တကယ်တော့...အဝေးကြီး ဝေးပါသေးသည်...😞😞😞
စိတ်ကူးနင့်လက်တွေ့က များစွာကွာခြားမှန်း
ကျွန်တော် တဖြည်းဖြည်း လက်ခံလာရသည်...
သူနှင့် ကျွန်တော့်အခြေအနေက တိုးတက်လာ
သည်တော့ မှန်ပါသည်...
ကျွန်တော်၏ အားထုတ်မှုကြောင့် ယခုဆိုလျှင်
ကျွန်တော် သူ့ကို သဘောကျနေမှန်း...
ချိန်နေမှန်း ဆရာများမှလွဲ၍...ဟိုဘက်ခန်းရော ဒီဘက်ခန်းပါ ကောင်းစွာ သိနေကြပြီ ဖြစ်သည်
သူ့ကိုတွေ့လျှင် ကျွန်တော့်နာမည်ခေါ်၍
ကျွန်တော့်ကိုတွေ့လျှင် သူ့နာမည်ခေါ်၍
စနောက်သည့်ကိစ္စမျိုးက နိစ္စဓူဝ ဖြစ်နေပြီ...
ချစ်တယ်လို့...မပြောရမီကပင် ကျွန်တော် သူ့ကို
ချစ်မှန်း သိနေကြပြီ...😌
ဒါက တိုးတက်မှုများ...
ခက်သည်က ပန်းလေး၏ စိတ်ကို ခန့်မှန်းရခက်
ခြင်းပင်...😥
သူ့စိတ်ကို ခန့်မှန်းရသည်က မိုးလေဝသခန့်မှန်းချက်များ နားထောင်ရသည်နှင့် တူသည်...ယနေ့နေသာမည်ဟုပြောပြီး မိုးရွာချင်လည်း ရွာသည်...😩
များသောအားဖြင့် တစ်ရက်ခြားတစ်ခါ
ကျွန်တော့်ကို ချေသည်...😞
ကျွန်တော်နှင့် သူ ကင်န်တင်းမှာ တွေ့သည်
ဆိုပါစို့...
ကျွန်တော် သူနှင့် တစ်ပုံစံတည်း လိုက်ဝယ်
သည်ကို အမှတ်မထင် တွေ့လိုက်ရလျှင် ဖြတ်ခနဲ
ကြည်နူးပြုံးမျိုးကို သူ့ဆီမှာ ဖမ်းဆုပ်မိသည်...😊
နောက်တစ်နေ့...အဲလိုတွေ့ကြည့်ပါလား...
မျက်စောင်းကြီး ဒိုင်းခနဲ ထိုးပြီး...သူ့လက်ထဲမှ
အအေးဘူးကို မဝယ်တော့ဘဲ ပစ်ချသွားတတ်သည်...😞
နောက်...နာမည်ခေါ်သည့်ကိစ္စ...
သူ ကျွန်တော်တို့ အတန်းရှေ့မှ ဖြတ်သွားလျှင်...
ဟိုမှာ...Sehunလာနေပြီဟု မကြားတကြား
ပြောသည့်ကောင်များ တစ်ကောင်မဟုတ် တစ်ကောင်ရှိသည်...
သူကလည်း မျက်မှန်ဝိုင်းလေးနဲ့ စချင်စရာ...
ဖြူဖြူသေးသေး ချစ်စရာလေးမလား...😙
ထိုသို့ စသည့်အခါ တစ်ခါတစ်ရံ နားရွက်လေးများနီ၍...မြန်မြန်လျှောက်သွားတတ်သည်...
သို့သော် တစ်ခါက...ခေါ်လိုက်သော
ကောင်ရှေ့သို့သွား၍...ခပ်တည်တည်နှင့် ရှုတင်းတင်းကြည့်ကာ...
"ငါ့ကို အဲလိုမခေါ်နဲ့ 😡"
ဟု စိတ်ဆိုးမာန်ဆိုး...သူပြောဖူးသည်...
လူသာ ငယ်သည်...ဒေါသက မငယ်...
ထိုအခါ ကျွန်တော့်မှာ ပွဲထိန်းရတော့သည်ပေါ့...
"မင်းတို့ကလည်း သူမကြိုက်တာကို
အဲလိုမလုပ်ကြပါနဲ့ကွာ😔😔😔"
"အဲဒါ မင်းကြောင့်လေ အရူးကောင်ရဲ့😤😤😤"
ခပ်စူးစူး အော်သံနှင့် ခက်ထန်သော
အကြည့်တစ်ချက်ကို ကျွန်တော် ပြန်ရသည်😥
ကျွန်တော် သူ့ကို ချစ်သည် မှန်သော်လည်း
ဒီကောင်တွေကိုတော့ သူ့ကိုတွေ့ရင် ငါ့နာမည်
ခေါ်ကြ လို့ မစည်းရုံးခဲ့ရိုးအမှန်ပါ...😞
ကျွန်တော်က...စိတ်ထဲမှနေ၍ သူ့ကို ပန်းလေးလို့ ခေါ်၍ သူကတော့ လူရှေ့သူရှေ့၌
ဘွင်းဘွင်းရှင်းရှင်းပင်...ကျွန်တော့်အား
အရူးကောင်ဟု ခေါ်သည်...
ထားပါတော့လေ...
ဒါက သူနဲ့ကျွန်တော့်ကြားက ချိုချိုချဉ်ချဉ်
ဆက်စပ်မှုလေးတွေပေါ့...
ချစ်ကြပြီဆိုတော့...
ဆောရီး...😁
နီးစပ်ချိန်မတန်သေးပေမယ့်
ဖူးစာပါတဲ့သူတွေဆိုတော့...😌
အဖြစ်အပျက်များကလည်း တိုက်ဆိုင်မှုတွေ
ရှိလာသည်...
ကျွန်တော့် ခုံနံပါတ်ကို နှစ်ဖြင့်မြှောက်လျှင်...
သူ့ခုံနံပါတ် ဖြစ်သွားသည်မျိုး...😪
အစကတော့ အဲဒီလို မဟုတ်...ဒီကြားထဲ
ကျောင်းသားအချို့ ကျောင်းပြောင်းသဖြင့်...
သူ့ခုံနပါတ်က ပြောင်းသွားသည်...
ကျွန်တော်က 29...သူက 58...
ကျွန်တော့်ကို နှစ်ဖြင့် မြှောက်လျှင် အချစ်ရသည်
ပဲ ဆိုရမလား...😌😊
နောက်...ကျွန်တော် အနွေးထည်ဝတ်လာသည့်
နေ့...သူလည်း အနွေးထည်ဝတ်လာသည်မျိုး...
သေချာစဉ်းစားကြည့်...
ကျွန်တော်တို့အတန်းနှင့် ဟိုဘက်အတန်းပေါင်း
လူ ကိုးဆယ့်ငါးယောက်ရှိသည်...
မိုးအနည်းငယ်သာ အေးသော နေ့တစ်နေ့တွင် အနွေးထည် ဝတ်လာသူ လေးယောက်...
ဒီလို တော်ရုံတန်ရုံ အအေးဓာတ်နှင့်...
ယောက်ျားလေးများ အနွေးထည် မဝတ်ကြ...
ထိုအထဲတွင်...
ကျွန်တော်က သဘောကျနေသော သူ ပါဝင်၍ သူကလည်း...စဉ်းစားမိနေသော ကျွန်တော် အတူတကွ ပါဝင်နေခြင်းမှာ သာမန်ဖြစ်ရပ်
တစ်ခုတော့ မဟုတ်ပေ...destiny ဆိုတာမျိုး
မယုံမရှိပါနှင့်...miracleဆိုသော အရာများ
တကယ်ဖြစ်လာနိုင်ကြောင်း ကျွန်တော်
ယုံကြည်လာခြင်းမှာ ထိုသို့သော ဆန်းကြယ်မှုများကြောင့် ဖြစ်သည်...😌
နောက်တစ်ခုက
တစ်ခါတစ်ရံ...Physics Labခန်းထဲ...
နှစ်ခန်းပေါင်း၍ ဝင်ရသည့်အခါ...သူနှင့်
ကျွန်တော် နောက်ကျောချင်းကပ် ကျသည်မျိုး...
ဒါကတော့...သူငယ်ချင်းများ၏...စေ့ဆော်
တွန်းတိုက်မှုများကြောင့်လည်း ပါသည်...
ထိုအချိန်မျိုးတွင် သူက...စားပွဲပေါ် ရှိရှိသမျှ
ပစ္စည်း ကောက်ကိုင် ပြန်ချ လုပ်တတ်၍
ကျွန်တော်ကတော့ အသံညှိခက်ရင်းခွတစ်ချောင်း လက်ထဲကိုင်ရင်း စားပွဲခုံအား တဒေါင်ဒေါင် ခေါက်လျက်...အုန်းလွဲမတတ်...
သူ့ဘက်လှည့်ရသည်မှာ အမော...
ဆရာပြောချင်တာပြော...
ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ့်အာရုံနှင့်ကိုယ် လုပ်ချင်တာ လုပ်ကြသည်...😅
ကျွန်တော် အကြိုက်ဆုံးတစ်ခုကတော့
သူ အသစ်ဝယ်လိုက်သော ဖိနပ်က
ကျွန်တော်စီးနေကျ ဖိနပ်နှင့် အရောင်ရော
တံဆိပ်ပါတူနေခြင်းပင်...
အမှန်တော့ ဒါတိုက်ဆိုင်တာမဖြစ်နိုင်...
သူ ကျွန်တော့်လို လိုက်ဝယ်တာပဲ ဖြစ်နိုင်သည်
"ဖိနပ်က ကိုယ်နဲ့တူတူပဲနော်...လိုက်ဝယ်ထားတာလား...😁"
"ဖြစ်ရတယ်...ရူးတာလည်း ကြည့်ရူး 😒"
ဟီဟိ...အသိသာကြီးပါ...
ထားပါတော့လေ...
ချစ်သူက ဘူးဆိုလျှင် ကျွန်တော်က...
ဖရုံမသီးချင်...
ကမ္ဘာကြီးက အပြွတ်လိုက်ကြီး ဖြစ်တည်တာပါဆိုလျှင်တောင် ကျွန်တော်က ပန်းလေး
ဘယ်အပြွတ်မှာ နေချင်သလဲဟု သူ့နှဖူးလေးကို နမ်း၍ မေးချင်သည်...😚
တိုက်ဆိုင်မှုများကဖြင့် ပြော၍ ကုန်မည်မထင်...
ပန်းလေးနှင့် ပက်သက်၍ မထင်မှတ်ထားသော တစ်ချက်က...သူက...ဘတ်စကတ်ဘော
ကစားရသည်ကို နှစ်သက်သည်...
ကျောင်းမှ...ဘတ်စကတ်ဘောလုံးကလပ်
အတွက် အဖွဲ့ဝင်သစ်တွေ စုဆောင်း
တော့...သူ ပါဝင်ဖို့စာရင်းပေးလိုက်သည်ဟု
ကျွန်တော် ကြားရသည်...
သူ့ပုံစံလေးနှင့် ဘတ်စကတ်ဘောလုံး
မာမာကြီးကို ပုတ်ပုတ်ပြီး ကစားနိုင်ပါ့မလားဟု
ကျွန်တော် စိုးရိမ်မိသေးသည်...
ခဏ...ဒီနေရာမှာ ကျွန်တော် သူ့ကို အထင်သေး
ခြင်း မဟုတ်ရပါဟု ဦးစွာ ရှင်းပြချင်ပါသည်...
ကျွန်တော့်စိတ်နှင့် ကျွန်တော် ခိုင်းနှိုင်းလိုက်ခြင်း
သာ ဖြစ်၏...
ကျွန်တော်က ရုပ်ရည်အရ ကျောင်း၏ Top Ten စာရင်းတွင် အလိုအလျောက် ပါဝင်လာရသော်လည်း...အားကစားဘက်တွင် ပါရမီမထူးချွန်လှပါ...အင်း...ပါရမီမပါဟုပဲ ဆိုကြပါစို့...😪
ငယ်စဉ်က...သူငယ်ချင်းများနှင့်အတူ
ဘောလုံးကစားခဲ့ဖူးသည်...
သို့သော် ဘောလုံးနှင့်ခြေထောက် ထိရသည်မရှိ
ဘဲ ကွင်းပတ်ပြေးနေရသည်ပဲ များသည်မို့...
အိမ်မှာပြေးလည်း ရပါသည်ဟု သဘောထားကာ ကျွန်တော် စွန့်လွှတ်လိုက်သည်...😔
ဘတ်စကတ်ဘောလည်း...အလယ်တန်း
စစတက်ချင်းတုန်းက ကစားခဲ့ဖူးသည်ပေါ့...
သို့သော် မတော်တဆ မျက်နှာလာမှန်ပြီး
ကတည်းက ကျွန်တော် နောက် ဘယ်တော့မှ မဆော့ဟု သန္နိဋ္ဌာန်ချမှတ်လိုက်သည်...😔
ဒီနောက်ပိုင်း...
ကျွန်တော် အများဆုံးလုပ်ဖြစ်သော အားကစား
ကို ပြပါဆိုလျှင် လမ်းလျှောက်ခြင်းသာ ရှိသည်...
😔😔😔
ထားပါတော့...ပန်းလေးအကြောင်း ဆက်ပြောမည်...
ဒီလိုနဲ့...သူ ဘတ်စကတ်ဘောကလပ်ထဲ
ဝင်တော့...ညနေပိုင်း ကျွန်တော့် အချိန်များကို
ကျောင်းတောင်ဘက်မှ ဘတ်စကတ်ဘောကွင်း
ထံ ဖဲ့ပေးရသည်...😪
သူ လေ့ကျင့်တိုင်း...ကျွန်တော် ထိုင်ခုံလေးမှာ
ထိုင်၍ ကြည့်ရသည်ပေါ့...နံဘေးတွင်တော့
JunMyeon Hyung...😌
သူက ကျွန်တော် မပါလျှင် အိမ်ပြန်ဖို့ permit
မရသူမို့...စာအုပ်တစ်အုပ်နှင့် တဗျစ်တောက်
တောက် ထိုင်နေတတ်သည်...ဒီလောက် ဆူညံ
နေသည့်အထဲ ဒီစာအုပ်ကြီး ဘာလုပ်ဖို့ ယူလာသလဲတော့ မပြောတတ်...
ဟုတ်တာလည်း မဟုတ်...😒😒😒
ထားပါတော့လေ
ဘတ်စကတ်ဘော ကစားနေသည့်အချိန်များက
ပန်းလေးအတွက် အပျော်ဆုံးအချိန်တွေ ဖြစ်နေမလားဟု မကြာခဏဆိုသလို...
ကျွန်တော် တွေးမိသည်...😍
အလိုမကျသလို ခပ်မှိုင်းမှိုင်းဖြစ်နေတတ်သော မျက်နှာလေးက ဒီလိုအချိန်ရောက်လျှင်တော့
ကြည်လင်နေတတ်သည်...မျက်မှန်အောက်တွင် အကျဉ်းကျနေတတ်သော မျက်လုံးလေးများကလည်း ရှင်းလင်းကြည်လင်လို့
ပေါ့ပါးလွတ်လပ်စွာ ရယ်မော နေတတ်သည်...
ကျွန်တော် ကြည့်နေသည်ကိုလည်း သတိမရ
တော့...အနေရမခက်တော့...
ကျွန်တော့်ကို လုံးဝ လျစ်လျုရှုနိုင်သွားသည်ဟု ဆိုရမည်...😂
ကိစ္စမရှိ...
ဘတ်စကတ်ဘောကို ကြည့်မရသော်လည်း
သူ့အပြုံးလေးကို ချစ်သည်...😚😘
သြော်...ချစ်သူ့မျက်နှာ ရယ်ရယ်မောမောလေး
တွေ့ရတော့လည်း အချေခံရတာတောင် မေ့နေတဲ့အဖြစ်...😂
တကယ်ပါ...
သူ ဘတ်စကတ်ဘော ကစားနေသည်ကို
တမေ့တမော ငေးကြည့်နေရသော
ကျွန်တော့်အဖြစ်က...ဟိုး အလွန်အင်မတန်
ဝေးကွာလှသည့်...မဟူရာကောင်းကင်နက်ကြီးထက်မှ ကြယ်ပွင့်လေးများ ကြွေဆင်းလာလေ
မလား...မျှော်တလင့်လင့် စောင့်ဆိုင်းနေမိသည့်
ကြယ်ကြွေကောက်သူ တစ်ဦးနှင့် တူသည်...
အင်းလေ...တစ်ချိန်ချိန်မှာတော့...သူ့နဖူးထက်က ချွေးစလေးတွေကို ကျွန်တော် ကိုယ်တိုင်
လက်ကိုင်ပဝါလေးနဲ့ တယုတယသုတ်ပေးရ
တဲ့ နေ့ ရောက်လာမှာပါ...😔
💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕
ကျွန်တော် အရှေ့ကပြောခဲ့သလိုပင်...
ပန်းလေးတွင် ရင်းနှီးလှသော အပေါင်းအသင်း
အများကြီး မရှိ...
တကယ်တမ်း စိတ်ရောကိုယ်ပါပေါင်းသည်ဟု ပြောရမည့် သူငယ်ချင်းက တစ်ယောက်သာ ရှိသည်...
သူ့နာမည်က Byun BaekHyun...
ပျော်ပျော်နေတတ်သည်...စကားများသည်...
နိုး...စကားရှည်သည်...
သူတို့ ဘယ်လိုသူငယ်ချင်း ဖြစ်ကြသလဲတော့
မပြောတတ်...personalityက တခြားစီလိုပင်
သူ့ကိုလည်း Kim Kaiမှ တဆင့် ကျွန်တော့်မှာ
စည်းရုံး ပေါင်းသင်းထားရသည်...လွယ်တော့ မလွယ်...ကျွန်တော့် စုဆောင်းထားသော
မုန့်ဖိုးလေး၏ ထက်ဝက် Lotteriaတွင်
တက်တက်ပြောင်သွားသည်...
အဲဒီနေ့က...Kim Kaiရယ်...ကျွန်တော်ရယ်...
Byun BaekHyunရယ်...Hyungရယ်...
အားလုံးစာကို ကျွန်တော်က ဒကာခံရသည်😅
ဒါတောင် Byun BaekHyunက သိပ်ပြီး
ကြည်ကြည်ဖြူဖြူ မဟုတ်...😂
ပေါင်ချိန်က အမှန်တရား၏ ဘက်တော်သားဆို သူက
သစ္စာတရားနှင့် ပန်းလေး၏ ဘက်တော်သား
"Luhanက မသိတဲ့သူသာ အေးတယ် ထင်
ရတာ..."
သူက...ပက်စီကို သောက်ချင်သလို မသောက်ချင်သလို နှုတ်ခမ်းစွတ်ရုံလေး စွတ်လျက် စားပွဲ
ပေါ် ပြန်ချလိုက်ရင်း ပြောသည်...
"Hyung...မနက်ဖြန် ဆရာ KangIn လာမှာလား😁"
သူက ပထမဦးဆုံးအကြိမ်အဖြစ် JunMyeon Hyungကို ပြုံးပြလျက် မေးသည်...
ဟင်...စကားက ဘယ်ရောက်သွားတာလဲဟ😟
"အင်း...လာမယ် ထင်တယ်...ဆရာ နေကောင်း
သွားပြီလို့ ပြောတယ်"
"အိုး...ဂေါ့ဒ်...သွားပါပြီ😰"
"ခု...နက အကြောင်းလေး ဆက်ပြောပါလား"
"Luhan?...အင်း...ဘာပြောရမှာလဲ😪ဲ"
မျက်နှာပေးက...မော်နီတာကို တစ်မျိုး...
ကျွန်တော့်ကို တစ်မျိုး...
Oh Sehunလေးရယ်...😩
မင်းဟာ လူတကာရဲ့ အနှိမ်ခံလေးများလားကွာ
"သြော်...ဘာပဲဖြစ်ဖြစ်...သူ့အကြောင်းဆို
အကုန် သိချင်တယ်...ပြော...ပြော...ပြောသာ
ပြော...ဘာဂါလည်းစား😄😁"
ကျွန်တော် သူ့ရှေ့သို့ အစားအသောက်များကို တိုးပေးမိသည်...သူက...အကြံရခက်ပုံဖြင့် နှဖူး
ကို ကုတ်သည်...😷
"အင်း...ငါ...က အဲလိုဆို ဘာပြောရမှန်း မသိဘူး...ခေါင်းစဉ် ပိုင်းပေးလေ...ဒါဆို ငါ ပြောမယ်"
အမယ်လေးဟဲ့...ဒါလေး ပြောပြရမှာကိုများ
စာမေးပွဲအတွက် စပေါ့ပေးဖို့ မျက်နှာချိုသွေး
နေရသလိုပဲ😣
"သူ့မှာ စိတ်ဝင်စားနေတဲ့သူ ရှိလား"
"အင်း...ငါ မသိဘူး...အဲဒါနဲ့ ပက်သက်ပြီး သူ
ငါ့ကို မပြောဘူး...အင်း...ဟုတ်တယ်...အဲလိုပဲ"
သူက...ပုခုံးတွန့်ပြလျက်...ဘာဂါကို တစ်ကိုက်ကိုက်လိုက်သည်...
"ဒါဆို မရှိဘူးလို့ပဲ ယူဆလိုက်တော့မယ်😔
ရတယ်မလား"
သူက အစားအသောက်အစီအစဉ်မှ အစီအစဉ်တင်ဆက်သူတစ်ဦးလို...အရသာရှိရှိ...စိမ်ပြေနပြေ... ဝါးနေရင်းမှ လက်ကာပြသည်...
"ဘာဖြစ်လ့ိုလဲ...အဲလိုမရဘူးလား😨"
သူက နင်သွားသည့်ဟန်ဖြင့် ရင်ဘတ်ထုလျက်
ပက်စီကို တစ်ငုံသောက်ပြန်သည်...
အအေးဘူး သူ့နှုတ်ခမ်းဆီရောက်ဖို့နှင့် စားပွဲခုံ
ပေါ် ပြန်ရောက်ဖို့ အသွားအပြန် လက်အလှမ်းမှာ...ကျွန်တော် နှစ်ဘဝလောက် ကူးသွားနိုင်
သည်...ထင်ရသည်...
ရင်တွေ ပူလှပြီ...😷😷😷
"ဒါတော့ မင်းအပိုင်းလေ ငါနဲ့မဆိုင်ဘူး😂"
တယ် ...ဒါလေးပြောဖို့အရေး 😫😫😫
"မင်းအကြောင်းလည်း တစ်ခါတစ်ခါ
ပြောပါတယ်"
"ဟင်...ဟုတ်လား...ဘာပြောလဲ😮"
"နှာဘူးထတဲ့အကြောင်းပေါ့...သူက အိုဗာတင်း
မကြိုက်ဘူးကွ...😪"
"အင်း...သူ ကော်ဖီကြိုက်တာလေ...
ငါသိတယ်😌"
ကျွန်တော် ကိုယ့်ကိုယ်ကို အနည်းငယ် ဂုဏ်ယူမိလျက် ပြောလိုက်သည်...
ဒါ ရေးပေးပါကျေးဇူးတွေ😎😎😎
"လခွမ်း...အလွန်အကျူးဖြစ်တာတွေ မကြိုက်ဘူး ပြောတာ..."
"သြော်...😷"
"နောက်ပြီး အသန့်ကြိုက်တယ်"
ဒါကတော့...ကျွန်တော့်အတွက် အထူးအထွေ
ပြင်ဆင်စရာမလို...သူနှင့်ကျွန်တော် တူသည်...
ဟင်း...ဒါလည်း ဖူးစာပါပဲ...😌
"ဒီလောက်ပဲ...တော်ရောပေါ့..."
ဟင်...မေးခွန်းကဖြင့် တစ်ခုပဲ မေးရသေးတယ်😦
"နောက်...ငါ့ကို ခဏခဏ မခေါ်နဲ့နော်...ငါ
မအားဘူး😕"
သြော်...ကျွေးလည်း ကျွေးရသေး...😩
ဒီလိုနှင့်ပဲ...ကျွန်တော့်မှာ မြူးလိုက် ရူးလိုက် ထူးလိုက် လူးလိုက်နှင့်...အချိန်များ တဖြည်းဖြည်း
အငွေ့ပျံသွားသည်...
သူနှင့်ကျွန်တော့်ကြား အကွာအဝေးလေး
တစ်ခုရှိနေဆဲ...
ကျွန်တော်က ရှေ့တိုးမည် ကြိုးစားလိုက်...
သူက ဗျူဟာတွေခင်းပြလိုက်...
ကျွန်တော့်မှာ အထိတ်တလန့် တပ်ပြန်ဆုတ်သွားလိုက်နှင့်...
အရာရောက်အောင်လည်း နီးမလာ...
အကွာကြီးလည်း ဝေးမသွား...
ဟိုလိုဒီလိုလေး...မှန်းရခက်ခက် အခြေအနေ
လေးနှင့် အလယ်တန်းနောက်ဆုံးနှစ် ကုန်ဆုံး
သွားခဲ့သည်...😑
ကိစ္စမရှိ...
အခုချစ်၍ အခုပြန်ချစ်သော ဟတ်ချလောင်း
ချစ်ခြင်းမေတ္တာများကို ကျွန်တော် မယုံကြည်...
သူ...ကျွန်တော့်အချစ်ကို ဆန်းစစ်ဖို့ အချိန်လို
လိမ့်မည်...နောက်...ကျွန်တော့်အကြောင်းကို
လည်း သူ လေ့လာဖို့လိုပါလိမ့်ဦးမည်...
အင်းပေါ့...ကျွန်တော့်မှာ ဒီလိုပဲ မှတ်ယူရမည်
ပေါ့...😞😞😞
စာမေးပွဲနီးတော့ ကျွန်တော် စာကို အရင်နှစ်
ထက် နှစ်ဆခွဲ ပို၍ ကြိုးစားဖြစ်သည်...
အထက်တန်း အခန်းခွဲတဲ့အခါ အရည်အချင်းနှင့်
ခွဲလိမ့်မည်ဟူသော Hyung စကားကြောင့်
ကျွန်တော် စာပိုလုပ်ဖြစ်သည်...
ပန်းလေးနှင့် ကျွန်တော် အခန်းတူနိုင်ဖို့အရေး...
ကျွန်တော့် တစ်ခုတည်းသော အိပ်မက်လေး...
စာမေးပွဲနောက်ဆုံးနေ့...
နောက်ဆုံးဘာသာ ဖြေပြီး ခေါင်းလောင်းထိုး
တော့ ကျွန်တော် အရင်လို မပျော်နိုင်...
ရင်ထဲ ပြိုချင်သလို...ငိုချင်သလို...
အားလပ်ရက်များအတွက် ပျော်ရွှင်မိသော်
လည်း လွမ်းဒဏ်ခံနိုင်ပါ့မလား စိုးရိမ်စိတ်က
တငင့်ငင့်...
မသေချာ မရေရာသော မနက်ဖြန်များ😥
ကျွန်တော် အခန်းထဲမှ ခပ်သုတ်သုတ်ထွက်...
လွယ်အိတ်လေးလွယ်၍ စာသင်ခန်းရှေ့ချထား
သော သူ့လွယ်အိတ်လေးကို ကောက်ယူလွယ်ကာ စောင့်နေမိသည်...
သူ ဘယ်လိုပဲ တုံ့ပြန်ပါစေ...ကျွန်တော်
သူ့မျက်နှာလေး အဝကြည့်သွားချင်သည်...
စကားလေး တစ်ခွန်းလောက် ပြောခွင့်ရချင်
သည်...
"ရေး...စာမေးပွဲပြီးပြီကွ...yehet"
သြော်...Kim Kaiတို့ များ...နည်းနည်းပါးပါးအိန္ဒြေမဆယ်...သွား အချောင်းနှစ်ဆယ်
လောက် ပေါ်အောင်ပြုံး၍ အတန်းပြင်သို့
ဒန့်ဒလွန်ဒွန့်ပြီးထွက်လာသည်...😟
ဘာများ အဲလောက် ပျော်စရာရှိလို့လဲကွာ...
အဓိပ္ပာယ်မဲ့ နေ့ရက်တွေပါ...💔
"ဘာလို့လဲ...Sehun...မဖြေနိုင်ဘူးလား"
"ဟာ...ဖြေနိုင်ပါတယ်..."
"မသိဘူးလေ မင်းရုပ်ကြီးက ပုပ်နေတော့"
ကျွန်တော် ရှင်းပြမနေချင်တော့...😣
သကောင့်သားကို လျစ်လျူရှုထားလိုက်သည်...
ဟော...ဟိုမှာ ပန်းလေး...
အချို့ကျောင်းသားများက ပြေးထွက်လာကြ
သည်...အချို့က ခပ်မှန်မှန်...အချို့က အော်ဟစ်
အဖြေတိုက်နေကြသည်...
ပန်းလေးက ကျွန်တော့်ပုခုံးထက်မှ
သူ့လွယ်အိတ်ကို မြင်တော့ ကျွန်တော့်ထံ
လျှောက်လာသည်...သူ့မျက်နှာတွင်လည်း
အပြုံးမတွေ့ရ...
သူလည်း ကျွန်တော့်ကို လွမ်းနေမလားနော်😢
ကျွန်တော်...သူ့လွယ်အိတ်လေးကို ကမ်းပေး
လိုက်မိသည်...
ခွဲရတော့မယ် အချစ်ရေ...
ကြုံရဆုံရ လူ့ဘဝမှာ
ကျွန်တော် သက်ပြင်းမောတစ်ခုကို ဖြည်းညင်း
စွာ ချမိသည်...
"ပိတ်ရက်တွေက ရှည်လိုက်တာ...ကိုယ်တော့
လွမ်းရတော့မှာပဲ"
ရယ်သံလွင်လွင်လေး ထွက်ပေါ်လာသည်...
ကျွန်တော် မျက်လွှာချထားရာမှ မော့ကြည့်မိ
သည်...
ဟုတ်ပါရဲ့...သူ ကျွန်တော့်ကို စေ့စေ့ကြည့်၍
ရယ်နေသည်...
စီတန်းနေသော သွားဖွေးဖွေးလေးများ
ပေါ်အောင်...
ကျွန်တော် ဖတ်သော mangaထဲမှ
ဇာတ်ဆောင်ကောင်မလေးနှင့် တူသထက်တူ
အောင်...
ကျွန်တော့် အသည်းကို ဖြတ်ခနဲ လှစ်ခနဲ အိခနဲဆွဲဆွဲညှစ်ပြီးကို ရယ်နေသည်...
ကြည့်စမ်း...ဒါ ရယ်စရာပါသလား...
"ဘာကို လွမ်းမှာလဲ"
"မင်းကိုလေ"
ဗွေဆော်ဦး နွေဦးလေပြေနှင့်အတူ ကျွန်တော့်
နှလုံးသား ညက်ညောစွာ ကြွေဆင်းသွားသည်ပဲ ဆိုကြပါစို့...
"လွမ်းရင် လာတွေ့ပေါ့...ဘာများ ခက်လို့လဲ"
မျက်တောင်ကော့ရရော့ကြီးများကို ပုတ်ခတ်
ပုတ်ခတ်ပြု၍ ပန်းနုရောင် ပြုံးတုံ့တုံ့ နှုတ်ခမ်းပါး
မှ ထွက်ကျလာသော စကားလုံးလေးများကို
ကျွန်တော် နွေရာသီတစ်လျှောက်လုံး
ကယောင်ကတမ်း ရေရွတ်နေခဲ့မိသည်
ဆိုခင်ဗျားတို့ ယုံမလား...
တစ်ခါတစ်ရံ...ကျွန်တော်တစ်ယောက်သာ
သိအောင် တိုးတိုးညင်းညင်း...သူ ပြောတတ်
သော အကြင်နာ စကားလေးများ ရှိသည်...
ထိုစကားလေးများကပဲ ကျွန်တော့်ကို အခုလို
လူသိရှင်ကြား ပွဲတိုင်းကျော် အချေခံ
အချစ်ရူးကြီး ဖြစ်နေစေသည်ပဲ ဆိုပါတော့...
ကျွန်တော် ထင်ပါသည်...
ကျွန်တော့်စကားကို ယုံမည့်သူ ဦးရေကို
လက်ချိုးရေ၍ရလိမ့်မည်...ဒါမှမဟုတ်...
တစ်ယောက်မှ မရှိသည်လည်း ဖြစ်နိုင်သည်...
ကိစ္စမရှိ...
သူ...ကျွန်တော့်ကို ချစ်သည်ကတော့ ကျွန်တော်
သိသော အမှန်တရားပင် ဖြစ်ပါသည်...