"ဒေါင်..ဒေါင်..ဒေါင်...ဒင်..ဒင်..ဒင်..."
မနက်စောစောမှာ ထွက်ပေါ်လာတာက ကြား
လိုက်ရသူတိုင်း...သွားအခွေလိုက် ကျွတ်သွား
ရမလို ခံစားလိုက်ရတဲ့...သာယာနာပျော်ဖွယ်
သံစုံကီးကြောင် pianoအသံလေး...။
ထိုအသံကြောင့်...အပေါ်ထပ်အခန်းထဲကနေ
ကမူးရှူးထိုးပြေးဆင်းလာသူက...
ဒူးခေါင်းအထက် ဘောင်းဘီအပွကြီးနဲ့
Park Chanyeol...။
အောက်ထပ်အရောက်...
သူတို့အခေါ်တော့ ဧည့်ခန်း...
မြင်လိုက်ရတဲ့သူတွေအတွက်ကတော့
စစ်ဘေးရှောင်စခန်း...ထိုသို့ရှင်းလင်းလှသော
အခန်းလေးထဲမှာ အထက်ပါ ကြည်နူးစရာ
ရင်သိမ့်တုန်တီးလုံးလေးကို ခပ်အေးအေးတီးခတ်နေသောKaiကို တွေ့
လိုက်ရတယ်...။
တစ်ကယ်ကို စင်မြင့်ထက်ဆီမှာ ဖျော်ဖြေနေ
သလိုမျိုး...တီးလုံးကို ကြွကြွရွရွလေး အဆုံးသတ်သွားပြီး...မျက်တောင် ခပ်ဝံ့ဝံ့ပင့်ကာ
Chanyeolကို လှည့်ကြည့်လာတယ်...။
"စိတ်မကောင်းပေမယ့် တောင်းပန်ပါတယ်...
နားဆင်ချင်လို့ အပြေးဆင်းလာတာသိပေမယ့်
သီချင်းက အခုလေးတင်ပြီးသွားပြီရယ်..."
ထိုအခါမှ Chanyeolက သက်ပြင်းမောချ...
ရင်ဘတ်ကို လက်ကလေးနဲ့ဖိထားရင်း...
"ဟူး...စောနက တီးလုံးက မင်းတီးတာလား
Kaiရယ်...၊
ငါက မီးလောင်လို့ ရရာအချက်ပေးခေါက်ကြ
တယ်မှတ်နေတာ...၊
အဲ့တာမို့ ဘေးလွတ်ရာပြေးဖို့ဆင်းလာတာ...
အခုမှပဲ လန့်တာပြေတော့တယ်....."
ထိုသို့ Chanyeolရင်ထဲမှ အပူလုံးကြီး ပြေလျော့
နေခိုက်မှာပဲ...အပေါ်ထပ် လှေကားထိပ်စီကို
စုပြုံရောက်လာကြတယ့်...
Baekhyun...Sehun...Luhan နဲ့ Suho...။
"ဘယ်နား မီးလောင်တာတဲ့လဲ Chanyeol..."
စိုးရိမ်တကြီးမေးလာတဲ့ Suhoကို လက်ကာပြ
လိုက်ရင်း...
"မီးလောင်တာမဟုတ်ဘူးရယ်...
Kai...pianoတီးနေတာတဲ့..."
ထိုအခါကျမှ 'အော်' 'အဲ' 'အင်း' ဆိုသော
အာမေဍိတ်လေးတွေ ကိုယ်စီပြုရင်း ငြိမ်သက်
သွားကြတော့တယ်...။ဒါပေမယ့်...
Baekhyunမှာ တစ်စုံတစ်ရာကို သတိရသွား
သလိုမျိုးနဲ့...
"ဒါနဲ့ Yeol...
မီးလောင်တယ်ဆိုပီး မင်းဆင်းပြေးတာတောင်
ဘာလို့ ငါ့ကိုခေါ်မသွားတာလဲ...???"
အပြစ်ကြီးလုပ်မိသူတစ်ယောက်လို သွားလေး
ဖြီးပြရယ်လာကာ...
"Heez...အရေးအကြောင်းဆိုတော့လဲ..."
"Hyung...Hyung...
သူ့လက်ထဲကို ကြည့်...သူ့လက်ထဲကို..."
Oh Seတို့က မီးလောင်ရာ ယပ်ခတ်ရုံနဲ့ အားမရ၊
ဓာတ်ဆီနဲ့ပက်...
နဂါးတစ်ကောင်ခေါ်ပြီး မီးနဲ့ပါ ဝိုင်းမှုတ်ခိုင်းသလို
ဘေးကနေ အားကြိုးမာန်တက်ကို ဆူးချွန်နဲ့
မ တော့တာ...။
ဆူးချွန်နဲ့ မ ဆို...Chanyeol လက်ထဲမှာ ကိုင်
လာတာတွေက သွားတိုက်ဆေးဗူးတွေ...။
Baekhyun...ခါးကို မာန်ပါပါထောက်လိုက်ရင်း
"အော်အော်...အရေးအကြောင်းဆိုတော့လဲ
အရေးကြီးတာလေးတွေပဲ ယူပြေးလာတာပေါ့
ဟုတ်လား..."
"သူတို့လေးတွေကို ဘေးလွတ်ရာကိုပို့ပီးရင်
ကိုယ်က Baekကို တက်ခေါ်မလို့ပါ..."
Chanyeolစကားကြောင့် Baekhyunစွေ့စွေ့
ခုန်အောင် ဒေါသထွက်သွားရင်း...
"သေသေ အဲ့နားတင်သေ ဂြိုဟ်သားကောင်ရဲ့
မင်းPapa သွားတိုက်ဆေးဗူးတွေကို ဘေးလွတ်
ရာပို့ပီး ငါ့အခေါ်...
ငါလဲ မီးထဲပါသွားလောက်ပြီရယ်...
တော်...မပြောချင်တော့ဘူး..."
ဆိုကာ...တဒုန်းဒုန်းခြေသံပေး လှည့်ထွက်သွား
ရင်း...အခန်းတံခါးကိုလဲ ဒုန်းခနဲမြည်အောင်
ဆောင့်ပိတ်သွားလေရဲ့...။
တဟိဟိနဲ့ရယ်ကာ အူမြူးနေသော Sehunကို
Chanyeol အသံတိတ် ဆဲဆိုနေခိုက်မှာပဲ.....
"မီး...မီးတဲ့လား...
မီးတဲ့ဗျို့!!!!!!!!!!!!!!!!!!!!!!"
ဗိုက်ထဲ..ရင်ထဲ..လည်ပင်းထဲ...ရှိရှိသမျှ အထဲ
တွေထဲ ရောက်နေတယ့် အသံတွေနဲ့...
အဟစ်အော်ကြီးဟစ်အော်ကာ...
အပြင်ကို ပြေးထွက်သွားသောသူတစ်ယောက်။
ဘယ်သူရယ် သေချာမသိလိုက်ရတာမို့
Chanyeol...အူကြောင်ကြောင်နဲ့ နောက်ကို
လှည့်ကြည့်လိုက်ရင်း...
"ဘယ်သူကြီးတုန်း..."
"ဘယ်သူရှိရမှာလဲ...
Fire is not my styleကြီးလေ..."
အပေါ်စီးကနေ မြင်လိုက်ရတဲ့ Luhanက
လက်ပိုက်လျက်သား အနေအထားလေးနဲ့ပဲ
ခပ်အေးအေးပြန်ဖြေလာပါတယ်...။
အော်...မနက်စောစော လမ်းလျှောက်ထွက်
တတ်တဲ့ Krisခမျာလဲ...
တံခါးပေါက်နားရောက်မှ နားစွန်နားဖျားကြား
လိုက်ရတဲ့ အသံတွေကို အဟုတ်ထင်ပီး...
ဘာရယ်ညာရယ်မသိ ပြေးထွက်သွားရလေရဲ့။
သိပ်တော့ မကြောက်ရှာပါဘူး...
ခြေတံရှည်ကြီးနဲ့ အော်ပြေးသွားလိုက်တာ
ဟိုဘက်ရပ်ကွက်တောင် ရောက်သွားလေရော
ဆိုပဲ.......။
*•*•*•*•*•*• 27.11.2016 *•*•*•*•*•*•
မနက်စောစော သာယာလှသော သံစဉ်လေးကို
နားဆင်ရပြီးသကာလ...တုန်ခါနေဆဲဖြစ်သော
နှလုံးသားကို ရေခဲရေမော့သောက်ကာ ငြိမ်
သက်အောင်လုပ်နေဆဲမှာပဲ မဲ့ရှုံ့မဲ့ရှုံ့မျက်နှာ
လေးနဲ့ ခေါင်းအုံးလေးပိုက်ကာ အနားရောက်
လာသော Lay....။
"ဘာဖြစ်တာလဲ...
အိပ်မက်ထဲ သိုးတွေ အမွှေးတွေအကုန်ပြောင်
ကုန်လို့လား.."
ဖြစ်နိုင်ချေရှိ၏ မရှိ၏ အသာထား...၊
မေးချင်ရာမေးလိုက်သောကြောင့်...Layက
မျက်နှာထားတည်သွားပြီး...
"Suho...ဘယ်သိုးမှ ဘာအမွှေးမှ မပြောင်ဘူး"
"အဲ့ဆို ဘာလို့ မျက်နှာကမှိုင်တွေလာတာလဲ..."
"ဆူးစူးနေလို့..."
လက်မလေးကို မျက်နှာရှေ့ထိုးပြကာ...ငိုတော့
မတတ်လေး ပြောလာတာမို့...
Kim Suhoတို့ စိတ်မကောင်းလိုက်ရတာ
မပြောပါနဲ့တော့...။
သည်တော့လဲ ဆူးကြီးကို နုတ်ပစ်ဖို့ Suhoတို့
အဆောတလျင် ပြင်ဆင်ရတော့တာပေါ့...။
ဇာဂနာလေးကို လက်မှာကိုင်...
တစ်ဖက်ကလဲ သူ့လက်မလေးကို ကိုင်လိုက်
တော့...Lay...ခေါင်းအုံးလေးကို ကျစ်ကျစ်ပါ
အောင် ဖက်ရင်း... မျက်နှာလွှဲသွားလေရဲ့...။
ထိုအချိန်မှာပင် Taoက အာလူးကြော်တွေကို
တကျွမ်းကျွမ်းမြည်အောင်ဝါးနေရင်း....
မျက်နှာချင်းဆိုင် ဆိုဖာပေါ်လာထိုင်လေတယ်..။
စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ကို ကြည့်နေရ
သလို...အာလူးကြော်ကို ဝါးရင်း...ဆူးထုတ်ပေး
နေတာကို မျက်တောင်မခတ် စူးစိုက်ကြည့်နေ
လိုက်တာ...
Suho လိပ်ပြာမလုံသလိုတောင် ခံစားလာရ
တယ်...။
"အ!"
Layဆီက ထွက်လာသော ခပ်တိုးတိုးညည်းသံ
ကြောင့်...
"အရမ်းအောင့်နေတာလား...
အခုထုတ်ပေးမယ်...၊နာလာရင် အော်လိုက်လေ
နော်..."
ပြောပြီး ဆူးထုတ်မလို့ လုပ်ကာရှိသေး.....
"အား!!!!"
ပိုက်ဆံမပေးရတိုင်း ဇွတ်အော်လိုက်သောLay.။
"ဘာ...ဘာမှမလုပ်ရသေးဘူးလေ...
ဘာလို့အော်တာလဲ...."
ပြူးကြောင်ကြောင် မျက်ဝန်းအစုံနဲ့ Suho မေးမိ
တော့...Layက ဆတ်ခနဲ မတ်တပ်ထရပ်လိုက်
ရင်း....
"ကြိုတင်အော်ထားတာပေါ့ကွာ....ဘာဖြစ်လဲ
စရံကြိုအော်ထားတယ်ပဲမှတ်ပေါ့....
ငြိုငြင်တာလား....နေနေ...ရတယ်...
ကိုယ့်ကို နှုတ်မယ်...ပေး...."ဆိုကာ လက်ထဲက
ဇာဂနာကို ဆွဲယူပြီး....ဘောက်ဇတ်ဘောက်ဇတ်
နဲ့ ထွက်သွားလေရဲ့....။
"ဟောဗျာ"ဆိုတဲ့ အံ့အားတသင့် အာမေဍိတ်သံ
ကိုတောင် မပြုနိုင်တဲ့အထိ Suhoထိုင်ကျန်နေ
ခဲ့ရပါတယ်...။
Suhoဖြစ်အင်ကြောင့်...အာလူးကြော်ထုပ်ကို
ဘေးချကာ...အူလှိုက်သည်းလှိုက်ကို Tao
ထရယ်တော့တယ်...။
အော်...သူက အဲ့လိုရယ်ချင်လို့ ဒီလိုလာထိုင်
နေတာတဲ့လား....။ချောင်းတွေဆိုး...မျက်ရည်
တွေ ဝဲလာတဲ့အထိ ရယ်နေတဲ့ Taoကို
ထထုမလို့ပြင်ကာရှိသေး....ငိုကြီးချက်မနဲ့
အိမ်ပေါ်ထပ်ကနေ ဆင်းပြေးလာသော Chen..။
Suhoလက်ကို ဆွဲလှုပ်ကိုင်ကာ...
"ကယ်...ကယ်ပါဦး...
Xiuxiuကို ကယ်ပေးပါဦး....."
ဟာ...ဘာများဖြစ်တာပါလိမ့်...။
Chen မျက်ရည်တွေကျပီး စိုးရိမ်တကြီးငိုနေရပုံ
ထောက်....၊Xiumin ဘယ်နေရာထိခိုက်မိတာ
လဲ??? မနက်ကတင် ပေါက်စီတွေကို
Sehunနဲ့ ရန်ဖြစ်ပီး အပြိုင်လုနေလို့....
ဝင်တားခဲ့ရသေးတာ....။
အကောင်းကြီးပါ.....။
"ဘာဖြစ်လို့လဲ Chen...
စိတ်အေးအေးထားပြောလေ...."
အချည်းနှီးပါပဲ...။ရှိုက်ရှိုက်ပီး ငိုနေတဲ့ Chen
မျက်ရည်တွေက စီးကျနေဆဲ...။မေးနေလဲ
အကြောင်းထူးမှာ မဟုတ်မှန်းရိပ်မိလိုက်တာမို့..
ကိုယ့်ဘာသာကိုယ် အပေါ်တက်ကြည့်မှဖြစ်
မယ်လို့ စိတ်ကူးတစ်ချက်နဲ့ Suhoထိုင်ရာမှ
အထ---
အပေါ်ထပ်ကနေ Xiuminခပ်အေးအေး ဆင်း
ချလာပါတယ်...။
"ဟင်???
Hyung ဘာမှမဖြစ်ဘူးလား...
ဒီမှာ သူက Hyungကို ကယ်ပါဦးဆိုပီး
ဝမ်းနည်းပက်လက်ငိုနေလို့...."
Xiumin မျက်နှာကို ရှုံ့မဲ့ပြလာကာ...
"သေချာမေးကြည့်လိုက်ပါဦး..
သူ ငိုရတဲ့ အကြောင်းရင်းလေး....."
ပြောပြီး အိမ်အပြင်ဘက်ကို ထွက်သွားလေ
တော့....အနားမှာ ကျန်နေတဲ့ Chenကိုပဲ
ချော့မော့မေးရတော့တယ်....။
"ငိုစရာမရှိဘူးလေ Chenရယ်...၊
တိတ်လေနော်...ဘာလို့ငိုတာလဲပြောလေ...၊
ဟိုမှာ Xiumin Hyungဖြင့် အိမ်အပြင်တောင်
ထွက်သွားပြီ..."
ထိုသို့ ထိုပုံချော့မော့မေးတော့မှ....
အရှိန်မသေစွာ တစ်ချက်နှစ်ချက် ရှိုက်ရင်း...
"Xiu...Xiuxiuလေ
ခေါင်းထိသွားတာလား....
နေမကောင်းနေတာလားမသိဘူး....
စောနက ကျွန်တော်အခန်းထဲ ဝင်မယ်လုပ်တော့
လေ....စာ...စာတွေကျက်နေတယ်....၊
ကယ်ပါဦးဗျာ....
Hyung တစ်ခုခုဖြစ်နေတာ သေချာတယ်...."
???
နေပါဦး....အခု ငိုတာက ထိခိုက်လို့ငိုတာမဟုတ်
ပဲ...စာကျက်လို့ ငိုတာပေါ့....။
တယ်...မွှေစရာမရှိ....ကဘောက်ကရောက်
ပြော လာမွှေရတယ်လို့...။
စိတ်တိုကာ အော်တော့မလို့သက်ပြင်းချကာ
ရှိသေး....မျက်နှာကြီး ဟီးခနဲဖြီးပြကာ...
Chenတစ်ယောက် အိမ်ပေါ်ထပ်ကို တဒုန်းဒုန်း
နဲ့ ပြန်ပြေးတက်သွားတယ်....။
အံ့လည်း အံ့ဩပါရဲ့...
စာကျက်တာကို တစ်ခုခုဖြစ်တယ်ဆိုပီး
ငိုရလောက်အောင်အထိ ဂျင်ကလည်တွေ
စာတော်တော် ကြိုးစားခဲ့ဖူးပုံပါပဲ....။
အိမ်ပေါ်ထပ် ပြေးတက်သွားတဲ့ Chenကိုပဲ
လိုက်အော်ရမလား...၊မျက်နှာချင်းဆိုင်ကနေ
လက်ညှိုးထိုးကာ အားရပါးရရယ်နေဆဲဖြစ်တဲ့
Taoကိုပဲ ပြေးရိုက်ရတော့မလား_
ဒွိဟတွေနဲ့ တွေဝေနေဆဲမှာ မြည်လာတဲ့ဖုန်းသံ။
အိမ်ဖုန်းကို ဆက်တာဆိုလို့ အမျိုးတွေပဲနေမှာ..။
တော်ပြီ ပစ်ထားမယ် မကိုင်ဘူး..တွေးနေဆဲ...
နောက်ဖေးချောင်ကနေ DO အလောတကြီးပြေး
ထွက်လာကာ....
"မကိုင်လိုက်နဲ့နော်...
ဖုန်းကို မဖြေလိုက်ပါနဲ့နော်...ကျေးဇူးပြုပြီး...."
ထိုင်ရှိခိုးမတတ် တောင်းပန်လာတာမို့_
Taoတို့ကလဲ စကားနားထောင်ရှာပါတယ်...။
Suhoကို လှောင်ရယ်နေတာကို တိခနဲရပ်လိုက်
ပြီး....ဖုန်းကို ချက်ချင်း ထဖြေတယ်....။
"Hello...အမိန့်ရှိပါခဗျာ....."
"ပန်ဒါအစုတ်ပလုတ်...မျက်ကွင်းအညိုက မေးစေ့ကနေကျပီး Namsamတာဝါပေါ်အထိ
အရှည်ကြီးကို တက်ညိုမှာ...
##%€¥}¢{\{##««»****"
ဗလုံးဗထွေးနဲ့ Taoကို ရန်လုပ်ရင်း DOပင်ဂွင်း
ခုန်ပေါက်နေပေမယ့်....
Taoကတော့ ဖုန်းဆက်လာသူနဲ့ အသေအချာ
ကို ပြောပြီး ဖုန်းတောင်ချပီးသွားပါပီ...။
"ကျွန်တော်တို့စစ်ဆေးရေးဂိတ်ဝင်ရအောင်
Hyung..."
မိမိကို ကြည့်ရင်း ပြောလာတာမို့...
Suho နားမလည်စွာနဲ့.....
"ဘာကို စစ်ဆေးရေးဂိတ်ဝင်မှာ...???"
"မြို့နယ် ရဲစခန်းက ဖုန်းဆက်တာ....
Sehun နဲ့ Luhanကို အာမခံနဲ့ လာရွေးပါတဲ့..."
"ဘာ!!!"
ကြားလိုက်ရတဲ့ သတင်းက တကယ့်ကို ဒိတ်ဒိတ်ကြဲ...။ဘယ်လိုတွေများ လုပ်လိုက်လို့
မြို့နယ်ရဲစခန်းအထိတောင် ရောက်သွားရတာ
တဲ့လဲ...။Suhoက အံ့ဩနေပေမယ့်...
DOကတော့ သက်ပြင်းလေးချကာ...
တော်ပါသေးရဲ့ပြောလာတာမို့...
"ဒါနဲ့ မင်းက ဘာလို့ဖုန်းမဖြေခိုင်းရတာလဲ?"
"ငါ အရင်တစ်ပတ်က ဟင်းတွေလက်တည့်စမ်း
ချက်ပြီး အိမ်ကို ပို့လိုက်မိတာ...၊
အဲ့တာ အခု ဖုန်းဆက်တော့...
အိမ်က တစ်ယောက်ယောက် တစ်ခုခုဖြစ်တယ်
မှတ်နေလို့...ဟီး...."
မျက်စိတွေကို ပိတ်သွားမတတ် ပြုံးရင်းပြောလာ
တဲ့ DOကို ကြည့်ရင်း...
Suhoပါ လိုက်ပြုံးမိတယ်...။
DOအိမ်က လူတွေ တစ်ခုခုဖြစ်မှာတော့
စိုးရိမ်စရာ မရှိပါဘူး....။
သေချာပေါက်မစားဘဲ လွှင့်ပစ်ကြမယ်ဆိုတာ
ကိုတော့...နတ်ဗေဒင်သွားမေးစရာကို မလိုဘဲ..
Suho အသေအချာပြောရဲပါတယ်....။
"ကဲကဲ...အာမခံနဲ့ သွားရွေးရအောင်....
လိုက်မယ့်လူတွေစုလိုက်တော့..."
တားရော့ကတ်မေးနေတာကမှ အချိန်ကုန်ပီး
လွဲချင်လွဲနေဦးမယ်...၊
လိုက်မယ့်သူတွေတဲ့....
အင်း...သေချာပေါက် 10ယောက်စလုံးပေါ့...။
*•*•*•*•*•*• 27.11.2016 *•*•*•*•*•*•
"ဘယ်သူက အာမခံပေးမှာ???"
မိမိရှေ့မှာ ရပ်နေတဲ့ 10ယောက်ကို တစ်ချက်
ရှိုးလိုက်ရင်း...နာမည်ဘယ်သူမှန်းမသိသော
ရဲသားကြီးက မေးလာတယ်...။
"ကျွန်တော်ပါ..."
အသံခပ်ထည်ထည်နဲ့ ကောင်လေးတစ်ယောက်
က ရှေ့တိုးလာကာ ဖြေလာတော့...
"ကောင်လေး...အာမခံတယ်ဆိုတာ
အုပ်ထိန်းသူက အာမခံပေးရတာ...၊
အချင်းချင်း အာမခံပေးလို့ မရဘူး..."
"ကျွန်တော်က သူတို့အုပ်ထိန်းသူပါ...၊
အုပ်အုပ်ပြီးထိန်းနေတာတောင် ခွေးဆိုးလေး
တွေ ဘယ်အချိန်က ပြေးထွက်သွားကြတယ်
မသိ...."
စားပွဲထောင့်နားမှာ မျက်နှာလေးတွေငယ်စွာ
ရပ်နေတဲ့ Luhan နဲ့ Sehunကို မာန်မဲပြော
လိုက်တော့...
"Krisကလဲ" ဆိုတဲ့ ခပ်ဖျော့ဖျော့အသံလေးတွေ
ထွက်လာတယ်...။
အဲ့အတိုင်းပဲ...အပြစ်တစ်ခုခုလုပ်လိုက်ပြီးတာနဲ့
ဒီအပြစ်က သူတို့လုပ်ထားတာပါလို့
ကျိန်တွယ်ပြောရတော့မလို.ရိုးသားဖြူစင်လှတဲ့
မျက်နှာလေးတွေကို ပိုင်ဆိုင်ထားကြတဲ့
နှစ်ယောက်...။
အခုလည်း ဘာပြစ်မှု ကျူးလွန်ထားပြီး ဒီအထိ
ရောက်နေကြတယ်မသိ....။
"ရဲမင်းဦးဦး...ကျွန်တော့်သူငယ်ချင်းတွေက
ဘာအပြစ်လုပ်ထားလို့လဲဟင်???"
ရဲမင်းဦးဦးတဲ့....သုံးလိုက်တဲ့ နာမ်စားကြောင့်
ရဲသား မျက်ခုံးပင့်မိသွားပေမယ့်...
မေးလာတဲ့ Xiuminမေးခွန်းကိုတော့
ပြန်ဖြေပေးလာပါတယ်...။
"မီးပွိုင့်ရဲ့ ဟိုဘက်ဒီဘက် လမ်းတစ်ဖက်စီမှာ
မျက်နှာချင်းဆိုင် ရပ်နေပြီးတော့...
တစ်ယောက်နာမည် တစ်ယောက် အော်ခေါ်---
လူဖြတ်တဲ့အချိန်ရောက်ရင် ဘယ်ဘက်က
တစ်ယောက်က ညာဘက်ပြေး...
ညာဘက်ကတစ်ယောက်က ဘယ်ဘက်ပြန်
ပြေး....
ပြီးရင် အရင်ကလိုပဲ တစ်ယောက်နာမည်
တစ်ယောက်ပြန်ခေါ်နဲ့.....
တစ်နာရီလောက် 2ယောက်စလုံးအဲ့လိုလုပ်နေ
ကြလို့ အဲ့နားက လူတွေက ရဲစခန်းကို
ဖုန်းဆက်ခေါ်လိုက်တာပဲ...."
ဆန်းကြယ်တာနှယ်...၊
ဆော့စရာရှားလို့ ပေါက်တက်ကရလျှောက်ဆော့
အခုတော့ ရဲစခန်းရောက်ရပီ...။
ရောက်ရတဲ့ ပြစ်မှုကလဲ လူကြားလို့မှမကောင်း။
ရဲသားကြီး ရှင်းပြစကားအဆုံးမှာ...Sehunက
စားပွဲခုံကို လက်ညှိုးလေးနဲ့ ခေါက်လိုက်ရင်း...
"သားတို့က Dramaကားတွေထဲကလို
ရိုမန့် ဆန်ကြည့်တာပါဗျာ..."
ဆိုလာသော စကားကြောင့်...
Chanyeol မျက်ခုံးပင့်သွားပီး...
"အမယ်...ရိုမန့်တဲ့ ကြီးကြီးကျယ်ကျယ်က ပြောပြန်ပြီ....၊
အစစာလုံးဘာလဲဆိုတာတောင် သိလို့လား..."
ကော်လံစကို ပင့်ထောင်ဟန်ပြုကာ...
Oh Se မာန်အပြည့်နဲ့ ပြန်ဖြေလာပါတယ်....။
"ဘာလို့မသိရမှာလဲ...
ရိုမန့်ဆိုမှတော့ Y နဲ့ စတာပေါ့...."
Sehun အဖြေကြောင့်...Kaiတစ်ယောက်
လက်ခုပ်လက်ဝါးတီးကာ ထရယ်လာပါတယ်။
Sehunဘေးကိုလဲ ရောက်ချသွားပီး...
Sehun လက်မောင်းကိုလဲ ရိုက်ရိုက်ရယ်ကာ---
"Yah yah~~~
မင်း ဘာလို့အဲ့လောက်ရယ်ရတာလဲ...
ရိုမန့်က Yနဲ့ စတာတဲ့လား...Haha...
မင်းတို့လို လူတွေအတွက် အင်္ဂလိပ်စာက
ဥာဏ်စမ်းထားတာ...
မသေမခြင်းမှတ်ထား...ရိုမန့်ဆိုတာ Eနဲ့
စတာကွ...
Euro လိုလေ...Eနဲ့... ဟရိုမန့်~သိလား~
ပေါက်လား..."
ဆရာကြီးလို အမှားကိုထောက်ပြလာတဲ့
Kai ပုံစံကို ကြည့်ရင်း...
ရဲသား ကြောင်တောင်တောင်လေး ပြန်ကြည့်
လာတယ်...။
နောက်ပြောင်ပြောနေတာလား...
အတည်ပြောနေတာလားဆိုတာတောင်
ယုန်ထင်ကြောင်ထင် ထင်လာမိတဲ့အထိ...။
"မင်းတို့ အိမ်ပြန်ရောက်မှ ရိုမန့် ဘာနဲ့ စတယ်
ဆိုတာ ဆွေးနွေးကြတော့ကွာ...နော်....
အခုတော့ အာမ ခံပေးမယ့်သူကို ခေါ်လိုက်ကြ
ပါဦး....."
"အာမ ခံပေးမှာ ကျွန်တော်ပါဆို..."
စိတ်မရှည်တဲ့ဟန်နဲ့ သူ့ရင်ဘတ်သူ ပုတ်ပြပြော
လာတဲ့ Krisကြောင့်...ရဲသား သက်ပြင်းကို
ချလိုက်ရင်း...
"မင်း မရပါဘူးဆို...
ကဲ...နေပါဦး...မင်းအသက်ဘယ်လောက်လဲ
ပြော...."
Kris လက်ကိုပိုက်...ခေါင်းကို ယမ်းခါလိုက်ရင်း
တစ်လုံးခြင်း ပြန်ဖြေလာပါတယ်...။
"အဲ့တာကတော့ Se-cr-et"
"ဘာ!"
"လျှို့-ဝှက်-ချက်လို့ပြောတာ...၊
မသိဘူးလား secretကိုတောင်...
အာ---ဆိုင်တွေမှာ ရောင်းတဲ့ စီးကရက်ထင်တာ
လား... ၊အဲ့တာ မဟုတ်ပါဘူးဗျာ...
ဒါက ပြောလို့မရတဲ့ ကိစ္စကို ဆိုလိုတာပါ...."
ရဲသား ခေါင်းကို တဗျင်းဗျင်းကုတ်တယ်...။
မီးပွိုင့်က 2ယောက်ကို ခေါ်လိုက်မိကာမှ
ဘယ်က 10ယောက်စလုံး လိုက်လာကြတယ်
မသိ...။အခုတော့.......။
"ဟုတ်ပါပီ...မင်းပြောတဲ့ဟာပဲထားပါတော့...၊
ဘာလို့ မပြောပြချင်ရတာလဲ...."
"ဟာဗျာ...လျှို့ဝှက်ချက်ပါဆိုတာကို
အလွယ်တကူ ပြောချင်မလားဗျ...."
DOက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဝင်ဟန့်လာ
တော့...ကျန်တဲ့သူတွေကပါ...
ဟုတ်တာပေါ့-မှန်တာပေါ့တွေ ဖြစ်ကုန်ရော...။
ရဲသား...သူ့မျက်နှာသူ လက်နဲ့အုပ်ကာလိုက်
ရင်း....
"အာမ ခံပေးတယ်ဆိုတာ...ရဲစခန်းက လက်ခံ
ပေးနိုင်လောက်တဲ့ သတ်မှတ်ချက်တွေပြည့်စုံမှ၊
အခုက မင်းတို့က ရွယ်တူတွေကို...
ပြီးတော့ ကျောင်းတောင်မပြီးကြသေးဘူးမလား၊
ကဲ...အာမ ခံပေးမယ်ဆိုတဲ့ တစ်ယောက်
မှတ်ပုံတင်ပြ...."
လက်ဖြန့်ကာ တောင်းလိုက်တော့...
ရှေးနည်းအတိုင်း Krisခေါင်းခါယမ်းလာကာ...
"အဲ့တာကလဲ Secret..."
"Omma ah------
ကျွန်တော် သေသာသေလိုက်ချင်တော့တယ်။
ဘယ်လိုကလေးတွေ ရောက်လာကြတယ်
မသိတော့ပါဘူး...."
ရဲသားလူကြီး ထိုင်ခုံကို စိတ်ပျက်လက်ပျက်
ကျောမှီချထိုင်လိုက်ကာ...
ငိုသံပါကြီးနဲ့ အော်ဟစ်ညည်းလိုက်တော့...
Baekhyunက နှုတ်ခမ်းကို မဲ့လိုက်ရင်း...
"ကြားမကြားဖူးပေါင်ဗျာ...
လူတိုင်းမှာ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်တွေတော့
ရှိမှာပဲကို....၊အဲ့တာကို မပြောပြရတာနဲ့
ဘယ်လိုကလေးတွေ ဖြစ်သွားမှန်းတောင်
မသိတော့ဘူးလား....၊
ကိုယ့်လျှို့ဝှက်ချက်ကို ပြောပြတာ ဘယ်သူတွေ
မှ ပြောတာလဲ...."
"သေချာပေါက် ငတုံးတွေပဲ ပြောပြကြမှာပေါ့..."
Baekhyunစကားကို Chenက စကားထောက်
လေးနဲ့ အဆုံးသတ်ထောက်ခံပေးလိုက်တော့...
ကျန်တဲ့သူတွေဆီကလဲ...
"ဟုတ်တာပေါ့..ငါတို့က ငတုံးတွေမှမဟုတ်တာ
မပြောပြနိုင်ပါဘူး..."
"ဟေး Kai...Kai...
မင်းနာမည် Kaiဆိုတာကို မပြောမိစေနဲ့ဦးနော်
လျှို့ဝှက်ထား..သိလား...."
"ဟာ...Hyungပြောမှ ကျွန်တော့်နာမည် Kai
ဆိုတာသိသွားတော့မယ်...၊
တော်သေးတာပေါ့...Kim Jong Inဆိုတာ
ရှိသေးတယ်ဆိုတာ မသိသေးလို့....၊
အဲ့တာ လျှို့ဝှက်ထားရမယ်"ဆိုတာတွေရော...၊
"ဇွတ်မေးလာရင်တော့...
အတင်းအဓမ္မ ပါးစပ်သုံးမှု...
လေကို ပါးစပ်လွတ်စပယ်အသုံးချမှု...
အသဲငယ်စေမှု...
အဲ့လို ပုဒ်မတွေနဲ့ ရဲသားဦးဦးကြီးကို တရားစွဲ
ပစ်ရမယ်...."
မရှိတဲ့ ပုဒ်မတွေနဲ့ပါ ခြိမ်းခြောက်စကားပြောလာ
တာမို့ ရဲသား ထိုင်နေရာကနေထ---
သတိအနေအထားနဲ့ အလေးပြုရပ်ကာ---
"ဟုတ်ပါပြီ ခဗျ...အတင်းအကြပ်မမေးတော့ပါ
ဘူးခဗျ...၊
12ယောက်စလုံး ရဲစခန်းကနေ ထွက်သွားလို့
ရပါပြီခဗျ..."
မတတ်နိုင်တော့..အထက်က ဆူရင်လဲဆူပါစေ
တော့...၊
ပတ်ဝန်းကျင်ကို ထိခိုက်နာကျင်စေတာမရှိလို့
ဒီအတိုင်းပြန်လွှတ်ပေးတာမို့...
ဆူခံရလဲ နည်းနည်းပေါ့....။
ဆူလို့တော့ ရူးသွားမယ်မထင်...သူတို့စကား
တွေနဲ့တင် လူက ရူးချင်နေပီရယ်...။
"အာမ ခံပေးဖို့ကရော..."
"ရပါတယ်...ကျွန်တော်ပဲ အာမခံပေးလိုက်ပါ့
မယ်....။
2ယောက်ကို ခေါ်ပြီး ထွက်သွားကြပါတော့နော်"
ခါးညွတ်မတတ် တောင်းပန်တော့မှ...
မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ ထွက်သွားဖို့ပြင်တယ်...။
ဒါတောင်....မီးပွိုင့်ကိစ္စတရားခံ 2ယောက်ထဲက
1ယောက်ဖြစ်တဲ့ Luhanက...
အခုမှ စားပွဲခုံကြီးကို သံယောဇဉ်ဖြစ်သွားတာ
လိုလို...စားပွဲခုံပေါ်က ဖိုင်တွေကိုပဲ ချစ်ခင်သွား
တာလိုလို...နေရာကနေ မခွာချင်ဖြစ်နေတာမို့...
"ဟိုလေ...ဘာများ အလိုရှိလို့ပါလဲ...."
မေးလိုက်တော့မှ မျက်နှာလေးညှိုးကျသွားကာ.
"တီဗွီတွေထဲမှာ ကြည့်ဖူးတာလေ...
ထောင်ကထွက်ရင် ပဲပြားစားကြရတာလေ...
အခုက ကျွန်တော်တို့ကို ဘယ်သူကမှ ပဲပြားနဲ့
စောင့်နေမှာမဟုတ်တော့...ထွက်ရမှာ
ဝန်လေး......"
"အဲ့တာ ထောင်...ဒါက ရဲစခန်း
မတူဘူးလေ...."
"Police Arjushiကြီးက မသိပဲနဲ့...
ရဲစခန်းနေနေ...ထောင်နေနေ...
ပြစ်မှုတစ်ခုကြောင့် ရောက်လာရတာပဲလေ..."
ချက်ကျလက်ကျ လက်ဟန်ခြေဟန်နဲ့ပါ
Luhanရှင်းပြလာတော့...
ရဲသား အလျင်အမြန်စဉ်းစားရကာ
သူ့စားပွဲအံဆွဲတွေထဲကို အသည်းအသန်ရှာရ
တော့တယ်...။ဗူးလေးတစ်ဗူးကိုတွေ့တော့..
ရတနာသေတ္တာကို ရှာတွေ့တဲ့သူတစ်ယောက်
လို...ရဲသား အကြီးအကျယ်ဝမ်းသာသွားပြီး...
"ရော့ ပဲနို့ဗူးလေးတော့ရှိတယ်...
ဒါလေးကိုပဲ ပဲပြားအနေနဲ့ သောက်လိုက်နော်
ထွက်ကုန်ခြင်း အတူတူပဲဆိုတော့လေ..."
မျက်နှာလုပ်စွာ နို့ဗူးလေးကို ကမ်းပေးလိုက်
တော့...Luhanက မယူချင်ယူချင်နဲ့ လှမ်းယူ
လိုက်ကာ---
"ဦးရဲ ငိုနေမှာစိုးလို့ ယူတာနော်...
ကျွန်တော်က စိတ်ပါတာမဟုတ်ဘူး..."
"ဟုတ်ပါတယ်ခဗျာ...
ကျေးဇူးကြီးမားလှပါတယ်...
အိမ်ကို ကောင်းကောင်းပြန်ရောက်ပါစေနော်.."
အဖြစ်အပျက်ကို မြင်နေကြရတဲ့ ရဲစခန်းထဲက
တခြားသူတွေဆို ဂျင်ကလည်တွေ သူတို့ဘက်
ကို အကြည့်ရောက်လာမှာကို...
လေဆင်နှာမောင်းထဲ ရောက်သွားရမှာထက်
ပိုစိုးရိမ်နေကြတဲ့ ပုံစံတွေနဲ့....။
တစ်ယောက်ဆို ဖောင်တိန်ကြီးကို ပါးစပ်ထဲ
ထည့်....တုတ်ထိုးချိုချဉ်ကြီးနဲ့ စာတွေရေးနေ
တာ....။
ဒါတောင် Luhanပါးစပ်ထဲက ပဲနို့ဗူးကို
Sehunဆိုတဲ့ ကောင်လေးက အတင်းလုနေလို့
2ယောက်သား ဆွဲလားလုလားနဲ့...
နံရံမှာ ချိတ်ထားတဲ့ သတိပေးဘုတ်ကြီးကို
တိုက်မိပီး...ဝုန်းဆို ပြုတ်ချသွားသေးတာ....။
တစ်ခါမှ သတိပေးဘုတ်ပေါ်က စာတွေကို ယောင်လို့တောင်မဖတ်ဖူးတဲ့
ရဲသားတစ်ယောက်က...
အခုမှ ဂျင်ကလည်တွေ သူ့ဆီကို အာရုံရောက်
လာမှာစိုးပီး....သတိပေးစာတွေကို ဖင်ပြန်
ခေါင်းပြန်ကို ဖတ်နေတာ....။
သတိပေးဘုတ်ကြီးလဲ ဝုန်းဆိုကျသွားပီး...
12ယောက်သား ဘုတ်ကြီးကို ကောက်ဖို့လဲ
ပြေးလာတာမြင်ရော....
ဖျားချင်သလိုလိုဖြစ်သွားပီး မေ့လဲမလိုဖြစ်သွား
လို့...
ဟို12ယောက်ကို ရပါတယ် မကောက်ပေးပါနဲ့
ပြောကာ အတင်းပြန်ခိုင်းလိုက်ရတော့တယ်...။
သူတို့12ယောက်စလုံး စခန်းထဲက ထွက်သွား
ကြတော့မှ...ချိန်ကိုက်ဗုံးတစ်လုံးကို အောင်မြင်စွာ ဖြေရှင်းဖျက်ဆီးနိုင်သလိုမျိုး...
အကုန်လုံး သက်ပြင်းသက်လျော့သက်မလျော့
တလျော့တွေ ချကုန်ကြတော့တယ်...။
ဂျင်ကလည်Twelve ဆိုတာ အဲ့လိုကောင်လေးတွေပါဆို...........။
*•*•*•*•*•*• 27.11.2016 *•*•*•*•*•*•
Happy Birthdayပါ Yeollie...
ဒီနေ့ကစပီး ရက်တိုင်းရက်တိုင်းမှာ အမြဲပျော်
နေပါစေနော်...
ဒီထက်လဲ အောင်မြင်မှုတွေရပါစေ..
ချစ်ရသူနဲ့လဲ ပေါင်းနိုင်ပါစေနော်....
ဆုတောင်းတွေကို မသိနိုင်မှန်းသိပေမယ့်...
Lလေးတွေက အမြဲချစ်ခင်မှုတွေနဲ့ဆိုတာကို
တော့......။
Feedbackလေးတွေနဲ့
Yeollieရဲ့ Birthday Ficလေးကို
အတူတူပေါင်းအသက်သွင်းပေးပါနော်...။
ခဗျားလေးတို့ကို ပြုံးလိုက်မိစေရင်ကို
ကျွန်တော်ကျိ ပျော်တယ်ဗျာ....၊
ခဗျားလေးတို့ ပြုံးမိသလို...
Park Chanကြီးလဲ ပျော်ပါစေဗျာ.........။
အားလုံး အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်...။
---Happy Virus's Day---
27-11-2016 (Sun)