အပြာရောင်ရင်ခွင်တမ်းချင်း...

بواسطة Krisyeol_Universe

31.4K 3.3K 223

မိုးကုပ်စက်ဝိုင်းမှ... အပြာရောင်လွင်ပြင်သို့.. ခုန်ချကြည့်ချင်ဖူးပါသလား...? المزيد

အပြာရောင်ရင်ခွင်တမ်းချင်း.......
အပြာရောင်ရင်ခွင်တမ်းချင်း.......
အပြာရောင်ရင်ခွင်တမ်းချင်း.......
အပြာရောင်ရင်ခွင်တမ်းချင်း......
အပြာရောင်ရင်ခွင်တမ်းချင်း......
အပြာရောင်ရင်ခွင်တမ်းချင်း.......

အပြာရောင်ရင်ခွင်တမ်းချင်း.......

3.7K 468 12
بواسطة Krisyeol_Universe

ဖြစ်ပျက်ခဲ့သည့် ပြဿနာရပ်အား... သူသည် မည်သို့မျှ မဖြေရှင်း.... ။ ကိစ္စတစ်ခုလုံးတွင်... သူကပဲ မှန်ကန်နေခဲ့သလို.... ။ ကျွန်တော်ကပဲ နားလည်မှုအလျဉ်း ကင်းမဲ့သည့် သဘောထားသေးသိမ်သူ တစ်ဦးလို....။

ဗလာဖြစ်သွားသည့်.. ခံစားမှုတစ်ခုကြောင့် .....
ကျွန်တော့်ဘက်က ဥပေက္ခာပြုမှုကိုပင် သူက ဂရုတစိုက် လိုက်လံရှင်းပြမနေတော့.... ။ ကျွန်တော်
ပြင်ပေးထားသည့်.... ညစာကို အနည်းငယ် စားပြီးနောက်..
သူ့ စာကြည့်ခန်းရှိရာသို့ ဝင်နေခဲ့သည်....။

ခဏအကြာ... ဂစ်တာသံထွက်ပေါ်လာသည်....။ သူ ဂစ်တာ မတီးတော့သည်မှာ....သိပ်ကို ကြာနေခဲ့ပြီ ဖြစ်သော်လည်း... အရင်လို လက်သံအတိုင်း....။

......If U ever leave me .. Baby ...--

......... leave some morphine at my door --

ကျွန်တော် ဖတ်ချင်ယောင်ဆောင်နေခဲ့သည့်.. မဂ္ဂဇင်းစာအုပ်ကို ခပ်ဖြည်းဖြည်း ပိတ်ရင်း... သူ့ အသံကို အာရုံစိုက်လိုက်မိသည်.... ။

-- There's no religion that could save--...

Bruno Mars ရဲ့ It Will Rain အား... မည်သည့် အကြောင်းပြချက်ဖြင့်.. သူက ဆိုညည်းနေသလဲ... ကျွန်တော် နားမလည်ခဲ့... ။

-... There'll be no sunlight ..---

-- I'll pick up the broken pieces --- ...

နောက်ထပ် ထပ်ပြီး... သူ့ဆီက ကျွန်တော် ဘာကို မျှော်လင့်ရဦးမည်လဲ... ။
တစ်စစီဖြစ်နေခဲ့သည့် အပိုင်းအစများအား... အကောင်းပကတိ အတိုင်း ပြန်ဆက်၍ ရရန် မလွယ်ကူပါ...။ကျွန်တော် အဆုံးသတ်ချင်နေပြီ....။

ထပ်ခါတလဲလဲ ထို သီချင်းကိုသာ .. သူ ဆက်တီးနေခဲ့သည်မှာ... သိပ်ကြာလွန်းနေပြီ... ။
ကျွန်တော်ကပဲ.. အရူးလို စိတ်ပူလာရပြန်သည်... ။
စာကြည့်ခန်းတံခါးအား.... ဖွင့်ဝင်လိုက်သည့်အခါ... သူ ဆက်လက်၍ ဂစ်တာတီးနေဆဲ ဖြစ်သည်... ။
ခပ်တိုးတိုး ဆိုညည်းနေဆဲဖြစ်သည်...။

မတီးခဲ့သည်မှာ ကာလအတော်ကြာနေခဲ့သည့်.. သူ့ လက်ချောင်းသွယ်သွယ်များအား... လှမ်းကြည့်လိုက်မိသည်... ။

( ဘုရားသခင် !! )

စုတ်ပြတ်သတ်ပွန်းပဲ့နေသည့် လက်ချောင်းထိပ်များက ကျွန်တော့်ရင်ကို တစ်စစီ ဆွဲဆုတ်ပစ်လိုက်သလိုမျိုး.....။
သူ့အနားတိုးကပ်ကာ.. အလျင်အမြန် ဆွဲယူတားမြစ်မိလိုက်သည်.... ။

" ရူးနေတာလား.. စီနီယာ... မနာတတ်ဘူးလား.... ဒီလောက်... စုတ်ပြ တ် ... "

ကျွန်တော် ဆက်မပြောနိုင်ပါ... ။ ခပ်စောစောကလေးတင်
တင်းမာပြတ်သားနေခဲ့သည့်.. မာနများသည်.... စက္ကန့်ပိုင်းအတွင်း ... တပ်ဆုပ်သွားခဲ့ပြီး ဖြစ်သည်.... ။

•••

ကျွန်တော် သူ့မျက်လုံးများထဲသို့ မကြည့်မိ မဆုံမိအောင် ကြိုးစားရင်း... လက်ချောင်းများအား... ဆေးထည့်ပေးနေခဲ့သည်....။

" Chanyeol... ငါ့ကို မင်း သတ်မပစ်လိုက်ချင်ဘူးလား"

ဒါ ဘယ်လို မေးခွန်းမျိုးပါလဲ....။ ကျွန်တော် အံ့သြကာ.. သူ့ကို ကြည့်မိသည့်အခါ... ရှားပါးစွာ တွေ့ရတတ်သော...
နူးညံ့ကြင်နာသည့် မျက်လုံးများနှင့် ဆုံသည်... ။
ရုတ်တရက် ဗလာဖြစ်နေခဲ့သည့် .. ကျွန်တော့်ခံစားချက်များ... ပြန်လည် ရောက်ရှိလာကြသလိုမျိုး.... ။

" ဟင်... ?? ငါ့ကို သတ်မပစ်လိုက်ချင်ဘူးလားလို့... "

" ဟင့်အင်း... "

ဆေးဘူးများအား... ကောက်ထည့်သိမ်းရင်း...ကျွန်တော် ဖြေလိုက်သည်... ။

" ဘာဖြစ်လို့လဲ.. ငါ မင်းကို အများကြီး စိတ်ဆင်းရဲအောင် လုပ်ခဲ့တယ်... ငါသာ မင်းနေရာမှာဆို.. ငါ့လိုလူမျိုးကို သတ်---"

" ဟင့်အင်း.. ကျွန်တော်က ကိုယ့်ရင်ကို ပြန်ခွဲရမယ့် အဖြစ်မျိုး မခံစားကြည့်ချင်ဘူး... "

သူ့ စကားကို အလျင်အမြန် ကျွန်တော် ဖြတ်ဖြေလိုက်သည်..။
ထို့နောက် ဂစ်တာကို ကောက်ကိုင်မိသည်... ။ ညသည်နက်လာသည်နှင့်အမျှ ကြယ် စုံလာခဲ့သည်....။

--... You and Me , we made a vow ---

မရည်ရွယ်ထားသည့် သီချင်းအား.. ကျွန်တော် ခပ်တိုးတိုး ညည်းမိသည်...။

---- You say I'm crazy .. Coz U don't think I know what U done --- ....

--- May be I'm just not enough ----

မှိတ်ထားမိသော ကျွန်တော့်မျက်လုံးများသည်.. ပြိုဆင်းလာသော.. မျက်ရည်များအား... မတားဆီးနိုင်ခဲ့ပါ..။
သိမ်ဝင်သွားသော.. အသံကြောင့်... ကျွန်တော် ဂစ်တာတီးချင်းကို ရပ်လိုက်သည်... ။

နေရာတကျ ပြန်ထောင်ထားလိုက်ပြီး..
ကျွန်တော် အခန်းတံခါးကို ဆွဲဖွင့်ကာ.. ကျွန်တော်တို့ အိပ်ခန်းသို့ ဝင်ခဲ့တော့သည်... ။ ကျွန်တော် အိပ်ပစ်လိုက်သင့်ပြီ.... ။

အိပ်ပစ်လိုက်ပြီးတော့... စောက်ရေးမပါတဲ့ နေ့တစ်နေ့ကို
အဆုံးသတ်ပစ်လိုက်သင့်ပြီ....။

•••

အိပ်ခန်းတစ်ခန်းထဲရှိ.... ကုတင်တစ်ခုတည်းတွင်... နှစ်ယောက်လုံး ကျောခိုင်း မှေးစက်နေခဲ့ခြင်းသည်.. ပထမဆုံး အကြိမ်ပဲ ဖြစ်သည်... ။ ယခင်ကတော့
မည်သည့် ကတောက်ကဆ အချေအတင်များ ဖြစ်ထားသော်လည်း... သူသည်... နေ့တစ်နေ့၏ အဆုံးသတ်တိုင်း၌ ကျွန်တော့်ကို ရင်ခွင်ထဲထည့်ကာ....
အိပ်ပျော်သွားလေ့ရှိသည်.... ။

" Chanyeol.... "

ရုတ်တရက် သူ ခေါ်လိုက်သည့်အခါ.. ကျွန်တော် လန့်သွားသည်...။

" ကိုယ့်ရင်ကို ပြန်ခွဲရတယ့် အဖြစ်မျိုးဆိုတာက.... "

"......"

" မင်း... မခန့်မှန်းနိုင်လောက်အောင်... ဆိုးရွားတယ်..."

•••

" ဒါပေမယ့်... ကိုယ် မြတ်နိုးတဲ့ လူတစ်ယောက်အတွက်တော့... အဲ့ဒီ နာကျင်မှုက ထိုက်တန်တာပဲ.. "

Lu Feng သည်... ကျေကျေနပ်နပ် ပြုံးနေခဲ့သော.. Yifan မျက်နှာကို ဆွဲထိုးချင်စိတ်တစ်ဝက်.... သနားစာနာခြင်း တစ်ဝက်ဖြင့်... ငေးကြည့်နေခဲ့သည်...။

ဒီကောင်... ရူးသွားပြီ... ။ လူတစ်ယောက်ကို ချစ်လွန်းလို့ ရူးသွားပြီ ထင်သည်... ။
Romeo နဲ့ Jack ကို အရှင် လတ်လတ် မြင်နေရသလိုမျိုး ...။

" ငါ ပြောမယ် Wu Yifan... အခု မင်း ပြဿနာက...
မင်း ရေးနေကြ ပြဇာတ်တွေထဲကလို.. မင်း ကြိုက်တဲ့ ပုံစံနဲ့ ဇာတ်သိမ်းလို့ ရလိမ့်မယ်များ ထင်နေလား.. "

ခပ်ပေါ့ပေါ့ ရယ်ချလိုက်သည့် Yifan က အပြုံးမပျက် ပြန်ဖြေပါသည်....။

" မင်းက ငါ့ဆို တယ် အထင်သေးတာကိုး...ငါက ပြဇာတ်တွေမှာ ငါသိမ်းချင်သလို ဇာတ်သိမ်းလိုက်တယ် ထင်တယ်လား... "

ရုတ်တရက် တည်ကြည်သွားသော Yifan က...

" ပြဇာတ်တိုင်းမှာ... ကိုယ်ပိုင် ဇာတ်သိမ်းရှိပြီးသားပဲ... ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ငါတို့ ပြုပြင်ပြောင်းလဲလို့ မရဘူး... အတတ်နိုင်ဆုံး...
လှအောင် က, သွားလို့ပဲ ရမှာပဲ ...."

Lu Feng သည်... မင်း ကနေတဲ့ ပြဇာတ်ရော... လှနေခဲ့ရဲ့လား ဟု.. ပြန်မမေးခဲ့ ဖြစ်ပါ....။

ထိုမေးခွန်းအတွက် Yifan တွင် အဖြေမရှိနိုင်ခြင်းကို သေချာ နေသည့် အတွက်ကြောင့်.... ။

واصل القراءة

ستعجبك أيضاً

616K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
329K 15.1K 39
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးရင် ​​​​မြတ်နိုးရသူရဲ့ လက်လေးကို ဆုပ်ကိုင်ထားခြင်းလို့ ကျွန်တော် ဖြေမယ် ဒါပေမယ့် ထိုလူသားရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိန...
879K 15.9K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
41.3K 5.8K 96
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး