Fan Boy Is Just A Fan Boy
By mhuu99
18.7K 2.1K 135
This fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ fee... More
Fan Boy Is Just A Fan Boy Ch-1
Fan Boy Is Just A Fan Boy Ch-2
Fan Boy Is Just A Fan Boy Ch-3
Fan Boy Is Just A Fan Boy Ch-4
Fan Boy Is Just A Fan Boy Ch-5
Fan Boy Is Just A Fan Boy Ch-6
Fan Boy Is Just A Fan Boy Ch-8
Fan Boy Is Just A Fan Boy Ch-9
Fan Boy is Just A Fan Boy Ch-10
Fan Boy is Just A Fan Boy Ch-11
Fan Boy Is Just A Fan Boy Ch-12
Fan Boy Is Just A Fan Boy Ch-13
Fan Boy Is Just A Fan Boy Ch-14
Fan Boy Is Just A Fan Boy Ch-15
Fan Boy Is Just A Fan Boy Ch-16(The Last Part)
Fan Boy Is Just A Fan Boy Ch-7
1K 129 13
By mhuu99
Unicode (Zawgyi below)
Jaehyun 's POV
"အားးးး ငါသိပြီကွ"
"ဘာလဲကွာ လန့်လိုက်တာ"
"ငါအခုမှအကြံရတယ် ငါ manager ဝင်လျှောက်ရင်ရော??"
"မင်းလိုပရမ်းပတာကောင်ကမန်နေဂျာဝင်လျှောက်လို့ရမလား"
"ငါ့ကိုအထင်သေးတာလား အဲလိုလားမင်းက"
"ဟုတ်တယ် အဲလိုပဲ"
"အဲလိုပဲ ဆိုစောင့်ကြည့်နေလိုက် ငါ SM ထဲကိုမရရအောင်ဝင်ပြမယ်"
"ဟျောင့် အပြောမကြီးစမ်းနဲ့အခုတောင် audition ရှုံးလာပြီးတော့"
ကျနော် Yuta လည်ပင်းကိုညှစ်လိုက်တယ်
"ဟျောင့် ဖယ်စမ်း ငါသေရင်မင်းကိုလာခြောက်မှာ"
အချစ်တစ်ခုတည်းကြောင့် ဇွဲမလျှော့တဲ့ယောကျ်ားဆိုကျနော်တစ်ယောက်တည်းရှိနိုင်မယ်ထင်တယ်။ ကျနော် manager လျှောက်ဦးမယ်ဆိုတဲ့ အတွေးက Taeyong နားကိုထပ်မံချဉ်းကပ်ဖို့အိပ်မက်အတွက်အလင်းရောင်တစ်ခုတော့ပေးခဲ့တယ်
"မင်းသေရင် ငါ SM ရောက်နေလောက်ပြီ သိလား"
"ရူးတာဆေးတောင်မနိုင်ဘူး"
"ငါအတည်ပြောနေတာကွ ငါ manager ဝင်လုပ်မယ် "
"မင်း manager လျှောက်မယ်ဆိုလည်းလျှောက် ဒါပေမာ့်အခုတော့ စိတ်ဆန္ဒတွေကိုအောင့်ထားလိုက်ဥိး final exam က၂ လပဲလိုတော့တာ"
"၂လကြီးများတောင်"
"၂လ ကြီးများတောင်လုပ်မနေနဲ့ ငါတို့စာနဲ့ဆို အဲ့၂လကနည်းတောင်နည်းနေသေးတယ် စာမေးပွဲပြီးမှ manager ဝင်လျှောက်"
Yuta ပြောတာလည်းမှန်ပါသည်...
ကျနော် ၂လတော့ထပ်သည်းခံဖို့လိုသေးတယ်
Jaehyun 's POV end
***************
After 3 months
Taeyong 's POV
"ကဲ Ramen ရပါပြီ "
"Woww!!! စားမယ် စားမယ်"
"ငါတို့အဖွဲ့ထဲမှာ မီးဖိုချောင်နဲ့ရင်းနှီးတဲ့ Taeyong hyung ရှိနေတာကံကောင်းတယ်" - HaeChan
"မင်းတို့ငါ့ကိုဒီလိုပဲမြှောက်ပြီး ခိုင်းစားနေကြတာမလား"
"အဲလိုလည်းမဟုတ်ရပါဘူး hyung ရာ"- HaeChan
"ငါမီးဖိုချောင်ဝင်ရင်မင်းတို့လာကူလို့လား"
"ဟာာ မင်းအဲလိုမပြောနဲ့လေ မင်းဘေးမှာအမြဲကူနေတဲ့ငါကဘာဖြစ်သွားလဲ" -Taeil
"ကျနော်လည်း ကူပါတယ်နော်" -WinWin
"ငါ့မှာ မင်းတို့ကောင်တွေကိုလည်းထိန်းရသေးတယ်"
"ကျနော်တို့လားးး" -Mark
"အကုန်လုံးပဲ"
"ဟာာဗျာ ခေါင်းဆောင်ကြီးကလဲ power လာပြနေပါပြီ" - Jaemin
"ငါတို့ကလည်း power ပြမယ့်လူတွေနဲ့ပဲတိုးနေတယ်" -Jisung
"ဟုတ်ပအခုလည်းငါတို့အတွက် manager ပြောင်းမယ်ဆိုလား ဘာလား" -Renjun
"ဟင် ဟုတ်လား ငါတို့လည်းဘာမှမသိရပါလား" - Ten
"ဟာ hyung မသိသေးဘူးလား ကျနော်တို့ကို manager ပြောင်းမှာ" -Jeno
"ဟူတ်လားးး ငါလည်းမသိဘူး ဘယ်သူတဲ့လဲ" -Do Young
"SM ကမဟုတ်ဘူးတဲ့ အခုမှ SM ကိုဝင်လာတဲ့သူလို့ပြောတာပဲ ကျနော်တို့လည်းမမြင်ဖူးသေးဘူး" -Mark
"ဒါဆို ငါတို့ကရော??" -Taeil
"Hyung တို့တော့မသိဘူးးး ကျနော်တို့ NCT Dream အတွက်ပဲဆိုလား ဘာလား" -Jaemin
"မနက်ဖြန် ကျနော်တို့နဲ့မိတ်ဆက်ပေးမယ်တဲ့ "- Renjun
"သဘေကောင်းတဲ့မဟုတ်ပါစေနဲ့"
"ဟာာာ Taeyong hyung ကလဲ" -NCT Dream
"ဟုတ်တယ်လေ မင်းတို့လိုမျောက်တွေနဲ့ သဘောကောင်းတဲ့ manager ဆိုသေမှာ ငါတောင် မင်းတို့နဲ့တင် သေမလိုရှင်မလိုဖြစ်နေတာ"
"ပြောလိုမရဘူးနော် CEO ကြီးက မျက်စိကျပြီး hyung တို့ကိုပါ အဲ့ manager လက်ထဲအပ်မယ်ဆိုရင်ရော??? အဲလိုလည်းဖြစ်လာနိုင်တာပဲ" -Chenle
"အို အို မင်းတို့ကသိပ်စိတ်ကူးတတ်တာပဲ"
"ဘာမှန်းမသိဘူး Taeyong hyung အကျင့်မကောင်းဘူး" -Jeno
Taeyong 's POV End
****************
At tomorrow's morning
Jaehyun 's POV
ဘုရားသခင်
မယုံနိုင်စရာပါလားးး ကျနော် Jaehyun ဆိုတဲ့ကောင်က korea ကိုရောက်နေပါပြီပေါ့လားးးး
ခရီးဆောင် lagguage တစ်လုံးကိုဆွဲလျက် Korea ဟူသောမြေကြီးပေါ်ခြေမဖြင့်တို့လိုက်မိရုံနဲ့ ကိုယ့်ကိုကိုယ်ဒီလောက်ထိစိတ်ကြီးဝင်သွားလိမ့်မယ်လို့တစ်ခါမှမထင်ခဲ့ဖူးပါ
ကျနော့်အိပ်မက်ထဲ ခဏခဏအလည်သွားခဲ့ရတဲ့ korea ဆိုတဲ့နိုင်ငံကြီးကိုကျနော်ရောက်လာရပြီ
ညတိုင်းမက်နေတဲ့အိပ်မက်က အပြင်လောကကိုတကယ်ခုန်ထွက်လာသလားအောက်မေ့ရတယ်။
ဒါတောင်ကျနော် korea seoul မြို့ထဲမရောက်သေးဘူး။ korea incheon airport မှာပဲရှိသေးတယ်။ airport မှာတင် ကျနော်စိတ်ကြီးဝင်လို့ကောင်းနေပါလား
"ကျနော်တို့ SM Ent မှာအလုပ်စတင်လုပ်တော့မယ့် manager Mr. Jung Jaehyun ကိုကျနော်တို့ SM ent မှ staff တစ်ဦးကလာကြိုမည်ဖြစ်ပါသဖြင့် airport မှာပဲစောင့်ပေးပါခင်ဗျ"
ညကတင် korea ကိုမလာခင်ကြိုပို့ထားတဲ့ SM ent က e-mail တစ်စောင်ကြောင့် ကျနော့်ခြေလှမ်းတွေကိုအမှီ brake အုပ်လိုက်ရတယ်။ စိတ်ကြီးဝင်နေတဲ့အရှိန်နဲ့ဆိုတော့ seoul မြို့ထဲကိုအမြန်ဝင်ချင်နေတာကိုးးး
Taeyong နားကိုကျနော် idol တယောက်အနေနဲ့ချဉ်းကပ်နိုင်ခဲ့မယ်ဆိုရင် သူဟာကျနော့်ရဲ့ senior ကျနော်ဟာသူ့ရဲ့ junior ဖြစ်လာတော့မှာ
senior junior ဆိုတဲ့ စည်းကိုကျနော်နောက်တခါထပ်မတာဒချင်တော့ပါ။ ပထမတခါဝင်ပြိုင်တဲ့ audition ကိုမအောင်တာကိုစိတ်ဓာတ်ကျခဲ့ပေမယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင် idol ဖြစ်ခွင့်မပေးတဲ့ ကံတရားရော ၊ SM ကဒိုင်လူကြီးတွေရောကို ကျနော်ကျေးဇူးပြန်တင်မိတယ်။
ကျနော့်လိုလူကို manager ဖြစ်ခွင့်ပေးလိုက်တဲ့ လူတွေက်ုတော့ အမလေးးး ကျေးဇူးတင်လိုက်တာပြောမနေပါနဲ့တော့
အမှန်တကယ်တော့ ကျနော် manager ဖြစ်တော့မယ်ဆိုတာသိကတည်းကစိတ်ကြီးဝင်နေပြီးသားး
အကယ်၍ ဒီလို fianl exam အပြီး ကျောင်းပိတ်ရက်တွေမှာ ဂျပန်က အဖေ အမေ စင်ကာပူကိုတက်လာပြီးကျနော့်ဆီလာလည်မယ်ဆိုပါက.....
အမလေးးးး ယောင်လို့တောင်မတွေးရဲတဲ့ကိစ္စ
စင်ကာပူမှာကျနော်မရှိဘူးဆိုတာကိုသိလိုက်ရရင်တော့ကျနော့်ကိုမိုးမွှန်အောင်ဆဲတော့မှာ....
အတတ်နိုင်ဆုံးတော့ Yuta ကိုဖားခဲ့ပါတယ်။ ကျနော့်ကိုအရေးပေါ်အခြေအနေမှာ လုံခြုံရေးလုပ်ပေးမယ့်လူဟာ Yuta လွဲလို့တခြားလူမရှိ
SM မှာ manager လုပ်နေတယ်ဆိုတာကတော့ အဖေ အမေလုံးဝမသိသင့်တဲ့ကိစ္စ
သိတာနဲ့ ကမ္ဘာပျက်မယ်ဆိုတာကိုကျနော်ကြိုသိနေပါတယ် တွေးရင်းနဲ့တောင်ကြောင်လာသလိုလို...
"annyeong "
"ahh nae annyeong"
ကောင်လေးတစ်ယောက်လာနှုတ်ဆက်လို့ ကျနော့်ရဲ့ကြောက်စိတ်တွေလွင့်သွားသလိုလို
"Mr. Jung Jaehyun??"
သူကလည်းကျနော့်ကိုမမြင်ဖူးဘူးနဲ့တူပါတယ် သူကကြောင်တောင်တောင်နဲ့လာမေးတော့လကျနေယ်လည်း ကြောင်တောင်တောင်ပါပဲ
"nae"
"ဒါဆို ကျနော်နဲ့လိုက်ခဲ့ပါနော် ကျနော် SM ကပါ"
သူက SM staff card ပြတော့ကျနော်လည်းရဲရဲကြီးလိုက်သွားတယ်
သူနဲ့အတူပါလာတဲ့ ကားထဲဝင်လိုက်ပြီး seoul မြို့ထဲကိုလိုက်ပါသွားတယ်
ကားထဲဝင်လိုက်တာနဲ့ အေးစိမ့်နေတဲ့ air con နဲ့အတူ ဇိမ်ရှိတဲ့ car sofa မှာထိုင်လိုက်ရတာကြောင့် ခရီးပန်းတဲ့အရှိန်နဲ့ပိုအိပ်ချင်သွားသလိုလို
ဒါတောင် staff တွေစီးတဲ့ကားနော်!!
Taeyong တို့လို idol တွေစီးတဲ့ကားဆိုရင်တော့ စိတ်ကူးဖို့တောင်မလိုအောင် ပြီးပြည့်စုံပြီး ဇိမ်ရှိနေတော့မှာာာာ
Taeyong တို့နဲ့ အဲလိုကားကိုကျနော်ကကပ်စီးရတော့မယ်တဲ့လားးး?? အမလေးးးစိတ်ကြီးဝင်လို့ကောင်းလိုက်တာ
ကားပေါ်မှာ အိပ်လို့ရပေမယ့်လည်းကျနော်မအိပ်ဘူး။ seoul မြို့ရဲ့မြင်ကွင်းကိုကျနော်ကားပေါ်ကနေ ဇိမ်လေးနဲ့ကြည့်ချင်သေးတာကိုးးး
ကျနော် Taeyong သာမက အခြားသော SM idol တွေကိုပါ မြင်ဖူးတော့မှာ
ဝင်နေတဲ့စိတ်ကြီးကလည်းပြန်ကိုမထွက်တော့
"ရောက်ပါပြီ"
ဘာာာ??
ငါဘာကြားလိုက်တာလဲ?
SM ent ရှေ့ရောက်ပြီလို့ပြောတာလား
အရှေ့ခုံက driver ကတော့ကားပေါ်ကဆင်းပြီး အနောက်ခန်းက ကျနော့်ရဲ့ခရီးဆောင်အိတ်တွေကိုဆွဲချနေပြီ
ကျနော်လည်းမရဲမတင်းနဲ့ကားပေါ်ကဆင်းလိုက်တယ်။ အပြင်လောကကိုမော်ကြည့်လိုက်တော့ ကျနော်တကယ်ပဲ SM ent ရှေ့ကိုရောက်နေခဲ့ပြီ။ ပုံတွေထဲမှာမြင်တိုင်း သွားချင်လိုက်တာလို့တောင့်တခဲ့တဲ့နေရာရှေ့ကိုကျနော်တကယ်ရောက်နေခဲ့တာ
မသိရင် ကျနော်ပုံထဲကိုဝင်သွားတဲ့အတိုင်း
"အထဲက်ုကြွပါခင်ဗျ အထဲမှာ idol တွေစောင့်နေပါတယ်"
staff ရဲ့စကားကြားပြီး ကျနော်တောင့်ခဲသွားတယ် ကျနော် idol တွေနဲ့တွေ့ရတော့မယ်တဲ့လားး??? ဒါပေမယ့်ကျနော်လွန်ခဲ့သော ၃လကအချိန်ကိုကျနော်ပြန်တွေးကြည့်မိတယ်
"ကောင်းပြီ မင်းက ငါတို့ SM ent မှာ manager ဝင်လုပ်ဖို့အရည်အချင်းပြည့်ဝတယ် အဲ့တော့ ငါတို့မင်းကို manager ခန့်လိုက်မယ်"
အဲ့တုန်းကကျနော်အသေပျော်ခဲ့တာ
"ဒါပေမယ့်အလုပ်ဝင်ခါစဆိုတော့"
အလုပ်ခန့်တဲ့ staff လူကြီးရဲ့ ဒါပေမယ့်ဆိုတဲ့စကားကိုကြားလိုက်ရတော့ရင်ထဲထိတ်သွားတယ်
"activities သိပ်မများတဲ့ group ကိုပဲမင်းလက်ထဲကိုအပ်ရမှာ"
"nae"
"NCT Dream manager လုပ်လိုက်ပါ"
Taeyong ဘေးမှာမနေနိုင်ဘူးဆိုတာကိုသိလိုက်ရတော့ကျနော်နည်းနည်းစိတ်ဓာတ်ကျသွားခဲ့တယ်
"NCT Dream ကိုကောင်းကောင်းနိုင်နင်းပြီဆိုမှ NCT 127 တို့ဘာတို့ကို မင်းလက်ထဲအပ်မယ်"
နောက်တစ်ကြိမ်ထပ်ပြောတဲ့စကားကြောင့်ကျနော်ပြန်ပျော်သွားတယ်
မမြင်ဖူးသလို SM ent ကြီးကိုကျနော်အတိတ်ကအတွေးတွေနဲ့စိုက်ကြည့်နေတုန်း
NCT Dream ဆိုတဲ့ကလေးတစ်သိုက်ကိုကျနော်ထိန်းရမှာလားးး
ကလေးတစ်သိုက်လား မျောက်တစ်သိုက်လား??
ကျနော့်ကို manager နဲ့ baby sitter မှားခန့်တယ်လို့တောင်ထင်ရတယ်။ ဒါပေမယ့်လည်း သူတို့လေးတွေကိုထိန်းပြီးမှ Taeyong နားကပ်လို့ရမှာလေ
"ကြွပါခင်ဗျ"
ent ထဲကိုကျနော့်ခရီးဆောင်အိတ်တွေနဲ့ဝင်သွားပြီးဖြစ်တဲ့ driver ကကျနော့်ကိုထပ်ခေါ်တာကြောင့် ကျနော်ကမန်းကတန်းပြေးဝင်သွားတယ်
အထဲလည်းရောက်ရော ကျနော်အရင်ကစိတ်ကူးယဉ်ထားဖူးတဲ့ SM ကသန့်ရှင်းရေးတွေကရှင်းထားတယ်နဲ့တူပါတယ်။ ကြမ်းပြင်ကကြွေပြားတွေမှာ ကျနော့်မျက်နှာပြန်မြင်ရတဲ့အထိပြောင်လက်နေတယ်။ ent မှာဈေးကြီးပေးတည်းရတဲ့ hotel တစ်ခုလိုခမ်းနားပြီးသန့်ရှင်းနေတယ်
"ဒီဘက်မှာပါ practice room ထဲမှာ သူတို့လေ့ကျင့်နေကြပါတယ်"
" ah nae"
#######
Zawgyi ver
Jaehyun 's POV
"အားးးး ငါသိပြီကွ"
"ဘာလဲကွာ လန့်လိုက်တာ"
"ဟုတ်တယ် အဲလိုပဲ"
"၂လကြီးများတောင်"
Jaehyun 's POV end
***************
After 3 months
Taeyong 's POV
"ကဲ Ramen ရပါပြီ "
"Woww!!! စားမယ် စားမယ်"
"ကျနော်တို့လားးး" -Mark
"အကုန်လုံးပဲ"
Taeyong 's POV End
****************
At tomorrow's morning
Jaehyun 's POV
ဘုရားသခင်
"annyeong "
"ahh nae annyeong"
"Mr. Jung Jaehyun??"
"nae"
"ရောက်ပါပြီ"
ဘာာာ??
ငါဘာကြားလိုက်တာလဲ?
"nae"
"ကြွပါခင်ဗျ"
" ah nae"
#######
Continue Reading
You'll Also Like
43.5K 4.7K 60
This fic is written in both Unicode and Zawgyi Unicode မနှစ်မြို့ဖွယ်ရာခက်ခဲကြမ်းတမ်းသောလောကအလယ်တွင် ပုံဖော်ထုဆစ်ခဲ့မိသော မှားယွင်းသည့်အချစ်စစ်တစ်ခု ...
12.9K 171 7
Dolly realizing that she feels something to Dylan, something big and beautiful.
1.1M 49.5K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
313K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc