"ဒေါင်..ဒေါင်..ဒေါင်...ဒင်..ဒင်..ဒင်..."
မနက်စောစောမှာ ထွက်ပေါ်လာတာက ကြား
လိုက်ရသူတိုင်း...သွားအခွေလိုက် ကျွတ်သွား
ရမလို ခံစားလိုက်ရတဲ့...သာယာနာပျော်ဖွယ်
သံစုံကီးကြောင် pianoအသံလေး...။
ထိုအသံကြောင့်...အပေါ်ထပ်အခန်းထဲကနေ
ကမူးရှူးထိုးပြေးဆင်းလာသူက...
ဒူးခေါင်းအထက် ဘောင်းဘီအပွကြီးနဲ့
Park Chanyeol...။အောက်ထပ်အရောက်...
သူတို့အခေါ်တော့ ဧည့်ခန်း...
မြင်လိုက်ရတဲ့သူတွေအတွက်ကတော့
စစ်ဘေးရှောင်စခန်း...ထိုသို့ရှင်းလင်းလှသော
အခန်းလေးထဲမှာ အထက်ပါ ကြည်နူးစရာ
ရင်သိမ့်တုန်တီးလုံးလေးကို ခပ်အေးအေးတီးခတ်နေသောKaiကို တွေ့
လိုက်ရတယ်...။
တစ်ကယ်ကို စင်မြင့်ထက်ဆီမှာ ဖျော်ဖြေနေ
သလိုမျိုး...တီးလုံးကို ကြွကြွရွရွလေး အဆုံးသတ်သွားပြီး...မျက်တောင် ခပ်ဝံ့ဝံ့ပင့်ကာ
Chanyeolကို လှည့်ကြည့်လာတယ်...။"စိတ်မကောင်းပေမယ့် တောင်းပန်ပါတယ်...
နားဆင်ချင်လို့ အပြေးဆင်းလာတာသိပေမယ့်
သီချင်းက အခုလေးတင်ပြီးသွားပြီရယ်..."ထိုအခါမှ Chanyeolက သက်ပြင်းမောချ...
ရင်ဘတ်ကို လက်ကလေးနဲ့ဖိထားရင်း..."ဟူး...စောနက တီးလုံးက မင်းတီးတာလား
Kaiရယ်...၊
ငါက မီးလောင်လို့ ရရာအချက်ပေးခေါက်ကြ
တယ်မှတ်နေတာ...၊
အဲ့တာမို့ ဘေးလွတ်ရာပြေးဖို့ဆင်းလာတာ...
အခုမှပဲ လန့်တာပြေတော့တယ်....."ထိုသို့ Chanyeolရင်ထဲမှ အပူလုံးကြီး ပြေလျော့
နေခိုက်မှာပဲ...အပေါ်ထပ် လှေကားထိပ်စီကို
စုပြုံရောက်လာကြတယ့်...
Baekhyun...Sehun...Luhan နဲ့ Suho...။"ဘယ်နား မီးလောင်တာတဲ့လဲ Chanyeol..."
စိုးရိမ်တကြီးမေးလာတဲ့ Suhoကို လက်ကာပြ
လိုက်ရင်း..."မီးလောင်တာမဟုတ်ဘူးရယ်...
Kai...pianoတီးနေတာတဲ့..."ထိုအခါကျမှ 'အော်' 'အဲ' 'အင်း' ဆိုသော
အာမေဍိတ်လေးတွေ ကိုယ်စီပြုရင်း ငြိမ်သက်
သွားကြတော့တယ်...။ဒါပေမယ့်...
Baekhyunမှာ တစ်စုံတစ်ရာကို သတိရသွား
သလိုမျိုးနဲ့..."ဒါနဲ့ Yeol...
မီးလောင်တယ်ဆိုပီး မင်းဆင်းပြေးတာတောင်
ဘာလို့ ငါ့ကိုခေါ်မသွားတာလဲ...???"