Virus of Love [Completed]

بواسطة FormemeBunnyIxOnly1

227K 17.4K 1.3K

Jeon Jung Kook Kim Tae Hyung Paring - Taekook Vkook This one may include rated scences[Warning] المزيد

သူ=Virus
အနမ္း Virus
အခ်စ္Virus
ညVirus
မာနVirus
ေနာင္တVirus
သတိတရ Virus
ရင္ခြင္ Virus
အေခ်Virus
အဆိုးခံVirus
မ်က္ႏွာဖံုး Virus
ကုစား Virus
စစ္ခင္း Virus
မ်က္ရည္ Virus
ရင္ခဲြVirus
ပေဠဟိ Virus
ကံျကမၼာ Virus
ေစသူVirus
ခ်ည္ Virus
ဆုလာဒ္ Virus
နတ္ဆိုး​ Virus
သက္​ဆံုးတိုင္​ Virus

အက်ဥ္းစံVirus

8.4K 739 43
بواسطة FormemeBunnyIxOnly1

(Unicode)

အမှောင်ထဲ၌ ထွန်းသည့် အလင်းမှာ ထူး၍
တောက်ပသည် ။ ကျွန်တော် ဖတ်ဖူးခဲ့တဲ့
ဤစာတိုပေစများ အားကိုးနဲ့ ဝမ်းသာလုံးဆို့
မတတ် ထခုန်ပစ်လိုက်ရမည်လား ..?

သို့တည်းမဟုတ် ...၊

အရူးလုပ်ခံလိုက်ရလေခြင်းဆိုတဲ့ ခံပြင်းစိတ်
ကြောင့် သူ့ကို အားကုန်ထိုးချပစ်လိုက်
ရမည်လား?

အမှန်စင်စစ်မူ ကျွန်တော့် စိတ်က ခန္ဓာအဝေး
ထွက်ပြေးသွားသည့်ပုံ ။ အတွေးထူစွာ မူးမိုက်
လာတဲ့ ခေါင်းကို လက်နဲ့ဖိရင်း ပစ္စုပ္ပန်မှ
တစ်ချက်တစ်ချက် လွတ်မြောက်ချင်နေသည် ။

နောက်ခံတီးလုံး ကူစရာမလို ၊ အသက်ဝင်ခဲ့
တဲ့ ဒီဇာတ်ကျောရိုးကို ကျွန်တော်က သိပြီး
သားမို့ ၊ တစ်ကြောင်းတစ်ပါဒသော သူ၏
ဖြေရှင်းချက်မျိုးနှင့်ပင် သဘောပေါက်လိုက်ပါ၏။

" ကိုယ်က ကလေးကို ကယ်ချင်ရုံသက်သက်ပါ "

ကျွန်တော်ကရော ...?

အရိပ်သာသာ အဖြစ်မျိုးကိုမှ မသိ ၊
အဟုတ်ကြီး ထင်မိတဲ့ ကျွန်တော် ။
နေကွယ်ရင် သေဆုံးရမယ်ဆိုတဲ့ အသိက ရင်ဘတ်တစ်ခုလုံး ဓားနဲ့ ဆွဲခြစ်ခံနေရသလို။

" နင်တော်တော် ရူးပါလား Jeon Jung Kook
ရယ် !!! မလိုချင်လို့ သတ်ဖို့လုပ်ခဲ့တာကို
ကယ်ပါဆိုပြီး အသနားခံရအောင်
နောက်ထပ် အသက်ပိုနင့်မှာရှိလား ဟမ်
ငါ့ကို ပြောလေ ကလေးကို ဘာမှမထိခိုက်စေ
ရဘူးလို့ နင်ကတိပေးမလား "

မိန်းကလေးက ငိုယိုအော်ဟစ်ရင်း သူ့ရင်ဘတ်
အား နာနာကျည်းကျည်းထုရိုက်လျက် ။

ကျွန်တော် ငိုပစ်လိုက်ချင်ပါသည် ။ ဒီကြမ္မာဆိုးတွေမှ ကယ်တင်ပေးဖို့ တစ်ယောက်ယောက်အား အော်ဟစ်ပြီး
အကူအညီ တောင်းပစ်လိုက်ချင်ပါသည်။

ထိုဇာတ်ခုံအစုံစုံပေါ်မှာ ကျွန်တော့်မှားယွင်းမှု့
မပါခဲ့သော်လည်း သူဌေးကြီးအစား ကျွန်တော်
ခံယူဝံ့ပါသည် ။ သူက ကျွန်တော့် အဖေဖြစ်
သည်မို့ ၊ ကျွန်တော်တို့က မိသားစုဖြစ်သည်မို့ ။

" ခြင်ဆီ ကျွန်တော် ပေး..ပါ..ရ...စေ ...."

မျက်ရည်များနှင့် မိန်းကလေး ...သို့တည်းမဟုတ်
ကလေးနှင့် သွေးသားတော်စပ်သူ မိန်းကလေး
က ကျွန်တော့်စကားကို ကြားကြားချင်းပင်
ဟားတိုက်ရီပစ်လိုက်ပါ၏။

" မယူဘူး ယူစရာလည်းမလိုဘူး ။
အဲ့လိုလုပ်မဲ့အစား အသေပဲခံခိုင်းလိုက်မယ် "

" EUN HEEEEEE!!!!!!! "

" ဘာလဲ Jung Kook ...ငါ့စကားမှားသွား
လို့လား ? အဲ့ဒီ့အသိုင်းအဝိုင်းအကြောင်း
နင်ဘယ်လောက်သိလို့လဲ ။ ဟော့ဒီမှာ
မေတ္တာတရားတွေဆိုပြီး ချပြ ၊ ကွယ်ရာကျရင်
လူယုတ်မာအပြုံးတွေနဲ့ ငါတို့ကိုလှလှကြီး
သတ်သွားမဲ့လူတွေ ။ နင်မေ့ပစ်လိုက်ပြီလား။ ငါ့အမ ...သေခဲ့ပြီးပြီ ။ အခုကလေး ။
သေမင်းလက်ထဲ ချက်ချင်းကြီးအပ်ပစ်လိုက်
တာနဲ့ ဘာမှမခြားဘူး "

" ဒီအတိုင်းထားလိုက်ရင်ရော ?
ကလေးက ရှင်မှာတဲ့လား ? နင့်မှာ ငွေရှိလား?
ကလေးနဲ့အမျိုးအစားတူတဲ့ခြင်ဆီရှိလား ?
ဘယ်အချိန်ထိ အသက်တစ်ချောင်းကို
ငါတို့ဆွဲဆန့်ထားနိုင်မှာလဲ? ဖြစ်သင့်တာကို
ငါလုပ်ပေးတာ ။ နင့်အတ္တတွေ နည်းနည်း
လျော့ပြီး ကလေးကိုပဲကြည့်စမ်းပါ "

ခါးပေါ်လက်မှေးတင်ရင်း ဆံပင်ကြေတို့ကို
စိတ်ရှုပ်စွာ ထိုးဖွနေတဲ့ သူ့သရုပ်က ...
ပီပီပြင်ပြင် လူသားဆန်ခြင်းတွေ ယှက်ပြေး
နေသယောင် ။

ကျွန်တော် ဝမ်းနည်းစွာ ငေးမိပြန်တယ် ။

" babe ... သူ့ကို အာရုံထားမနေနဲ့ ။
babe ဖြစ်ချင်တာကိုပြော ၊ ကိုယ်ကူညီမယ် "

သူဖောက်ခဲ့တဲ့လမ်းကို ကျွန်တော်ကိုယ်တိုင်
ဆက်လျှောက်ရန် ဆိုတဲ့စကားက အားအင်
ဖြစ်ဖွယ်ရာ။

မိန်းကလေးကတော့ ငိုင်ငိုင်ကြီးတွေဝေသွား၏။

ကျွန်တော် သူမကိုလည်း တောင်းပန်ရပါဦးမည်။

" Eun Hee... ကျွန် ..တော် အရာအားလုံး
အတွက် တောင်းပန်ပါ့မယ် ။ ရိုက်ချင်ရင်
ရိုက်ပစ်လိုက်ပါ ။ ဒါပေမဲ့ ကလေးကိုငဲ့ပြီးတော့
ပဲ ဖြစ်ဖြစ် ကျွန်တော့်ကို ဆေးစစ်ခံခွင့်ပေးပါ ။
အိမ်ကဘယ်သူမှ မသိစေရပါဘူး ။ ကျွန်တော့်
အသက်ကိုထပ်ပြီးတော့ အာမခံပါတယ် "

မိန်းကလေးက မျက်ရည်များကို ခပ်ကြမ်းကြမ်း
သုတ်ပြီး...,,,

" ကျွန်မတို့ကလေးလေးကို ရှင်...ရအောင်
ကယ်ပေးပါ ။ မဟုတ်လို့ကတော့ ကျွန်မ
လူသတ်ဖို့လည်း ဝန်လေးနေမှာမဟုတ်ဘူးနော် "

" ဟာ ကျေးဇူးတင်လိုက်တာ ။
စိတ်ချ ကျွန်တော်ရအောင်ကယ်မှာ "

Eun Hee ဆိုသော မိန်းကလေးက ဘာဖြစ်နေ
ဖြစ်နေ ရင်ဆိုင်ရန်အသင့်ဟူ၍ စိတ်ဒုံးဒုံး
ချလိုက်ပုံရပါသည် ။ ခေါင်းတစ်ချက်ငြိမ့်ရင်း
ကျွန်တော်တို့နှစ်ဦးအရှေ့မှ ထွက်သွားခဲ့၏။

သူမ ခွင့်ပြုချက်က ကျွန်တော့်သောကကို
တထစ်လျော့စေသော်ငြား..,,,

ကျွန်တော့် အပူမီးက သူ့အပြုံးကိုမြင်တဲ့အခိုက်
ဟုန်းခနဲတောင်လောင်တယ် ။

" မင်းကိုမုန်းတယ် .. လာပြုံးမပြနဲ့ "

ကျွန်တော်၏ မျက်စောင်းပြင်းပြင်းအလယ်မှာပင်
သူ့အပြုံးက ထူးထူးခြားခြား ကြည့်ကောင်း
နေပြန်သည်။ ကျွန်တော့်ရူးသွပ်ခြင်းက
ခပ်သေးသေး မဟုတ်ခဲ့ပုံ ။

" ချစ်တယ် babe ... "

မျက်တောင်တခတ်မျှ ကျွန်တော်ကြောင်သွား
မိပါသည် ။ တစ်ခါတစ်ခါ ဒီကောင့်အကြောက
ပေါ့သေးသေးမဟုတ် ။ ကျွန်တော့်လို
ဂျစ်ကန်ကန်လူကိုတောင် ပါးစပ်
ဟောင်းလောင်းပွင့်လာအောင်
မူယာမာယာများတတ်ပြန်သည်လေ။

" ကလေးကို ကယ်ဖို့ ငါက ခုတုံးလုပ်ခံခဲ့ရတာ
လေ။ ချစ်တယ်လို့ပြောတာက မင်းအတွက်
သိပ်လွယ်နေမှာပေါ့ ။ စိတ်ရင်းနည်းနည်းလေးမှ
မပါဘဲလေ "

" စိတ်ရင်းတွေ ဘေးဖယ်ကွာ..
နှလုံးသားနဲ့ပြောမယ်... တကယ်ချစ်တယ်လို့ "

" မယုံရဲတော့ဘူး "

အေးလေးတဲ့ ကျွန်တော့်စကားအဆုံးမှာ
သူ့အပြုံးတွေ သိသိသာသာတည်တဲ့ဘက်
ရောက်သွားတယ် ။ဘာလို့များ...?

" ရင်ခွဲပြရမလား? "

" တကယ်ခွဲရင် ထွက်ပြေးမဲ့လူကများ "

သူ့စကားမှာ ကျွန်တော် ရင်တုန်ရပါသည်။
စနောက်လိုဟန်မပြတဲ့ မျက်ဝန်းစူးရဲရဲများက
ကျွန်တော့်အား ငုံ့မိုးကြည့်နေသည်မို့ ၊
ရင်လည်းခုန်ရပါသည် ။

" Ok မယုံဘူးပေါ့ "

" မယုံ ... "

ကျွန်တော် စကားဆက်ခွင့်မရလိုက်။

သူ့ရှပ်အင်္ကျီပွပွထဲသို့ ကျွန်တော့်ခေါင်းကို
ရုတ်တရက် ဆွဲထည့်ရင်း ...,,,

" ဘယ်နားခွဲချင်တာလဲ ? နေရာမှတ်ထားချည်"

အထိတ်တလန့်ကျွန်တော် ရုန်းပေမဲ့ မြဲမြံတဲ့
သူ့လက်တွေအောက်မှာ အရာမထင်။

အနုပညာလှလှနဲ့ ထုဆစ်ထားသယောင်
အချိုးညီတဲ့  သူ့ရင်ဘတ်ကျယ်အား
ထိကပ်နေသော  ကျွန်တော့်ပါးပြင်တွေ ပူခြစ်
လာသလို။ တကယ့်ကို လက်ရဲဇက်ရဲပါဆို။

" နေရာမှတ်ထားဆိုနေ "

" Jeon Jung Kook !!!!! ငါစိတ်တိုလာပြီနော်
လွှတ်လို့ပြောနေတယ်လေ "

" နေရာမှတ်ထားပါဆို "

ကျွန်တော် သူ့ရင်ဘတ်ပေါ်ရှိ ပန်းရောင်အဖု
သေးသေးလေးကို ဆွဲကိုက်ပစ်လိုက်တော့ ...,,,

" အ !!!! ခွေးလေး...ဘာလို့ကိုက်တာလဲ "

" နေရာမှတ်တာလေ "

သူ့ရီသံလွင်လွင်ကို ကျွန်တော်ကြားလိုက်ရတယ်။

" တစ်ကိုယ်လုံးကိုရော မမှတ်ချင်ဘူးလား ?"

" မင်း နာမှာပေါ့ "

" ကိုယ်လက်စားပြန်ချေမယ်လေ "

သူ့ရှပ်အင်္ကျီကို ဆွဲမကာ ကျွန်တော် အပြင်သို့
မြန်မြန်ထွက်လိုက်ပြီး ..,,,

" မင်း နာမည်ပြောင်းလိုက်ပါလား "

" ဘယ်လို ? "

ပြုံးစစမျက်နှာနဲ့ ပြန်မေးတဲ့သူ ။

" မြေခွေးကြီး ဆိုပြီး "

ကျွန်တော်၏ စူပုတ်ပုတ်မျက်နှာကို
သူ အသဲယားလာဟန်တူပါသည် ။
မဟုတ် ၊ ကျွန်တော် ကင်ပွန်းတပ်သော
သူ့နာမကို မကျေနပ်တာနေမှာ ။

နားရွက်ဖျားသို့ ဆော့ကစားလာတဲ့ သူ့နှာ
ခေါင်းချွန်ချွန်ကြောင့် ခေါင်းကို ဟိုဒီ
ကျွန်တော်စောင်းမိတယ် ။ စူးရှရှ
သူ့ကိုယ်သင်းရနံ့တွေကို ကျွန်တော်ရတော့
အသက်ရူနည်းနည်းမြန်လာတယ်။

ကယ်ပါ !!! ကျွန်တော် နှလုံးရောဂါတွေ
ဘာတွေများ ရနေပြီလား ...?

" မြေခွေးကြီးဆိုလည်း Kim Taehyung ရဲ့
မြေခွေးကြီးပဲဖြစ်ချင်တာ ကိုယ့်ကိုမွေးထားပေါ့"

" အရိုးပဲကျွေးမှာ အဲ့မြေခွေးကြီးကို "

ကိုယ့်လက်ကို ပြန်ကိုက်ဟန်ပြရင်း
ကျွန်တော် ခနိုးခနဲ့ဖြင့် သူ့ကိုစမိတယ်။

" အဲ့လိုရက်စက်မယ်ပေါ့ "

မျက်ခုံးကိုအပေါ်ပင့်ရင်း စဉ်းစဉ်းစားစားဖြင့်
သူမေးတယ် ။ ပုံကတော့ ရူတည်တည်နဲ့ ။
ရယ်တောင်မရီ။

" ဒါပေါ့ "

" ကိုယ်က babe ကိုစားမယ်ဆိုရင်ရော "

" အဲ့မြေခွေးကြီးကို အရေခွံ့စုတ်ပစ်မှာ
ဟော့သလို ဟော့သလို "

သူ့အင်္ကျီကို ဆန့်ကျင်ဘက်သို့ ဘယ်ညာဆွဲရင်း
ကျွန်တော် ရန်စမိတယ် ။

"Hmm မြေခွေးကြီးက အားသန်တယ်နော် "

ဟန့်တားသံသာသာ ပြု၍ ကျွန်တော့်
လက်ကောက်ဝတ်နှစ်ခုကို သူ
ဆွဲချုပ်ပစ်တော့ ...

" အ ... နာ နာတယ် Jung Kook "

မြေခွေးကြီးက လွှတ်မပေးဘဲ ကျွန်တော်၏
မျက်ကလဲဆန်ပြာပုံကို အသာရီတယ်။

ကျွန်တော် တကယ်မနာဘူးဆိုတာ
သူသိတယ်ဆိုတဲ့ ပုံမျိုး ။

ကျစ် ... မုန်းချင်စရာကြီး ။

ခဏခဏကို ဖက်နေတော့တာပဲ။

" Jung Kook ငါအိမ်ပြန်ရဦးမှာနော် "

" ခဏလေးပဲ ငြိမ်ငြိမ်နေ အားဆေးကျွေးနေတာ"

ဒီလို အားဆေးမျိုးသာ နေ့တိုင်းအကျွေးခံရရင်
ကျွန်တော် အသက်ရှုကျပ်ပြီးသေမယ်ထင်ပါရဲ့။

ဒါပေမဲ့ ကွဲပြားတဲ့တစ်ချက် ...

ကျွန်တော့်ကမ္ဘာငယ်လေးက အသက်ရှုကျပ်
တဲ့  ဒီ လုံခြုံနွေးထွေးမှု့မှာ ရူးရူးမိုက်မိုက်
ပုန်းခိုချင်နေတော့တာပဲ ။

ကျွန်တော်ကြောက်တဲ့ နှလုံးသားမျက်နှာဖုံး
တွေ ကင်းဝေးတယ်ထင်ရတဲ့ နယ်မြေ။

သူ့စိတ်နှလုံး ဘယ်လိုဘယ်ဝါဆိုတာ
အလုံးစုံ မသိနိုင်ပေမဲ့ ...

မည်ရွေ့မည်မျှမရှိ ၊ ထာဝရနှင့်ရင်း၍
သူ့ကို ကျွန်တော် ချစ်သည် ။

\\\\\\\\\ Virus of L♡ ve //////////////

တန်ဖိုးကြီး အဆင်တန်ဆာတို့ မြိုင်ဆိုင်
လှတဲ့ အိမ်ကြီးဂဏ္ဍိုင် ၊ သွေ့ခြောက်တဲ့
ရင်းနှီးဖော်ရွေမှု့တွေ တန်ဆာဆင်ထားတဲ့
ငွေရေးကြေးရေး ဆက်ဆံရေး ၊  ကျွန်တော်
ငြီးငွေ့လှပါပြီ ။

မေမေ ရှင်းချက်ထုတ်တော့ ကျွန်တော်
ဘာကြောင့် နှုတ်ဆိတ်နေခဲ့ရသလဲ မသိ ။

-  လိုအပ်လို့ ရှာရတယ် သား ... မင်းဖေဖေ
ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ ရပ်တည်နေတဲ့
အသက်အိုးအိမ်တွေအတွက် လိုအပ်လို့
ရက်စက်ရတယ်သား ...လိုအပ်လို့ ယုတ်မာ
ရတယ်သား ... ကိုယ့်ကိုကိုယ်ထက် ဘယ်သူ့
ကိုမှ ပိုမချစ်နိုင်တဲ့ အမှန်တရားကြောင့်
မေမေတို့ နာကျင်ခဲ့ရတယ် ။ ဒါပေမဲ့ မင်း
ဘယ်သူ့ကို အပြစ်တင်မလဲ ?  လောကတရား
က သာတဲ့သူဘက်ရပ်မှာလေ။ ဒါအမှန်ပဲ ။
မင်း လက်မခံလို့မရဘူး ။ လိုက်လျောညီထွေ
နေစမ်းပါသားရယ် -

ကရုဏာကဲတဲ့ မေမေ့ ဝါဒတွေသည်လည်း
သူဌေးကြီးနည်းတူ ဖြစ်နေပြီလားဟူသည့်
သံသယတွေ ကျွန်တော်ဝင်ခဲ့ပေမဲ့ ...

မေမေ့ အယူအဆတစ်ဝက်က မှန်ခဲ့သည်။
လောကတရားက သာတဲ့သူဘက် ရပ်ခဲ့တယ် !

မှားသောတစ်ဝက် ဆိုခြင်းထက် ကျွန်တော်
နားလည်ပေး၍ မရသော ကျန်တစ်ဝက် ။

တစ်ယောက်၏ ပုံစံခွက်ထဲ တစ်ယောက်
အသားကျဖို့ဆိုတာ ဘယ်လောက်အထိ
ခက်ခဲတဲ့ စိန်ခေါ်မှု့မျိုးလဲ ။

ဖြစ်စေချင်သလို မရမကဆွဲသွင်းခံနေရအောင်
ကျွန်တော်တို့က မာနနဲ့အသိဥာဏ်ရှိသော
လူသားများဖြစ်သည် ။ အဟိတ်တိရစ္ဆာန်များ
မဟုတ် ။ စက်ရုပ်များ မဟုတ် ။ သည်းခြေ
ပျက်နေတဲ့ စိတ်ရောဂါသည်များလည်း မဟုတ် ။

တစ်ဦးမူနဲ့ တစ်ဦးမူ... မတူစေဦးတော့ ၊
နားလည်မှု့သာရှိလျှင် မျက်ရည်ချောင်းစီးမဲ့
ဖြစ်ရပ်မျိုး ရှိမလာနိုင် ။

ကိုယ်ချင်းစာတရား ဆိုတဲ့ ဆောင်ပုဒ်ကို
လက်စွဲကိုင် ၊ ကိုယ်တိုင်ကမှ နားလည်
မပေးနိုင်လျှင် မုသာဝါဒကံသာ ကျူးလွန်ရာ
ရောက်မည်။

ဟင့်အင်း ၊ ထိုသူများက သူတို့ကိုယ်ကျိုး
ကလွဲရင် ကျန်သောကိစ္စများအား ထည့်သွင်း
စဉ်းစားမှာ မဟုတ် ။ မခံချင်၍ ဖက်ပြိုင်တော့
အင်အားကြီးသူသည်သာ အမှန် ။

လောကတရားက ကျိန်စာတိုက်လို့
မကုန်နိုင်ဘူးထင် ၊ ကျွန်တော်၏ လှောင်အိမ်
ငယ်ဘဝကို အကျဉ်းချဖို့ ဇာတ်တိုက်နေကြပြန်၏။

" ဖြစ်ပါ့မလား ရှင် "

" ဘာကိစ္စမဖြစ်ရမှာလဲ ? မင့်သား အသက်
လည်း ငယ်တော့တာမှ မဟုတ်ဘဲ "

ချွတ်လက်စ ဖိနပ်ကိုတောင် ကသိုက်ကရိုက်
ထားခဲ့ရင်း ပြောင်လက်နေတဲ့ ကြွေပြားခင်း
ပေါ် အပြေးတစ်ပိုင်း ခြေချမိတယ် ။

" အိမ်ထောင်ချပေးတယ်ဆိုတာ သူနဲ့ကိုယ်နဲ့
ရင်းနှီးမှု့လေးတော့ "

" မင်းပါးစပ်ပိတ်ထား ငါစီစဉ်တာကို
ကဖျက်ကယက် လုပ်ဖို့မစဉ်းစားနဲ့ "

" ကျွန်တော် မယူနိုင်ဘူးနော် လုံးဝ "

သူဌေးကြီး၏ ထက်မြက်စူးရှသော မျက်ဝန်း
ကျဉ်းများက မေမေ့ထံမှ ကျွန်တော့်ဆီသို့
ပူပြင်းစွာ လောင်ကျလာခဲ့သည်။

" ကောင်မလေးက မြို့တော်ဝန် သမီး။
မင်းနဲ့ဆို လားလားမှမတန်တာ ၊ ဒါပေမဲ့
ဟိုက လက်ခံခဲ့တယ် ။ မိန်းကလေးဘက်က
တောင် ကြည်ကြည်ဖြူ ဖြူ ကို ၊ မင်းလိုကောင်က
ငြင်းချင်သေးတယ် "

" ကျွန်တော့်လို ကောင်နဲ့ မတန်ဘူးဆို
မယူခိုင်းနဲ့လေ ၊  လွယ်လွယ်လေး "

စိမ်းညို ရောင် စဉ့်အိုးကြီးထဲရှိ ပန်းတစ်ပွင့်ကို
ကျွန်တော် ခပ်သာသာ ဆွဲနှုတ်ပစ်ရင်း
အရီတစ်ဝက်နဲ့ မထီမဲ့မြင်ဆိုတော့ ..,,,

" အနာဂတ်တွေ ပျောက်နေတဲ့ကောင် "

သူဌေးကြီးက ကျွန်တော့်အား ပါးစပ်လှုပ်ရုံကြိတ်
ဆဲသည် ။ ဟန်ဆောင်တာတွေ များလာတော့
ဒေါသတချို့တောင် ပြေပျောက်လို့ပါလား
သူဌေးကြီးရယ် ။

" လက်မခံလို့ မရဘူး ။ အားလုံးပြောပြီး
ဆိုပြီးပြီ ။ ယူပြီးတာနဲ့ မင်းလုပ်ချင်တာသာလုပ်
ငါခွင့်ပြုမယ် "

" အဟား ....ကျွန်တော့်ကို hyungလိုများ
မှတ်နေလား သူဌေးကြီးရယ် ၊ နည်းလမ်း
အဆန်းတွေ ထွင်ပါဦး "

" ငါ့သားက သိပ်ရိုးတာကိုး အဟင်း "

ဆိုဖာပေါ် လက်နောက်ပစ်တင်ကာ လျော့ရဲရဲ
ထိုင်ချလိုက်သည့် သူဌေးကြီး အပြုံးတို့က
အေးချိုလွန်းနေသည်  ။ ကျွန်တော်အလိုမရှိပါ။
အသက်မဲ့လွန်းတယ်ထင်တာမို့ ။

" မရရအောင် စီစဉ်မယ်ဆိုတဲ့ သဘောလား"

အခဲမကြေစွာ ဆုပ်တင်းထားသည့် ကျွန်တော့်
လက်သီးကို တစ်ချက်မျှကြည့်ပြီး
တဟက်ဟက်ရီနေသည့် သူဌေးကြီး ။
ဂရုမစိုက်ဘူးဟု လှောင်ပြောင်နေတဲ့ ထိုရီသံ
တွေရဲ့ ဝေးရာကို ကျွန်တော်ထွက်ပြေးချင်မိတယ်။

သူ့ရင်ခွင် ... .....

ကျွန်တော်ချစ်သော အနှီလူသား၏ ရင်ခွင် ....

နောက်ဆုံးသော တမလွန်မှာပဲဖြစ်ဖြစ်
မျက်လုံးမှိတ်ခွင့်ရချင်မိတဲ့ ကျွန်တော်၏
ခန္ဓာ ချုပ်ငြိမ်းရာ  ။

ငါ့ကို လာခေါ်ပါလား Jeon Jung Kook !!!
ကြောက်လို့ ..ငါအရမ်းကြောက်လို့ !!!!!!!

လက်ချောင်းများကြားမှ စီးကျလာသော
နီရဲရဲသွေးစတွေ ၊ ကျွန်တော် ကုပ်ခြစ်ပစ်နေတဲ့
နံရံကြီးက အစင်းရာ ထင်ရုံပဲလား ။

မတရား ၊ ကျွန်တော့်အသားတွေ ဒီလောက်
နာနေသည်ကို သူကတော့ ခန့်ထည်နေတုန်း
ပဲမလား ။

အား!!!!!!!!!!!!!!!!

အာခေါင်ခြစ် ကျွန်တော် အော်ပစ်ရင်း
ကြမ်းပြင်ပေါ်ဒူးထောက်ကာ Hyung
လက်ဖဝါးကို ကိုင်ယူပြီး ငိုယိုနေမိတယ် ။

Hyungသာ  ကျွန်တော့်ဘေးမှာ အရင်ကလို
ရှိနေခဲ့သေးရင် ၊

Hyung သာ ကျွန်တော့်မျက်ရည်တွေကို
မမြင်ချင်ဘူးဆိုပြီး ဆူပူပစ်နိုင်သေးရင် ၊

Hyung သာ မျက်လုံးတွေဖွင့်ပြီး ထပ်မံ
ရှင်သန်နိုင်သေးတယ်ဆိုရင် ၊

Hyung !!!!! ကလေး ရှိသေးတယ်
Hyung ရဲ့ကလေးလေး...သိလား ;
အရမ်းချစ်ဖို့ကောင်းတယ် ၊ hyung မတွေ့
ချင်ဘူးလားဟင် ...မြန်မြန်နိုးတော့လို့
ကျွန်တော် တစ်ယောက်တည်း လုပ်နိုင်မယ်
ဆိုတဲ့ ယုံကြည်ချက်မရှိလို့ ၊ ထတော့လို့

ကြယ်တွေကြွေဆင်းတဲ့အခိုက် ပြုတဲ့
ကျွန်တော့် တောင်းဆုအား Hyung ကြားပါစေ။

\\\\\\\\\\\ Virus of L♡ ve /////////////

ကံကြမ္မာ အခွင့်သာတဲ့ နေ့တစ်နေ့က
ကျွန်တော့်ကို ငိုရင်းပြုံးစေတယ် ။

ကလေးနဲ့ ခြင်ဆီတူတယ်တဲ့ .....

ဘာကိုမှ မမှု့နိုင်ဘဲ ဆေးစစ်ချက်ရရင်း
သူ့ကို ပြေးဖက်တော့ ..,,,

" ဘာဖြစ်တာလဲ babe?  မတူဘူးတဲ့လား ၊
ဒါဆိုလည်း ထပ်ရှာကြတာပေါ့ "

ပူပန်စွာ နှစ်သိမ့်နေတဲ့ သူ့ နှုတ်ခမ်းတွေကို
မော့နမ်းမိတော့ သူနာပြုမမတွေရဲ့မျက်နှာက
ညိုမဲ သွားတာများ ။

ကျွန်တော် သိတာပေါ့ ။

ကျွန်တော့်လူကို မျက်စောင်းထိုးနေတာ
တစ်ယောက်နှစ်ယောက် ကလို့။

ကျွန်တော့်လျှပ်တပြက်အတွေးက
သူ့ကို ကျွန်တော့်အပိုင်လို့ အချက်ပြရင်း
သတင်းစကားပါးမည်။

အလိုက်ကမ်းဆိုးမသိတဲ့ဟာလေးက
ဝမ်းသာစရာကြားကြားချင်း ကျွန်တော့်ကို
ပွေ့နမ်းတော့တာပဲ ။

အနှစ်နှစ်အလလ ရိက္ခာပြတ်ခဲ့သလိုမျိုး ။
အတင်းကြီး။

အစလုပ်မိရင် မပြတ်နိုင်တဲ့အမျှင်တန်း သူ့အနမ်းတွေကို မနည်းဖြတ်တော့မှ
လည်းပင်းပေါ်လက်တင်ရင်း ပြုံးဖြီးဖြီးလုပ်နေတာ။

အမြီးကိုးဆယ်ကျော်တဲ့ မြေခွေးအိုကြီးကျလို့။

" babe အရင်စတာနော် "

"Jeon Jung Kook !!!! "

ကျွန်တော် ပိတ်ဟောက်တော့  ညူ တုတု
ပြုံးရီရင်း ထောက်လှမ်းရေးလုပ်နေတဲ့
သူနာပြုမမ တစ်သိုက်ကို မျက်လုံးမှိတ်ပြလေရဲ့ ။

သေချာတယ် ... ထိုမိန်းကလေးတစ်သိုက်
ဟတ်တင် မဟုတ် ၊ တစ်ကိုယ်လုံးကျည်ဆန်မှန်
သလို ထွန့်ထွန့်လူးသွားမယ်ဆိုတာ ။

" babe .. ကိုယ့်ကိုစောင့်ဦးလေ ..babe...!!! "

ကြားသည် ။ တကြော်ကြော်အော်ခေါ်ရင်း
ကျွန်တော့်ခြေလှမ်းတွေနောက် အပြေးလိုက်
လာနေတာကိုလည်း သိသည်။

ထားပစ်ခဲ့မှ ၊ အဖတ်မလုပ်မှ သူ့အမှားသူသိမှာ။

" babe ကလည်း စိတ်ကြီးပဲကွာ "

" ငါ့ကို လာမထိနဲ့ "

လက်တစ်ဖက်ဖြင့် ဆွဲလှည့်တော့ သူ့ရင်ခွင်ထဲ
ရောက်လုလု ။ သူ့လက်ကိုဆွဲဖြုတ်ပြီး
ဒေါသနဲ့ပြောမိတဲ့ ကျွန်တော့်အသံတွေ
တုန်ယင်လို့ နေတယ် ။ ဧကန ....ကျွန်တော်
ငိုနေတာ မဟုတ်ပါဘူးနော် !

" ဟာ မျက်ရည်တွေ "

ပြာပြာသလဲလဲသုတ်ပေးဖို့ ဟန်ပြင်နေတဲ့ သူ့လက်ချောင်းတွေကို  ဟန့်တားရင်း..,,,

" မင်းကြောင့်လေ မင်းကြောင့် မင်း ... "

" ကိုယ် ချီမယ်။ ခွင့်လွှတ်မယ်မလား... မငိုနဲ့တော့"

" ချ ... အခုအောက်ကိုချနော် "

သူပြေးနေတာ ၊ ကျွန်တော့်ကို ပွေ့ချီရင်း။

လမ်းမီးတိုင်မှိန်မှိန်လင်းတဲ့ ပေတရာလမ်း
ထက်က ကျွန်တော့်တို့နှစ်ယောက်ပုံ
ဘယ်လိုနေလိမ့်မလဲ ။

အားးး တကယ်ရှက်စရာကြီး ၊

ဒါပေမဲ့ ကျွန်တော် မြတ်နိုးမိတယ် ။
သူနဲ့အတူရှိနေရတာမို့ ...။

ထို့ထက်ပိုပြောရရင် သူ့နှလုံးသားမူပိုင်ဟာ
ကျွန်တော်လို့ ခံစားလိုက်ရတာမို့ ....။

" Jung Kook...... "

ပြေးနေရာမှ ရုပ်တရက်ရပ်ရင်း သူ့လက်တွေ
ပြေလျော့သွားသောကြောင့် မတ်တပ်ရပ်ကာ
သူ့ကိုမော့ကြည့်မိတယ်။

ကျွန်တော် အရမ်းလေးလို့ သူမောသွားတာများလား။

မတူတာက ..၊
သူ့ရင်ဘတ်တွေ မောပန်းစွာလှိုက်ဖိုမနေ ။
ကျွန်တော့်ကိုမကြည့်ဘဲ အရှေ့သို့သာ
မင်းမူနေတဲ့ သူ့မျက်အိမ်စူးစူး ။
ဒါဆို .....၊

" မင်းလက်မထပ်ချင်ဘူးဆိုတာ ဒါကြောင့်လား"

ရက်စက်နေကျ သွေးအေးအေးအကြည့်နဲ့လူ။

ကျွန်တော့် အသက်မရှုမိပဲ လွန်ခဲ့တဲ့နှစ်များစွာ
အတွင်းရှိ အခေါ်အဝေါ်က နှုတ်ဖျားမှ အလိုလို
ထွက်ကြလာခဲ့တယ် ။

" ဖေ.....ဖေ..."

__________________________TBC

SARANGHAE ALL MY READERS<3
THX U
90°BOW

__________________________________

(Zawgyi)

အေမွာင္ထဲ၌ ထြန္းသည့္ အလင္းမွာ ထူး၍
ေတာက္ပသည္ ။ ကြၽန္ေတာ္ ဖတ္ဖူးခဲ့တဲ့
ဤစာတိုေပစမ်ား အားကိုးနဲ႔ ဝမ္းသာလံုးဆို႔
မတတ္ ထခုန္ပစ္လိုက္ရမည္လား ..?

သို႔တည္းမဟုတ္ ...၊

အ႐ူးလုပ္ခံလိုက္ရေလျခင္းဆိုတဲ့ ခံျပင္းစိတ္
ေၾကာင့္ သူ႔ကို အားကုန္ထိုးခ်ပစ္လိုက္
ရမည္လား?

အမွန္စင္စစ္မူ ကြၽန္ေတာ့္ စိတ္က ခႏၶာအေဝး
ထြက္ေျပးသြားသည့္ပံု ။ အေတြးထူစြာ မူးမိုက္
လာတဲ့ ေခါင္းကို လက္နဲ႔ဖိရင္း ပစၥဳပၸန္မွ
တစ္ခ်က္တစ္ခ်က္ လြတ္ေျမာက္ခ်င္ေနသည္ ။

ေနာက္ခံတီးလံုး ကူစရာမလို ၊ အသက္ဝင္ခဲ့
တဲ့ ဒီဇာတ္ေက်ာ႐ိုးကို ကြၽန္ေတာ္က သိၿပီး
သားမို႔ ၊ တစ္ေၾကာင္းတစ္ပါဒေသာ သူ၏
ေျဖ႐ွင္းခ်က္မ်ိဳးႏွင့္ပင္ သေဘာေပါက္လိုက္ပါ၏။

" ကိုယ္က ကေလးကို ကယ္ခ်င္ရံုသက္သက္ပါ "

ကြၽန္ေတာ္ကေရာ ...?

အရိပ္သာသာ အျဖစ္မ်ိဳးကိုမွ မသိ ၊
အဟုတ္ႀကီး ထင္မိတဲ့ ကြၽန္ေတာ္ ။
ေနကြယ္ရင္ ေသဆံုးရမယ္ဆိုတဲ့ အသိက ရင္ဘတ္တစ္ခုလံုး ဓားနဲ႔ ဆဲြျခစ္ခံေနရသလို။

" နင္ေတာ္ေတာ္ ႐ူးပါလား Jeon Jung Kook
ရယ္ !!! မလိုခ်င္လို႔ သတ္ဖို႔လုပ္ခဲ့တာကို
ကယ္ပါဆိုၿပီး အသနားခံရေအာင္
ေနာက္ထပ္ အသက္ပိုနင့္မွာ႐ွိလား ဟမ္
ငါ့ကို ေျပာေလ ကေလးကို ဘာမွမထိခိုက္ေစ
ရဘူးလို႔ နင္ကတိေပးမလား "

မိန္းကေလးက ငိုယိုေအာ္ဟစ္ရင္း သူ႔ရင္ဘတ္
အား နာနာက်ည္းက်ည္းထု႐ိုက္လ်က္ ။

ကြၽန္ေတာ္ ငိုပစ္လိုက္ခ်င္ပါသည္ ။ ဒီၾကမၼာဆိုးေတြမွ ကယ္တင္ေပးဖို႔ တစ္ေယာက္ေယာက္အား ေအာ္ဟစ္ၿပီး
အကူအညီ ေတာင္းပစ္လိုက္ခ်င္ပါသည္။

ထိုဇာတ္ခံုအစံုစံုေပၚမွာ ကြၽန္ေတာ့္မွားယြင္းမႈ႕
မပါခဲ့ေသာ္လည္း သူေဌးႀကီးအစား ကြၽန္ေတာ္
ခံယူဝံ့ပါသည္ ။ သူက ကြၽန္ေတာ့္ အေဖျဖစ္
သည္မို႔ ၊ ကြၽန္ေတာ္တို႔က မိသားစုျဖစ္သည္မို႔ ။

" ျခင္ဆီ ကြၽန္ေတာ္ ေပး..ပါ..ရ...ေစ ...."

မ်က္ရည္မ်ားႏွင့္ မိန္းကေလး ...သို႔တည္းမဟုတ္
ကေလးႏွင့္ ေသြးသားေတာ္စပ္သူ မိန္းကေလး
က ကြၽန္ေတာ့္စကားကို ၾကားၾကားခ်င္းပင္
ဟားတိုက္ရီပစ္လိုက္ပါ၏။

" မယူဘူး ယူစရာလည္းမလိုဘူး ။
အဲ့လိုလုပ္မဲ့အစား အေသပဲခံခိုင္းလိုက္မယ္ "

" EUN HEEEEEE!!!!!!! "

" ဘာလဲ Jung Kook ...ငါ့စကားမွားသြား
လို႔လား ? အဲ့ဒီ့အသိုင္းအဝိုင္းအေၾကာင္း
နင္ဘယ္ေလာက္သိလို႔လဲ ။ ေဟာ့ဒီမွာ
ေမတၱာတရားေတြဆိုၿပီး ခ်ျပ ၊ ကြယ္ရာက်ရင္
လူယုတ္မာအျပံဳးေတြနဲ႔ ငါတို႔ကိုလွလွႀကီး
သတ္သြားမဲ့လူေတြ ။ နင္ေမ့ပစ္လိုက္ျပီလား။ ငါ့အမ ...ေသခဲ့ၿပီးၿပီ ။ အခုကေလး ။
ေသမင္းလက္ထဲ ခ်က္ခ်င္းႀကီးအပ္ပစ္လိုက္
တာနဲ႔ ဘာမွမျခားဘူး "

" ဒီအတိုင္းထားလိုက္ရင္ေရာ ?
ကေလးက ႐ွင္မွာတဲ့လား ? နင့္မွာ ေငြ႐ွိလား?
ကေလးနဲ႔အမ်ိဳးအစားတူတဲ့ျခင္ဆီ႐ွိလား ?
ဘယ္အခ်ိန္ထိ အသက္တစ္ေခ်ာင္းကို
ငါတို႔ဆဲြဆန္႔ထားႏိုင္မွာလဲ? ျဖစ္သင့္တာကို
ငါလုပ္ေပးတာ ။ နင့္အတၱေတြ နည္းနည္း
ေလ်ာ့ၿပီး ကေလးကိုပဲၾကည့္စမ္းပါ "

ခါးေပၚလက္ေမွးတင္ရင္း ဆံပင္ေၾကတို႔ကို
စိတ္႐ႈပ္စြာ ထိုးဖြေနတဲ့ သူ႔သ႐ုပ္က ...
ပီပီျပင္ျပင္ လူသားဆန္ျခင္းေတြ ယွက္ေျပး
ေနသေယာင္ ။

ကြၽန္ေတာ္ ဝမ္းနည္းစြာ ေငးမိျပန္တယ္ ။

" babe ... သူ႔ကို အာရံုထားမေနနဲ႔ ။
babe ျဖစ္ခ်င္တာကိုေျပာ ၊ ကိုယ္ကူညီမယ္ "

သူေဖာက္ခဲ့တဲ့လမ္းကို ကြၽန္ေတာ္ကိုယ္တိုင္
ဆက္ေလွ်ာက္ရန္ ဆိုတဲ့စကားက အားအင္
ျဖစ္ဖြယ္ရာ။

မိန္းကေလးကေတာ့ ငိုင္ငိုင္ႀကီးေတြေဝသြား၏။

ကြၽန္ေတာ္ သူမကိုလည္း ေတာင္းပန္ရပါဦးမည္။

" Eun Hee... ကြၽန္ ..ေတာ္ အရာအားလံုး
အတြက္ ေတာင္းပန္ပါ့မယ္ ။ ႐ိုက္ခ်င္ရင္
႐ိုက္ပစ္လိုက္ပါ ။ ဒါေပမဲ့ ကေလးကိုငဲ့ၿပီးေတာ့
ပဲ ျဖစ္ျဖစ္ ကြၽန္ေတာ့္ကို ေဆးစစ္ခံခြင့္ေပးပါ ။
အိမ္ကဘယ္သူမွ မသိေစရပါဘူး ။ ကြၽန္ေတာ့္
အသက္ကိုထပ္ၿပီးေတာ့ အာမခံပါတယ္ "

မိန္းကေလးက မ်က္ရည္မ်ားကို ခပ္ၾကမ္းၾကမ္း
သုတ္ၿပီး...,,,

" ကြၽန္မတို႔ကေလးေလးကို ႐ွင္...ရေအာင္
ကယ္ေပးပါ ။ မဟုတ္လို႔ကေတာ့ ကြၽန္မ
လူသတ္ဖို႔လည္း ဝန္ေလးေနမွာမဟုတ္ဘူးေနာ္ "

" ဟာ ေက်းဇူးတင္လိုက္တာ ။
စိတ္ခ် ကြၽန္ေတာ္ရေအာင္ကယ္မွာ "

Eun Hee ဆိုေသာ မိန္းကေလးက ဘာျဖစ္ေန
ျဖစ္ေန ရင္ဆိုင္ရန္အသင့္ဟူ၍ စိတ္ဒံုးဒံုး
ခ်လိုက္ပံုရပါသည္ ။ ေခါင္းတစ္ခ်က္ၿငိမ့္ရင္း
ကြၽန္ေတာ္တို႔ႏွစ္ဦးအေ႐ွ႕မွ ထြက္သြားခဲ့၏။

သူမ ခြင့္ျပဳခ်က္က ကြၽန္ေတာ့္ေသာကကုို
တထစ္ေလ်ာ့ေစေသာ္ျငား..,,,

ကြၽန္ေတာ့္ အပူမီးက သူ႔အျပံဳးကိုျမင္တဲ့အခိုက္
ဟုန္းခနဲေတာင္ေလာင္တယ္ ။

" မင္းကိုမုန္းတယ္ .. လာျပံဳးမျပနဲ႔ "

ကြၽန္ေတာ္၏ မ်က္ေစာင္းျပင္းျပင္းအလယ္မွာပင္
သူ႔အျပံဳးက ထူးထူးျခားျခား ၾကည့္ေကာင္း
ေနျပန္သည္။ ကြၽန္ေတာ့္႐ူးသြပ္ျခင္းက
ခပ္ေသးေသး မဟုတ္ခဲ့ပံု ။

" ခ်စ္တယ္ babe ... "

မ်က္ေတာင္တခတ္မွ် ကြၽန္ေတာ္ေၾကာင္သြား
မိပါသည္ ။ တစ္ခါတစ္ခါ ဒီေကာင့္အေၾကာက
ေပါ့ေသးေသးမဟုတ္ ။ ကြၽန္ေတာ့္လို
ဂ်စ္ကန္ကန္လူကိုေတာင္ ပါးစပ္
ေဟာင္းေလာင္းပြင့္လာေအာင္
မူယာမာယာမ်ားတတ္ျပန္သည္ေလ။

" ကေလးကို ကယ္ဖို႔ ငါက ခုတံုးလုပ္ခံခဲ့ရတာ
ေလ။ ခ်စ္တယ္လို႔ေျပာတာက မင္းအတြက္
သိပ္လြယ္ေနမွာေပါ့ ။ စိတ္ရင္းနည္းနည္းေလးမွ
မပါဘဲေလ "

" စိတ္ရင္းေတြ ေဘးဖယ္ကြာ..
ႏွလံုးသားနဲ႔ေျပာမယ္... တကယ္ခ်စ္တယ္လို႔ "

" မယံုရဲေတာ့ဘူး "

ေအးေလးတဲ့ ကြၽန္ေတာ့္စကားအဆံုးမွာ
သူ႔အျပံဳးေတြ သိသိသာသာတည္တဲ့ဘက္
ေရာက္သြားတယ္ ။ဘာလို႔မ်ား...?

" ရင္ခဲြျပရမလား? "

" တကယ္ခဲြရင္ ထြက္ေျပးမဲ့လူကမ်ား "

သူ႔စကားမွာ ကြၽန္ေတာ္ ရင္တုန္ရပါသည္။
စေနာက္လိုဟန္မျပတဲ့ မ်က္ဝန္းစူးရဲရဲမ်ားက
ကြၽန္ေတာ့္အား ငံု႔မိုးၾကည့္ေနသည္မို႔ ၊
ရင္လည္းခုန္ရပါသည္ ။

" Ok မယံုဘူးေပါ့ "

" မယံု ... "

ကြၽန္ေတာ္ စကားဆက္ခြင့္မရလိုက္။

သူ႔႐ွပ္အက်ႌပြပြထဲသို႔ ကြၽန္ေတာ့္ေခါင္းကို
႐ုတ္တရက္ ဆဲြထည့္ရင္း ...,,,

" ဘယ္နားခဲြခ်င္တာလဲ ? ေနရာမွတ္ထားခ်ည္"

အထိတ္တလန္႔ကြၽန္ေတာ္ ႐ုန္းေပမဲ့ ျမဲျမံတဲ့
သူ႔လက္ေတြေအာက္မွာ အရာမထင္။

အႏုပညာလွလွနဲ႔ ထုဆစ္ထားသေယာင္
အခ်ိဳးညီတဲ့  သူ႔ရင္ဘတ္က်ယ္အား
ထိကပ္ေနေသာ  ကြၽန္ေတာ့္ပါးျပင္ေတြ ပူျခစ္
လာသလို။ တကယ့္ကို လက္ရဲဇက္ရဲပါဆို။

" ေနရာမွတ္ထားဆိုေန "

" Jeon Jung Kook !!!!! ငါစိတ္တိုလာၿပီေနာ္
လႊတ္လို႔ေျပာေနတယ္ေလ "

" ေနရာမွတ္ထားပါဆို "

ကြၽန္ေတာ္ သူ႔ရင္ဘတ္ေပၚ႐ွိ ပန္းေရာင္အဖု
ေသးေသးေလးကို ဆဲြကိုက္ပစ္လိုက္ေတာ့ ...,,,

" အ !!!! ေခြးေလး...ဘာလို႔ကိုက္တာလဲ "

" ေနရာမွတ္တာေလ "

သူ႔ရီသံလြင္လြင္ကုိ ကြၽန္ေတာ္ၾကားလိုက္ရတယ္။

" တစ္ကိုယ္လံုးကိုေရာ မမွတ္ခ်င္ဘူးလား ?"

" မင္း နာမွာေပါ့ "

" ကိုယ္လက္စားျပန္ေခ်မယ္ေလ "

သူ႔႐ွပ္အက်ႌကို ဆဲြမကာ ကြၽန္ေတာ္ အျပင္သို႔
ျမန္ျမန္ထြက္လိုက္ျပီး ..,,,

" မင္း နာမည္ေျပာင္းလိုက္ပါလား "

" ဘယ္လို ? "

ျပံဳးစစမ်က္ႏွာနဲ႔ ျပန္ေမးတဲ့သူ ။

" ေျမေခြးႀကီး ဆိုၿပီး "

ကြၽန္ေတာ္၏ စူပုတ္ပုတ္မ်က္ႏွာကို
သူ အသဲယားလာဟန္တူပါသည္ ။
မဟုတ္ ၊ ကြၽန္ေတာ္ ကင္ပြန္းတပ္ေသာ
သူ႔နာမကို မေက်နပ္တာေနမွာ ။

နားရြက္ဖ်ားသုိ႔ ေဆာ့ကစားလာတဲ့ သူ႔ႏွာ
ေခါင္းခြၽန္ခြၽန္ေၾကာင့္ ေခါင္းကို ဟိုဒီ
ကြၽန္ေတာ္ေစာင္းမိတယ္ ။ စူး႐ွ႐ွ
သူ႔ကိုယ္သင္းရနံ႕ေတြကို ကြၽန္ေတာ္ရေတာ့
အသက္႐ူနၫ္းနည္းျမန္လာတယ္။

ကယ္ပါ !!! ကြၽန္ေတာ္ ႏွလံုးေရာဂါေတြ
ဘာေတြမ်ား ရေနၿပီလား ...?

" ေျမေခြးႀကီးဆိုလည္း Kim Taehyung ရဲ႕
ေျမေခြးႀကီးပဲျဖစ္ခ်င္တာ ကိုယ့္ကိုေမြးထားေပါ့"

" အ႐ိုးပဲေကြၽးမွာ အဲ့ေျမေခြးႀကီးကို "

ကိုယ့္လက္ကို ျပန္ကိုက္ဟန္ျပရင္း
ကြၽန္ေတာ္ ခႏိုးခနဲ႔ျဖင့္ သူ႔ကိုစမိတယ္။

" အဲ့လိုရက္စက္မယ္ေပါ့ "

မ်က္ခံုးကိုအေပၚပင့္ရင္း စဥ္းစဥ္းစားစားျဖင့္
သူေမးတယ္ ။ ပံုကေတာ့ ႐ူတည္တည္နဲ႔ ။
ရယ္ေတာင္မရီ။

" ဒါေပါ့ "

" ကိုယ္က babe ကိုစားမယ္ဆိုရင္ေရာ "

" အဲ့ေျမေခြးႀကီးကို အေရခံြ႕စုတ္ပစ္မွာ
ေဟာ့သလို ေဟာ့သလို "

သူ႔အက်ႌကို ဆန္႔က်င္ဘက္သို႔ ဘယ္ညာဆဲြရင္း
ကြၽန္ေတာ္ ရန္စမိတယ္ ။

"Hmm ေျမေခြးႀကီးက အားသန္တယ္ေနာ္ "

ဟန္႔တားသံသာသာ ျပဳ၍ ကြၽန္ေတာ့္
လက္ေကာက္ဝတ္ႏွစ္ခုကို သူ
ဆဲြခ်ဳပ္ပစ္ေတာ့ ...

" အ ... နာ နာတယ္ Jung Kook "

ေျမေခြးႀကီးက လႊတ္မေပးဘဲ ကြၽန္ေတာ္၏
မ်က္ကလဲဆန္ျပာပံုကို အသာရီတယ္။

ကြၽန္ေတာ္ တကယ္မနာဘူးဆိုတာ
သူသိတယ္ဆိုတဲ့ ပံုမ်ိဳး ။

က်စ္ ... မုန္းခ်င္စရာႀကီး ။

ခဏခဏကို ဖက္ေနေတာ့တာပဲ။

" Jung Kook ငါအိမ္ျပန္ရဦးမွာေနာ္ "

" ခဏေလးပဲ ၿငိမ္ၿငိမ္ေန အားေဆးေကြၽးေနတာ"

ဒီလို အားေဆးမ်ိဳးသာ ေန႔တိုင္းအေကြၽးခံရရင္
ကြၽန္ေတာ္ အသက္႐ႈက်ပ္ၿပီးေသမယ္ထင္ပါရဲ႕။

ဒါေပမဲ့ ကဲြျပားတဲ့တစ္ခ်က္ ...

ကြၽန္ေတာ့္ကမာၻငယ္ေလးက အသက္႐ႈက်ပ္
တဲ့  ဒီ လံုျခံဳေႏြးေထြးမႈ႕မွာ ႐ူး႐ူးမိုက္မိုက္
ပုန္းခိုခ်င္ေနေတာ့တာပဲ ။

ကြၽန္ေတာ္ေၾကာက္တဲ့ ႏွလံုးသားမ်က္ႏွာဖံုး
ေတြ ကင္းေဝးတယ္ထင္ရတဲ့ နယ္ေျမ။

သူ႔စိတ္ႏွလံုး ဘယ္လိုဘယ္ဝါဆိုတာ
အလံုးစံု မသိႏိုင္ေပမဲ့ ...

မည္ေရြ႕မည္မွ်မ႐ွိ ၊ ထာဝရႏွင့္ရင္း၍
သူ႔ကို ကြၽန္ေတာ္ ခ်စ္သည္ ။

\\\\\\\\\ Virus of L♡ ve //////////////

တန္ဖိုးႀကီး အဆင္တန္ဆာတို႔ ၿမိဳင္ဆိုင္
လွတဲ့ အိမ္ႀကီးဂ႑ိဳင္ ၊ ေသြ႕ေျခာက္တဲ့
ရင္းႏွီးေဖာ္ေရြမႈ႕ေတြ တန္ဆာဆင္ထားတဲ့
ေငြေရးေၾကးေရး ဆက္ဆံေရး ၊  ကြၽန္ေတာ္
ၿငီးေငြ႕လွပါၿပီ ။

ေမေမ ႐ွင္းခ်က္ထုတ္ေတာ့ ကြၽန္ေတာ္
ဘာေၾကာင့္ ႏႈတ္ဆိတ္ေနခဲ့ရသလဲ မသိ ။

-  လိုအပ္လို႔ ႐ွာရတယ္ သား ... မင္းေဖေဖ
ရဲ႕ ဆံုးျဖတ္ခ်က္ေပၚမွာ ရပ္တည္ေနတဲ့
အသက္အိုးအိမ္ေတြအတြက္ လိုအပ္လို႔
ရက္စက္ရတယ္သား ...လိုအပ္လို႔ ယုတ္မာ
ရတယ္သား ... ကိုယ့္ကိုကိုယ္ထက္ ဘယ္သူ႔
ကိုမွ ပိုမခ်စ္ႏိုင္တဲ့ အမွန္တရားေၾကာင့္
ေမေမတို႔ နာက်င္ခဲ့ရတယ္ ။ ဒါေပမဲ့ မင္း
ဘယ္သူ႔ကို အျပစ္တင္မလဲ ?  ေလာကတရား
က သာတဲ့သူဘက္ရပ္မွာေလ။ ဒါအမွန္ပဲ ။
မင္း လက္မခံလို႔မရဘူး ။ လိုက္ေလ်ာညီေထြ
ေနစမ္းပါသားရယ္ -

က႐ုဏာကဲတဲ့ ေမေမ့ ဝါဒေတြသည္လည္း
သူေဌးႀကီးနည္းတူ ျဖစ္ေနၿပီလားဟူသည့္
သံသယေတြ ကြၽန္ေတာ္ဝင္ခဲ့ေပမဲ့ ...

ေမေမ့ အယူအဆတစ္ဝက္က မွန္ခဲ့သည္။
ေလာကတရားက သာတဲ့သူဘက္ ရပ္ခဲ့တယ္ !

မွားေသာတစ္ဝက္ ဆိုျခင္းထက္ ကြၽန္ေတာ္
နားလည္ေပး၍ မရေသာ က်န္တစ္ဝက္ ။

တစ္ေယာက္၏ ပံုစံခြက္ထဲ တစ္ေယာက္
အသားက်ဖို႔ဆိုတာ ဘယ္ေလာက္အထိ
ခက္ခဲတဲ့ စိန္ေခၚမႈ႕မ်ိဳးလဲ ။

ျဖစ္ေစခ်င္သလို မရမကဆဲြသြင္းခံေနရေအာင္
ကြၽန္ေတာ္တို႔က မာနနဲ႔အသိဥာဏ္႐ွိေသာ
လူသားမ်ားျဖစ္သည္ ။ အဟိတ္တိရစာၦန္မ်ား
မဟုတ္ ။ စက္႐ုပ္မ်ား မဟုတ္ ။ သည္းေျခ
ပ်က္ေနတဲ့ စိတ္ေရာဂါသည္မ်ားလည္း မဟုတ္ ။

တစ္ဦးမူနဲ႔ တစ္ဦးမူ... မတူေစဦးေတာ့ ၊
နားလည္မႈ႕သာ႐ွိလွ်င္ မ်က္ရည္ေခ်ာင္းစီးမဲ့
ျဖစ္ရပ္မ်ိဳး ႐ွိမလာႏိုင္ ။

ကိုယ္ခ်င္းစာတရား ဆိုတဲ့ ေဆာင္ပုဒ္ကို
လက္စဲြကိုင္ ၊ ကိုယ္တိုင္ကမွ နားလည္
မေပးႏိုင္လွ်င္ မုသာဝါဒကံသာ က်ဴ းလြန္ရာ
ေရာက္မည္။

ဟင့္အင္း ၊ ထိုသူမ်ားက သူတို႔ကိုယ္က်ိဳး
ကလဲြရင္ က်န္ေသာကိစၥမ်ားအား ထည့္သြင္း
စဥ္းစားမွာ မဟုတ္ ။ မခံခ်င္၍ ဖက္ၿပိဳင္ေတာ့
အင္အားႀကီးသူသည္သာ အမွန္ ။

ေလာကတရားက က်ိန္စာတိုက္လို႔
မကုန္ႏိုင္ဘူးထင္ ၊ ကြၽန္ေတာ္၏ ေလွာင္အိမ္
ငယ္ဘဝကို အက်ဥ္းခ်ဖို႔ ဇာတ္တိုက္ေနၾကျပန္၏။

" ျဖစ္ပါ့မလား ႐ွင္ "

" ဘာကိစၥမျဖစ္ရမွာလဲ ? မင့္သား အသက္
လည္း ငယ္ေတာ့တာမွ မဟုတ္ဘဲ "

ခြၽတ္လက္စ ဖိနပ္ကိုေတာင္ ကသိုက္က႐ိုက္
ထားခဲ့ရင္း ေျပာင္လက္ေနတဲ့ ေႂကြျပားခင္း
ေပၚ အေျပးတစ္ပိုင္း ေျခခ်မိတယ္ ။

" အိမ္ေထာင္ခ်ေပးတယ္ဆိုတာ သူနဲ႔ကိုယ္နဲ႔
ရင္းႏွီးမႈ႕ေလးေတာ့ "

" မင္းပါးစပ္ပိတ္ထား ငါစီစဥ္တာကုိ
ကဖ်က္ကယက္ လုပ္ဖို႔မစဥ္းစားနဲ႔ "

" ကြၽန္ေတာ္ မယူႏိုင္ဘူးေနာ္ လံုးဝ "

သူေဌးႀကီး၏ ထက္ျမက္စူး႐ွေသာ မ်က္ဝန္း
က်ဥ္းမ်ားက ေမေမ့ထံမွ ကြၽန္ေတာ့္ဆီသို႔
ပူျပင္းစြာ ေလာင္က်လာခဲ့သည္။

" ေကာင္မေလးက ၿမိဳ႕ေတာ္ဝန္ သမီး။
မင္းနဲ႔ဆို လားလားမွမတန္တာ ၊ ဒါေပမဲ့
ဟိုက လက္ခံခဲ့တယ္ ။ မိန္းကေလးဘက္က
ေတာင္ ၾကည္ၾကည္ျဖဴ ျဖဴ ကို ၊ မင္းလိုေကာင္က
ျငင္းခ်င္ေသးတယ္ "

" ကြၽန္ေတာ့္လို ေကာင္နဲ႔ မတန္ဘူးဆို
မယူခိုင္းနဲ႔ေလ ၊  လြယ္လြယ္ေလး "

စိမ္းညိဳ ေရာင္ စဥ့္အိုးႀကီးထဲ႐ွိ ပန္းတစ္ပြင့္ကို
ကြၽန္ေတာ္ ခပ္သာသာ ဆဲြႏႈတ္ပစ္ရင္း
အရီတစ္ဝက္နဲ႔ မထီမဲ့ျမင္ဆိုေတာ့ ..,,,

" အနာဂတ္ေတြ ေပ်ာက္ေနတဲ့ေကာင္ "

သူေဌးႀကီးက ကြၽန္ေတာ့္အား ပါးစပ္လႈပ္ရံုႀကိတ္
ဆဲသည္ ။ ဟန္ေဆာင္တာေတြ မ်ားလာေတာ့
ေဒါသတခ်ိဳ႕ေတာင္ ေျပေပ်ာက္လို႔ပါလား
သူေဌးႀကီးရယ္ ။

" လက္မခံလို႔ မရဘူး ။ အားလံုးေျပာၿပီး
ဆိုၿပီးၿပီ ။ ယူၿပီးတာနဲ႔ မင္းလုပ္ခ်င္တာသာလုပ္
ငါခြင့္ျပဳမယ္ "

" အဟား ....ကြၽန္ေတာ့္ကို hyungလိုမ်ား
မွတ္ေနလား သူေဌးႀကီးရယ္ ၊ နည္းလမ္း
အဆန္းေတြ ထြင္ပါဦး "

" ငါ့သားက သိပ္႐ိုးတာကိုး အဟင္း "

ဆိုဖာေပၚ လက္ေနာက္ပစ္တင္ကာ ေလ်ာ့ရဲရဲ
ထိုင္ခ်လိုက္သည့္ သူေဌးႀကီး အျပံဳးတို႔က
ေအးခ်ိဳလြန္းေနသည္  ။ ကြၽန္ေတာ္အလိုမ႐ွိပါ။
အသက္မဲ့လြန္းတယ္ထင္တာမို႔ ။

" မရရေအာင္ စီစဥ္မယ္ဆိုတဲ့ သေဘာလား"

အခဲမေၾကစြာ ဆုပ္တင္းထားသည့္ ကြၽန္ေတာ့္
လက္သီးကို တစ္ခ်က္မွ်ၾကည့္ၿပီး
တဟက္ဟက္႐ီေနသည့္ သူေဌးႀကီး ။
ဂ႐ုမစိုက္ဘူးဟု ေလွာင္ေျပာင္ေနတဲ့ ထိုရီသံ
ေတြရဲ႕ ေဝးရာကို ကြၽန္ေတာ္ထြက္ေျပးခ်င္မိတယ္။

သူ႔ရင္ခြင္ ... .....

ကြၽန္ေတာ္ခ်စ္ေသာ အႏွီလူသား၏ ရင္ခြင္ ....

ေနာက္ဆံုးေသာ တမလြန္မွာပဲျဖစ္ျဖစ္
မ်က္လံုးမိွတ္ခြင့္ရခ်င္မိတဲ့ ကြၽန္ေတာ္၏
ခႏၶာ ခ်ဳပ္ၿငိမ္းရာ  ။

ငါ့ကို လာေခၚပါလား Jeon Jung Kook !!!
ေၾကာက္လို႔ ..ငါအရမ္းေၾကာက္လို႔ !!!!!!!

လက္ေခ်ာင္းမ်ားၾကားမွ စီးက်လာေသာ
နီရဲရဲေသြးစေတြ ၊ ကြၽန္ေတာ္ ကုပ္ျခစ္ပစ္ေနတဲ့
နံရံႀကီးက အစင္းရာ ထင္ရံုပဲလား ။

မတရား ၊ ကြၽန္ေတာ့္အသားေတြ ဒီေလာက္
နာေနသည္ကို သူကေတာ့ ခန္႔ထည္ေနတုန္း
ပဲမလား ။

အား!!!!!!!!!!!!!!!!

အာေခါင္ျခစ္ ကြၽန္ေတာ္ ေအာ္ပစ္ရင္း
ၾကမ္းျပင္ေပၚဒူးေထာက္ကာ Hyung
လက္ဖဝါးကို ကိုင္ယူၿပီး ငိုယိုေနမိတယ္ ။

Hyungသာ  ကြၽန္ေတာ့္ေဘးမွာ အရင္ကလို
႐ွိေနခဲ့ေသးရင္ ၊

Hyung သာ ကြၽန္ေတာ့္မ်က္ရည္ေတြကို
မျမင္ခ်င္ဘူးဆိုၿပီး ဆူပူပစ္ႏိုင္ေသးရင္ ၊

Hyung သာ မ်က္လံုးေတြဖြင့္ၿပီး ထပ္မံ
႐ွင္သန္ႏိုင္ေသးတယ္ဆိုရင္ ၊

Hyung !!!!! ကေလး ႐ွိေသးတယ္
Hyung ရဲ႕ကေလးေလး...သိလား ;
အရမ္းခ်စ္ဖို႔ေကာင္းတယ္ ၊ hyung မေတြ႕
ခ်င္ဘူးလားဟင္ ...ျမန္ျမန္ႏိုးေတာ့လို႔
ကြၽန္ေတာ္ တစ္ေယာက္တည္း လုပ္ႏိုင္မယ္
ဆိုတဲ့ ယံုျကည္ခ်က္မ႐ွိလို႔ ၊ ထေတာ့လို႔

ၾကယ္ေတြေႂကြဆင္းတဲ့အခိုက္ ျပဳတဲ့
ကြၽန္ေတာ့္ ေတာင္းဆုအား Hyung ၾကားပါေစ။

\\\\\\\\\\\ Virus of L♡ ve /////////////

ကံၾကမၼာ အခြင့္သာတဲ့ ေန႔တစ္ေန႔က
ကြၽန္ေတာ့္ကို ငိုရင္းျပံဳးေစတယ္ ။

ကေလးနဲ႔ ျခင္ဆီတူတယ္တဲ့ .....

ဘာကိုမွ မမႈ႕ႏိုင္ဘဲ ေဆးစစ္ခ်က္ရရင္း
သူ႔ကို ေျပးဖက္ေတာ့ ..,,,

" ဘာျဖစ္တာလဲ babe?  မတူဘူးတဲ့လား ၊
ဒါဆိုလည္း ထပ္႐ွာၾကတာေပါ့ "

ပူပန္စြာ ႏွစ္သိမ့္ေနတဲ့ သူ႔ ႏႈတ္ခမ္းေတြကို
ေမာ့နမ္းမိေတာ့ သူနာျပဳမမေတြရဲ႕မ်က္ႏွာက
ညိဳမဲ သြားတာမ်ား ။

ကြၽန္ေတာ္ သိတာေပါ့ ။

ကြၽန္ေတာ့္လူကို မ်က္ေစာင္းထိုးေနတာ
တစ္ေယာက္ႏွစ္ေယာက္ ကလို႔။

ကြၽန္ေတာ့္လွ်ပ္တျပက္အေတြးက
သူ႔ကို ကြၽန္ေတာ့္အပိုင္လို႔ အခ်က္ျပရင္း
သတင္းစကားပါးမည္။

အလိုက္ကမ္းဆိုးမသိတဲ့ဟာေလးက
ဝမ္းသာစရာၾကားၾကားခ်င္း ကြၽန္ေတာ့္ကို
ေပြ႕နမ္းေတာ့တာပဲ ။

အႏွစ္ႏွစ္အလလ ရိကၡာျပတ္ခဲ့သလိုမ်ိဳး ။
အတင္းႀကီး။

အစလုပ္မိရင္ မျပတ္ႏိုင္တဲ့အမွ်င္တန္း သူ႔အနမ္းေတြကို မနည္းျဖတ္ေတာ့မွ
လည္းပင္းေပၚလက္တင္ရင္း ျပံဳးၿဖီးၿဖီးလုပ္ေနတာ။

အၿမီးကိုးဆယ္ေက်ာ္တဲ့ ေျမေခြးအိုႀကီးက်လို႔။

" babe အရင္စတာေနာ္ "

"Jeon Jung Kook !!!! "

ကြၽန္ေတာ္ ပိတ္ေဟာက္ေတာ့  ညဴ တုတု
ျပံဳးရီရင္း ေထာက္လွမ္းေရးလုပ္ေနတဲ့
သူနာျပဳမမ တစ္သိုက္ကို မ်က္လံုးမိွတ္ျပေလရဲ႕ ။

ေသခ်ာတယ္ ... ထိုမိန္းကေလးတစ္သိုက္
ဟတ္တင္ မဟုတ္ ၊ တစ္ကိုယ္လံုးက်ည္ဆန္မွန္
သလို ထြန္႔ထြန္႔လူးသြားမယ္ဆိုတာ ။

" babe .. ကိုယ့္ကိုေစာင့္ဦးေလ ..babe...!!! "

ၾကားသည္ ။ တေၾကာ္ေၾကာ္ေအာ္ေခၚရင္း
ကြၽန္ေတာ့္ေျခလွမ္းေတြေနာက္ အေျပးလိုက္
လာေနတာကိုလည္း သိသည္။

ထားပစ္ခဲ့မွ ၊ အဖတ္မလုပ္မွ သူ႔အမွားသူသိမွာ။

" babe ကလည္း စိတ္ႀကီးပဲကြာ "

" ငါ့ကို လာမထိနဲ႔ "

လက္တစ္ဖက္ျဖင့္ ဆဲြလွည့္ေတာ့ သူ႔ရင္ခြင္ထဲ
ေရာက္လုလု ။ သူ႔လက္ကိုဆဲြျဖဳတ္ၿပီး
ေဒါသနဲ႔ေျပာမိတဲ့ ကြၽန္ေတာ့္အသံေတြ
တုန္ယင္လို႔ ေနတယ္ ။ ဧကန ....ကြၽန္ေတာ္
ငိုေနတာ မဟုတ္ပါဘူးေနာ္ !

" ဟာ မ်က္ရည္ေတြ "

ျပာျပာသလဲလဲသုတ္ေပးဖို႔ ဟန္ျပင္ေနတဲ့ သူ႔လက္ေခ်ာင္းေတြကို  ဟန္႔တားရင္း..,,,

" မင္းေၾကာင့္ေလ မင္းေၾကာင့္ မင္း ... "

" ကိုယ္ ခ်ီမယ္။ ခြင့္လႊတ္မယ္မလား... မငိုနဲ႔ေတာ့"

" ခ် ... အခုေအာက္ကိုခ်ေနာ္ "

သူေျပးေနတာ ၊ ကြၽန္ေတာ့္ကို ေပြ႕ခ်ီရင္း။

လမ္းမီးတိုင္မိွန္မိွန္လင္းတဲ့ ေပတရာလမ္း
ထက္က ကြၽန္ေတာ့္တို႔ႏွစ္ေယာက္ပံု
ဘယ္လိုေနလိမ့္မလဲ ။

အားးး တကယ္႐ွက္စရာႀကီး ၊

ဒါေပမဲ့ ကြၽန္ေတာ္ ျမတ္ႏိုးမိတယ္ ။
သူနဲ႔အတူ႐ွိေနရတာမို႔ ...။

ထို႔ထက္ပိုေျပာရရင္ သူ႔ႏွလံုးသားမူပိုင္ဟာ
ကြၽန္ေတာ္လို႔ ခံစားလိုက္ရတာမို႔ ....။

" Jung Kook...... "

ေျပးေနရာမွ ႐ုပ္တရက္ရပ္ရင္း သူ႔လက္ေတြ
ေျပေလ်ာ့သြားေသာေၾကာင့္ မတ္တပ္ရပ္ကာ
သူ႔ကိုေမာ့ၾကည့္မိတယ္။

ကြၽန္ေတာ္ အရမ္းေလးလို႔ သူေမာသြားတာမ်ားလား။

မတူတာက ..၊
သူ႔ရင္ဘတ္ေတြ ေမာပန္းစြာလိႈက္ဖိုမေန ။
ကြၽန္ေတာ့္ကိုမၾကည့္ဘဲ အေ႐ွ႕သို႔သာ
မင္းမူေနတဲ့ သူ႔မ်က္အိမ္စူးစူး ။
ဒါဆို .....၊

" မင္းလက္မထပ္ခ်င္ဘူးဆိုတာ ဒါေၾကာင့္လား"

ရက္စက္ေနက် ေသြးေအးေအးအၾကည့္နဲ႔လူ။

ကြၽန္ေတာ့္ အသက္မ႐ႈမိပဲ လြန္ခဲ့တဲ့ႏွစ္မ်ားစြာ
အတြင္း႐ွိ အေခၚအေဝၚက ႏႈတ္ဖ်ားမွ အလိုလို
ထြက္ၾကလာခဲ့တယ္ ။

" ေ ဖ.....ေ ဖ..."

__________________________TBC

SARANGHAE ALL MY READERS<3
THX U
90°BOW

واصل القراءة

ستعجبك أيضاً

Ace بواسطة Antonia

العاطفية

192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
68.3K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
238K 23.2K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...