"Hyung...ချစ်ရတာ ပင်ပန်းတယ်လို့
ခံစားရရင် အဲဒီအချစ်က မစစ်တော့ဘူးလား"
အခုတလော ဒီမေးခွန်းလေး၏ အဖြေကို
ကျွန်တော် သိပ်သိချင်နေမိသည်...
"ဘာဖြစ်လို့လဲ...ပင်ပန်းနေပြီလား"
JunMyeon Hyungက...ကျွန်တော့်ကို ရယ်
ချင်သလိုကြည့်ရင်း မေးသည်...
"မေးတာ ဖြေစမ်းပါ...Hyungကလည်း😑"
"အဲဒါ အရင်ကလောက် မချစ်တော့လို့..."
"ကျွန်တော် မေးတာ အဲ့အချစ်က စစ်လား...
မစစ်တော့ဘူးလားလို့😕"
"မင်း...မေးခွန်းက နည်းနည်းခက်တယ်"
သူက...ထမင်းဘူးအိတ်ကိုဆွဲ...ကျွန်တော့်ဘေးမှ လမ်းလျှောက်ရင်းစဉ်းစားနေသည်...
သူ သေချာစဉ်းစားခန်းဝင်နေပြီဆိုလျှင်
အောက်နှုတ်ခမ်းက မသိမသာရှေ့သို့ ထွက်လာသည်...
"ငါ ဖတ်ဖူးတဲ့စာအုပ်ထဲမှာတော့...မင်းသမီးကကွာ...ချစ်ရတာ ပင်ပန်းတယ်လို့ ခံစားနေရတယ်...ဒါပေမယ့် သူက မင်းသားကို ဆက်ချစ်သွားတယ်...စာရေးသူကတော့ အချစ်စစ်ကို
ဖော်ပြချင်တာပဲ😪"
"ဟုတ်တယ်...ဟုတ်တယ်နော်...😁
ပင်ပန်းနေပေမယ့် ဆက်ချစ်နိုင်ရင် အဲဒါ အချစ်စစ် ဟုတ်တယ်မလား...😌ကျွန်တော်လည်း အဲလိုထင်တယ်"
"ငါတော့ အဲလိုမထင်ဘူး😅"
😦
"မင်း စဉ်းစားကြည့်လေ...ပင်ပန်းတယ်လို့ တွေးမိတာကိုက အဲဒီလူကို ချစ်ရမှာဝန်လေးလာတာပဲ...တစ်နည်းပြောရရင် မချစ်ချင်တော့ဘူးဆိုတဲ့
ဆန္ဒ ပါးပါးလေးရဲ့အစ..."
😫😫😫
"ဒါပေမယ့်လည်း ငါ့အချစ်စစ်ချင်တယ်...
ဆက်ချစ်မှဖြစ်မယ်ဆိုပြီး အတင်းကြီး လုပ်ယူ
နေတာရော မဖြစ်နိုင်ဘူးလား"
"Hyungဟာကလည်း...စိတ်ညစ်စရာ ကောင်း
လိုက်တာ...😖အဆိုးမြင်တာနဲ့ သံသယက
များလွန်းတယ်...အဲဒါကြောင့် အခုထိ singleဘဝက မတက်တာ😂"
"မင်းရော...ဘာထူးလို့လဲ😂"
ကိုယ့်စကားနှင့်ကိုယ် နှုတ်ဆိတ်၍သာ နေလိုက်
ရသည်...😷
တစ်ခါတစ်လေလည်း ကျွန်တော် သူ့ကို
စိတ်ဆိုးချင်သည်...သူ...ကျွန်တော့်ကို
မချစ်သည်မှ မဟုတ်ဘဲ...
သူသာ ဝန်ခံပြီး အဖြေပေးလိုက်လျှင် အရာရာ
အဆင်ပြေသွားပြီ...နှလုံးသားချင်း...တရားဝင်ဂဟေဆက်နိုင်ပြီပေါ့...ဒီထက်ကောင်းသည့်အရာ ဘယ်ရှိနိုင်ပါ့မလဲ...
ခုတော့ အပေါင်းအသင်းများက ကျွန်တော့်ကို
လှောင်ကြသည်...😞သူပြောတတ်သည့်...
တစ်ခါတစ်ရံ အရောင်ပါသော ပို့စကတ်လေးများတွင် ရေးပေးတတ်သည့်...ရှားရှားပါးပါး
အကြင်နာစကားလေးများအကြောင်း ကျွန်တော် ကြည်နူးစွာ ပြောပြမိသည့်အခါ...
"သူက မင်းကိုကစားနေတာ...😂"
"မင်းတော့ ဒီလိုနဲ့ပဲသွားမှာပဲ...😒"
သူတို့တုံ့ပြန်မှုများက ကျွန်တော့်ကို နာကျင်စေသည်...😣
မနာလိုမဖြစ်ကြနဲ့ကွာ 😅ဟု...ကျွန်တော်ရယ်လျက် ပြောလိုက်နိုင်သော်လည်း ထပ်တစ်ကြိမ်ပြောပြဖို့...ကျွန်တော် သိမ်ငယ်လာသည်...
သူနှင့်ပက်သက်လျှင် လူအားလုံး ကျွန်တော့်
အပေါ် ဆက်ဆံပုံက အရူးတစ်ယောက်ကို
ဆက်ဆံသလိုပါပဲ...😩
ကိုယ့်ကိုယ်ကို ယုံကြည်မှု...တဖြည်းဖြည်း
ပျောက်ဆုံးလာခဲ့သည်...😞
ဒီလိုနှင့်...သူပြောသည့်...ရှည်ကြာလွန်းသည့် အခိုက်အတန့်များဖြစ်သော...ပိတ်ရက်ဆယ်
ရက်ကို...ကျွန်တော် အလူးလူး အလိမ်လိမ့့်် ဖြတ်သန်းခဲ့ရပြန်သည်...
စာသင်နှစ်တစ်နှစ်က ဖြည်းဖြည်းချင်း ကုန်လာခဲ့
်ပြီ...နောက်ဆုံး စာမေးပွဲကြီးဖြေဖို့ တစ်ပတ်သာ လိုတော့သည်...စာကျက်ဖို့ကျောင်းပျက်သူ
ပျက်...စာကူးဖို့ ကျောင်းတက်သူတက်...
ကျွန်တော်လည်း စာမေးပွဲအတွက် ပြင်ဆင်နေရသည်...JunMyeon Hyungက...
အချိန်ဇယားဆွဲပေးသည်...သို့သော်
သူ့အချိန်ဇယားက များလွန်း၏...
ထမင်းစားချိန်နှင့် စာကျက်ချိန်ကြား
ဆယ့်ငါးမိနစ်မျှ လွတ်လျှင်တောင် သူက ပုံဆွဲရန် ဆိုပြီး ဖြည့်ထည့်ထားတတ်သည်...😖
အဲဒီလောက်တော့ ကိုယ့်ဘဝကိုယ် အကျဉ်းကျမခံနိုင်...😥
ကျွန်တော် တတ်နိုင်သလောက်တော့ လုပ်ပါ
သည်...
ကျွန်တော့်စိတ်များက လေနေသည်...😔
စာမေးပွဲကြီးပြီးရင် ပိတ်ရက်ရှည်ကြီးကိုဖြတ်
သန်း...ကျောင်းပြန်ဖွင့်လျှင် သွေးအေးသွား
သည့် သူ့နောက် တကောက်ကောက်လိုက်ရဦးမည်...ကြားထဲမှာ နည်းနည်းပါးပါးအဆင်ပြေ
လိုက်...နောက်ပြီး ကျောင်းပြန်ပိတ်သွား
ဟင်း...ရှည်လိုက်တဲ့ အချစ်သံသရာ...😥
အဘွားနဲ့အဘိုးတို့တုန်းက သုံးနှစ်သုံးမိုး
ဘယ်လိုများ စောင့်ခဲ့လဲ မသိ...ကြည့်ရတာ
အရင်ခေတ်တုန်းက အချိန်တွေကုန်တာ
သိပ်မကြာဘူးထင်သည်😑
ခုတော့ ကျွန်တော့်မှာတော့ ရင်မောလှပြီ...
"Hyung...ဒါက ကောင်းပါတယ်နော်"
ကျွန်တော် ပန်းရောင်ပါဆယ်စက္ကူနှင့်
သေချာစွာထုပ်ပိုးရင်း...ဖဲပြားတပ်ထားသော
လက်ဆောင်ထုပ်ကို ဆယ့်တစ်ကြိမ်မြောက်
ကြည့်လိုက်ရင်း မေးမိသည်...
"ကောင်းပါတယ်...လာ...မြန်မြန်လျှောက်...
စောစောရောက်ချင်တယ်ဆို"
ဒီနေ့...ပန်းလေးမွေးနေ့...
Hyungကို ဒီနေ့ ကျောင်းစောစောသွားမည်ဟု
လွန်ခဲ့သော တစ်ပတ်တည်းက...ကြိုပြောထားခဲ့သည်...Ommaကိုတော့ ကျောင်းနှုတ်ဆက်ပွဲ
အတွက် ပစ္စည်းလဲရန် လက်ဆောင်ထုပ်ဟု
လှည့်ပတ်ပြောခဲ့ရသည်...
ဒီလက်ဆောင်ထုပ်လေးထဲတွင်...
အဖြူရောင် သဲနာရီလေးတစ်ခုပါသည်...
တစ်နာရီလောက်တော့ မခံ...သုံးမိနစ်သာ
ခံသည်...
သို့သော် သူ စာကြည့်ရင်း ငြီးငွေ့သည့်အခါပဲ
ဖြစ်ဖြစ်...အပျင်းပြေဆော့ဖို့ရာ...အလှဆင်ဖို့ရာပဲဖြစ်ဖြစ် သူ စာကြည့်စားပွဲပေါ်တင်ထားနိုင်
သည်ပေါ့...
နောက် ဈေးသိပ်မကြီးသော်လည်း ကြည့်လို့
ကောင်းသော ဆွဲကြိုးလေး...
ကျွန်တော်ကိုယ်တိုင် လုပ်ထားသော စက္ကူဘူး
လေးများထဲ အဆင့်ဆင့်ထည့်ထားပြီး
လော့ကတ်သီးတွင် သူ့နာမည်အတိုကောက်
*L* ဟူသော စာလုံးလေးပါသည်...
စက္ကူဘူးလေးများတွင်လည်း စတိုးဆိုင်များ
တစ်ခုပြီးတစ်ခု ဝင်ထွက်...ရှာဖွေထားသော
ခံစားချက်နှင့် တိုက်ဆိုင်သည့် စာသားစတစ်ကာလေးများကို ကျွန်တော် သေချာ ကပ်ထား
သေးသည်...😍
ဆင်တူသော့ချိတ်လေးက တစ်ခု...
သော့ချိတ်လေးက ဖန်ပုလင်းအကြည်ထဲတွင် အနီရောင်ခရစ်စတယ်ခဲ သေးသေးလေးများ
စုထည့်ထားသည့်ပုံစံ...ထို သေးကွေးစွာ...
တောက်ပသော အနီရောင် ခရစ်စတယ်လေးများတစ်ခုချင်းစီက သူ့အပေါ်ထားရှိသော
ကျွန်တော့်အချစ်နှင့် ခံစားချက်များကို
ကိုယ်စားပြုပါသည်
သူနှင့် ဆင်တူအဖြူရောင်လေးကိုတော့...
ကျွန်တော် လွယ်အိတ်မှာ တပ်ထားလိုက်သည်😌
နောက်တစ်ခုက...အကောင်းစား ခဲသား
ဘောပင်ကို ငွေမင်ရောင်ပါဆယ်ဘူးထဲ
ထည့်ထားသည်...သူဖွင့်လိုက်သည့်အခါ
မွှေးနေအောင် JunMyeon Hyung၏
ကပ်စေးနဲပြီး မသုံးရသေးသည့် ရေမွှေးဘူး
အသစ်ကိုသူမသိအောင် ခဏငှား၍ ကျွန်တော် ရေမွှေးဖြန်းထားသေးသည်...😁
အချစ်ကဗျာတွေချည်းပါသော စာအုပ်
တစ်အုပ်...
ကျွန်တော် သူ့ကိုနားထောင်စေချင်သော သီချင်းများကို စုထားသည့် သီချင်းခွေတစ်ခွေ...
ကွန်ပြူတာနှင့် ကျွန်တော် မလုပ်တတ်၍
Kim Kai ဂိမ်းဆော့နေကျ ဂိမ်းဆိုင်မှ
အစ်ကိုကြီးထံ အကူအညီတောင်းထားရသည်...
နောက် I Love Youကို...ဝှက်ကီးတွေနှင့်
မနည်းရေးထားရသော စာရွက်လေးတစ်ရွက်...
သူ...သဘောကျလောက်ပါတယ်နော်...
ကျွန်တော် ဒီထက်ပိုပြီး ဝယ်ပေးချင်သော်လည်း
ပိုက်ဆံမလောက်တော့...
တစ်လလောက်အလိုတည်းက ကြိုတင်စဉ်းစား
ပြီး ဖြည်းဖြည်းချင်းဝယ်ဖြစ်ခဲ့သလို...အကြောင်းအမျိုးမျိုးဖြင့်...အကောင်အထည်မဖော်နိုင်သည့် လက်ဆောင်များလည်း ကျန်ရှိသွားသည်...
နောက်တစ်နှစ် မွေးနေ့မှပေါ့...
"Sehun...ah...တော်ပြီနော်...မင်း စိတ်
ကျေနပ်အောင်လုပ်ပေးတာ...ဒါတွေပဲ လုပ်
မနေနဲ့...စာမေးပွဲနီးနေပြီ..."
"အင်းပါ..."
ကျောင်းရောက်တော့...စောသေးသည်မို့...
သန့်ရှင်းရေးတာဝန်ကျ ကျောင်းသားတစ်ချို့သာ
ရောက်လာသေးသည်...
ဒီနေ့တာဝန်ကျသည့်အသင်းက...Kim Kaiတို့
အသင်း...သို့သော် သူက အိပ်ရာထနောက်ကျသဖြင့် အသင်းတွင် သူများစုထားသော အမှိုက်များ သိမ်းကြုံးထည့်ထားသည့် အမှိုက်ပုံးအား
ပစ်ရန်တာဝန်ကိုသာ ယူတတ်သည်...
ကျွန်တော့် ပန်းလေး မလာသေး...
လက်ဆောင်ထုပ်ကို သူ့စားပွဲပေါ်တင်ရင်း...
ကျွန်တော် လှေကားတွင် စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်...Hyungကတော့...ဆရာများ
နားနေခန်းသို့သွားရသည်...
ကျွန်တော် တစ်ယောက်တည်း လှေကားထိပ်မှာ
ယောင်ပေပေ...ရပ်နေမိသည်...
ကျောင်းသားနှစ်ယောက် သုံးယောက်တော့
လှေကားမှ တက်သွားကြသည်...
သိပ်တော့ ကြာကြာမစောင့်လိုက်ရ...
ဆယ်မိနစ်...ဆယ့်ငါးမိနစ်လောက် အကြာတွင် သူ ရောက်လာသည်...
"Happy Birthday!...
မွေးနေ့မှာ ပျော်ရွှင်ပါစေ"
လှေကားမှတက်လာသော သူ့ကို ကျွန်တော်ဆီးပြောတော့ သူက အလွန်အမင်းတော့ အံ့သြသွားဟန် မရှိပါ...ကျွန်တော် ဒီနေရာမှာ ရှိနေမည်ကို ကြိုတင်မှန်းထားသလိုပင်...
မျက်မှန်လေးကို အလယ်တည့်တည့်မှနေ၍
လက်ညှိုးဖြင့် ပင့်တင်လိုက်ရင်း ပြုံးပြသည်...
"ကျေးဇူးပဲ"
ကျွန်တော် သူ့ထမင်းဘူးထည့်ထားသော အိတ်ကို ကူသယ်ပေးဖို့ သူ့လက်ထဲမှ ယူလိုက်မိသည်...သူကမပေး
"ပေးပါ"
"ရတယ်...ငါ့မှာ လက်ပါပါတယ်😟"
"သြော်...ပေးပါဆို"
ကျွန်တော် သူ့လက်ထဲမှ ဆွဲယူ၍ ခပ်သွက်သွက်
ရှေ့မှ သွားလိုက်သည်...
ချစ်ခြင်းမေတ္တာတွင် နှစ်ယောက်သားပိုနီးစပ်စေဖို့...ကိုယ့်အားကိုယ်ကိုးစနစ်က သိပ်အလုပ်
မဖြစ်ကြောင်း...သူနှင့် ကျွန်တော်
ချစ်သူတွေဖြစ်မှ အကျယ်တဝင့် ရှင်းပြရပါဦး
မည်...
"ကိုယ့်ဘာကိုယ် သယ်ပါမယ်ဆို"
ကျွန်တော့်ပန်းလေးသည်...နောက်မှ ပွစိပွစိနှင့်
လိုက်လာသည်...တကယ်တော့ သူက စကား
မနည်းလှပါ...
"မွေးနေ့လက်ဆောင်"
စားပွဲထက်မှ လက်ဆောင်ထုပ်ကို ကျွန်တော်
သူ့အား ပေးတော့...သူ့ မျက်ဝန်းလှလှများ ဝိုင်းစက်သွားသည်အထိ အံ့အားသင့်သွားသည်
"အထုပ်က အကြီးကြီးပဲ..."
"ဟုတ်တယ်😁...ဘာမှတော့ မဟုတ်ပါဘူး"
"ဟာ...ကျောင်းစောစောလာမိပါတယ်...
အတွဲနဲ့ တိုးနေပြီ...လေပါတယ်ကွာ"
အတန်းထဲတွင် ထီးထီးကြီး မတ်တပ်ရပ်နေ
ကြသော ကျွန်တော်တို့နှစ်ယောက်ကို ဟိုဘက်
ခန်းမှ တစ်ယောက်က လှမ်းအော်ပြီး နောက်
သွားသည်...
အရေးထဲမယ်...အပို့ကောင်း😁
"ထိုင်လေ"
ကျွန်တော် သူ့စားပွဲရှေ့တွင် ရှိနေသော ထိုင်ခုံကို သူ့ဘက် လှည့်၍ ထိုင်လိုက်မိပါသည်...သူက
လွယ်အိတ်ချ၍ သူ့နေရာတွင် ထိုင်သည်...
"ငါ သောကြာနေ့က...ဟိုဘက်ခန်းက Onew
နဲ့ တွေ့တယ်..."
သူက လက်ဆောင်ထုပ်ကို ဖွင့်မကြည့်ဘဲ...
စားပွဲအောက်တွင် ထားလိုက်သည်...
ကျွန်တော် သူ့ကိုဖွင့်စေချင်တာ...
တစ်ခုချင်းစီကို ကျွန်တော် ဘယ်လိုစိတ်ကူးရ
သဖြင့် ဘယ်လိုဝယ်ခဲ့ရသည်ဆိုတာ ပြောပြချင်သည်...
ဟင်း...😷
"သူက ငါ့ကို ဘာပြောလဲဆိုတော့...မင်းတို့အတွဲက မိုက်တယ်တဲ့...ငါလည်း အံ့သြောသွားတာ
ပေါ့...ငါ့မှာ အတွဲမှ မရှိဘဲ😥"
"............"
"အဲဒါနဲ့...ငါ...ဘယ်သူနဲ့မှ မတွဲပါဘူးလို့ ပြော
တော့...မင်းနဲ့ Sehunက တွဲနေတာ မဟုတ်ဘူးလား...ငါ တွဲနေတာထင်လို့တဲ့...လူတိုင်းက
အဲလိုပြောနေကြတော့...သူလည်း အဲလိုထင်
တယ်တဲ့😷"
သူက နဖူးပေါ်ဝဲကျနေသော ဆံပင်အိအိများကို စိတ်ရှုပ်ဟန် ဖွလျက် သပ်တင်လိုက်သည်...
စတော်ဘယ်ရီရှမ်ပူနံ့လေး...
အား...ကျွန်တော့်ရင်ထဲ...အေးသွားသည်...
ချစ်လိုက်တာ...
"မင်းလက်ရဲဇက်ရဲ ဟိုကိုင်ဒီကိုင် လျှောက်လုပ်
နေတာနဲ့ ပဲ ငါက အသားလွတ် မင်းနဲ့အတွဲလို့ အထင်ခံရပြီ😟"
မဟုတ်ဘဲနဲ့ အထင်ခံရတာ မတန်တာမို့...
တန်သွားအောင် လက်တွေ့အကောင်အထည်
ဖော်လိုက်ပါလားဟင် လို့
ကျွန်တော်ပြောချင်ပေမယ့် မပြောရဲ...😔
မွေးနေ့ရှင် စိတ်ဆိုးသွားမှာစိုးသည်...
အခုတောင် စကားလမ်းကြောင်းအရ
အခြေအနေ သိပ်မကောင်း...😩
လူတွေကလည်း ခက်သည်...
ကိုယ့်ကိစ္စ ကိုယ်မလုပ်ဘဲ သူများကိစ္စပဲ
လိုက်ရှုပ်နေကြသည်...ဒီမှာ အဆင်ပြေဖို့
ခက်ရသည့်အထဲ...😞
"အဲဒါ မင်း ငါ့ကို ဘာလုပ်ပေးမှာလဲ😑"
"သူ့ကို သွားပြောလိုက်ပါ့မယ်...နောက် အဲလို
မပြောဖို့...နောက်ပြီး ဒီမှာ ချစ်လာရတာ
တစ်နှစ်နဲ့ ရှစ်လကြာပေမယ့်လည်း ချစ်သူတွေမဖြစ်ကြသေးဘူးဆိုတာရော ပြောလိုက်ပါ့မယ်😔"
"မင်းစကားက ဘာကြီးလဲ😕"
"အဲဒီလို ဖြေရှင်းပေးမယ်လို့ ပြောတာလေ😷"
"ရွဲ့တာလား😒"
"ရွဲ့တာ မဟုတ်ပါဘူူး...😔😔😔😞😞😞
ဒါ...ပေမယ့်လေ...အဖြေလိုချင်ပြီ😭😭😭"
မချစ်တာလည်း မဟုတ်ဘဲနဲ့...
"အင်း...ငါလည်း အဲဒါပြောမလို့...😪
ပြောရမယ်ဆိုရင် ငါလည်း ခုချိန်ထိ
မင်းအကြောင်းသေချာမသိသေးဘူးလေ..."
ဒီထက်ပိုပြီး ဘာတွေ သိချင်သေးတာလဲဟင်😞
အချစ်တွေကို အိတ်သွန်ဖာမှောက် အကုန်ချပြ
ထားတဲ့ဟာ...😖
"နောက်ပြီး အချစ်ဆိုတာကလည်း...
ငါတို့အရွယ်နဲ့ သိပ်ပြီး မရင်းနှီးသင့်သေးဘူး...
ငယ်သေးတယ်"
အမလေး...JunMyeon Hyungရေ...Hyungထက် ဆိုးတဲ့သူ တွေ့ပြီဗျ...😖
သူက...လက်သည်းတိတိလေးများနှင့်...
ဆံပင်ခွေခွေများအောက်မှ နဖူးကို ဖွဖွကုတ်
သည်...
"ဒါကြောင့် ငါ စဉ်းစားနေတာ...
မင်းပုံစံကလည်း နည်းနည်းလေးများ
ထပ်စောင့်ရရင် သေတော့မယ့်ပုံနဲ့😒"
သူက မျက်မှန်ကိုချွတ်ပြီး အိတ်ကပ်ထဲမှ တစ်ရှုးနှင့် မှန်ကို သုတ်နေသည်...
"အဲလိုတော့လည်း...မဟုတ်😥"
"ငါတို့ တွဲကြည့်ကြတာပေါ့...စမ်းပြီး"
"ဟင်..."
"တွဲမှာလား..."
"တွဲ...တွဲမှာပေါ့...အဲဒါ အဖြေလားဟင်"
"အင်းပေါ့...အဖြေလို့...ယူဆလို့ရတယ်"
သူက မျက်မှန်ကို ပြန်တပ်လိုက်သည်...
ကျွန်တော်...ယုံပင် မယုံနိုင်...
အခုအခြေအနေက အဖြေပေးခံလိုက်ရတာနဲ့
တောင် မတူသလိုပဲ...
"ချစ်...ချစ်တယ်လို့ မပြောဘူးလား😔"
"တွဲကြည့်မယ်လေ...ငါ အဲလိုပြောလာအောင်
ဆက်ကြိုးစားပေါ့...ရင်ထဲက မပါရင်...
ငါ ဘာမှမလုပ်ချင်ဘူး"
"ဟင်...အဲဒါဆို မချစ်ဘူးလား😞"
ဟင့်...ဘယ်လိုကြီးလဲ😖
"tsk...ခက်လိုက်တာ...ဘာလို့ အဲလောက်
ဒုံးဝေးရတာလဲ"
သူက ကျွန်တော့်ကို အလိုမကျသလို မျက်မှောင်
ကုတ်ကြည့်သည်...
"ချစ်တယ်လို့ပြောမှ အဖြေပေးရာရောက်တာ
ထင်လို့😞😞😞"
"မင့် ဘယ်သူပြောလဲ...ရှုပ်လိုက်တာကွာ...
ယူချင်ယူ... မယူချင်နေ...အဲဒါ ငါပေးတဲ့အဖြေပဲ...😠"
"ယူမယ်...ယူမှာပေါ့...တွဲမယ်လေ...တွဲမယ်နော်
ဟီးဟီး...😁 "
ဒီနေ့ အဖြေရမည်ဟု ကျွန်တော် ထင်မထား...
"ပျော်လိုက်တာ...😍"
"ပျော်ရင် ပြီးတာပဲ...😒
သွားတော့...သူများတွေလာနေပြီ"
သူက...တံခါးဝဆီသို့ လှမ်းကြည့်ရင်း...
လွယ်အိတ်ထဲမှ စာအုပ်များ ထုတ်လျက် ပြောသည်
ဟွန်း...ဘာကို ဂရုစိုက်ရမလဲ...
အခုကစပြီး Oh Sehunဟာ ဘာကိုမှ သောက်ဂရုမစိုက်တော့...😌
ကျွန်တော် ချစ်သူမျက်နှာလှလှလေးကိုသာ
ကြည်ကြည်နူးနူး မော်ဖူးလိုက်သည်...
"ချစ်တယ်..."
သူက...ချယ်ရီရောင် နှုတ်ခမ်းပါးလေးကို ပွင့်ဟ
မတတ်ပြုံး၍ ခေါင်းငုံ့သွားသည်...ဒီလိုမှပေါ့😘
"သွားတော့...ငါ စာလုပ်မို့"
အမလေးနော်...ဆွဲဖျစ်ချင်လာပြီ...
"ချစ်တယ်...တွေ့လား...အဲလိုပြောရတာ...
ပြောကြည့်ပါလား...လိုက်ပြီး...ချစ်...တယ်?"
"အားအားယားယား"
ဤသို့ ချစ်ဖွယ်သောစကားကို ဆိုပြီးနောက်...ကျွန်တော့်ချစ်သူသည် ကျွန်တော့်ကို ယောင်၍မျှ
မော့မကြည့်ဘဲ ရုပ်တည်ကြီးနှင့် ဘာဆိုဘာတစ်လုံးမှ ရေးမထားသော စာမျက်နှာများကို ဖျတ်ခနဲ ဖျတ်ခနဲ တစ်ရွက်ပြီး တစ်ရွက် လှန်နေပါ
တော့သည်...
သြော်...အချစ်ရယ်...😍
နောက်များမှ ကျွန်တော့်ချစ်သူ အူပူကြူးလေးကို ချစ်တယ်ဆိုသော စကားမှာ
ချစ်သူများကြား အားမှ ယားမှ ပြောရသည်
မဟုတ်ကြောင်း ကိုယ်ဖိရင်ဖိ သင်ပေးရပါဦးမည်