ဘေးက တစ်ယောက်ကို ကျွန်တော် မကြည်😒
လုံးဝမကြည်...😒
အရာအားလုံး အချည်းနှီးဖြစ်သွားသလို...😞
နေ့နေ့ညည စိတ်ကူးယဉ်ခဲ့မိသမျှ အလဟဿ
ဖြစ်သွားသလို ခံစားရသည်...😞
သူကြွေအောင် ဝတ်လာခဲ့ရသည့်...ဟောဒီ
မိုးပြာရောင် ရှပ်အင်္ကျီလည်း အလကား...😣
JunMyeon Hyungပြောသည့် မင်းနဲ့အလိုက်ဆုံးဆိုတဲ့...ဟောဒီ...အဖြူရောင် ဂျင်းဘောင်းဘီလည်း အလကား...😣
ကစားကွင်း ခုမှ ရောက်ဖူးသလို မဟားဒရား
မြူးထူးနေသည့် သောက်ခလေးတွေလည်း အလကား...😣
အလိုက်ကမ်းဆိုးမသိ ရှေ့မှဖြတ်ဖြတ်လျှောက်သည့် အတွဲတွေလည်း အလကား...😣
ချစ်သူရည်းစားတွေအတွက် ရည်ရွယ်ထားသည့်
ဟောဒီ ကစားကွင်းကြီးမှ စီးစရာများလည်း အလကား...😣
သူများအတွဲတွေများ...ကောင်းစားနေပြီ...
ဒီကောင်မှာတော့...😫
"ရိုလာကိုစတာ စီးမယ်မလား...ကိုယ် လက်မှတ်
သွားဝယ်လိုက်မယ်😌"
"ငါ မစီးချင်ဘူး😔"
"ဘာဖြစ်လို့လဲ...ကြောက်လို့လား...ကိုယ် ဖက်ထားမယ်လေ😁😎"
"မစီးဘူး...အဲဒါ😑"
"ဒါဆို ပင်လယ်ဓားပြ...အဲဒါက သိပ်ကြောက်ဖို့မကောင်းဘူး...အဲဒါ စီးမလား😚"
"နိုး...😔"
"ဒါဆို...ဟိုဟာ...😕"
"မစီးဘူး...ဘာမှ မစီးချင်ဘူးကွာ😠😔"
ဒီလိုဆို ကစားကွင်းလာတာ ဘာလုပ်ဖို့လဲ...
တရားမှတ်ဖို့လား...😬
Taoတို့များ သာယာနေချက်က ရိုလာကိုစတာစီးတော့ Krisရင်ခွင်ထဲမှာ သူ့ခေါင်း ပျောက်နေသည်...😒
ဘယ်ကတည်းက စီစဉ်ထားမှန်းမသိသော couple shirtနှင့်...လက်မှာလည်း ရှုပ်ယှက်
ခက်နေသော accessoriesများကို ဆင်တူဝတ်ထားသေး...😑
ခွေးရယ် သူတို့နှစ်ယောက်ကို...
တစ်ယောက်တစ်ချက် ဆင်တူဖြစ်သွားအောင်
ပြေးကိုက်လိုက်ပါတော့ဟု ကျိန်ဆဲမိသည်အထိ
😣
တကယ်ပါပဲ...စိတ်ကုန်ခမ်းသည်...😣
Taoက ကျွန်တော့်ကို လှောင်ချင်သည်...
ဒီလောက်လေးတောင် ကိုယ့်လူကို မဆွဲဆောင်
မလွှမ်းမိုးနိုင်ဘူးလားဟု ထေ့ချင်သည်...😑
တူမလား...
ကျွန်တော့်နေရာမှာ လာပြီး နေကြည့်ပါလား...
Krisလိုကောင်မျိုး ရူးတောင်သွားဦးမည်...😑
ဟင်း...
အခုဆို...သူနှင့်ကျွန်တော်...ဒီခုံတန်းမှာ ထိုင်နေတာ မိနစ်နှစ်ဆယ် ရှိသွားပြီ...ကျွန်တော်က ဒီဘက်ထိပ်...သူက ဟိုဘက်ထိပ်...😒
ကျွန်တော် စိတ်ဆိုးနေမှန်းသိရက် သူကလည်း
နေနိုင်သည်...😖
ဒီလိုနှင့်ပဲ...ကျွန်တော်တို့နှစ်ယောက်...
ခုံတန်းလေးမှာ...ထိုင်ပြီး သူများတွေ တစ်ခုပြီးတစ်ခု ပြောင်းစီးနေတာ...သာယာနေတာကို
ထိုင်ကြည့်နေရတော့မှာလား😭
ဒီလောက် သနားစရာ မျက်နှာလေးမှိုင်ပြနေတာ
ကိုတောင် သူက မသိချင်ယောင်ဆောင်ရုံမက
ဘူးတစ်လုံးဆောင်ပြီး တွင်တွင်ငြင်းနေသည်😖
တကယ်ပါပဲ...ဒါ ဒိတ်လုပ်တာလား...😩
😣😣😣
ဟင်း...ဒီလိုပဲနေလို့ မဖြစ်သေးပါဘူးလေ...
သူ့ခမျာ ကျွန်တော့်မျက်နှာ တစ်ရွာမှတ်ပြီး သူ့အပေါင်းအသင်းတွေ တစ်ယောက်မှ မပါဘဲ
လိုက်လာရတာ...😔
ကျွန်တော်ကပဲ လျှော့လိုက်ပါမည်...
"အာတာပူစီ စားမလား😒"
"မစားဘူး...ချောင်းဆိုးတယ်😔"
"ဒုက္ခပဲနော်😂...ခင်ဗျားလည်း...😒
မကြိုက်တာတွေ...အလိုမကျတာတွေ
မလုပ်ချင်တာတွေက...များလိုက်တာ ဆိုတာ"
ကျွန်တော်ပြောတော့...သူက ဝတ်လာသော
နက်ပြာရောင် ဂျင်းဘောင်းဘီမှ ချည်စလေးကို ဆွဲထုတ်နေသည်...ကြည့်ပါလား...
ပုံကိုက မထုံတတ်တေးနဲ့😒
"ငါ မင်းကိုတော့ ကြိုက်ပါတယ်😔"
😁😁😁
ကျွန်တော် ဘယ်လိုအရေထူမှုမျိုးနဲ့ ဆက်ပြီး
စိတ်ဆိုးသင့်လဲဟင်...😍
ဒီလောက် ချစ်ဖို့ကောင်းတဲ့ ချစ်သူလေးကို...😌
အခုတော့ သူက ကျွန်တော့်ကို ချော့ပြီပေါ့လေ...
ဒီဘက်ထိပ်မှထပြီး...ခုံအလယ်နား...သူ့ဘက်
ရောက်အောင် ပြောင်းထိုင်လိုက်မိသည်...
မျက်နှာထားကတော့ ခပ်တည်တည်...
ကျွန်တော် နည်းနည်းထပ်ပြီး အချော့ခံချင်သေးသည်...😁
"ခင်ဗျားက ဘယ်မှာနေတာလဲ..."
"ဟိုတစ်ခါ မင်းနဲ့ငါ တွေ့တယ်လေ...😪
အဲဒီလမ်းထဲမှာ..."
"ဟင်...😱ဒါဆို နီးလျက်နဲ့ ဝေးနေတာပေါ့...
ဒီလိုမှန်းသိ နေ့တိုင်းလာပါတယ်😒...ရပါတယ်
လေ...အခုကစ နေ့တိုင်းလာတာပေါ့😁"
စကတ်တိုနှင့် ဘောင်းဘီတိုများသာ...ဝတ်ဆင်ထားသော မိန်းကလေးတစ်စု...ကျွန်တော်တို့ ရှေ့မှ ဖြတ်သွားရင်း လှည့်ကြည့်သွားကြသည်...
ကျွန်တော် သူ့နောက်ကျောဘက်ခုံတန်းသို့
သူ မသိအောင် လက်တင်လိုက်မိသည်...
ကျွန်တော့်ကို ကြည့်တာ ကိစ္စမရှိ...
ပန်းလေးမှာတော့ ပိုင်ရှင်ရှိကြောင်း လူများ
သိဖို့လိုသည်...😟
"အင်း...လာလို့တော့ ရပါတယ်...ဒါပေမယ့်...
ငါ တရုတ်ပြန်ရမှာ😔"
"ဟင်...😮ဘာလို့လဲ"
"ဒီမှာက ပါးပါးအလုပ်နဲ့မို့ လာနေတာလေ...
နွေရာသီ...ငါတို့မိသားစု...တရုတ်ပြန်မှာ"
"တရုတ်ပြည်...ဘယ်မှာလဲ"
"Beijing"
"သြော်...😞"
ကျွန်တော့်ရှေ့တွင် လေကတော့လေးဖြစ်ပေါ်ပြီး
သစ်ရွက်ခြောက်များကို သူနှင့်အတူ ဝေ့ဝဲခေါ်
ဆောင်သွားသည်ကို မြင်ရသည်...
သြော်...နွေရဲ့ နိမိတ်တွေ...လေရူးနဲ့အတူ
"ကျွန်တော်လည်း တရုတ်စာ ကြိုက်တယ်...
ဟော့ပေါ့လေ😔"
"ငါလည်း ကြိုက်တယ်😌"
လေကတော့လေးက ကျွန်တော်တို့နှစ်ဦး၏
ခြေထောက်များအကြားတွင် ဆော့ကစားနေသလို...
"နွေရာသီရဲ့ တစ်ဝက်လောက်မှာ ပြန်လာလို့ မရဘူးလား...😥"
"အင်း...ငါ ပြန်လာချင်ပေမယ့်...😔ပါးနဲ့မားက
ဘယ်လိုလုပ်မလဲ မသိသေးဘူးလေ...ဒီတော့...မသေချာဘူး...😅ပြောတော့ ပြောကြည့်မှာပေါ့😔"
လေပွေငယ်သည် မရှိတော့...
သစ်ရွက်ခြောက်လေးများ မြေပြင်ပေါ်တွင်...
တစ်စစီ ပြန့်ကြဲ ကျန်ရစ်ခဲ့ကြသည်...
အချစ်သည်လည်း ဒီမြင်ကွင်းကို နှမြောတသ
ငေးကြည့်နေခဲ့သည်...
"လွမ်းနေတော့မှာပဲ...😞တွေ့လည်း မတွေ့ရဘူး"
"အပို...😅"
"ဘယ်လိုပြောလိုက်တာလဲ...ခင်ဗျားရယ်...😟
ကျွန်တော် တကယ် လွမ်းတာပေါ့...စဉ်းစားကြည့်ပါဦး...ဒီလောက် အချိန်တွေအကြာကြီး😞"
"အင်းလေ...တကယ်...လွမ်းရင်တော့ ကောင်းပါတယ်😔"
"ဘာလဲ...ကျွန်တော့်ကို မယုံဘူးလား...😣
ရင်ကို ခွဲပြရမလား😩"
"ဘာလို့ အပိုတွေ အဲလောက်ပြောတာလဲ😒"
ဟင့်...😞ကျွန်တော် ဘာဆက်ပြောရမှန်းတောင် မသိ...ချစ်သူရည်းစားတွေ ဒီလိုပဲ
ပြောကြတဲ့ဟာ...😖
ကိုယ် တစ်ယောက်တည်း အိုဗာတင်းတာ
မဟုတ်ဘူး...အချစ်ရယ်...တစ်လောကလုံး
ပျော်ပျော်ကြီး အိုဗာတင်းနေကြတဲ့ ခေတ်ကြီးပါ
"ပြောစမ်းပါဦး...😪ငါက မင်းကို ဘာကိုကြည့်
ပြီး ယုံရမလဲ...ရည်းစားဖြစ်တာ အရက်နှစ်ဆယ်
မပြည့်သေးဘူး...😠ငါ မလုပ်နဲ့ပြောတာ အကုန်
လုပ်တယ်...မနမ်းနဲ့ဆို နမ်းတယ်...😤မကိုင်နဲ့ဆို ကိုင်တယ်"
အချစ်၏ ပန်းသွေးနု နှုတ်ခမ်းက ရှေ့သို့ စူထွက်
လာသည်...
အမယ်...အခု...သူကပဲ ကျွန်တော့်ကို ပြန်စိတ်ဆိုးပြီး ရန်တွေ့နေတာပေါ့လေ...ဆွဲမွလိုက်လို့...ဟင်းဟင်း...😏
အင်း...မနောကံဖြင့် ပစ်မှားပြီး အရသာခံလိုက်
ခြင်းသာ ဖြစ်ပါသည်...😖
တကယ်တမ်းကျ ကျွန်တော် ထပ်ပြီး မလုပ်ရဲ
သေး...
"အဲဒါတော့ အဲဒါပေါ့...😁
ခုဟာက မဆိုင်ဘူးလေ...အချစ်ရယ်...😔
ကျွန်တော် ပြောတာတော
့ ခင်ဗျား ယုံရမှာပေါ့...အခြားအကြောင်းလည်း
မဟုတ်...ခင်ဗျားကို ချစ်တဲ့အကြောင်းတွေ...
ကိုယ့်ချစ်သူကို မယုံရင် ဘယ့်နှယ့်လုပ်မလဲ...ကဲ...😒"
သူက...ထိုင်ခုံပေါ် လက်ထောက်၍ ခြေထောက်ကို လွှဲနေသည်...
ကျွန်တော် ပြောတာကို ကြားသလို မကြားသလို
ထို့နောက်...အပေါ်မှာ ကမ္ဘာပျက်ခမန်း
အော်ဟစ်နေသော အုပ်စု၏ ပျော်ရွှင်မှုကို
နားမလည်နိုင်သလို ခပ်ငေးငေး ကြည့်နေသည်
"မင်းကို မယုံတာ မဟုတ်ပါဘူး...အချစ်ကို
မယုံတာ"
"😅😒အခုမှပဲ မြင်ဖူးတယ်...အချစ်ကို မယုံဘဲ ရည်းစားထားတဲ့သူ"
သူကိုယ်တိုင်က မယုံရင် ကျွန်တော်က
ဘာကောင်ကြီးဖြစ်သွားမလဲ...ဘာအတွက် ...
ဘယ်သူ့ချစ်သူ...ဘယ်သူ့ရည်းစားအဖြစ်
ရပ်တည်နေတာလဲ...တကယ်ပဲ...
အဓိပ္ပါယ်မဲ့လှသည်...
"ငါယုံလာအောင် လုပ်ပေးလေ"
မျက်တောင်ရှည်ကော့ရရော့ကြီးများကြားမှ...
ကျွန်တော့်ကို မျှော်လင့်တကြီး မော့ကြည့်လာ
သည့် ရွှန်းလဲ့တောက်ပသော မျက်ဝန်းများ...
နွေးထွေးသော...ညင်သာသော
သိမ်မွေ့သော အထိအတွေ့လေးတစ်ခုက
ကျွန်တော့်ခါးဆီမှာ...
သူ...သူ ကျွန်တော့်ခါးကို ဖက်ထားပြီး ကျွန်တော့်ကို ပြုံးကြည့်နေသည်...
"........."😍😍😍
"အမလေး...မူးလိုက်တာကွာ😲😵😲"
ကျွန်တော့်ခါးဆီမှ...လက်ကလေးသည်
အလန့်တကြားနှင့် အလျင်အမြန်ပင်...
နောက်ဆုတ်ပျောက်ကွယ်သွားပါသည်...
ကမ္ဘာကိုပင် ဖြိုချပစ်နိုင်လောက်အောင် တိုးပွားလာနေသော စွမ်းအားများ ဖယောင်းတိုင်မီးကဲ့သို့ ဟုတ်ခနဲ ငြိမ်းသွားကုန်ဆုံးသွားသလိုပင်
😲😲😲...ကောင်းခန်းရောက်နေမှ...
သာသနာဖျက်တွေ...😫
Kim Kaiက မွေးကတည်းက ခုချိန်ထိ...
ဝါရင့် FAပီပီ...အလိုက်မသိနိုင်စွာ...
ကျွန်တော်တို့ဘေး လွတ်နေသောနေရာတွင်
ကမူးရူးထိုး ဝင်ထိုင်သည်...ထို့နောက် မဟာ
ပထဝီမြေကြီးကို ချာချာလည်နေသော ခေါင်း
တစ်လုံးဖြင့် တွေတွေငူငူကြီး စိုက်ကြည့်နေ
သည်...
"ရရဲ့လား...Kim Kai...ရေသောက်မလား"
JunMyeon Hyungက...သူ့နံဘေးတွင်...
မတ်တပ်ရပ်လျက်...
ကျေးဇူးပြုပြီး ဒီ အလိုက်ကန်းဆိုးမသိတဲ့
နှစ်ယောက်ကို တစ်ယောက်ယောက်
မြန်မြန်ခေါ်ထုတ်သွားပေးစမ်းပါ...😫
ဒီနားမှာ မူးလို့ထိုင်စရာ အခြားနေရာ မရှိတော့ဘူးလား...😭
အချစ်ရဲ့ အကြင်နာတွေက နှစ်တစ်ထောင်မှာ တစ်ခါပေါ်ဖို့...ရှားပါတယ်ဆိုနေမှ...😭
ကျွန်တော့်ပန်းလေးက မျက်လုံးအဝိုင်းသားနှင့်
ငေးကြည့်နေသည်...
"သူ အန်တော့မယ်ထင်တယ်😮"
မသိ...သိလည်းမသိချင်...ဒီမှာ ငိုမိတော့မည်...
ဘယ်သူက သူ့ကို လည်ပင်းညှစ်ပြီး အဲဒါကို
အတင်း စီးခိုင်းနေလို့လဲ...သူ့ဖာသာသူ
တက်စီးပြီးတော့...😑
"ခဏနားလိုက်...Kim Kai...သက်သာသွား
လိမ့်မယ်...😟ကျွန်တော် မုန့်သွားဝယ်လိုက်ဦး
မယ်...Hyung
ပန်းလေး...အဲ...မှားလို့...Lu...သွားရအောင်"
ကျွန်တော် ရှေ့မှ ထွက်လာခဲ့မိသည်...အနည်း
ငယ်တော့ မဖြစ်သင့်ဘူးလို့ ခံစားရပေမယ့်...
တာဝန်မဲ့မိသလို ခံစားရပေမယ့်...
ခေါင်းမူးတာက အသက်နဲ့ အဝေးကြီးပါနော်...😖
သူတို့ကလည်း Taoနဲ့Krisဆီ သွားပြီး မူးကြပါလား...ဟိုနှစ်ယောက်က ကျွန်တော့်ထက် အများကြီး အဆင်ပြေသည့်ကိစ္စ...😥
ကျွန်တော့်နေရာမှာ ဘယ်သူမဆို ဒီလိုပဲ လုပ်ကြမှာပါပဲ...😖...ဟုတ်ပါတယ်နော်...အဲဒီလိုပဲ ဖြစ်
မှာပါ...
"ရေခဲမုန့်...အချစ်...ရေခဲမုန့်စားမလား"
"စားမယ်လေ...မင်းက ဘာစားမှာလဲ"
"ချောကလက်ကြိုက်တယ်...ဒါပေမယ့် အချစ်
စားတာစားမှာ😁"
"ဒါဆို ချောကလက် နှစ်ခုဝယ်လိုက်ပေါ့"
ကျွန်တော် ရေခဲမုန့်ရောင်းသည့် ဦးလေးကြီးကို
ချောကလက် ရေခဲမုန့်နှစ်ခု မှာလိုက်သည်...
ရေခဲမုန့်အပေါ်တွင် ယိုများဆမ်းပြီး ခြေလိုက်...ယိုများထပ်ဆမ်းလိုက်...မွှေလိုက်နှင့်
အရသာနှံ့အောင် လုပ်နေသည်မှာ တော်တော်
ကြည့်လို့ကောင်းပါသည်...
အချစ်ကလေးနှင့် ဘေးချင်းယှဉ် ရပ်ကြည့်ရ၍
ပိုအဓိပ္ပါယ်ရှိတာ ဖြစ်မည်...😍😁
ထို့နောက်...သူကစိမ်းပြာရောင် ခွက်လေးထဲသို့ ထည့်ပြီး ဇွန်းတပ်လိုက်သည်
"အကယ်၍ ...ငါနဲ့ မင်းသူငယ်ချင်း နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ်ဆို ဘယ်သူ့ကို ရွေးမှာလဲ"
"ဟင်...😮ဘာဖြစ်လို့ မေးတာလဲ"
"ဒီလိုပဲ...ရုတ်တရက် သိချင်လို့"
သူက...ဦးလေးကြီး လှမ်းပေးလိုက်သော ရေခဲ
မုန့်ခွက်ကို ယူလိုက်သည်...
"အာ...မဟုတ်ဘူးလေ...ကျွန်တော်ပေးမယ်...
ဦးလေး...ခဏ"
"ငါ ဝယ်ကျွေးတာ..."
သူက ကျွန်တော့်လက်ကိုဖယ်ကာ...ဦးလေးကြီး
အား အတင်းပေးလိုက်သည်...
ဒါ...ဒါ...အချစ် ဝယ်ကျွေးတဲ့ ရေခဲမုန့်ပေါ့...😍
ကျွန်တော် ဇွန်းဖြင့်ခပ်ယူပြီး အားပါးတရ...စား
လိုက်သည်...ကောင်းလိုက်တာ...ရင်ထဲကို
အေးပြီး ချိုနေတာပဲ...😍 ကမ္ဘာပေါ်မှာ
အကောင်းဆုံး ရေခဲမုန့်လေး...
"ခုနက ငါမေးတာ ဖြေရဦးမယ်နော်...ဘယ်သူ့ကို ရွေးမှာလဲ😔"
"ကိုယ် အချစ်ကို ရွေးမှာ😍"
"အချစ်လို့ မခေါ်စမ်းပါနဲ့...😣
JunMyeon Hyungနဲ့ ငါဆိုရင်ရော...?"
ဟင်...
ကျွန်တော် တစ်ခါမှ ဤသို့ မစဉ်းစားဖူး...
JunMyeon Hyungနှင့် သူ?...ဒီလို ယှဉ်ရွေး
ရမည့်ကိစ္စမျိုး...?
"ဆောရီး...မမေးသင့်တာကို မေးမိသွားတယ်"
သူက...ကျွန်တော့်နှုတ်ခမ်းစွန်းကို လက်မလေး
ဖြင့် ဖွဖွသုတ်သည်...
"ဒီမှာ ပေနေတယ်...ခဏ...ငါ တစ်ရှုးပေးမယ်"
သူက...အိတ်ထဲမှ တစ်ရှုးထုပ်ကိုဖောက်၍
တစ်ရွက်ယူကာ ကျွန်တော့်အား လှမ်းပေးသည်
သူ့မျက်ဝန်းများက ကျွန်တော့်အပေါ် ပကတိ
ကြည်ဖြူနေသည်...
ကျွန်တော်၏ အဖြေတုံ့ဆိုင်းခြင်းအတွက်
ဘယ်လိုမှ စိတ်ထဲ သဘောမထားသလိုပင်...
မဟုတ်တာကို တွေဝေမိခြင်းအတွက် ကျွန်တော်
ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်...
"သိလား...အချစ်...ကိုယ် မင်းကိုပဲ...ရွေးမှာပါ...ချစ်တယ်...😍😘"
"အပြောမကြီးပါနဲ့...Oh Sehunရယ်😂"
"........."
"ပေနေတာက ဒီမှာ အရူးရဲ့...😒
ကလေးလေးကျနေတာပဲ...ဇွန်းနဲ့စားတာကို
ပေနေတယ်"
သူက စိတ်မရှည်တော့ဟန်နှင့် တစ်ရှုးကိုယူ၍
ကျွန်တော့်ပါးစပ်ကို သုတ်ပေးနေသည်...
"အပြောကြီးတာ မဟုတ်ဘူး...😬
တကယ်ပြောနေတာ...အချစ်ရော...😪
အဲဒီလိုဆို ကိုယ့်ကိုရွေးမှာပဲမလား...
1500နဲ့ 528က ဘယ်လိုပဲဖြစ်ဖြစ် ကွာတယ်
လေ..."
"အမယ်...မင်းကို ရွေးမယ်လို့ ဘယ်သူပြောလဲ"
"ဟင်...ဘာဖြစ်လို့လဲ...ကျွန်တော့်ကို မချစ်ဘူးလား😥 "
"ချစ်တာနဲ့ပဲ ရွေးရတော့မှာလား"
သူက...ရယ်နေသည်...ပျော်စရာတစ်ခုကို တွေ့သလို...သဘာဝကျသော ဟာသတစ်ခုကို
စိတ်လိုလက်ရ ရယ်မောနေသလို...
အချစ် ခေါင်းထဲမှာ ဘာတွေတွေးနေသလဲ...
အတွေးတွေထဲမှာ ဘာတွေရှိနေသလဲ...
ကျွန်တော် တကယ် သိချင်မိပါသည်...😞
ကျွန်တော် သူ့လို...မရယ်နိုင်...မရယ်ချင်...
သူနှင့် ကျွန်တော် အလှမ်းကွာနေသလို ခံစားလာရသည်...😞
အချစ်က...ဟိုးအမြင့်မှာ ရှိနေသော မိုးတိမ်စိုင်တစ်ခုလိုပင်...
သူ ဘယ်ကိုသွားလို့ ဘာလုပ်မည်မှန်း သေချာ
မသိ...ယုတ်စွအဆုံး ကျွန်တော့်အတွက် တည်ရှိ
နေခြင်း ဟုတ်ပါရဲ့လားတောင် မသေချာ...
"ခင်ဗျား...ကျွန်တော့်ကို ကစားနေတာတော့ မဟုတ်ပါဘူးနော် 😞"
"မကစားပါဘူး...မင်းရုပ်ကြီးက ကစားချင်
စရာလည်း မကောင်းဘဲနဲ့😒"
"နောက်နေတာလား"
"အင်း...နောက်နေတာ"
"ဟာ...ကျွန်တော်က တကယ်ထင်နေတာ😁"
ခုမှပဲ ကျွန်တော့်မှာ ရယ်နိုင်တော့သည်...😁
"တကယ်ထင်ရင်လည်း တကယ်ပေါ့😔"
😫
ကဲ...ကျွန်တော် လက်မြှောက်အရှုံးပေးလိုက်ပါ
သည်...
ကျွန်တော့်ကို နေမထိထိုင်မသာဖြစ်အောင် လုပ်ရသည်ကိုမှ ချစ်သူလေးက ပျော်ဟန်တူသည်...😍
"တကယ်တော့လေ...ရည်းစားမဖြစ်ခင်တုန်းက
နဲ့ ရည်းစားဖြစ်သွားတဲ့ ခံစားချက်ချင်းက တော်
တော်ကွာတယ်😔😁"
"အင်း..."
ရေခဲမုန့်၏ အအေးဓာတ်နှင့် စိုစွတ်မှုကြောင့်
သူ့နှုတ်ခမ်းလေးက ဒီတိုင်းကြည့်ရတာတောင်
ရဲပြီးထွေးနေသည်...
"စစတွေ့ချင်းတုန်းက ပန်းလေးလိုပဲ...အရမ်း
နူးညံ့ပြီး အေးဆေးလွန်းတာမို့ ကိုယ်က
ကာကွယ်ပေးချင်ခဲ့တာ😂"
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်
မျက်လုံးလေး ကလယ်ကလယ်နှင့်
ရေခဲမုန့်ကို အရသာခံ စားရင်း...
ကျွန်တော့်စကားကို နားထောင်နေသော
ကျွန်တော့်ချစ်သူလေးသည် mangaထဲမှ
ခုန်ထွက်လာသော ဇာတ်ဆောင်အလားပင်...
ချစ်ဖို့ကောင်းလွန်းသဖြင့် သေးသေးလေးချုံ့...
ဖန်ပေါင်းချောင်လေးထဲထည့်ပြီး အလှသာကြည့်နေချင်တော့သည်...😍
"ပန်းလေး မဟုတ်ဘူးလို့ ပြောထားတယ်နော်😒"
"အင်းပါ...အင်းပါ...သဘောပြောပြတာလေ... အခုကျ ကျွန်တော် ကျွန်တော်နဲ့ ပြောနေရတာတစ်ခါတစ်လေကျ ချာတိတ်လေးတစ်ယောက်
ဖြစ်သွားသလိုပဲ...😅"
သူက ကျွန်တော်ပြောသည်ကို သဘောကျနေသည်...
"ပြီးတော့ သိပ်ပြီးလည်း နူးညံ့မနေဘူး...
ယောက်ျားဆန်တယ်...😌"
"ဒီတော့!?ဘာလဲ...ထင်ထားသလို မဟုတ်လို့
စိတ်ပျက်နေပြီလား😒😔"
"အာ...မပျက်ပါဘူး...ဒီလိုဆိုတော့ အချစ်က ဆွဲ
ဆောင်မှု ပိုရှိတယ်...အမြဲ ကြိုတင်ခန့်မှန်းမရတော့ စိတ်လှုပ်ရှားနေရတာပဲ😚"
"နောက်မှ ပျင်းမသွားနဲ့😒"
"ပျင်းပါဘူး...😍"
"မင်း...ငါ့ကို ထားသွားရင်...ငါ မင်းကို ဘာမှ
မလုပ်ဘူး...အပြစ်လည်း မပြောဘူး...
စိတ်ထဲတစ်ခုခုဆို ငါ့ကိုပြောဖို့ အားမနာနဲ့😔"
"အဲလိုမျိုး ရှိလာမှာ မဟုတ်ပါဘူး...
အချစ်ကလည်း😣"
"ပြောလို့ ဘယ်ရမလဲ😪 လူဆိုတာ...
ပေး...အမှိုက်...ငါ ပစ်လိုက်မယ်"
"နေပါ...အမှိုက်တော့ ကျွန်တော်မျိုးကြီး ပစ်ပါရ
စေ...နော်...သခင်လေး"
ကျွန်တော် သူ့လက်ထဲမှ ရေခဲမုန့်ဘူးခွံနှင့် ကျွန်တော့်ဆီမှ ဘူးခွံကိုယူပြီး မလှမ်းမကမ်းရှိ အမှိုက်ပုံးသို့ သွား၍ ပစ်လိုက်သည်...ထို့နောက်
သူ့ဆီမှ တစ်ရှုးထပ်တောင်းပြီး လက်ကိုသေချာ
သုတ်လိုက်သည်...
သူ...ထုချင်ထု...ရိုက်ချင်လည်းရိုက်ပါစေတော့
"လက်...ကိုင်လို့ရလား...😔"
ကျွန်တော် အရဲစွန့်ပြီး မေးလိုက်ပါသည်...
"မင်းကလေ...😒တုံးချင်တော့လည်း မင်း...
အဲလိုအမြဲ ခွင့်တောင်းနေတော့ ငါက ကိုင်လို့ရ
ပါတယ်ခင်ဗျာ...လို့ ပြန်ပြောရမှာလား😂
ဒီတိုင်း ကိုင်လိုက်လို့ရတာပဲ...တကယ်ပါပဲ...
အဲဒါတွေက ကြိုပြောရင် ရင်ခုန်စရာ မကောင်းတော့ဘူးလေ...😒
အဲဒါတွေပါ ငါက လိုက်ပြောနေရဦးမှာလား😒"
ပွစိပွစိ ပြောနေလျက်မှပင်...ယောက်ျားပီသပြီး ပါးလျားသော လက်လေးတစ်ဖက်က ကျွန်တော့်လက်ဖဝါးထဲသို့ တိုးဝင်ရောက်ရှိလာသည်...
အချစ်ရယ်...😍...မချစ်တာလည်း မဟုတ်ဘဲနဲ့ကို ဘုကလန့်လေး...😚
"ခင်ဗျား...အချစ်ဝတ္ထုတွေဖတ်တယ်ဟုတ်"
"အင်း..."
"အလွမ်းဇာတ်တွေ ဖတ်တာများတယ်မလား"
"အင်း..."
"အဲဒါကြောင့် အဲလိုဖြစ်နေတာ...😌"
"ငါက ဘာဖြစ်နေလို့လဲ...😟"
"ဝေးဖို့ပဲ တွေးနေတာလေ...😔
စိတ်မပူနဲ့...ကျွန်တော်တို့က ဘယ်တော့မှ အဲဒီ
အလွမ်းဇာတ်တွေလို ဖြစ်လာမှာ မဟုတ်ဘူး"
"အာမခံတယ်ပေါ့😔"
"ဒါပေါ့...မင်းသားက ဘယ်သူလဲ...
Oh Sehunလေ...ကျွန်တော့်လောက် ချစ်တတ်တဲ့သူ ဒီကမ္ဘာမှာ ထပ်မမွေးသေးဘူး...😘"
"မင်းသားက မင်းဆိုတော့...ငါက ဘာလုပ်ရမှာလဲ...😒"
"အချစ်က မင်းသမီးမလုပ်ချင်ဘူးမလား...
ဒီတော့ ကျွန်တော့်ရဲ့မင်းသားလုပ်...😍"
"အချစ်လို့ မခေါ်ပါနဲ့ ဆိုနေမှ"
"ခေါ်မှာပဲ...မကျေနပ်ရင် အာဘွားပေး"
"ခေါ်...အဲမှာ အသက်ထွက်အောင်ခေါ်"
အဲဒီနေ့က ကျွန်တော်တို့နှစ်ယောက် ကစားကွင်းအကျယ်ကြီးကို မမောနိုင်မပမ်းနိုင်...သုံးပတ်
ပတ်ကြသည်...
ကျွန်တော် သူ့ကို အာဘွားပေးခွင့်မရခဲ့သလို...
သူကလည်း ကျွန်တော့်ကို အာဘွားမပေးခဲ့...
ချက်ချင်းရိုက် ချက်ချင်းထွက်သော ဓာတ်ပုံလေးရိုက်...အမှတ်တရအဖြစ်...တစ်ယောက်တစ်ပုံစီယူပြီး...ခွဲခွာခြင်းတည်းဟူသော နွေပိတ်ရက်ကို
ရိုးရှင်းစွာပင် အတူတကွ လက်သင့်ခံခဲ့ကြပါ
သည်...