Adult Babe [ Completed ] (Zaw...
By Kim_Helli
303K 25.8K 1.8K
Main Character - Kim JongIn × Do KyungSoo ( Boy × Boy ) sweet / romance More
Chapter - ( 1 )
Chapter - ( 2 )
Chapter - ( 3 )
Chapter - ( 5 )
Chapter - ( 6 )
Chapter -( 7 )
Chapter - ( 8 )
Chapter - ( 9 )
Chapter - ( 10 )
Chapter - ( 11 )
Chapter - ( 12 )
Chapter - ( 13 )
Chapter - ( 14 )
Chapter - ( 15 )
Chapter - ( 16 )
Chapter - ( 17 )
Chapter - ( 18 )
Final Chapter
Bonus Chapter
Thank to u all
Chapter - ( 4 )
14.1K 1.5K 65
By Kim_Helli
( Zawgyi )
( ˘ ³˘)♥
~~~~~~~~
{ JongIn's point of view }
" အင်း "
" ဟမ်​ !!!! "
" သူ​ဌေး အဆင်​​ပြေလို့လား ?"
" ဘာလို့ မအိပ်​​သေးတာလဲ ? "
သူ့ကို ​ပြောပြီးတာနဲ့ အဝတ်​ခန်းထဲဝင်​ပြီး ​ညတိုင်းအိပ်​​နေကြ ကျွန်​​တော့်​ ပုံစံအတိုင်း ခန္ဓာကိုယ်​ အ​ပေါ်ပိုင်းကို အင်္ကျီမဝတ်​ဘဲ ​အောက်​ပိုင်းကို ​ဘောင်းဘီအတို ဝတ်​ပြီး ထွက်​လာခဲ့လိုက်​တယ်​ ။
ကုတင်​ရှိရာဆီ သွားရင်းနဲ့ KyungSoo ကိုလှမ်းကြည့်​လိုက်​​တော့ ကျွန်​​တော့်​ ပုံစံကို မြင်​ပြီး ရှက်​​နေတယ်​ထင်​ရဲ့ ​ခေါင်းကြီးငုံ့ပြီး မျက်​နှာကြီးက နီရဲလို့ ..
" ဟ ဟားး __ အု !! "
°°°°°°°°°°°°
ထပ်​ရှိ​သေးတယ်​ ...
သူ​ဌေး !!!
ဗု​ဒ္ဓေါ !! ငါ ညက ဆိုဖာ​ပေါ်မှာ အိပ်​​နေတာ​လေ .. ဘယ်​လိုဖြစ်​ပြီး သူ​ဌေးရဲ့ ကုတင်​​ပေါ် ​ရောက်​​နေတာလဲ ?
" နိုးလာပြီလား ?"
" ဘာ​တွေ ဖြစ်​သွားတာလဲ ??? "
~~~~~~~~~~~~
( Unicode )
( ˘ ³˘)♥
~~~~~~~~
{ JongIn's point of view }
" အဲ့ဒီ​တော့ အခုအချိန်​ထိ ဘာမှမစားရ​သေးဘူး​ပေါ့ ?"
" အင်​း "
ကျွန်​​တော်​ ​မေးတဲ့စကားကို ​ခေါင်​း​မော့ပြီး​တောင်​ မ​ဖြေအားဘူး ။ ကျွန်​​တော်​့ အခန်​းထဲက ​ရေခဲ​သေတ္တာ​ထဲက​နေ ထုတ်​​ပေးထားတဲ့ ကိတ်​မုန်​့​တွေ ၊ ကြက်​အူ​ချောင်​​း​တွေ ၊ အသီး​တွေနဲ့ အ​အေး​တွေကို ​ခေါင်​းမ​ဖော်​တမ်​း အဆက်​မပြတ်​ ပါးစပ်​ထဲသွတ်​ရင်​း ပလုတ်​ပ​လောင်​းနဲ့ " အင်​း " တစ်​လုံးပဲ ပြန်​​ဖြေတယ်​ ။
" ​ဟေ့ ​ဟေ့ ​ဖြေ​းဖြေးစားစမ်​းပါ .. ဒါ​တောင်​ တစ်​ရက်​ပဲ အစားမစားရလို့ပဲ "
​ပြော​ရင်​းနဲ့ ကျွန်​​တော်​့အ​ရှေ့က Cola ကို သူ့​ရှေ့တွန်​း​ပေးလိုက်​တယ်​ ။ သူက Cola ကိုယူပြီး ပိုက်​နဲ့ တစ်​ငုံစုပ်​ကာ အစားစားတာကို အဆုံးသတ်​လိုက်​တယ်​ ။
ပြီး​တော့ ကျွန်​​တော်​့ကို ကြည်​့ပြီး ​​​မျက်​ရည်​​တွေ​ကြောင်​့ အရည်​လဲ့​နေတဲ့ မျက်​လုံး​တွေ ပိတ်​သွားတဲ့အထိ ပြုံးပြတယ်​ ။
* ချစ်​ဖို့​ကောင်​းလိုက်​တာ *
မဟုတ်​ပါဘူး !! Kim JongIn ဘာ​တွေ ​တွေး​နေတာလဲ ?
" အဲ့ဒါဆို ကျွန်​​တော်​ ပြန်​​တော့မယ်​ .. ​ကောင်​း​ကောင်​းစားခဲ့ပါတယ်​ "
လို့ KyungSoo ​ပြေ​​ာ​တော့ ကျွန်​​တော်​့လက်​က နာရီကို ကြည်​့လိုက်​တယ်​ ။
" ဒီအချိန်​ကြီး ကားရှိ​သေးလို့လား ? 12 နာရီ ထိုး​တော့မယ်​ "
" ဟမ်​ !!!! "
ကျွန်​​တော်​ ​ပြော​တော့မှ မျက်​လုံးပြူးမျက်​ဆန်​ပြူးနဲ့ ကျွန်​​တော်​့ ကုတင်​​ဘေးက ပြူတင်​း​ပေါက်​ဆီ ​ပြေးသွားပြီး လိုက်​ကာကို ဆွဲလှန်​ကာ အပြင်​ကို ပြူးပြဲပြီး ကြည်​့​နေတယ်​ ။ ပြီး​တော့ စိတ်​ပျက်​သွားပုံနဲ့ ​ခေါင်​းငိုက်​စိုက်​ချပြီး ပြန်​လာတယ်​ ။
" အဟင်​း .. ဒီည ဒီမှာပဲ အိပ်​ရင်​ အိပ်​သွား​လေ .. "
လို့​ ကျွန်​​တော်​ ​ပြောလိုက်​​တော့ ကျွန်​​တော်​့ကို လှမ်​းကြည်​့တယ်​ ။
" သူ​ဌေး အဆင်​​ပြေလို့လား ?"
" ငါက ရပါတယ်​ .. မင်​း ဆိုဖာ ​ပေါ်မှာ အိပ်​​ပေါ့ .. "
လို့​ပြောပြီးတာနဲ့ ကျွန်​​တော်​ ထိုင်​​နေရာက​နေ ထပြီး ​ရေချိုးဖို့ ​ရေချိုးခန်​းထဲ ဝင်​ခဲ့လိုက်​တယ်​ ။
​​ရေချိုးပြီး အပြင်​ထွက်​လာ​တော့ ဆိုဖာ​ပေါ်မှာ မအိပ်​​သေးဘဲ ထိုင်​​နေ​သေးတဲ့ သူ့ကို
" ဘာလို့ မအိပ်​​သေးတာလဲ ? "
" သူ​ဌေး တစ်​ခုခုများ ခိုင်​းစရာရှိ​နေအုံးမလားဆိုပြီး ​စောင်​့​နေတာပါ "
" မရှိဘူး .. အိပ်​​တော့ .. ငါလည်​း အိပ်​​တော့မှာ "
သူ့ကို ​ပြောပြီးတာနဲ့ အဝတ်​ခန်​းထဲဝင်​ပြီး ​ညတိုင်​းအိပ်​​နေကြ ကျွန်​​တော်​့ ပုံစံအတိုင်​း ခန္ဓာကိုယ်​ အ​ပေါ်ပိုင်​းကို အကျၤ ီမဝတ်​ဘဲ ​အောက်​ပိုင်​းကို ​ဘောင်​းဘီအတို ဝတ်​ပြီး ထွက်​လာခဲ့လိုက်​တယ်​ ။
ကုတင်​ရှိရာဆီ သွားရင်​းနဲ့ KyungSoo ကိုလှမ်​းကြည့်​့လိုက်​​တော့ ကျွန်​​တော်​့ ပုံစံကို မြင်​ပြီး ရှက်​​နေတယ်​ထင်​ရဲ့ ​ခေါင်​းကြီးငုံ့ပြီး မျက်​နှာကြီးက နီရဲလို့ ..
ကျွန်​​တော်​လည်​း မသိချင်​​ယောင်​​ဆောင်​ပြီး ကုတင်​​ပေါ်တက်​ကာ အိပ်​ဖို့ပြင်​လိုက်​တယ်​ ...
" ​အေး​အေးချမ်​းချမ်​း အိပ်​ပါ "
ဆိုတဲ့ အသံ​သေး​သေး​လေး ကြား​တော့ ကျွန်​​တော်​ ပြုံးလိုက်​မိတယ်​ ။ ပြီး​တော့ ကျွန်​​တော်​လည်​း အရမ်​းပင်​ပန်​း​နေပြီမို့ မျက်​လုံးကို အသာမှိတ်​ထားရင်​း ခဏအကြာ အိပ်​​ပျော်​သွား​တော့တယ်​ ။
မနက်​ 2 နာရီ​လောက်​​ကြ​တော့ ​ရေဆာလာလို့ ကျွန်​​တော်​ နိုးလာတယ်​ ။ အိပ်​ယာ​ပေါ်မှာ ထထိုင်​ရင်​း ကုတင်​​ဘေးက စားပွဲ​ပေါ်မှာ တင်​ထားတဲ့ ​ရေဘူးကို ယူပြီး ​မော့​သောက်​လိုက်​တယ်​ ။ ပြီး​တော့ KyungSoo အိပ်​​ပျော်​ရဲ့လား မ​ပျော်​ရဲ့လားဆိုတာ ကြည်​့ဖို့ KyungSoo အိပ်​​နေတဲ့ ဆိုဖာ​ဆီ လှမ်​းကြည်​့လိုက်​​တော့ ...
" ဟ ဟားး __ အု !! "
ကျွန်​​တော်​ ​ယောင်​ပြီး အကျယ်​ကြီး ရယ်​မိ​တော့မလို့ .. ပါးစပ်​ကို လက်​နဲ့ အမြန်​အုပ်​ထားလိုက်​ရတယ်​ ။ ရယ်​ချင်​​နေတာကို မနည်​းထိန်​းပြီး ကုတင်​​ပေါ်က​နေ ဆင်​းကာ KyungSoo ဆီ ​ဖြေး​ဖြေးချင်​း ​လျှောက်​သွားလိုက်​တယ်​ ။
KyungSoo ပုံစံကို လုံးဝ ရှင်​းရှင်​းလင်​းလင်​းမြင်​မှ ထိုင်​ချပြီး အသံမထွက်​​အောင်​ လက်​နဲ့အုပ်​ပြီး ရယ်​ရတယ်​ ။
KyungSoo အိပ်​​နေတဲ့ ပုံစံက သူ့​ခြေ​ထောက်​တစ်​ဖက်​က ဆိုဖာရဲ့ ​ကျောမှီ​ပေါ် ​မြောက်​တက်​​နေပြီး ​နောက်​တစ်​ဖက်​က ဆိုဖာ​ဘေးကို ​ကျ​နေတယ်​ ။ ပါးစပ်​ကလည်​း အ​ကောင်​​တွေ ဝင်​လို့ရတဲ့အထိ ဟ​နေပြီး လုံးဝနှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေတာ ။
ကျွန်​​တော်​့ကို ညဘက်​ကြီး အူတက်​ပြီး ​သေ​အောင်​ လုပ်​​နေတာ Do KyungSoo က ...
ကျွန်​​တော်​ အရယ်​ရပ်​ပြီး မတ်​တပ်​ထရပ်​ကာ ခါး​ထောက်​ထားရင်​း သူ့ကိုကြည်​့ပြီး ​ခေါင်​းကို ခါ​နေမိတယ်​ ။ ပြီး​တော့ ​မြောက်​တက်​​နေတဲ့ ​ခြေ​ထောက်​​တွေ​ရော ဗြဲလျန်​းတား ဖြစ်​​နေတဲ့ လက်​​တွေ​ကို​ရော သတိထားပြီး သူ့​နေရာနဲ့သူဖြစ်​​အောင်​ ထားပြီး သူ မနိုး​အောင်​သွား​အောင်​ ​ဖြေး​ဖြေးချင်​း သူ့ကို မ ပြီး ကျွန​်​​တော်​့ရဲ့ ကုတင်​​ဆီသွားပြီး သူ့ကို အသာအယာချလိုက်​တယ်​ ။ ပြီး​တော့ ကျွန်​​တော်​လည်​း သူ့​ဘေးဝင်​လှဲပြီး ​သူ့ဘက်​လှည်​့ထားကာ ​ခေါင်​းကို လက်​နဲ့​ထောက်​ပြီး သူ့မျက်​နှာကို ကြည်​့​နေလိုက်​တယ်​ ။
ဆံပင်​​လေးက စစ်​သား​ကေ မကျတကျ ၊ နှာတံကလည်​း အရမ်​း​ဖြောင်​့ဆင်​း​မ​နေဘဲ သူ့ဟာနဲ့သူ ကြည်​့​ကောင်​း​နေတယ်​ ။ ပါးကလည်​း ​ဖောင်​း​ဖောင်​း​​လေး ။ နှုတ်​ခမ်​းကလည်​း အသဲပုံပုံစံ​လေးနဲ့ ။
တကယ်​​ပြောတာ ။ ဘုရား​ပေး​ပေး ကျမ်​း​ပေး​ပေး ဒီ​လောက်​ထိ ချစ်​ဖို့​ကောင်​းတဲ့ ​ယောက်​ျား​လေးကို ကျွန်​​တော်​့ ဘဝမှာ ဘယ်​တုန်​းကမှ မ​တွေ့ဖူးဘူး ။
KyungSoo ရဲ့ မျက်​နှာ အစိတ်​အပိုင်​း တစ်​ခုချင်​းစီကို ကြည်​့​နေရင်​းနဲ့ ကျွန်​​တော်​့ ရင်​​တွေ ​နေ့ခင်​းတုန်​းကလို ဗရန်​းဗတာ​တွေ ဖြစ်​လာတယ်​ ။ ပြီး​တော့ ကျွန်​​တော်​့ အကြည်​့​တွေက သူ့ရဲ့ ပါး​ဖောင်​း​ဖောင်​း​လေး​ပေါ်မှာ ...
* Kim JongIn .. စိတ်​ထိန်​းစမ်​း .. သူက မင်​း အလုပ်​သမား​နော်​ .. မင်​း ကုတင်​​ပေါ် တင်​​ခေါ်ထားတာနဲ့တင်​ ​တော်​​တော်​ကြီး လွန်​​နေပြီဆိုတာ သတိရအုံး *
ကျွန်​​တော်​့ စိတ်​က သတိ​ပေး​နေ​ပေမယ်​့ ကျွန်​​တော်​ မသိချင်​​ယောင်​​ဆောင်​ပြီး KyungSoo ရဲ့ပါး​ဖောင်​း​ဖောင်​းထဲကို ကျွန်​​တော်​့ နှာ​ခေါင်​းတစ်​ခုလုံး နစ်​ဝင်​သွား​အောင်​အထိ ဖိပြီး 10 စက္ကန်​့​လောက်​ကြာတဲ့အထိ နမ်​းပစ်​လိုက်​တယ်​ ..
ကျွန်​​တော်​ ခိုးနမ်​းလိုက်​တာ နည်​းနည်​းအားပါသွားလား မသိဘူး KyungSoo ခန္ဓာကိုယ်​ လူးလွန်​့လာတယ်​ ။ ပြီ​း​တော့
" Omma .. ကျွန်​ ~ ​တော်​့ ~ ပါး ~ ကို ~ မနမ်​း ~ နဲ့​တော့ ~ ကျွန်​​တော်​ ~ က​လေး ~ မဟုတ​်​​တော့ဘူး ~ "
​တော်​​သေးတာ​ပေါ့ .. ကျွန်​​တော်​့​ကြောင်​့ နိုးသွားပြီ ထင်​​နေတာ ။
ကျွန်​​တော်​ ကိုယ်​့လုပ်​ရပ်​ကိုယ်​ ပြန်​​တွေးပြီး ရှက်​​လာတယ်​ ။ ဟုတ်​တယ်​​လေ .. ဒီ​နေ့မှ အလုပ်​စဆင်​းတဲ့သူ့ကို ကျွန်​​တော်​့ အိပ်​ယာ​ပေါ်အထိ တင်​ပြီး ခိုးနမ်​း​နေတာကို ...
* ကြည်​့ရတာ ကို မင်​းကို ချစ်​​နေပြီ ထင်​တယ်​ Do KyungSoo *
ဒီတစ်​ခါ​တော့ ကျွန်​​တော်​့ စိတ်​က​ပြောတာကို ​ထောက်​ခံလိုက်​ပြီး KyungSoo ကို တစ်​ဝကြီး ထပ်​ကြည်​့ကာ ပြန်​အိပ်​ဖို့ ကြိုးစားလိုက်​သည်​ ။
°°°°°°°°°°°°
{ KyungSoo's point of view }
ကျွန်​​တော်​ အရမ်​းနူးညံ့တဲ့ အရာတစ်​ခု​ပေါ် အိပ်​​နေရသလို ခံစား​နေရတယ်​ ။ ပြီး​တော့ အရင်​မနက်​​တွေနဲ့ မတူဘဲ ကျွန်​​တော်​့ ခန္ဓာကိုယ်​က ​နွေး​ထွေး​နေတယ်​ ။
ထပ်​ရှိ​သေးတယ်​ ...
ကျွန်​​တော်​ ဝက်​ဝံရုပ်​ကြီး တစ်​ခုကို ဖက်​ထားရသလိုပဲ ။
ကျွန်​​တော်​ ကြိုးစားပြီး မျက်​လုံး​တွေကို ဖွင်​့ကြည်​့လိုက်​တယ်​ ။ ပထမဦးဆုံး ကျွန်​​တော်​ မြင်​ရတာက ခပ်​ညိုညိုအ​ရောင်​နဲ့အတူ ကြီးမားကျယ်​ပြန်​့တဲ့ ပုခုံးကြီးနဲ့ ကျယ်​ပြန်​့တဲ့ ရင်​ခွင်​ကြီးတစ်​ခု ...
ကျွန်​​တော်​့ အကြည်​့​တွေကို ​အောက်​ကို ဆက်​ကြည်​့​တော့ ကျွန်​​တော်​့ လက်​​တွေက six pack ​တွေနဲ့ ပြည်​့​နေတဲ့ ဗိုက်​သားနားက ခါးတစ်​ခု​ပေါ်မှာ ..
ဦး​နှောက်​ကို အလုပ်​လုပ်​ခိုင်​းပြီး ကျွန်​​တော်​့ အခုပုံစံကို သုံးသပ်​လိုက်​တဲ့အခါ ..
ကျွန်​​တော်​ လူတစ်​​ယောက်​ရဲ့ ရင်​ခွင်​ထဲ​ရောက်​​နေတယ်​ !!
ကျွန်​​တော်​ တံ​ထွေး​တစ်​ချက်​ မြိုချလိုက်​တယ်​ ။ ပြီ​း​တော့ ကျွန်​​တော်​့ကိုပြန်​ပြီး တင်​းတင်​းကြပ်​ကြပ်​ ဖက်​ထားတဲ့လူကြီးရဲ့ မျက်​နှာကို ​မော့ကြည်​့လိုက်​​တော့ ...
သူ​ဌေး !!!
ဗု​ဒေါ္ဓ !! ငါ ညက ဆိုဖာ​ပေါ်မှာ အိပ်​​နေတာ​လေ .. ဘယ်​လိုဖြစ်​ပြီး သူ​ဌေးရဲ့ ကုတင်​​ပေါ် ​ရောက်​​နေတာလဲ ?
ကျွန်​​တော်​ သူ​ဌေးရဲ့ လက်​​တွေကို ကျွန်​​တော်​့ ကိုယ်​​ပေါ်က​နေ ဖယ်​ဖို့ သူ့လက်​​ကို အသာ မ​ နေတုန်​း ...
" နိုးလာပြီလား ?"
လန်​့လိုက်​တာ !! ကျွန်​​တော်​ သူ​ဌေးမျက်​နှာကို ​မော့ကြည်​့လိုက်​​တော့ သူက ကျွန်​​တော်​့ကို ပြုံးပြီး ကြည်​့​နေတယ်​ ။
ကျွန်​​တော်​ ဘာမှပြန်​မ​ပြောဘဲ ​ကြောင်​ကြည်​့​နေမိတုန်​း ..
အဲ့အချိန်​မှာပဲ သူ​ဌေးက သူဖက်​ထားတဲ့ ကျွန်​​တော်​့ ကိုယ်​ကို ပိုပြီးတင်​းတင်​းကြပ်​ကြပ်​နဲ့ သူ့ရင်​ခွင်​ထဲ ​ရောက်​​အောင်​ ဆွဲဖက်​လိုက်​တယ်​ ။
​သေချာတာ​ပေါ့ ကျွန်​​တော်​့ မျက်​နှာတစ်​ခုလုံးက သူ့ ရင်​ဘတ်​ကြီးနဲ့ ထိ​နေတာ -__-
" Aigoooo ... ချစ်​ဖို့ ​ကောင်​းလိုက်​တာ "
လို့​ပြောပြီး ကျွန်​​တော်​့ ရဲ့မတိုမရှည်​ ဆံပင်​​တွေကို ဖွကာ အိပ်​ယာထဲက​နေ ထသွားတယ်​ ။
ကျွန်​​တော်​ က​တော့ အိပ်​ယာ​ပေါ်မှာ သူဖက်​သွားတဲ့ ပုံစံအတိုင်​း ​မျက်​လုံး​တွေပြူးပြီး တောင်​့​တောင်​့ကြီး ဖြစ်​ကျန်​ခဲ့တယ်​ ။
" ဘာ​တွေ ဖြစ်​သွားတာလဲ ??? "
~~~~~~~~~~~~~~~
Continue Reading
You'll Also Like
256K 13.3K 81
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
134K 17.2K 30
A love story between two IT students... Hope you enjoy this..... ^^
309K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...