Diabolik (SeBaek)

By HunnieTokiKwiyomi

18.1K 1.6K 44

အိမ်ကြီး၏အပေါ်ထပ်ကို ဘာအကြောင်းကြောင့်နဲ့မှ မတက်ပါနဲ့ ဆိုတဲ့တားမြစ်စကားကို ချိုးဖောက်မိတဲ့ ကောင်လေးတစ်ယောက်... More

(BaekHyun)
(Sehun)
I . Diabolik
II . Diabolik

III . Diabolik

3.4K 354 27
By HunnieTokiKwiyomi

ဖန်ခွက်ထဲကရေက တစ်ဝက်လျော့နေတယ်...
တစ်ဝက်ပြည့်နေတယ်...
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရေတော့မငတ်တော့ဘူးပေါ့...

~~***Diabolik***~~

"နာမည် ဘယ်လိုခေါ်လဲ?"

"...မရှိဘူး..."

"မရှိဘူး?... ဒါဆို ငါနာမည်တစ်ခုပေးမယ်လေ...
ရလား?"

"......"

"အင်း... ဘယ်လိုပေးရမလဲ?...ဘယ်လိုပေးရမလဲ?
Ha! Suho ဆိုရင်ရော... ငါ့ရဲ့ Gurdian လေး
Suho... မင်းနာမည် Suho... ဘယ်လိုလဲ? သဘောကျလား?"

"...Suho??...
ငါ့နာမည်က Suho..."

~~***Diabolik***~~

"Suho..."

နုဖတ်ဖွေးအုနေတဲ့ ကိုယ်လုံးလေးပေါ်မှာပြေးလွှား
နေတဲ့ Suho လက်တွေရပ်တန့်သွားသည်။
ဆပ်ပြာမှုန့်လေးတွေရဲ့ တပေါက်ပေါက်သံက တိတ်ဆိတ်မှုကြားကတစ်ခုတည်းသောအသံ။

"Hyunnie?"

"အဲ့လိုမယုံတဲ့ မျက်လုံးတွေနဲ့မကြည့်ပါနဲ့... Suho
လို့ခေါ်တတ်တာ ငါပဲရှိတာပါ..."

"တောင်းပန်ပါတယ်..."

"Baek ဘာတွေမွှေထားပြန်ပြီလဲ?"

"......"

Suho ဆီကတုန့်ပြန်သံမလာ။
မျက်ခုံးနားက ဆပ်ပြာမှုန့်လေးကိုလက်နဲ့ပွတ်သပ်
ဖျက်ရင်း ရေချိုးကန်ထဲကရေတွေကိုလက်ခုပ်နဲ့
Hyunnie ခပ်ယူလိုက်သည်။ လက်ခုပ်ထဲရေ
တွေက လက်ကြားထဲကနေစိမ့်ယိုပြီးပြန်ထွက်သွား
တာကိုကြည့်ရင်း Hyunnie ပြုံးလိုက်မိသည်။

"သူထွက်သွားပြီ"

"သူ?... ဘယ်သူ- မဟုတ်မှလွဲရော..."

ဆိုလိုတာကိုသဘောပေါက်သွားတဲ့ Suho ကို Hyunnie ဆက်ပြောလေဆိုတဲ့အကြည့်နဲ့ကြည့်
နေလိုက်သည်။

"သူ့...သူ့ကို Baek သတ်လိုက်တယ်... ငါမျက်လုံးနဲ့သေချာတွေ့လိုက်တာ..."

Suho စကားကို Hyunnie ကအားရသဘော
ကျစွာရယ်မောလိုက်ရင်း Suho ကိုလက်ဖျားက
ရေလေးတွေနဲ့တောက်လိုက်သည်။

"သူပြန်လာတဲ့အချိန်ကျရင်တော့ အားလုံးသိရမှာ
ပေါ့..."

Hyunnie ဘာကိုဆိုလိုချင်နေတာလဲဆိုတာ Suho စဉ်းစားနေတုန်း ရေချိုးဇလုံထဲကနေ ရုတ်တရက်ကြီးထသွားသော Hyunnie ကြောင့်အတွေးစတွေကိုဖြတ်တောက်ကာ အမွေးပွ
တဘက်လေးယူကာအနောက်တော်ပါးကနေ
အသာလေးလိုက်ရပြန်သည်။

"Suho... အဆင်ပြေမယ့်အဝတ်လေးရွေးပေးပါ...
သေချာလေးကြိုဆိုချင်လို့..."

အခန်းထဲလျှောက်သွားကာ ပစ္စည်းတွေလျှောက်ဖွ
နေတဲ့အဝတ်မဲ့ကောင်လေးပေါ်ကို တဘက်လေး
လွှမ်းခြုံပေးရင်း Suho နောက်ကနေဖွထားသမျှ
ကိုပြန်စီပေးနေရသည်။ Hyunnie ကကုတင်ပေါ်
ကိုပစ်လှဲလိုက်ရင်း သူ့လက်ချောင်းရှည်ရှည်သွယ်
သွယ်လေးတွေကိုသွားနဲ့တတိတိကိုက်ရင်း...

"မကြုံရတာကြာလို့ စိတ်တောင်လှုပ်ရှားတယ်"

~~***Diabolik***~~

ကောင်းကင်ကိုမော့ကြည့်လိုက်လို့ ကြယ်လေးတွေ
များလှောင်ရယ်နေမလားလို့ တွေးနေတဲ့အထိ အပြစ်ရှိတယ်လို့ကိုယ့်ကိုကိုယ်ထင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အပြစ်က မကောင်းဆိုးဝါးအဖြစ်မွေးဖွားခဲ့ဖြင်းဆိုရင်...

အဲ့ဒီ့မကောင်းဆိုးဝါးကို သုတ်သင်ဖို့ကြိုးစားနေတဲ့
လူသားတွေရဲ့လုပ်ရပ်က အပြစ်ကင်းစင်တာလား?

"မင်းရွေးခဲ့တဲ့ လမ်း... ပြန်လှည့်ဖို့မရှိတော့ဘူး
မင်းက ငါ့အပိုင်ဖြစ်သွားပြီ"

သူ့ခြေဖမိုးကသွေးတွေကိုသားရဲတစ်ကောင်လို
စုပ်ယူနေသည့် Sehun ရဲ့မေးဖျားကို သူ့ရဲ့ လက်
ချောင်းရှည်ရှည်သွယ်သွယ်လေးတွေနဲ့ပင့်မလိုက်ကာ Sehun ရဲ့မျက်နှာကိုသေချာကြည့်မှတ်နေမိ
သည့် Hyunnie။

"လူသားတစ်ယောက်က ဒီလိုလည်း အသက်ရှူ
မှားလောက်အောင် ချောမောနိုင်တာပဲလား?"

"ငါ...ငါ ဘာလို့... ဒီလိုတွေ ဖြစ်နေရတာလဲ?"

Hyunnie ကိုမော့ကြည့်ရင်း Sehun မျက်ရည်
တွေကျလာသည်။ သူလူတစ်ယောက်ကိုသတ်ခဲ့မိ
သည်။ သတ်ခဲ့တာကလည်း မကောင်းဆိုးဝါး
တစ်ကောင်လို လည်ပင်းကိုကိုက်ဖောက်ပြီးသတ်ခဲ့
မိတာ။ ဓားနဲ့ထိုးလိုက်ရင် သေလောက်အောင်နာ
ကျင်ကာ သေတော့မယ်လို့ထင်ရပေမယ့် မသေနိုင်။
သူ့ကိုယ်သူ မကောင်းဆိုးဝါး တစ်ကောင်လိုဖြစ်နေ
တာကိုတွေးမိကာ Sehun ဘာကိုကြောက်လို့
ကြောက်မှန်းမသိဖြစ်လာသည်။

ဒီလိုတွေ ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လား?
ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ သူ့မျက်စိရှေ့ကကောင်
လေးကိုလား?

ယောကျာ်းတန်မဲ့ မျက်ရည်တွေကြားကနေ အသံ
တွေတုန်ယင်စွာနဲ့...

"ငါ... မကောင်းဆိုးဝါး ဖြစ်တော့မှာလား?"

"မကောင်းဆိုးဝါး?"

Sehun ရဲ့မေးဖျားပေါ်က Hyunnie ရဲ့လက်တွေ
က Sehun ရဲ့ပါးပြင်ပေါ်ကိုနယ်ချဲ့နေရင်း Sehun
ရဲ့စကားကြောင့် Hyunnie နှစ်နှစ်ခြိုက်ပြုံးမိရင်း
က...

"စိတ်မပူပါနဲ့... မင်းက မကောင်းဆိုးဝါးဖြစ်နေပြီး
သားပဲလေ..."

"......"

"သွေးသန့်တဲ့မကောင်းဆိုးဝါးတစ်ကောင်ရဲ့သွေး
ကိုသောက်မိတဲ့သူက မကောင်းဆိုးဝါးရဲ့သွေးနဲ့မှ
ရှင်သန်နိုင်တဲ့ နောက်ထပ်မကောင်းဆိုးဝါး
တစ်ကောင်ဖြစ်လာတယ်... အခုအခေါ်နဲ့ဆို
Vampire... သွေးစုပ်ဖုတ်ကောင်ပေါ့... မင်းသိ
တဲ့အတိုင်းငါက လူ့နှလုံးတွေ ဖောက်စားနေတဲ့
မကောင်းဆိုးဝါး...

ဒါဆို ငါ့သွေးကိုသောက်မိတဲ့ သူကဘယ်သူဖြစ်
မလဲ?"

Hyunnie စကားကိုနားထောင်ရင်းနဲ့ Sehun ခေါင်းထဲကိုဆက်တိုက်ဆိုသလိုအဖြစ်အပျက်တွေ
ကတန်းစီဝင်လာသည်။ သူ့လက်ကိုဖမ်းဆုပ်ထားတဲ့
ကောင်လေး လက်ကိုသူကိုက်ပစ်လိုက်သည်။ ပါးစပ်ထဲဝင်လာတဲ့သွေးတွေကို သူမျိုချခဲ့မိသည်။
ဒါ...ဒါဆို...

"မင်းက ငါ့လိုပဲ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်
သွားပြီ... မင်းလူ့တွေနားကိုထပ်သွားလို့မရတော့
ဘူး... မင်းကိုလူတွေနှာခေါင်းရှုံ့ကြတော့မယ်"

လောကကြီးမှာ သူတွယ်တာရတဲ့သူမရှိဘူးဆိုပေ
မယ့် ဘာလို့ သူ့ကိုမှရွေးပြီး ဒီလိုအဖြစ်ဆိုးတွေလာ
ဖြစ်ရတာလဲ? ဘာလို့သူ့ကိုမှလဲ?

"အား!!! မဖြစ်ရဘူး မဖြစ်ရဘူး... လုံးဝမဖြစ်ရဘူး...
Aniyah!!"

"ဘာတွေဝမ်းနည်းနေတာလဲ? မင်းတစ်ယောက်
တည်းမဟုတ်ဘူးလေ... ငါရှိသေးတယ် မင်းနဲ့ငါနဲ့
ကအတူတူပဲလေ... နှစ်ယောက်လုံးက မကောင်းဆိုးဝါး-"

"တော်တော့... ဆက်မပြောနဲ့!!"

Sehun စိတ်တွေအမှောင်ဖုံးကာ သူ့ရှေ့မှာရှိနေတဲ့
ကောင်သေးလေးရဲ့ လည်ပင်းဖြူဖြူနုနုလေးကို
အားနဲ့ညစ်ထားမိသည်။ ထူးဆန်းစွာပင် လည်ပင်း
အညစ်ခံထားရသော ကောင်လေးကရုန်းကန်ခြင်း
မရှိတဲ့အပြင် အားရပါးရပင် ရယ်မောနေလေသည်။

ဒီလိုမကောင်းဆိုးဝါးကောင်လေးဆီက ရုန်းကန်ပြီး
အသက်ချမ်းသာပေးဖို့တောင်းဆိုတာကိုလိုချင်နေ
ခဲ့တာလား? ရူးလိုက်တာ... Oh Sehun ရာ...

"Ahahah... ဟုတ်...ပြီ Hahaha... မလွှတ်...
လိုက်နဲ့... အား...ပိုထည့်... ထားစမ်းပါ..."

သူ့လက်သေးသေးလေးတွေနဲ့ Sehun လက်ကို
ခပ်ဖွဖွအုပ်ကိုင်ကာ Sehun ရဲ့မျက်ဝန်းတွေထဲကို
တည့်တည့်စိုက်ကြည့်နေတဲ့ ကောင်လေးရဲ့မျက်လုံး
ထဲ အမျိုးအမည်မသိခံစားချက်တွေကပြည့်နှက်
လျက်။

"မရပ်...လိုက်နဲ့"

နှုတ်ခမ်းထောင့်စွန်းလေးအပေါ်ကိုကော့တက်ကာ
လေသံနဲ့ တိုးတိုးပြောလိုက်တဲ့ကောင်လေးက
စတင် သတိလစ်စပြုနေပြီ။

*ဝုန်း...*

"Hyunnie!"

အခန်းပြင်ကနေအသင့်အနေအထားအနေနဲ့ စောင့်
နေတဲ့ Suho ကအထဲမှအသံတွေကြားတာနှင့်
တပြိုင်နက် အထဲကိုအမြန်ဝင်ရတော့သည်။ Hyunnie ကမသေနိုင်ပေမယ့်လည်း နာကျင်မှုနဲ့
သေမလိုဖြစ်တဲ့ခံစားချက်ကိုတော့ ခံရနိုင်သည်။

Sehun အသိစိတ်ပြန်ဝင်လာမိချိန်မှာတော့ သူ့လက်ထဲကကောင်လေးမှာသတိလစ်နေပြီဖြစ်
သည်။ သူလည်ပင်းကနေဆွဲကိုင်ကာ မြှောက်ထားမိ
သဖြင့် ကောင်လေး၏ခြေထောက်ကမြေကြီးနှင့်
လွတ်နေသည်။

ဘာမှမဖြစ်သလိုမျိုးနှင့် သူ့လက်ထဲကကောင်လေး
ကို ပွေ့ကာကုတင်ပေါ်တင်ပေးနေသည့် သူဒီအိမ်
ကြီးကို စစရောက်စဉ်ကတွေ့ရသည့် အမျိုးသားကို
သူမှိုင်မှိုင်တွေနှင့်ငေးနေမိသည်။

"ကျွန်တော် ဘာဖြစ်နေပြီလဲ? ကျွန်တော် တကယ်
ပဲ မကောင်းဆိုးဝါးဖြစ်နေပြီလား?"

"... မင်းကို Hyunnie ရှင်းပြထားပြီးပြီမဟုတ်
လား?..."

ကြမ်းပြင်ပေါ်မှာဒူးထောက်လျက်သာထိုင်ချနေပြီ
ဖြစ်တဲ့ Sehun ကိုကြည့်ရင်း Suho သက်ပြင်းချ
မိသည်။ ဒီစကားကိုသူမပြောချင်ပေမယ့်လည်း
ပြောရတော့မည်လေ။

"...Hyunnie ကအမှန်တွေ ပြောသွားတာပါ..."

~~***Diabolik***~~

ကျွန်တော်ကအပြစ်ကင်းစင်တဲ့လူသားတစ်ယောက်
မဟုတ်မှန်းသိပါတယ်။အပြစ်တွေအများကြီးလုပ်

ထားတဲ့လူတစ်ယောက်မှန်းလည်း သိပါတယ်။
အပြစ်ကြွေးတွေဆပ်ရမယ်ဆိုတာလည်းသိပါ
တယ်။ ဒါပေမယ့်...

"...Hyunnie က အမှန်တွေ ပြောသွားတာပါ..."

ဒီလိုကြီး အပြစ်ပေးတာတော့ မတရားဘူး။ သရဲတောင်သေပြီးမှဖြစ်ရတာလေ။ ငရဲတောင်သေ
ပြီးမှကျရတာလေ။
အခုလိုအရှင်လတ်လတ်ကြီးကနေ မကောင်းဆိုးဝါး
အဖြစ်နေ့ချင်းညချင်း ပြောင်းလဲလိုက်လို့ ဘယ်ဖြစ်
မလဲ? ကံတရားဆိုတာ ဘယ်လောက်ပဲမတရား
တယ်ပဲပြောပြော ဒါကတော့...

"မင်း အရမ်းလန့်သွားမယ်ဆိုတာ သိပေမယ့် အမှန်
ကိုလက်ခံလိုက်ပါလို့ပဲ ပြောချင်တယ်... ဒီနေ့ဖြစ်
ပျက်ခဲ့တာတွေကအရမ်းများနေပြီ မင်းအတွက်
အခန်းလိုက်ပြပေးမယ်... ခြေလက်ဆေးပြီးနား
လိုက်... မနက်ကျရင် မင်းသိသင့်တာတွေအားလုံး
ကိုရှင်းပြပေးမယ်..."

ကျွန်တော်သိသင့်တာတွေ?? အခုချိန်ထိသိလာခဲ့
ရသမျှတွေကမလုံလောက်သေးဘူးလား? ဘာတွေ
ထပ်ပြီးတော့သိရဦးမှာလဲ?

အရှေ့ကအမျိုးသားနောက်ကလိုက်လာရင်း အခန်း
တွေအများကြီးဖြတ်လာပြီးနောက် ထိုအမျိုးသားက
အခန်းလေးရှေ့တွင်ရပ်လိုက်သည်။ ထိုနောက်
အခန်းတံခါးကို ဖွင့်ပေးပြီး ကျွန်တော့်ဘက်လှည့်
လာကာ ပြုံးပြသည်။ ဒီလိုအခြေအနေတွေဖြစ်နေ
တာတောင်ပြုံးပြနိုင်သေးသည်။ ပြန်ပြုံးပြဖို့မျှော်
လင့်နေတာလား?

"ဒီညတော့ကောင်းကောင်းနားလိုက်ပါ..."

~~*** Diabolik ***~~

ဖန်ခွက်ထဲကရေကတစ်ဝက်လျော့နေတယ်...
တစ်ဝက်ပြည့်နေတယ်... ဘာပဲဖြစ်ဖြစ်အနည်းဆုံး
တော့ ရေမငတ်တော့ဘူးလေ။ အဆိုးမြင်စိတ်တွေ
အကောင်းမြင်စိတ်တွေ ပြောနေတာထက် အခုလက်
ရှိအချိန်မှာ ရေမငတ်တော့တာကို သတိထားကြည့်
လိုက်ပါ။ ဘုရားသခင်ကပေးထားတဲ့ကောင်းချီးမင်္ဂလာတွေကိုသေချာကြည့်လိုက်ရင် အပြစ်တွေကိုအလိုလိုမေ့
သွားမှာပါ...။

"ဒီမှာ... ဒီမှာ သတိထားဦးလေ..."

နားထဲခပ်သဲ့သဲ့လိုလိုကြားနေရတဲ့ အသံလေးတစ်ခု
ကြောင့် လေးလံနေတဲ့မျက်ခွံတွေကိုအတင်းဖြဲကြည့်
ရန်ကြိုးစားမိသည်။ ရေခဲတမျှအေးစက်နေတဲ့သူ့
လက်မောင်းတွေကို လက်နွေးနွေးလေးတစ်စုံက
လှုပ်နှိုးနေတာကိုသတိထားမိချိန်မှာတော့မနေ့ကသူ
ရေချိုးကြွေဇလုံထဲမှာရေစိမ်နေရင်းနဲ့အိပ်ပျော်သွား
ခဲ့တာမှန်းပြန်သတိရလာသည်။ ဒါနဲ့ဘယ်သူကလာ
နိုးနေတာလဲ?...

သူ့ရဲ့ လေးကန်နေတဲ့ မျက်ခွံတွေအပြည့်အဝပွင့်
လာချိန်မှာတော့ ရေချိုးဇလုံလေးဘေးမှာ
ဒူးထောက်ထိုင်နေတဲ့ ဖြူဖျော့ဖျော့ကောင်လေး
တစ်ယောက်။

*...!*

မကောင်းဆိုးဝါးကောင်လေး...။
သူကဘာလာလုပ်နေတာလဲ?။ Sehun အလန့်
တကြားမတ်တပ်ထရပ်မိတော့ စင်လာတဲ့ရေစက်
လေးတွေကိုကောင်လေးကလက်နှင့်ကာနေသည်။

"မင်း...မင်း ဘာလာလုပ်တာလဲ?"

သူက အလန့်တကြားမေးတော့ ကောင်လေးက
သူ့ကို သွားလေးတွေအဖွေးသားပေါ်အောင်ရယ်ပြ
ပြန်သည်။

"မနက်စာ စားရအောင်လာခေါ်တာပါ... Suho က
မအားသေးလို့ ..."

သူ့မျက်စိရှေ့ကကောင်လေးကို Sehun သေချာ
စိုက်ကြည့်နေမိသည်။ မနေ့က သူတွေ့ပြီးစကား
တွေပြောခဲ့တာ ဒီကောင်လေးဟုတ်ရဲ့လားတောင်
မသေချာတော့။ အခုသူတွေ့နေရတဲ့ ကောင်လေး
ကအရမ်းဖြူစင်လွန်းသည်။ အကြည့်တွေ အပြုံးတွေ စကားပြောပုံတွေက အပြစ်ကင်းစင်လွန်း
သည်။
မနေ့က တွေ့ခဲ့ရသည့် ကောင်လေးကတော့ လွှမ်း
မိုးနိုင်စွမ်းရှိသည်။ အကြည့်တွေ အပြုံးတွေက စကားပြောပုံတွေကို ညှို့နိုင်စွမ်းရှိသည်။
သူဒီအိမ်စစရောက်တုန်းက တွေ့ခဲ့သည့် သူ့ကို
သတ်ရန်ကြိုးစားတဲ့ကောင်လေး ကတော့ ရက်စက်
သည်။ အကြည့်တွေ စကားပြောပုံတွေက သွေးအေးသည်။
ဒီလောက် character တွေကွဲပြားနေတာကို
တစ်ယောက်တည်းလို့သူဘယ်လိုယုံရမှာလဲ?
အမြွှာတွေများလား? တကယ်လို့အမြွှာတွေဆို ဘယ်လိုလုပ်မလဲ? မကောင်းဆိုးဝါးသုံးကောင်နဲ့
တစ်အိမ်တည်းနေရမှာက နည်းနည်းတော့...

"ဒီမှာ..."

Sehun အတွေးတွေလွန်နေလိုက်တာ ကောင်လေး
ခေါ်သံကြားမှ ပတ်ဝန်းကျင်ကိုသတိထားမိသည်။
ရေချိုးဇလုံနားမှာကောင်လေးကထိုင်နေတုန်းပဲ။

"အကျီ င်္လေးအရင်ဝတ်လိုက်ပါလား"

ကောင်လေးပြောမှသူကိုယ့်ကိုကိုယ်ပြန်ကြည့်မိ
သည်။ sh*t!... မိမွေးတိုင်း ဖမွေးတိုင်းပါလား?
Sehun တစ်ယောက် ရှက်ရှက်နဲ့နားရွက်ဖျားတွေ
ရဲတက်လာတော့ကောင်လေးက သဘောကျစွာ
ရယ်သည်။

"ဖြည်းဖြည်းချင်းလဲပါ... Bunny အောက်မှာစောင့်
နေပါတယ်..."

ပြောပြီးတာနဲ့ ကောင်လေးကချက်ချင်းထထွက်
သွားသည်။ ရုပ်ရှင်တွေထဲကလိုဖျတ်ခနဲပျောက်
သွားတာမဟုတ်ဘဲ သာမာန်လူတစ်ယောက်လို
လမ်းလျှောက်ကာထွက်သွားခြင်းဖြစ်သည်။

ဒါနဲ့ Bunny ကဘယ်သူလဲ?

~~******~~

Sehun မျက်စိရှေ့က မနက်စာကို ခက်ရင်းနဲ့ ထိုးလိုက် ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့
လုပ်နေမိသည်။ စားချင်စဖွယ်မနက်စာလေးကို
အားနာပေမယ့် သူမစားချင်။ မစားချင်တာထက်
စားချင်စိတ်မရှိတာဆိုပိုမှန်ပေလိမ့်မည်။

သူ့စိတ်တွေက ခြံထဲကပန်းခြံထဲ ပန်းပင်လေးတွေ
ရေလိုက်လောင်းနေတဲ့ကောင်လေးဆီကိုသာ
ရောက်နေမိသည်။ ပန်းပင်လေးတွေကိုရေလိုက်
လောင်းသည်။ စကားတွေလည်းပြောနေသည်။
ရယ်လည်းရယ်နေသည်။

"ဒီအိမ်ထဲမှာ အဲ့ကောင်လေးက ဘယ်နှယောက်
တောင် ရှိနေတာလဲ?"

ခြံထဲကိုစိုက်ကြည့်နေရင်းက ရုတ်တရက်မေးလိုက်
တာကြောင့် ပန်းကန်တွေကို အဝတ်ဖြူတစ်ခုနဲ့ Suho က သူရှိရာဘက်ကိုလှည့်လာသည်။
မနက်စာစားတုန်းက ကောင်လေးရဲ့ခေါ်ပုံအရ Bunny ဆိုတာ Suho ဆိုတဲ့အမျိုးသားကိုပြော
တာဖြစ်မှန်း သိလိုက်ရသည်။

Suho က လက်ထဲကပန်းကန်ကို ပန်းကန်စင်တွင်
သေချာနေရာချထားကာ Sehun ရှေ့တွင်ဝင်ထိုင်
ရင်း ခွက်ထဲကိုလက်ဖက်ရည် ငှဲ့ထည့်ကာ Sehun
ရှေ့ကိုတိုးပေးလိုက်ရင်းက...

"ဒီအိမ်မှာ သခင်လေးက သုံးယောက်ရှိတာပါ..."

Sehun ရဲ့ အမေးကို သူကိုယ်တိုင်လည်းလက်ဖက်
ရည်တစ်ခွက်ငှဲ့သောက်ရင်းက ဖြေပေးသည်။

ထင်တော့ထင်သားပဲ။ အမြွှာတွေလို့... အေးလေ
အမြွှာတွေမဟုတ်ဘဲ character တွေက
အဲ့လောက်ကွဲပြားစရာအကြောင်းမရှိဘူးလေ။

သူထင်ထားတာနဲ့ကွက်တိဖြစ်နေ၍ မအံ့သြတော့
တဲ့ Sehun ရဲ့အတွေးတွေကို ပြတ်တောက်သွား
စေတာကတော့...
Suho ရဲ့နောက်ထပ်ပြောလိုက်တဲ့စကား...

"...ခန္ဓာကိုယ်တစ်ခုတည်းမှာ..."

~~***Diabolik***~~

Continue Reading

You'll Also Like

222K 13.5K 49
Arthit (အားတစ်) Kongpob (ကောင်းပေါ့ )
5.2K 1.2K 18
ရေးဖြစ်တဲ့ ဒုတိယမြောက် Binthew fic လေးပါ။ အပြင်မှာတစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက်ကို ချစ်မိသွားနိုင်တယ်ဆိုတာ ခင်ဗျားတို့ယုံလား? အဲ့လူကိုအပြင်မှာတွေ့လာ...
33.1K 4.1K 37
I don't wanna be right .
273K 6.4K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...