Fall In Love With Maknae

By SeluDeerMoe

24.3K 2.4K 139

Only Hunhan yaoi short fic Supporting members - Kris , Suho , Xiumin , Lay , Kai , Chanyeol Comedy & romance More

Fall In Love With Maknae
Fall In Love With Maknae (2)
Fall In Love With Maknae (4)
Fall In Love With Maknae (5)
Fall In Love With Maknae (6)

Fall In Love With Maknae (3)

3.1K 388 31
By SeluDeerMoe

အိမ်ရှေ့မှာ ကားရပ်လိုက်တာနဲ့ တုန်လှုပ်နေတဲ့ စိတ်တွေ တစ်ဝက်လောက်သက်သာသွားသလို ခံစားလိုက်ရတယ်။ အိမ်ရှေ့မှာ အနွေးထည်လေးနဲ့ မတ်တပ်ရပ်စောင့်နေတဲ့ ချစ်သူမျက်နှာလေး မြင်လိုက်ရတာကြောင့်လေ။ ကားထဲကထွက်လာတဲ့သူ့ဆီ ပြေးလာတာမို့ ရင်ခွင်ထဲထည့်ထားလိုက်ပြီး

'' Lu ကလဲကွာ ဘာလို့ အပြင်မှာ ထွက်စောင့်နေရတာလဲ ဒီလောက် အေးနေတာကို ''

'' Hun မျက်နှာလေး မြန်မြန် မြင်ချင်လို့ပေါ့ ''

ရပါပြီ ဒီလောက်ဆို လောကကြီးမှာ ရှိရှိသမျှ အရာအားလုံးနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ Sehun အသည်းယားစွာ စကားတတ်လွန်းတဲ့ Luhan ရဲ့ နှာခေါင်းထိပ်လေးကို မနာအောင် ဖြစ်ညှစ်လိုက်တယ်။ အဲ့​နောက်​မှာ​တော့ Sehun ကားထဲက လက်ဆောင်ပစ္စည်းတွေထုတ်ကာ Lu ဦးဆောင်ခေါ်တဲ့ အိမ်ထဲကို ဝင်လာခဲ့တယ်။

ဧည့်ခန်းထဲဝင်လာတော့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ Sehun သိတဲ့ Kai နဲ့ အခြားတစ်ယောက်ကို တွေ့လိုက်ရတယ်။ Sehun ကိုတွေ့တော့ Kai က အံ့သြသွားပြီးမှ ရီပြကာ

'' Xiao Lu က ဧည့်သည်လာမယ် ဆိုလို့ ဘယ်သူများလဲလို့ Sehun ဖြစ်နေတာကိုး ၂ယောက်က ဘယ်လိုလုပ် အဲ့လောက်ရင်းနှီးသွားကြတာလဲ လာ Sehun လာ ''

Lu နဲ့ သူတိုင်ပင်ထားသလို သူလာမှ အားလုံးကို ပြောပြဖို့လုပ်ထားတာလေ တစ်ယောက်တည်းရင်ဆိုင်ရမှာထက် ၂ယောက်အတူရင်ဆိုင်ရတာ အားဖြစ်စေတယ် မဟုတ်လား။ အဲ့ဒါမို့ ခုထိကတော့ အဆင်ပြေပြေနဲ့ပဲ ဖြစ်နေကာ Sehun တို့ ၂ယောက်လဲ Kai တို့နဲ့ မျက်နှာချင်းဆိုင်က ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်။ Luhan လဲ ဟိုကြည့်ဒီကြည့်လုပ်နေပြီးမှ

'' Hyung တို့ ၂ယောက်ထဲလား ''

'' အစ်ကိုကြီးက အပေါ်ထပ်က မဆင်းလာသေးဘူး။ ကျန်တဲ့သူတွေက မီးဖိုချောင်မှာ Sehun အတွက် တစ်ခုခု ပြင်ဆင်နေတယ် ''

Kai ဘေးနားမှာထိုင်နေတဲ့သူက ပြောလိုက်တော့ Luhan လဲ သတိရကာ

'' Hun ya Kai Hyung ကတော့ မိတ်ဆက်စရာမလိုတော့ဘူးပေါ့နော် Kai Hyung က Lu ရဲ့ အစ်ကိုအငယ်ဆုံး ဒီဘက်မှာထိုင်နေတာ Lu ရဲ့ ဒုတိယ​မြောက်​ အစ်ကို Suho Hyung တဲ့ ဆရာဝန် လေ Suho Hyung ဒါက Sehun တဲ့ ''

Luhan ရဲ့ အခေါ်အဝေါ်တွေကြောင့် ၂ယောက်လုံး အံ့သြသလိုအမူအရာ ဖြစ်သွားပေမယ့်

'' Annyeon ကျွန်တော်က Sehun ပါ တွေ့ရတာဝမ်းသာပါတယ် ''

'' Hyung က Suho ပါ ''

Sehun က လက်ကမ်းနှုတ်ဆက်လိုက်တော့ Suho ကလဲ ပြန်လက်ဆွဲနှုတ်ဆက်လာတယ်။ သန့်ပြန့်ကာ ချောမောတဲ့ ရုပ်အသွင်ကို ပိုင်ဆိုင်ထားပြီး ဖြူဖွေးနေတဲ့ အသားအရည်က ထင်းနေပြန်တာမို့ ယုန်​နဲ့တူတာ​တော့အမှန်​။ sexy ပုံစံ Kai နဲ့ အတူ ယှဉ်ထိုင်နေတာမို့ လုံးဝကွဲလွဲတဲ့ ညီအစ်ကိုတွေလို့ ကောက်ချက်ချမိပြန်တယ်။ ၂ယောက်သား လက်ဆွဲနှုတ်ဆက်ပြီးချိန်မှာ နောက်ဖက် မီးဖိုချောင်ကနေ ကော်ဖီခွက်တွေနဲ့ မုန့်တွေ ယူကာ ထွက်လာတဲ့ လူတစ်​ယောက် ကိုတွေ့လိုက်ရတယ်။ တစ်ယောက်က အဝေးကနေ လှမ်းကြည့်ရင်တောင် ထင်ရှားနေတာက ပါးဖောင်းဖောင်းလေးတွေပါ။ ဒီကြားထဲ ပါးစပ်ထဲ တစ်ခုခု ဝါးစားနေတာမို့ ပိုလို့ ဖောင်းကာနေပြန်တယ်။ ဒီတစ်ယောက်ကတော့ Luhan နဲ့ တူတယ်ပြောရမယ် မျက်နှာက ကလေးမျက်နှာနဲ့မို့ Luhan အစ်ကို အနေနဲ့ မဟုတ်ပဲ လမ်းမှာတွေ့ရင် ကျွန်တော့်ထက် ငယ်မယ်တောင် ထင်မိမှာပင်။ ထိုလူ့ရဲ့ နောက်ကနေ နောက်တစ်ယောက်ပါလာတာလည်း မြင်နေရတယ်လေ

'' Hun ဒါက Lu ရဲ့ အစ်ကိုလတ် Xiumin Hyung တဲ့ ကော်ဖီဆိုင် တစ်ခုကို ဦးစီးဖွင့်ထားတယ် Umin Hyung ဒါက Sehun တဲ့ ''

'' တွေ့ရတာဝမ်းသာပါတယ် Sehun ရာ Xiao Lu က သူငယ်ချင်းတွေတောင် အိမ်ခေါ်ဖူးတာ မဟုတ်ဘူး ကြည့်ရတာ မင်းနဲ့ တော်တော်ရင်းနှီးပုံပဲ ''

သယ်လာတဲ့ ဗန်းကို နေရာချရင်း ပြောနေတုန်း နောက်က ပါလာတဲ့ သူကလဲ

'' အဲ့လောက်ရင်းနှီးနေရင်တော့ Xiao Lu မင်းအပေါ် တစ်ခုခုတော့ ပြဿနာရှာဖူးမယ် မဟုတ်လား သူက အမြဲ ပြဿနာစိန်လေ။ Xiao Lu ဆိုတာ ခင်ပြီဟေ့ဆိုရင် ပြဿနာလေးနဲ့မှ အစပျိုးတတ်တာ ''

'' Hyung နော် မသိရင် ကျွန်တော်က လူဆိုးကြီးကျနေတာပဲ။ Hun ဒါကတော့ Lay Hyung တဲ့ Lu ရဲ့ အစ်ကိုဝမ်းကွဲ တက္ကသိုလ်က psychology tutor တစ်ယောက်ပေါ့ ''

Sehun လဲ သူ့ကို ပါးချိုင့်လေးတွေ ပေါ်တဲ့အထိ ပြုံးပြနေတဲ့ Lay ကို ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်တယ်။

'' ဧည့်သည်တောင်ရောက်နေပြီလား sorry ပဲ Hyung နောက်ကျသွားတယ် ''

ထွက်ပေါ်လာတဲ့ အသံခပ်သြသြ ပိုင်ရှင်ကို လှည့်ကြည့်မိတော့ အပေါ်ထပ်ကနေ ဆင်းလာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ မြင်မြင်ချင်း Sehun ကြောင်တောင်တောင်ဖြစ်ချင်သွားတာက ထိုလူဝတ်ထားတဲ့ တိုက်ကွမ်ဒိုအကျီ အဖြူဝမ်းဆက်ကြောင့်ပါ။ ထူထဲနေတဲ့ မျက်ခုံး ဖြောင်းစင်းတဲ့နှာတံ ထူထဲတဲ့ နှုတ်ခမ်းတွေ အပြင် ရှည်လျားလှတဲ့အရပ်နဲ့ သူ့ပုံစံက ကြောင်တောင်ကျားတား တိုက်ကွမ်ဒိုဝတ်စုံ ဝတ်ထားပေမယ့် ကြည့်ကောင်းနေပြန်တယ်။ သူ့ကို မြင်တာနဲ့ Lu က နှုတ်ခမ်းစူကာ

'' ဟာဗျာ Kris Hyung ဟာလေ ဒီနေ့ အဲ့လိုဝတ်ပြီးဆင်းမလာပါနဲ့ဆို ပြောမရဘူး ''

'' ဟ Xiao Lu ရ Hyung က ပြီးရင် သင်တန်းကျောင်းသွားရဦးမှာလေ တစ်ခေါက် လဲမနေချင်တော့ပါဘူးကွာ Sehun နဲ့ မိတ်ဆက်ပေးဖို့ကို ဘာအရေးကြီးလို့လဲ မနေ့ကပြောနေတာများ ငါပဲ မိန်းမလိုက်တောင်း ပေးရ​တော့မလိုလို ''

'' ပြောလိုက်ရင် ဒီလိုကြီးပဲ. . . Hyung ဒါက Sehun တဲ့။ Hun ဒါက Lu ရဲ့ အစ်ကိုအကြီးဆုံး Kris တဲ့ တိုက်ကွမ်ဒို သင်တန်းဖွင့်ထားတာ ''

'' Nae တွေ့ရတာ ဝမ်းသာပါတယ် Hyung ''

'' အေး နောက်လဲ အိမ်ကို ဝင်ထွက်ပေါ့ကွာ Hyung တို့က ခင်တတ်ပါတယ် ''

'' Lu ချောတာလဲမပြောနဲ့ Hyung တွေက အားလုံး ချောကြတာကိုး။ ဒါနဲ့ ကြိုက်ကြမလားမသိပေမယ့် လက်ဆောင်တွေ ဝယ်လာခဲ့တယ် လက်ခံပါနော် ''

'' ဒုက္ခရှာလို့ Sehun ရာ မလိုပါဘူး နောက်တစ်ခါ ဝယ်မလာပါနဲ့ ဒါနဲ့ Sehun နဲ့ တွေ့ပေးပြီး ငါတို့ကို ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ Xiao Lu ''

Kai ရဲ့ အမေးစကားကြောင့် သူတို့ ပြောဖို့အချိန်တန်ြပီမို့ Lu ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလျက် Lu လက်လေးကို ဖမ်းဆုပ်ထားလိုက်တယ်။ ဒါကို အစအဆုံးမြင်တဲ့ Kai က မျက်မှောင်ကျုံ့ကာသွားတယ်။ Lu ကပဲ ဆက်ကာ

'' Hyung တို့ကို အရေးကြီးတဲ့စကား ပြောစရာရှိလို့ပါ။ တကယ်တော့ ကျွန်တော်နဲ့ Sehun က ချစ်သူတွေပါ ''

အားလုံးမျက်လုံးတွေပြူးကာ သူတို့၂ယောက်ကို ကြည့်နေကြကုန်ပြီလေ။ Xumin ဆို ပါးစပ်ထဲ ဝါးနေတဲ့ မုန့်ပင်သီးကာ

'' ဘ. . ဘယ်လို အဟွတ်. . . . ချစ်သူတွေ ဟုတ်လား ဘာက ဘယ်လိုတွေ . . . . ''

'' ကျွန်တော်တို့ လက်ထပ်ပါရစေ ခွင့်ပြုပေးပါလား ''

Sehun ရဲ့ စကားကြောင့် Suho က မျက်မှောင်ကျုံ့ကာ

'' စဉ်းစဉ်းစားစားလဲ ပြောကြပါကွာ မင်းတို့က ယောက်ျားလေးတွေလေ ဘာလို့ လက်ထပ်ရမှာလဲ ''

'' Xiao Lu ဒီကိစ္စက နောက်စရာ မဟုတ်ဘူးနော် နောက်ချင်ရင် အခြားကိစ္စနဲ့ နောက် ''

Kris ကပါ မျက်နှာထားတည်ကာ ပြောလေတော့ Luhan လဲ သက်ပြင်းချကာ

'' နောက်နေတာမဟုတ်ဘူး Hyung ကျွန်တော် Hun ကို တကယ်ချစ်တာ သူနဲ့ပဲ အတူနေချင်တာ Hyung တို့ သဘောမတူလဲ ကျွန်တော်က Hun ကိုပဲ လက်ထပ်မှာ ''

Luhan ရဲ့ ဘုဆက်ဆက်အပြောကြောင့် Sehun လဲ တားလိုက်ရင်း

'' Lu အဲ့လိုမပြောရဘူးလေ Hyung တို့ကို ကတိပေးပါတယ် ကျွန်တော် Lu ကို ပျော်အောင်ထားမှာပါ ကျွန်တော်တို့ကို သဘောတူပေးပါနော် Lu ကို တန်​ဖိုးထားတာမို့ Hyung တို့ဆီက ခွင့်​ပြုချက်​ရချင်​လို့ပါ ''

အားလုံးတိတ်ဆိတ်သွားကာ ပြောစရာစကား ရှာမရသလိုဖြစ်သွားကြတယ်။ ခဏကြာမှ Kris က

'' ဒီနေ့တော့ ပြန်လိုက်ပါ Sehun ရုတ်တရက်ကြီး သိလိုက်ရတဲ့အဖြစ်မှာ ငါတို့ဘက်က အဖြေချက်ချင်းမပေးနိုင်သေးတာ မင်းနားလည်မှာပါ ''

'' ကျွန်တော်နားလည်ပါတယ် Hyung ကျွန်တော်စောင့်ပါ့မယ် အချိန် ဘယ်လောက်ကြာကြာ Lu ကို လက်မလွှတ်ခိုင်းဖို့က လွဲရင်ပေါ့။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး ''

Sehun ထွက်သွားတော့ Luhan လဲ

'' ကျွန်တော်လဲ Hun နဲ့ ဘယ်တော့မှ လမ်းခွဲမှာမဟုတ်ဘူး။ သူမရှိရင် ကျွန်တော်နေနိုင်မှာမဟုတ်တာ သေချာတယ် Hyung ''

ပြောပြီး Sehun နောက်ကို အပြေးလိုက်သွားတော့ Sehun က ကားနားမှာ စောင့်နေတာတွေ့လိုက်ရတယ်။

'' Hun စိတ်ညစ်နေပြီလားဟင် ''

Sehun လဲ အချိုသာဆုံး ပြုံးပြကာ Lu ခေါင်းလေးကို သပ်ပေးလျက်

'' စိတ်မညစ်ပါဘူး Lu ရယ် ဒီလိုတွေဖြစ်လာမှာ ကြိုသိထားတာပဲ ကိုယ် ပြင်ဆင်ထားပြီးသားပါ။ Lu သာ တစ်ဇွတ်ထိုး ဘာမှမလုပ်မိစေနဲ့ ကိုယ့်ကိုယုံနော် ကိုယ်က Lu နဲ့နီးဖို့အတွက် အကောင်းဆုံးကြိုးစားမှာ ''

ခေါင်းလေးညှိတ်ကာ ရင်ခွင်ထဲ ထပ်ဝင်လာတဲ့ Luhan ကို အသာထွေးပွေ့ရင်း ချစ်သူမသိအောင် သက်ပြင်းချမိပြန်တယ်။ သိပ်ချစ်တယ် Lu ရယ် မှန်ကန်တဲ့သစ္စာစကားပါ ဤသစ္စာစကားမှန်ကန်ခဲ့ရင် Lu နဲ့ တစ်စက္ကန့် တောင် မခွဲရပါစေနဲ့လား . . . .

************************************

Sehun နဲ့ Luhan ထွက်သွားတဲ့နောက်မှာတော့ ဧည့်ခန်းထဲမှာ ကျန်ခဲ့တဲ့ ၅ယောက် ခေါင်းချင်းဆိုင် အနေအထား ဖြစ်ကြပြီလေ။ Lay က ဆရာကြီးလေသံနဲ့

'' ပြဿနာက စပြီ ခု Xiao Lu ကို ဘယ်လိုလုပ်ကြမလဲ ''

'' Ashii ငါ သင်တန်းတော့ နောက်ကျတော့မှာပဲ ''

သင်တန်းအကြောင်း စဉ်းစားနေသေးတဲ့ Kris Hyung ကို Xiumin က စိတ်မရှည်စွာ

'' Hyung ကလဲ ဒီအချိန်မှာ သင်တန်းက အရေးမကြီးဘူး ဖျက်လိုက်ပါဗျာ။ ပြောရမယ်ဆို ဒါ ကျွန်တော်တို့အမှားပဲ အရင်က Xiao Lu ကို ဂရုမစိုက်ပဲ ကိုယ့်ဘဝကိုယ် ဦးစားပေးနေကြလို့ ဖြစ်ရတာ ''

'' Xiao Lu ကို လွှတ်ထားပေမယ့် ဒီလောက်တော့ မရူးမိုက်ဘူး လို့ထင်ထားတာ ခုတော့ ယောက်ျားလေးချင်း
ကိုမှကွာ။ Sehun ကရော ဘယ်ကလဲ Kai မင်းနဲ့ ဘယ်လိုသိတာလဲ ''

Suho အမေးကြောင့် Kai လဲ

'' ကျွန်တော့်ကို သူတို့ ကုမ္မဏီအတွက် model ဌားဖူးတာ အဲ့နေ့က သူတို့ တစ်ခါဆုံဖူးတယ် ''

'' ဒါဆို မင်းကြောင့် သူတို့ တွေ့ကြတာလား ''

Kris ရဲ့ တရားခံရှာသလိုအကြည့်ကို Kai က လက်ခါပြကာ

'' လုံးဝမဟုတ်ရပါဘူးဗျာ သူတို့က အရင်ထဲက ဆုံဖူးပြီးသား အဲ့တစ်ခေါက်က Hyung ကြောင့် ဆုံရတာ ''

'' Boya ! ငါ့ကြောင့် ဟုတ်လား ငါ သူ့ကို ခုမှ မြင်ဖူးတာပါ ''

'' အဲ့လိုပြောတာမဟုတ်ဘူး Hyung ရ သူတို့စတွေ့တုန်းက Xiao Lu ကို ပိုက်ဆံအိတ် ပြုတ်ကျတာ လိုက်ပေးတော့ ပခုံးကိုင်မိရာက Xiao Lu က ကိုင်ပေါက်ထလိုက်တာတဲ့ ''

Kris မျက်လုံးပြူးကာသွားတော့ Lay က သိနေတယ်ဆိုတဲ့ အကြည့်နဲ့

'' လက်စသတ်တော့ Hyung ရဲ့ ပရောဂတွေကိုး ပြောပါတယ် သင်တာကလဲသင်ပေါ့ ခုဟာက ဇာတ်လမ်းတွေပါ ကြည့်ပြီး ပိုးသွင်းထားတာကိုး ''

'' Yar! ငါက ယောက်ျားလေး မှန်ရင် ကိုယ်ခံပညာတတ်ထားရမယ်ဆိုပြီး သင်ပေးထားတာကွ သူ့လို တွေ့ရာလူ ကိုင်ပေါက်ခိုင်းတာမှမဟုတ်တာ မင်းတို့နော် စကား​ပြောဆင်ခြင် ငါကအကြီးဆုံးကွ ''

ငြင်းခုံသလိုဖြစ်နေတာမို့ Suho လဲ စိတ်မရှည်စွာ

'' ကဲ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်​နေတာတွေလျော့ပြီး Xiao Lu အတွက် စဉ်းစားရအောင်။ သူတို့တွေ စိတ်ကစားမိတာကို အဟုတ်ထင်နေကြတာနေမှာ ''

'' ဒါပဲရှိမှာပေါ့ ယောက်ျားအချင်းချင်းက တွေးမိတာနဲ့တောင် ကြက်သီးထစရာပါကွာ။ Xiao Lu မဟုတ်တာတွေ လုပ်နေတာပဲ မဖြစ်ဘူး ဒီနေ့ကနေစပြီး ပြန်ဖိရတော့မယ် ''

Kris ကထောက်ခံသလို စကားဆိုတော့ Kai က

'' Hyung တို့ပြောသလို စိတ်ကစားတာမဟုတ်ပဲ တကယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ခုခေတ်က men to men တွေခေတ်စားနေတာ လွန်ရော။ ခေါ်ကြပါတယ် Yaoi ဆိုလား ဘာလား မင်္ဂလာဆောင်တဲ့သူတွေဆို မနည်းဘူး American က တရားဝင် လက်ခံလိုက်ထဲက အဲ့ကိစ္စက virus တစ်ခုလိုပဲ ကမ္ဘာအနှံ့ပျံ့နှံ့နေတာ ''

'' အဲ့ American ဆိုတာလေ အတော် လျှာရှည်တဲ့အမျိုးပဲ။ သူက မီးမွှေးသလို ဖြစ်နေတာကိုး။ ခုလဲ Xiao Lu တစ်ယောက် MenU ကြည့်ပါများပြီး အ​နောက်​တိုင်းစတိုင်​ လိုက်လုပ်နေတာများလား။ ဘာမှမဖြစ်ရင် တော်သေး တကယ်လို့ ဟိုဒင်းဟိုဟာတွေ ဖြစ်ပြီး အထိအတွေ့တွေမှာ သာယာကုန်ရင် ပြဿနာတွေ တက်ကုန်မှာ မဟုတ်ဘူးလား ''

Lay ရဲ့ သံသရာမဆုံးတဲ့ အ​တွေးစကားတွေကို Kris က စိတ်ရှုပ်လာကာ

'' အာ Lay မင်းရဲ့ အတွေးဒဿနတွေတော်တော့ အဲ့ဒါတွေက မင်းအတန်းထဲကျမှ ပြော။ မင်းတွေးလိုက်ရင်တစ်ဆုံးပဲ Xiao Lu လဲ ရစရာ မရှိတော့ဘူး ငါ့စိတ်ထင် Xiao Lu က အဲ့လောက်မဖြစ်နိုင်ပါဘူး။ Suho ပြောသလို စိတ်ကစားတာပဲနေမှာပါ။ အရေးကြီးတာ Xiao Lu ကို ဒီနေ့ကစပြီး စောင့်ကြည့်ဖို့ပဲ တတ်နိုင်သမျှ နားချကြည့်ကြ ''

နောက်ဆုံး ၅ယောက်လုံး ခေါင်းချင်းဆိုင်ရာက ပြန်ခွာလိုက်ကြပြီး Luhan နဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ Xiumin ကို နားချခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။

************************************

Luhan ပြန်ရောက်လာတာနဲ့ Xiumin က ပင်မင်းဆိုင်က ပြန်ရွေးလာတဲ့ အဝတ်တွေကို Luhan အခန်းထဲ ဝင်ပေးရင်း

'' Xiao Lu လေးတောင် ဒီနှစ်ဆို ၂၂ ပြည့်တော့မယ်နော် Hyung တို့မျက်စိထဲမှာတော့ ကလေးလို့ အမြဲမြင်နေပေမယ့် လူကြီးတစ်ယောက်ဖြစ်နေပြီပဲ။ Hyung တို့က ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဒီကြားထဲမှာ မင်းကို ဂရုမစိုက်သလို ဖြစ်သွားရင် ခွင့်လွှတ်ကွာ ဒါပေမယ့် ခုချိန်ကစပြီး အရင်လို မလုပ်တော့ဘူး လို့ ကတိပေးတယ် ဟုတ်ြပီလား ''

Xiumin စကားကြောင့် Luhan က အထူးအဆန်းလို ကြည့်ကာ

'' Hyung ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာတွေလာပြောနေတာလဲ။ ကျွန်တော်က အစစအရာရာ လိုက်ဂရုစိုက်ပေးနေရအောင် ကလေးမှ မဟုတ်တော့တာ အရင်က Hyung တို့ အလုပ်ကိုယ်စီရှုပ်နေတာကိုလဲ ကျွန်တော် တစ်ခါမှ အပြစ်မတင်ဖူးပါဘူး ''

'' ဒါတော့ဒါပေါ့ Xiao Lu ရာ ဒါပေမယ့် လူငယ်ဆိုတာမျိုးက အထိန်းအကွပ်ရှိမှ ပိုပြီး လမ်းမှန်ရောက်မှာ မဟုတ်လား။ ဒီအတောအတွင်း Hyung တို့က ပစ်ထားသလိုဖြစ်ခဲ့ရင် Xiao Lu လမ်းမှား ရောက်သွားမှာ စိုးလို့ပါ။ လူဆိုတဲ့သဘာဝက စိတ်ကစားလွယ်တယ် Xiao Lu ရဲ့ Xiao Lu တို့လိုအရွယ်က ပိုဆိုးသေး သစ်ရွက်လှုပ်တာကအစ ရယ်ချင်နေတာ ဆိုလား ဘာလား ရှိတယ်မဟုတ်လား ''

Luhan စိတ်​မရှည်​​တော့တာမို့

'' Hyung ရာ လိုရင်းမရောက်တော့ဘူး အဲ့တော့ ဘာဖြစ်လဲ ''

'' အ. . အဲတော့ ငယ်ရွယ်တဲ့အချိန်မှာ သံယောဇဉ်ကို အချစ်မှတ်ပြီး ခုံမင်တတ်တာတို့ မျက်စိထဲမှာ လှတဲ့ချောတဲ့သူတွေ့ရင် ရင်ခုန်တာတို့ ဖြစ်တတ်တယ်လေ ''

'' တော်ပါတော့ Hyung ရယ် ကျွန်တော်နားလည်ပြီ Hyung က ကျွန်တော်နဲ့ Hun နဲ့ ကိစ္စကို ပြောချင်နေတာ မဟုတ်လား။ စိတ်ကစားတာနဲ့ ချစ်တာကို မခွဲခြားတတ်ရအောင် ကျွန်တော် ဆယ်​​ကျော်​သက်​မှ မဟုတ်ပဲ Hyung ရာ။ Hyung ပြောသလို ကျွန်တော်လဲ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးမှ အတည်ပြုခဲ့တာပါ။ အဲ့ဒါမို့ Hyung တို့ ဘာပြောပြော ကျွန်တော်က Hun နဲ့ လမ်းခွဲမှာ မဟုတ်ဘူး ''

ပြောပြီးတာနဲ့ ​ကုတင်​​ပေါ်တက်​ စောင်​ခြုံကာ ဟိုဘက်​လှည့်​အိပ်​သွားတဲ့ Luhan ​ကြောင့်​ Xiumin လဲ အခန်းထဲကနေ အပြင်ပြန်​ထွက်လာ​လိုက်​တယ်​။ အခန်းရှေ့မှာ မယောင်မလည် လုပ်နေတဲ့ ကျန်၎ယောက်ရဲ့ သိချင်နေတဲ့ မျက်လုံးတွေကို မြင်တော့ ခေါင်းရမ်းကာသာ အဖြေပေးမိလိုက်တာမို့် အားလုံးလဲ သက်​ပြင်းကိုမတိုင်​ပင်​ပဲ ကိုယ်​စီချမိ​တော့တယ်​ . . . . . . .

************************************
************************************

Thank u very much for reading 😍😍
Waiting vitamin feedbacks 😄😄

ပရိုမိုးရှင်းထပ်​ဆင်းပါမယ်​​နော်​ Dec 25 မှာလုပ်​မယ့်​ HH ပွဲ​လေး Let fall in love ကို လာခဲ့ကြပါလို့။ လာမယ့်​သူ​တွေကို လာရကြိုးနပ်​​အောင်​ အ​ကောင်းဆုံး စီစဉ်​ထားပါမယ်​​နော်​ 😄 Let support for HH !!! Sarahae all my readers 😘😘

Continue Reading

You'll Also Like

138K 16.6K 75
ယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေး...
1.8M 274K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
441K 62.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
72.4K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]