2017 (တောင်ကိုရီးယား, Seoul)
"Yah!… မပြေးနဲ့"
"ဖမ်းထားပေးကြပါဗျို့…"
မောဟိုက်လွန်းလို့ အသက်ရှူရပ်မတတ်ဖြစ်နေတဲ့
ခန္ဓာကိုယ်နဲ့ ဝေဝါးစပြုလာတဲ့မျက်လုံးတွေကိုလျစ်
လျူရှုရင်း ညောင်းညာနေတဲ့ခြေထောက်တွေကို
သာအလုပ်ပိုပေးလိုက်သည်။မှောင်မည်းနေတဲ့ လမ်းကြားလေးထဲ ချိုးဝင်လိုက်
ပေမယ့် လမ်းကထွက်လမ်းမရှိ။ အပိတ်ကြီး။"Yah!… မင်းလိုသူခိုးစုတ်လေးကများ…"
အနားရောက်လာတဲ့ ထိုခပ်ထွားထွားလူကြီးရဲ့
လက်က အသိမပေးဘဲ ကျွန်တော့်မျက်နှာပေါ်ကို
ဆင်းသက်လာသည်။ ပြင်းလှတဲ့အားက ခေါင်းကို
ိမိုက်ခနဲ တစ်ချက် ဖြစ်ကာ မြေကြီးပေါ်ကိုမှောက်
ကျသွားစေတဲ့အထိ။ နဂိုကတည်းက ဝေဝါးနေတဲ့
မျက်လုံးတွေက ပြာကာ အမှောင်ပါကျချင်လာ
သလို။Arni… ငါဒီမှာလဲသွားလို့မဖြစ်ဘူး။ လဲသွားရင်
ပြီးပြီပဲ။ အားတင်းထားစမ်းပါ။ပျော့ခွေချင်နေတဲ့ လက်တွေအတင်းအားပြုကာ
ကုန်းထလိုက်မိတော့ မျက်လုံးထောင့်စွန်းကမြင်
လိုက်ရတဲ့ နောက်ထပ်လာနေတဲ့ လက်သီးတစ်
ချက်။ မြင်လိုက်ရတာမို့ ရှောင်လိုက်နိုင်တာကလည်း
သီသီလေး။ ထိုးလိုက်တဲ့သူရဲ့ ခါးကိုနံရံနဲ့ပစ်
ဆောင့်လိုက်ပြီး လမ်းကြားထဲကနေ အသည်းအသန် ထွက်ပြေးလာလိုက်မိသည်။ထိုလူကလည်း နောက်ကနေ ထပ်ကြပ်မကွာပြေး
လိုက်လာပြန်သည်။ Aish… မထူးတော့ဘူး။
ပြေးရင်းနဲ့ အိမ်အကြီးကြီး တစ်အိမ်ရဲ့ ခြံထဲခုန်ဝင်
ကာ ခြံနောက်ဖက်ကို အသားကုန်ပြေး ပုန်းမိသည်။ဒီခြံကြီးထဲဝင်မယ်လို့တော့ ကျွန်တော့်ကို မထင်ထားလောက်ပါဘူး။ အသာချောင်းကြည့်
လိုက်တော့ ဟိုလူရဲ့အရိပ်အယောင်တောင်မတွေ့
ရတော့။ ထိုမှ သက်ပြင်းကိုရဲရဲချ ရဲတော့သည်။"ဘယ်လောက်တောင် တန်ဖိုးကြီးတာမို့ ဒီလောက်
တောင်အသည်းအသန်လိုက်လာတာလဲ မသိဘူး"ဘောင်းဘီအိတ်ကပ်ထဲက နာရီလေးကိုထုတ်ကြည့်
လိုက်မိသည်။ ကျန်တာတွေတော့ အနားသတ်က
လေးတွေက ရွှေရောင် လက်နေတဲ့နာရီလေးကို
ကြည့်ရင်း တွေးလိုက်မိတာက တစ်ခုတည်း။နောက်နှစ်ရက်လောက်တော့ စားဖို့သောက်ဖို့
မပူရတော့ဘူး…<<<<<Diabolik>>>>>
YOU ARE READING
Diabolik (SeBaek)
Fan Fiktionအိမ်ကြီး၏အပေါ်ထပ်ကို ဘာအကြောင်းကြောင့်နဲ့မှ မတက်ပါနဲ့ ဆိုတဲ့တားမြစ်စကားကို ချိုးဖောက်မိတဲ့ ကောင်လေးတစ်ယောက်...