သူနှင့်ဝေးနေရသော နွေပိတ်ရက်များတွင်...
ကျွန်တော် စက္ကူကြယ်များ ခေါက်ဖြစ်သည်...
တစ်ရက်ကို တစ်ခု...ရှည်မျောမျော ရောင်စုံစက္ကူစလေးများ၏ အတွင်းဘက်တွင် ကျွန်တော် သူနှင့် ပက်သက်၍ သတိရသည်တို့ကို ချရေးဖြစ်သည်
နှုတ်ခမ်းမှ အမာရွတ်လေးကို ဘယ်လိုရလာ
ကြောင်း မေးဖို့မေ့သွားသည့်အကြောင်း...
နိုင်ငံတကာ မိုးလေဝသ သတင်းလာလျှင်
Beijingမြို့၏ ရာသီဥတုအကြောင်း ဂရုစိုက် နားထောင်မိကြောင်း...
ဒီနေ့တော့ဖြင့် ကျွန်တော် ဖျားနေကြောင်း...သူ့ကိုတော့ နေကောင်းစေချင်ကြောင်း...
သတိရတိုင်း ဝယ်စားဖြစ်သည့် ချောကလက်
ရေခဲမုန့်များသည် အရသာ မရှိကြောင်း
ဒီနေ့လည်း ဂွမ်မြောင်ဒိုလမ်းထဲသို့ ရောက်ဖြစ်
ကြောင်း...
ထိုသို့ စာတိုလေးများရေးပြီး ကြယ်ကလေးများ
အဖြစ် ခေါက်...ပုလင်းလေးထဲ တယုတယသိမ်း
လိုက်ရခြင်းဖြင့် တစ်နေ့တစ်နေ့ သူနှင့်
ကျွန်တော် တွေ့ရဖို့ ရက်များ မဝေးလှတော့သလို ခံစားရသည်...
ဒီကြယ်ကလေးများက...
ကျွန်တော့် ခံစားချက်များဖြစ်သည်...
တစ်ချိန်ချိန် ဖြစ်လာမည့် ဆုတောင်းများ
လည်း ဖြစ်သည်...
တစ်ချိန်ချိန် အကောင်အထည်ဖော်
မည့် ဆန္ဒများဆိုလျှင်လည်း မမှား...
လွမ်းချင်းနှင့် ချစ်ခြင်းမေတ္တာတို့ ရောပြွန်းနေ
သော ဒီပုလင်းလေးတွင် သူ့အပေါ်ထားရှိ
သော...အရောင်စုံသည့် ကျွန်တော့်စိတ်ခံစားမှုမျိုးစုံကို ထည့်သွင်းထားပါသည်...
သူလည်း ဒီလို ကျွန်တော် လုပ်ထားတာလေးကို တွေ့ရင် ပျော်မှာပဲ...ကျွန်တော် သူ့ကို ဘယ်
လောက်ချစ်တယ်ဆိုတာ ခံစားမိမှာပဲ...😌
တစ်ခုကောင်းသည်က...ဒီနှစ်နွေ ကန်ဝန်ဒိုသို့ သွားမနေရတော့...အဖိုးနှင့်အဖွားက အိမ်သို့
နှစ်ပတ်မျှ...အလည်အပတ်လာနေသည်...😊
ခါတိုင်းထက် အနည်းငယ် အနေကြုံ့သော်
လည်း...ဟိုမှာ အိပ်ရာထဲ လှိမ့်ပိမ့်ခွေနေရတာထက်စာလျှင် အများကြီးတော်သေးသည်...
JunMyeon Hyungကတော့...ဒီနွေရာသီ
အိမ်တွင် မျက်နှာပန်းပွင့်နေသည်...
ကျွန်တော်တို့ တောင်တက်တုန်းက သူရိုက်လာ
သည့် ဓာတ်ပုံကို ဆယ်ကျော်သက်လူငယ်များ ဓာတ်ပုံပြိုင်ပွဲတွင် ဝင်ပြိုင်ရာ...ဒုတိယဆုရသည်
သူ့မှာ ပျော်မဆုံးတော့...Appaနှင့် Ommaကလည်း ဂုဏ်ယူနေပြီး...ဧည့်သည်လာတိုင်း...အခွေသွင်းထားသလို ထပ်တလဲလဲ...သူ့ကို...
ချီးကျူးကြသည်...သားကြီးကလေ...သားကြီး
ကလေနှင့်...😏
ကျွန်တော်ကတော့...ဒီတိုင်းပါပဲ...😏
သားသမီးဆိုတာ မိဘဆီက အသိအမှတ်ပြုခံရအောင် အထူးတလည်ကြိုးစားနေစရာမလို
ဟု ကျွန်တော်ထင်သည်...😌
ကောင်းသည်ဖြစ်စေ...ဆိုးသည်ဖြစ်စေ...
Hyungလောက် တော်သည်ဖြစ်စေ...မတော်ဘူးဖြစ်စေ...နောက်ဆုံးမှာ ဧည့်သည်လာရင်
ခေါ်ပြီး...ဒါ အငယ်လေးလေဆိုပြီး အမြဲ
မိတ်ဆက်ပေးရတာပဲ မဟုတ်လား...😌
ထားပါတော့...ဒီနှစ်နွေ...သိသိသာသာ ပြောင်းလဲလာသည်က ကျွန်တော် အရပ်ရှည်လာသည်
JunMyeon Hyungက ပုကျန်ခဲ့သည်...😎
အားကစားနှင့် အကျိုးမပေးဟူသော အမြဲစွဲကိုင်
သည့် ဆောင်ပုဒ်ကို လွှဲဖယ်၍...
ခန္ဓာကိုယ် ကြည့်ကောင်းစေရန် Taoလိုမျိုး
ဘာညာ...နည်းနည်းပါးပါး ကစားလိုသော်
လည်း Appaနှင့် Ommaက ကျန်းမာရေး
ထိခိုက်မည်ကို စိုးရိမ်သဖြင့် တားကြသည်...😑
ကျောင်းပြီးမှ ပေးကစားမည်ဟု ချွေးသိပ်ကြ
သည်...ဒီလိုနှင့်ပဲ...ကျွန်တော် Oh Sehunလေး
ဆန္ဒများကို ချိုးနှိမ်ကာ...အိမ်မှာ နေရပြန်သည်
😑ကျွန်တော်က သူ့ရှေ့မှာ ယောက်ျားပီပီသသ
ကြည့်ကောင်းချင်သည့်ဟာ...
သင်တန်းဆို၍...အင်္ဂလိပ်စာ စကားပြော
သင်တန်းတော့ တက်ရသည်...ကျွန်တော့်
သဘောအရဆိုလျှင် တရုတ်စာသာ သင်ချင်သည်
သို့သော် ဒီတစ်ခါတော့ သူတို့ သားအမိသားအဖသုံးယောက် ပေါင်းမိသွားကြပြီး အမြဲဦးစားပေး
ရှေ့တန်းတင်ခဲ့သော Hunnieလေး၏ သဘောထားကို ဖယ်ထုတ်လိုက်ကြသည်...😖
နေ့ချင်းညချင်း ရွာဖြစ်လာနေသော ကမ္ဘာကြီး
တွင် အင်္ဂလိပ်စာတတ်မှ...အင်္ဂလိပ်စကား ပြောတတ်မှ ဖြစ်မည်တဲ့...
အင်္ဂလိပ်စကားမပြောတတ်တော့လည်း
ဘာဖြစ်လဲ...ထမင်းစားလို့ ရနေတာပဲ...
အင်္ဂလိပ်လို မပြောတတ်လည်း လုပ်လို့ရတဲ့
အလုပ်တွေမှ အများကြီးပဲဟာ...😕
ကျွန်တော် သိသည့်အတိုင်းဆို...ကျောင်းအုပ်
ဆရာကြီးလည်း အင်္ဂလိပ်လို မတရား မွတ်နေ
အောင် ပြောတတ်တာ မဟုတ်...
ရုပ်သံအစီအစဉ်ထဲက သရုပ်ဆောင်တွေလည်း ဒီလိုပဲ...ဒါပေမယ့်လည်း သူတို့ ပိုက်ဆံရနေတာပဲလေ...သူတို့နယ်ပယ်နဲ့ သူတို့ အောင်မြင်နေတာပဲ...😟
တကယ်တော့ ဒီခေတ်မှာ အင်္ဂလိပ်စကား သင်ယူခြင်းကိုက သူ့ထက်ငါ ဂုဏ်လုပ်စရာကြီး
တစ်ခုလို ဖြစ်လာနေသည်ဟု ကျွန်တော်မြင်သည်...😕
ကျွန်တော်များ သူတို့ရှေ့ ဒီလိုသွားပြောကြည့်
ပါလား...အငယ်လေးတော့ ဘဝပျက်ပါပြီ
ဆိုသည့်အကြည့်မျိုးတွေ လာကြဦးမည်...😩
တကယ်ပါပဲ...သင်မယ့်သင် တရုတ်စာကမှ
တော်သေး...ခုနောက်ပိုင်း တရုတ်လူမျိုးတွေကမှ... ကမ္ဘာအနှံ့...ဝင်ဆန့်လာကြသည်
မဟုတ်လား...😪စီးပွားရေး...ဖျော်ဖြေရေး...
နိုင်ငံရေး...
ဒီလို အကျိုးနှင့် အကြောင်းနှင့် ထောက်ပြလည်း သူတို့က လက်ခံမည်မဟုတ်ပါ...နောက်...
သူတို့မှာ အကြောင်းပြချက်ရှိသေးသည်...
ကျွန်တော် အသက်ကြီးလာပြီမို့ အရင်လို...
ကလေးလုပ်နေလို့ မရတော့တဲ့...မလုပ်ချင်တာ
လည်း လိုအပ်လျှင် လုပ်ရမည်တဲ့...
ဆိုင်တော့မဆိုင်ဟု ထင်သည်...😟
အင်းလေ...
တက်ဆိုတော့လည်း တက်သည်ပေါ့...
မဟုတ်လည်း အားနေတာပဲဆိုတော့...
JunMyeon Hyungကတော့ တက်ကြွတဲ့
ကြက်ဖ...အားအားရှိ ဘိုလိုမှုတ်နေသည်...😒
ယုတ်စွအဆုံး...နေ့နေ့ညည တွေ့နေရတဲ့
မျက်နှာတွေကိုတောင် မိုးလင်းလို့ မျက်လုံးပွင့်လာတာနဲ့
"How are you? Hunnie 😁"
လုပ်ချင်လုပ်နေတာ...ကျွန်တော်ကလည်း...ဘာပြန်ပြောရမလဲ...မျက်မှောင်ကြုံ့ မနည်း
စဉ်းစားပြီးမှ
"နေကောင်းပါတယ်😰"
လောက်သာ ပြောထွက်သည့် အခြေအနေမျိုး😣😖
အပြုသဘောဆောင်သော တိုးတက်မှုတစ်ခုကတော့ ဒီနွေရာသီတွင် ကျွန်တော်...စာဖတ်
ဖြစ်သည်...သူ စာဖတ်ရတာ နှစ်သက်သည်ဆို၍ စာဖတ်ခြင်း၏ အရသာကို ကျွန်တော်လည်း လိုက်လံစူးစမ်းကြည့်သည်...သတင်းစာ...ဂျာနယ်...မဂ္ဂဇင်း...တကယ် ကောင်းပါသည်...ကျွန်တော်က စကားလုံးအနုအရွလေးများ
ပါဝင်သော စာများကို သဘောကျသည်...
Hyungကတော့ စာပေါ့တွေ ကြိုက်တာပေါ့ဟု
ဝေဖန်သည်...သူကျ ဆားခတ်ပြီး ဖတ်တော့
လေးတာပေါ့...😒😒😒
သူက အကြီးဆိုပြီး အမြဲလိုလို ကျွန်တော့်ကိုနှိမ်ချင်သည်...😞
ထားပါတော့လေ...ဒါလည်း အထူးအဆန်းမှ
မဟုတ်တော့တာ...😩
ချစ်သူဘဝသို့ ရောက်သွား၍ ထင်သည်...
ဒီနှစ်နွေ ကျွန်တော် သူ့ကို အရင်နှစ်ထက်
ပိုလွမ်းသည်...😢
အတူရိုက်ထားသော ဓာတ်ပုံလေးကို ကြည့်ရင်းဓာတ်ပုံသားထက်မှ သူ့ပုံလေးကို ဖွဖွနမ်းရင်း...
ဒိုင်ယာရီရေးရင်း...ကြယ်လေးတွေခေါက်ရင်း...
အလူလူး အလိမ့်လိမ့် အလွမ်းဖြေရသည်...
Appaနှင့် Ommaတွင် ရှိသော လက်ကိုင်ဖုန်း
မျိုးသာ ကျွန်တော်တို့ နှစ်ဦးမှာ ရှိလျှင် မည်မျှ
ကောင်းမည်လဲ...😔
အနည်းဆုံးတော့ သူ့အသံလေးကြားရမည်...
ချစ်စကားလေးတွေ ပြောနိုင်မည်...
Appaနှင့် Ommaထံ...လိုချင်ကြောင်းပြော
တော့...သူတို့က...ကျွန်တော့်ကို ငယ်သေးသည်ဟု ပြောကြပြန်သည်...😥
အထက်တန်းပြီးလျှင် ဝယ်ပေးမည်တဲ့...
သြော်...လူကြီးတွေ...လူကြီးတွေ...
သူတို့ပဲ ကြီးချင်တိုင်းကြီး ငယ်ချင်တိုင်းငယ်...
အမျိုးမျိုး ပြော...ပြောနိုင်လွန်းပါသည်...😑
💕 လူသားတစ်ယောက်ကို ချစ်မိခြင်း💕
ဒီနေ့...ကျွန်တော်တို့အိမ်တွင် Ommaက
ပင်လယ်စာခေါက်ဆွဲ ချက်ကျွေးသည်...
Kim Kaiနှင့် Taoကိုပါ လာစားဖို့ ခေါ်ထားသည်
"ရော့...မင်းပြောတဲ့ဟာ😪"
"တိုးတိုးလုပ်ပါဟ...😰JunMyeon Hyungတွေ့သွားမယ်"
သတင်းစာစက္ကူအိတ်နှင့်ထည့်ထားသော...
အခွေကို Taoပေးလာတော့...ကျွန်တော် မွေ့ရာ
အောက်သို့ မြန်မြန်ထိုးထည့်လိုက်မိသည်...
"တွေ့သွားတော့လည်း ပြလိုက်ပေါ့ကွာ😁"
သူ့ရုပ်က ပြီတီတီ...
"နိုး...နိုး...ခုတလော သူနဲ့ငါ အစေးမကပ်ဘူး😷"
JunMyeon Hyungက ခုတလော ကျွန်တော့်ကို...မိန်းကလေး အဖော်အချွတ်မဂ္ဂဇင်းများ...
မတော်တရော် ဝတ်ထားသည့် မိန်းကလေးအဆိုအဖွဲ့များ၏ သီချင်းကို ကြည့်စေသည်...
ကောက်ကြောင်းများက ဘယ်လိုလှသည်...
ပေါင်တံများက စင်းနေသည် စသဖြင့်...😒
စိတ်မဝင်စားပါဘူးဆိုနေမှ...
သူ့ပုံစံက ကျွန်တော့်ကို မိန်းကလေးများအား
စိတ်ဝင်စားစေချင်သည် ထင်သည်...ခုမှ လာပြီး
ဘာဖြစ်နေလဲမသိ...
ကျွန်တော်ကလည်း Xiao Luလေးမဟုတ်ရင် ကလီယိုပတ်ထရာဖြစ်နေပါစေ...မျက်လုံးထဲ
မဝင်...😔
"အေး...ကြည့်တာက ကြည့်နော်...ငါ့ကို အမှု
ပတ်အောင် ပေါက်ကရတွေ လျှောက်မလုပ်နဲ့😂"
"မလုပ်ပါဘူးဟ...ဘာလုပ်ရမှာလဲ...မင်းကားက
ဘာတွေ ပါလို့လဲ😮"
"သြော်...နည်းနည်းပါးပါး တစ်ခန်းနှစ်ခန်းတော့
ပါတာပေါ့...😆"
Brokeback mountainဇာတ်ကားအကြောင်း သူပြောပြသဖြင့် ကျွန်တော် သူ့ဆီမှ ငှားလိုက်ခြင်းဖြစ်သည်...
ခက်တာက ဘယ်လိုကြည့်ရမလဲမသိ...😧
အိမ်ကလူတွေအလစ် ဆိုရင်တောင် JunMyeon Hyungကို ပထုတ်ရဦးမည်...
😐နောင်ခါလာ နောင်ခါဈေး...အဆင်မပြေတော့လည်း မရရအောင် စည်းရုံးရမှာပဲ...
"သေချာကြည့်...ပြီးရင် ပြန်အသုံးချ...မင်းက
ခပ်ဒူဒူရယ်😝"
"ခွေးကောင်...ငါ မဒူဘူးကွ...😠"
"အူတာလေ...😂"
သူက...မျက်လုံးပေါက် မရှိတော့အောင်
ဟက်ဟက်ပက်ပက်ရယ်ပြီး ကျွန်တော့်ကို လှောင်နေသည်...
"တကယ်တော့ မင်းက မင်းကိုယ်မင်း ဒူတယ်ဆိုတာ...မသိတာ...ဒါမှမဟုတ်...မသိချင်ယောင်ဆောင်နေတာ😌"
"ဖြစ်ရလေ😕"
"ငါပြောပြမယ်...အကယ်၍ကွာ...သူက...အမြင့်မှာရှိတဲ့ ပစ္စည်းတစ်ခုကို မမီဘူးဆိုပါစို့...အဲဒါဆို ဘာလုပ်မလဲ😪"
"ငါ...ယူပေးမှာပေါ့😌"
"tsk...tsk...😙အဲဒါကွာတာပဲ...ငါ့Geဆို...
ငါ့ကို အောက်ကနေ ပင့်ပြီး ချီပေးလိမ့်မယ်😌"
"အေး...အဲဒီလိုဆို...ပန်းလေးကလည်း
ငါ့မျက်နှာကြီးကို ခွပ်ခနဲ ထိုးထည့်လိုက်လိမ့်
မယ်😤"
ကျွန်တော် စိတ်ပေါက်ပေါက်နှင့်ပြောတော့...Taoက ဘာဆက်ပြောရမှန်းမသိသလို
မျက်လုံးအဝိုင်းသားနှင့် ကြောင်ကြည့်နေသည်
တကယ်ပါပဲ...
"တူမှမတူတာ...ငါ့ကို ဒူတယ်ပဲ လာပြောနေ"
"ဟေ့ရောင်တွေ...လေပေါမနေနဲ့...အောက်မှာ သွားသယ်ကြဦး😅"
JunMyeon Hyungက ခေါက်ဆွဲပန်းကန်များ
သယ်၍ ဝင်လာသည်...
အောက်ထပ်မှာ စား၍ရသော်လည်း ကျွန်တော်တို့က ရှည်ရမှ ကြိုက်သည်...😁
အပေါ်မှာ လွတ်လွတ်လပ်လပ် စကားလေးဘာလေး ပြောရင်း...စားချင်သည်...
"Kim Kai...နောက်ကျတယ်နော်...ဒီကောင်"
"အေး...လာတော့မှာပါ...ဟား...မွှေးနေတာပဲ😊"
"သား...ဝဝစားနော်...အန်တီ အများကြီး ချက်ထားတာ"
"ဟုတ်ကဲ့...အန်တီ...သားလည်း အရမ်းကြိုက်
တယ်...အန်တီချက်တာက သူများတွေနဲ့
တူကိုမတူဘူး...အနံ့လေးက မွှေးပြီး...
အရည်ကလည်း သောက်လိုက်ရင် လျှာထဲကိုစွဲသွားတာ"
ဒီကောင်က အမြှောက်ကောင်း...
တစ်လောကလုံးနှင့် စကားကြောတည့်ချင်မှ
တည့်မည်...Ommaနှင့်ကတော့ ရောင်းသူဝယ်သူ အသံတူ...လေပေးက အမြဲဖြောင့်😒
"အမလေး...ပြောတတ်လိုက်တာ...အိမ်က Sehunတို့များ...ဒီလို မအေ စိတ်ချမ်းသာ
အောင် ပြောမယ် မရှိဘူး..."
ကျွန်တော် ခေါက်ဆွဲပန်းကန်များဆွဲပြီးသာ
တက်လာခဲ့လိုက်သည်...😒😒😒
Ommaချက်သော ပင်လယ်စာခေါက်ဆွဲက အရသာရှိပါသည်...
သို့သော် အခြားနေရာက ပင်လယ်စာခေါက်ဆွဲ
နှင့်တော့ ယှဉ်မပြတတ်...စားမှ မစားဖူးဘဲ...
သူတို့ပဲ အပြင်စာမစားနှင့်ဆိုပြီး...😑
"အန်တီ...မင်္ဂလာပါ...😁"
"အေး...သား...လာလာ...အတော်ပဲ...ခုမှ စားဖို့ပြင်တုန်း...အပေါ်တက်သွား..."
ဟော...Kim Kaiလာပြီ...
"Sehun...ရေခဲသေတ္တာထဲက အအေးပုလင်း
တွေ သွားယူ...သွား😪"
စားပွဲခင်းကျင်းပြင်ဆင်နေသော JunMyeon Hyungက တံခါးထိပ်ရောက်သည်နှင့် ဆီးကြို
ခိုင်းသည်...
"Kim Kaiရေ...ရေခဲသေတ္တာထဲက အအေးပုလင်း လေးလုံးယူခဲ့ပါဟေ့😪"
ကျွန်တော် ထပ်ဆင့်ညွှန်ကြားလိုက်ပြီး...ခေါက်ဆွဲပန်းကန်များကို စားပွဲပေါ်ချလိုက်သည်...
Taoက...ကြက်အရေပြားကြော်...ဝက်နံရိုး
ကြော်များကို သယ်လာသည်...
"ဟေ့ရောင်...ဒီမှာကြည့်စမ်း..."
Kim Kaiက အအေးပုလင်းများကို စားပွဲပေါ်
ချလိုက်ပြီးသည်နှင့် တစ်ပြိုင်နက်...မမောတမ်း သူ့အိတ်ကပ်ထဲမှ...အပြာရောင် စာအိတ်ကို
ထောင်ပြသည်...ရုပ်က ပုံမှန်မဟုတ်...
အိုလံပစ် မီးရှုးတိုင်ကို လက်ဆင့်ကမ်းသယ်လာ
ရသလို အင်မတန် ဂုဏ်ယူချင်နေသည့် မျက်နှာပေးမျိုးနှင့်...
"ဘာကြီးလဲ😒"
"ဘာလို့ထင်လဲ😌"
လာပြန်ပြီ...မေးခွန်းပေါ်မေးခွန်းဆင့်...😒😒
"ဘယ်သိမတုန်း"
"မင့်လူဆီက..."
"ဟာ...😱"
ရုတ်တရက်မို့ ပျော်သွားမိပြီးမှ ကျွန်တော်
ပြန်စဉ်းစားမိသည်...မဖြစ်နိုင်တာ...
"လျှောက်ပြောမနေနဲ့...သူက Beijingမှာ...😔"
"ပြန်ရောက်နေပြီဟ😁..."
"ဟမ်...တကယ်လား"
"သြော်...တကယ်ပါဆိုနေမှ...ငါ့ကို သူ
ကိုယ်တိုင် ပေးလိုက်တာ😪"
"ဟာ...ပေးပေး...ငါ့ကိုပေး"
"နေစမ်းပါဦး...ငါ့ကို ဘာကျွေးမှာလဲပြော..."
"သြော်...အခုပဲ ကျွေးနေပြီဟာ...ပေးမှာသာ
ပေးစမ်းပါ...ရှည်ချက်ပဲ"
ကျွန်တော် သူ့ဆီမှ အတင်းလုယူလိုက်ပါသည်...
"အချစ်က ငါ့ကို လွမ်းနေပြီနဲ့ထင်တယ်...😍
စာတစ်တန် ပေတစ်တန်နဲ့......
ပျော်လိုက်တာကွာ...ဒါကြောင့် ငါ ညက သူ့ကို အိပ်မက်မက်တာကိုး😊😙"
JunMyeon Hyungက...ကျွန်တော့်ကို ပိုတတ်ရန်ကောဆိုသည့် အကြည့်မျိုးနှင့် တစ်ချက်ကြည့်ပြီး ပုခုံးတွန့်သည်😕
"Kim Kai...မင်းကလေ...အလိုက်ကမ်းဆိုး
ကို မသိဘူး...စားပြီးမှ ပြောရမှာ...အခုကျ...
ဟိုမှာ စားမဝင်သောက်မဝင်တွေ ဖြစ်တော့
မယ်😂"
"အေး...ငါလည်း သူ့ပျော်စေချင်တာနဲ့"
"အမလေး...ငါ့ကောင်ကြီးက...ချစ်ဖို့ကောင်း
လိုက်တာကွာ...😚"
ကျွန်တော်...Taoကို ခွကျော်၍ အသည်းတုံးလေး Kim Kaiအား...အတင်းဖက်နမ်းလိုက်ပါသည်
ပျော်လိုက်တာ...
"ရွလိုက်တာ...Sehunရယ်😒"
Taoက...ကျွန်တော့်ကို ကြည့်ရင်း နှုတ်ခမ်းလေး
ကို တွန့်လျက် သက်ပြင်းချသည်...
"မနာလို မဖြစ်ပါနဲ့ကွယ်...ကိုယ့်ကံနဲ့ ကိုယ်ပါပဲ"
သူက...သူ့Geဆီက ဒီလိုမလာတော့ ကြိတ်
ဆွေးရှာမှာပေါ့...ကျွန်တော် နားလည်ပါသည်😔
"Kim Kai မင်းဖတ်လာသေးလား😏"
ကျွန်တော် စာအိတ်လေးကို မွှေးကြည့်လိုက်
သည်...အမွှေးနံ့တော့ သင်းမနေ...ပကတိ
သန့်စင်သော စာရွက်နံ့လေး...
"ဖတ်စရာလား...အဲလောက်တော့ ငါ နားလည်
ပါတယ်ကွာ...တကတည်း😕"
ကျွန်တော် စာအိတ်ကို ပြဲမသွားအောင် ဂရုစိုက်၍ ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်...
""စာက တိုတိုလေးကွ...😚"
စာရွက်လေးက...ထက်ဝက်ခေါက်ထားသည်...
သေးသေးထူထူလေးကိုမှ ထက်ဝက်ခေါက်ထား
ခြင်းဖြစ်သည်...😍
"အဟင်း...ငါ ဖတ်ပြမယ်နော်😌"
ခုတော့...သူတို့ မယုံချင်လည်း ယုံရတော့မည်
အချစ်က ကျွန်တော့်အပေါ် အမှန်တကယ်
သံယောဇဉ်ရှိကြောင်း...နှစ်နှစ်ကာကာ မြတ်နိုး
ကြောင်း...သူမတူအောင် ကြင်နာကြောင်း...😍
"........."
"ဖတ်လေ...ဖတ်မယ်ဆို😕"
Taoက...ကြက်အရေခွံကြော် တစ်ဖတ်ကို ကောက်ဝါးလိုက်ရင်း စိတ်မရှည်သလို ခပ်ဆတ်ဆတ်အော်သည်
"ဘယ်လိုဖြစ်တာလဲ? ကိုယ်တော်...
မျက်နှာလေးက ပဲစိလောက်ပဲ ရှိတော့ပါလား
ဘာတဲ့လဲ...မချစ်တော့ဘူးတဲ့လား...😝"
"Sehun ah...😶"
ဆယ်လုံးပင် မပြည့်တတ်သော ဝါကျလေးကို ကျွန်တော် အခေါက်ခေါက်အခါခါ ဖတ်ရင်း...
စိတ်ထဲမှနေ၍ အကြိမ်ကြိမ် ရွတ်နေမိသည်...ဆိုလိုရင်းကို ကျွန်တော် နားမလည်...
အခြားအဓိပ္ပာယ်တစ်ခုခု ရှိဦးမည်ထင်သည်...
"ဘာလို့လဲ? ...ပြစမ်း...ငါ့ကို😟"
လက်ထဲမှစာကို တစ်စုံတစ်ယောက်က ဆွဲယူ
သွားသည်...
"တောက်...မိုက်ရိုင်းတာကွာ😟"
JunMyeon Hyung၏ တောက်ခေါက်သံ...
ကျွန်တော့် ဝဲဘက်ရင်အုံ အပေါ်ပိုင်းသည်...
လွင့်ကျသွားသလို ခံစားလာရသည်...
ဆိုးဆိုးရွားရွား လစ်ဟာလျက်...
တလှပ်လှပ်နှင့်...ရင်ထဲမှာတုန်နေသည်...
တောင်ထိပ်မှ အရှိန်ပြင်းပြင်းနှင့် ပြုတ်ကျနေ
သလိုမျိုး...နှလုံးခုန်သံ တဒုန်းဒုန်းက နားထင်
သွေးကြောများဆီ တက်ဆောင့်နေသည်
"ဟင်...ဘာဖြစ်လို့လဲ😮"
"ဒါ...ဒါ လမ်းခွဲတဲ့စာကြီးပဲ😲"
Taoက နေရာမှ ကုန်းရုန်းထပြီး JunMyeon Hyung လက်ထဲမှ စာကို ဆွဲဖတ်သည်...
ထို့နောက် Kim Kaiကို လှမ်းပေးလိုက်သည်...
"ဘာလဲဟ...ဘာလို့ လမ်းခွဲရမှာလဲ😦"
Kim Kai...သူယူလာသည့် စာရွက်ကို
ကြောင်တောင်တောင်ကြီး ငေးကြည့်နေသည်
"မင်း နောက်နေတာမလား...ရူးချင်ယောင်
ဆောင်မနေနဲ့😒😏"
Taoက...ရယ်လျက် Kim Kai၏ နောက်ကျောကို ခြေထောက်ဖြင့် လှမ်းကန်သည်...Kim Kai...မရယ်နိုင်...
"ငါ...ငါ မသိလို့...Sehun ah...😖😣"
ပါးပြင်တစ်လျှောက် ပူနွေးမှုတို့ ပျံ့နှံ့စီးဆင်းနေသည်...
အဲဒါ သူ့လက်ရေးမှန်း...ကျွန်တော် သိပါသည်...
"ဘာလို့ငိုနေတာလဲ...Oh Sehun...
မင်း ယောက်ျားမဟုတ်ဘူးလား...ဒါ ငိုစရာ
မဟုတ်ဘူး😠"
"ကျွန်...တော် ဘာလုပ်မိလို့လဲ...Hyung
ကျွန်တော် ဘာမှားသွားတာလဲ"
နံရံကိုမှီပြီး ထိုင်ချလိုက်မိသည်...
ရင်ဘတ်တစ်ခုလုံး ဆို့နင့်နေသည်...
ဘာတွေ ဖြစ်ကုန်မှန်းကို နားမလည်နိုင်တော့...
မဟုတ်သေးပါဘူး...
မျက်ရည်များကို နာကျင် ရှက်ရွံ့စွာဖြင့်...လက်ခုံ
ဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်မိသည်...
ထို့နောက် ဘာကြောင့်မှန်းမသိ...ကျွန်တော်
ရယ်ချင်လာသည်...ရယ်မိသည်...
အခြေအမြစ်မရှိ ရောက်လာတဲ့...စာရွက်
လေးတစ်ရွက်ကို မလိုအပ်ဘဲ...ဘာလို့
အဲလောက် ခံစားသွားရတာလဲ...
ကိုယ့်ချစ်သူအပေါ် ဒီလောက်တောင်ပဲ
အယုံအကြည်နည်းရလား...
"နောက်နေတာလား...မသိပါဘူး"
ကျွန်တော် စိတ်ပြေလက်ပျောက် ရယ်မော
ပြောမိတာတောင်...သူတို့သုံးယောက်လုံး
မရယ်ကြ...
Kim Kaiက အပြစ်ရှိသလို
ခေါင်းကြီးငုံ့ထားသည်...😞
Taoက ပါးစောင်ကို လျှာနှင့်ထိုးပြီး ဒေါသကို
ချုပ်ထိန်းနေရသလို...အောက်နှုတ်ခမ်းကို ဖိကိုက်ထားသည်...
"ဒါ နောက်စရာမှ မဟုတ်တာ"
JunMyeon Hyung၏ မျက်ဝန်းများတွင်
စိတ်ပျက်ဟန်များကို တွေ့နေရသည်...နောက်
ခံပြင်းမှု...
ကျွန်တော် အဲဒီလို မဖြစ်စေချင်ပါ...
သူ့ကို ကျွန်တော့် အသိုင်းအဝိုင်း...
အပေါင်းအသင်းများက ခါးခါးသီးသီးဖြစ်နေခြင်းမျိုး...ဝိုင်းပြီး မလိုလားသည်မျိုး ...ကျွန်တော်
မဖြစ်စေချင်ပါ...
ကျွန်တော့်လူက သူတို့ထင်ထားသလို မဟုတ်ပါ
"အဲ့ဘဲက အစောတည်းက မင်းကို မချစ်တာ
ကစားစရာလို့ထင်နေတာ...အကျင့်ကိုက...
တစ်ကိုယ်ကောင်းဆန်ပြီး...မင်းနဲ့ မတန်ပါဘူးကွာ...😤"
"Tao...မင်းကလည်း😣"
Kim Kaiက Taoကို...ဝင်ဟန့်သည်...
ပါးပြင်မှ မျက်ရည်များသည် အထိန်းအကွပ်မဲ့
ကျဆင်းလာပြန်သည်...
Kim Kaiလက်ထဲမှ ကြေမွနေသော စာရွက်ကို...ယူပြီး...ကျွန်တော် ဝေဝါးနေသော အမြင်အာရုံကို လွန်ဆန်၍...သေချာပြန်ကြည့်မိသည်
မျက်လုံးထဲတွင် ရယ်နေသော သူူ့မျက်နှာလေးကို ပြန်မြင်ယောင်လာသည်...
"ငါ့ကို မေ့မသွားနဲ့နော်😍"
မဖြစ်နိုင်တာဘဲ...😞
သူကိုယ်တိုင် ပြောခဲ့ပြီးတော့
အခုတော့ ဒီစာရွက်လေးတွင် သူကိုယ်တိုင်
ရေးထားခဲ့ပြန်သည်...
🍁 Hun ah...ဒီတိုင်းပဲ ငါ့ကို မေ့လိုက်ပါ...🍁
💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕
အဲဒီနေ့က...ကျွန်တော် ကြယ်နီလေးတစ်လုံး
ခေါက်ခဲ့မိသည်...
လိပ်စာမှားယွင်းသော စာတစ်စောင်
ကျွန်တော့်ထံသို့ ရောက်လာခဲ့သည့်အကြောင်း