋ်ကြွေးတခုဆိုရင် အဲဒီ ဝဋ်ကြွေးကို ငါ သံသရာထိ ယူသွားမယ် Gulf .. MEW Suppasit .. . 💞 💞 💞 MEW မင်းကမ္ဘာမှာ ငါတစ်ယောက်...