အပြာရောင်ရင်ခွင်တမ်းချင်း...
By Krisyeol_Universe
31.4K 3.3K 223
မိုးကုပ်စက်ဝိုင်းမှ... အပြာရောင်လွင်ပြင်သို့.. ခုန်ချကြည့်ချင်ဖူးပါသလား...? More
အပြာရောင်ရင်ခွင်တမ်းချင်း.......
အပြာရောင်ရင်ခွင်တမ်းချင်း.......
အပြာရောင်ရင်ခွင်တမ်းချင်း.......
အပြာရောင်ရင်ခွင်တမ်းချင်း......
အပြာရောင်ရင်ခွင်တမ်းချင်း......
အပြာရောင်ရင်ခွင်တမ်းချင်း.......
အပြာရောင်ရင်ခွင်တမ်းချင်း.......
3.8K 516 29
By Krisyeol_Universe
(ဘယ်အချိန် ကျွန်တော့်ကို လူသိရှင်ကြား စွန့်ခွာသွားမှာလဲ)
လွန်ခဲ့သည့်.. လများကအထိ... သူ့အပေါ် ဖြည့်စွက်နားလည်ပေးနေခြင်းကို... သံသယများက တဖြည်းဖြည်း.. နယ်ချဲ့သွားကြသည်... ။
တကယ်တော့... ကျွန်တော်က ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းသာ ဖြစ်သည်... ။
( သိပ်မကြာပါဘူး ) ဆိုတဲ့ သူ့ရဲ့ ခရီးကာလက ...
အနည်းဆုံး ၂ပတ်လောက်လို့ ထင်ထားခဲ့တာ... ။
၁ လကျော်သည်အထိ... လေလှိုင်းက တစ်ဆင့်တောင် အဆက်အသွယ်မရတဲ့အခါ... စိတ်ဆိုးဒေါသဆိုတာမျိုးထက်.. ကျွန်တော်က စိုးရိမ်ကြောင့်ကြ ကြီးနေခဲ့တာ... ။
ကျွန်တော့်ကို မြင်တိုင်း.. သနားစာနာသလို ပြုံးကြည့်တတ်တဲ့... သူ့ သူငယ်ချင်း အသိုင်းအဝိုင်းကို မပက်သက်ချင်ပေမယ့်.. ကျွန်တော့်မှာ.. တစ်ခြား နည်းလမ်းမှ မရှိပဲ... ။
" စီနီယာ Lu Feng .. သူ ဘယ်တော့ ပြန်လာမယ်လို့ ပြောသွားသေးလားဟင် "
စီနီယာ Lu Feng သည် သူ့သူငယ်ချင်းများထဲတွင် .. အခြားသူများထက်.. ကျွန်တော့်ကို ပို၍ ခင်မင်ဟန်ရှိသည်..။
" မသိဘူး.. ကိုယ့် အထင်တော့...ဒီကောင် အလည်အပတ် တစ်ခုခု သွားတာနေမှာ.. မင်းဆီ ဖုန်းမဆက်ဘူးလား..."
ရှက်ရွံ့သိမ်ငယ်ဖို့ကိုတောင် ကျွန်တော် မေ့လျော့တတ်နေပါပြီ... ။
သို့မဟုတ်
ချိုမြိန်သော လျစ်လျုရှုခြင်းများအား.. ကျွန်တော်
အသားကျလာခဲ့ပါပြီ... ။
ခေါင်းခါပြမိသည့်အခါ... စီနီယာ Lu Feng က
ပြုံးပြရင်း သူ မအားလို့ ဖြစ်မှာပါဟု နှစ်သိမ့်သည်...။
ကျွန်တော် ကျေးဇူးတင်စွာ နှုတ်ဆက်စကားဆိုရင်း အိမ်ပြန်ခဲ့သည်...။
•••
တကယ်တော့ စီနီယာက Chanyeol ဆိုသော
သူ့ တရားဝင် လူ ကျွန်တော့်ကို သိပ်ကို ထောက်ထား သက်ညှာပါသည်....။
၁လ ကျော်သည်အထိ... အဆက်အသွယ်ပြတ်နေခဲ့သော... ကျွန်တော့်၏ စိုးရိမ်သောကများကို ရိပ်မိဟန်ရှိပြီး...
Instagram တွင် ဓာတ်ပုံတစ်ပုံ
Update လုပ်ပေးခဲ့သည်... ။
ဘေးတွင်... နူးညံ့သိမ်မွေ့စွာ ချစ်စရာကောင်းသော... မိန်းကလေး တစ်ဦးဖြင့်... ။
အနည်းငယ် ပိန်သွားသည်ကလွဲ၍ သူ့ အပြုံးများ.. လတ်ဆတ်ချိုမြနေဆဲ ဖြစ်ကြောင်း သိလိုက်ရသဖြင့်...
ကျေးဇူးတင်ရပါသည်...။
ကျွန်တော့် ၏ သည်းခံရောင့်ရဲမှု အတိုင်းအဆမှာ.. ယခုထက် ပို၍ မြင့်မားနေခဲ့သင့်သည်... ။
အခုတော့ဖြင့်... မစဉ်းစားမဆင်ခြင် ပို့ခဲ့မိသည့် message တစ်စောင် သည်... တုံ့ပြန်ခြင်း အလျဉ်းကင်းမဲ့လျက် ။
•••
ကျောင်းပြန်စတက်နေသည်ကို Han ပြောပြသဖြင့် သိလိုက်ရသော်လည်း... သူ အိမ်သို့ ပြန်မလာသေးပါ...။
အကယ်၍ သည်နေ့ ညနေမှ.. ကျွန်တော့်ထံရောက်မလာခဲ့ပါလျှင်... မာန အကြွင်းအကျန်တို့ဖြင့်.. သည်အခြေအနေကို ကျွန်တော်
အဆုံးသတ်မိပါလိမ့်မည်... ။
ကံတရားသည် မည်သူ့ဘက်တွင် ရပ်တည်နေခဲ့သလဲ ကျွန်တော် အသေအချာ နားမလည်ခဲ့... ။
ထိုနေ့ ညနေက စီနီယာ အိမ်ပြန်ရောက်လာပါသည်... ။
မီးဖိုချောင်ထဲတွင်.. အရွက်များ ဆေးနေခဲ့သော.. ကျွန်တော့် ဘေးနားအထိ ရောက်လာသည်.. ။
ကျွန်တော့်ထံတွင် သူ့အတွက် မေးစရာ မေးခွန်း..
သို့မဟုတ်
ပြောစရာ စကား ... တစ်ခွန်းတစ်လေမှ မရှိနေပါ..။
ထို့ကြောင့် ကျွန်တော် နှုတ်ဆိတ်နေခဲ့သည်... ။
ဖျတ်ခနဲ ပါးပေါ်သို့ ဖြတ်ပြေးသွားသော...
ဝင်သက် ထွက်သက် နွေးနွေးကလေး... ။
ကျွန်တော် အကျင့်ဖြစ်နေကျအတိုင်း ယောင်ယမ်း၍ ပြုံးမိတော့မလို ဖြစ်သွားသည်... ။
" Chanyeol..."
မကြားရတာအနည်းငယ်ကြာနေသော... သူ့နှုတ်ခမ်းများမှ ကျွန်တော့်နာမည်သည်လည်း... ကြားခံနယ် တစ်ခုခု မလိုတော့သလို နှလုံးသားထဲသို့ တိုက်ရိုက် စီးဝင်သွားဟန်ရှိသည်... ။
သည့်ထက်ပိုပြီး တိုးကပ်မလာခဲ့နဲ့... ။ ကျွန်တော့်နှလုံးခုန်သံတွေ သိပ်မြန်နေပြီ... ။
" မင်းရဲ့ ဆလပ်ရွက်တွေ တစစီ ဖြစ်ကုန်ပြီ... "
ကျွန်တော့် ရင်ခုန်ပျော်ရွှင်မှုများအား .... အလွန်ပြောင်မြောက်စွာ.. သူ သရော်တတ်ပါသည်...။
( ဆလပ်ရွက်တွေပဲ တစစီ ဖြစ်တယ် ထင်သလား ) လို့ ကျွန်တော် ပြန်မမေးခဲ့ပါ....။
အချိန်တွေ အများကြီး ဖြတ်သန်းကြုံတွေ့လာပြီးတဲ့နောက်..
ကျွန်တော့်ထံတွင် စကားလုံးတွေ နည်းပါးလာခဲ့သည်...။
အမှတ်သည်းချေ မရှိသည့်...ရင်ဘတ်ထဲမှ အကောင်က..
သစ္စာခံနေဆဲဖြစ်သော်ငြား.. ဦးနှောက်နှင့် မဟာမိတ် ဖြစ်စပြုနေသည့် ကျွန်တော့် နှုတ်ခမ်းများကတော့...
စစ်ကြေညာရန် အဆင်သင့် ဖြစ်နေခဲ့သလား မသေချာ..။
ကျွန်တော် စကားပြန်မပြောပဲ...မှောင်လာသည့် မီးဖိုခန်းကြောင့် မီးခလုတ်သို့ လက်လှမ်းလိုက်စဉ်...
ကျွန်တော့် လက်များကို ဆွဲထူ ဖမ်းချုပ်ပြီး.. သူ တင်းတင်းကျပ်ကျပ်ဖက်ထားသည်... ။
" စိတ်ဆိုးနေတာလား...Chanyeol .. "
ဟင့်အင်း... မငိုနဲ့... ။ ရှိုက်သံတစ်ချို့အား
... သူ့ပုခုံးသားကို ကိုက်ထားရင်း ကျွန်တော် ထိန်းချုပ်ထားမိသည်... ။
" Chanyeol... ! "
ခပ်ဆတ်ဆတ် ခေါ်လိုက်သံနှင့် ပြီးတဲ့နောက်.. သူ့ နှုတ်ခမ်းဖူးဖူးများ... ။
နူးညံ့နွေးထွေး နေသည့် နှုတ်ခမ်းများသည် နှင်းဆီရနံ့သင်းနေစရာ မလိုပါ... ။ ပထမဆုံး အကြိမ် အဖြစ် ရုန်းကန်မိသည့်အခါ သူ အံ့ဩတကြီး ကြည့်လာသည်...။ ကျွန်တော့် နှုတ်ခမ်းများကို လက်မဖြင့် ခပ်ဖွဖွ ပွတ်သပ်ကြည့်လိုက်သည်...။
.. နှုတ်ခမ်းနီပန်းရောင်ဖျော့ဖျော့များ...။
" ဩော်... "
ထိုစကားတစ်လုံးထဲဖြင့်... ကျွန်တော် မှတ်ချက်ပြုမိသည်...။
ခမ်းခြောက်သွားသော... မျက်ရည်စတို့ဖြင့်... တွေတွေကလေး... ကျွန်တော် ငေးကြည့်နေမိသည်... ။
" အနည်းဆုံးတော့ စီနီယာ့ နှုတ်ခမ်းတွေက ကျွန်တော် တစ်ဦးတည်း သက်ဆိုင်တာလို့ ထင်နေခဲ့တာ..."
အခြေပျက်သွားသော... သူ့မျက်ဝန်းများကို မြင်လိုက်ရသည်....။ ကျွန်တော် ဆက်ပြောစရာ စကားလုံးများ ယနေ့ညအဖို့ မရှိတော့ပါ...။
မိုးကုတ်စက်ဝိုင်း နှင့် ငရဲတွင်း မှားခဲ့လေသလား ဟု..
ကျွန်တော် တွေးကြည့်မိပါသည်...။
Continue Reading
You'll Also Like
136K 14.9K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
89.9K 14.8K 151
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...
25.8K 2.3K 23