လူသားတစ်ယောက်ကို ချစ်မိခြင်း
kiratommy5
150K 17.7K 3.8K
"ချစ်ခြင်း မေတ္တာဆိုတာ ယုံကြည်စရာ မကောင်းပါဘူးလို့ ကျွန်တော့်ကို ပြောပါ...ခင်ဗျားပြောရင် ကျွန်တော် ယုံမယ်." I... Еще
အပိုင်း{၁}
အပိုင်း{၂}
အပိုင်း{၃}
အပိုင်း{၄}
အပိုင်း{၅}
အပိုင်း{၆}
အပိုင်း{၇}
အပိုင်း{၈}
အပိုင်း{၉}
အပိုင်း{၁၁}
အပိုင်း{၁၂}
အပိုင်း{၁၃}
အပိုင်း{၁၄}
အပိုင်း{၁၅}
အပိုင်း{၁၆}
အပိုင်း{၁၇}
အပိုင်း{၁၈}
အပိုင်း{၁၉}
အပိုင်း{၂၀}
အပိုင်း{၂၁}
အပိုင်း(၂၂)
အပိုင်း (၂၃)
အပိုင်း(၂၄)
အပိုင်း{၁၀}
5.8K 820 109
kiratommy5
စာမေးပွဲဖြေရသည့်...နေ့ရက်များကတော့
ပျော်ဖို့လည်းကောင်းသည်...စိတ်လှုပ်ရှားဖို့
လည်း ကောင်းသည်...
သုံးလတစ်ခါ...လေးလတစ်ခါမှ မြင်ရတတ်သော မြင်ကွင်းများက တစ်ဖန် ပြန်လည် အသက်ဝင်လာကြသည်...
ဒီလို အချိန်မျိုး...JunMyeon Hyungတို့
အလုပ်အများဆုံး...
စာမေးပွဲမဖြေခင်အချိန်တွင် သူ့အနား၌ မသိတာမေးသူများ...
တစ်နှစ်လုံး ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ် နားလည်ပြီထင်ခဲ့ပြီး အခုမှ မဟာ့မဟာ မရှင်းသည့်အပိုင်းကြီးများကို တွေ့ရှိသူများ...😂
ဖတ်စာအုပ်တစ်အုပ်လုံး ထုံးလိုချေ ရေလိုနှောက် မွှေနှောက်ပြီးတာတောင် မကျေနပ်နိုင်ဘဲ ဘယ်ချောင်ကမှန်းမသိသော ပုစ္ဆာများကို
ဖွေဖွေရှာရှာ တွေ့လာပြီး ခေါင်းခြောက်နေသူများ...😒
စာမေးပွဲမှာ ဘယ်အပုဒ်ပါမယ်ထင်လဲဟု
မေးခွန်းနှိုက်သလို ကံစမ်းမဲနှိုက်သလိုလုပ်တတ်သည့် ယောင်တောင်ပေါင်တောင်များ...
Hyungအနားတွင် ဝိုင်းဝိုင်းလည်နေသည်...
ဟိုကောင် Tao အဆိုးဆုံး...
စာမေးပွဲခန်းထဲမဝင်မချင်း အာရုံများတတ်သည်
ဟိုအပုဒ်ရဲ့အစက ဘာလဲ...😰
ဒီတစ်ပုဒ် ပါမယ်ထင်လား...😨
ဟိုဟာမေ့သွားပြီ...ဒုက္ခပဲ...😫
နက်ဖြန်ဖြေရမှာက သင်္ချာပါနော်...😵
နောက်ဆုံးအခန်းက အခက်ဆုံးပုစ္ဆာ တစ်ချက်
လောက် ပြန်ရှင်းပြပါလား...😥
မေ့သွားရင် ဘယ်လိုလုပ်မလဲ...😞
စသဖြင့် ကမ္ဘာပျက်ခမန်း ငြီးတွားနေတတ်သည်
ဒီလိုဆိုတော့ ကျွန်တော်နှင့် Kim Kaiက
တစ်ပါတီ...😁
သူတို့ပြောသည်များ လိုက်နားထောင်လျှင်
ကိုယ်ရနေသည့်အရာလေးပါ မေ့တေ့တေ့ဖြစ်သွားသဖြင့် ကျွန်တော်တို့နှစ်ယောက် ဒီလိုအုပ်စုမျိုးနှင့် ဝေးဝေးနေသည်...😂
ကိုယ့်ဖာသာကိုယ် ဖတ်လက်စ စာအုပ်ဖတ်နေ
ဒါမှမဟုတ် စာမေးပွဲပြီးလျှင် ဘာလုပ်မည် ဆိုတာလေး ဆွေးနွေးနေတာမှ တော်ဦးမည်...😂
အချစ်ကျ...တစ်ယောက်တည်း...ထိုင်ခုံတစ်ခုံ
တွင် ထိုင်၍ အေးအေးဆေးဆေး စာဖတ်နေ
တတ်သည်...ကြည့်စမ်းပါဦး...ကျွန်တော့်ချစ်သူဘယ်လောက် အထာကျလိုက်လဲ😍
တကယ့်တကယ် စာမေးပွဲခန်းထဲ ဝင်သွားတော့လည်း လူတွေက ပုံစံတစ်မျိုး ပြောင်းလဲသွားကြ
သည်...😂
အထူးသဖြင့််...JunMyeon Hyung
သူက စာမေးပွဲမတိုင်ခင်...သူ့ကို ကြိုက်သလောက်စာမေး...သူ ရှင်းပြနိုင်သည်...
ပုစ္ဆာများမေးလျှင် စိတ်ရှည်လက်ရှည် မမောနိုင်မပန်းနိုင် တွက်ပြပေးလိမ့်မည်...
စာမေးပွဲအတွင်းတွင်တော့ သွားပြီး မျက်ရိပ်
မျက်ကဲနှင့် အကူအညီတောင်းဖို့ မကြိုးစားလေနှင့်...😪သူ လုံးဝ ကရုဏာထားလိမ့်မည်
မဟုတ်ပေ...
သူကိုယ်တိုင်လည်း သူများနှင့် အဖြေတိုက်ခြင်း ဘာညာ...မရှိ...
ယုတ်စွအဆုံး မှားနေပါသည်
ဆိုလျှင်တောင် သူ့အမှားနှင့်သူ ကျေနပ်သည် လိပ်ပြာလုံသည် ဟုဆိုပြီး အမှန်မပြင်သောလူစားမျိုး ဖြစ်သည်...😂
ဒါလည်း သူ့Imageကို ထိန်းပုံထိန်းနည်းတစ်မျိုးဟု ကျွန်တော်ထင်ပါသည်...
သို့သော် တစ်တန်းလုံးတွင် အခွင့်အခါသင့်၍
ဆရာများအလစ်တွင် အကူအညီတောင်းလာခဲ့လျှင်... စာမေးလျှင် သူ ပြောပြမည့်သူ
တစ်ယောက်တည်း ရှိပါသည်...
ထိုသူမှာ မှတစ်ပါးအခြားမရှိသော သူ့ညီလေး
ကျွန်တော် Sehunပင် ဖြစ်သည်...😌
ဒီတစ်ခုနှင့်ပက်သက်၍တော့ ကျွန်တော် ဂုဏ်ယူသည်😌
အဲ...Taoကျတော့ တစ်မျိုးဖြစ်သည်...
သူက စာနှင့်ပက်သက်၍ အင်မတန်တိုသည်...အင်း...သေချာစဉ်းစားကြည့်တော့ စာမှ မဟုတ်ပါ...အစစအရာရာလည်း ကပ်စေးနဲသေးသည်😕 ထားပါတော့လေ...😪
စာမေးပွဲတွင် သူက လူတန်းစားခွဲခြားရေးဝါဒကို
ကျင့်သုံးသည်...😒
သူ့အား စာမေးသူက...ကျလုဆဲဆဲ အခြေအနေရှိတတ်သည့် ကောင်မျိုးဆိုလျှင်
တစ်ခုတန်သည် နှစ်ခုတန်သည် အောင်မှတ်ရ
အောင်တော့...သူ ပြောပြပေးလိုက်သည်...
သူ့ထက်တော်သည့်သူ ဆိုလျှင်တော့
ဘယ်တော့မှ...အောက်ကျခံပြီး လိုက်မမေး...
မုန့်သာတောင်းစားချင် စားမည်...စာနှင့်
ပက်သက်လျှင်တော့ အနှိမ်မခံ...ငါကချည်း
နှိမ်လို့ရတဲ့သူ နှိမ်မဟဲ့ ဆိုသော အစားမျိုး...😂
ပတ်ပတ်လည်မှာ levelတူတွေချင်း ဆိုရင်
တော့လား...
သူ့လာမမေးအောင် စာစစ်နေသည့်ပုံ
စာရွက်များကို ရှေ့လှန်လိုက်...နောက်လှန်
လိုက်...😪ဘောပင်နှင့်ပါးထောက် စဉ်းစားပြ
လိုက်...ဘောပင်ကျလို့ ကောက်လိုက်...
ခေါင်းကုတ်လိုက်...သက်ပြင်းချလိုက်နှင့်...
တစ်ချိန်လုံး အလုပ်များသည့်ဟန် လုပ်နေပါ
လိမ့်မည်...😏
အံ့သြဖို့တော့ကောင်းသည်...စာမေးပွဲလည်း
ဖြေရင်း တစ်ချိန်လုံးလည်း သရုပ်ဆောင်နိုင်
သည်မှာ နည်းသည့်skillတော့မဟုတ်ပေ...😑
Kim Kaiကျတော့...ဖြေနည်းတစ်မျိုး...
သူ ရသမျှ အကုန်ဖြေလိုက်သည်...ထို့နောက်
ရှေ့နောက်...ဘေးဘက် ရှိသမျှကောင်နှင့် တိုက်လို့ရသမျှ အဖြေလိုက်တိုက်သည်...😂
မတူလျှင် ဘာကြောင့်မတူတာလဲ😱ဟု အဲဒီ
တစ်ယောက်ကို ပြန်မေးသည်...
ဥပမာ...သူ့ရှေ့ကတစ်ယောက် အဖြေက B...
နောက်က တစ်ယောက်က C ဆိုပါတော့...
ဒါဆို ရှေ့က တစ်ယောက်ကို သူ့အဖြေကလည်း C ဖြစ်ကြောင်း...မှားနေသည်ဟု ထင်မိကြောင်း
ပြန်လည်စဉ်းစားသင့်ကြောင်း 😯
သူနှင့်...သိသိ...မသိသိ ခင်ခင် မခင်ခင်
စေတနာနှင့် အကြောင်းကြားပေးလိမ့်မည်...
သူ့ပြဿနာက အဖြေတူတာ မတူတာထက်...
စကားများသဖြင့် အငေါက်ခံရသည်က ပိုသည်😂
တစ်ခါကဆိုလျှင် ခုံနံပါတ်မှတ်ခံရတော့မည့်
ဘေးမှ သီသီလေးလွတ်ခဲ့ရသည်...
သာမန်အချိန်စကားမများ...စာမေးပွဲခန်းတွင်
တော့ စောဒကအလွန်တက်သည်...😪
စိတ်သဘောထားကောင်းသည်ဟုဆိုရမလား
စိတ်အေးလက်အေးရှိလွန်းသည်ပဲ ဆိုရမလား😂
စာမေးပွဲနှင့်ပက်သက်ပြီး ကျွန်တော် ရင်ဆိုင်
ဖြတ်သန်းပုံကတော့ ရိုးရှင်းသည်...
ကိုယ်လုပ်ထားသမျှထဲမှ မှတ်မိသမျှ တွေးခေါ်
နိုင်သမျှကို မေးခွန်းနှင့် ကိုက်ညီအောင်ဖြေဆို
လိုက်သည်...😌
ထို့နောက် အစအဆုံး သေချာ တစ်ခေါက်စစ်လိုက်သည်...😔
သည့်နောက်တွင်တော့...အဖြေစာအုပ်လေး
ပိတ်ပြီး ကျွန်တော် ငေးချင်ရာငေးပါသည်...😇
ပြတင်းပေါက်မှလွင့်နေသော လိုက်ကာစကို
ငေးလျှင်ငေးမည်...
အခန်းစောင့်ဆရာ၏ ဖိနပ်တံဆိပ်ကို
လိုက်ကြည့်လျှင် လိုက်ကြည့်သည်...
ဘယ်သူတွေ ဘာလုပ်နေသလဲ...ငါ့ကောင်တွေ ဖြေနိုင်ကြရဲ့လား...မဖြေနိုင်လျှင် Hwaitingဟု ပြောပေးဖို့ သူတို့ကို ကျွန်တော် လိုက်ကြည့်ဖြစ်သည်...
ပျင်းလျှင် အဖြေစာအုပ်ကို နောက်တစ်ခါ ပြန်စစ်
လိုက်သည်...
ထိုသို့ဖြေတိုင်း ကျွန်တော့်အမှတ်က အောင်မှတ်ထက် အမြဲ အမှတ်သုံးဆယ်ကျော်သည်ပင်...
မဆိုးလှဟု ကျွန်တော် ထင်သည်😏
ကျွန်တော့်အား စာမေးသူ များများမရှိ...
ပြောရလျှင် Hyung၏ အရှိန်အဝါအောက်
ကျွန်တော်ပျောက်နေသည်ဟု ပြောရမည်...
အထင်မကြီးကြသော ပတ်ဝန်းကျင်တစ်ခုတွင် ကျွန်တော် မဆိုစလောက် သိမ်ငယ်ရသော်
လည်း တော်တော်ကြီးတော့ သက်သာရာရပါ
သည်😁...
ဒီတစ်ခေါက် စာမေးပွဲဖြေရတာကတော့
အရသာရှိလွန်းသည်...😍
ကျွန်တော်နှင့်သူ၏ ချစ်ခြင်းတရားများကို
ကံတရားတင်မက အရာရာတိုင်းကပင်
ကောင်းချီးပေးနေသလို ခံစားရသည်...😚
အခြားအခန်းနှင့် ရော၍ မဖြေရ...ကိုယ့်အခန်း
မှလူများနှင့်သာ ဖြေရသည်...အကောင်းဆုံးအရာကတော့ ပန်းလေးက ကျွန်တော့်အရှေ့မှာ
စာမေးပွဲဖြေပြီးလျှင် သူ့လည်ကုပ်ဖွေးဖွေးလေး
ကို ကျွန်တော် တစိမ့်စိမ့်ငေးကြည့်နေရသည့်...
ခံစားချက်လေးက ကျွန်တော့်ကို အလိုလိုနေရင်းဘဝင်ငယ်ထိပ်တက်စေသည်...😌😚
စာမေ့သွားလျှင်လည်း လည်ကုပ်ဖွေးဖွေးလေးအပေါ် စင်းကျနေသော ဆံပင်များ ကို ကြည့်
ပြီး အေးဆေး စဉ်းစားလိုက်လျှင်...အကုန်
ပြန်မှတ်မိသည်...
တကယ်...တကယ်...တစ်ခါတစ်လေကျ
ကျွန်တော့် အချစ်ကလေးမှာ မှော်များဝင်နေသလားဟုပင် တွေးမိသည်အထိ...
အချစ်...စာမေးပွဲဖြေပုံက တစ်မျိုး...
မေးခွန်းကိုဖတ်သည်...ထို့နောက် ဖြေသည်...
ဖြေနေရင်း စဉ်းစားလျှင် နဖူးပေါ်ဝဲကျနေသော
ဆံပင်များကို သပ်တင်လိုက်သည်...😘
ထို့နောက်ဖြေပြန်သည်...တစ်ခါ တစ်ခါ
ဘောပင်ကို လှည့်သည်...နားလိုက်...ဖြေလိုက်
စစ်သည်ကတော့ မရပ်မနား...ပြီးသွားလျှင်
အစကို ပြန်လှန်ပြီး နောက်တစ်ခါ ပြန်ဖတ်သည်
စာလုံးပေါင်းကို လက်ညှိုးနှင့် ထောက်စစ်သည်
အချိန်မပြည့်မချင်း ပြန်စစ်သည့်အလုပ်ကို
ငြီးငွေ့ခြင်းမရှိဘဲ သူလုပ်သည်...
အချစ်က စေ့စပ်သေချာလွန်းသည်နော်...😍
အတန်းထဲတွင်...အဆင့် 1 to 3 ဝင်သော
ကျွန်တော့်ချစ်သူတွင် Hyungလို စာမေးမည့်သူ
တော့ အများကြီးမရှိ...
အချစ်က အာရုံများ၍ မရ
ကျွန်တော့်ကိုတောင် စာမေးပွဲတွင်း သူ့နားမလာဖို့ မှာထားသည်...😔
သူက ကျွန်တော် အနားလာလျှင် အာရုံစိုက်၍မရ
ဟု ပြောသည်...ကျွန်တော် ဘာမှမလုပ်ဘဲ
ဒီတိုင်းလေး ငြိမ်ငြိမ်ထိုင်နေလျှင်တောင် သူက...စာကြည့်၍ မရတော့ပါတဲ့...ကဲ...မခက်ဘူးလား...😕...ဒီကောင်ကြီးက ဘယ်လိုလုပ်ပေးရမလဲ...မျက်နှာလေးတော့ တွေ့ချင်တာပေါ့...
ချစ်သူစကားကို မြေဝယ်မကျနားထောင်ချင်ပါ
သော်လည်း အခြေအနေ အချိန်အခါဆိုသည်က ရှိသေးသည်...😞
ထို့ကြောင့် ကျွန်တော် တစ်နေ့ကို သုံးကြိမ်တော့ သူ့နားအရောက်သွားပါသည်...
ဖြေနိုင်လား မေးရသည်က တစ်မျိုး...😁
စာမေးရသည်က တစ်မျိုး...😁
ဘောပင်ပြုတ်ကျဟန်ဆောင်၍ ကောက်ပြီး သူ့
မျက်နှာလေးအား ရှေ့တည့်တည့်မှ မော်ဖူးရ
သည်က တစ်မျိုး...
ချစ်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲနော်...
ကြံရဖန်ရတော့တာပေါ့...😌
💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕
ဒီနေ့...စာမေးပွဲ နောက်ဆုံးနေ့ရောက်ရန်
နှစ်ရက်အလို...ကျွန်တော့်မှာ မစ်ရှင် တစ်ခု
ရှိသည်...😎
ဒါကို အကောင်အထည်ဖော်ဖို့...စာမေးပွဲမတိုင်ခင် သုံးရက်တည်းက ကြိုတင်ပြင်ဆင်ခဲ့ရသည်
😎
ဖြေရမည့်ဘာသာက ကျွန်တော် သိပ်ကြွေရ
သည့်ပထဝီ...😂သို့သော်...ကိစ္စမရှိ...
ထိုဘာသာရပ်နှင့် ပက်သက်၍ အရေးကြီးသည် မှန်သမျှကို ပြန်ကြည့်စရာ မလိုအောင်
အတိုင်းအတာတစ်ခုအထိ ကျွန်တော် တတွတ်တွတ် အာဂုံဆောင်ပြီးပြီ...
ဒီနေ့ အခန်းစောင့်မည့်ဆရာက ဆရာ Eun Hyukဟု Hyungထံမှတစ်ဆင့် ကျွန်တော်
သိရသည်...ဒီတော့ အေးဆေး...
ဆရာက သဘောကောင်းပြီး အချိန်နှင့်
ပက်သက်၍ အပြုသဘောဆောင်ကာ ဇီဇာ
ကြောင်သည်...😌
အတန်းဝင်သည်ကစ...အချိန်အတိအကျ...
ဝင်ပြီး ကွက်တိပြန်ထွက်သည်...
စာမေးပွဲချိန်မစမီ ဆယ့်ငါးမိနစ်အလိုတွင်
အတန်းထဲ ဝင်လာတတ်ပြီး စာအုပ်သိမ်းခိုင်း
နေကျ...
အခု...ရှစ်နာရီခွဲပြီး ဆယ်မိနစ်ရှိပြီ...
ကျွန်တော် စာအုပ်ကို လက်ထဲတွင်ကိုင်ထား၍ အချစ်၏ စားပွဲနံဘေးမှနေ၍ ရှေ့နောက်
လမ်းလျှောက်နေမိသည်...
ပစ္စည်းများကို တစ်ခါတည်း သိမ်းထားပြီး
လွယ်အိတ်ကို တင်းတင်းလွယ်ထားသည်...😔
စာကျက်နေသည်ဟု ထင်စေရန်...ပါးစပ်မှ
စာတစ်ကြောင်းကို မတိုးမကျယ် ထပ်ကာ
ထပ်ကာ ရွတ်နေသည်...
ပီပြင်စေရန် စာအုပ်ကို ကိုင်ထားရသော်လည်း လက်ကောက်ဝတ်မှ နာရီကိုသာ အကြိမ်ကြိမ်
ကြည့်မိသည်...
ထို့နောက် အတန်းထဲမှ အခြေအနေကို...
ဖြန့်ကျက် အကဲခတ်ရသည်...
Kim Kai က လွယ်အိတ်သိမ်းပြီး အပြင်ထွက်ဖို့ ပြင်နေပြီ...
JunMyeon Hyung က ဘောပင်အိတ်ကို
စားပွဲပေါ် တင်နေသည်...
Taoနှင့် Krisကို မတွေ့...အပြင်ဘက်တွင် ရှိနေသည် ထင်သည်...
BaekHyunက Chenကို စာမေးနေသည်...
ကျွန်တော့်ကို အာရုံစိုက်နိုင်ခြေရှိသော...
သူအားလုံး ကိုယ့်အာရုံနှင့်ကိုယ်...
အချစ်ကတော့ ဘာမှမသိရှာ...😔
ခေါင်းငုံ့၍ စာကို သဲကြီးမဲကြီး ဖတ်နေသည်...
ရှစ်နာရီ လေးဆယ့်သုံးမိနစ်...
ကျွန်တော် စာအုပ်ကို ပိတ်ကာ...အနောက်ဘက်သို့ ခြေလှမ်းကျယ်များဖြင့် လျှောက်သွားလိုက်သည်...
အင်း...မဟုတ်သေးပါဘူး...😕
ရှေ့ဘက်ကနေ လျှောက်လာမှ အဆင်ပြေမှာပေါ့
အသက်ကို ပြင်းပြင်းရှုလိုက်မိသည်...
နည်းနည်းလေးမှ လွဲလို့မဖြစ်...အချိန်အဆ
အနှုတ်အသိမ်း...နည်းနည်းလေး လွဲသွားသည်နှင့် ဆရာက ဝင်လာပြီး ကွိခနဲ မိသွားမည် ဖြစ်သည်...😣
မလွဲနိုင်ပါဘူးလေ...
ကျွန်တော် အကြိမ်ကြိမ် အိမ်မှာလေ့ကျင့်ခဲ့သားပဲ...😔 ယုံကြည်မှုအပြည့် ရှိပါသည်😎
သူ့မျက်မှန်ကိုင်းကို မထိစေရ...ခေါင်းချင်း မတိုက်မိစေရ...ညင်သာရမည်...နူးညံ့ရမည်...
လေပြေညင်းလေး ဖြတ်တိုက်သွားသလိုမျိုး...
လိပ်ပြာလေးတစ်ကောင် ပန်းပွင့်ချပ်ပေါ် သိမ်မွေ့စွာ ခြေချ ရပ်နားလိုက်သလိုမျိုး
ကဲ...
ကျွန်တော် ခါးကို ငုံ့ကိုင်း၍...သူ့ပါးလေးကို နမ်းပါသည်...အရှိန်နှင့် ယိုင်သွားသော သူ့ကိုယ်
လေးကို လက်တစ်ဖက်ဖြင့် ထိန်း၍...
နှာဖျားကို နစ်မြှုပ်၍...
နှုတ်ခမ်းဖြင့် ပြွတ်ခနဲ ပြွတ်ခနဲ မြည်အောင် အားပါးတရ မွပစ်လိုက်သည်...😍
သူက...ကျွန်တော့်ကို တအံတသြ...မျက်လုံး
လေး အဝိုင်းသားနှင့် ကြည့်နေသည်...😍
ချယ်ရီသွေး နှုတ်ခမ်းပါးမှာပွင့်အာလျက်...
ဘာဖြစ်သွားမှန်း မသိလိုက်သည့် ရုပ်ကလေး😮
"ကဲ...ကဲ...စာအုပ်တွေသိမ်းမယ်...လွယ်အိတ်
တွေ အပြင်ထုတ်"
ကျွန်တော်...စာအုပ်ကို ကိုင်၍ အခန်းပြင်သို့
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်နှုန်းဖြင့်
ပြေးထွက်လာခဲ့လိုက်သည်...
yesssss...ဒါပဲလေ...ဟား...ဟား...
ဟီဟိ...😁😍😍😍
တကယ်တော့...ကိုယ် အဲလိုမနမ်းချင်ပါဘူး...
ပန်းလေးရယ်...ကျောင်းကလည်း ပိတ်တော့မှာ
ဆိုတော့လေ...မင်းကလည်း ခွင့်မပြုတော့...
ကိုယ့်မှာ နည်းနည်းလေး ညစ်ရတော့တာပေါ့😋
သူ့ပါးလေးက...ဒီတစ်ခါ နို့နံ့လေး သင်းနေသည်
ဟိုတစ်ခါနှင့် မတူ...ဟိုတစ်ခါက သွေးကြောမျှင်များ ပေါက်ထွက်လုမတတ် ပါးလျသော
အရေပြားထက်မှ ဘာဆိုဘာမှ လိမ်းကျံမထား
သော ပကတိသဘာဝနံ့လေး...
ခုတစ်ခါက...အိစက်နေသော တိမ်တိုက်များထဲသို့ နှာဖျားလေး တိုးဝင်သွားရသလို ခံစားမှုမျိုး
ဖြစ်သည်...
အသည်းတအေးအေးနှင့် ရင်ထဲ နွေးနေသည်...
ငယ်ငယ်တုန်းက ပုံပြင်ထဲတွင် ကြားဖူးခဲ့သည့်
ဝတ်ရည်သာမက ပန်းပွင့်ချပ်လေးများကိုပါ စားသုံးဖို့ ကြိုးစားမိသည့်...ပျားပိတုန်း၏
လောဘကိုလည်း နားလည်နိုင်သွားသည်...
ညက်နေသော အသားလေး၏ အထိအတွေ့နှင့် ကိုယ်သင်းနံ့က ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်များထဲကထက် နှိုင်းမရအောင် သာလွန်သည်...
တကယ်ပါ...
ထိုအရသာလေးက နက်နဲလွန်းလှသဖြင့်
ကျွန်တော် ဒီထက်မြင်သာအောင် မပြောတတ်...
ကိုယ်တိုင် သူ့ပါးလေးကို နမ်းခွင့်ရမှပဲ ထပ်တူ
ထပ်မျှ ခံစားနိုင်ကြမည်ထင်သည်...😍
အခုတော့ဖြင့် မရတော့...
သူ့ပါးပြင်သည် ကျွန်တော့်အပိုင် ဖြစ်သွားပြီ...
သူ့ပါးပြင်သည်...ကျွန်တော့်နှာခေါင်းရာချင်း
ထပ်တော့မည့် နယ်နိမိတ်ဖြစ်သွားပြီ...
ထိုပါးလေးကို နမ်းလျှင် ဘယ်လိုဆိုတာ
ဘယ်သူမှ မသိနိုင်တော့...😌
အိုးမိုင်ဂေါ့ဒ်...😭
တွေးရင်း တွေးရင်း ကြည်နူးမှုဖြင့် ကျွန်တော့် တစိကိုယ်လုံး အရည်ပျော်ကျချင်လာသည်...
ချစ်လိုက်တာ...အချစ်ရယ်...😔
ကိုယ် မင်းပါးကို အကြိမ်ကြိမ် နမ်းခွင့်ရချင်ပါရဲ့...
ထို့နောက် ဆရာ မေးခွန်း ဝေမှ ကျွန်တော်...
ခြေသံမကြားအောင် ခြေဖျားကိုဖွကာ...
အတန်းထဲသို့ နောက်မှ ပတ်၍ ဝင်လာခဲ့လိုက်သည်...သူ့ကိုကြည့်တော့...သူက ဆရာမေးခွန်း
ဝေတာကို စောင့်နေသည်...
ကျွန်တော်...ရောက်လာသည်ကို သတိထားမိ
ဟန်မပေါ်...
အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော် နည်းနည်း
တော့ လန့်ပါသည်...😁
မေးခွန်းကို ကြည့်လိုက်တော့...အဆင်ပြေသည်အားလုံးက JunMyeon Hyung ဦးစားပေး ကျက်ခိုင်းသည်ချည်း...😌
ကွက်လပ်သာ ကျွန်တော် မသိသည့်အရာ
နှစ်ခုပါသည်...ကိစ္စမရှိ...ကွက်လပ်အတိုင်း
ပြန်ထားပေးလိုက်မည်...😪နောက်...မှားမှန်...
အင်း...😟သုံးခုကို ကျွန်တော် ဝေခွဲမရပါ...
ကိစ္စမရှိ...ပထမနှစ်ခုကို မှန်မည်ဟု ဆဋ္ဌမအာရုံမှတစ်ဆင့်ခံစားမိသည်...😁နောက်ဆုံးတစ်ခုကတော့ အမှား😪
"Oh Sehun...နံပါတ်လေး...ပထမဆုံးတစ်ပုဒ်ရဲ့ ကျွန်းလေးကျွန်းကဘာလဲ"
အချစ်က ခုံကို ကျောမှီ၍ ကျွန်တော့်အား လေသံ
တိုးတိုးနှင့် မေးလာသည်...ဆရာက ဟိုးဘက်
အတန်းသို့ စာရွက်ပို လှမ်းတောင်းနေခိုက်...
"အား...အဲဒါက...ဂျယ်ဂျူဒို...ဂွန်ဒူ...ချားထိုးရီ...
ဟီးဂန်းဂျာ"
တော်ပါသေး...ကျွန်တော်ရတဲ့ အပုဒ်မို့လို့ပေါ့...
အကယ်၍ ကျွန်တော် မရဘူးဆိုလျှင်လည်း ရသည့်တစ်ယောက်ကို မရရအောင် ရှာမေးပါမည်
အချစ်အတွက်...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်😔😌
သူ ကျွန်တော့်ကို မေးလာမည်ဟု
ကျွန်တော် ထင်မထား...ဒီလိုဆိုတော့ သူ
ကျွန်တော့်ကို စိတ်မဆိုးဘူးထင်သည်...😁
ပျော်ဖို့ကောင်းလိုက်တာ...😁
သဘောထားကြီးလိုက်တဲ့ အချစ်ကလေး...
ဒီလိုမှန်းသိ ဟိုဘက်ပါးရော ဒီဘက်ပါးပါ...
နှစ်ခါနမ်းပါတယ်...😁😘😍
💕 လူသားတစ်ယောက်ကို ချစ်မိခြင်း💕
"ဖြေနိုင်လား??😁......"
"............"
"အ😫"
သူက...ကျွန်တော့်ကို မျက်လုံးလှန်ကြည့်၍
ရင်ဘတ်ကို လက်သီးတစ်ချက် ပစ်သွင်းပါသည်
အရှိုက်ကို ထိသွား၍ထင်...တော်တော်အောင့်
သွား၏...ခဏတာ အသက်ဘယ်လိုရှုရမလဲ
မေ့သွားအောင် ကျွန်တော် ရင်ထဲဆို့သွားသည်
😖😖😖
အား...လား...လား...သေတော့မှာပဲ😫
ဒါကြောင့် Omma က ရန်မဖြစ်နဲ့ ပြောတာပဲ😩
နာလိုက်တာ...😅
"မင်းကြောင့် ငါ စာတွေမေ့သွားတယ်😒"
သြော်...အချစ်ရယ်...
ကိုယ်ဟာ စာကြမ်းပိုးလေး မင်းကိုတောင်
စာတွေမေ့သွားအောင် လုပ်နိုင်တယ်ပေါ့လေ😁
"ရင်ခုန်သွားတယ် ဆိုပါတော့...
နောက်ဆို မကြာမကြာ surprise လုပ်ပေး
မယ်...😌"
"လုပ်ကြည့်လိုက်လေ...😕
1ရက်နေ့ ငါ့ကို တွေ့ရမယ် မထင်နဲ့"
"ဟာ...အဲလိုမလုပ်ပါနဲ့😲"
စာမေးပွဲပြီး နောက်တစ်ရက်တွင် ကျွန်တော်တို့
အတန်းမှ ဘော်ဒါများ အုပ်စုလိုက် လျှောက်လည်ကြမည် ဖြစ်သည်...ကျွန်တော် သူ့ကို လိုက်ခဲ့ဖို့ မနည်းစည်းရုံးထားရသည့်ကိစ္စ...
"မလာတော့ဘူး😤"
"မလုပ်ပါနဲ့...အဲလိုလုပ်လို့ မဖြစ်ဘူးလေ...
ကိုယ်...အဲ...ကျွန်တော့်ကို သနားပါဦး...
ခင်ဗျားရယ်...ဒါလေး လုပ်တဲ့ဟာ😞"
"ဘာ...😤ဒါလေး ဟုတ်လား...လူရှေ့သူရှေ့မှာ...အဲဒါ ငါ့ကို တန်ဖိုးမထားတာ မင်းသိရဲ့လား...😠
ခေါင်းထဲမှာ အဲ့စိတ်တွေပဲ ပြည့်နေတဲ့ကောင်😡
နှာဘူးကောင်😤"
"မှား...သွားပါတယ်...😞နော်...နော်...
နောက်မလုပ်တော့ဘူး"
"အဲဒါ မင်း အမြဲပြောတာပဲ😒"
တန်ဖိုးမထားသလို ဖြစ်သွားသည်ဆိုတာက
တော့ ကျွန်တော် တကယ်ပင် မတွေးမိရိုးအမှန်
ဖြစ်ပါသည်...😞
"တောင်းပန်ပါတယ်...အချစ်ရယ်😣😞"
"သွားစမ်းကွာ...အာရုံနောက်တယ်😑"
သူက...ရှေ့တွင် ရပ်နေသော ကျွန်တော့်ပုခုံးကို
တွန်းတိုက်လျက် ထွက်သွားသည်...
" ဘာလို့ အဲလောက် နိုင်စားခံတာလဲ..."
အလိုမကျသော မျက်ဝန်းများ😠
Hyungက...ခပ်လှမ်းလှမ်းမှနေ၍ ကျွန်တော်တို့
ကို ကြည့်နေခဲ့သည်ထင်သည်...
"Hyung မသိပါဘူး...ကျွန်တော် သူ့ကို
ဘာလုပ်လိုက်လဲ ဆိုတာ😁"
"ရှုပ်ရှုပ်ရှက်ရှက်တွေ...လျှောက်မလုပ်နဲ့...Oh Sehun...😒😒😒...ဟိုက အရှိုက်ကို ထိုးလိုက်တာ...အခန့်မသင့်ရင် သေသွားနိုင်တယ်..."
သူကလည်းနော်...😟
ပန်းလေးက ကျွန်တော့်ကို သေအောင် လုပ်ပါ့မလား...
"သူ့ဘာသာသူ လိုက်လိုက် မလိုက်လိုက်နော်...ဖြေရမယ့် ဘာသာတွေ...ကျန်သေးတယ်...😕"
"အင်းပါ...ကျွန်တော် သိပါတယ်...Hyungရဲ့...
လုပ်မှာ စိတ်မပူနဲ့...😁"
နောက်ဆုံးရက်မတိုင်ခင် နှစ်ရက်ကို ရွေးချယ်ခဲ့
ခြင်းမှာ အကြောင်းမဲ့ဟု ထင်ပါသလား...
နှစ်ရက်ဆိုလျှင်တော့ ကျွန်တော် သူ့ကို မရအရ
ချော့ဖို့ လုံလောက်ကောင်းပါသည်နော်...😌
Продолжить чтение
Вам также понравится
452K 63.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
229K 15K 46
65.1K 16.9K 58
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
5.3K 856 20
Jungkook Atlas Francis - Taehyung Rowan Elliot