ZAWGYI
ကၽြန္ေတာ့္အိမ္ကေန ျပန္လာၿပီးေနာက္ သုံးရက္ေျမာက္ေန႔ျဖစ္သည္။
"BaekHyun ျမန္ျမန္လုပ္"
ေက်ာင္းက ျပန္လာၿပီးၿပီးခ်င္း ေရမိုးခ်ိဳး၊အဝတ္လဲကာ အျပင္ျပန္ထြက္ဖို႔ ျပင္ဆင္
ေနရေသာ ကၽြန္ေတာ့္ကို သူက စိတ္မရွည္သလို ေျပာသည္။
"ျမန္ျမန္လုပ္၊ အခုေန ထြက္မွ ပြဲကို အခ်ိန္မီေရာက္မွာ"
သူ႔ပါးစပ္က ကၽြန္ေတာ့္ကို ျမန္ျမန္လုပ္ဖို႔ တြန္းေနသလို သူ႔လက္ကလည္း နက္တိုင္ကို အေသအခ်ာစည္းရင္း အလုပ္မ်ားေနသည္။
ကၽြန္ေတာ့္မွာေတာ့ အသားကပ္ေျခအိတ္အမည္းကို မနည္းစြပ္ေနေလရ၏။
"ပိတ္ရက္မွလုပ္ရင္ ရရဲ့သားနဲ႔ ေက်ာင္းဖြင့္ရက္ႀကီးကို လာဖိတ္ရသလား"
ကၽြန္ေတာ္ ႀကိဳးမပါေသာ အနီေရာင္ဖဲဂါဝန္ကို
ဝတ္ၿပီး ေနာက္ေက်ာကဇစ္ကို မမွီမကမ္းဆြဲေနရာမွ မေက်မနပ္ေရရြတ္မိသည္။
"ငါလည္း အရင္ကတည္းက ဒီလိုပဲသြားခဲ့တာ။ငယ္ငယ္တည္းက တက္စရာပြဲေတြ ဖိတ္ထားရင္ သြားတက္လိုက္တာပဲ။ မင္းလို ပြစိပြစိေျပာမေနခဲ့ဘူးေနာ္"
ဇစ္ကို ဆြဲေနတဲ့ ကၽြန္ေတာ့္လက္ေခ်ာင္းေတြေပၚကို ေရာက္လာတဲ့ သူ႔ရဲ့လက္ေခ်ာင္းေတြ။
ကၽြန္ေတာ္ ေၾကာင္အေနမိတဲ့ တခဏအတြင္းမွာပဲ ဇစ္က တပ္ၿပီးသားျဖစ္သြားရတယ္။
"ျမန္ျမန္ျပင္ၿပီး ထြက္လာခဲ့ေတာ့"
အလ်င္အျမန္ ဇစ္တပ္ေပးသြားေသာ သူ႔အျပဳအမူေၾကာင့္ ကၽြန္ေတာ့္မွာေတာ့ မ်က္လုံးအျပဴးသားနဲ႔သာ က်န္ေနခဲ့ရသည္။
~~~
"ပ်င္းစရာေကာင္းလိုက္တာ"
ဇာတ္စင္ေပၚမွာ ေဖ်ာ္ေျဖေနေသာ ျပဇာတ္သည္ ကၽြန္ေတာ့္မ်က္ခြံေတြကို ေလးလံေစသည္။
ကၽြန္ေတာ္တို႔ကို ဖိတ္ထားေသာပြဲသည္ ဤသို႔ေသာ ပြဲပင္ျဖစ္သည္။ ေတာ္ဝင္မိသားစုအတြက္ သီးသန႔္ဖိတ္ထားေသာ ပြဲျဖစ္သျဖင့္ ChanYeolရဲ့ မိဘမ်ားနဲ႔ Yura noonaလည္း ပါလာေသးသည္။
ေဘးမွာထိုင္ေနေသာ ChanYeolကို ၾကည့္လိုက္ေတာ့ သူက ျပဇာတ္ကို စိတ္ပါဝင္စားစြာ ၾကည့္ေနသည္။ ကၽြန္ေတာ္တစ္ေယာက္တည္းသာ အိပ္ငိုက္ေနသည္ထင္၏။
ဒါေပမဲ့ ကၽြန္ေတာ္တို႔ရဲ့ အေရွ႕တန္းမွာ ထိုင္ေနသည့္ Yura noonaကို ျမင္ေတာ့ ကၽြန္ေတာ္ အားတက္သြားရသည္။ ငိုက္ျမည္းေနသည္မွာ ကၽြန္ေတာ္တစ္ေယာက္တည္းမဟုတ္သည္မို႔။
"႐ုပ္ပ်က္ေလာက္ေအာင္ သမ္းမေနနဲ႔ကြာ"
ChanYeolက ကၽြန္ေတာ့္ကို တံေတာင္နဲ႔တြတ္ၿပီး သတိေပးသည္။
"ပ်င္းစရာႀကီးကို"
"ပ်င္းလည္း ခဏပဲသည္းခံၿပီး ၾကည့္ေပး"
"မရေတာ့ဘူး။ ငါ့မ်က္ခြံေတြက ေအာက္ကိုက်ေနၿပီ။ ဒီမွာၾကည့္၊ ေတြ႕လား"
ေလးလံေနေသာ မ်က္ခြံကို လက္ညႇိုးထိပ္နဲ႔အတင္းပင့္ရင္း သူ႔ဘက္ကို လွည့္ကာ ျပလိုက္ေတာ့ သူက ကၽြန္ေတာ့္မ်က္ႏွာကို ညင္ညင္သာသာပင္ လက္နဲ႔ တြန္းဖယ္ပစ္သည္။ မသိရင္ေတာ့ ခ်စ္ဇနီးေလးကို က်ီစယ္ေနသလိုမ်ိဳးေပါ့။
"အဲ့လိုမလုပ္နဲ႔၊ ႐ုပ္ဆိုးတယ္"
"သိပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ႐ုပ္ဆိုးမွန္း"
ျပဇာတ္က ပ်င္းစရာေကာင္းရတဲ့ၾကားထဲ သူက တေမွာင့္။ စိတ္ဓာတ္က်ေအာင္ လာလုပ္ေနျပန္ၿပီ။
"အဟမ္း! မင္း အိပ္ခ်င္ရင္ ငါ့ပခုံးကို ခဏငွားလို႔ ရတယ္"
လူအမ်ားေရွ႕မွာမို႔ သူက ၾကင္နာခ်င္ေယာင္ေဆာင္သည္။
"ေတာ္ပါၿပီ၊ ငါ သန္႔စင္ခန္းခဏသြားလိုက္ဦးမယ္"
"သက္ေတာ္ေစာင့္မိန္းကေလးတစ္ေယာက္ေလာက္ ေခၚသြား"
ကၽြန္ေတာ္ သူ႔စကားကို မၾကားခ်င္ေယာင္ေဆာင္ကာ ထြက္လာခဲ့လိုက္သည္။
'ငါ လိုက္ခဲ့ေပးမယ္'ဆိုတဲ့ စကားတစ္ခြန္းကို ေမၽွာ္လင့္ေနခဲ့မိတဲ့ ကၽြန္ေတာ္ပဲ ႐ူးတာပါေလ။
"အိပ္ခ်င္လိုက္တာ"
သန္႔စင္ခန္းထဲမွာ ကိစၥမၿပီးခင္တည္းက မ်က္လုံးေတြက အတင္းပိတ္ခ်င္ေနၿပီ။
မျဖစ္ေသးပါဘူး။ အိမ္ေရွ႕မင္းသမီးေလးက
အိမ္သာထဲမွာ အိပ္ေပ်ာ္သြားတယ္ဆိုၿပီး နာမည္ႀကီးသြားရင္ ဒုကၡ!
မ်က္လုံးကို အတင္းျဖဲထားကာ ကိစၥၿပီးေအာင္ အျမန္ရွင္းရသည္။ ေဘစင္မွာ လက္ေဆးေနသည့္အခ်ိန္မွာလည္း မ်က္လုံးတို႔က ဆႏၵျပေနျပန္သည္။ ဒီရက္ပိုင္း စာေမးပြဲအတြက္ စာလုပ္ေနရတာမို႔ အိပ္ေရးပ်က္ခဲ့ရသည္မွာ တစ္ညႏွစ္ညမကေတာ့ေပ။ ေန႔တိုင္း နံနက္အေစာႀကီးထရၿပီး ညတိုင္း အိပ္ေရးပ်က္ရသျဖင့္ ကၽြန္ေတာ့္ရဲ့ ခႏၶာကိုယ္က မခံနိုင္ေတာ့ၿပီထင္ပါရဲ့။
"ေအးကြာ၊ တစ္မိနစ္ေလာက္ပဲ"
ကၽြန္ေတာ္ မခံနိုင္ေတာ့သည့္အဆုံး သန္႔ရွင္းေျပာင္လက္ေနသည့္ သန္႔စင္ခန္းၾကမ္းျပင္ေပၚမွာ ေျခေထာက္ဆင္းထိုင္လိုက္ၿပီး အနီေရာင္ေဒါက္ဖိနပ္ေလးကို ခၽြတ္လိုက္သည္။
ေလ့က်င့္ထားေပမဲ့ စီးေနမက်တာမို႔ ေျခေထာက္က ကိုက္လာျပန္သည္။ နံရံကို ေခါင္းမွီကာ စိတ္ကိုေလၽွာ့ခ်လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အိပ္မက္ကမၻာသည္ ကၽြန္ေတာ့္အား ဆီးႀကိဳေနသေယာင္။
ကၽြန္ေတာ္ တစ္မိနစ္ေလာက္ပဲ ေအးေအးေဆးေဆး အိပ္လိုက္ခ်င္သည္။
ကၽြန္ေတာ့္ရဲ့ အိပ္မက္ထဲမွာ ChanYeolက
အေနာက္တိုင္းက အိမ္ေရွ႕မင္းသားဝတ္စုံကို ဝတ္ထားသည္။ အဲ့ဒီ၀တ္စုံက သူနဲ႔ လိုက္ဖက္လြန္းၿပီး
ၾကည့္ေကာင္းသည္။ ခံ့ညားသည္ထက္ပင္ ပိုေသးသည္။
"သူ အခုထိ ျပန္ထြက္မလာေသးတာလား"
ChanYeolရဲ့ အသံကို ခပ္တိုးတိုးၾကားေနရသည္။
သူက ေရာင္စုံပန္းခင္းႀကီးကို ျဖတ္ေလၽွာက္ကာ
ကၽြန္ေတာ့္ဆီကို တန္းတန္းမတ္မတ္လာေနသည္။ သူ႔ေဘးမွာ ေခ်ာေခ်ာလွလွမိန္းကေလးေတြ ဝိုင္းေနေသာ္ျငား သူက ကၽြန္ေတာ္တစ္ေယာက္တည္းကိုပဲ ၾကည့္ရင္း ေလၽွာက္လာခဲ့သည္။
"ေနပါေစ၊ ကၽြန္ေတာ္ တစ္ေယာက္တည္းပဲ ဝင္သြားလိုက္မယ္"
ဒါက တကယ္ပဲ ChanYeolရဲ့အသံလား။
ကၽြန္ေတာ့္နားထဲမွာ တျဖည္းျဖည္း နီးလာတဲ့ ဖိနပ္သံကို ၾကားေနရတယ္။
အိပ္မက္ထဲမွာ ChanYeolက ကၽြန္ေတာ့္အနား ေရာက္လာၿပီး ေဘးမွာဝင္ထိုင္သည္။ ၿပီးေတာ့
ကၽြန္ေတာ့္ေခါင္းေလးကို လက္နဲ႔ အသာဆြဲယူကာ သူ႔ပခုံးေပၚ တင္လိုက္သည္။ သူ႔ပခုံးက်ယ္က်ယ္က ကၽြန္ေတာ့္အတြက္ သီးသန္႔ဖန္တီးေပးထားသလို အံဝင္ခြင္က်ျဖစ္ေနခဲ့သည္။
"ဒီလိုေနရာမွာလည္း အိပ္ေပ်ာ္တာပဲလား"
သူ႔အသံကို ထပ္ၾကားရျပန္ၿပီ! ဒါက အိပ္မက္ထဲက အသံလား။
အိပ္မက္ထဲမွာ ကၽြန္ေတာ္က ChanYeolရဲ့ပခုံးေပၚမွာ အိပ္ေပ်ာ္လုနီးနီးျဖစ္ေနၿပီ။
"အဲ့ေလာက္ေတာင္ ပင္ပန္းေနတာလား"
ပန္းေပါင္းစုံရဲ့ေမႊးရနံ့က ကၽြန္ေတာ့္ႏွာေခါင္းထဲ တိုးဝင္လာသည္။ ေလျပည္ေလညင္းေလးကလည္း ႏူးႏူးညံ့ညံ့တိုက္ခတ္လို႔။ ေနျခည္ေႏြးေႏြးက ကၽြန္ေတာ္တို႔ႏွစ္ေယာက္အေပၚကို သာယာစြာျဖန္႔က်က္လို႔။
႐ုတ္တရက္ ကၽြန္ေတာ့္ နဖူးေပၚမွာ ခံစားလိုက္ရတဲ့ ေႏြးေထြးမႈတစ္ခု။ ကၽြန္ေတာ္ထင္တာမမွားဘူးဆိုရင္ ဒီေႏြးေထြးတဲ့ အထိအေတြ႕က သူ႔ရဲ့ ႏႈတ္ခမ္းထူထူေလးပဲျဖစ္ရမယ္။
မၿပီးဆုံးပါနဲ႔ဦး။ ဒီအိပ္မက္လွလွေလးကို ဆက္မက္ခ်င္ေသးတယ္။ ကၽြန္ေတာ့္ကို နိုးထခြင့္မေပးပါနဲ႔ဦး။ ေက်းဇူးျပဳၿပီး နိုးထခြင့္မေပးပါနဲ႔။
"ဟင့္အင္း!!!'"
အလန္႔တၾကားနိုးလာတဲ့ေနာက္ ကၽြန္ေတာ္ဟာ လက္ေတြ႕ဘဝထဲ ျပန္လည္ေရာက္ရွိလာခဲ့သည္။ ကၽြန္ေတာ္ဟာ သန္႔စင္ခန္းထဲက ၾကမ္းျပင္ေပၚမွာပဲ ရွိေနေသးသည္။
"BaekHyun "
ေနပါဦး။ ဒါ ChanYeolအသံ။
သူက ဒီကို ဘယ္လိုေရာက္လာတာလဲ။ ဒါ အိပ္မက္လား။ တကယ္လား။
လွည့္ၾကည့္မိေတာ့ သူက ကၽြန္ေတာ့္ေဘးမွာ။
သန္႔စင္ခန္းၾကမ္းျပင္ေပၚမွာ ဒူးတစ္ေခ်ာင္းေထာင္လ်က္ ထိုင္ေနကာ နံရံကို မွီထားသည္။
"ငိုေနတာလား"
သူေျပာမွ ပါးျပင္ကို လက္နဲ႔ ကမန္းကတမ္းျပန္စမ္းၾကည့္မိေတာ့ လက္ေခ်ာင္းထိပ္မွာ စိုစြတ္စြတ္ အထိအေတြ႕ေတြ။
မ်က္ရည္ေတြပဲ!
"အခုေလာက္ဆို ျပဇာတ္ၿပီးေလာက္ၿပီ။ ျမန္ျမန္ထြက္ခဲ့ေတာ့"
သူက ထိုင္ေနရာမွ မတ္တပ္ထရပ္လိုက္ၿပီး သူ႔အကၤ်ီအိတ္ကပ္ထဲက လက္ကိုင္ပဝါကို ကၽြန္ေတာ့္လက္ထဲ ထည့္ေပးလာသည္။
"မင္းေခါင္းက ေတာ္ေတာ္ေလးတာပဲ။ ငါ့ရဲ့ပခုံးတစ္ျခမ္း နာသြားၿပီ"
ဘယ္ဘက္ပခုံးကို လက္နဲ႔ ႏွိပ္နယ္ရင္း အျပင္ထြက္သြားေသာ သူ႔ကို ကၽြန္ေတာ္ နားမလည္နိုင္စြာ ေၾကာင္ၾကည့္ေနမိသည္။
ကၽြန္ေတာ္ သူ႔ပခုံးေပၚမွာ အိပ္ေပ်ာ္ေနခဲ့သည္မွာ
အိပ္မက္ထဲက ၾကည္ႏူးစရာ ျဖစ္ရပ္ေလးတစ္ခုသက္သက္ပဲ မဟုတ္ဘူးလား။ ဒါေပမဲ့ တကယ္ပဲ အျပင္မွာ ျဖစ္ခဲ့တာလား။
သူ အငွားေပးခဲ့ေသာ ပခုံးတစ္ဖက္။
သူ ညင္သာစြာ ေပးခဲ့ေသာ အနမ္းတစ္ပြင့္။
ကၽြန္ေတာ့္ပါးျပင္ႏွစ္ဖက္က ႐ုတ္တရက္ ပူေႏြးလာကာ ရင္ဘတ္ထဲလည္း ရထားအစင္းတစ္ရာေလာက္ ခုတ္ေမာင္းသြားသလို။ မွန္ထဲက ကၽြန္ေတာ့္ ပုံရိပ္ကေတာ့ ေက်နပ္စြာ ျပဳံးေနခဲ့သည္။
~~~
UNICODE
ကျွန်တော့်အိမ်ကနေ ပြန်လာပြီးနောက် သုံးရက်မြောက်နေ့ဖြစ်သည်။
"BaekHyun မြန်မြန်လုပ်"
ကျောင်းက ပြန်လာပြီးပြီးချင်း ရေမိုးချိုး၊အဝတ်လဲကာ အပြင်ပြန်ထွက်ဖို့ ပြင်ဆင်
နေရသော ကျွန်တော့်ကို သူက စိတ်မရှည်သလို ပြောသည်။
"မြန်မြန်လုပ်၊ အခုနေ ထွက်မှ ပွဲကို အချိန်မီရောက်မှာ"
သူ့ပါးစပ်က ကျွန်တော့်ကို မြန်မြန်လုပ်ဖို့ တွန်းနေသလို သူ့လက်ကလည်း နက်တိုင်ကို အသေအချာစည်းရင်း အလုပ်များနေသည်။
ကျွန်တော့်မှာတော့ အသားကပ်ခြေအိတ်အမည်းကို မနည်းစွပ်နေလေရ၏။
"ပိတ်ရက်မှလုပ်ရင် ရရဲ့သားနဲ့ ကျောင်းဖွင့်ရက်ကြီးကို လာဖိတ်ရသလား"
ကျွန်တော် ကြိုးမပါသော အနီရောင်ဖဲဂါဝန်ကို
ဝတ်ပြီး နောက်ကျောကဇစ်ကို မမှီမကမ်းဆွဲနေရာမှ မကျေမနပ်ရေရွတ်မိသည်။
"ငါလည်း အရင်ကတည်းက ဒီလိုပဲသွားခဲ့တာ။ငယ်ငယ်တည်းက တက်စရာပွဲတွေ ဖိတ်ထားရင် သွားတက်လိုက်တာပဲ။ မင်းလို ပွစိပွစိပြောမနေခဲ့ဘူးနော်"
ဇစ်ကို ဆွဲနေတဲ့ ကျွန်တော့်လက်ချောင်းတွေပေါ်ကို ရောက်လာတဲ့ သူ့ရဲ့လက်ချောင်းတွေ။
ကျွန်တော် ကြောင်အနေမိတဲ့ တခဏအတွင်းမှာပဲ ဇစ်က တပ်ပြီးသားဖြစ်သွားရတယ်။
"မြန်မြန်ပြင်ပြီး ထွက်လာခဲ့တော့"
အလျင်အမြန် ဇစ်တပ်ပေးသွားသော သူ့အပြုအမူကြောင့် ကျွန်တော့်မှာတော့ မျက်လုံးအပြူးသားနဲ့သာ ကျန်နေခဲ့ရသည်။
~~~
"ပျင်းစရာကောင်းလိုက်တာ"
ဇာတ်စင်ပေါ်မှာ ဖျော်ဖြေနေသော ပြဇာတ်သည် ကျွန်တော့်မျက်ခွံတွေကို လေးလံစေသည်။
ကျွန်တော်တို့ကို ဖိတ်ထားသောပွဲသည် ဤသို့သော ပွဲပင်ဖြစ်သည်။ တော်ဝင်မိသားစုအတွက် သီးသန့်ဖိတ်ထားသော ပွဲဖြစ်သဖြင့် ChanYeolရဲ့ မိဘများနဲ့ Yura noonaလည်း ပါလာသေးသည်။
ဘေးမှာထိုင်နေသော ChanYeolကို ကြည့်လိုက်တော့ သူက ပြဇာတ်ကို စိတ်ပါဝင်စားစွာ ကြည့်နေသည်။ ကျွန်တော်တစ်ယောက်တည်းသာ အိပ်ငိုက်နေသည်ထင်၏။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အရှေ့တန်းမှာ ထိုင်နေသည့် Yura noonaကို မြင်တော့ ကျွန်တော် အားတက်သွားရသည်။ ငိုက်မြည်းနေသည်မှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်သည်မို့။
"ရုပ်ပျက်လောက်အောင် သမ်းမနေနဲ့ကွာ"
ChanYeolက ကျွန်တော့်ကို တံတောင်နဲ့တွတ်ပြီး သတိပေးသည်။
"ပျင်းစရာကြီးကို"
"ပျင်းလည်း ခဏပဲသည်းခံပြီး ကြည့်ပေး"
"မရတော့ဘူး။ ငါ့မျက်ခွံတွေက အောက်ကိုကျနေပြီ။ ဒီမှာကြည့်၊ တွေ့လား"
လေးလံနေသော မျက်ခွံကို လက်ညှိုးထိပ်နဲ့အတင်းပင့်ရင်း သူ့ဘက်ကို လှည့်ကာ ပြလိုက်တော့ သူက ကျွန်တော့်မျက်နှာကို ညင်ညင်သာသာပင် လက်နဲ့ တွန်းဖယ်ပစ်သည်။ မသိရင်တော့ ချစ်ဇနီးလေးကို ကျီစယ်နေသလိုမျိုးပေါ့။
"အဲ့လိုမလုပ်နဲ့၊ ရုပ်ဆိုးတယ်"
"သိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးမှန်း"
ပြဇာတ်က ပျင်းစရာကောင်းရတဲ့ကြားထဲ သူက တမှောင့်။ စိတ်ဓာတ်ကျအောင် လာလုပ်နေပြန်ပြီ။
"အဟမ်း! မင်း အိပ်ချင်ရင် ငါ့ပခုံးကို ခဏငှားလို့ ရတယ်"
လူအများရှေ့မှာမို့ သူက ကြင်နာချင်ယောင်ဆောင်သည်။
"တော်ပါပြီ၊ ငါ သန့်စင်ခန်းခဏသွားလိုက်ဦးမယ်"
"သက်တော်စောင့်မိန်းကလေးတစ်ယောက်လောက် ခေါ်သွား"
ကျွန်တော် သူ့စကားကို မကြားချင်ယောင်ဆောင်ကာ ထွက်လာခဲ့လိုက်သည်။
'ငါ လိုက်ခဲ့ပေးမယ်'ဆိုတဲ့ စကားတစ်ခွန်းကို မျှော်လင့်နေခဲ့မိတဲ့ ကျွန်တော်ပဲ ရူးတာပါလေ။
"အိပ်ချင်လိုက်တာ"
သန့်စင်ခန်းထဲမှာ ကိစ္စမပြီးခင်တည်းက မျက်လုံးတွေက အတင်းပိတ်ချင်နေပြီ။
မဖြစ်သေးပါဘူး။ အိမ်ရှေ့မင်းသမီးလေးက
အိမ်သာထဲမှာ အိပ်ပျော်သွားတယ်ဆိုပြီး နာမည်ကြီးသွားရင် ဒုက္ခ!
မျက်လုံးကို အတင်းဖြဲထားကာ ကိစ္စပြီးအောင် အမြန်ရှင်းရသည်။ ဘေစင်မှာ လက်ဆေးနေသည့်အချိန်မှာလည်း မျက်လုံးတို့က ဆန္ဒပြနေပြန်သည်။ ဒီရက်ပိုင်း စာမေးပွဲအတွက် စာလုပ်နေရတာမို့ အိပ်ရေးပျက်ခဲ့ရသည်မှာ တစ်ညနှစ်ညမကတော့ပေ။ နေ့တိုင်း နံနက်အစောကြီးထရပြီး ညတိုင်း အိပ်ရေးပျက်ရသဖြင့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က မခံနိုင်တော့ပြီထင်ပါရဲ့။
"အေးကွာ၊ တစ်မိနစ်လောက်ပဲ"
ကျွန်တော် မခံနိုင်တော့သည့်အဆုံး သန့်ရှင်းပြောင်လက်နေသည့် သန့်စင်ခန်းကြမ်းပြင်ပေါ်မှာ ခြေထောက်ဆင်းထိုင်လိုက်ပြီး အနီရောင်ဒေါက်ဖိနပ်လေးကို ချွတ်လိုက်သည်။
လေ့ကျင့်ထားပေမဲ့ စီးနေမကျတာမို့ ခြေထောက်က ကိုက်လာပြန်သည်။ နံရံကို ခေါင်းမှီကာ စိတ်ကိုလျှော့ချလိုက်သည်နှင့်တစ်ပြိုင်နက် အိပ်မက်ကမ္ဘာသည် ကျွန်တော့်အား ဆီးကြိုနေသယောင်။
ကျွန်တော် တစ်မိနစ်လောက်ပဲ အေးအေးဆေးဆေး အိပ်လိုက်ချင်သည်။
ကျွန်တော့်ရဲ့ အိပ်မက်ထဲမှာ ChanYeolက
အနောက်တိုင်းက အိမ်ရှေ့မင်းသားဝတ်စုံကို ဝတ်ထားသည်။ အဲ့ဒီ၀တ်စုံက သူနဲ့ လိုက်ဖက်လွန်းပြီး
ကြည့်ကောင်းသည်။ ခံ့ညားသည်ထက်ပင် ပိုသေးသည်။
"သူ အခုထိ ပြန်ထွက်မလာသေးတာလား"
ChanYeolရဲ့ အသံကို ခပ်တိုးတိုးကြားနေရသည်။
သူက ရောင်စုံပန်းခင်းကြီးကို ဖြတ်လျှောက်ကာ
ကျွန်တော့်ဆီကို တန်းတန်းမတ်မတ်လာနေသည်။ သူ့ဘေးမှာ ချောချောလှလှမိန်းကလေးတွေ ဝိုင်းနေသော်ငြား သူက ကျွန်တော်တစ်ယောက်တည်းကိုပဲ ကြည့်ရင်း လျှောက်လာခဲ့သည်။
"နေပါစေ၊ ကျွန်တော် တစ်ယောက်တည်းပဲ ဝင်သွားလိုက်မယ်"
ဒါက တကယ်ပဲ ChanYeolရဲ့အသံလား။
ကျွန်တော့်နားထဲမှာ တဖြည်းဖြည်း နီးလာတဲ့ ဖိနပ်သံကို ကြားနေရတယ်။
အိပ်မက်ထဲမှာ ChanYeolက ကျွန်တော့်အနား ရောက်လာပြီး ဘေးမှာဝင်ထိုင်သည်။ ပြီးတော့
ကျွန်တော့်ခေါင်းလေးကို လက်နဲ့ အသာဆွဲယူကာ သူ့ပခုံးပေါ် တင်လိုက်သည်။ သူ့ပခုံးကျယ်ကျယ်က ကျွန်တော့်အတွက် သီးသန့်ဖန်တီးပေးထားသလို အံဝင်ခွင်ကျဖြစ်နေခဲ့သည်။
"ဒီလိုနေရာမှာလည်း အိပ်ပျော်တာပဲလား"
သူ့အသံကို ထပ်ကြားရပြန်ပြီ! ဒါက အိပ်မက်ထဲက အသံလား။
အိပ်မက်ထဲမှာ ကျွန်တော်က ChanYeolရဲ့ပခုံးပေါ်မှာ အိပ်ပျော်လုနီးနီးဖြစ်နေပြီ။
"အဲ့လောက်တောင် ပင်ပန်းနေတာလား"
ပန်းပေါင်းစုံရဲ့မွှေးရနံ့က ကျွန်တော့်နှာခေါင်းထဲ တိုးဝင်လာသည်။ လေပြည်လေညင်းလေးကလည်း နူးနူးညံ့ညံ့တိုက်ခတ်လို့။ နေခြည်နွေးနွေးက ကျွန်တော်တို့နှစ်ယောက်အပေါ်ကို သာယာစွာဖြန့်ကျက်လို့။
ရုတ်တရက် ကျွန်တော့် နဖူးပေါ်မှာ ခံစားလိုက်ရတဲ့ နွေးထွေးမှုတစ်ခု။ ကျွန်တော်ထင်တာမမှားဘူးဆိုရင် ဒီနွေးထွေးတဲ့ အထိအတွေ့က သူ့ရဲ့ နှုတ်ခမ်းထူထူလေးပဲဖြစ်ရမယ်။
မပြီးဆုံးပါနဲ့ဦး။ ဒီအိပ်မက်လှလှလေးကို ဆက်မက်ချင်သေးတယ်။ ကျွန်တော့်ကို နိုးထခွင့်မပေးပါနဲ့ဦး။ ကျေးဇူးပြုပြီး နိုးထခွင့်မပေးပါနဲ့။
"ဟင့်အင်း!!!'"
အလန့်တကြားနိုးလာတဲ့နောက် ကျွန်တော်ဟာ လက်တွေ့ဘဝထဲ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျွန်တော်ဟာ သန့်စင်ခန်းထဲက ကြမ်းပြင်ပေါ်မှာပဲ ရှိနေသေးသည်။
"BaekHyun "
နေပါဦး။ ဒါ ChanYeolအသံ။
သူက ဒီကို ဘယ်လိုရောက်လာတာလဲ။ ဒါ အိပ်မက်လား။ တကယ်လား။
လှည့်ကြည့်မိတော့ သူက ကျွန်တော့်ဘေးမှာ။
သန့်စင်ခန်းကြမ်းပြင်ပေါ်မှာ ဒူးတစ်ချောင်းထောင်လျက် ထိုင်နေကာ နံရံကို မှီထားသည်။
"ငိုနေတာလား"
သူပြောမှ ပါးပြင်ကို လက်နဲ့ ကမန်းကတမ်းပြန်စမ်းကြည့်မိတော့ လက်ချောင်းထိပ်မှာ စိုစွတ်စွတ် အထိအတွေ့တွေ။
မျက်ရည်တွေပဲ!
"အခုလောက်ဆို ပြဇာတ်ပြီးလောက်ပြီ။ မြန်မြန်ထွက်ခဲ့တော့"
သူက ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး သူ့အင်္ကျီအိတ်ကပ်ထဲက လက်ကိုင်ပဝါကို ကျွန်တော့်လက်ထဲ ထည့်ပေးလာသည်။
"မင်းခေါင်းက တော်တော်လေးတာပဲ။ ငါ့ရဲ့ပခုံးတစ်ခြမ်း နာသွားပြီ"
ဘယ်ဘက်ပခုံးကို လက်နဲ့ နှိပ်နယ်ရင်း အပြင်ထွက်သွားသော သူ့ကို ကျွန်တော် နားမလည်နိုင်စွာ ကြောင်ကြည့်နေမိသည်။
ကျွန်တော် သူ့ပခုံးပေါ်မှာ အိပ်ပျော်နေခဲ့သည်မှာ
အိပ်မက်ထဲက ကြည်နူးစရာ ဖြစ်ရပ်လေးတစ်ခုသက်သက်ပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ တကယ်ပဲ အပြင်မှာ ဖြစ်ခဲ့တာလား။
သူ အငှားပေးခဲ့သော ပခုံးတစ်ဖက်။
သူ ညင်သာစွာ ပေးခဲ့သော အနမ်းတစ်ပွင့်။
ကျွန်တော့်ပါးပြင်နှစ်ဖက်က ရုတ်တရက် ပူနွေးလာကာ ရင်ဘတ်ထဲလည်း ရထားအစင်းတစ်ရာလောက် ခုတ်မောင်းသွားသလို။ မှန်ထဲက ကျွန်တော့် ပုံရိပ်ကတော့ ကျေနပ်စွာ ပြုံးနေခဲ့သည်။
~~~
To be continued