ဒီနေ့တော့အလှည့်ကျရာ ယောက်ဖဆရာဝန်ဆီ ရောက်နေပြီမို့ ကာထားတဲ့ လိုက်ကာလေးဖယ်ကာ ဆရာဝန်အခန်းလေးထဲ ခေါင်းပြူကြည့်ပြီး
" Hyung ကျွန်တော်ရောက်နေတယ် အလုပ်ရှုပ်နေလားဟင် "
ရယ်ကျဲကျဲဖြင့် မေးလိုက်တဲ့ Sehun ကိုမြင်တော့ Suho Hyung မျက်မှောင်ကြီးကျုံ့သွားကာ
" မရှုပ်ပါဘူး ခဏထိုင်နေ လာခဲ့မယ် "
အလုပ်ရှုပ်တာမဟုတ်ပဲ လူက ရှိကိုမရှိတာမို့ Nurse မ တောင် အိပ်ငိုက်နေတာ လာတည်းကတွေ့ပြီးသားလေ Sehun ရယ်ချင်ပေမယ့်လည်း အသာပြန်ထိန်းလိုက်ရင်း ကျောခိုင်းထွက်ဖို့ပြင်နေတုန်း
" Sehun နေဦး လာ ဒီထဲဝင်လာခဲ့ "
သူ့အခန်းထဲ ၀င်လာဖို့ လက်ယပ်ခေါ်နေတဲ့ Suho ကို Sehun လဲ အံ့သြသွားမိတယ်လေ။ ဧည့်သည်တွေဘာတွေတွေ့တာ ဧည့်ခန်းမှာ လုပ်ရမှာ မဟုတ်လား လူနာစမ်းသပ်တဲ့အခန်းထဲ ဘာလုပ်ရမှာပါလိမ့်
" Nae ? ဘာလုပ်မလို့လဲ Hyung အပြင်ထွက်လာခဲ့ပါလား အခန်းထဲဆိုတော့ အနေရခက်နေမလားလို့ပါ "
" လာခဲ့ပါဆို ငါ လုပ်စရာလေးရှိလို့ "
Sehun လဲ ပြောမရတာနဲ့ အူကြောင်ကြောင်လေး ၀င်သွားလိုက်တယ်။ အထဲရောက်သွားတော့ သူ့ရှေ့က လူနာလာရင် ထိုင်တဲ့ ထိုင်ခုံမှာထိုင်ခိုင်းပြန်တယ်။ မသိရင် Sehun ခမျာ ရောဂါလာပြတဲ့သူလိုလို
" မင်း ဘာဖြစ်ဖူးလဲ "
" ဗျာ ? ဘာ..ဘာကိုဖြစ်ဖူးရမှာလဲဟင် "
အစမရှိအဆုံးမရှိမေးလို်က်တဲ့ Suho အမေးကြောင့် Sehun မှာ ရှုးချင်စိတ်ဖြစ်သွားမိကာ စကားတွေပါ ထစ်ကုန်ပြီမဟုတ်လား
" အာ .. ဘာတွေတွေးနေတာလဲ အဲ့လိုပုံက မသင်္ကာစရာကောင်းတယ်။ ဒီလိုလေ လူတိုင်းနီးပါးလောက် ဖျားနာဖူးကြတာပဲ။ အဲ့ထဲမှာ နည်းနည်းပြင်းတဲ့ ရောဂါတွေလဲ ဖြစ်ဖူးကြတယ် မှတ်လား။ ငါမေးတာက မင်းရော အဲ့လိုတွေ ဖြစ်ဖူးလားလို့်မေးတာ။ ဥပမာ လိပ်ခေါင်းတွေ ဘာတွေဖြစ်ဖူးလား "
အိ သေပြီလေ စစချင်းမေးကတည်းက လိပ်ခေါင်းတဲ့။ တွေးမိရင်တောင် ကြက်သီးထစရာမို့
" အာ .. Hyung ကလဲ လိပ်ခေါင်းတော့ မဖြစ်ဖူးပါဘူး။ ကျွန်တော် အပြင်းဖျားဖူးတာဆိုလို့ အထက်တန်းလောက်က Tight Fight ဖြစ်ဖူးတယ် ဒါပါပဲ "
" ဟုတ်လို့လား "
ရော် ခက်ပြီလေ အခု ကျွန်တော် တရားခံစစ် စစ်ခံနေရတာဆို ကြားကောင်းသေး။ ခုဟာက ဆရာဝန်ဆီမှာ ရောဂါစစ်ခံနေရတာတဲ့။ မေးနေပုံက တကယ့်ကို မယုံတဲ့ ဒီဇိုင်းနဲ့ တစ်ကယ့် ဂွစာပင်။ မျက်နှာလေးချောသလောက် မထင်ရပေ။ စိတ်ထဲကျိတ်ပြောနေပေမယ့် အပြင်မှာတော့ သွားလေးဖြဲကာ
" ဟုတ်ပါတယ် Hyung ရဲ့ သာမန်ဖျားတာလောက်က တစ်နှစ်မှာ တစ်ခါလောက်တော့ ရှိတာပေါ့ ဒါပေမယ့် ဘယ်နှစ်ခါလဲတော့ မမှတ်မိဘူး။ အတိအကျသိချင်ရင် Omma ကို ဖုန်းခေါ်ပေးရမလား "
" ရတယ် မလိုတော့ဘူး "
ဖုန်းထုတ်ကာ တကယ်မေးတော့မလိုပုံဖမ်းလိုက်မှ လက်ကာပြကာ တားတော့တယ်လေ။ ရွဲ့လိုက်မှပဲ အဆင်ပြေသွားတယ်မဟုတ်လား ဘယ့်နှယ့်ရှိစ Dr ကြီးရယ် ဒါတောင်မပြီးသေးပဲ
" မင်း သွေးစစ်ဖူးလား "
" Nae စစ်ဖူးတာပေါ့ O သွေးလေ Lu နဲ့ တူတူပဲ "
သွားလေးဖြဲကာ Lu ကိုပါကြော်ငြာဝင်လိုက်တဲ့ ကျွန်တော့်ကို Suho Hyung က ပေစောင်းစောင်းကြည့်ကာ ငေါက်လေတယ်
" ဟေ့ကောင် သွေးအမျိုးအစားမေးနေတာ မဟုတ်ဘူးကွ မင်းကျန်းမာရေးအတွက် ဆေးစစ်ဖူးလားမေးတာ "
" အော် မသိလို့ပါ Hyung ရယ် အရင်ကတော့ စစ်ဖူးတယ် မစစ်ဖြစ်တာ ၁နှစ်ကျော်ကျော်လောက်ရှိပြီ ဘာလို့လဲ Hyung ကျွန်တော်နေကောင်းပါတယ် ဒေါင်ဒေါင်မြည်ပဲ "
" မင်း နေကောင်းတာ မကောင်းတာ ငါစိတ်မ၀င်စားဘူး ငါသိချင်တာက အခန့်မသင့်လို့် ငါတို့မိသားစုဝင် ဖြစ်လာမယ့်မင်းက ရောဂါရှိနေရင် မဖြစ်ဘူးလေ။ ခုခေတ်က HIV တို့ ဘာတို့က ကြောက်စရာကောင်းလွန်းတယ်။ အဲ့ရောဂါတွေက လက္ခဏာလဲမပြဘူး မဟုတ်လား "
အမလေး ပူတတ်ပြန်ပြီရော တွေးတတ်တဲ့ ခေါင်းလေးကို ရွှေချချင်စိတ် အတုံးလိုက်အတစ်လိုက် ဖြစ်သွားပြီလေ။ ဘယ့်နှယ့် လူကို HIV ရှိတယ်ထင်နေလားမသိ။ Omma ရေ ဒီနေ့တော့ အမေ့သား ရောဂါတစ်ခုပြီး တစ်ခုပါလားနော်
" ပေါက်ပေါက်ရှာရှာ Hyung ရာ ကျွန်တော် အဲ့လောက်တော့ ဗဟုသုတရှိပါတယ်။ HIV မရှိပါဘူး "
" ပြောလို့မရဘူးလေ ဒါက ထည့်စဉ်းစားရမယ့်အချက်ဖြစ်နေတယ်။ မင်း Xiao Lu ကိုယူရင် မင်းက ငါတို့နဲ့ အနီးကပ်ဆက်ဆံရမှာ အဲ့တော့ ငါတို့မိသားစုကို မဖြစ်သင့်တာ ကာကွယ်ဖို့ ငါ့လို ဆရာဝန်မှာ တာဝန်အပြည့်ရှိတယ် "
နောက်ဆုံးတော့ ကြီးလေးတဲ့မိသားစုတာဝန်ထမ်းနေရတဲ့ ယောက်ဖဆရာဝန်လက်ချက်နဲ့ Sehun တစ်ယောက် လက်မှာ အပ်ပေါက်ရာတွေနဲ့ အိမ်ပြန်လမ်းက တစ်ဆစ်ဆစ်နာလွန်းနေတယ်လေ။ မကျေနပ်ချက်နဲ့လားမသိ ဒီလောက်ထောင်နေတဲ့ သွေးကြောကို ရှာမတွေ့ဟုဆိုကာ အပ်နဲ့ ထိုးလိုက် ပြန်နှုတ်လိုက် ရှာပုံတော်လုပ်နေလို့ အပ်ပေါက်ရာဗလပွနဲ့ တစ်ဆစ်ဆစ်ဖြစ်နေခြင်းသာ။
ပြန်ရောက်လို့ Chanyeol ကို ပြောပြမိတော့ မျက်ရည်ထွက်အောင် ဗိုက်နှိပ်ကာရယ်နေပြန်တယ်လေ
" ဟား .. ဟား အဆန်းကြီးပါလားဟေ့ ကြည့်လုပ် Sehun ဆေးစစ်ချက်မှာ HIV Positive ဆိုပြီး အင်ထုလိုက်ရင် Luhan နဲ့ မညားခင် မင်း နာတာရှည်ရောဂါသည် ဖြစ်နေမယ် "
" Yar! ငါက ဘာလို့အဲ့လိုဖြစ်ရမှာလဲ မင်းကျမှဖြစ် ဒီမှာ ရင်ထဲ ပန်းတွေပွင့်နေတာ မဟုတ်ဘူးနော် "
" ဟ ဟ ခံပေါ့ကွာ သူ့ညီလိုချင်တော့လဲ သူ့အကြိုက်လိုက်ရမှာပေါ့။ နောက်တစ်ယောက်က ဘယ်သူ့ဆီလဲ ဘာအလုပ်လုပ်တာလဲ "
" Lay Hyung ဆီ ဒီတစ်ခါတော့ Lu ပါလိုက်မှာကွ။ အဲ့ Hyung က အတွေးအခေါ်ပညာရှင်မို့ ငါတစ်ယောက်တည်းဆို မဖြစ်မှာစိုးလို့တဲ့ "
" ဟား ဟား အမျိုးမျိုးပါလားနော် တော်ကြာ အချစ်ဆိုတာ ဘယ်ကစတို့ ထိုင်တွေးနေရလို့ Luhan နဲ့ မညားခင် မင်းလဲ စိတ်ကျန်းမာရေးဆေးရုံ ရောက်သွားပါဦးမယ်ကွာ နောက်နေ့ ဘယ်လိုဇာတ်လမ်းလာမလဲ စောင့်ကြည့်ကြတာပေါ့ "
Sehun လဲ လန့်နေမိတာတော့ အမှန်ဆိုပေမယ့် လာမယ့်ဘေး ပြေးတွေ့ရုံသာ ရှိတယ်လေ . . . .
************************************
Lay Hyung ဆီရောက်တော့ စာသင်နေတယ်ပြောတာမို့ Lu က စာသင်ခန်းတွေဘက်သွားဖို့ ခေါ်တာကြောင့် ကျောင်းတစ်ပတ်ပတ်ကြည့်ရင်း Lay Hyung အခန်းကိုရောက်လာခဲ့တယ်လေ။ မြင်မြင်ချင်း ၂ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားသလို Lu က ကိုယ့်နှဖူးကိုယ်ရိုက်ကာ
" ထင်သား ဒီလိုပဲဖြစ်မှာကို ဘယ်လိုလုပ် ဆရာဖြစ်နေလဲမသိပါဘူး။ အိမ်ကလူတွေတောင် ရှုးချင်နေတာ ကျောင်းသားတွေဆို ဝေးရောပေါ့ "
Lu ပြောတာလဲ မမှားပေ။ တကယ်ပါ ကျွန်တော်လည်း ကျောင်းတုန်းက လိမ္မာတဲ့အထဲမှာ မပါခဲ့တဲ့သူပါ။ ဒါပေမယ့် ရှေ့မှာ ဆရာစာသင်နေတုန်း ဒီလို တန်းလုံးကျွတ် စားပွဲပေါ်ခေါင်းတင်ကာ အိပ်ပြရလောက်အောင်တော့ ဘယ်အတန်းမှ မျက်နှာမပြောင်ခဲ့ဖူးပါ။ ဒီကျောင်းကပဲ ဆိုးလွန်းတာလား သင်ပြတဲ့ ဆရာရဲ့ သင်ပြမှုကောင်းလွန်းလို့လားတော့ မသိတော့ချေ။
" လာ Hun နားနေခန်းကပဲ ထိုင်စောင့်ရအောင်။ ကြာကြာနေရင် Lu တို့ပါ အိပ်ချင်လာမယ် "
Lu သဘောအတိုင်း ထိုင်စောင့်နေတာ ခဏကြာတော့ Lay Hyung ပြန်ရောက်လာတယ်လေ။
" Xiao Lu နဲ့ Sehun ပါလား ရောက်နေတာကြာပြီလား Sorry ကွာ စာသင်တာ စိတ်ပါသွားလို့ "
Sehun ခမျာ ရယ်ချင်စိတ်မနည်းအောင့်အီးနေရတယ်လေ။ ဆရာက စာသင်တာစိတ်ပါလွန်းလို့ ကျောင်းသားတွေလဲ စိတ်အပါလွန်ကုန်ကြတာ ထင်ရဲ့။ သင်တဲ့ဘာသာက Psychology ဒီကြားထဲ Lay Hyung ရဲ့ မှေးစင်းနေတဲ့ မျက်လုံးရယ် စကားတစ်လုံးချင်းပြောပုံရယ် ပေါင်းလိုက်တော့ အိပ်ဆေးမလိုတော့ဘူးပေါ့
" Hyung အတန်းချိန်ပြီးပြီလား မုန့်သွားစားကြမလား "
" မရပါဘူး Xiao Lu ရယ် နောက်တစ်ချိန် အတန်းရှိသေးတယ် ဒီမှာပဲ ပြောကြတာပေါ့။ Hyung လဲ မင်းတို့ ၂ယောက်လုံးကို ပြောစရာရှိနေတာနဲ့အတော်ပဲ "
" Nae Hyung ပြောပါ "
Sehun ပြောသာပြောလိုက်ရတယ် နည်းနည်းတော့ လန့်နေမိတယ်လေ။ ၂ယောက်လုံးကို ဘာတွေပြောချင်နေလဲမှမသိတာ။ Lay လဲ လည်ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ
" ဒီလိုကွ မင်းတို့ ရှေ့ဆက်လျှောက်ဖို့ ဘာတွေတွေးထားဖူးလဲ။ ဥပမာ မင်းတို့ လက်ထပ်ပြီးရင် ဘာလုပ်ဖို့ တွေးထားလဲ "
Lay မေးတာကို ၂ယောက်လုံး အူကြောင်ကြောင် ဖြစ်သွားပြီး နောက်မှ Hun ကပဲ အတွေးပေါက်သွားကာ
" အော် အဲ့အတွက်စိတ်မပူပါနဲ့ Hyung ရဲ့ Lu ကို ကျွန်တော်က အရင်လိုပဲ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားပြီး ကျောင်းဆက်တက်ခိုင်းမှာပါ။ ကျွန်တော်ကတော့ ခု ကျွန်တော်တို့ သူငယ်ချင်း၂ယောက်ထောင်ထားတဲ့ ကုမ္မဏီက အောင်မြင်နေပြီဆိုတော့ ထပ်တိုးချဲ့ဖို့ပဲ ရှိတာပေါ့ "
Sehun အပြောကို Lay ကခေါင်းခါရင်း
" ငါပြောတာ အဲ့လိုမဟုတ်ဘူး Sehun အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ new generation နဲ့ တိုက်ရိုက်ပတ်သက်တယ်ကွ။ ငါတို့လူသားတွေအတွက် ကိုယ့် generation ကို မပြတ်အောင်လုပ်ရမယ့် တာဝန်က မွေးကတည်းက ပါလာပြီးသား "
Sehun နဲ့ Luhan မတိုင်ပင်ပဲ ခေါင်းသာကုတ်နေမိတော့တယ်လေ။ အစချီကတည်းက generation နဲ့ကို ကိုင်ပေါက်နေတဲ့ အတွေးအခေါ်ပညာရှင်ကြီးကိုး။ ဒီတစ်ယောက်လဲ ပူတတ်ပြန်ပြီရော မသိရင် သူကပဲ တစ်လောကလုံးတာဝန်ကို ထမ်းထားရလို့ ကမ္ဘာကြီးက generation ကြောင့် တစ်ခုခုပြဲဖစ်တော့မှာ တွေးပူနေသလိုလို
" အဲ့တော့ မင်းတို့က ယောက်ျားလေး၂ယောက်လေ မင်းတို့သိတဲ့အတိုင်း generation ဆိုတာ ဖိုမမှ အဆင်ပြေနိုင်မှာမဟုတ်လား။ အဲ့တာမို့ စဉ်းစားစေချင်တာကွ "
Luhan က စိတ်မရှည်တဲ့လေသံနဲ့
" Hyung ရာ ခုခေတ်မှာ generation တွေဘာတွေက လိုမှမလိုပဲ Hyung သိပ်တွေးလွန်းနေပြီ "
" ဟ အမှန်တိုင်းပြောနေတာ Xiao Lu ရ ခုချိန်ငယ်တုန်းမို့ မင်းတို့က မသိသေးတာ။ နောင်အသက်ကြီးလာရင် ကိုယ့်အသိုင်းအ၀ိုင်းက လူတွေကို သားစဉ်မြေးဆက်မြင်လာရရင် အဲ့တော့မှ မင်းတို့ နောင်တရမှာစိုးလို့ ပြောနေရတာ။ အဲ့ကျရင် ကလေးယူချင်တယ်ဆိုရင်တောင် မင်းတို့ ဘယ်လိုယူမလဲ။ မင်းလဲ ငါတို့ မိသားစုအတွက် generation ကိုထည့်စဉ်းစားရမယ် Sehun ရောပဲပေါ့ "
Sehun ကတော့ ဘာပြောလို့ပြောရမှန်းစဉ်းစားမရပေမယ့် Luhan ကတော့ ဆက်ဆက်ထိမခံစွာ
" Hyung တော်လောက်ပြီ ဘာလို့ ကျွန်တော်တို့ကို ဒီလိုပြောရတာလဲ မဖြစ်နိုင်မှန်းသိလို့ ပြောတာမဟုတ်လား။ ဒီလောက် generation လိုချင်ရင် Hyung တို့ပဲ မိန်းမယူပြီးမွေးကြပါလား "
" ဟ Xiao Lu ရ ငါက အမှန်ကိုပြောပြတာလေ ဘာလို့ ငါတို့ဘက်ပြန်လှည့်နေတာလဲ "
Sehun က Luhan လက်ကိုကိုင်ကာ စိတ်လျော့စေပြီး
" Hyung စိတ်ပူနေတာကို သိပါတယ် ဒါပေမယ့် ခုခေတ်ကြီးထဲမှာ မဖြစ်နိုင်တာ မရှိတော့ဘူးထင်တယ် အခုဆို ယောက်ျားလေးတွေကအစ ကိုယ်ဝန်လွယ်လို့ရနေပြီပဲ။ Generation ဆိုတာ ကျွန်တော်တို့အတွက် အဓိက မဟုတ်ပေမယ့် တကယ်လို့ Hyung ပြောသလို လိုအပ်လာမယ်ဆိုရင် လွယ်နေပြီဆိုတာလေး ပြောပြချင်တာပါ "
" ဒါက သိပ္ပံနဲ့လုပ်ယူထားတာတွေလေ သဘာဝထက်တော့ ပိုမကောင်းနိုင်ဘူးပေါ့ "
" လာ Hun သွားရအောင် . . Hyung ဒီနေ့ ကျွန်တော်တို့ကို အကောင်းပြောစရာ တစ်ခုမှ မရှိဘူးဆိုတော့လဲ ကျွန်တော်တို့ ဆက်မနေတော့ဘူး ကျွန်တော်ကတော့ ဘာအကြောင်းပြချက်နဲ့မှ Hun လက်ကို မဖြုတ်ဘူး "
Sehun လဲ Luhan ဆွဲခေါ်တဲ့ နောက်ကို ပါသွားလေတော့တယ်။ အပြင်ရောက်မှ မျက်နှာလေး ညှိုးသွားတဲ့ Luhan က
" Hun စိတ်ထဲမထားနဲ့နော်။ ဒါပေမယ့် Lay Hyung ပြောတာ စဉ်းစားကြည့်ရင် တကယ် ဖြစ်နိုင်တယ်လေ အဲ့ကျရင် Hun ..... "
Luhan စကားဆက်မပြောနိုင်အောင် Sehun လက်နဲ့ နှုတ်ခမ်းတွေကို အသာဖိကာ တားလိုက်ရင်း
" ကိုယ်က ဘာမဟုတ်တဲ့ generation အတွက်နဲ့ Lu ကို ထားခဲ့ရမှာလား။ မဖြစ်နိုင်တာမပြောပါနဲ့ Lu ရယ် မချစ်တဲ့သူတစ်ယောက်နဲ့ generation ရလာတော့ရော ကိုယ်က ပျော်နိုင်မှာတဲ့လား။ တကယ်လို့ ကိုယ်ခုနကပြောသလို လိုအပ်လာမယ်ဆိုရင်တောင် ကိုယ်တို့ မွေးစားလို့ရနေတာပဲ အမျိုးမျိုးရှိပါတယ် Lu ရ။ စိတ်ချ ကိုယ်က စပြီး Lu ကို ဘယ်တော့မှ လက်တွဲမဖြုတ်ဘူး Lu သာ ကိုယ့်ကို စိတ်ကုန်သွားမှာ စိုးတာပါ "
" Lu လဲ ဒီတိုင်းပါပဲ Hun ရယ် "
" အဲ့ဒါဆိုလုံလောက်ပြီ ဘာမှတွေးမနေနဲ့တော့ ဟုတ်ပြီလား။ ဒီနေ့ date လုပ်ကြမလား "
Sehun အမေးကို Luhan ပြုံးကာ ခေါင်းညှိတ်ပြတော့ အခုတော့လဲ ခုနကနဲ့မတူ အပြုံးတွေနဲ့ တစ်ယောက်လက်တစ်ယောက်တွဲလျက်ပေါ့။ ယိုင်လဲဖို့မရှိဘူးလို့ တထစ်ချယုံကြည်ထားတဲ့စိတ်တွေကို အနည်းငယ် တုန်လှုပ်နိုင်စွမ်းရှိတယ်ဆို Lu အစ်ကိုတွေရဲ့ အစွမ်းအစတွေကို အထင်သေးလို့မရတာ ဒီနေ့ ထောက်ပြပေးသွားသလိုပင် . . . .
အချစ်စစ်တို့လျှောက်ရမယ့်လမ်းမှန်ရင် မဖြောင့်တန်းဘူးတဲ့လား . . . .
************************************
" ဒါဆို မင်းလဲ မထူးခဲ့ဘူးပေါ့ "
Kris ရဲ့ အမေးကို Lay က ခေါင်းခါပြရင်း အဖြေပေးလိုက်မိတယ် ပြီးမှ
" Hyung ရာ စဉ်းစားကြည့်ဦး သူပြောပုံအရဆို Xiao Lu ပဲ ကိုယ်ဝန်လွယ်ပေးရမလိုလို။ မျက်လုံးထဲမှာ ချက်ချင်း မြင်လာလို့ မနည်းရှင်းထုတ်ပစ်ရတယ်။ ခုခေတ်ဆိုတာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းကို မသိပါဘူး သဘာဝကို ဆန့်ကျင်ပြီး အမျိုးမျိုးကို ထွင်နေကြတော့တာပဲ "
Lay ရဲ့ မကျေနပ်သံအဆုံးမှာ Kai က Kris ကို ကြည့်ရင်း
" Hyung ပဲကျန်တော့တယ်နော် အားလုံးနဲ့တွေ့ပြီးနေပြီ Hyung ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ "
" ငါလဲ တွေးထားပါတယ် အစွမ်းကုန်တော့ ကြိုးစားရမှာပေါ့ "
တိတ်ဆိတ်နေတဲ့အိမ်ကြီးထဲမှာ အားလုံးသက်ပြင်းတချချနဲ့ပေါ့ .......
************************************
အခန်းမရောက်ခင်ထဲက ကြားနေရတဲ့ အသံတွေအပြင် တံခါးဖွင့်လိုက်တာနဲ့ အဖြူရောင် တိုက်ကွမ်ဒို ၀တ်စုံဝတ်ထားတဲ့ ကလေးတွေကို ခြေလက် ညီညီညာညာဖြင့် အစီအရီကစားနေတာတွေ့လိုက်ရတော့ Sehun သေချာကြည့်နေမိတယ်လေ။ ဒါကို Kris က လှမ်းမြင်သွားတော့
" Sehun လာလေ "
Sehun လဲ ခေါင်းညိတ်နှုတ်ဆက်ကာ Kris ဆီလှမ်းလာလိုက်တယ်။ အနားရောက်တော့ Kris ကပဲ
" ဘယ်လိုလဲ မင်းလဲ ရောက်တုန်းရောက်ခိုက် တစ်ကွက်နှစ်ကွက်လောက် ၀င်သင်သွားပါလား ဟိုမှာ ထိုင်နေလိုက် "
Kris ပြတဲ့နေရာမှာ သွားထိုင်နေရင်း Sehun စောင့်ကြည့်နေမိတယ်။ အုတ်ခဲတွေကို လက်နဲ့ခွဲသွားပုံတွေ က Sehun အတွက် အံ့သြစရာတွေချည်းသာ။ Kris Hyung ကို အဲ့လောက်တော်မယ်မှန်း မထင်ထားခဲ့ရိုးအမှန်ပါ။ သင်တန်းပြီးသွားလို့ ကလေးတွေ ပြန်သွားချိန်မှာ Luhan အပါအ၀င် ကျန်တဲ့ Hyung တွေပါ ရောက်လာကြတယ်။ ဘာလို့မှန်းမသိလို့ Luhan ကို မေးငေါ့မေးကြည့်တော့ ပခုံးတွန့်ကာ မသိကြောင်းပြနေတယ်လေ။ ခဏနေတော့ Kris က
" ဒီနေ့ ငါ မင်းကို စိန်ခေါ်တယ် Sehun မင်းနဲ့ငါနဲ့ ပြိုင်ရအောင် ဒီနေ့ မင်းနိုင်ရင် မင်းနဲ့Xiao Lu ကို သဘောတူမယ်။ ငါနိုင်ရင်တော့ မင်း Xiao Lu နားက ထွက်သွားရမယ် ဘယ်လိုလဲ "
Kris အပြောကြောင့် Sehun မျက်လုံးပြူးသွားရသလို Luhan ကလဲ အလန့်တကြားဖြင့်
" Hyung! ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ Hun က ကစားနေကျမှမဟုတ်ပဲ ဒါ Hyung တို့ သက်သက်ညစ်တာ "
" မတတ်နိုင်ဘူး Xiao Lu မင်း သူ့ကို အနာမခံချင်ရင် နောက်ဆုတ်လိုက်ကြပေါ့။ ငါတို့ အစတည်းက သဘောမတူဘူးပြောထားရဲ့နဲ့ မင်းတို့က ရှေ့ဆက်တိုးမှတော့ ငါတို့ကလဲ ပြန်ချေပဖို့ ခက်ခဲတာနဲ့မှ ရမှာပေါ့ "
" တကယ်လို့ ဒီပွဲမှာ ကျွန်တော်နိုင်ရင် ဘယ်သူမှ ကျွန်တော်တို့ကို မတားတော့ဘူးပေါ့ ဟုတ်လား "
Sehun ရဲ့ အမေးစကားကြောင့် Luhan က ၀င်တားကာ
" Hun မဖြစ်နိုင်တာ မတွေးနဲ့လေ Kris Hyung နဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ "
" ကိုယ်သိပြီးသားပါ Lu ရ Lu လက်စွမ်းတောင် ၂ရက်လောက် ခံလိုက်ရတာ Kris Hyung ဆို တွက်မိပြီးသားပါ "
ရယ်ကျဲကျဲပြောနေတဲ့ Hun ကို Lu က စိုးရိမ်ကာ
" ဒါနောက်စရာမဟုတ်ဘူး Hun. Lu တတ်တယ်ဆိုတာ ဘာမှမဟုတ်သေးဘူး "
Luhan ကို ပြန်ပြုံးပြနေတဲ့ Hun ကို Kris က
" ဟုတ်တယ် Sehun ဒီပွဲမှာ မင်းနိုင်ရင် ငါတို့ ညီအစ်ကိုတွေ မင်းတို့ကို မနှောင့်ယှက်တော့ဘူး။ ဘယ်လိုလဲ မင်းသိတဲ့အတိုင်း အားလုံးကို မင်းအဆင်ပြေအောင်ညှိဖို့ဆိုတာ မလွယ်ကူဘူးမဟုတ်လား အဲ့တော့ ဒီတစ်ပွဲကိုပဲ ငါနဲ့ရင်ဆိုင်မလား ဒါမှမဟုတ် အားလုံးနဲ့ရင်ဆိုင်မလား "
" Hyung စိန်ခေါ်တာကို ကျွန်တော်လက်ခံတယ် "
" Hun!!! "
ဆုံးဖြတ်ချက်ချကာ အဖြေပြန်ပေးလိုက်တဲ့ Sehun ကို Luhan အော်လိုက်မိပေမယ့် Sehun ကတော့ ပြုံးကာ
" စိတ်မပူပါနဲ့ Lu ရဲ့ ကိုယ်နားမှာ Lu ရှိနေတာပဲ "
ပြောမယ့်သာပြောတာ အမှန်တော့ ကြောက်တာကိုယ်သာသိ မဟုတ်လား။ ဒါပေမယ့် အချစ်အတွက် ကြိုးစားရဦးမယ်လေ Omma သာမြင်ရင် ရင်ကျိုးမှာပင် .....
နှစ်ယောက်ထိတ်တိုက်တွေ့တဲ့ပွဲမှာတော့ Sehun ဘက်က အလဲလဲအကွဲကွဲပင်။ ခဏခဏ ကိုင်ပေါက်ခံနေရတော့ ကျောတွေလဲ နာကျင်နေရပြီလေ။ တစ်ကိုယ်လုံးရှိသမျှ အားအင်တွေ ကုန်သလောက်ဖြစ်လာကာ မလှုပ်ချင်တော့တဲ့ အခြေအနေကိုရောက်နေတော့ Luhan က
" တော်ပါတော့ Hyung ရယ် Hyung တို့ ရက်စက်တယ်။ ဒီပုံအတိုင်းဆက်သွားရင် Hun သေသွားတော့မယ် သိရဲ့လား "
အော်ဟစ်ကာ Sehun အနားပြေးသွားကာ Hun ကို ကူတွဲပေးနေမိတယ်။ နာကျင်နေတဲ့ Hun ကို ကြည့်ပြီး မျက်ရည်တွေပင်ဝဲလာရပြီလေ။
" မငိုနဲ့လေ Lu ရာ ကိုယ်ဘာမှမဖြစ်သေးပါဘူး ကိုယ်အရှုံးမပေးသေးပါဘူး "
" Phabo! နာနေတာတောင် ဒီလိုပြောနိုင်သေးလား "
သူတို့၂ယောက်ကို ကြည့်နေတဲ့ Xiumin ကလဲ Kris ကို ဖျောင်းဖျကာ
" တော်ပါတော့ Hyung ရာ ကြာရင် သူအကောင်းတိုင်း မရှိဘဲ ဖြစ်ကုန်ပါမယ် ဒီလောက်ဇွဲရှိတာပဲ လက်ခံပေးလိုက်ပါ Xiao Lu ငိုနေပြီ "
" Xiumin မင်းကပါ သူတို့ဘက်ပါချင်နေတာလား ဘာလဲ မုန့်နဲ့မျှားခေါ်ထားတယ်လို့တော့ မပြောနဲ့ ငါက သူတို့ကို မဖြစ်နိုင်လွန်းလို့ တားနေရတာ "
Kris အပြောကြောင့် ဇာတ်လေးပုသွားပြီး ပြောမရတော့တာ သိတော့ Xiumin ဆက်ပြောမနေတော့ပဲ ငြိမ်နေလိုက်တော့တယ်။
" Sehun အရူံးပေးလိုက်တော့ မင်း မရတော့ဘူး မဟုတ်လား "
" Arnyi ကျွန်တော်ရပါသေးတယ် "
ပြောလဲပြော ထနေသေးတဲ့ Sehun ကို ကြည့်ပြီး Kris က ခေါင်းခါကာ
" မင်းကသာ ရတယ်ပြောနေတာ ငါက မထင်တော့ဘူး တော်ကြာ အသက်ထွက်သွားမှ ငါအမှုပတ်နေပါ့မယ် အဲ့တော့ တစ်မျိုးပြောင်းကြတာပေါ့ ခုနက သင်တန်းမှာ ပြသွားတာ မြင်တယ်ဟုတ် အုတ်ခဲကို ခေါင်းနဲ့ခွဲတာလေ မင်းနဲ့ငါ အဲ့ဒါ စမ်းကြည့်ကြတာပေါ့ ငါကခွဲနေကျဆိုတော့ အရင်ခွဲပမယ် မင်း ငါ့လို လိုက်ခွဲနိုင်ရင် ပြီးပြီ လိုက်မခွဲနိုင်ရင်တော့ မင်းလှည့်ပြန်လိုက်တော့ တစ်ခေါက်ပဲနော် "
Sehun ခေါင်းငြိမ့်ကာ လက်ခံလိုက်တော့တယ်။ ပြိုင်တဲ့ပုံစံကတော့ အဝေးကနေ ပစ်ပေးတဲ့ အုတ်နီခဲကို ခေါင်းနဲ့ပြေးဆောင့်ပြီးခွဲရမှာမို့ အန္တရာယ်လဲများတာ အမှန်ပင်။ ပထမဆုံးအနေနဲ့ Kris က စခွဲပြမှာမို့ Sehun က အုတ်နီခဲမြှောက်ကာ ပစ်ပေးလိုက်တယ်။ Kris လဲ ခုန်ကာ ခေါင်းနဲ့တိုက်အချ ကြေမွသွားရမယ့် အုတ်နီခဲတွေအစား Kris ခေါင်းနဲ့ အုတ်နီခဲတိုက်သံ ခွပ်ခနဲထွက်လာကာ Kris လဲ ကြမ်းပြင်ပေါ် ပြုတ်ကျလာပြီ။ အုတ်နီခဲလဲ ကြမ်းပြင်ပေါ်ကျမှ အလဲလဲအကွဲကွဲဖြစ်တော့တယ်။ အားလုံးထံမှ အာမေဋိတ်အသံတွေ ထွက်ပေါ်လာကာ Kris ကို ကြောင်ကြည့်နေမိတော့တယ်။ Kris လဲ သူ့ကိုယ်သူ အံ့သြနေရင်း ခေါင်းကိုစမ်းမိတော့ သွေးရဲရဲတွေမြင်ပြီး
" သွေး ... သွေးတွေ ... "
ပြောလဲပြော Kris သတိမေ့သွားတာမို့ အားလုံး ကြောင်နေရာက အလန့်တကြားတွေဖြစ်ကုန်တယ်လေ။ အဲ့နေ့က အုတ်နီခဲမှန်လို့မဟုတ်ပဲ သွေးမြင်မှမေ့လဲတဲ့ Kris ကို ဆေးရုံပို့လိုက်ရတာမို့ ပွဲပြီးသွားသလို Sehun မခွဲနိုင်ရင် ရှုံးမယ်လို့ဆိုထားတာမို့ အရင် အုတ်နီခဲမခွဲနိုင်ခဲ့တဲ့ Kris က ရှုံးခဲ့တယ်လို့ Luhan လဲ သတ်မှတ်လိုက်တယ်လေ။ အမြဲခွဲနိုင်ခဲ့တဲ့ Kris က အဲ့နေ့က ဘာလို့ မခွဲနိုင်ခဲ့လဲဆိုတဲ့အဖြေကို ရှာမိတော့ အရင်ကဆို အုတ်နီခဲကို ရေဆွတ်ကာ ခွဲနေကျကနေ ခုက ရေမဆွတ်ထားတဲ့ အုတ်နီခဲကို Sehun က ဘုမသိဘမသိ ပစ်ပေးလိုက်ခြင်းကြောင့်သာ။ မသိခင်က အထင်ကြီးနေတဲ့ စိတ်လေးတောင် ဘယ်ရောက်သွားမှန်းမသိတော့။ အဲ့လို တစ်ယောက်တစ်မျိုးမရိုးနိုင်တဲ့ ယောက်ဖတွေကို Sehun ရယ်ရခက်ငိုရခက်ဖြစ်နေမိတာတော့ အမှန်ပင်။ ဒါပေမယ့် ကောင်းတာတစ်ခုက သူနဲ့ Lu ကို သဘောတူလိုက်ရသလို ဆေးရုံက Kris ကတော့ သူ့ကို လာတိုင်း ခေါင်းကပတ်တီး ဖြူဖြူကို ကိုင်ကာ ဘုကြည့်ကြည့်နေဆဲပင် . . . . . .
************************************
************************************
Thank u very much for reading ☺
Waiting vitamin feedbacks 😊😊
နောက်တစ်ပိုင်း Final ပါနော် HH day ဖြစ်တဲ့ 20.12 မှာ တင်ပါမယ် 😉😉 sarahae all my readers 😍😍😘
အနော် ပွဲလေးတစ်ခုကို promotion ဆင်းပါရစေ
Xiumin Myanmar Snowflakes Fanpage က ဦးစီးပြီးလုပ်မယ့် March 11 ရက်နေ့မှာ ကျင်းပမယ့် Xiumin Birthday ပွဲလေးကို လာခဲ့ကြပါလို့ 😁😁 ကိုကိုပေါက်အတွက် Let go !!
Fb မှာ Kitty ChenMin-Baozi ကို ဆက်သွယ်ပြီးမေးလို့ရပါတယ်နော် ☺☺