Diabolik (SeBaek)

Por HunnieTokiKwiyomi

18.1K 1.6K 44

အိမ်ကြီး၏အပေါ်ထပ်ကို ဘာအကြောင်းကြောင့်နဲ့မှ မတက်ပါနဲ့ ဆိုတဲ့တားမြစ်စကားကို ချိုးဖောက်မိတဲ့ ကောင်လေးတစ်ယောက်... Más

(BaekHyun)
(Sehun)
II . Diabolik
III . Diabolik

I . Diabolik

3.2K 327 4
Por HunnieTokiKwiyomi

တစ်ခါတစ်ရံ သူများကို မကောင်းဆိုးဝါးလို့ စွပ်စွဲ
နေတဲ့ ကိုယ်ကိုတိုင်ကလည်း မကောင်းဆိုးဝါး ဖြစ်
နေတတ်တယ်။

<<<Diabolik>>>

TV သတိပေးကြော်ငြာအနေနဲ့အမြဲပါနေတဲ့ အန္တရာယ်အငွေ့တွေကိုအဆုတ်အပြည့်ရှူရှိုက်ရင်း
ပြန်လည်ထုတ်လိုက်ကာ အခွန်မဆောင်ရတိုင်း
လှချင်တိုင်းလှနေတဲ့ သူမခန္ဓာကိုယ်ကိုလိုချင်တပ်
မက်စွာငေးမောမိနေသည်။ပုရိသအပေါင်းရဲ့ရှေ့က နေ လှပကြော့ရှင်းခန္ဓာကိုယ်ကို မြွေတစ်ကောင်လို
တွန့်လိမ်ရင်း ထပ်ခါထပ်ခါဆွဲဆောင်နေသော်
လည်းမရိုးနိုင်တဲ့အရာတစ်ခုကိုမြင်နေရသလို ရင်
တွေကလှိုက်ဖိုလာမြဲ။ တရားမဝင် ဆောင်ကြာမြိုင်
သာသာ ကလပ်တစ်ခုရဲ့ မီးရောင်မှိန်မှိန်အောက်က
အလှဘုရင်မ။

စင်အောက်က ယောကျာ်းသားတွေရဲ့ အယုတ္တ အနတ္တစကားသံတွေကြားထဲ သူမကလှချင်တိုင်း
လှနေသည်။

အကအလှတွေနဲ့ဖျော်ဖြေပြီးနောက်တွင် သူမက
သူမရဲ့နာမည်ကျော်အပြုံးချိုချိုလေးတွေဖြင့်နှုတ်
ဆက်ထွက်ခွာရင်း ကျွန်တော့်ကို မျက်စပစ်ပြလေတော့
စင်အောက်ကလူတွေရဲ့မကျေနပ်သံတွေကိုလျစ်လျုရှုရင်း စင်နောက်ဘက်ကိုအသာလေးထွက်လာ
ခဲ့မိသည်။

ကျွန်တော်ဆိုတဲ့ လူက လူပေလူတေဆိုပေမယ့်
ဘယ်ရောက်နေမှန်းမသိတဲ့မိဘတွေကအမွေပေး
သွားတဲ့ ရုပ်ရည်ကတော့ တော်ရုံတန်ရုံမဟုတ်တာမို့
မိန်းကလေးတိုင်းက အမြဲတမ်း မီးစိမ်း ပြလျက်။

"Sehun~ah... Noona ကိုဒီနေ့အိမ်ပြန်ပို့ပေး
နော်"

အမြဲတမ်းလာကြို လိုက်ပို့လုပ်နေတဲ့ ကားအကောင်း
စားကြီးရဲ့ ပိုင်ရှင်က ဘယ်လိုအကြောင်းမျိုးကြောင့်
သူ့တာဝန်သူပျက်ကွက်သည် မသိပေမယ့် သူ့ပျက်
ကွက်မှုကြောင့် ဒီနယ်ပယ်ကျော်ကြားနေတဲ့ အလှပဂေးလေးက ကျွန်တော့်နားလိုလိုချင်ချင်
ရောက်လာလေပြီလေ။

"အမိန့်တော်အတိုင်းပါ..."

တမင်တကာ ချွဲပစ်အောင်လုပ်ရယ်နေတာ သိပေမယ့် အပြစ်မမြင်အားပါ။ ရယ်နေတဲ့သူမမျက်
နှာလေးကဆွဲဆောင်အားကောင်းလွန်းနေတာကိုး။
သေချာတယ်... ဒီညတော့ သူမကိုအိမ်ပြန်လိုက်ပို့
ပေးရုံနဲ့မကျေနပ်နိုင်တော့ဘူး။

"အနောက်ဘက်မှာ ခဏစောင့်နေနော်..."

အသာအယာခေါင်းငြိမ့်ကာ မှောင်မိုက်မိုက်လမ်း
ကြားထဲ အမှိုက်ပုံးမွှေနေတဲ့ ကြောင်တစ်ကောင်ကို
အဖော်လုပ်ကာ စောင့်နေရပြန်တာပေါ့။ ကြောင်တစ်
ကောင်တည်းရှိတာတော့မဟုတ်ပါဘူးလေ။ ခပ်လှမ်းလှမ်းမှာ မှောင်ရိပ်ခိုနေတဲ့ လူတစ်အုပ်တော့
ရှိလေရဲ့။ ဒီလိုအချိန် ဒီလိုလမ်းကြားမှာဆိုတော့
ဥပဒေနဲ့မလွတ်ကင်းတာတွေလုပ်နေတာလားလို့
ဗေဒင်သွားမေးစရာတောင်မလို။

"Yah!... ဟိုကောင်"

အန္တရာယ်အငွေ့အသက်တွေပါသော ခေါ်သံမှန်း
သေချာနေတာကြောင့် မသိချင်ယောင်ဆောင်
လျစ်လျူရှုမိထားသော်လည်း အနားကိုကပ်လာ
သောခြေသံတွေက ဗျူဟာ အရာမရောက်ကြောင်း
သက်သေအတင်းထူနေလေသည်။

"မင်းက မနက်တုန်းက ငါ့နာရီကိုအလစ်သုတ်သွား
တဲ့သူခိုးစုတ်မလား?"

Shit... ကိစ္စလေးတစ်ခုအဆင်ပြေမယ်ကြံကာရှိ
သေး ပြဿာနာဟောင်းက ကိုယ့်ကိုကိုယ်မီးခွက်
တင်မက စလိုက်တွေပါထိုးပြီးရှာလာလေပြီ။

သောက်လက်စဆေးလိပ်ကိုမြေကြီးပေါ်ကိုပစ်ချ
ကာ ခြေထောက်ဖြင့်ထိုးချေရင်း ဟိုကြည့်ဒီကြည့်
လုပ်လိုက်ကာ...

"ကျွန်တော်လား?... မဟုတ်တာ ခင်ဗျားတို့လူမှား
နေပြီနဲ့တူတယ်..."

နောက်ကိုတဖြည်းဖြည်းတပ်ဆုတ်ရင်း ပြေးဖို့ပါ
အသင့်ပြင်ထားလိုက်သည်။

"မှားစရာလား? မင်းလိုရုပ်ပြပြီးလုပ်စားနေတဲ့
ကောင်ကို..."

အနှီ မျက်နှာအဆီတဝင်းဝင်းနှင့်လူကြီးက သူ့ရွှေ
သွားကြီးကိုမြင်သာအောင် ပြရင်းတဖြည်းဖြည်းသာ
ရှေ့ကိုတိုးလာသည်။ စောင့်နေခိုင်းတဲ့ Noona ကို
တော့အားနာသလိုလိုရှိပေမယ့် မတတ်နိုငိဘူးလေ။
ဘယ်အရာမှ ကိုယ့်ကိုကိုယ်ထက်အရေးမကြီးဘူး။

"အာ... မေ့နေတာ ကျွန်တော့်မှာချိန်းထားတာရှိ
သေးတာ မေ့နေတာ..."

နောက်ကျတဲ့ခြေထောက်ကတော့သေဒဏ်ပဲ။
ပြောပြီးတာနဲ့လှစ်ကနဲထွက်ပြေးလာတာမို့ အစက
တော့ကြောင်တောင်တောင်တွေဖြစ်နေကြပြီး
နောက်မှ အသားကုန်ပြေးလိုက်လာကျသည်။

Oh Sehun တို့အတွက်တော့ ဒီလိုထွက်ပြေးနေရ
တာမရိုးတော့တာက တစ်ကြောင်း နောက်ပြီး ဒါက
ကျွန်တော်ကျွမ်းကျင်နေတာကတစ်မျိုးမို့ ဟိုလူတွေ
အတွက်ကတော့သနားစရာ။ ဆိုးလ်မြို့ရဲ့ချောင်ကျ
ကျရပ်ကွက်လေးတစ်ခုရဲ့ လမ်ကြိုလမ်းကြားလေး
တွေက အခုလိုညနက်နက်အချိန်မှာ မရင်းနှီးသူတွေ
အဖို့တော့ ဝင်္ကပါ လေလားပေါ့။ ကျွန်တော်တို့လို
လူတွေ အတွက်ကတော့...။

အရင်ကောင်းကောင်းနေရစဉ်ကတော့ တစ်နေရာ
ကနေတစ်နေရာကို သွားဖို့အတွက်ယာဉ်ကြီးယာဉ်
ငယ်အပြည့်အစုံရှိလေသော်လည်း အခုချိန်မှာတော့
ဟိုကုပ်တက် ဒီတွယ်တက်နဲ့လက်တွေတောင်
သနားစရာကောင်းအောင်ပေါက်ပြဲနေပြီ။

ဟိုလူတွေကလည်းမခေချေ အနောက်ကနေထပ်
ကြပ်မကွာပါလာသည်။ Aish... ခါတိုင်းဒီလောက်
ဆိုမျက်ခြေပြတ်နေပြီကို။ တော်တော်ဇွဲကောင်းကြ-

*တီ...*

ပြေးရင်းပြေရင်းနဲ့လမ်းမလယ်ကိုရောက်မှန်မသိ
ရောက်လာခဲ့သည်။ လူတွေထူထပ်နေတဲ့မြို့လယ်
ကောင်က ကားလမ်းမကျယ်ကြီးမဟုတ်ပေမယ့်
ထို နေရာနဲ့မလိုက်အောင်သန့်ပြန့်နေတဲ့ကား
အကောင်းစားကြီးက ကျွန်တော့်ထံကိုအရှိန်ပြင်း
ပြင်းလာနေသည်။

Aish... သေရမှာကြောက်လို့ပြေးပါတယ်ဆိုနေမှ
သေမင်းရှေ့မှောက်လျက် လဲသလိုဖြစ်နေပြီ။

~~***Diabolik***~~

ဆိုးလ်မြို့၏ အစွန်အဖျားကရဲတိုက်ဆန်ဆန် အိမ်
ကြီးတွေရဲ့ အပြိုသ်အဆိုင် ဝံ့ကြွားရာနေရာတစ်ခု။
အိမ်ကြီးတွေက ဟိုနား တစ်ခု ဒီနားတစ်ခုနှင့်။
ကြွယ်ဝချမ်းသာသူတွေရဲ့ အငယ်အနှောင်းများ
သို့မဟုတ် လူသိမခံဝံ့တဲ့ကိစ္စတွေရဲ့ တိတ်တဆိတ်
ဖြေရှင်းရာနေရာ။

ထိုကဲ့သို့ နာမည်ဆိုးနဲ့ကျော်ကြား
တဲ့နေရာက အိမ်ကြီးတစ်ခု။ အမြဲတစေတိတ်ဆိတ်
နေရတယ်လို့ထင်ရတဲ့ ထိုအိမ်ကြီး။ သူ့မှာလည်း
သူ့လျှို့ဝှက်ချက်နဲ့သူ။

ညနက်နက်နဲ့ပနံသင့်လှတဲ့ လမင်းကြီးကကောင်း
ကင်နိုင်ငံတွင်သူ့အမှုထမ်းလျက်။ တောအုပ်နဲ့နီး
စပ်နေတဲ့နေရာလို့ မသိမှာစိုးလို့ ပုစဉ်းရင်ကွဲမိသားစု
ကအော်ဟစ်သတိပေးလျက်။

မအိပ်ရတာကြာလို့လေးလံနေတဲ့ မျက်လုံးတွေက
အခွင့်ရတုန်းလေး အနားယူနေကြဆဲ။ စိတ်တော့
မကောင်းပေမယ့် သနားစရာမျက်လုံးတို့ကိုအားယူ
ဖွင့်ရင်း ရောက်ရှိနေတဲ့ အရပ်ကိုလေ့လာမိသည်။

Aish... ဘယ်နေရာကိုရောက်နေတာလဲ? ပြီးတော့
ဘာဖြစ်သွားတာလဲ?

သူမှတ်မိသလောက် သူ့ကိုလူတွေလိုက်ဖမ်းကြ
တယ်။ သူပြေးတယ် ပြီးတော့ကားတစ်စီး။ တိုက်မိ
တာလား? မတိုက်မိဘူးလား? ဆိုတာသူမသိတော့။

"သတိရလာပြီလား?"

အေးစက်တယ်မဆိုသာပေမယ့် နွေးထွေးခြင်း
အလျဉ်းမပါတဲ့အသံတစ်ခု။ အခုမှသတိထားမိ
တော့ သူရောက်နေတဲ့နေရာက အခန်းတစ်ခန်းပဲ။
ဆေးရုံတို့ မြေအောက်ခန်းတို့ မဟုတ်ဘဲ လူနေတဲ့
အိပ်ခန်းလေး။ အရမ်းကြီး ကြီးကျယ်ခမ်းနားနေ
တာမျိုးမဟုတ်ဘဲ သူ့ဟာနဲ့သူတော့ သန့်ရှင်းသန့်
ပြန့်ကာနေချင်စဖွယ်ရှိသည်။

"ကျွန်တော့်ကိုဖမ်းလာတာလား?"

ခြောက်ကပ်ကပ်ရယ်မောကာ အရွှန်းဖောက်လိုက်
သော်လည်း ကျွန်တော့်ကိုကျောပေးထားတဲ့
လူသားက Sehun ဘက်ကိုတစ်ချက်လေးတောင်
လှည့်မလာ။ နောက်ကကြည့်တာတောင် ဖြာထွက်
နေတဲ့ အမျိုးအမည်မသိအရှိန်အဝါတွေက တော်တော်လွှမ်းမိုးနိုင်စွမ်းရှိသည်ပြောရမည်။

"ငါတို့ကားနဲ့တိုက်မိမလိုဖြစ်ပြီး မေ့လဲသွားလို့ ဒီကို
ခေါ်လာတာ…"

တစ်ခုခုငှဲ့ထည့်သံနဲ့အတူ Sehun ရှိရာဘက်ကို
မျက်နှာမူလိုက်တဲ့ ထိုအမျိုးသား။ မျက်နှာတစ်ခုလုံး
ထင်ရှားနေတာက ယောကျာ်းပီသသည့်နဖူး။
အနက်ရောင်ဆံပင်တွေကို သေချာဖြီးကာလှန်တင်
ထားတာမို့ သူ၏ထင်ရှားသည့်နဖူးက ပိုမိုပေါ်လွင်
နေသည်။ အိမ်နေရင်းတောင် Suit ကိုအပြည့်ဝတ်
ထားသောကြောင့် ထိုသူသည် အိမ်၏ပိုင်ရှင်တော့
မဖြစ်နိုင်။ Butler သူဖြစ်ရမည်ဟု Sehun သတ်
မှတ်လိုက်သည်။ ဘယ်သူဌေးက ကိုယ့်အိမ်မှာ
ကိုယ်နေတာကို Suit ကြီးဝတ်ထားမှာလဲ?

"ဒီနေ့တော့ဒီမှာပဲ အိပ်လိုက်… မနက်ကျမှမင်းနေ
တဲ့နေရာကိုပြန်လိုက်ပို့ပေးမယ်"

ပူပူနွေးနွေးလက်ဖက်ရည်ခွက်တစ်ခွက်က Sehun
ရှေ့ကိုရောက်နေပြီ။ လက်ဖက်ရည်ခွက်ကိုထိုအမျိုး
သားဆီကလက်လွှဲယူကာ တစ်ငုံသောက်ကြည့်
လိုက်သည်။ မခံစားရတာကြာပြီဖြစ်တဲ့ အိမ်ဖျော်
လက်ဖက်ရည်ရဲ့ပူနွေးချိုမြတဲ့ အရသာက လည်ချောင်းတစ်လျှောက်ကိုနွေးထွေးသွားစေ
သည်။

"ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ?"

လွမ်းနေရတဲ့လက်ဖက်ရည်အရသာကိုနောက်တစ်
ခါပြန်မြည်းစမ်းရင်း ထိုအမျိုးသားကိုမေးမိသည်။
တစ်ကြိမ်တစ်ခါပဲ ဆုံဖူးသေးတာပေမယ့် ထိုအမျိုး
သားကို စိတ်ထဲကရင်းရင်းနှီးနှီးကိုသိနေသလိုမျိုး။

"မနက်ကျရင် ခွဲခွာရတော့မယ် လူတွေမို့ ငါ့အကြောင်းရော ဒီအိမ်အကြောင်းကိုရော သိဖို့
မကြိုးစားပါနဲ့… အထူးသဖြင့် ဒီည နေနေတဲ့ အချိန်
အတွင်းမှာ အိမ်အပေါ်ထပ်ကို ဘယ်လိုအကြောင်း
ကြောင့်နဲ့မှမတက်ပါနဲ့…"

ခပ်ပြတ်ပြတ်ပြောစကားနဲ့အတူ ထိုအမျိုးသားက
အခန်းထဲကထွက်သွားသည်။

မနက်ကျရင် ခွဲခွာရမယ်
အဲ့ဒါကရော ထင်သလိုဖြစ်ပါ့မလား?

~~***Diabolik***~~

လောကမှာ သူ့ဟာသူဖြစ်ချင်လို့ ဖြစ်နေတဲ့ ကိစ္စဆို
တာမရှိဘူး။ အရာအားလုံးက ဖြစ်ဖို့ရာစတင်
လိုက်တာနဲ့ ဖြစ်ရတဲ့အကြောင်းနဲ့ပျက်ရမယ့်
အကြောင်းက ဒွန်တွဲပါလာပြီးသား။
တည်မြဲတဲ့အရာဆိုတာကို ရုပ်ရှင်တွေ စိတ်ကူးယဉ်
မှော်ဝတ္ထုတွေထဲက မှော်ဖန်လုံးနဲ့ရှာရင်တောင် မရှိ
နိုင်။ ထိုနည်းတူ ထာဝရဆိုသည်မှာလည်း အိပ်ရာဝင် နတ်သမီးပုံပြင်လိုပင် အမြဲကြားနေရ၍သိနေသော်လည်း တကယ်မရှိ။

နှစ်နာရီခွဲပြီးလို့ နာရီလက်တံက နှစ်နာရီ သုံးဆယ့်ငါးဖြစ်လုချိန်။ အာခေါက်ထဲခြောက်ကပ်
ကပ်ဖြစ်လာတာကြောင့် Sehun အိပ်နေရာကနေ
နိုးလာသည်။ အခန်းထဲကိုမျက်လုံးဝေ့ကြည့်လိုက်
တော့လည်းရေဆိုလို့ နွမ်းစပြုနေတဲ့ပန်း
လေးထိုးထားတဲ့ ပန်းအိုးထဲကရေသာရှိသည်။

ဟိုလူရဲ့အရိပ်အယောင်လည်းမတွေ့ရ။ ကုတင်ပေါ်
ကထလိုက်ပေမယ့်လည်းခြေလှမ်းတွေကတံခါးဝမှတင် ရပ်တန့်နေသည်။ သူများအိမ်မှာလျှောက်သွား
နေလို့ဖြစ်ပါ့မလား ဆိုတဲ့ အတွေးတွေကလည်း
ထူးထူးဆန်းဆန်းဝင်နေပြန်တော့ Sehun ခြောက်
ကပ်ကပ်ရယ်မောလိုက်မိသည်။

တံခါးလက်ကိုင်ဘုကိုအသာလှည့်ဖွင့်ရင်း အိမ်ကြီး
အိမ်ကောင်းထဲ ရေ ရှာထွက်ရတော့သည်။

ကယ်ကြ…ပါဦး…

တစ်ကိုယ်လုံးကသွေးတွေအကုန် ရပ်တန့်သွား
သလိုပင်။ ခြေဖျားလက်ဖျားတွေကအစအေးစက်
ကာ ရှေ့ဆက်လှမ်းဖို့အားအင်တွေပါပျောက်ရှကုန်
သည်။ သရဲ ခြောက်ခံရတာလား?
မိုးမလင်းသေးတဲ့ အချိန်ဖြစ်ကာတစ်အိမ်လုံး
မှောင်မည်းနေသည့်အပြင် ပတ်ဝန်းကျင်ကကြားနေ
ရသည့် ပုစဉ်းရင်ကွဲအသံတွေကလည်း လူတွေ
အုပ်စုလိုက်ဝိုင်းအော်နေသည့်အလား။

နားကြားမှားတာများလား?

ဘယ်လောက်ပင်ကြောက်နေသော်လည်း ရေဆာ
သည့်စိတ်ကပိုနေတာမို့ အားတင်းကာရေရှိနိုင်မည့်
ကိုရှာဖွေနေမိသည်။ အချိန်အတော်ကြာတဲ့အထိ
ရေလည်း မတွေ့ အော်သံလည်းမကြားတော့တာမို့
Sehun ကိုယ့်ကိုကိုယ်နားကြားမှားတာလို့ထင်စပြု
လာသည်။

ရှာရင်းနဲ့ရောက်လာသည့်နေရာက ဧည့်ခန်းထဲဟု
ယူဆရသည်။ ဝင့်ထည်စွာ နေရာယူထားသည့်
လှေကားကြီး။ ဒီလိုကြီးကျယ်ခမ်နားတဲ့အိမ်ကြီးမှာ
ဒီလိုလှေကားကြီးရှိနေတာ ဘာမှမထူးဆန်းပါဘူး။
ဒါပေမယ့် တစ်စုံတစ်ခုသောအရာက Sehun ရဲ့
အာရုံတွေကိုဖမ်းစားထားသည်။

တလက်လက်တောက်ပနေတဲ့ စိန်လည်ဆွဲလေး။

ဝမ်းသာအားရနဲ့ကောက်ကိုင်ကြည့်လိုက်ပေမယ့်…

"Boyah… အတုကြီး "

လက်ထဲသေချာချာကိုင်ကြည့်လိုက်တော့မှ စိန်လည်ဆွဲကြီးကအတုကြီး။ လည်ဆွဲကိုဒူးထောက်
ပြီးကောက်နေတာမို့ မျက်လုံးက လှေကားထစ်တွေ
ဆီရောက်သွားပြန်သည်။

"ဒါကလက်သည်းရာတွေလား?… Ah!
B-Boyah?"

လက်သည်းရာလို့ထင်ရတဲ့ ခြစ်ရာတွေကိုလက်နဲ့
ပွတ်ကြည့်ရင်းက သွေးစတွေနဲ့ ကျွတ်နေတဲ့ လက်သည်းတစ်ချောင်းက ကြမ်းပြင်တွင်စိုက်နေ
သည်။

ကယ်ကြ…ပါဦး…ကယ်ကြပါဦး

Boyah?… ဘာသံကြီးလဲ? မဟုတ်မှလွဲရော ရုပ်ရှင်တွေကလို ဒီအိမ်ပိုင်ရှင်က မိန်းကလေးတွေ
ကိုဖမ်း မုဒိန်းကျင့်ပြီးသတ်ပစ်နေတဲ့ လူသတ်သမား
မဟုတ်ဘူးလား?

အသံကအပေါ်က ကြားနေရတာပဲ။

"ဒီည နေနေတဲ့ အချိန်အတွင်း အိမ်အပေါ်ထပ်ကို
ဘယ်လိုအကြောင်းကြောင့်နဲ့မှ မတက်ပါနဲ့…"

အိမ်အပေါ်ထပ်ကိုမတက်ခိုင်းတာ အဲ့ဒါကြောင့်များ
လား? ဒီလိုသာဆိုတစ်ခုခုလုပ်ရမှာမဟုတ်ဘူး
လား? ကျွန်တော်ဆိုတဲ့ကောင်က လူကောင်းတော့
မဟုတ်ပေမယ့် စာနာစိတ်လေးတော့ရှိပါသေးတယ်
ဒီလိုအိမ်ကြီးထဲမှာမိန်းကလေးတစ်ယောက် အသတ်ခံရတော့မယ်အရေးကို ဒီတိုင်းတော့ကြည့်
မနေနိုင်ဘူး…။

ဖုန်းရှာရမယ်…။ ဖုန်း… အနီးအနားမှာလည်း ဖုန်းနဲ့
တူတာတစ်ခုမှမရှိ။

မိန်းကလေးကိုအရင်ရှာမှဖြစ်မယ်။

မရှိမဲ့ရှိမဲ့ သတ္တိလေးတွေကို စုစည်းမွေးကာအိမ်ကြီး
၏အပေါ်ထပ်ကိုတစ်လှမ်းချင်းလှမ်းလာသည်။

အသံကြားရာဘက်ကိုတစ်လှမ်းချင်းလှမ်းလာရင်း
နဲ့ရောက်လာတာက လှေကားကြီးအဆုံးတည့်တည့်
ကအခန်းတစ်ခန်း။ တံခါးလက်ကိုင်ကအစကနုတ်ပန်းတွေနဲ့စီစီရီရီခြယ်
ထားကာ တံခါးဘောင်တွေကလည်းပြောင်ချော
နေသည်။

ခမ်းနားကြီးကျယ်နေတဲ့ အခန်းကြီးနဲ့မလိုက်ဖက်စွာ
သနားစရာမိန်းကလေး၏အကူအညီတောင်းခံသံက
ခြောက်ခြားဖွယ်ရာထွက်လာနေသည်။
အချိန်ဆွဲမနေဘဲ တံခါးလက်ကိုင်ကို ဆွဲဖွင့်ကြည့်
လိုက်တော့…

"N-Noona…"

"သူ လာတော့မယ်!…သူလာတော့မယ်!… ပြေးမှ
ဖြစ်မယ်"

လိမ်းထားတဲ့မိတ်ကပ်တွေက မျက်ရည်တွေကြောင့်
ပျက်ကာ နှစ်လိုဖွယ်တွေအကုန်ပျောက်ဆုံးနေတဲ့
Noona…။

"Noona!…ဘာဖြစ်လို့လဲ?"


Sehun နဲ့ စကားပြောနေရင်းနဲ့ သူမကိုနောက်က
နေခြေထောက်ကိုတစ်ယောက်ယောက်က ဆွဲလိုက်
သလိုကြမ်းပြင်ပေါ်ကိုမှောက်လျက်ကြီးပစ်ကျသွား
သည်။ ထို့နောက် Sehun ပင်လှမ်းဆွဲ၍မမှီလိုက်။
တစ်စုံတစ်ခုက ဆွဲသွားသလိုမျိုး တရွတ်တိုက်ကာ
အခန်း ၏အမှောင်နေရာထဲကိုတိုးဝင်သွားလေ
သည်။

"Noona?"

အခန်းကြီး၏အတွင်းပိုင်းကိုမမြင်ရ။ မျက်စိရှေ့တွင်
သူမကိုဆွဲသွားတာတွေ့လိုက်သော်လည်း ဘယ်သူ
မှန်းမသိလိုက်။ ဦးနှောက်က မသွားပါနဲ့လို့ပြောနေ
သည့်ကြားက Sehun ရဲ့ခြေလှမ်းတွေကတဖြည်း
ဖြည်း အမှောင်ထဲဝင်လာနေမိသည်။

"Baek ကိုသတ်မလို့လာတာလား?"

Sehun ပြောစရာစကားတွေ ဆွံ့အသွားသည်။
အမှောင်ထဲမှာကောင်လေးတစ်ယောက်သူ့ဒူးခေါင်း
လေးကို သူပြန်ဖက်ကာကျုံ့ကျုံ့လေးထိုင်နေသည်။
မျက်နှာတစ်ခုလုံးလည်းပေတလူးနေတာပဲ။
မှောင်နေတာမို့ သိပ်တော့မမြင်ရ။

"မ-မဟုတ်"

Sehun ရဲ့အိမ်စီးစလစ်ပါလေးကခပ်ပျစ်ပျစ်အရည်
လိုလိုတက်နင်းမိလို့ကြည့်လိုက်တော့…
ကောင်လေးဘေးမှာ မှောက်လျက်ကြီးလဲနေတဲ့
Noona။ ဒါနဲ့ကောင်လေးပါးစပ်က… သွေးတွေ
လား?
ကောင်လေးက Sehun ကိုခြောက်ခြားဖွယ်
ကောင်းအောင် ပြုံးပြနေရင်း…

"Baek ကိုသတ်ဖို့ဆိုရင် Baek ကဦးအောင်ပြန်
သတ်ပစ်မှာ…"

တစ်အိမ်လုံး ကောင်လေး ၏ခြောက်ခြားဖွယ်ရာ
ရယ်သံကလွှမ်းခြုံသွားသည်။

~~***Diabolik***~~

Seguir leyendo

También te gustarán

116K 7.8K 34
*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့...
193K 13.2K 72
"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt