လူသားတစ်ယောက်ကို ချစ်မိခြင်း

By kiratommy5

150K 17.7K 3.8K

"ချစ်ခြင်း မေတ္တာဆိုတာ ယုံကြည်စရာ မကောင်းပါဘူးလို့ ကျွန်တော့်ကို ပြောပါ...ခင်ဗျားပြောရင် ကျွန်တော် ယုံမယ်." I... More

အပိုင်း{၁}
အပိုင်း{၂}
အပိုင်း{၃}
အပိုင်း{၄}
အပိုင်း{၅}
အပိုင်း{၆}
အပိုင်း{၇}
အပိုင်း{၈}
အပိုင်း{၉}
အပိုင်း{၁၀}
အပိုင်း{၁၁}
အပိုင်း{၁၂}
အပိုင်း{၁၄}
အပိုင်း{၁၅}
အပိုင်း{၁၆}
အပိုင်း{၁၇}
အပိုင်း{၁၈}
အပိုင်း{၁၉}
အပိုင်း{၂၀}
အပိုင်း{၂၁}
အပိုင်း(၂၂)
အပိုင်း (၂၃)
အပိုင်း(၂၄)

အပိုင်း{၁၃}

6.2K 869 176
By kiratommy5

ရာသီဥတုက...အိုက်စပ်နေသည်...
္နဒီနှစ်နွေက ရက်ရက်စက်စက်ပူသည်ဟု ကျွန်တော် ထင်မိသည်...

ပြတင်းပေါက်မှနေ၍ လေပူများက တစ်ချက်
တစ်ချက် တိုးဝင်လာတတ်သော်လည်း...
စိတ်နှင့် ခန္ဓာကို အေးမြစေခြင်းငှာ မတတ်နိုင်
စွမ်းပါ...

ကျွန်တော်တို့ အခန်းပြတင်းပေါက်မှ ကြည့်လိုက်လျှင် တစ်ဖက်အိမ်မှ ညိုညစ်ညစ်...အိမ်နံရံနှင့်
ပိတ်ထားသော မီးခိုးရောင်တံခါးချပ်ကို မြင်ရသည်...ထို့နောက် သစ်ပင်တစ်ပင်...

့ပြတင်းပေါက်မှနေ၍... စိတ်ပြေလက်ပျောက်
လှမ်းကြည့်စရာ ထိုသစ်ပင်ငယ်သာ ရှိပါသည်...
သစ်ပင်သည် မစိမ်းတော့...မိုးရေစက်များနှင့် မထိတွေ့ရသဖြင့် ဖုန်များတင်ကာ အနည်းငယ်ပင် ညစ်နွမ်းနွမ်းဖြစ်နေပြီဟု ကျွန်တော် ထင်မိသည်...

ရော်ရွက်ဝါလေးများက ကိုင်းဖျားကိုင်းနားတွင်
အနိုင်နိုင် တွဲလဲခိုနေကြသည်...နွေလေရူးက
ပင့်တိုက်လိုက်သည့်အခါ အလွင့်လွင့် အလူးလူး
ဝရုန်းသုန်းကား လွင့်ပါသွားကြသည်...🍂

သြော်...သစ်ရွက်လေးတွေ ကြွေလို့များ...
သူ ကျွန်တော့်ကို မေ့ဖို့ပြောခဲ့တာလား...🍃

"Sehun ah...ဒါလေး စားကြည့်စမ်းပါ🍮"

"အု...ဖလု...အွတ်...အာ...ဘာတွေလဲ😨"

ပါးစပ်ထဲ ရောက်လာသော အမျိုးအမည်မသိ အရာများကို အလန့်တကြား...ပါးစောင်ထဲကပ်ထားလိုက်ရင်းမှ...ကျွန်တော် စိတ်ညစ်ညူးစွာ
မေးမိသည်...😫

"ပူတင်းကျောက်ကျော...ငါ ကိုယ်တိုင် လုပ်ထား
တာ...😌"

ပူတင်းများ အပြည့်ထည့်ထားသော ဇလုံကြီးကို လက်တစ်ဖက်ကကိုင်...လက်တစ်ဖက်က ဇွန်းကိုကိုင်ရင်း မျက်လုံးများပင် အရောင်တောက်လျက် မျှော်လင့်တကြီး မေးနေသော JunMyeon Hyungကို မြင်ရတော့ ကျွန်တော် ငိုချင်သွားသည်...

"ကောင်းလား😁😔"

သြော်...ဆွေးနေပါတယ်ဆိုမှ အရသာမြည်းပေး
ရဦးမယ်...😣

ကျွန်တော် ပြီးပြီးရော လျှာနှင့် ခံတွင်းကို မြန်မြန် အလုပ်ပေးလိုက်ပါသည်...

"အင်း...ပူတင်းနဲ့တူတယ်😑"

"တော်သေးတာပေါ့...😁လာ...ငါတို့စားရင်း
တီဗီကြည့်ရအောင်...ပြတင်းပေါက်နားမှာ ထိုင်မနေနဲ့😪"

"တော်ပြီ...Hyung...ကျွန်တော် မစားချင်ဘူး...
Hyungပဲ စားလိုက်😞"

"မစားချင်လည်းနေကွာ...ငါ့နားမှာတော့ လာ
ထိုင်ပေး...😔သရဲကားကြည့်မလို့...Death Bellလေ...အသေကြောက်ဖို့ ကောင်းတယ်တဲ့...လာ...ဒီနားမှာ ထိုင်မနေနဲ့"

သူက...ကျွန်တော့်လက်ကို အတင်းဆွဲနေသည်

"😫ဟာ...မကြည့်ချင်ပါဘူးဆို...ကျွန်တော့်ဖာသာ ကျွန်တော်ထိုင်တာ...ဘာဖြစ်လို့လဲ...Hyungရာ...ဒုက္ခပဲ😖"

"ဟင်း😒"

သူက သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်...

"ငါပြောပြမယ်...Oh Sehun...ဒါ ဘာမှ မှိုင်မှိုင်
တွေတွေ ဖြစ်နေစရာမလိုဘူး...One goes
Two come...Three wait...တဲ့...
ပိုကောင်းတာလာမှာမို့ မကောင်းတာတွေ
ထွက်သွားတာ😌"

ပူတင်းဇလုံကြီးကိုင်ထားပြီး သရဲကားကြည့်ဖို့
ပြင်နေသော...FAတစ်ယောက်၏ ဒီလို ကြီးကြီးကျယ်ကျယ် နှစ်သိမ့်စကားက ကျွန်တော့်
အတွက် အရာရောက်နိုင်ပါ့မလားဆိုတာ သူ
တွေးမိဖို့ကောင်းပါသည်...😞

"တော်စမ်းပါ...Hyungရာ...😑"

"နှစ်ခုထဲက တစ်ခုရွေး...ပူတင်းစားပြီး သရဲကား
ကြည့်မလား...ဒါမှမဟုတ် ငါ ပြောပြတာ
နားထောင်မလား"

ကျွန်တော် စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်မိသည်...

"ဘာပြောဦးမို့လဲ😲"

"ငါ ဖတ်ဖူးတဲ့ အချစ်အကြောင်းတွေပေါ့...😪
အသည်းကွဲရင် ဘာလုပ်ရမလဲ ဆိုတာရယ်
အချစ်က ဘဝမှာ အရေးမပါဘူး ဆိုတာရယ်.."

"Ommaရေ...သား ဒီမှာ ကိုယ့်ဖာသာထိုင်နေ
တာကို JunMyeon Hyung လိုက်နှောင့်ယှက်နေတယ်😬"

ကျွန်တော် စိတ်ပျက်လက်ပျက် အသံကုန်ဟစ်
ပြီး အော်ပစ်လိုက်သည်...ငယ်ငယ်တုန်းကလိုသာဆို ကျွန်တော် အော်ငိုပစ်မိမည် ထင်သည်...

"အမလေးတော်...😱ကြားသားမိုးကြိုး...
ပြောင်းတိပြောင်းပြန်တွေပါလား...😂
သားရေ...ငယ်လေးကို မလုပ်နဲ့လေ...😅
Sehun...လာဦး...ထိုင်နေတာဆို...
အမေ့ကို အဝတ်လာလှန်းပေး..."

ကိုယ့်သေတွင်း ကိုယ်တူးသည်ဆိုတာ ဒါမျိုးထင်
ပါရဲ့...ဆိုးလိုက်တဲ့ ဘဝ...😫

ကျွန်တော့်ကို လွတ်လွတ်လပ်လပ်လေး တွေး
ခွင့်...ဆွေးခွင့်...စဉ်းစားခွင့်ပေးကြပါ...
ကျေးဇူးပြုပြီး...😥

"ကောင်းတယ်...ငါက ကောင်းရာကောင်း
ကြောင်း ပြောပေးမို့ဟာ...မင်းက ဒါမျိုးနဲ့ပဲ
တန်တယ်...😎😔"

ကျွန်တော် ခြေကို တဒုန်းဒုန်းမြည်အောင်
ဆောင့်၍ အောက်သို့ဆင်းလာခဲ့မိသည်...

"ဟဲ့...ကောင်လေး...မအေကို ဆောင့်နေတာလား😕"

"မဟုတ်ပါဘူး...Ommaရာ...😞ပေး...
အဝတ်တွေ"

"အလုပ်များ ခိုင်းပြီဆို မျက်နှာက ရှစ်ခေါက်ချိုးနဲ့...😤သေချာလှမ်းနော်...ချိတ်နဲ့ ချိတ်"

ကျွန်တော်...အဝတ်ဇလုံကို ပိုက်၍ ခြံထဲဆင်းလာခဲ့မိသည်...စိတ်ညစ်ဖို့ ကောင်းလိုက်တာ...

ရုပ်ရှင်ထဲမှာ မင်းသားမင်းသမီးတွေ အလွမ်းအဆွေးခန်းကျ အနှောင့်အယှက်မရှိ...

Oh Sehunလေးမှာတော့ လွမ်းပဲ လွမ်းရတော့မလား...ဘာလုပ်ရမလဲ...ဘာလုပ်သင့်သလဲ...
သေချာစဉ်းစားဖို့ ဆင်ခြင်ဖို့...အခွင့်အရေးပင်
မရ...ပတ်ဝန်းကျင်...အရပ်ရှစ်မျက်နှာလုံး...
အနှောင့်အယှက်များ ပြည့်ရုံမက လျှံပင်ထွက်
နေသည်...😥

ဟင်း...
နေက တကယ်ပူပါသည်...နေ့လည်နှစ်နာရီ...

ကျွန်တော် အဝတ်များကို ခါပြီး ခပ်သွက်သွက်လှမ်းနေမိသည်...

"ဟာ...ဟေ့ရောင် Sehun အဝတ်တွေဘာတွေ
လှမ်းလို့ပါလား😁"

ထီထိုးရမလားပင် မသိပါ...

ဒီလောက် နေပူပူတွင်...သူ့အသား အညိုရင့်
ရောင်ပြောင်းသွားမည်နှင့်...နေလောင်မည်ကို ပိုးဟပ်လောက်နီးနီးကြောက်သော...Zi Tao
ပေါက်ချလာသည်...

"အေး...Ommaခိုင်းလို့...😔
အပေါ်တက်သွားလေ Hyungရှိတယ်..."

သရဲကား ကြည့်နေသည် ဆိုသောအကြောင်းကိုတော့ ကျွန်တော် ချန်လှပ်ထားလိုက်သည်
အပေါ်ရောက်မှ သူ့ဖာသာ surpriseဖြစ်ပါစေ

"တော်ပါပြီကွာ...ငါ မင်းဆီလာတာ😗"

သူက အိမ်ထဲသို့ မဝင်ဘဲ...ခြံထဲသို့ ခြေလှမ်းကျယ်များဖြင့် လှမ်းလာပြီး အရိပ်ကျနေသော...
sun shadeအောက်တွင် ဝင်ထိုင်သည်...

တစ်ယောက်တည်း နေချင်ပါသည်ဆိုကာမှ😧

"မြန်မြန်လှမ်းကွာ...နေရှိန်တယ်😅"

သြော်...ကူညီဖော်တော့ မရဘဲ...အရိပ်ထဲ
သက်တောင့်သက်သာ...ထိုင်နေသော ဒင်းက နေပူထဲရပ်နေသော ကျွန်တော့်ကို နေရှိန်သည်ဟု ညည်းပြနေသည်...😑

"မကျေနပ်ရင် လာလုပ်ပေးကွာ😒"

"ရပါတယ်...နေရှိန်ပဲ ခံလိုက်တော့မယ်😕"

ဘယ်ဘဝက ဝဋ်ကြွေးများပါလိမ့်...😖

အဝတ်တွေ ကုန်သွားတော့ ကျွန်တော် ဇလုံကို
ပစ်ချပြီး သူ့ဘေးတွင်ထိုင်လိုက်မိသည်...

"ဒီမှာကြည့်...ဒီတစ်ယောက်😉"

သူက...သူဝတ်နေကျ အိမ်နေရင်း...ဘောင်းဘီပွကြီးထဲမှ ဧရာမအိတ်ကပ်ကြီးကို နှိုက်၍...
ထည့်လာပုံရသော...ဓာတ်ပုံကို ပြလာသည်...

အသားဖြူဖြူ...ခပ်ပြည့်ပြည့်...မျက်ရစ်မရှိသော
ကျွန်တော်တို့အရွယ်ကောင်လေးတစ်ယောက်...တယောတစ်လက်ကို ကိုင်ထားသည်...နှုတ်ခမ်း
များက ပြုံးယောင်ယောင်...

"သူက ငါတို့ထက် တစ်နှစ်ကြီးတယ်...ငါ့ အစ်ကို
တစ်ဝမ်းကွဲ...Henryတဲ့...သဘောကောင်းတယ်...ချစ်ဖို့လည်း ကောင်းတယ်...မနေ့ကမှ
တရုတ်က ရောက်လာတာ😎"

ဆွေမျိုးလာပြဖို့ နေပူကြီးထဲ လာခဲ့ရလောက်
အောင် ZiTaoသည်...မျိုးချစ်တတ်မည်ဟု ကျွန်
တော် မထင်ပါ...😦

"အဲဒါ ဘာဖြစ်လို့လဲ😟"

"ငါ မိတ်ဆက်ပေးရမလား😁"

"ဘာလုပ်ဖို့တုန်း...😕"

"တွဲဖို့လေ...😚"

ကျွန်တော် ကိုယ့်နဖူးကို ဆယ်ခါပြန်ရိုက်ချင်လာအောင်...စိတ်ကုန်သွားမိသည်...

ဘယ်လိုသူငယ်ချင်း ဘယ်လိုအစ်ကိုတွေကို
ပိုင်ဆိုင်ထားတာလဲ...😫

"ငါနဲ့...သူနဲ့ ပြတ်တာ...မပြတ်တာတောင် မသေချာသေးပါဘူးကွာ...မင့်ဟာကလည်း😞"

"ဟာ...ဒီလောက်ဆို ပြတ်ပြီပေါ့ဟ...
မေ့လိုက်ပါဆိုမှ ဇာတ်လမ်းက ပြီးသွားပြီ...
နောက်တစ်ယောက် ကောက်တွဲပြလိုက်...
မနာလိုစိတ် ငယ်ထိပ်တက်ပြီး သေသွားအောင် လုပ်ပြလိုက်😤"

ပြောရင်း..ပြောရင်း...ဒေါသပိုထွက်လာဟန်တူ
သော သူ့ကို ကျွန်တော် နှုတ်ဆိတ်စွာ ကြည့်နေ
မိပါသည်...

ပန်းလေးနေရာမှာ Krisသာဆို သူ ဒီလိုပဲ တုံ့
ပြန်မည်လားဟု တွေးနေမိသည်...

"တော်ပြီကွာ...ငါ စိတ်ရှုပ်တယ်...😣😞"

ကျွန်တော် ထွက်လာခဲ့မိသည်...
တစ်လောကလုံး ကျွန်တော့်ကို နားလည်နိုင်တဲ့
သူ မရှိတော့ဘူးလား...

"ဟာ...ဟေ့ရောင်...ဒီဇလုံကြီး ယူသွားဦးလေ😰"

ကျွန်တော် လှည့်မကြည့်မိ...

နေက ပူနေသည်...သွားစရာနေရာမရှိ...
အိမ်မှာလည်း မနေချင်...

အင်း...ကိုယ့်ကို နားမလည်ပေးသော လူများနှင့်နေရတာထက်စာလျှင် ဘယ်နေရာပဲဖြစ်ဖြစ်...သက်သာရာရမည် ထင်သည်...

"Sehun ah...ဘယ်သွားမလို့လဲ...ငါ မင်းဆီ
လာတာ"

😫လာပြန်ပြီ...နောက်တစ်ယောက်...
ခြံတံခါးဝသို့ ထွက်လိုက်ရုံလေး ရှိသေး...

နေပူတော့ လူတွေလည်း ကြောင်ကုန်ကြပြီ
ထင်သည်...အပူဒဏ်ကို ကြောက်ရကောင်းမှန်းပင်မသိကြတော့...အိမ်တိုင်ရာရောက် စိတ်ဒုက္ခလာပေးသူများလည်း တစ်နေ့တစ်ခြား များများလာသည်...

"ဒီတိုင်းပဲကွာ...စိတ်ရှုပ်လို့...မင်းကရော...
ဘာပြောဦးမလို့လဲ😠"

"အေး...ငါ...မင်းကို ပြောစရာရှိလို့...😔
Luhanနဲ့ BaekHyun...သူတို့ ရေကူးသင်
တန်းတက်နေကြတယ်တဲ့...ငါ အချိန်ပါ
စုံစမ်းလာတယ်"

"............"

"မင်း...သွားချင်လား...Sehun...ငါတို့ အတူ
သွားမလား"

"သူ...သူ...ငါ့ကို တွေ့ချင်ပါ့မလား😥"

"ဘာဖြစ်လို့လဲ ဆိုတာမျိုးတော့ မေးရမှာပေါ့...
နောက်ပြီး မင်းက အမှားလုပ်ထားတာမျိုးမှ
မဟုတ်တာ"

နေပူမိုးရွာ...ထီးမဆောင်တတ်သော...Kim Kai...သူ့အနက်ရောင်ဆံစများတွင် ချွေးများပင် စို့နေသည်...မောရကောင်းမှန်း...မသိ...ပူရကောင်းမှန်းမသိ...

"ငါ...အဲဒီနေ့က တကယ်မသိလို့ ယူလာမိတာပါ
Sehunရာ...BaekHyunအမေနဲ့ ငါ့အမေက
သူငယ်ချင်းတွေလေ...အဲဒါသူတို့ အိမ်တက်
လုပ်တော့ ငါသွားရတယ်...
အိမ်မှာ ထမင်းချက်မထားဘူးဆိုလို့...

အဲမှာ...ငါက အောက်မှာစားနေရင်း...သူနဲ့ BaekHyunက အပေါ်ထပ်မှာ အတူတူရှိနေတာထင်တယ်...ငါပြန်ခါနီးတော့ သူက
Sehunကို ပေးပေးပါဆိုပြီး လာပေးသွားတာပဲ
အကောင်းကြီးကွာ...ဒီတိုင်းပဲ"

Kim Kai...သူ တစ်ချိန်လုံး အပြစ်ရှိသည်ဟု
ခံစားနေခဲ့ရသည်လား...

"ငါဖြင့် ဘယ်လိုစဉ်းစား စဉ်းစား နားကို မလည်နိုင်ဘူး"

"ငါရောပဲ...😞အဓိပ္ပာယ်မရှိဘူးနော်...
နောက်တာလို့ပဲ ငါထင်နေတယ်"

"အင်း..."

"JunMyeon Hyungကလည်း စိတ်ရှုပ်စရာ
ကောင်းလိုက်တာကွာ...ငါ သတ်သေသွားမယ်
ထင်နေလား မသိပါဘူး...ဟိုဟာ မလုပ်နဲ့...
ဒီဟာ မလုပ်နဲ့...ပြတင်းပေါက်နား မထိုင်နဲ့...ဓားမကိုင်နဲ့...သူ့နားထိုင်နေ...ဆိုတာချည်းပဲ...😣😖Taoကလည်း အတင်းတွေ အောင်သွယ်ပေးနေတယ်..."

"ဟား...ဟား...ဖြစ်ရလေကွာ...😂
သူတို့ လည်း မင်းအတွက် စိတ်ပူနေတာပါ...

ငါက သူ့ကိုမြင်ခဲ့ရပြီး သူ့ဆီက စာကိုယူလာခဲ့
တဲ့သူလေ...😔ငါတော့ သိပ်မဖြစ်နိုင်ဘူး ထင်တာပဲ...အကျိုးအကြောင်းမှ မသိရသေးတာ...
စိတ်ရှုပ်မနေနဲ့"

အမြဲလိုလို စိတ်အေးသက်သာနေတတ်သော...
သူ့စရိုက်နှင့် ကလေးတစ်ယောက်လို ခပ်ရိုးရိုး...အပြစ်ကင်းစင်သော...သူ့အပြုံးကြောင့်...
ကျွန်တော်...စိတ်သက်သာရာရလာသည်...

"ဟဲ့...သားငယ်...Sehun...အိမ်ရှေ့မှာ နေပူပူ
ဘာရပ်လုပ်နေတာလဲ...အိမ်ထဲဝင်စမ်း...
Kim Kaiရောပါလား...လာလေ...သား...အထဲ
ဝင်...ကလေးတွေ နေဒီလောက်ပူနေတာ လသာတယ်များ ထင်နေကြလားမသိပါဘူး"

Omma၏...ဆော်သြသံကြောင့် ကျွန်တော်တို့
ခြံထဲဝင်လာခဲ့ကြသည်...

"ဒါနဲ့...ငါသွားတွေ့မှာကို Taoနဲ့ Hyungကို
မပြောနဲ့နော်...ငါ မင်းနဲ့ပဲ သွားချင်တယ်😚"

ကျွန်တော် သူ့ပုခုံးကို ဖက်ရင်း ပြောမိသည်...

"ဘာဖြစ်လို့...😮"

"လုပ်ပြန်ပြီ...😫မေးခွန်းတွေ ထပ်ထပ်...မမေးလို့ မရဘူးလားကွာ...ငါမောလွန်းလို့ပါ..."

"😑😑😑ဒါဆို...နက်ဖြန် ညနေ ငါလာခေါ်မယ်နော်...စက်ဘီးလျှောက်စီးမလို့ဆိုပြီး...အိုကေ?"

"အိုကေ...ကျေးဇူးတင်ပါတယ် Kim Kaiရယ်
မင်းပဲကောင်းတယ်"

"ဖြစ်ရပြန်ပြီ😝"

ထိုနေ့က ဒိုင်ယာရီထဲတွင် ကျွန်တော် မှတ်မှတ်ရရ...ချရေးဖြစ်ခဲ့သည်...

📓Kim Kai...

အခုကစပြီး မင်းဟာ ငါနဲ့...ရင်ဘတ်ချင်းအနီးဆုံး သူငယ်ချင်းပါ...📓

💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕

တကယ်တမ်းကျ စာလေးတစ်စောင်ကြောင့်
ဝမ်းနည်းမှုထက် မတွေ့ရတာကြာသဖြင့်
သတိရလွမ်းဆွတ်မှုက ပိုနေခဲ့သည် ထင်သည်

အစိမ်းရောင်လွယ်အိတ်လေးကို ဘေး
စောင်းလွယ်၍ အထဲသို့ လှမ်းကြည့်နေသော...
သူ့ကို ခပ်လှမ်းလှမ်းမှ မြင်ရရုံနှင့်...ကျွန်တော့်
နှလုံးသားသည် ကျောက်မီးသွေးသုံး ရထားများလို...တဒုန်းဒုန်း တဒိုင်းဒိုင်း ကျယ်လောင်စွာ
မြည်ဟည်း၍ အရှိန်ပြင်းပြင်း စတင်ခုတ်မောင်း
တော့သည်...

ဒီတိုင်းလေး ကြည့်နေရင်းပင်...
ဒီလူကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင် ဆိုသော
အသိက...ပိုပိုပြီး သေချာလာတော့...

ကျွန်တော် အာခေါင်များသွေ့ခြောက်ကာ တစ်စုံ
တစ်ရာကို ငတ်မွတ်မိသလို ခံစားလာရသည်...

တစ်စုံတစ်ယောက်ကို စောင့်နေပုံရသော သူက
ဖြူအုသောအသားတွင် ထင်းလင်းနေသည့်
အပြာရောင် စွပ်ကျယ်လေးကို ဝတ်ထားသည်...စွပ်ကျယ်သား ပျော့ပျော့အောက်တွင်...
သေးကွေးသော သူ့ခန္ဓာကိုယ်လေးက
ပိုးဟပ်ဖြူလေးပမာ...

ပါးစပ်ကို အကျယ်ကြီးဟလျက် သန်းရင်း...
အိပ်ချင်မူးတူးပုံစံလေးဖြင့် ရှည်နေပြီဖြစ်သော
အညိုရောင်ဆံပင်များကို ဆွဲဖွနေသည်...

ပင်ပန်းနေသည်ထင်သည်...

ကျွန်တော့်အချစ်သည် Beijingမှာ အိမ်တွင်းပဲ အောင်းနေခဲ့သလား😔...ဆံပင်တွေလည်းရှည်လို့

ကျွန်တော် သဘောမကျသည့် မိန်းကလေး
ဆန်ဆန် ယောက်ျားဘာဘီ အရုပ်လေးနှင့်
တူနေသည်

သို့သော် ဒီအရုပ်လေးကိုတော့ ကျွန်တော်
ညတိုင်း အိပ်ရာဘေးမှာ ထားအိပ်ချင်ပါသည်...

BaekHyunလာတော့...သူ ကော်ရစ်တာမှ
နေ၍ ဒီဘက်သို့ လှည့်လာသည်...

ဟင်...

သူ...ကျွန်တော့်ကို တွေ့သွားပြီ...😔😖

စိတ်ထင်၍ပဲလား...

သူနှင့်ကျွန်တော် မျက်လုံးချင်းဆုံမိမိချင်း ကပျာကယာ မျက်နှာလွှဲလိုက်ပေမယ့်......သူ့မျက်နှာ
လေးက...ဝင်းပသွားသည်...ဟု ထင်မိသည်...
ဟုတ်သည်...😞😔သေချာပေါက်
ဝင်းပသွားသည်ဟု ကျွန်တော်ထင်ပါသည်...

ကျွန်တော် မသိမသာ မျက်လုံးထောင့်ကပ်၍
ကြည့်မိတော့...BaekHyunက...သူ့နားကပ်၍
ကျွန်တော့်ကိုကြည့်ပြီး...ဘာပြောလိုက်သည်မသိ...သူ့မျက်နှာလေးသည် ဖြူရာမှရဲ...ရဲရာမှညိုသွားသည်...

ထို့နောက် တစ်စုံတစ်ခုကို ငြင်းဆန်သလို ခေါင်းခါနေသည်...Byun Baekက...ဆက်ပြောနေ
သည်...သူ့ပုံစံက ဖိအားပေးနေသလိုပင်...

ပန်းလေးက သူ့လက်ကိုဆွဲရင်း အသနားခံသလို
ကြည့်နေသည်...BaekHyunမျက်နှာက ခပ်ချီချီ...

ဘာတွေ ဖြစ်နေကြတာလဲ...😧

"ဟေး...Kim Kai..."

BaekHyunက...သူ့ပုခုံးကို ဆွဲဖက်ထားလျက်မှ ကျွန်တော်တို့ ရပ်နေသည့်လမ်းဘက်ခြမ်းသို့
အပြေးတစ်ပိုင်းရောက်လာသည်...

အချစ်သည်...ရှုံ့မဲ့နေသော မျက်နှာပေးနှင့် သူ့လကမောင်းအောက်မှ တရွတ်တိုက်
ကျွန်တော့်ရှေ့သို့ ရောက်ရှိလာပါသည်...

"ဘာလာလုပ်...သြော်😒"

ဘယ်သူက မသိဘဲနေမှာလဲ...

ဘာပြောရမှန်းမသိသော Kim Kaiက
အင်း...အဲပင် မလုပ်ရသေးခင်...
သူက...ကျွန်တော့်ကိုကြည့်ပြီး...သဘောပေါက်သွားဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေသည်

ကျွန်တော် ပန်းလေးကိုသာ မဝံ့မရဲ...ကြည့်လိုက်မိသည်...😞

ပန်းလေးကမူ...ခုနက Byun Baekဆွဲသဖြင့် ရွဲ့စောင်းသွားသော အင်္ကျီကို ခန္ဓာကိုယ်ပေါ်တွင်
သေသပ်သွားအောင် ပြင်ဆင်လိုက်ပြီး ဘေး
တစ်စောင်းလွယ်အိတ်ကို...ပြင်လွယ်လိုက်သည်...

ထို့နောက် ခုနက ရှုံ့မဲ့နေသော မျက်နှာ
လေး၏ ပိုင်ရှင်မှာ သူ မဟုတ်သလိုပင်...
မျက်ဝန်းလှလှများဖြင့် ကျွန်တော့်ကို ရှုတည်
တည် စိုက်ကြည့်နေသည်...

ကျွန်တော် ဒူးတုန်ချင်သလို ဖြစ်လာသည်...😖

အခုနေ...သူသာ ကျွန်တော် ကြောက်ရွံ့သော
တစ်ခုခုပြောလိုက်လျှင်ဖြင့်...ကျွန်တော် မတ်မတ်ရပ်နေနိုင်စွမ်း ပျောက်ဆုံးသွားတော့မည်ဟု ထင်ရသည်...

"မင်း ပိုကြည့်ကောင်းလာတယ်"

"ဟင်..."

"ဘာလို့ ရောက်လာတာလဲ"

ပထမစကားတစ်ခွန်းကို နားကြားမှားသလား...
အမှန်လား မဝေခွဲနိုင်ခင်...ဝေခွဲဖို့ အခွင့်အရေး
မရခင်မှာဘဲ... ကျွန်တော် ကြောက်ရွံ့သော
အခိုက်အတန့်သို့ ရုတ်ချည်း ရောက်ရှိသွားသည်

"ဟိုတစ်နေ့က စာ...အဲဒါ...😞"

"ဘာမှမဟုတ်ပါဘူး...စိတ်ထဲမထားနဲ့တော့"

"ဟင်"

သူက နဖူးထက်တွင် ဝဲကျနေသော ဆံပင်များ
ကို သပ်တင်လိုက်ရင်း...ကျွန်တော့်မေးခွန်း
မဆုံးခင်မှာပင် စကားဖြတ်ချလိုက်သည်...

သူ့မျက်ဝန်းများထဲ၌ သိုဝှက်ထားသော
အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိနေမလား...ကျွန်တော် ရှာဖွေကြည့်မိသေးသည်...သို့သော်...မတွေ့...

သူ့ကိုကြည့်ရတာ...တကယ်ကို စိတ်အေး
လက်အေး တည်တည်ငြိမ်ငြိမ် ပေါ့ပေါ့ပါးပါးပင်

သင်္ချာပုစ္ဆာတစ်ပုဒ်ကို ကျွန်တော် နားမလည်၍
မေးသည့်အခါ တစ်ခွန်းတည်းနှင့် ကျင်လည်စွာ ရှင်းပြလိုက်သလိုမျိုး...

"ဘာဖြစ်လို့လဲဟင်..ပြောပြပါ...ကျွန်တော်
သိချင်တယ်...ပြန်စဉ်းစားပါဦး😥"

"ဘာမှမဟုတ်ဘူးဟေး...အရူးထတာ😒"

"BaekHyun...😣"

"ဘာဖြစ်လဲ...ပြောပြလိုက်လေ...😒😕"

"ဘာမှမဟုတ်ဘူး...အဲဒီကိစ္စ မေ့လိုက်တော့...
ခေါင်းထဲမထားနဲ့...မင်း ခေါင်းရှုပ်တယ်😔"

မေ့လိုက်တော့ ဆိုတာ...

ကျွန်တော် အဲဒီစာထဲကအတိုင်း လုပ်စရာ မလိုတော့ဘူးလို့ ပြောတာလား...😮

"အဲလို ပြီးပြီးရော...ရမလား...အကြောင်းပြ
ချက်တော့ ပေးရမှာပေါ့...ခေါင်းထဲက မထားချင်တိုင်း မထားလို့ရတာမှ မဟုတ်တာ...😬"

BaekHyunအသံက တဖြည်းဖြည်း ကျယ်လာသည်...

Kim Kaiနှင့် ကျွန်တော် တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်မိသည်...

သူတို့နှစ်ယောက် ငြင်းနေကြသည်...

ပန်းလေး ဒီလို ခွန်းကြီးခွန်းငယ်စကားများနေခြင်းကို ကျွန်တော် ပထမဆုံးတွေ့ဖူးခြင်း ဖြစ်ပါသည်...

"မင်း ဒီလောက်လျှာရှည်မှန်း ငါ အခုမှ သိတော့
တယ်😡"

"အစောတည်းက သိသင့်တယ်...ပြောလိုက်...
မင်းမပြောရင် ငါပြောမှာ😠"

"ဟာကွာ...😣😣😣အဲဒါက ပြန်မတွေးချင်လောက်အောင် ...ရှက်ဖို့ကောင်းပြီး မျက်နှာပူစရာကောင်းတယ်ကွ...ဒါကြောင့် ငါမပြောချင်တာ😖"

ပန်းလေးက စိတ်ရှုပ်ဟန်ဖြင့် တိုးတိုးရေရွတ်ကာ...သူ့နဖူးကိုသူ တဖတ်ဖတ်ရိုက်သည်

"မပြောချင်ရင် ငါပြောမှာ...😒"

"Tsk...ရှုပ်လိုက်တာကွာ...ငါ့ဖာသာငါပြော
မယ်...ဟုတ်ပြီလား...ဟင်း😥"

"ပြောမယ်ဆိုလည်း...ငါတို့...လမ်းလျှောက်ရင်း
ပြောရအောင်...လူတွေ ကြည့်နေတယ်😖"

Kim Kai အသံက ခပ်တိုးတိုး...

ဟုတ်သည်...အသည်းအသန်ငြင်းနေသော
သူတို့နှစ်ယောက်နှင့်...ကျီးကြည့် ကြောင်ကြည့်
ရပ်နေသော ကျွန်တော်နှင့် Kim Kai...
လေးယောက်သား...ပတ်ဝန်းကျင်မှ
အာရုံစိုက်မှုကို မရည်ရွယ်ဘဲ...အတော်လေး
ရနေပြီ ဖြစ်သည်...

သူက...အရင်ရှေ့မှ ထွက်သွားသည်...
Byun Baekက ကျွန်တော့်ကို မျက်မှောင်ကြုံ့၍
ကြည့်နေသည်...
ကျွန်တော် Kim Kaiကို ကြည့်မိသည်...

လိုက်သွားရမည်လား...😶

"လာလေ..."

သူက...ကျွန်တော့်ကို လှည့်ကြည့်ပြီး လှမ်းခေါ်
သည်...

"Sehun...ဒီကောင် ဒီလောက်အမှန်း ငါမသိခဲ့
ဘူး"

နောက်ကျောဘက်ဆီမှ Byun Baek၏
မကြားတကြား ထောပနာပြုသံကို ကြားရသည်

ကျွန်တော် မကြားချင်ဟန်ဆောင်၍ ချစ်ရသူ
နံဘေးမှ...တိတ်ဆိတ်စွာ လိုက်မိပါသည်...

"အဲဒီစာ ရေးလိုက်တာက...ငါ မင်းလွှမ်းမိုးတာကို မခံချင်တော့လို့😥"

ကျွန်တော် သူ့မျက်နှာလေးကို နားမလည်နိုင်စွာ
ငေးမောကြည့်မိသည်...ရေကူးထား၍ထင်...
ဘေးတိုက်မြင်နေရသော...သူ့မျက်ဝန်းများနှင့်နှာခေါင်းထိပ်လေးက...နီရဲနေသည်...

"ဒီလိုကွာ...ဒီနွေတစ်ခုလုံး ငါ မင်းအကြောင်းပဲ
တွေးနေမိတယ်...မင်း ဘာလုပ်နေလဲ...ငါ့ကို
သတိရပါ့မလား...ဆိုတာမျိုးတွေပေါ့😔"

"........."

"ကုန်ကုန်ပြောရရင် အိပ်မက်ထဲတောင် မင်းက
ပါလာတယ်ကွာ😠"

"........."

"လူတစ်ယောက်က အဲဒီလောက် ငါ့အပေါ်
လွှမ်းမိုးလာတာမျိုး...မဖြစ်သင့်ဘူးလို့ ငါထင်
တယ်...😔အစက...ငါ တစ်ယောက်တည်း နေတတ်တယ်...ဒါပေမယ့် အခုတော့ ဘာတွေးတွေး...မင်းမပါရင် မပြီးတော့ဘူးဖြစ်နေပြီ...😥"

"........."

"ငါ အရင်လို တစ်ယောက်တည်း
နေတတ်ချင်တယ်...မင်းမရှိဘဲလည်း နေတတ်ချင်တယ်...နေကြည့်ချင်တယ်...ဒါကြောင့်မို့...အဲလိုစာရေးလိုက်တာ😖"

သူ...နှုတ်ဆိတ်သွားသည်...
မီးခိုးရောင် ကတ္တရာလမ်းကို ငေးစိုက်ကြည့်နေ
ရင်း တစ်လှမ်းပြီးတစ်လှမ်း...လျှောက်နေသည်

"မင်း ခံစားသွားရလားတော့ မသိပေမယ့်...
ငါ တောင်းပန်ပါတယ်...😞"

ဒီထက် လှပပြီး ကျေနပ်စရာကောင်းသော
အကြောင်းပြချက်မျိုး...သည်ကမ္ဘာတွင် ထပ်ရှိ
နိုင်တော့မည်ဟု ကျွန်တော်မထင်ပါ...😘

သူ့ကိုယ်လေးကို ခါးမှကိုင်၍ ဝှေ့ပြီး လေထဲသာ
ပစ်ရမ်းလိုက်ချင်တော့သည်...
ဘယ်လောက်ဆိုးတဲ့ ကျွန်တော့်ချစ်သူလဲ...😍

သူ့ကိုယ်သူရော ကျွန်တော့်ကိုပါ သူ့အတွေးအမြင်များ၏...စမ်းသပ်ခံသတ္တဝါများအဖြစ် ထင်နေသလား မသိပါ...😒😍

"နေနိုင်လား...ဒါဆို😒"

"မနေနိုင်ဘူး...😔😁"

သူက...ခေါင်းငုံ့သွားရင်း ရယ်ချလိုက်သည်...

"တော်တော်ကောင်းတယ်...နော်...ကျွန်တော်သာ လာမတွေ့ရင် ခင်ဗျားဘယ့်နှယ့်လုပ်မလဲ...
တကယ်ပြတ်သွားမှ😒😣 "

"ငါ မင်းကို ပြန်ချော့လို့ ရသားပဲ😔😌"

သူ့လေသံက...ခပ်တိုးတိုး...ပိုင်စိုးပိုင်နင်းနိုင်သလို လေပြေသွေးပြီး တောင်းဆိုဟန်လေး
လည်း ပေါ်သည်...

ချစ်လိုက်တာ...

"ဘယ်လိုလုပ်မလဲ...ခုတော့...ပိုချစ်မိသွားပြီ😍"

ကျွန်တော် သူ့နားနားသို့ကပ်၍ တိုးတိုးလေး
ပြောလိုက်တော့...ရဲတက်လာသော နားရွက်
လေးကို စိတ်ထိန်းမဲ့တုံ့ပြန်မှုအဖြစ်မြင်ရသည်...

ထိုမှတစ်ဆင့်...နားသယ်စပ်နှင့် ပါးပြင်နုနုဆီ
အကြည့်ရောက်သွားတော့ ကျွန်တော် တံတွေးမျိုချမိသည်...

"BaekHyun...မင်းနဲ့Kai ပြန်နှင့်လိုက်ပါလား"

အပြောခံရသူ Byun Baekမှလွဲ...ကျွန်တော်နှင့်
Kim Kai အံ့အားသင့်သွားကြမှန်း ဝန်ခံရပါမည်...

ဒီစကားမျိုး ကျွန်တော့်ဆီမှ မဟုတ်ဘဲ သူ့ဆီမှ ထွက်လာတာ သိပ်ပြီး ထူးဆန်းသည်မဟုတ်လား...

အချစ်တွင် ကျွန်တော်မသိသော အခြားတစ်
ဖက်ပေါင်း ဘယ်နှစ်ခုများ ရှိနေသလဲ မသိပါ...

"အံ့သြစရာတော့ ကောင်းတယ်နော်...😂
မင်းတို့တွေ အဆင်မပြေတော့လည်း ဘေးလူကို နားမုဒိမ်းကျင့်တယ်...😣
အဆင်ပြေသွားတော့လည်း...ငါတို့ကပဲ
မင်းတို့ချစ်ခြင်းကိုခွဲမယ့် ဗီလိန်တွေလို...
လူယုတ်မာတွေလို ဖြစ်သွားရသေးတယ်...😣
သောက်RS တွေ😟"

Byun Baekက...နှုတ်ခမ်းတစ်ဖက်ကို တွန့်
လျက် စိတ်နာသလိုပြောသည်...သူ စိတ်ဆိုးသွားပြီ ထင်သည်...

အချစ်ကတော့ သူ့သူငယ်ချင်း၏ စူပုတ်နေသော မျက်နှာကိုကြည့်ပြီး သဘောတကျ
ရယ်နေသည်...

"အဲလိုမဟုတ်ပါဘူးကွာ...ငါ နောက်မှ မုန့်ကျွေး
မယ်နော်...😁"

"မင်းကလည်း တော်တော်ပိုက်ဆံပေါနေ...😒
စားချင်သောက်ချင်လို့ ပြောနေတာ မဟုတ်ဘူး
ဟေ့...😠သွားပြီ...Kim Kaiနင်းတော့...😡
ဒီမှာကြာကြာနေရင် အကုသိုလ်များတယ်😤"

"ငါ...သွားပြီ...Sehun"

"အေး...နောက်မှ တွေ့မယ်😊"

Kim Kaiက...ပုပုလုံးလုံး...BaekHyunကိုယ်
ကိုတင်၍ စက်ဘီးကို ဖြည်းဖြည်းချင်း နင်းထွက်
သွားသည်...

ခုတော့ ကျွန်တော်တို့နှစ်ယောက်တည်း ကျန်ပါ
သည်...ကျွန်တော် သူ့နားသို့...ခုနထက်ပို၍ တိုး
ကပ်လျှောက်မိသည်...

"Byun Baek...က ထူးဆန်းတယ်နော်😂"

"အင်း...ချစ်ဖို့ကောင်းတယ်😚"

"ဘယ်သူ့ကိုပြောတာလဲ😁"

"BaekHyunလေ😪"

"သြော်...ကျွန်တော့်ကျ မပြောဘူး😒"

"ပြောဖို့လိုသေးလို့လား...😍"

သူက...မျက်ဝန်းညိုများကို ထောင့်ကပ်၍...
ကျွန်တော့်ကို မျက်လုံးလှန်ကြည့်ရင်း ပြောသည်...နှုတ်ခမ်းထက်မှာ အပြုံးလှလှလေး...

အဲဒါလေးတွေပေါ့...

မကြာခဏဆိုသလို...သူ ကျွန်တော့်ကို မခံချိမခံသာဖြစ်အောင် ရည်ရွယ်ပြီးရော...မရည်ရွယ်ပါပဲရော...စနောက်တတ်သော်လည်း...
အဆုံးတွင်တော့...ကျွန်တော့်ထံသို့ ပျော်ရွှင်
ကြည်နူးမှုများကို သယ်ဆောင်လာမြဲ...

ကျွန်တော်...သူ့ပုခုံးလေးကို အသာကိုင်ရင်း...
ဆံစလေးများကို မသိမသာမွှေးလိုက်မိသည်

ဒီနေ့တော့...သူ ကျွန်တော့်ကို ထိုးမည်မဟုတ်မှန်း အလိုလို ခံစားသိနေသည်...

"ဟင်း...ဟင်း...ခင်ဗျားနော်...ခင်ဗျား...
ကျွန်တော့်မှာ ရင်ကိုပူသွားတာပဲ😒"

သူက...သက်ပြင်းတစ်ချက်ကို ညင်းညင်းချ
သည်...

"ငါလည်း ပူတာပါပဲ...နောင်တပါရသေးတယ်😞"

"ဘာမှမဖြစ်ပါဘူး...စိတ်ထဲမထားနဲ့...ဝဲပစ်
လိုက်တော့...😁အခုကစပြီး အကောင်းတွေပဲ
လာတော့မှာ...😍ကျွန်တော် ခင်ဗျားကို ဒီမှာ
လာကြိုလို့ရမလား...အမြဲ😔"

"နိုး...😔သင်တန်းက တနင်္လာ...ဗုဒ္ဓဟူး...ပဲရှိတာ"

"အိုကေ...ဒါဆို အဲ့အချိန်လာမယ်နော်😁😪"

"အားရင် လာခဲ့ပေါ့"

"လာမှာ...အချစ်အတွက်ဆို...မအားတာ ရှိပါ့
မလား😅"

"ကြည့်ရတာ ငါတို့ တကယ် ချစ်မိသွားပြီနဲ့...
တူတယ်"

"သြော်...တကယ်ချစ်တာပါဆိုမှပဲ...ခင်ဗျားဟာ
လေ...ကျွန်တော် ဖက်နမ်းပစ်လိုက်ရင် မကောင်းရှိတော့မယ်😡"

"လုပ်ရဲလုပ်ကြည့်ပါလား...ငါ့လက်သီးနဲ့ တွေ့သွားမယ်😒👊"

"အင့်ကွာ...လုပ်ပြီ...မွ💋💖💞❤"

"ဂါး...😬😬😬😬...Oh Sehun...မင်းတော့
သေချင်နေပြီ"

ဒီနေ့ညနေ ရာသီဥတုကတော့ အတော်လေး
သာယာနေခဲ့ပါသည်...

💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕

အချစ်ရေ...ဝတ္ထုတွေ သိပ်မဖတ်ပါနဲ့...

တစ်ခါမှ မချစ်ဖူးရင်လည်း ကျွန်တော် ပြောတာ ဒီတစ်ခါပဲ...မျက်စိမှိတ်ပြီး ယုံပေးစမ်းပါ...

ချစ်သူတွေ ကြားမှာ...မပြောကောင်းတဲ့
ဟာသတွေ...သွေးတိုးမစမ်းကောင်းတဲ့ အရာ
တွေဆိုတာ တကယ်ကို ရှိပါတယ်ကွယ်...

Continue Reading

You'll Also Like

163K 25.6K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
116K 5K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
266K 46.9K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
450K 63K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...