"အဓိက က ဇွဲပဲကွ...ဇွဲရှိရင် အရာရာ အောင်မြင်
နိုင်တယ်...အဲ...ပင်ကိုအရည်အချင်းလည်း
လိုတာပေါ့ကွာ...😪ဒါက ငါ့အတွက်တော့
ကိစ္စမရှိဘူးလေ...ကျောင်းရဲ့ Top Ten
ဝင်လည်းဖြစ်တော့...😌
အင်း...ပြီးတော့ စိတ်ရင်း...
စစ်မှန်တဲ့ စိတ်နဲ့ နှလုံးသားရှိဖို့ လိုတယ်...😇
ဒါတွေအားလုံး ပြည့်စုံရင်...ဘယ်လိုလူမှ မငြင်းနိုင်ပါဘူး...နောက်ဆုံးမှာ မင်းကို ရွေးချယ်မှာပဲ
ရွေးချယ်ခံလိုက်ရတဲ့ ခံစားမှုဟာ အင်မတန်
ကြည်နူးပြီး ဂုဏ်ယူဖို့ကောင်းတယ်...အဲဒီခံစားမှုက ဘာနဲ့တူသလဲဆိုတော့"
"Sehun ah...ငါတို့ အခြားအကြောင်းပြောလို့
မရဘူးလား😩"
Kim Kaiက...စားပွဲပေါ် ဘေးတိုက် ခေါင်းချ
အိပ်နေလျက်မှ နားရှိသရွေ့ ကြားနေရဦးမည့်
ဆိုးဝါးသည့် ဝဋ်ကြွေးတစ်ခုကို ထပ်ပြီးအောင့်အည်းသည်းခံနိုင်ခြင်း မရှိတော့သည့်အလား...
ကလေးလေး -ီးထွက်ကျတော့မလို...
မသက်မသာ မျက်နှာပေးနှင့် ပြောသည်...
"အေးလေ...Sehunရယ်...မင်းဟာက...
နည်းနည်းတော့ကျယ်တယ်...😥အဖြေရလို့
ပျော်နေတာနဲ့ မတူဘဲ...သမ္မတကြီး မိန့်ခွန်း
ပြောတာနဲ့...တူနေပြီ...ငါ့ကိုလည်း သနားပါဦး...😞ကျောင်းမှာရော...အိမ်မှာ
ရော...ဒါပဲ ထပ်ခါထပ်ခါ ကြားနေရတာ
နားတွေလည်း အူပြီး လူပါ ဒူချင်သလို
ဖြစ်နေပြီ😖"
အင်း...Hyungကတော့...အနည်းငယ် သနား
စရာကောင်းသည်ထင်သည်...😔
သည်းခံလိုက်ပါ...Hyungရယ်...
ကိုယ့်ညီလေးတစ်ယောက်တည်းရှိတဲ့ဟာ...
ဂုဏ်ဆာလို့ဝအောင် ပါရမီဖြည့်ပေးလိုက်ပါ😔
"ဘာလဲ...သဘောတူညီမှု လုပ်ထားတယ်လေ
ကျွန်တော်ပြောတာ နားထောင်ရင် စာမေးပွဲပြီး
ရင် မုန့်လိုက်ကျွေးပါမယ်ဆို...😒
Kim Kai ကြက်ကြော်နော်"
"အင်း...ပါ...ဒါပေမယ့် မင်းဟာက များလွန်း
တယ်...ကြက်ကြော်နဲ့တောင် မတန်တော့သလိုပဲ...ဟင်း...ဒုက္ခ...ဒုက္ခ😫"
သူက... စိတ်ရှုပ်သည့်ပုံဖြင့် ဆံပင်များကို
ဆွဲဖွပစ်လိုက်ရင်း ခပ်ညည်းညည်းပြောသည်
ရင်လေးစရာကောင်းလိုက်တာ...
မုန့်အဝစားပြီး ပြောတာလေး နားထောင်ရမည့်
ကိစ္စ...ဒီလောက်လွယ်ကူသော ကိစ္စရပ်လေးကို
ပင် သူတို့မှာ ခဲယဉ်းနေရှာသည်...
ရှေ့လျှောက် ဖြတ်သန်းရမယ့်ဘဝကြီးအတွက်
ဘယ်လိုလုပ်မလဲ...
"အဲဒါ...အဆင်း ဘီးတပ်တယ်...ခေါ်တယ်...
ငါ့ကောင်ရဲ့...😂ကျောင်းပိတ်တော့မှာနဲ့
မင်းရောဂါတက်ချိန်က ကွက်တိလောက်ပဲ
သွားကျတယ်...ဒီလိုကျတော့ မင့်လူက
ဆရာကြီးပဲ😪"
Taoစကားက...ချီးကျူးတာလား...ဖဲ့တာလား
မသဲကွဲသော်လည်း...ကြည်နူးရင်းရှိသော
ကျွန်တော့်နှလုံးသားလေးကို အိခနဲ ဂွမ်းဆီထိသလိုဖြစ်သွားစေသည်...😊
"ငါ ဝင်ပြောပေးတယ်နော်...😌ငါ့ကိုပိုကြွေး...
ဒါနဲ့ Geကိုရော ခေါ်လာလို့ရလား"
ဟင်း...ဖီးလ်ကျဲလိုက်တာနော်...
ကျွန်တော် စကားပြန်မနေဘဲ မျက်လုံးဖြင့်သာ
ကြည့်ပေးလိုက်သည်...
ကိုယ့်ဖာသာကိုယ်တောင် ဟိုလူ့ဖြီးပြ...
ဒီလူ့မျက်နှာချိုသွေးပြီး သူတို့ကျွေးဖို့ မုန့်ဖိုးထပ်စုရမှာပါဆို...😣
ကုန်းဆင်းကောင်က တစ်မျိုး...
"နေပေါ့...Geကလည်း ကြက်ကြော်လို
fast foodတွေ ကြိုက်မှာ မဟုတ်ပါဘူး...
ငါ့ Ge ကသန့်သန့်လေး..."
စိတ်ကုန်လိုက်တာ...
သန့်တာနဲ့ ကြက်ကြော်က ဘာဆိုင်လို့လဲ...😣
ဒီကောင်ကြီးတွေကပဲ မသန့်လို့ ကြက်ကြော်
စားသလိုလို...အေပေးလေး...😒😒😒
"ဒါနဲ့...မင်းကို သူက ဘယ်လိုခေါ်လဲ"
"နာမည်ခေါ်တာပေါ့...ဘာဖြစ်လို့တုံး"
"သြော်...နည်းနည်းတုံးတယ်နော်...😅
ငါ့ Ge ဆို...ငါ့ကို Taoလေးလို့ ခေါ်တယ်...
ပန်ဒါလေးလို့လည်း တစ်ခါတစ်ခါ ခေါ်
သေးတာ...နှစ်ယောက်တည်းရှိရင်တော့...
ဘေဘီတဲ့...😚"
"........."
"စွန်းရိုတယ်နော်...Geက ငါ့ကို သိပ်ချစ်တာ😌"
"ဘာလဲ စွန်းရိုတာ...😮"
"စောက်ရမ်း ရိုမန်တစ်...ကဗျာဆန်တာ...
အရမ်းအရမ်း...သိပ်သိပ်ပြီး ရိုမန်တစ်ဆန်တာကို ပြောတာ...ငပိန်းရဲ့😕"
အောင်မာ...
ကိုရီးယားသံဝဲဝဲနှင့် အသားညိုညို တရုတ်ကများ...😠
ကျွန်တော် ပြောလိုက်လျှင် ထိုင်တောင်
ငိုသွားဦးမည်...Ommaက သူတစ်ပါး
စိတ်ထိခိုက်အောင် မလုပ်ရဟု မှာထား၍သာ😒
"ငါ သိသားပဲ...တမင်မေးတာ...😒😒
ငါတို့က မင်းတို့လို မဟုတ်ဘူးလေ...
ခုမှ အသစ်စက်စက်ဆိုတော့...
လာမှာပေါ့...မင်းတို့ ချစ်တာလောက်တော့ သနားတယ်...စောင့်ကြည့်စမ်းပါ...Oh Sehun
တို့ ဘယ်လိုချစ်ပြမလဲ ဆိုတာ"
"အေး...ငါတော့ Oh Sehunတို့ ဘယ်လို
စာမေးပွဲဖြေမလဲ ဆိုတာ တော်တော်ကြီးကို
စိတ်ဝင်စားနေပြီ..."
JunMyeon Hyung၏...မာဆတ်ဆတ်
လေသံကြောင့် ကျွန်တော် လေလုံးများ
လျှော့၍ မျက်နှာပိုးသတ်လိုက်ရသည်...😔
"လုပ်ပါ့မယ်...Hyungကလည်း...
ကျွန်တော် သေချာ အာရုံစိုက်လို့ ရသွားပါပြီ😙"
Hyungက...ကျွန်တော့်အတွက် စိတ်ပူသည်...
အတန်းထဲမှာ သူ့အဆင့်က...1 to 5အမြဲဝင်၍
ကျွန်တော်က 30 to 40...အတွင်း ပုံမှန်အနေ
အထား လည်ပတ်နေအောင် ထိန်းထားနိုင်သည်...
ဒါကိုပဲ Hyungက သူအဆင့်ကျမည်ထက်
ကျွန်တော် အဆင့်ကျမည်ကို ပို၍ စိုးရိမ်သေး
သည်...Ommaက ဆူမည်ကိုး...😂
သူကတော့...Ommaဆူမည်ထက်
ကျွန်တော် ပညာရေးတွင် အားလျော့မည်ကို
အမှန်ပင်...စိုးရိမ်သည်ဟု သူကပြော၏...
ကျွန်တော် မယုံပါ😝
"စာကို လေးစားနော်...စာကိုလေးစားမှ...စာက
မင်းကို ပြန်ကြည့်မှာ...နားလည်လား"
"အင်းပါ"
သူ့စာအုပ်များထဲမှ ခပ်မြင့်မြင့် ကြောင်တောင်
တောင် စကားများကို ကျွန်တော် နားမလည်
သော်လည်း သူဖြစ်စေချင်သည်ကိုတော့
ကျွန်တော် သဘောပေါက်ပါသည်...😔
"နောက်ပြီး...သိပ် ရုပ်မပေါက်နဲ့...အထာနဲ့နေ...
ကြားလား...လူမှာ Imageဆိုတာ ရှိတယ်...😒
ငါ မင်းအစ်ကိုဆိုတာလည်း သတိရဦး...😥"
"Hyungစကားကြီးကလည်း..."
သူ့Image သူ့ဖာသာသူ ထိန်းတာ အားမရလို့
ကျွန်တော့်ပါ လာထိန်းခိုင်းနေသည်...
တစ်နေ့...တစ်နေ့...ပါးစပ်ဖျားမှ မချသည့်
သူ့Imageဆိုတာကို သူ့ညီ ကျွန်တော်ဖြင့်
အခုထိ ရှာမတွေ့သေးဘဲ😂
"ဟုတ်တယ်...အရမ်း ရုပ်ပေါက်လာရင်
မကောင်းဘူး...ငါ မင်းအစ်ကို မော်နီတာ
အတန်းထဲမှာ ဘယ်လိုမျက်နှာပြရမလဲ😑"
"............"
ဘယ်နေရာမှာ ပေါက်နေမိမှန်း မသိသော...
ကျွန်တော်၏ ရုပ်ပေါက်ခြင်းသည် ကျွန်တော့်
အစ်ကို ဖြစ်သော သူ၏ မဟာ့မဟာ...
မော်နီတာအလုပ်ကြီးအား မည်သို့မည်ပုံသွားပြီး
ထိခိုက်လေသလဲ...😕
ကျွန်တော် ဆက်စပ်တွေးတောခြင်း ပြုဖို့ရာ
ဉာဏ်မမီတော့ပါ...😰😂
"ဟင်း...မင်းကြောင့်...ငါ stressတွေ များတယ်
😞😓😓
Kim Kai...ထ...ထ...မအိပ်နဲ့တော့...
မင်းမသိတဲ့ ပုစ္ဆာမေးမယ်ဆို...
ကျောင်းပြန်မတက်ခင်မေး"
သူက...ကျွန်တော်နှင့် Tao၏...ဆွေးနွေးပွဲ
အကြား ဉာဏ်မမီသဖြင့် လက်နက်ချ အရှုံးပေးအိပ်ပျော်သွားရှာသော Kim Kaiကို နှိုးနေ
သည်...
တစ်ခါတစ်လေကျ...JunMyeon Hyungကို
ကျွန်တော် နားမလည်...သူ့ပုံစံက ဘာကို
စိတ်မသက်မသာ ဖြစ်နေမှန်းမသိ...
ကွကိုယ် ရည်းစားထားတာပဲ...
ကိုယ့်နှလုံးသားနဲ့ကိုယ် ချစ်ရမယ့်သူ...ချစ်တာပဲ
သူ့-င် တုတ်နဲ့ ထိုးတာလိုက်လို့...😂
JunMyeon Hyungဟာလေ ဘာတွေဖြစ်နေမှန်းကို မသိပါဘူး...
💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕
"ဟာ...အချစ်...ပြန်လာပြီ😍"
အခန်းထဲသို့...စာအုပ်တစ်အုပ်နှင့် ပြန်ဝင်လာ
သော သူ့အား...ကျွန်တော် ဝမ်းသာအားရ ကြို
ဆိုလိုက်မိသည်...
သူနှင့်အတူ နောက်မှ လိုက်ဝင်လာသောအုပ်စုက ပြုံးစိပြုံးစိ...ကျွန်တော့်အတန်းနောက်မှ
ကောင်တွေကတော့ ဝိုးခနဲ ထအော်ကြသည်...
သူက...ကျွန်တော့်ကို မျက်စောင်းတစ်ချက်
ဒိုင်းခနဲ ပစ်ထိုးပြီး နေရာတွင်ဝင်ထိုင်သည်...
သြော်...ကြည့်ပါဦး...ချေတဲ့အကျင့်လေးကို...
ဖျောက်ဖို့ သူမေ့နေတုန်းပဲ...😍
ကျွန်တော် သူ့နားသို့ ထသွားလိုက်ပါသည်...
ဒီနေ့ Byun Baek မလာပါ...😌
ကျွန်တော့်ပန်းလေးက မုန့်စားဆင်းချိန်...
ဆရာများနားနေခန်းသို့သွား၍ စာမေး
ခြင်းဖြစ်သည်...
သူ တစ်ယောက်တည်းမို့ အတိုင်းထက်အလွန် လိုက်ပေးချင်သော်လည်း ဒီမှာပဲနေခဲ့...ဟူသောတစ်ချက်လွှတ်အမိန့်ကြောင့် အခန်းထဲတွင်
ကျွန်တော် ကျန်ရစ်ခဲ့ရခြင်း...😣
"အ 😲"
ခရီးရောက်မဆိုက်ပင်...စားပွဲအောက်မှနေ၍
ခြေထောက်နှင့် လှမ်းကန်ခြင်းကို ခံလိုက်ရ
သည်...
"ဘာလို့ အဲလောက်ရူးတာလဲ...မရှက်ဘူးလား"
သူက လေသံတိုးတိုးနှင့် ကျွန်တော့်ကို အံကြိတ်
၍ ပြောသည်...အနည်းငယ် အီဆိမ့်သွားသော်
လည်း နာကျင်မှုက ကျွန်တော့်အပြုံးများကို
ဖျက်ဆီးပစ်စေခြင်းငှာ လုံးဝလုံးဝ မစွမ်းသာပါ...
"မရှက်ပါဘူး...ရှက်စရာမှ မဟုတ်တာ...ချစ်လို့ပဲဟာ...😁😚"
"ငါ ရှက်တယ်...ပုံမှန်အတိုင်းပဲ နေစမ်းပါ😷"
ပန်းလေးရယ်...
အချစ်ဆိုတာ ရှက်စရာမဟုတ်ဘူးလို့...ကိုယ်
မင်းကို နားဝင်အောင် ဘယ်လိုပြောရပါ့...
"ဒါနဲ့ ရည်းစားသာ ဖြစ်သွားတယ်...ဘာမှလည်း
သိပ်မပြောင်းလဲ သလိုပဲနော်😔"
ဘောပင်ကိုကိုင်ပြီး ကျွမ်းကျင်စွာလှည့်နေသော သူ့လက်ကလေးကို ကျွန်တော် ငေးကြည့်ရင်း
ပြောမိသည်...
"မင်းက ဘာတွေ ပြောင်းလဲချင်လို့လဲ😟"
"ဒီလိုလေ...အခေါ်အဝေါ်တို့ဘာတို့...Taoဆို
Krisကို Ge လို့ခေါ်တာ...Krisက သူ့ကို
ပန်ဒါလေးလို့ ခေါ်တယ်တဲ့...တစ်ခါတစ်လေ
ဘေဘီတဲ့"
သူ့ နှုတ်ခမ်းပါးလေးများက အောက်ဘက်သို့
ကွေးညွတ်သွားပြီး...နှာခေါင်းလုံးလုံးလေးမှာ
အနည်းငယ် အပေါ်သို့ရှုံ့သွားသည်ဟု
ထင်မိသည်...
"ကိုယ်တို့လည်း အဲလိုလုပ်ရအောင်...နော်...
သီးသန့်အခေါ်အဝေါ်လေးတွေ...ကိုယ့်ကို...
ဘယ်လို ခေါ်ချင်လဲ...ခေါ်ကြည့်ပါလား..."
"အဲဒါတွေက ကြက်သီးထစရာကောင်းတယ်လို့ မထင်ဘူးလား...😑ဒီတိုင်း အဆင်ပြေနေတဲ့ဟာ😒"
"ဒါပေမယ့်...အဲလိုလေးဆိုတော့ ရင်ခုန်ဖို့ ကောင်းတာပေါ့...😘ဒီလိုလေ...ကိုယ်ဆို မင်းကို
စတွေ့တွေ့ချင်း စိတ်ထဲမှာ တိတ်တိတ်လေးပေးထားတဲ့ နာမည်ရှိတယ်..."
"အင်း..."
သူက...လှည့်နေသော ဘောပင်ကို ချလိုက်
သည်...
"သိချင်လား...😏"
ကျွန်တော်...မျက်လုံးလေး ထောင့်ကပ်၍ JunMyeon Hyungကို အကျပ်ကိုင်နေကျ
အတိုင်း ချစ်စရာလည်းကောင်းအောင်...
အသည်းယားစရာလည်းကောင်းအောင်
ညစ်ကျယ်ကျယ်ပြုံးလိုက်သည်...
"ပြောမှာဆိုပြော...မပြောလည်းနေ😒"
စူထော်ထော် သူ့နှုတ်ခမ်းလေးက စိတ်မပါလက်မပါ ချွန်ထွက်လာသည်...
"ပြောမှာပေါ့...ပြောမှာ...
ကိုယ်က မင်းကို ပန်းလေးလို့ ခေါ်တာ...
သိပြီလား😍"
"ဘာကြီးလဲကွာ...မိန်းမဆန်လိုက်တာ...😫"
မေးထောက်ပြီး...ကျွန်တော့်ကို ပျင်းရိပျင်းတွဲ
ကြည့်နေရာမှ နဖူးကြောများ ရှုံ့သွားသည်အထိ...စိတ်ပျက်လက်ပျက် သူက ညည်းသည်
"ဒါ ငါ့ကိုစော်ကားတာပဲ😡"
"အဲလိုမဟုတ်ဘူူးလေ...😲
ပန်းလေးလို နူးညံ့ပြီးလှလို့😌😙"
"လှတယ်လို့ပြောတာ မကြိုက်ဘူး😣"
"လှလို့လှတယ် ပြောတဲ့ဟာ😁"
"ဟာ...မကြိုက်ပါဘူးဆိုကွာ😤"
"အင်း...အင်း...ဟုတ်ပါပြီ...မကြိုက်ရင်လည်း
မခေါ်တော့ဘူူူး...😷ဒါဆို ဘယ်လိုခေါ်ရမလဲ"
"နာမည်ရှိတာပဲ...နာမည်ခေါ်ပေါ့😕"
"ဟုတ်ဘူးလေ...သီးသန့်နာမ်စားလေး😔"
"မင်း...တော်တော်ရှည်တာပဲကွာ...
ရည်းစားဖြစ်မှပဲ ပြောလိုက်ရတဲ့စကား...
ရှုပ်နေတာပဲ...😐"
"............"
"ဒီလိုလုပ်...မင်းက ငါ့ထက် လေးလ ငယ်တယ်မလား..."
"............"
"သူတု့ိလိုတော့ အသည်းယားစရာတွေ မလုပ်ဘဲ နေရအောင်ကွာ...မင်း...ငါ့ကို ခေါ်ချင်ရင်...
Luလို့ ခေါ်ရင်ခေါ်...ငါက မင်းကို Hunလို့ ခေါ်
မယ်...တစ်ခါတစ်လေပေါ့...ဟုတ်လား"
ကျွန်တော်...ခေါင်းညိတ်ပြမိသည်...
"နောက်ပြီး...သူများနဲ့ မတူအောင်...ငါတို့နှစ်
ယောက်...မင်းနဲ့ငါ...ပြောမယ့်အစား...ခင်ဗျား
နဲ့ ကျွန်တော်လို့ ပြောလို့ရတယ်...ငါ ဖတ်တဲ့
ဝတ္ထုထဲမှာ အဲလိုပြောတာပဲ...အဲဒီတစ်ခုတော့
ငါ သဘောကျတယ်...ကလေးမဆန်ဘဲ
ဆွဲဆောင်မှု ရှိတယ်...နော်"
"အင်း..."
"နော်လို့...😔မင်းရော...ဘယ်လိုထင်လဲ..."
"ကောင်းပါတယ်...ကိုယ်...အင်း...ကျွန်တော်
ကြိုက်တယ်"
ကျွန်တော် ပြုံးပြီး ပြောလိုက်မိသည်...
"ဆောရီး...ခုနက ပြောမိတာအတွက်...
စာမေးပွဲနီးတော့ ငါ စိတ်ရှုပ်နေတယ်..."
"ရပါတယ်...အမှန်ဆို ကိုယ်...အဲ...ကျွန်တော်က
အလိုက်သိရမှာ...ကိုယ်လိုချင်တာပဲ သိသလို
ဖြစ်သွားတယ်😞"
"ရတယ်...အဆင်ပြေသလိုပဲ ပြော...
အခေါ်အဝေါ်တွေ ကဗျာဆန်ဖို့က အဓိက
မကျပါဘူး...အဓိကက ငါတို့နှစ်ယောက်ပဲလေ
ဟုတ်တယ်မလား"
သူက...ပါးပြင်နုနုတို့ အသည်းယားစဖွယ်
မို့တက်လာသည်အထိ...နှုတ်ခမ်းပါးတို့
ကော့ညွတ်သွားသည်အထိ သိမ်မွေ့စွာ ပြုံးကာ
ရည်လဲ့နေသော မျက်ဝန်းလေးကို ဖျတ်ခနဲ
မှိတ်ပြသည်...
အား...
ချစ်သူရယ်...
မင်းက ကိုယ့်ကမ္ဘာရဲ့ ရာသီဥတုကို
ခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးပဲ
ပြောင်းလဲအောင် စေစားနိုင်စွမ်းတယ်...
ဒီလိုဆိုတော့လည်း အရာအားလုံး အဆင်ပြေ
သွားသလိုပင်...😍😍😍😍😍
"စာမေးပွဲနီးနေပြီ...စာလည်း လုပ်ဦး...😪"
ကြည့်ပါဦး...ကျွန်တော့်ကို ဘယ်လောက်တောင်
ဂရုစိုက်တဲ့ ချစ်သူလေးလဲ...
ဒါကို ဘာမဟုတ်တဲ့ စကားလေးနဲ့...
Oh Sehunဆိုတဲ့ကောင်ဟာ အဖီးလ်တစ်လိုင်း
😣😣😣
"ငါလေ Xiao Luhanတို့ ရည်းစားရမှ အဆင့်ကျတယ်ဆိုတာမျိုး အဖြစ်မခံနိုင်ဘူး...😒
ဒီလိုပဲ...
ငါနဲ့ ရည်းစားဖြစ်လို့ Oh Sehun အဆင့်ကျသွားတယ်ဆိုတာမျိုးလည်း အဖြစ်မခံနိုင်ဘူး😔"
"ကိုယ်က ကိစ္စမရှိပါဘူး...အဆင့်တွေ ဘာတွေ
သိပ်ဂရုမစိုက်ဘူး...😁"
"ငါက ဂရုစိုက်တယ်...😒"
"အင်းပါ...အင်းပါ...ကြိုးစားမယ်လေ...နော်"
"လိမ္မာတယ်"
"ဟီးဟီး...😁😍"
သြော်...အချစ်ရဲ့ အရသာဆိုတာ ဒီလိုပါလား...
မျက်နှာချင်းဆိုင်ရုံလေးနဲ့ နှုတ်ခမ်းတွေက
သူ့အလိုလို ပြုံးလာတာမျိုး...
သူ့မျက်ဝန်းလေးတွေကြည့်ရုံနဲ့ သူလည်း
ကိုယ့်လို ချိုမြိန်တဲ့ဝေဒနာ ခံစားနေရတာပါပဲလားဆိုတာ အလိုလိုသိနေတာမျိုး...
စိမ်းစိုနေသည့် သစ်တောထဲတွင် ဂီတသံလေး
တွေ ကြားနေရတာနှင့်လည်း တူသည်...
စမ်းချောင်းလေးတစ်စင်း တသွင်သွင် စီးဆင်း
နေတာကို ထိုင်ကြည့်နေရသလိုမျိုး ငြိမ်းအေးမှုလေးကလည်း ပါးပါးယှက်နေသည်...
ဒီကြားထဲ သူ့မျက်တောင် ကော့ရရော့များ
အပေါ် ကွေးကွေးလေး အိပ်နေချင်မိသည့်
စိတ်ကူးယဉ်မှုများကလည်း တစ်ချက် တစ်ချက် အရောင်စုံ ချည်မျှင်တို့လို ရက်ဖောက်လာ
တတ်သေးသည်...
ကောင်းကင်ဘုံမှာ ဒီလိုခံစားချက်မျိုး မရနိုင်ဘူး
ဆိုလျှင် သေလွန်သည့်အခါ ကောင်းကင်ဘုံကို
စိတ်တောင် မကူးချင်...
"ဒါနဲ့ကိုယ်က မင်းရဲ့...အဲ...ကျွန်တော်က ခင်ဗျား အချစ်ဦးလားဟင်"
"အွန်း...ဟုတ်တယ်...ဒါကြောင့် ဘယ်လိုချစ်ရ
မလဲဆိုတာ ကောင်းကောင်း မသိသေးဘူး...
သည်းခံပေး...😔"
"အင်းပါ...ရတယ်...အားလုံးအိုကေ...ကိစ္စကို
မရှိဘူး...အေးဆေး😚"
တကယ်တော့ သူလည်း ကျွန်တော်၏
ပထမဦးဆုံး ချစ်ရသူပင်ဖြစ်ပါသည်...
သို့သော် ကျွန်တော်က
ကောင်းကောင်း ချစ်တတ်သည်...😍
မင်း ကံကောင်းတယ် အချစ်ရေ...
ကိုယ့်လို မွေးရာပါ ကျွမ်းကျင်အဆင့်
ချစ်တတ်တဲ့သူကို အချစ်ဦးတော်ရတာမို့...😌
"သွားတော့လေ...ကျောင်းတက်တော့မယ်..."
"သွားချင်သေးဘူး...မျက်နှာလေး ကြည့်ချင်
သေးတယ်"
ကျွန်တော်...နှုတ်ခမ်းကို အနည်းငယ်ပိစိလေး
စူ၍ သူ့အား ကပ်ချွဲမိသည်...
သူ့လက်ကလေးပဲဖြစ်ဖြစ်...ကိုင်ချင်သည်...
လက်ဖဝါးပြင်မို့မို့လေးပဲ ထိရ ထိရ...
ချစ်သူမဖြစ်ခင်ကလည်း ကျွန်တော်တို့ အတူ
ထိုင်ပြီး စကားပြောခဲ့ကြသည်...
ချစ်သူဖြစ်သွားတော့လည်း စကားပြောရုံပင်...
သိပ်တော့ မဟုတ်သေး...😕
"လက်...ကိုင်လို့ရလား😔"
လေသံတိုးတိုးနှင့် ခွင့်တောင်းတော့...သူက...ကျွန်တော့်ကို မျက်မှောင်ကုတ်ကြည့်သည်...
"ငါ့ကို ဘယ်လိုဖြေစေချင်တာလဲ😟"
"ဒါဆို...ကိုင်မယ်နော်...😌"
"မကိုင်ရပါဘူး...မင်းနဲ့ငါ ရည်းစားမဖြစ်ခင်က
မင်း လုပ်ထားတာတွေအများကြီးပဲ...အဲဒါတွေ
ပြန် ချေရဦးမယ်😒"
စားပွဲပေါ် အမှုမဲ့အမှတ်မဲ့တင်ထားမိပုံရသော
လက်ကလေးကိုပင် သူက မလုံခြုံတော့ဟန်ဖြင့်
လက်ပိုက်ထားလိုက်သည်...
ရက်စက်လိုက်တာ...
အဲဒါတွေက အများကြီးပဲကို...
တစ်ခုချင်းစီ လိုက်တွက်နေလို့ ဒီစာသင်နှစ်ပြီး
တောင် သူ့ကိုထိရပါ့မလား...😭
တိတ်ဆိတ်ခြင်းက နေရာယူသွားသည်...
တကယ်ပါ...ကျွန်တော် စိတ်မကောင်းဖြစ်သည်...အညှာအတာမဲ့လွန်းရာ မကျဘူးလား😞
ဟင်း...
နောက်ဆုံးတစ်ခေါက်ပဲဖြစ်ဖြစ် ကျွန်တော်
ကြိုးစားကြည့်ပါဦးမည်...😞😞😞
"ဒါဆို...အာဘွားပေးပါလား😞"
"Oh Sehun...မင်းဟာလေ...တော်တော်
အခွက်ပြောင်တာပဲ😬"
သူ့ခြေထောက် သေးသေးသည်...ခုံအောက်
တွင်ရှိသော...ကျွန်တော့် ခြေသလုံးရိုးသို့
ဒီနေ့အဖို့ ဒုတိယမ္ပိ ခွပ်ခနဲ ကျရောက်လာပြန်
ပါသည်...
တကယ်ပါ...သူနှင့်ကျွန်တော် ချစ်သူဖြစ်ပြီးနောက်...အင်း...နည်းနည်းပိုပြီး အတိအကျပြောရလျှင် ချစ်သူဖြစ်သည်မှာ ၄၈နာရီကြာပြီးနောက် ကျွန်တော် ရင်းနှီးလာသော အရာမှာ
သူ့ခြေထောက်များပင် ဖြစ်ပါသည်...