"Kai.....အချစ်...."
တကယ်တမ်း သွားရတော့မယ်ဆိုတော့ သူ့ချစ်သူလေးကို မခွဲနိုင်....။
"Sehun......."
ဘေးမှာရပ်နေတဲ့ Chanyeolနဲ့Baekhyun ကိုပင် ဂရုမစိုက်ပဲ သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးလာတဲ့ ချစ်သူရဲ့ငွေရောင်ဆံနွယ်များကို တယုတယနမ်းရှိုက်ရင်း ထွေးပွေ့ထားမိသည်။
"သေချာပေါက် ပြန်လာရမယ်နော်...ပြန်လာမယ်မလားဟင်.....ကျွန်တော့်ကို ကတိပေးပြီးသားနော်.....ပျက်လို့မရဘူးဆိုတာ သိတယ်မလား....."
"ကိုယ်ကတိပေးပြီးရင် ဘယ်တုန်းကများပျက်ဖူးလို့လဲ....."
"ပြီးတော့....ပြီးတော့........ကျွန်တော့်ကိုပဲ သတိရရမယ်နော်.....တခြားသူတွေကို မကြည့်ရဘူးနော်...."
Kaiရဲ့ ချစ်စရာသဝန်စကားလေးကို Sehun သဘောကျစွာ ရယ်မောပြီး...
"အချစ်ကလည်း....တခြားသူတွေကို မကြည့်နဲ့ဆိုတော့ ကိုယ်က မျက်လုံးကြီးမှိတ်ပြီးနေနေရမှာလား....ပြော...."
သူ့ကို မျက်စောင်းထိုးပြီး လက်ထဲကရုန်းထွက်ဖို့ကြိုးစားနေတဲ့ ကောင်လေးကို အတင်းပြန်ဖက်ထားရင်း....
"စတာ....စတာ....စိတ်မဆိုးပါနဲ့ အချစ်ရယ်.....ကိုယ်က မင်းကလွဲပြီး...ဘယ်သူ့ကိုမှမမြင်တာ သိသားနဲ့....."
"ကျွန်တော် စောင့်နေမှာ သိတယ်မလား..... ဘယ်လောက်ထိပဲကြာကြာ......
ကျွန်တော့်ဆီ ပြန်လာမယ်ဆိုတဲ့ ယုံကြည်ချက်လေးတစ်ခုတည်းနဲ့ Sehunပြန်လာတဲ့အချိန်ထိ ကျွန်တော်ပြုံးထားမယ်...."
ချစ်သူရဲ့ စကားလေးတစ်ခွန်းက သူ့ကို ပြုစားနိုင်လွန်းသည်။
"ကိုယ် မင်းကို ပြောမပြတတ်အောင် ချစ်တယ်....အချစ်.....ဒါတော့ အကြွင်းမဲ့ယုံပေးပါကွာ....."
Kaiရဲ့ နဖူးပေါ်ဝဲကျနေသော ဆံစနုနုများအား သပ်တင်ပေးရင်း မျက်နှာလှလှလေးနဲ့ မျက်ဝန်းကြည်ကြည်များကို အလွတ်ကျက်နေမိသည်။
"Shixun....သွားရအောင်......နောက်ကျတော့မယ်...."
Chanyeolရဲ့ ခေါ်သံကို မကျေနပ်စွာ ညည်းညူလိုက်တဲ့ သူ့ကို Kaiက အလှပဆုံးပြုံးပြခဲ့ပေမဲ့ မျက်ဝန်းညိုများကတော့ ဝမ်းနည်းမှုကို သိုဝှက်မထားနိုင်ခဲ့ပေ....။
သူ့ပါးပေါ် ရုတ်တရက် နူးညံ့စွာနားခိုလာတဲ့ နှင်းဆီရောင် နှုတ်ခမ်းလွှာလေးတစ်စုံ.....။
"သွားတော့.....လွမ်းနေမယ်နော်.....ချစ်တယ်..."
နှုတ်ခမ်းတို့က ပြုံးနေပေမဲ့လည်း ဖုံးကွယ်လို့မရအောင် ညှိုးနေတဲ့မျက်နှာလေးက သူ့အားအရာအားလုံးကို မျက်ကွယ်ပြုပစ်လိုက်ပြီး အဲ့ဒီမျက်နှာလေးပေါ်မှာ သူသိပ်ချစ်ရတဲ့အပြုံးတွေသာ ပြန်ဖြစ်တည်လာအောင် ဖန်တီးပေးချင်ခဲ့သည်။ သို့သော်.........။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"စစ်သူကြီး စခန်းကို ရောက်လာပါပြီ....အရှင့်သား....."
သူအခု နယ်စပ်တပ်စခန်းကိုရောက်နေခြင်းဖြစ်သည်။ Chanyeol ကသူ့ကို မြို့တော်ထဲအဝင်မခံပေ။ သူ့အကြောင်းတစ်စုံတစ်ရာပေါက်ကြားသွားကာ ဘုရင့်နားထဲရောက်သွားမှာကို စိုးရိမ်ပြီး သူ့ကို သစ္စာခံ နယ်စပ်တပ်စခန်းမှာသာ စောင့်နေခိုင်းခြင်းဖြစ်သည်။
တပ်သားလေး သတင်းလာပို့ပြီး ခဏကြာတော့ သူနေတဲ့အခန်းထဲကို Chanyeol ဝင်လာခဲ့သည်။
"အစ်မတော်နဲ့ တွေ့ခဲ့လား Chanyeol.. ..."
ဝင် ဝင်လာချင်းတန်းမေးလိုက်တဲ့ Sehunကို Chanyeol က ခေါင်းငြိမ့်ပြရင်း သူ့ရှေ့ဝင်ထိုင်လိုက်သည်။
"တွေ့ခဲ့တယ်.....မင်းအကြောင်းကြားရလို့ ဝမ်းသာနေတယ်.....စိတ်လည်းပူနေတယ်......အရာရာဂရုစိုက်ပါလို့လည်း မှာလိုက်တယ်....."
Sehunက ခေါင်းငြိမ့်ရင်း.......
"ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ Chanyeol "
"အေး....ငါအဲ့တာပြောမလို့.....မင်းပြောသလို....ငါတို့ နန်းတွင်းထဲကို ဒီတိုင်းခိုးဝင်ပြီး ဘုရင်ကို လုပ်ကြံဖို့ဆိုတာ နည်းနည်းတော့ခက်တယ်...."
"ဘာလို့ခက်ရမှာလဲ......ရအောင်ခိုးဝင်ရင် ရတာပဲ...."
Chanyeolက ခေါင်းခါလိုက်ရင်း....
"ဘုရင်နန်းဆောင်ကို စောင့်တဲ့ရဲမက်တွေက များတယ်......ရအောင်ခိုးဝင်တယ်ပဲထား.....
လုပ်ကြံတာ အောင်မြင်ရင် အကြောင်းမဟုတ်ဘူး.......မအောင်မြင်ရင်.....လွတ်အောင်ထွက်ဖို့ ခက်လိမ့်မယ်......"
"ဒါဖြင့် မင်းကဘယ်လိုလုပ်မယ် စဉ်းစားထားလဲ"
"ငါလည်း စဉ်းစားရကျပ်နေတယ်...."
Sehun ခဏစဉ်းစားလိုက်ကာ.......
"Chanyeol....လာမယ့်သုံးလအတွင်းမှာ မီးပုံးပွဲရှိတယ်မလား......"
Chanyeol က သူ့အကြံကို ရိပ်မိသွားသလို ဝမ်းသားအားရပြုံးလိုက်ရင်း.....
"ဟုတ်တယ်.....အဲ့ချိန်ဆို ဘုရင်နန်းပြင်ထွက်ကိုထွက်မှာပဲ.........သေချာတယ်....."
Sehun ခေါင်းငြိမ့်ရင်း.....
"အဲ့ဒီအချိန်ပဲ....အဲ့အချိန်မှာ ငါတို့အားလုံးအဆင်သင့်ဖြစ်နေရမယ်....."
"Shixun......ငါတို့အကူအညီလိုတယ်..... ငါတို့ကို လူအင်အား လက်နက်အင်အား....စားနပ်ရိက္ခာအားလုံး ကူညီပေးနိုင်မယ့်သူ.....အထူးသဖြင့်.... ဒီကိစ္စမှာ တစ်ခုခုအလွဲအမှားဖြစ်သွားရင် ငါတို့ကိုကူညီနိုင်မယ်သူ့.......ပြီးတော့....ခုလည်း..လိုက်စည်းရုံးနေတယ်ဆိုပေမဲ့ .....ဒီထက်ပိုပြီး စည်းရုံးနိုင်သမျှလူတွေ အားလုံးကိုလည်း စည်းရုံးထားဖို့လိုတယ်....."
Chanyeol ရဲ့စကားကို ခေါင်းငြိမ့်ထောက်ခံလိုက်ပြီး.....
"အဲ့ဒီကိစ္စတွေကို ဘာလုပ်ရမလဲဆိုတာ ဒီမှာ ငါနဲ့တပ်မှူးနဲ့ စဉ်းစားပြီးကြည့်လုပ်လိုက်ပါ့မယ်....မင်းဟာမင်း မြို့တော်ပြန်ပြီးသာ ဟိုကသတင်းတွေ ပိုပေး....ဟုတ်ပြီလား......သုံးလဆိုတာ ငါတို့အတွက် လုံလောက်တဲ့ အချိန်တစ်ခုဖြစ်မှာပါ......"
Chanyeolအခန်းထဲက ပြန်ထွက်သွားတော့ သူအခန်းထဲက ခုတင်ပေါ် နွမ်းနယ်စွာပစ်လှဲခဲ့လိုက်သည်။
ဘာလိုလိုနဲ့ တစ်လရှိသွားခဲ့ပြီ.....။
ခုလို စိတ်ရှုပ်ပြီး ပင်ပန်းတဲ့အချိန်တွေတိုင်း အရင်က နားခိုခဲ့တဲ့ အေးချမ်းတဲ့ရင်ခွင်လေးကို ပိုလွမ်းလာမိသည်။
"မင်းနားမှာ တိုက်ခတ်နေတဲ့ လေညင်းလေးတွေကိုသာ ဂရုတစိုက်နဲ့ နားထောင်မယ်ဆိုရင် မင်းအတွက် ကိုယ့်ရဲ့အချစ်တွေ အလွမ်းတွေ အားလုံးကို မင်းကြားနိုင်မှာပါ ချစ်သူ......"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
A/n- feed back please🙏🙏🙏 Message board မှာ လာရေးပေးတဲ့သူတွေကိုအားလုံးကို ကျေးဇူးတင်ပါတယ်😁 မောင် updateပေးဖို့ပြောနေကြတဲ့သူတွေကိုလည်း အားနာလို့😁 ဒီရက်ပိုင်း ficရေးဖြစ်မှာမဟုတ်လို့ပါ 😔 ကျောင်းက paperရေးတာတွေ presentationတွေနဲ့ရှုပ်နေလို့ပါ😥 ဒါလေးတောင်ရေးပြီးသားရှိလို့ လာupပေးတာ😄 အားတာနဲ့ ficတွေအားလုံးdateပေးမှာပါ တကယ် တကယ် DLMDလည်း ပြန်တင်ပေးပါ့မယ်😁😁😁 really sorry🙏🙏 love you guys😘😘