ပြတင်းတံခါးမှ တစ်ဆင့်တိုးဝင်လာနေသော
မနက်ခင်း လေညင်းက လတ်ဆတ်သန့်ရှင်းပြီး
အေးမြနေသည်...
ဆောင်းဦးနံနက်ခင်းက အနည်းငယ် အအေးဓာတ်ပိုသော်လည်း မျက်နှာဆီသို့ ဖြတ်တိုက်သွား
သော လေပြေညင်းများ၏ ရှတတရေခဲမှုန်များ၏ အထိအတွေ့ကို ကျွန်တော် သဘောကျသည်...
ခရီးသွားရခြင်း၏ အနှစ်သာရကို...သည်လို
အခိုက်အတန့်မျိုးတွေမှာမှ ရှာတွေ့နိုင်သည်ဟု
ကျွန်တော် ထင်သည်...
အရာအားလုံး ဘာမှတွေးမနေတော့ဘဲ...
အိမ်စာတွေ...ကျောင်းစာတွေ ဘာမှစိတ်လေး
နေစရာမရှိဘဲ...
အရာရာ စိတ်လွတ်ကိုယ်လွတ် မေ့ဖျောက်ထားလိုက်ပြီး စိုးရိမ်ပူပန်ကြောင့်ကြစရာ
ဘာတစ်ခုမှ ရှိမနေသော...ပြည့်စုံသည့်
လွတ်လပ်ပေါ့ပါးမှုမျိုးနှင့်...
ရှေးရှုရမည့် ဦးတည်ရာအတွက် မျှော်လင့်ချက်များနှင့်...
ပန်းတိုင်တစ်ခု သေချာပေါက် ရှိနေသည်ဆို
သော အသိ...
ထိုပန်းတိုင်တွင် ကောင်းမွန်သောအရာများက
စောင့်ကြိုနေပြီး သွားရာလမ်းတစ်လျှောက်တွင်လည်း ပျော်ရွှင်ရဦးမည်ဆိုသောအသိ...
အဝေးပြေးလမ်းမထက်တွင် တရိပ်ရိပ်ပြေးလွှားနေသော ကားပေါ်မှနေ၍... သစ်ပင်အို...သစ်ပင်ပျိုတို့လမ်းဘေးဝဲယာတွင် အေးအေးလူလူပင် ကျေနပ်ပြေလည်စွာ နေရစ်ခဲ့ခြင်းကို
တသသငေးကြည့်နေရသည့် ခံစားမှုကို ချစ်
သည်...
ဟိုးအဝေး လယ်ကွင်းများ...တဖန်တောင်တန်းများကြားမှ နေထွက်လာတော့မည့် ရှေ့ပြေး
ပုစွန်ဆီရောင်အလင်းတန်းများကို တွေ့နေရပြီ
ကဗျာဆန်လိုက်တဲ့ မနက်ခင်းလေး...😍😍😍
ချစ်သူနဲ့အတူတူ ကားတစ်စီးတည်း...အတူတူ
"အဲဒီ ပြတင်းပေါက်ကို ပိတ်လိုက်စမ်းပါကွာ...
ဒီမှာ မျက်နှာလေဖြတ်တော့မယ်😲"
နောက်ဆုံးတန်း ကျွန်တော့်ထက် အနည်းငယ်
မြင့်သော နေရာတွင် ထိုင်သည့်...JunMyeon Hyungက ရှုံ့တွနေသည့် ဘူးသီးခြောက်လို
မျက်နှာပေးနှင့်...ညည်းညည်းညူညူ
ပြောတော့ နဂိုကမှ ပိတ်ချင်နေသည့် Taoက
ဝမ်းသာအားရ ထပိတ်သည်...
သူကတော့ တစ်မျိုး... လေတိုက်လျှင် ပုံသွင်းလာသော သူ့ဆံပင်ပုံ ပျက်မှာစိုးသည်တဲ့...😑
"အဲလောက်လည်း မအေးပါဘူး...Hyungက...ပိုကိုပိုတယ်😟"
"ပိုနေတာက မင်း...😒😒😒
ဘာလဲ...ဆောင်းတွင်းကြီး ခရီးထွက်လာတာ...
ပြတင်းပေါက်ကြီးဖွင့်ပြီး
ငေးလို့ တွေးလို့ ဖီးလ်လို့ မပြီးတော့ဘူး...😠
ဒီလောက်အေးနေတာ...ဟိုမရောက်ခင်
အတောင့်လိုက်ဖြစ်သွားမယ်😕"
သြော်...ကြင်နာတတ်တဲ့ ငါ့အစ်ကို...😞
ကားတစ်စီးလုံး စကားပြောသံများ...ငြင်းခုန်သံ
များနှင့် ဆူညံစည်ကားနေသည်...
နောက်ဆုံးတော့ ကျွန်တော် မျှော်လင့်ခဲ့ရသော နေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်...
ကျွန်တော်တို့ အထက်တန်းပထမနှစ်မှ
ကျောင်းသားများအကုန် လေ့လာရေးခရီးထွက်ရသည်...ခရီးက တောင်တက်ခရီး...
မနက်လေးနာရီတည်းက ကျွန်တော်တို့ထွက်လာခဲ့ကြပြီး ဝေလီဝေလင်းတွင် တောင်ခြေသို့
ရောက်ကာ...တောင်တက်ခရီးစတင်မည် ဖြစ်သည်...
ဒီခရီးကို ကျွန်တော် အမျှော်လင့်ကြီးမျှော်လင့်
ထားခဲ့သည်...
လွန်ခဲ့သော နှစ်ပတ်လောက်တည်းက ဖိနပ်
အသစ်...အိတ်အသစ်များကို Ommaကို
မျက်နှာချိုသွေး ဝယ်ပေးခိုင်းရသည်...
အသစ်မဟုတ်လည်း ရသော်ငြား...ဒီအချိန်လေး
ပဲ ကျောင်းဝတ်စုံချွတ်ခွင့်ရပြီး တရားဝင် ရှိုးထုတ်ရသည်မလား...😁😌😌
သကြားလုံး...အနာကပ်ပလာစတာ...လိမ်းဆေး
ရေဘူး...စနိုးတာဝါ...စိတ်ကူးပေါက်သမျှ
သေးသေးမွှားမွှားအကုန်ဝယ်ပြီး ကျွန်တော်စုထားသည်...
ညကတည်းက ကောင်းကောင်းအိပ်မပျော်...
မနက်ကျတော့လည်း နှစ်နာရီလောက်တည်းက
နိုးနေသည်...
ကျောပိုးအိတ်လေးနှင့် သူ့ပုံလေးကို မြင်ယောင်ရင်း...😍
သူ့ကို ကျွန်တော် ဘာစကားတွေ ပြောရမလဲ
စဉ်းစားရင်း...😍
ဖြစ်နိုင်ချေရှိသည့် ကြည်နူးစရာလေးများကို
စိတ်ကူးယဉ်ရင်း😍
ကျွန်တော့်မျက်လုံးများ မှိတ်ထားသော်လည်း
အိပ်မရတော့...😥
"ဟေ့ရောင်...ကြက်ဥပြုတ်စားမလား😪"
"စားမယ်...ပေး"
အင်း...မဖြစ်သေးပါဘူးလေ...
"တော်ပါပြီ...မစားတော့ဘူး...ကြက်ဥပြုတ်က ပါးစပ်နံတယ်ကွ..."
"အမလေး ရေသောက်ရင်ရပါတယ်ကွာ...ရော့
ငါ့အမေက မင်းတို့အတွက်ပါ ထည့်ပေးလိုက်တာ"
Kim Kai က စေတနာဗရပွနှင့် သူ့အမေထည့်
ပေးလိုက်သော ခြင်းတောင်းကြီးထဲမှ မုန့်များကို ထုတ်နေသည်
"တော်ပါပြီကွာ...ငါ့မှာ ကြက်ဥပြုတ်ထက်
ကောင်းတဲ့ အစီအစဉ်တွေ ရှိတယ်😔"
"လဒလေးက -င်ခေါင်းကျယ်လို့...မစားလည်း
နေ😤"
"မဟုတ်ပါဘူးကွာ...😔😔😔
တော်ကြာ ငါ သူနဲ့စကားပြောတဲ့အခါ...
သူ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့...
နောက်ပြီး ပြောလို့မရဘူးလေ...သူနဲ့ငါ
တူတူထိုင်ဖို့ အခွင့်အရေးလည်း ရချင်ရမှာပေါ့"
"အမလေး...မုန့်ဆီကြော်က ဘယ်ဆီနေမှန်း
မသိ...နှုတ်ခမ်းမှာက အနာပေါက်နေပြီ😂😂"
Tao က အသားလွတ်ဝင်လှောင်သည်...😖
သူ့စကားပုံကမှ အမှားကြီးနဲ့...😒😒😒
ကျွန်တော် လိုက်ပြီး ကတ်သတ်မပြောချင်တော့
ဒီကောင်က ကိုယ်ပိုင်အစီအစဉ်ရှိပြီးသား...Krisနှင့်တူတူ တောင်တက်မည်တဲ့...
အမွှေးအကြိုင်တွေ ဆွတ်လာလိုက်သည်မှာ
လည်း မွှန်ထွန်နေ၍ ဘေးလူပါ ခွေခေါက်လဲချင်သည်...😷😷...
အမလေး...ဟုတ်ပါ့...ပြတင်းပေါက်ပိတ်လိုက်မှ ပိုသိသာသည်...
"နံလိုက်တာကွာ...ဘာနံ့တွေမှန်းကို မသိဘူး😣😣😣"
"အဲဒါ Diorလေ...😌😌😌
အေးလေ...မင်းလိုကောင်😒😒😒
ပြောလည်း နားလည်မှာ မဟုတ်ပါဘူး...
သည်းခံလိုက်...တစ်ချို့လူတွေ ရှုချင်လို့တောင် ဒီလိုအနံ့မျိုး ရှုရတာ မဟုတ်ဘူး"
မှားပါတယ် 😖...
ကားပေါ်တွင် ကျွန်တော်နှင့် Taoက...
နောက်ဆုံးတန်း၏ အရှေ့...JunMyeon Hyungနှင့် Kim Kaiက နောက်ဆုံးတန်း...
ပန်းလေးနှင့် Byun Baekက အတူထိုင်သည်
သူတို့က ကျွန်တော်တို့နှင့် လိုင်းလေးတန်းခြား အရှေ့ဘက်ကျသည်...
Krisနှင့် ကျွန်တော်တို့က လိုင်းသုံးတန်းခြား...
ကားပေါ်တွင် အုပ်ချုပ်သူအဖြစ် Tr. Ye Sung
ပါလာသည်...ဒီဆရာက ကိစ္စမရှိ...မျက်လုံးမှေး
မှေး...ပြုံးပြုံး ပြုံးပြုံးနှင့် သဘောကောင်းသည်...
နောက်ပြီး သီချင်းဆိုဝါသနာပါသည်...JongDaeက ဂစ်တာပါလာသည်...
သည်တော့ ရှေ့မှာ
သူတို့ဟာသူတို့ အဖွဲ့ကျနေလျှင်ပြီးပြီ...
နောက်မှာ ကိုယ့်ဘာသာကိုယ် လှုပ်ရှားရမည်...
ဟင်း...Byun Baekကို ဘယ်လိုစည်းရုံးရပါ့...
ဒီကောင်က နည်းနည်း ပြောရဆိုရကျပ်သည်...
သူစိတ်ဝင်စားသောအရာက တသမတ်တည်း ပုံသေမရှိ...😷😷😷
ဒီတစ်ခေါက် ဘာဂါကြိုက်ပြီး နောက်တစ်ခေါက် ဘာဂါကို ကြည့်မရအောင် မုန်းချင်မုန်းသည်...
ဒီတစ်ခါ ကျွန်တော့်ကို ပြုံးပြချင်ပြုံးပြပြီး နောက်တစ်ခါ ဘုကြည့်ကြည့်ချင် ကြည့်သည်...
😵😵😵
ဒီတော့ မခက်လား...😅
ကျွန်တော့်မှာ သူ့ကိုပုံသေဆွဲဆောင်စည်းရုံးနိုင်ဖို့
နည်းလမ်းမရှိ...😖😓
ကံတရားရယ်...
ကျွန်တော် Oh Sehun...
တရုတ်လေး Xiao Luhanကို ချစ်ပါတယ်...
သူ စောင့်ခိုင်းသလောက်လည်း စိတ်ရှည်ရှည်နဲ့
စောင့်ပါတယ်...သူများ သားသမီးကိုလည်း သတ်သတ်မဲ့ရည်ရွယ်ပြီး စိတ်ဒုက္ခရောက်အောင် မလုပ်ပါဘူး...နောက် သေချာမမှတ်မိတော့
ပေမယ့် ကောင်းတာတွေလည်း အများကြီး
လုပ်ဖူးပါသေးတယ်...
ဒါတွေ အားလုံး ထောက်ထားပြီး...
တစ်ခါလောက်တော့ ကျွန်တော် Oh Sehun
ဘက်မှာ ရှိပေးပါ...😞
💕 လူသားတစ်ယောက်ကို ချစ်မိခြင်း💕
တောင်ခြေရောက်တော့ ဆရာများက
ကိုယ့်အုပ်စုနှင့်ကိုယ် သွားကြဖို့...
လူစုမကွဲစေဖို့...မျက်ခြည်မပြတ်ဖို့...ဂရုစိုက်ဖို့...လူကွဲသွားလျှင် ဆက်သွယ်ရန်နည်းလမ်းများ
စသဖြင့် မှာကြားစရာရှိသည်များကို တသီ
တတန်းကြီး မှာကြားသည်...
ပန်းလေးက...Byun Baek...Krisတို့နှင့် တူတူ
တက်မည်ထင်သည်...
သူက အစိမ်းနုရောင် ဂျာကင်လေးနှင့်...
ကျောပိုးအိတ်အပြာလေးနှင့်...
လျှာထိုးဦးထုပ်အနက်လေးကို နောက်ပြန်ဆောင်းထားသည်...
မျက်မှန်လေးကို ပင့်တင်ပြီး ဆရာများပြောသမျှ ဂရုစိုက်နားထောင်နေသော...
နှုတ်ခမ်းလေး ချွန်ပြီး သံယောင်လိုက် ရေရွတ်
ကြည့်နေသော...
သူ့ပုံလေးက နံနက်ခင်း၏ နှင်းဦးရေကို သောက်သုံးဖို့ ဦးစွာနိုးထလာသော ပုရစ်ဖူးကလေးနှင့် တူသည်...
လတ်ဆတ်နုဖတ်ရှင်းသန့်လျက်...
ကျွန်တော့်နှလုံးသားသည် မပျက်မကွက်ပင်
စတင်ပြီး လျင်မြန်စွာ လှုပ်ရှားလာသည်...
ကျွန်တော်က Kim Kai...JunMeyon Hyung
နှင့် တူတူတက်ရမည်ဖြစ်သည်
ပုရွက်ဆိတ်...ပိုးဟပ်က အစကြောက်သော Taoက ဒီလိုကျ ဆရာသော ဘာသော...
ဘာကိုမှမကြောက်...😕
ခပ်တည်တည်ပင် ကျွန်တော်တို့ကို ထားခဲ့ပြီး
Krisဆီ ရောက်သွားသည်...
ရိုက်လိုက်...ပုတ်လိုက်...တွန်းလား...ထိုးလား
နှင့် သူတို့နှစ်ယောက် ကြည့်ရသည်မှာ
လေ့လာရေးခရီး ထွက်လာသည်နှင့်ပင် မတူ...ဟမ်းနီးမွန်းထွက်လာသလိုဖြစ်နေသည်...😂
ခေတ်ကာလ သားသမီးတွေများ...😒😒
မျက်စိနောက်လိုက်တာ...
အမလေး...အသည်းတွေထဲကကို ယားတယ်😑😑😑...
ပြောသာပြောတာပါ...
ကျွန်တော်လည်း ပန်းလေးနှင့်တူတူ တက်ချင်
သည်...😞😞😞
သို့ပေမယ့်...ပန်းလေးက...တက်ချင်ပါ့မလား
မျက်နှာပြောင်တိုက်ပြီး လိုက်သွားလျှင်တော့
ရသည်...🏃🏃🏃
သို့သော် အိမ်၏ တစ်ချက်လွှတ်အမိန့်က JunMyeon Hyungနှင့် လူမကွဲစေရ...😞
ကျွန်တော့်ကို စိတ်မချကြ...😖
ဖြစ်နိုင်လျှင် JunMyeon Hyungနှင့် ကျွန်တော့်အား ကော်နှင့်ကပ်ပေးလိုက်ချင်သည်ဟု Omma က ပြောသည်...😫
"Hyungရေ...ဘာလုပ်နေတာလဲ...တက်ရ
အောင်...ဟိုမှာ သူများတွေ တက်ကုန်ပြီ😨"
"အေးအေး...နေဦး...ဒီမှာ ဓာတ်ပုံရိုက်မို့😌"
သေစမ်း...အဲဒီကင်မရာကို သူ ဘယ်တုန်းက
ယူလာလိုက်တာလဲ...😨😨😨
ပိုကြာတော့မယ်...
သူ့လက်ထဲ ကင်မရာရောက်ရင်...😫😫
"နောက်မှ ရိုက်ပါ...Hyungရယ်...အပေါ်မှာ
ပိုလှမှာ...လာလာ...Kim Kai...လာလေ...
ဘာလုပ်နေတာလဲ😅"
"ဒီမှာ...ရေးထားတယ်ကွ...ဒီအပင်ရဲ့ သက်တမ်း
က နှစ်တစ်ရာကျော်ရှိပြီတဲ့...မိုက်တယ်နော်...😪😪😪"
"အေးအေး...နောက်မှမိုက်...လာ...တက်ပါမယ်
ဆို😣"
"ဘယ်လိုဖြစ်နေတာလဲ...Oh Sehun...နောက်မှာ လူတွေရှိသေးသားပဲ...တောင်တက်တယ်
ဆိုတာ ဖြေးဖြေးမှန်မှန် တက်ရတယ်"
"အင်းလေ...အေးဆေးပေါ့😌"
ဟင်း...ငါနော်...သူနော်...
ကျွန်တော် ရူးချင်လာသည်...😖😖😖
သူတို့နှစ်ယောက်ကို ထားပစ်ခဲ့ပြီး အပေါ်သို့သာ ပြေးလိုက်သွားချင်သည်...😣😣
ပန်းလေးရယ်...
ကိုယ်တို့ ကံတရားတွေက ဘယ်လိုတောင် ဝေး
နေတုန်းလဲ...😞😞
"Hyungရေ...လာ...လာ...အပေါ်မှာ ပိုလှ
တယ်...Hyungရဲ့..."
"အင်းအင်း...ငါ ဓာတ်ပုံကောင်းကောင်း ရမှ
ဖြစ်မယ်..."
"Kim Kaiရေ...လာပါဟ...ဘာတွေ ကြည့်နေ
ပြန်ပြီလဲ😥"
"ကြက်လေးတွေ...ကြည့်စမ်း...ချစ်စရာလေး😚😌😙"
"အေး...ဟုတ်တယ်ဟ...မှန်းစမ်း...ငါ ဓာတ်ပုံ
ရိုက်လိုက်ဦးမယ်😪"
ပြောလျှင် ယုံမလားမသိ...ထိုအချိန်ခဏလေး
တွင်...ကျွန်တော် စိတ်ဖိစီးမှု တအားများပြီး
ကုန်းအော်ပစ်ချင်လာသည်...😫😫😫
မောရသည့်ကြားထဲ...
ရှေ့တက်လိုက်...မျှော်ကြည့်လိုက်...
နောက်လှည့်အော်လိုက်နှင့်...
ပန်းလေးကလည်း မနားတမ်းတက်နေသည်😞
ဒီမှာ မမီပါဘူးဆို...😞
ဟိုနှစ်ယောက်ကလည်း -င်ခဲဆွဲပြီး တက်နေကြသလား ထင်ရသည်😖
တကယ်...တကယ်...ကုန်းအော်လို့သာ ကိစ္စပြီး
လျှင် ကျွန်တော် ကြုံးအော်ပစ်လိုက်သည်...
ဟင်း...မဖြစ်သေး
"Hyungရေ...ကျွန်တော် တက်နှင့်မယ်နော်...
ပြီးရင် စောင့်နေမယ်"
"အေး...သဘောပဲ...အဝေးကြီးမသွားနဲ့..."
နောက်ဆုံးတော့ သူလည်း နားညီးဟန် တူပါ
သည်...Omma၏ အမှာစကားကို အနည်းငယ်မျက်ကွယ်ပြုပြီး အသာတကြည်ပင် ခွင့်ပြုလိုက်သည်...
တော်သေး...
ကျွန်တော် ရေဘူး၏ ငါးပုံတစ်ပုံကို အငမ်းမရ
သောက်လိုက်သည်...သကြားလုံးတစ်လုံးကို
ပါးစပ်ထဲ ငုံလိုက်သည်...
ကဲ...တက်လိုက်စမ်း...သားကြီး...
ကျွန်တော် ကျောပိုးအိတ်ကို တင်းနေအောင်
လွယ်၍ ခြေထောက်များကို အရှိန်တင်မိသည်...
မြေကမူများကို ကျော်၍ ခွ၍...
မတ်စောက်သော မြေကြီးကို နင်းလျှောက်၍...
အညိုရောင် သစ်ရွက်ခြောက်များကို ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်အောင် ချနင်း၍...
ချစ်သူရှိရာဆီ...
ဟော...ဟိုမှာ ပန်းလေးကို မြင်နေရပြီ...
ဟောဟဲ...ဟောဟဲ...မောလိုက်တာ...အမလေး
ကျွန်တော် ရေနည်းနည်းထပ်သောက်ပြီး
ပုံမှန်ထက် ခပ်သွက်သွက်လှမ်း၍ သူတို့နား
လျှောက်သွားလိုက်သည်...ရုပ်ကတော့
စုတ်ပြတ်နေပါပြီ...ချွေးတောင် ပြန်နေပြီ...
မတတ်နိုင်ဘူးလေ...အဓိက က အဓိကပဲ😌😔
"ဖြည်းဖြည်းတက်နော်...မောမယ်"
တက်လာရင်း...မတော်တဆ လမ်းမှာတွေ့သည့်ပုံမျိုးနှင့်...ကျွန်တော် သူ့အားပြောတော့...
သူက လွယ်အိတ်ကြိုးလေးကို လက်တစ်
ချောင်းဖြင့် တင်းတင်းဆွဲလိုက်ရင်း...ကျွန်တော့်အား ကြည့်လာသည်...နှုတ်ခမ်းပါးလေးများက
ပြေလျော့လျော့ ပြုံးနေကြသည်...
"အင်း...မင်းလည်း ဂရုစိုက်..."
ကျွန်တော် အရှေ့ရှိ သစ်ရွက်ခြောက်လေးများကို
ဖွားခနဲ ခပ်ဖွဖွ ကန်လိုက်မိသည်...
ဟီဟိ...😁
သူက ကျွန်တော့်ကိုဂရုစိုက်တဲ့...😍😍
"ဘာဖြစ်လို့ အားကစားမလုပ်တာလဲ"
"ဟီး...အားကစားနဲ့ သိပ်အကျိုးမပေးဘူး"
"ဟားဟား...😂အဲဒီလိုမျိုး ရှိလို့လား"
"ရှိတယ်...😁"
"BaekHyun...ခဏလောက် နားမလား"
"ရသေးတယ်...တက်မယ်လေ"
"နားရအောင်ပါ..."
သူက တောင်တက်လမ်း၏ နံဘေး...ထင်းရှုးပင်
ကြီးအောက် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်
ကျွန်တော်လည်း သူ့မျက်နှာချင်းဆိုင်တွင်
လိုက်ထိုင်လိုက်သည်...
BaekHyunက ကျွန်တော့်ကို တစ်ချက်ကြည့်
ပြီး အကဲခတ်သလိုရှိသော်လည်း ဘာမှမပြော...
ပြောလည်း ဘာလုပ်ရမည်နည်း....
ကျွန်တော် သူ့ကို မကြောက်ပါ...😒😒😒
ပန်းလေးနှင့် ဝေးရမည်ကိုသာ ကြောက်ပါသည်
😔😔😔
သူက အိတ်ထဲမှ ရေပုလင်းငယ်လေးကို ထုတ်သည်...ရေပုလင်းငယ်လေးက လှသည်...
အပြာရင့်ကိုမှ အကြည်ရောင်လေး...
ထို့နောက် တစ်ထွာနီးပါးရှိမည့်ဘူးလေး
ထဲမှ အဝိုင်းပြားလေးတစ်ပြားကို ထုတ်ပြီး
ရေပုလင်းထဲ ပစ်ထည့်လိုက်သည်...ရှဲခနဲမြည်
ကာ အမြှုပ်များထလာသည်ကို တွေ့ရသည်...
ထို့နောက် သူက ရှိတ်နေသည်...သြော်...
ရေဆူဆေးပြားပဲ...
သူက...လုပ်ပုံကိုင်ပုံလေးက အစ...ကဗျာ
ဆန်သလိုပင်...😳😍😍
အိတ်ကိုဖွင့်လိုက်ပုံ...ပုလင်းကိုကိုင်ပြီး ရှိတ်နေပုံ...တကယ်ကို သူများနှင့်မတူ
သူ့လက်ချောင်းလေးများက မိန်းကလေးမဆန်
သိပ်ပြီး သွယ်သွယ်လျလျမနိုင်...
ယောက်ျားဆန်ပြီး...ရိုးရိုးစင်းစင်းနှင့် သန့်ပျံ့နေသည်...
ချစ်စရာ လက်ကလေးတွေ...
ဒီလက်ကလေးတွေကို ကျွန်တော် တစ်နေ့
ပိုင်ဆိုင်ရမှာ ဖြစ်သည်😌😌😌
"ရော့...မင်းအတွက်..."
"ဟင်...😮"
"မင်းနှုတ်ခမ်းတွေ ဖြူနေပြီ...ဒါသောက်
လိုက်"
"ဟင်...ပန်းလေး...အဲ...မ...မသောက်ဘူးလား"
"ဒီမှာ ငါ့အတွက် ရှိတယ်လေ..."
သူက အိတ်ထဲမှ အလားတူ ဘူးလေးကို လှုပ်ပြသည်...သူ့ဘူးက အစိမ်းရင့်ရောင်အကြည်လေး...
သူ...သူ ကျွန်တော့်ကို ပေးဖို့ လုပ်လာခဲ့တာလား
"ငါတို့ သွားတော့မယ်...
JunMyeon Hyungကို စောင့်လိုက်ဦးလေ
တော်ကြာ...မင်းကို လိုက်ရှာနေဦးမယ်..."
"ဟမ်...အင်း...ကျေး...ကျေးဇူးပဲနော်😍😍😍"
သူ...သူက ကျွန်တော် မောနေမှန်းသိလို့ တမင်
နားလိုက်ပြီး...ဒီဘူးလေးကို...ပေးခဲ့တာ...
ဆောင်းတွင်းနံနက်ခင်းတွင် ကျွန်တော့်ရင်သည်
အနွေးကြီး နွေးနေတော့သည်...
💕 လူသားတစ်ယောက်ကို ချစ်မိခြင်း💕
"ဟေ့ရောင်...Tao...ဒီမှာကြည့်စမ်း...ငါ့ကို သူ
ပေးသွားတာ😌😌😌"
ကျွန်တော် ကျောပိုးအိတ်ထဲမှ ရေပုလင်းလေးကို ထုတ်ပြလိုက်သည်...
ကိုင်း...ငါ့ကို နှိမ်တဲ့ကောင်...ခုတော့ ဘာပြော
မလဲ...😎
"အမယ်...တယ်ဟုတ်ပါ့လား...Oh Sehunတို့
ပျော်ပြီပေါ့"
"ဒါပေါ့...အဟင်း...သူပေးလာတော့လည်း အင်တင်တင်နဲ့ ယူလိုက်ရတာပေါ့ကွာ😁"
"ဒါနဲ့...တောင်ပေါ်မှာ Ge ငါ့ကို ဘာလုပ်လဲသိလား...😌"
သကောင့်သားက မှိုရလာသော မျက်နှာပေးနှင့်
လူများကြားအောင် မပြောလိုသည့်ဟန်
ကျွန်တော့်နား တိုးကပ်လာသည်...😌
"အာဘွားအကြီးကြီးပေးလိုက်တယ်😋😘"
"😒😒😒အာဘွားဆို အာဘွားပေါ့...
အကြီးကြီးက ဘာတုံး...စကားကို အပိုတွေ
ွ လျှော့ပြီး လူနားလည်အောင်ပြော😒😑😑"
"Tsk...မင်း နားမလည်ပါဘူး...မင်းမှာ
ရည်းစားမှ မရှိဘဲ...😪"
😩😩😩
"အေးလေ...အားမငယ်ပါနဲ့...တစ်နေ့နေ့ပေါ့...
မင်းကျောကုန်းမှာ ဘို့ပေါက်တဲ့တစ်နေ့😝"
"ယား...ZiTao...😠"
"ငါ သွားတော့မယ်...Geက သူ့နားလာထိုင်တဲ့😚😚😚"
ဘယ်လောက်တောင် စိတ်ကုန်ဖို့ကောင်းလဲ😧
သူများ...သားသမီးတွေကျတော့လည်း မိုးမမြင်
လေမမြင်ချစ်နေလိုက်ကြတာ...😖
ပြီးကို မပြီးနိုင်တော့ဘူး...
Oh Sehunတို့များကျတော့...😩
အတက်ခရီးတွင်သာ ကျွန်တော် သူ့ကိုတွေ့လိုက်သည်...တောင်ထိပ်တွင် ထမင်းစားကြတော့
တွေ့သည်ဆိုရုံလေး...😔
ပြီး...ဘယ်ပျောက်သွားမှန်းမသိ...
အဆင်းတွင်လည်း ကျွန်တော်တို့က နောက်ကျသည်...
ခုတော့...ဒီလောက်လေးနဲ့ ဒီခရီးက ပြီးဆုံးသွား
ပြီလား...ပြီးရင် ကျောင်းက ဆယ်ရက်ကြီးများတောင် ပိတ်တော့မှာ...😭
နှမြောဖို့ကောင်းလိုက်တာ...😣
ကျွန်တော့်ဘေးမှာ နေရာလွတ်ကြီးက
ဟာလာဟင်းလင်း...
ကျွန်တော့်နှလုံးသားလည်း ဟာလာဟင်းလင်း
ကြီးကိုဖြစ်လို့...
"Hyungရေ...ဒီမှာ ကျွန်တော် တစ်ယောက်
တည်း ဖြစ်နေပြီ😞"
"ငါ...လာထိုင်ပေးရမလား"
😫😫😫အရိပ်အကဲကို မသိပါလားနော်...
"ရတယ်...တော်ပြီ😷"
Kim Kaiကတော့...ဒီလောက် သီချင်းသံများနှင့် ဆူညံနေရသည့်အထဲ...တခူခူးနှင့် အိပ်မောကျနေပြီ...😴😴😴
သီချင်းသံများကလည်း ဆူပြီး စုံနေသည်...
ခေတ်ပေါ်သီချင်းမှသည်...ကျောင်းသားသီချင်း
နိုင်ငံတော်သီချင်းထိပါသည်...တစ်ပုဒ်ပြီး
တစ်ပုဒ်...မမောစတမ်း...တယ်လည်း ဆိုနိုင်ကြတဲ့လူတွေပဲ...ကျောင်းသားတော်တော်များများ
က နေရာမှထပြီး အရှေ့ဘက်တွင် စုရပ်လုပ်ကာ ဝိုင်းဖွဲ့သီဆိုနေကြသည်...အရင်ကလိုဆိုလျှင်
တော့ ကျွန်တော်လည်း အဲဒီအဖွဲ့ထဲပါဖြစ်မည်...ထင်သည်...ခုတော့ ကိုယ့်အာရုံနှင့်ကိုယ်...
ဘာပဲဖြစ်ဖြစ်လေ...ကြိုးစားကြည့်ရမှာပဲ...
ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး...
ကျွန်တော် ထိုင်ခုံမှထသွားလိုက်ပြီး...ပန်းလေးတို့ခုံ ရှိရာသို့ လျှောက်သွားလိုက်သည်...
Taoက Krisရင်ခွင်ထဲမှနေ၍ ကျွန်တော့်ကို
ပြောင်နေသည်...ငါ ပိတ်ထိုးလိုက်ရ...😒
Byun Baekက မှေးနေသလိုရှိရာမှ မားမား
ကြီးလာရပ်သော ကျွန်တော့်ကို မျက်လုံးလှန်၍ မော့ကြည့်သည်...
အဲ...တကယ်တမ်းကျ ဘယ်က ဘယ်လိုစပြီး
ပြောရမှန်းမသိ...
"ဒီ...မှာ...ခဏထိုင်ချင်လို့😔"
"ဘာဖြစ်လို့တုံး😟"
မျက်မှောင်ကြီးကြုံ့၍ ကျွန်တော့်ကို မေးလာသည်...ထိုင်ချင်လို့ပါ ဆိုနေမှ...😖
"ခဏလေးပဲလေ...နောက်မှာ အသံသိပ်မဆူ
ဘူး...အိပ်လို့ရတယ်...ငါ ထိုင်တဲ့ ခုံတစ်တန်း
လုံး လွတ်နေတယ်😞😞😞"
BaekHyunက ပန်းလေးကို ကြည့်သည်...
သွားရမလားဆိုသော သဘော...ပန်းလေးက
ကျွန်တော့်ကို တစ်ချက်ကြည့်သည်...
ကျွန်တော်...မျက်နှာလေးကို သနားစဖွယ်
လိုတာထက်ပို ညှိုးထားမိသည်...
လုပ်ပါ...ပန်းလေးရယ်...နော်...နော်...😞
ကိုယ့်ကို သနားပါဦး...
ထို့နောက် သူကByun Baekကို ကြည့်ပြီး
ရယ်နေသည်...
"ခဏပဲလေ..."
"အိုကေ"
ရက်စ်စ်စ်စ်စ်စ်...ငါကွ...😁😁😁
သူငယ်ချင်းနှစ်ယောက်၏ သဘောတူညီမှု
အဆုံးတွင် ကျွန်တော် သူ့ဘေးတွင်ထိုင်ဖို့
ပါမစ်ရသွားပါသည်...
သူက ကျွန်တော်ရောက်လာသည်မှစ၍
တပ်ထားသော နားကျပ်ကို ချွတ်လိုက်သည်...ကျွန်တော့်ကို တစ်စုံတစ်ရာမပြောသော်လည်း...
ပြတင်းပေါက်သို့ ငေးကြည့်နေလျက်...
သူ့လက်ကလေးက mp3ပေါ်မှာ...
ခုချိန် ကျွန်တော် ဆုပ်ကိုင်လိုက်လျှင် သူ လန့်များသွားမည်လား...
မဟုတ်သေး...စကားပြောတာက ပိုကောင်းမည်ဘယ်က စပြီး ဘာအကြောင်းပြောရမည်လဲ..
ဒါမှမဟုတ် ဒီတိုင်းလေး ငေးကြည့်နေရလည်း
ကောင်းသည်...
တကယ်တော့...ကျွန်တော့်အချစ်က ဘေးတိုက်
ကြည့်လျှင် ပိုပြီး ဂန္တဝင်ဆန်သလိုပင်...
မျက်မှန်ကိုင်းနောက်တွင် သူ့မျက်တောင်ရှည်များက လှပစွာ ကော့ရော့နေကြသည်...
*ကျွီ*
"အမလေးဗျ...အွန့်"
ကားတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်...
ဟိုတိုက်...ဒီတိုက်ဆောင့်မိကြသဖြင့် ညည်းညူသံများ ထွက်ပေါ်လာသည်...
ကျွန်တော့်ရင်ဘတ်တစ်ခုလုံးလည်း
ဆောက်တည်ရာမရအောင် ဝုန်းဒိုင်းကြဲသွားပါသည်...
သူ့လည်ပင်းနားဆီမှ မွှေးရနံ့လေး...
ဘယ်လိုအနံ့လေးလဲ...သင်းသင်းလေးနှင့်
ရှင်းရှင်းလေး...
ကျွန်တော် ထိုအနံ့လေး၏ ဖြားယောင်းမှုအောက်တွင် တစ်သက်လုံး ကျေကျေနပ်နပ်ကြီး
အိပ်နေနိုင်ပါသည်...😍
"ကားက ဘရိတ်အုပ်လိုက်တာလေ...ဘယ်လိုလုပ် မင်းခေါင်းကြီးက ရှေ့နောက်မယိုင်ဘဲ
ငါ့ပုခုံးပေါ် ဘေးတိုက်ကြီး ပြုတ်ကျလာတာလဲ😟"
"ဟီး...ကိုယ် မင်းကို ကြည့်နေမိလို့ ထင်တယ်"
"မဆိုင်တာတွေ😂😳"
သူက ရယ်ပါသည်...
တကယ်ပါ...သူ ရယ်လိုက်သည့်အခါ
ပိုလှသည်...
ဖြူဆွတ်နေသော ပါးပြင်တွင်
အုနေသော သွေးကြောလေးများက ပိုလို့ ရဲသွားသည်...
ရယ်ပြီး နှုတ်ခမ်းများကို ပြန်သိမ်းလိုက်
သည့်အခါ ပို၍ ပို၍ လှသေးသည်...
ကျွန်တော့်ရင်ကို အချိန်ပြည့် ကလူနိုင် မြူနိုင်
စွမ်းရှိသော...
လူကို အစဉ်သဖြင့် ဖိုးသိုးဖပ်သပ်ဖြစ်အောင်
ပြုစားတတ်သော...နှုတ်ခမ်းချွန်ချွန်စူစူလေး...
ကျွန်တော် သူ့ပါးလေးကို မွှေးချင်သည်...
"အ..."
အဆင်မပြေ...ဘေးတိုက်မို့...သူ ကျွန်တော့်
ဘက်အလှည့် မျက်မှန်ကိုင်းနှင့် တိုက်မိသွား
သည်...
"ဆောရီး...မျက်မှန်နဲ့ ဆိုတော့"
သူက မျက်နှာတစ်ခုလုံး ချယ်ရီသီးလို နီရဲသွားကာ...မျက်မှန်ကို ပျာပျာသလဲ ချွတ်ပြီး သုတ်နေသည်...ကျွန်တော့်ကို အားနာနေတာလား...
ဒါ...ဒါ...မျက်မှန်ချွတ်လိုက်ပြီမို့ ထပ်ပြီးနမ်းလို့ အဆင်ပြေသွားပြီလို့ ပြောတာမလားဟင်...
ကဲ...
*မွ*
"ဟာ...ဘာလုပ်တာလဲ...😱"
သူက ပါးပြင်ပေါ်သို့အမှန်တကယ် ခြေချမိသွား
သော ကျွန်တော့်နှုတ်ခမ်းသာမက တစ်ကိုယ်လုံး
ကိုပါ တွန်းထုတ်လိုက်သည်...
ကျွန်တော်လည်း လန့်သွားပါသည်...😨
ဒါ ဘယ်လိုအခြေအနေကြီးလဲ...😥
ကျွန်တော် နားလည်မှု လွဲသွားတာလား...
သူက ကျွန်တော့်ဘက်လုံးဝ မလှည့်တော့...
ပြတင်းပေါက်ကိုသာ မျက်နှာမူထားသည်...
"စိတ်ဆိုးသွားတာလားဟင်😰"
ဘာမှ ပြန်မပြော...
"ပါး...ပါးလေးတွေက ရဲနေတော့ ဘာနံ့ရှိမလဲ
နမ်းကြည့်"
"မင်း ပါးစပ်ပိတ်ထား"
သေစမ်း...ဘယ်လိုအကြောင်းပြချက်ကြီး ပေးမိ
တာလဲ...😭😭😭
သူ ကျွန်တော့်ကို စိတ်ဆိုးသွားပြီ...
"မှားသွားတယ်...ကိုယ် မှားသွားတယ်...😞"
"............"
"တောင်းပန်ပါတယ်နော်😞🙏"
"........."
"ဘာပြန်လုပ်ပေးရမလဲဟင်...😞"
သူ ကျွန်တော့်ဘက် လုံးဝလှည့်မလာတော့...
ဟိုးဝေးဝေးတွင်တော့ နေမင်းကြီးက သူလာရာ
အရပ်ဆီ ပြန်ဖို့ပြင်နေပြီ...နေဝင်တော့မည်...
နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက်
ဒီလိုအဆင်မပြေမှုကြီး ရင်မှာပိုက်ပြီး ခွဲခွာရ
တော့မည်လား...😷😷😷
ကျွန်တော် မျက်ရည်ဝဲချင်လာသည်...
တောက်...Oh Sehun...မင်းဟာလေ...
လုပ်လိုက်ရင် သောက်တလွဲကြီးပဲ...
ကျွန်တော် နှုတ်ခမ်းကိုကိုက်ပြီး ခုံနောက်မှီနှင့်
ခေါင်းကိုသာ တွင်တွင်ဆောင့်မိတော့သည်...
ဘယ်လိုလုပ်ရပါ့မလဲ...
မြို့ပြင်မှသည် မြို့ထဲ ဝင်လာပြီ...မကြာမီ စုရပ်
ရောက်တော့မည်...
ဘာလို့လဲ...ဘာလို့ ဆန္ဒကို သိက္ခာနဲ့ မထိန်း
လိုက်ရတာလဲ...ငမိုက်သားရာ...
ခုတော့ သူက ကျွန်တော့်ကို အခွင့်အရေးသမား
ထင်သွားတော့မည်...
တကယ်...တကယ်...ကျွန်တော် ကျိန်နိုင်ပါသည်
သူနှင့်ကျွန်တော် ချစ်သူတွေဖြစ်ခဲ့လျှင်တောင် သူ့ခွင့်ပြုချက်မရဘဲ ပါးပြင်ကို မနမ်းတော့...
ထပ်ပြီး လက်လွတ်စပယ် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တော့...
တကယ်ပါ...
ခုတော့ ချစ်သူတွေတောင် ဖြစ်နိုင်ပါတော့မလား
😭😭😭
"ရော့..."
ကျွန်တော် မော့ကြည့်တော့ သူက အနီရောင် ပို့စကတ်လေးတစ်ခု ဆောင့်ဆောင့်အောင့်
အောင့် ထိုးပေးသည်...😒
မျက်နှာလှလှကတော့...စူပုပ်လျက်...
နှုတ်ခမ်းလေးက အလိုမကျဟန် ထော်လျက်...
"အိမ်ရောက်မှ ဖွင့်ကြည့်နော်...မင်း ခုနကလုပ်
တာမျိုး...ထပ်လုပ်ရဲလုပ်ကြည့်...မင်းလိုချင်တာ
သေတောင်မရဘူးမှတ်...နားလည်လား...ခု
တောင် ရေးလာပြီးသား အလဟဿဖြစ်သွားမှာစိုးလို့"
"အင်းပါ...အင်းပါ...နောက်ထပ်မလုပ်တော့ဘူး
နော်...ကိုယ်မှားသွားတယ်😞"
"သွားတော့...ကိုယ့်နေရာကိုယ်"
"အင်းပါ...သွားပါ့မယ်...စိတ်မဆိုးနဲ့နော်...😞"
💕 လူသားတစ်ယောက်ကို ချစ်မိခြင်း💕
ကျွန်တော် အိမ်ရောက်သည်အထိ မစောင့်နိုင်ပါ
BaekHyunကို နှိုးပြီး ရှေ့ပြန်ပို့၍...ကိုယ့်နေရာ
ကိုယ် အထိုင်ကျသည်နှင့်...တစ်ပြိုင်နက် ခေါက်ထားသော ပို့စကတ်လေးကို ဖွင့်လိုက်မိသည်...
💌ရှည်ကြာလွန်းတဲ့ အခိုက်အတန့်တွေမှာ
တစ်ယောက်နဲ့တစ်ယောက် မမေ့ကြေးနော်
ငါ မင်းကို သတိရနေမှာ💌
ကျွန်တော် သူ့ပါးကို နောက်တစ်ခါမွှေးချင်သွားပါသည်...😍