Why Not Me

Von SeKai_PerfectWorld

12.3K 843 53

ကလေးအရွယ်တည်းက အတူတူကြီးပျင်းလာခဲ့တဲ့ Sehun& Jongin အချိန်တွေကြာလာတာနဲ့အမျှ လစ်လျူ ရှုထားခဲ့တဲ့အဖြူရောင်သံယော... Mehr

Why Not Me*1*
Why Not Me*2*
Why Not Me *4*
SeKai Event #94Day

Why Not Me*3*

2.4K 205 25
Von SeKai_PerfectWorld

၎ထပ်ဆောင်ပေါ်မှာ တစ်ယောက်တည်းငိုကြွေးရင်း ရွာချလိုက်တဲ့မိုးနဲ့အတူ ကောင်လေး၏စိတ်အသွင်ကလည်း အချိန်ကာလတစ်ခုဆီသို့...

Why Not Me
...............................

"Hunnie ah!သူငယ်ချင်းတွေထဲမှာ ဘယ်သူ့ကို အချစ်ဆုံးလဲဟင် ?"
"ငါ့ဘဝမှာ Ni Niကိုအချစ်ဆုံးလေကွာ ကလေးလေးဘာတွေမေးနေတာလဲ" 6နှစ်အရွယ်တုန်းကသူမေးခဲ့ဖူးတုန်းက သူ့ခေါင်းလေးကိုညင်သာစွာပွတ်သပ်ရင်း
Oh Sehunထိုကဲ့သို့ဖြေခဲ့ဖူးပါသည်...
အခုတော့ဒါတွေဟာ ပုံပြင်သဖွယ် လေထဲမှာပျောက်သွားရပြီလား...

မင်းမသိတာလား မျက်ကွယ်ပြုခဲ့တာလား ငါ့အချစ်တွေကိုငါမဖုံးကွယ်ခဲ့ပါဘူး ငါ့အပြုအမူတွေနဲ့သက်သေပြခဲ့ပါတယ်
မင်းနေမကောင်းချိန်ဆို ငါအိမ်မှာမနေနိုင်ဘူး မင်းနေကောင်းသည်အထိဘေးမှာအချိန်ပြည့်
နေပေးခဲ့တယ် Sehun ah!
ဒါတွေကမင်းကိုချစ်လွန်းလို့ပါကွာ...

Jonginတစ်ယောက်တည်းဖွင့်မပြောနိုင်တဲ့ ခံစားချက်တွေကို မိုးရေနဲ့အတူဖွင့်ဟအော်ဟစ် နေမိသည်...
ထိုမြင်ကွင်းကိုကြည့်ရင်း... တံခါးနောက်ကွယ်ကကောင်လေးတစ်ယောက် ပါးစပ်လေးကိုလက်နဲ့အုပ်ပြီးငိုကြွေးနေခဲ့သည်။
.....................................................................
၂နှစ်ခန့်ကြာသော်...
အထက်တန်းကျောင်းတွေပြီးလို့တက္ကသိုလ်တက်ကြရတော့မည်။ 2နှစ်အတွင်း Kim Jongin ဆိုတဲ့ကောင်လေး အရာရာ ပြောင်းလဲသွားသည်။ အဘိုးအဘွားများဆီမှ အမွေများရလိုက်သော Jongin တို့မိသားစု Japan တွင်လုပ်ငန်းများအခြေချလိုက်ကာ ယခုဆိုလျှင်အောင်မြင်သော Kim Group ဖြစ်နေလေပြီ။ Kim Jongin သည်လည်း ယခင်လို Oh Sehun တစ်ယောက်ကိုသာ အမြဲတွေးနေသော ကောင်လေးမဟုတ်တော့။ အထက်တန်းမပြီးသေး၍ Korea မှာပင် အမေဖြစ်သူနှင့်အတူနေခဲ့ကြသည်။ ယခင်လို Sehun ၏အရှုပ်ဇယားများကြားလျှင် တစ်ယောက်တည်းငိုမနေတတ်တော့ပါ။ Sehun ပျော်လျှင်ကျေနပ်သော ကောင်လေးမဟုတ်တော့။ Sehun ကဲ့သို့ ငယ်သူငယ်ချင်း မဟုတ်သော်လည်း သူ့ခံစားချက် များကို နားလည်ပေးသော သူငယ်ချင်းလေး တစ်ယောက်ရလိုက်သည်။ ထိုသူကား Jongin ၄ထပ်ဆောင်ပေါ်တွင် ငိုကြွေးခဲ့စဉ်က အဖြစ်အပျက်အစအဆုံးကို သိကာ တံခါးနောက်ကွယ်တွင် Jongin အတွက် ငိုကြွေးနေခဲ့သော Do Kyung Soo ဆိုသော ချစ်စရာ ကောင်လေးဖြစ်သည်။
_________________________________________
တက္ကသိုလ်မတက်ခင် Jongin နှင့်Kyung Soo တို့ ဂျပန်စာသင်ကြသည်။ သင်တန်းသီးသန့် မတက်ချင်ဟူသော Jongin ရဲ့သဘောကြောင့် သူတို့အိမ်မှာပင် ဆရာခေါ်၍ သင်စေသည်။

တစ်နေ့ ဆရာစာသင်ချိန်ပြီး၍ အိမ်ပေါ်ထပ်မှဆင်းလာသောအခါ ဧည့်ခန်းတွင် အမေနှစ်ယောက် စကားလက်ဆုံ ကျနေကြသည်။ Sehun မေမေ က အပေါ်ထပ် မှ ဆင်းလာသော Jongin ကို မြင်သောအခါ
"သား Jongin လေးတောင် အတော်ထွားလာပြီပဲ" သူငယ်ချင်းနဲ့ရော တွေ့ကြတယ်မလား ရန်မဖြစ်ကြနဲ့နော် Sehunလေး က ဆိုးရင်လည်း သားက ဆုံးမပေးပေါ့ကွယ် နော်"
"ဟုတ်ကဲ့ပါ အန်တီ "ဟု အားနာပါးနာ ဖြေလိုက်ရသော်လည်း Jongin စိတ်ထဲတွင် Sehun ဆိုသည်​မှာ တစ်ချိန်ကချစ်ခဲ့ရသူ အခုချိန်မှာ ဘာမှမသက်ဆိုင်တော့သော သူစိမ်းတစ်ယောက် ဟုသာ တွေးနေမိသည်။
_______________________________________

သူစိမ်းတစ်ယောက်? အဟက် Jongin ကိုယ့်အတွေး ကို ပြန်ရယ်ချင်မိသည်။
၁၀နှစ်ကျော်ကြာ သူငယ်ချင်းအဖြစ် သူ့အတွက်ဆို တိတ်တခိုးချစ်ရသူပေါ့ ထိုကဲသို့ လူမျိုးကို သူစိမ်းတစ်ယောက် ဟု ယခု သူတွေးလိုက်ပြီ။ ထိုသို့ တွေးရလောက်သည့် အကြောင်းတွေ ထိုကောင်လေးရဲ့ နူးညံတဲ့ နှလုံးသားလေးကို မာကျောသွားစေသော အကြောင်းရင်း တွေ ၂နှစ်အတွင်း ဖြစ်ပေါ်လာခဲ့သည်သာ။

================================2နှစ်အတွင်းမှာဘာတွေဖြစ်ခဲ့ပါလိမ့်
ကျောင်းဖွင့်ပြီဆိုတော့ မအားလို့ပါ😥😥
နောက်၁ပိုင်းကို ဒီအပတ်ထဲဆက်တင်ပေးပါ့မယ်နော် ကိုယ့်ကိုကိုယ် ဘာတွေရေး နေမိမှန်း မသိတော့ဘူးရယ် မရေးဘဲရပ်ထားလိုက်ရတော့မလား လို့လည်း စဉ်းစားနေပါတယ်:-) 😷😷




















































































Weiterlesen

Das wird dir gefallen

440K 15.6K 93
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
302K 6.7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 47.9K 94
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
2.2M 114K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...