လူသားတစ်ယောက်ကို ချစ်မိခြင်း
Autorstwa kiratommy5
150K 17.7K 3.8K
"ချစ်ခြင်း မေတ္တာဆိုတာ ယုံကြည်စရာ မကောင်းပါဘူးလို့ ကျွန်တော့်ကို ပြောပါ...ခင်ဗျားပြောရင် ကျွန်တော် ယုံမယ်." I... Więcej
အပိုင်း{၁}
အပိုင်း{၂}
အပိုင်း{၃}
အပိုင်း{၄}
အပိုင်း{၆}
အပိုင်း{၇}
အပိုင်း{၈}
အပိုင်း{၉}
အပိုင်း{၁၀}
အပိုင်း{၁၁}
အပိုင်း{၁၂}
အပိုင်း{၁၃}
အပိုင်း{၁၄}
အပိုင်း{၁၅}
အပိုင်း{၁၆}
အပိုင်း{၁၇}
အပိုင်း{၁၈}
အပိုင်း{၁၉}
အပိုင်း{၂၀}
အပိုင်း{၂၁}
အပိုင်း(၂၂)
အပိုင်း (၂၃)
အပိုင်း(၂၄)
အပိုင်း{၅}
6.3K 830 119
Autorstwa kiratommy5
ကျွန်တော် သူ့ကို အချိန်တိုင်း သတိရနေသည်
ဟုတော့...အကဲပိုပို မပြောလိုပါ...😔
သို့သော် သတိမရသည့် နေ့ရက်လည်း မရှိ...
နွေရာသီ၏ အစောပိုင်း ရက်သတ္တပတ်များတွင်
ကျွန်တော်တို့ မိသားစု...ကမ်းခြေသို့...
အပန်းဖြေခရီးထွက်ကြသည်...
ထိုမှ ပြန်လာပြီးနောက်...သုံးရက်သာခြားပြီး...Appa၏ အမေ...အဘွားရှိရာ ဂမ်ဝန်ဒို...သို့ Hyungနှင့်အတူသွားနေရပြန်သည်...
ဒါနှင့် ပက်သက်ပြီး ကျွန်တော့်မှာ ပြဿနာ
အနည်းငယ်ရှိသည်...
အဘိုးအဘွား၏ အချစ်ကို ခံယူရသည်က
တော့...ကောင်းပါ၏...
သို့သော် သူတို့နှင့် ရက်အတန်ကြာ အတူနေဖို့ကတော့...ပျင်းရိငြီးငွေ့ဖွယ်အတိ...😣
သူတို့ကြည့်သော တီဗီအစီအစဉ်များကို
ကျွန်တော်က မကြည့်ချင်...အလွန်အင်မတန်မှ
ပျင်းဖို့ကောင်းပြီး ဒိတ်အောက်လွန်းသည်ဟု ခံစားရသည်...
ကျွန်တော် ကြည့်ချင်သော အစီအစဉ်များကို
သူတို့က အငယ်ဆုံးလေးမို့ ဦးစားပေး
ငယ်လေးသဘော ဟုဆိုကာ ပေးတော့ကြည့်ပါ၏...
သို့သော် ဝေဖန်သံများကို မခံစားနိုင်သဖြင့်
ကျွန်တော် တီဗီရှေ့မှ ခေါင်းငုံ့ ထလာရသည်
ချည်း...😫
နောက်ဆုံးတော့ ကျွန်တော့်မှာ mp3လေးနှင့်သာ ပိန်တိန်လိမ်တိန် အဖော်ပြုနေရသည်...😞
နောက်ပြီး...ကျွန်တော် ရယ်သောဟာသများကို သူတို့နားမလည်...တစ်ခါတစ်ခါ ပြန်ရှင်းပြရင်း
ကျွန်တော်ပါ ဘာကြောင့်ရယ်မိမှန်း မသိတော့သည်မျိုးက ခဏခဏဖြစ်သည်...😥
ထို့ပြင် ကျွန်တော်နှင့် မတည့်သည်က
ဘွားတို့ ငယ်ငယ်တုန်းကဆိုရင်...အစချီ...
ပုံပြင်မဟုတ်သော ဟိုးရှေးရှေးတုန်းက
ဇာတ်လမ်းများ...😕
ငယ်ငယ်တုန်းကတော့ ကျွန်တော် ဘယ်အချိန်
်ပြောပြော...စိတ်ဝင်တစား နားထောင်ပါသည်...သို့သော် နောက်ပိုင်း အသက်နှင့်
ကြားရသည့်အကြိမ်အရေအတွက် တိုက်ရိုက်
အချိုးကျပြီး တိုးသထက်တိုးလာတော့
ကျွန်တော် နားထောင်ရင်း မျက်ဖြူဆိုက်ချင်လာ
သည်...😰😷
စိတ်ဝင်စားအောင် ကိုယ့်ဖာသာဘယ်လို
အောင့်အည်းသည်းခံပြီး ဆွဲဆောင် ဆွဲဆောင်
မရတော့...😷
သို့သော် ကျွန်တော် Oh Sehunသည်
လူလိမ္မာမိဘများမှ ဆင်းသက်လာသော...
အမျိုးကောင်းသားပီပီ...လူကြီးများအပေါ်
ဘယ်တော့မှ ရိုင်းပျခြင်းမပြု...😔
နားမထောင်ချင်လည်း နားမထောင်ချင်ဟု
ဘယ်တော့မှ မပြော...မျက်လွှာလေးချပြီး ဟို
တွေးဒီတွေး...ငြိမ်သက်နေလိုက်သည်...😔
လိမ္မာလိုက်တာဟုလည်း တရားလွန် အမြင်
မရောက်ကြစေလိုပါ...
တစ်ချိန် ကျွန်တော် အဘွားတို့အသက်အရွယ်
ရောက်ခဲ့ရင် ဆိုသော အတွေးမျိုးဖြင့်
ကျွန်တော့်စိတ်လေးကို အချိန်ပြည့်ဆွဲဆန့်ထား
ခြင်းသာဖြစ်သည်...😖
JunMyeon Hyungကျ ဒီနေရာမှာထူးချွန်
သည်...လူကြီးများနှင့် လေပေးဖြောင့်သည်😪
အင်းလေ...ထူးပြီးတော့လည်း...ဆန်းမနေပါဘူးသူကိုယ်တိုင်က အဘိုးကြီးပေါက်စ ဖြစ်နေပြီ😪
အိမ်ပြန်ရောက်လာပြီး သိပ်မကြာ...
အဒေါ်နှင့်အတူ ဒူဘိုင်းသို့ အဖော်လိုက်သွား
ပေးရသေးသည်...
ကျွန်တော့်မှာ အလုပ်များတာ မပြောပါနဲ့တော့...
အားလုံးက...Hunnieလေး...Sehunလေး...
အငယ်ဆုံးလေးနှင့် သူတို့ ဘယ်သွားသွား ခေါ်ချင်ကြသည်...သူတို့နှင့် အတူနေစေချင်ကြ
သည်...😒
ဟင်း...
လူတိုင်း၏ အသည်းကျော်ဖြစ်ရသည်မှာ
လည်း လွယ်သည့်ကိစ္စမဟုတ်ပေ...😔
ဒီကြားထဲ နေမကောင်းက ဖြစ်လိုက်သေး
သည်...ကျောင်းပိတ်လျှင် ကျွန်တော်...
နေမကောင်းဖြစ်သည်က ထုံးစံ...
ရေချိုးကြာလျှင်လည်း အအေးပတ်သည်...
အိမ်ထမင်းအိမ်ဟင်း စားနေရင်းက ဗိုက်နာလျှင် နာသည်...အဆန်းတော့အဆန်း...😂
ထားပါတော့လေ...
နွေရာသီ၏ ထက်ဝက်ကုန်ဆုံးသွားပြီးနောက်မှာ
တော့ ကျွန်တော် အပြည့်အဝအားသွားသည်ဟု
ဆိုနိုင်သည်...
Mangaဖတ်...Hyungနှင့် ဂိမ်းကစား...remoteကို အပိုင်စီးပြီး ဟိုဘက်ဒီဘက်
လိုင်းများပြောင်း...တီဗီကြည့်...ကျောပူအောင်အိပ်...Appa ဂေါက်ရိုက်သောနေရာသို့
တစ်ခါတစ်ရံ လိုက်သွား...
ထူးတော့ထူးဆန်းသည်...
ကျွန်တော် သူ့ကို အချိန်တိုင်း မိနစ်တိုင်း
လွမ်းနေမည်ဟု ထင်ထားခဲ့သော်လည်း
တကယ်တမ်းကျ အဲလိုမဖြစ်...😔
JunMyeon Hyungနှင့် ဂိမ်းထဲတွင် ယှဉ်ချနေ
ရသည့် အချိန်များတွင် သူ့ကို ကျွန်တော် သတိမရ...
သို့သော် ဂိမ်းခလုတ်ကို ချပြီး အိပ်ရာထက်တွင်လှဲလိုက်သည်နှင့် သူ့မျက်နှာလေးကို
မြင်ယောင်လာသည်...အထူးသဖြင့် JunMyeon Hyungကို ရှုံးသွားသည့်
အခါမျိုး...😞
Omma အသည်းအသန်ဆူ၍ အင်မတန်စိတ်ညစ်နေချိန်များတွင် သူ့ကို ကျွန်တော် သတိ
မရ...
အိမ်မှထွက်ပြေးရင် ကောင်းမလား...
အစမ်း စဉ်းစားကြည့်မိသည့်အခါမျိုးတွင်တော့
သူက အရင်ဦးဆုံး ခေါင်းထဲပေါ်လာသည်...
အိမ်ပြေးလေး ကျွန်တော့်ကို သူက ကရုဏာ
သက်ပြီး သူ့အိမ်မှာ လက်ခံ...ဇာတ်လမ်းတွေ
ဖြစ်...KeKe...😁
သို့နှင့်ပင် ကျွန်တော် ပျော်သွားသည်က
များသည်...
သူ့အစွမ်းကလည်း မသေးလှ...
ကျွန်တော့်အတွေးထဲ အလည်လာရုံလေးနှင့်
ကျွန်တော့်ကို ပျော်ရွှင်အောင် လုပ်နိုင်စွမ်းပါသည်...ကျွန်တော့်ရဲ့ မှော်ဆရာလေး...😍😘
သရဲကားနှင့် Mr.Bean ကြည့်နေချိန်များတွင်
ကျွန်တော် သူ့ကို သတိမရ...
သို့သော် မီးပျက်သွားသည့်အခါ...အိမ်ရှေ့တွင်ထွက်ထိုင်၍...အမှောင်ထုကြီးကို ငေးကြည့်ရင်း
သူ့ကို ပိုးစိုးပက်စက်လွမ်းလာတတ်သည်...😩
အစာအိမ်နာတုန်းက ချွေးသီးချွေးပေါက်ကျ
အောင် ဗိုက်အောင့်နေချိန်များတွင် သူ့ကို
ကျွန်တော် သတိမရ😷
သို့သော် အနည်းငယ်သက်သာ၍ နေသာထိုင်သာရှိလာသည်နှင့် တစ်ပြိုင်နက် ကျွန်တော် သူ့ကို သတိရသည်...
ခုနေများ ကျွန်တော် သေသွားရင် သူ
စိတ်မကောင်းဖြစ်နေမလား...
အစမ်းသေကြည့်လို့ ရရင် ကောင်းမှာပဲ...
ဟူသော အတွေးမျိုးဖြစ်ပေါ်လာသည်...
အားကိုးရာမဲ့နေသည့်အခါမျိုး...
အားငယ်သွားသည့်အခါမျိုးမှ အချစ်က ပိုပြီး
သိသာသည်ထင်သည်...
လွမ်းရင် လာတွေ့ပေါ့ ဟု ပြောသွားသော...
ပန်းလေးက ဆက်သွယ်စရာ တစ်စုံတစ်ရာ
တော့ ပေးမသွားခဲ့...
ရေမကူးတတ်သော လူကို မြစ်တစ်ဖက်ကမ်းမှ
နေ၍ ဒီဖက်ကို လာခဲ့ပါလား ဟု...လှမ်းအော်
ပြောသလိုပင်...
JunMyeon Hyungကို အပူကပ်သည်မှာ
လည်းမရ...သူ့မှာ ကျောင်းသားစာရင်း ရှိနိုင်ပါ
လျက်...သူ အလိုရှိလျှင် ရနိုင်ပါလျက်...
တုတ်တုတ်မျှ မလှုပ်...
အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ခွဲခြားထားသည်
ဟုဆိုကာ ဘယ်သူမှ အထင်မကြီးသည့် သူ့
မော်နီတာအလုပ်ကို -ျီးတန်ဆာဆင်လုပ်နေ
သည်...😤
ကန်တော့ပါရဲ့...အဲဒီကိစ္စနှင့် ပက်သက်လျှင်
ကျွန်တော် သူ့ကို အသည်းပေါက်သည်...
သို့သော်...
Great Good Luck touches a person once in a lifetime ဟု ဆိုရမည်လားမသိ...
သူနှင့် ကျွန်တော် ဒီနွေပိတ်ရက်ကြီးအတွင်း တွေ့ခွင့်ရခဲ့ပါသည်...
ဖူးစာရေးက နှောင့်နှေးနေရင်တောင် ရေစက်
ကတော့ ပါသေးသည် မဟုတ်လား...😪
ထိုနေ့က...Omma ခိုင်းသဖြင့်...ကျွန်တော်...
ဟိုဘက်ရပ်ကွက် Omma သူငယ်ချင်းဆီမှ
ဇလုံသွားပြန်ယူရသည်...😂
ဂင်ချီသိပ်ရန် ဇလုံကြီးကြီး လိုချင်သည်
ဆိုသဖြင့် ငှားထားရာမှ ပြန်လာပေးရန် လူအား
မရှိသဖြင့် ပိုင်ရှင်က သွားပြန်ယူပေးရခြင်း ဖြစ်သည်...😕
Hyungကကျ...ဈေးသွားဝယ်ရသည်...
အဲဒီနေ့က
💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕
ညနေလေးနာရီခန့်...
ဂွမ်မြောင်ဒိုလမ်းထဲတွင်...နေကျချိန်မို့...
လမ်းသွားလမ်းလာများအဖို့ သက်တောင့်သက်သာ ရှိနေခဲ့သည်...
ရာသီဥတုက...မပူလွန်း မအေးလွန်း...
ကလေးများက ဘောလုံးကစားနေကြသည်...
ကျွန်တော် ဇလုံကို လက်တစ်ဖက်က ကိုင်၍
သီချင်းလေး ညည်းပြီး ကိုယ့်အတွေးနှင့်ကိုယ်
လျှောက်လာခဲ့မိသည်...
ကျွန်တော် လမ်းလျှောက်သည့်အခါ
မြေပြင်ကိုချည်းပဲ မကြည့်...
ရှေ့တည့်တည့်ကိုချည်းပဲလည်း မကြည့်...
တစ်ခါတစ်လေ တိမ်တိုက်များကို ငေးချင်ငေး
သည်...ထိုအခိုက် ကားဖြတ်သွားသည့်အခါ
အမျိုးအစားကောင်းပြီး မော်ဒယ်မြင့်လျှင်
ထိုကားကို လိုက်ကြည့်သည်...
အဝတ်အစားဆိုင်ရှေ့ရောက်လျှင် ဒီနေ့ အရုပ်ကို ဘာဝတ်ပေးထားသလဲ ဆိုတာမျိုး လေ့လာဖြစ်သည်...
တစ်ခါတစ်လေ စိတ်ကူးပေါက်လျှင်
လမ်းတစ်လမ်းထဲ ဝင်သွားပြီးနောက် ထိုလမ်းထဲရှိ အိမ်ဘယ်နှစ်အိမ်တွင် စလောင်းတပ်သလဲ ဆိုတာမျိုး ရေတွက်ကြည့်သည်...
ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု အားကောင်းသည် ဆိုပါတော့...😌
အခု...ကလေးများ ဘောလုံးကန်နေတော့
ကျွန်တော် သတိထားပြီး လျှောက်လာမိသည်...
မတော်...ကန်ချင်ရာကန်လို့ မျက်နှာလာမှန်ရင်
မခက်ပေဘူးလား...😕
ကျွန်တော်က လမ်းညာဘက်မှ ကပ်လျှောက်လာသည်...
"ဒိုင်း...ဒိုင်း...ဒိုင်း...ဒက်...ဒက်"
"အမလေးဗျ😱"
အိမ်တစ်အိမ်မှ ကျယ်လောင်သော အသံကြီး
ထွက်လာ၍...ကြည့်မိတော့ လမ်းဘက်ဘက်
ခြမ်း အိမ်တစ်အိမ်မှ တီဗီဖွင့်လိုက်သံ ဖြစ်သည်
သြော်...ငါ့နှယ်...တိုးတိုးသာသာ မကြည့်ကြဘူး
😒😒😒
ဟင်...
ထိုစဉ်...အမှတ်မထင်...ကျွန်တော် ပန်းလေးကို တွေ့လိုက်ရခြင်း ဖြစ်သည်...
သူက...ကွန်မန်ဒိုတွေလိုမျိုးအိတ်များစွာပါသည့်
ဘောင်းဘီကို ဝတ်ဆင်ထားသည်...
ဘောင်းဘီက ဒူးလောက်သာ ရှည်သည်...
အပေါ်မှ မီးခိုးဖျော့ရောင်...တီရှပ်နှင့်...
သူက ကျွန်တော့်ကို ကြည့်နေသည်...
ကျွန်တော့်ထက်အရင် ကျွန်တော့်ကိုတွေ့ပြီး
ဦးစွာ မြင်နှင့်သလိုမျိုး...
ခါတိုင်းလို ခြေလှမ်းများ ရပ်တန့်မသွားခဲ့...
သူ ဆံပင်များကို ညှပ်လိုက်သည်...
အောက်ခြေအနည်းငယ်ပါးပြီး...ဆံပင်ပျော့ပျော့
များက နဖူးထက်တွင် ဝဲကျနေသည်...
ချစ်စရာကောင်းလိုက်တာ...
ရင်ထဲကို အေးသွားတာပဲ...ပန်းလေးရယ်...
ကိုယ့်မှာ မင်းကို ချစ်မဝ...😍😍😍😍😍
သူက ကျွန်တော့်ကို ပြုံးပြသည်...
ဟင့်အင်း
သူ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေသည်...
ကလူသလို မြူသလို...မထီတထီမျက်နှာပေးနှင့်
နှုတ်ခမ်းပါးလေးများ ကော့တက်ကာ...
မျက်လုံးလေး ထောင့်ကပ်ပြီး ကျွန်တော့်ကို
လိုက်ကြည့်နေသည်...
ကျွန်တော် သူ့ရှေ့မှ လျှောက်လာရင်း
မျက်တောင်မခတ်တမ်းငေးကြည့်နေသည့်
့်တိုင်အောင်...
သူ့နံဘေးမှ ဖြတ်သန်းတော့မည့်ဆဲဆဲ...
သွားများပေါ်အောင် ပြုံးဖြီးနေမိသည့်
တိုင်အောင်...
သူက ထိုချစ်စရာ မျက်နှာပေးလေးကို ခဏ
ကလေးမျှ မရုတ်သိမ်းဘဲ တခုတ်တရ လိုက်လံ
ကြည့်နေခဲ့သည်...
ဘာပြောကောင်းမလဲ...
ကျွန်တော့်ရင်ထဲတွင် မီးရထားတစ်စင်း
ခုတ်မောင်းသွားသလို တဂျုံးဂျုံးမြည်ကာ
ဆောက်တည်ရာမရ လှုပ်ခါရမ်းနေသည်ပေါ့...😚😚😚😍😍😍
တစ်ချိန်တည်းမှာ လေထဲလွင့်နေသော ခံစားမှုမျိုးဖြင့်...ကျွန်တော် ပျော်နေသည်...😌😌
အားတင်းပြီး ဟန်ကိုယ့်ဖို့ ဆက်လျှောက်နေရ
သော်လည်း လူက နေရာမှာတင်...အရည်ပျော်ကျချင်နေပြီ...😷
တစ်စုံတစ်ရာက ကျွန်တော့်ရဲ့ ဘယ်နားမှန်း မသိတဲ့နေရာကို ဆွဲညှစ်နေသလိုမျိုး...
Oh...Gosh
ကျွန်တော် မရတော့...
တဟုန်ထိုး ပြေးထွက်ခဲ့မိသည်...
လေအဟုန်ကိုခွင်း၍...
ကျွန်တော် ဘယ်လောက်ထိ ပြေးလာခဲ့မိသည်
မသိ...ကျွန်တော့်ရင်ခုန်သံနှင့် ကျွန်တော်
အပြေးပြိုင်ခဲ့သည် ထင်သည်...
လမ်းထိပ်ရောက်တော့ ဟောဟဲဆိုက်နေပြီ...
ဟာ...Hyung...
"Hyung...အမလေး...Hyungရယ် ချစ်လိုက်တာ...မွ😚"
ဈေးခြင်းတောင်းကြီးဆွဲပြီး ရှေ့မှ အိပဲ့အိပဲ့
လျှောက်နေသော Hyungကို
ကျွန်တော် နောက်မှ ပြေးဖက်ကာ နမ်းရှုံ့လိုက်မိသည်...
"ဘာဖြစ်လာတာလဲဟ😵"
ဇလုံနှင့် ဈေးခြင်းတောင်းတို့၏ မတော်တဆ
ထိတိုက်မှုဖြင့် ကျွန်တော်တို့နှစ်ယောက်...
အနည်းငယ်တော့ ဝရုန်းသုဉ်းကား...ချာလပတ်ယမ်းသွားပါသည်...ဟီးဟီး...😁
"ကျွန်တော်...သူနဲ့ တွေ့တယ်...သူကလေ...
ကျွန်တော့်ကို ပြုံးပြီး လိုက်ကြည့်တာ...😳"
"ဘယ်သူလဲ"
သူက ဈေးခြင်းကို ပြင်ဆွဲလိုက်ပြီး...
စိတ်ရှုပ်ဟန်ဖြင့် မျက်မှောင်ကြီးကြုံ့လျက်
ကျွန်တော့်ကို ကြည့်သည်...😟
ကြည့်ပါလား...ဦးနှောက်ပါ မကောင်းတော့ဘူး😑
"ဘယ်သူ ရှိရမှာလဲ...ပန်းလေးပေါ့...ကျွန်တော့် ပန်းလေး...တကယ်...သူ ကြည့်တဲ့ပုံစံကလေ...ကျွန်တော့်ကို တွေ့ပြီး အူမြူးနေသလိုမျိုး...😎
ပြုံးပြီးတော့လေ ကျွန်တော့်ကို စချင်သလို
အဲလိုမျိုးဗျာ"
"အင်း...မျောက်အုန်းသီးရခဲ့ပြီပေါ့😏"
"ဟီးဟီး...အိမ်ရောက်မှ သေချာပြောပြမယ်...
ပေးပေး...ကျွန်တော် ကူဆွဲပေးမယ်...Hyung
က ဇလုံကိုင်😁"
"အင်း...အိမ်နားရောက်ရင် ပြန်ပေးနော်...တော်
ကြာ Omma က ပြောနေဦးမယ်"
"အင်းပါ...သိပါတယ်...Hyungရဲ့...တကယ်...
တကယ်...ကျွန်တော် ဒီနေ့ မနက်တည်းက
ကံကောင်းမယ်လို့ တော့ ထင်ပါတယ်😪😌..."
ကျွန်တော် မရပ်မနား လွှတ်နေမိသည်...
ဒီနေ့မှ...Hyungကလည်း ချောနေသည်...
ဈေးခြင်းတောင်းကလည်း ပေါ့ပေါ့လေး...
အို...ဘဝက သာယာလိုက်ပါဘိ...😊😊😊
"ဒါနဲ့ ဘာလို့ ချွေးတွေ အဲလောက် ထွက်နေတာလဲ"
"😁ဟီး...ပြေးလာလို့"
"ဟမ်...ဘာဖြစ်လို့...ခွေးလိုက်လို့လား😮"
😩😩သြော်...ဖီးလ်တွေလည်း ကြဲပါတယ်...
ရပါတယ်လေ...ဒါမျိုး ခံစားချက်တွေ သူမှ
နားမလည်ရှာတာဘဲ...😔
"ရင်ခုန်လို့...နောက်ပြီး ရှက်လို့😊😜"
ကျွန်တော် ကြည်နူးစွာပြောတော့...သူက
ကျွန်တော့်ကို နားမလည်နိုင်သလို ပါးစပ်ကြီး
ဟလျက် ကြည့်နေသည်...ထို့နောက် လက်ထဲ
စုံကိုင်ထားသော ဇလုံကြီးကို ငုံ့ကြည့်သည်...
"အဲဒါနဲ့ပဲ မင်းက ဇလုံကြီးပိုက်ပြီး ပြေးလာခဲ့
တယ်ပေါ့?😵"
"........."
သေစမ်း...
ဧရာမဇလုံကြီး ပိုက်ထားပြီး ပြုံးဖြီးဖြီး
လျှောက်လာနေသော ကျွန်တော့်ပုံစံက
ရယ်စရာကောင်းနေလို့များ...😥
"tsk...tsk...ဟပ်ထိုးလဲပြီး...သွားကျွတ်မသွားတာ ကံကောင်းတယ်...ဘာကောင်လဲကွာ"
Hyungက ခေါင်းကို ဖြည်းဖြည်းရမ်းလျက်
ထွက်သွားသည်...
အဟင့်...
"Hyung...ဒါကြောင့် သူ ပြုံးစိစိဖြစ်နေတာလား"
ကျွန်တော် ခြင်းတောင်းကိုင်ပြီး နောက်မှ လိုက်
မိသည်...ချွေးပင် ပြန်ချင်သလို ဖြစ်လာသည်...😓
"ဖြစ်နိုင်တယ်...ဘယ်အထိ ပြေးလာခဲ့တာလဲ"
"သူ့ရှေ့ကနေ Hyungကို တွေ့တဲ့အထိ"
"အမလေး...တော်တော်ရယ်ရမှာပဲ...ငါ ကြည့်
ချင်လိုက်တာ"
"မဟုတ်လောက်ပါဘူးနော်...ဇလုံကြောင့်
မဟုတ်လောက်ပါဘူးနော်...မဟုတ်ဘူးလို့
ပြောစမ်းပါ...Hyungရယ်"
"သေချာပေါက်...😌dead sure...😆
100 percent... ဟား...ဟား ငပေါကောင်"
😞😞😞
မည်သို့ပင် ဆိုစေကာမူ ထို ဇဝေဇဝါ
အခိုက်အတန့်လေးကပင် ကျွန်တော့်နွေရာသီ
အတွက် အဖိုးမဖြတ်နိုင်သော ရွှေဖြစ်ခဲ့ပါသည်
ထိုအခိုက်အတန့်လေးက အင်မတန်လှသည်...
မျဉ်းပြိုင်နှစ်ကြောင်း ဆန့်ကျင်ဘက်အရပ်ဆီမှ
အကွာအဝေး အနည်းငယ်ခြား၍ လာခဲ့ကြပြီး
ထိပ်တိုက်ဆုံတွေ့ခြင်း မရှိပါဘဲ...လှပစွာ...
ဘေးချင်းယှဉ် ဖြတ်သန်းသွားသလိုမျိုး...
ရုပ်ရှင်တွေထဲကလို တစ်လောကလုံး ရပ်တန့်ပြီး ကျွန်တော်တို့ နှစ်ယောက်ပဲ သက်ဝင်လှုပ်ရှားနေသလိုမျိုး...
သံလိုက်နှစ်ခု အပြန်အလှန်ဆွဲငင်နေသလိုမျိုး...
တကယ်ပါ...ထိုခဏ၌ ဖြစ်သွားသည့် ခံစားချက်
ကို ကျွန်တော် မပြောပြတတ်...
ဇလုံကိစ္စ အသာထားတော့...
သူ ကျွန်တော့်ကို အသိအမှတ်ပြုလိုက်သလို
ခံစားရသည်...
သမီးရည်းစားနှစ်ယောက် လမ်းမှာတွေ့သော်
လည်း တစ်ယောက်နှင့်တစ်ယောက် မသိသလို
သိသလို ဟန်ပြု၍ချစ်စနိုးကျီစယ်နေသလိုမျိုး...
ထိုအကြောင်းလေးကို ကျွန်တော့်မှာ တွေးပြီး
တသိမ့်သိမ့် ကြည်နူးရသည်...😔နောင်တလေး
ယှက်လျက်...
အမှန်ဆို ကျွန်တော် သူရှိနေသည့်
လမ်းဘယ်ဖက်ခြမ်းသို့ကူးပြီး လျှောက်ဖို့ကောင်းသည်ပေါ့...
ဒါဆို စကားလေးတစ်ခွန်းနှစ်ခွန်း နည်းနည်း
ပါးပါးပြောနိုင်မည်...အခြေအနေလေးဘာလေးလည်း တိုးတက်နိုင်သည်...ခုတော့ အရူးလို အူယားဖားယားပြေးလာခဲ့မိသည်...😖
တွေ့ရမှ ပိုလွမ်းပြတယ်လို့ ပြောချင်လည်း
ပြောကြပါစေတော့လေ...ကျွန်တော် သူ့ကို
ပိုလွမ်းသွားတာတော့ အမှန်ပါပဲ...😔
သြော်...ကျောင်းတော်ကြီးရယ် ဖွင့်ပါတော့...
ကျွန်တော် သူ့ကို လွမ်းလှပြီ...
Czytaj Dalej
To Też Polubisz
228K 15K 46
5.4K 988 21
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
578K 110K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
267K 47.1K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)