Fall In Love With Maknae

By SeluDeerMoe

24.3K 2.4K 139

Only Hunhan yaoi short fic Supporting members - Kris , Suho , Xiumin , Lay , Kai , Chanyeol Comedy & romance More

Fall In Love With Maknae
Fall In Love With Maknae (3)
Fall In Love With Maknae (4)
Fall In Love With Maknae (5)
Fall In Love With Maknae (6)

Fall In Love With Maknae (2)

3.9K 383 20
By SeluDeerMoe

ဖက်နေရင်းက Luhan လဲ Hana ကို ပြန်ဆွဲခွာလိုက်တော့ Hana လဲ ဘုမသိဘမသိ ကြောင်တောင်တောင်ဖြစ်သွားပေမယ့် ပြုံးပြုံးနဲ့ မူမှန်ပါပဲ။ မူမှန်မဟုတ်တော့တာက မတ်တပ်ရပ်စောင့်နေရင်းက သူတို့ဆီ မျက်မှောင်ကြီးကျုံ့ကာ လမ်းလျှောက်လာတဲ့ Sehun ရယ်ပါ။ Luhan လဲ စိတ်ရှုပ်စွာ ခေါင်းကိုကုတ်လိုက်မိတယ်။ အနီးရောက်လာလေ စိုက်ကြည့်နေတဲ့ အကြည့်စူးစူးတွေကြောင့် Luhan လဲ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ချေ။

'' Luhan ပြီးပြီမဟုတ်လား သွားမယ် ''

အနည်းငယ်​တင်းမာ​နေတဲ့အသံနဲ့ ​ပြောပြီး လက်ကိုပိုင်ဆိုးပိုင်နင်းဆွဲကာ ခေါ်သွားတော့ Hana က မျက်လုံးကြီးပြူးကာ Luhan လက်ကို ပြန်ဆွဲရင်း

'' Yar! Luhan ငါနဲ့ ခုမှ​တွေ့ရတာ​လေ တစ်ခုခုသွားစားကြမှာမဟုတ်လား ''

ဖြုန်းဆို နောက်လှည့်ကာ စူးခနဲအကြည့်နဲ့ ကြည့်လိုက်တဲ့ Sehun ကြောင့် Hana အပါအဝင် သူငယ်ချင်းတွေပါ နောက်ကိုဆုတ်သွားကြတယ်။ Hana လဲလန့်​ကာ Luhan ကိုဆွဲထားရာကေ​ယာင်ပြီး​လွှတ်​လိုက်​မိတယ်​။ Luhan ပဲ ကြားကဝင်ကာ

'' Sorry Hana ငါ ညကျမှ နင့်အိမ်လာခဲ့မယ် ခုတော့ ငါ လိုက်သွားမှရမယ် ''

Hana ကတော့ ခေါင်းညှိတ်ပေမယ့် ပိုဆိုးသွားတဲ့သူကတော့ Sehun ပါ။ ဘယ့်နှယ့် အိမ်လာခဲ့မယ်ဆိုပဲ။ Luhan လက်ကိုတင်းကျပ်​စွာဆွဲကာ ကားဆီခေါ်လာခဲ့လိုက်တယ်။ ကားနားရောက်တော့ Sehun လက်ကို Luhan အတင်းရှုန်းကာ

'' လွှတ်ပေးတော့လေဗျာ နာနေပြီဗျ ''

မ​ကျေနပ်​သံ​လေးနဲ့ Luhan ​ပြောမှ Sehun လွှတ်ပေးလိုက်တော့ နီမြန်းနေတဲ့ လက်ကောက်​ဝတ်​​လေးကိုတွေ့လိုက်ရပေမယ့် ကားပေါ်တက်ကာ ကားမောင်းထွက်ခဲ့တယ်။ ကားပေါ်မှာ လက်ကိုပွတ်ကာ နေနေတဲ့ Luhan ကြောင့် Sehun လဲ စိတ်မကောင်းဖြစ်ကာ

'' တော်တော်နာသွားလား ''

'' လုပ်တုန်းကလုပ်ပြီး ခုမှလာမေးနေရလား ဘယ်လိုလူကြီးမှန်းမသိဘူး ''

Sehun ကို တစ်ချက်မှလှည့်မကြည့်ပဲ နှုတ်ခမ်းစူကာပြောနေတဲ့ Luhan ကို Sehun လက်မြှောက်ရပြီလေ။ လုပ်ချင်ရာ လုပ်ထားတဲ့သူက ကျွန်တော့်ကိုပဲ ပြန်စိတ်ဆိုးနေပြန်ြပီ မဟုတ်လား။ ကားလေးကို ကျွန်တော်တို့ ပထမဆုံးဆုံတွေ့ခဲ့တဲ့ ဟန်မြစ်ဘေးမှာပဲရပ်လိုက်တော့ Luhan က အရင် ဆင်းသွားတာမို့ Sehun နောက်ကနေ လိုက်လာလိုက်တယ်။ တဖြူးဖြူးတိုက်နေတဲ့ လေညှင်းတွေအကူအညီနဲ့ Luhan ရဲ့ မတိုမရှည် ရွှေအိုရောင်ဆံပင်လေးတွေက အငြိမ်မနေပဲ ဆော့ပြေးနေလေတယ်။ အရပ်​မပု​ပေမယ့်​ သူနဲ့ယှဉ်​ရင်​ ချစ်စဖွယ် ခန္ဓာကိုယ်သေးသေးလေးရယ် နို့နှစ်ရောင် အသားအရည်တို့ ပေါင်းစပ်ဖြစ်တည်နေတဲ့ ရှေ့က ကောင်လေးကို မြတ်နိုးစိတ်နဲ့ Sehun နောက်ကနေ ဖက်ထားလိုက်မိတယ်။ မထင်ထားတာမို့ အလန့်တကြားနဲ့ Luhan ကိုယ်လေး အနည်းငယ်​ရုန်းလာတယ်။ ရုန်းလို့မရ​အောင်​ ပိုလို့ပိုလို့ တိုးဖက်လိုက်တော့မှ လက်လျော့ကာ ငြိမ်နေပြန်တယ်လေ။

ပခုံးပေါ်ခေါင်းတင်ထားရင်း ဖြူဖွေးနေတဲ့ လည်ဂုတ်လေးကို ဖြေးညှင်းစွာ နမ်းမိတော့ ကိုယ်သင်းနံ့သင်းသင်းလေးအပြင် ဆံနွယ်တွေဆီက shampoo နံ့လေးပါ ရောယောင်ပါလာပြန်တယ်။ Luhan ကိုယ်လေးလဲ တုန်ယင်သွားကာ ခေါင်းကို ငုံ့ထားလေတယ်။

'' ကိုယ် မင်းကိုချစ်တယ် Luhan ''

မြတ်နိုးခြင်းတွေနဲ့ ပွင့်ဟလာတဲ့ စကားလုံးတွေ ကြားလိုက်ရတော့ Luhan မျက်နှာလေး ရှက်စိတ်ကြောင့် နီရဲသွားပြီလေ။ ခေါင်းငုံ့ထားပေမယ့်လဲ Luhan ရဲ့ ပြောင်းလဲမှုကို မျက်ခြေမပျက်စိုက်ကြည့်နေသူမို့ သိလိုက်ပါတယ်။ ဒီကလေး သူ့ကိုချစ်ရဲ့သားနဲ့ ဘာလို့ ရှောင်တိမ်းနေရတာလဲ။

'' Lu ဖြေဦးလေ ကိုယ့်ကို ချစ်လား ''

အရင်အတိုင်းပဲ ခေါင်းငုံ့ကာ ဘာမှပြန်မပြောတဲ့ Luhan ကြောင့် Sehun နားမလည်စွာ Luhan ကိုယ်လေးကိုလွှတ်ပေးလိုက်ြပီး မျက်နှာချင်းဆိုင်​ပြောင်းလှည့်လိုက်ကာ

'' Lu ဒီတိုင်းပဲ နှုတ်ဆိတ်နေမှာလား ကိုယ်နားမလည်ဘူး ကိုယ့်အပေါ် ဘာလို့ ရှောင်တိမ်းနေရတာလဲဆိုတာကို။ ကိုယ့်အချစ်ကို မယုံကြည်တာလား ဒါမှမဟုတ် ကိုယ့်လို ယောက်ျားလေးတစ်ယောက်က Lu ချစ်သူတစ်ယောက် မဖြစ်နိုင်တာလား။ အင်းပေါ့လေ သဘာဝကိုဆန့်ကျင်နေတဲ့ အချစ်အတွက် Lu လက်ခံရခက်နေမှာပေါ့။ အဲ့လိုဆို ကိုယ်နားလည်ပေးလို့ရပါတယ် Lu ပါးစပ်ကပဲပြောလိုက်တာနဲ့ ကိုယ် နောက်ဆို Lu ရှေ့ကိုမလာတော့ပါဘူး ကိုယ့်ကို တစ်ခုခုတော့ ပြောပေးပါ ''

အက်ကွဲကွဲစကားသံတွေကြောင့် Luhan အပေါ်မော့ကြည့်လိုက်တော့ Sehun ရဲ့ ဝမ်းနည်းနေတဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရတယ်။ သူ့ရဲ့မျှော်လင့်နေတဲ့ မျက်ဝန်းတွေကို ကျွန်တော် ဘယ်လို ငြင်းလွှတ်ရက်မှာတဲ့လဲ။ အဲ့မျက်ဝန်းတွေမှာ ကျွန်တော့်တစ်ဘဝစာအတွက် ကျဆုံးနေပြီးသားလေ။

ရုတ်တရက် ရင်ခွင်ထဲဝင်ကာ လာရောက်ဖက်တွယ်ထားတဲ့ လက်အစုံကြောင့် Sehun ကြောင်နေမိပေမယ့် ပြန်လည်ပြီး တင်းကျပ်စွာ ဖက်ထားမိလိုက်​တယ်။

'' Lu ရှေ့ကနေ ဘယ်တော့မှ ပျောက်မသွားပါနဲ့နော် Sehun မရှိရင် ကျွန်တော့်ဘဝက အဓိပ္ပာယ်မဲ့သွားမှာ ''

Sehun လဲ အတောက်ပဆုံးပြုံးမိကာ

'' အဲ့အတွက်​​တော့စိတ်ချ ကိုယ့်ဘက်က ဘယ်တော့မှ စပြီးထွက်သွားမှာမဟုတ်ပါဘူး Lu က ကိုယ့်ကို သွားပါဆိုပြီး နှင်​ထုတ်​မယ့်​ အချိန်​​ရောက်​လာရင်​​တောင်​ ကိုယ်​က Lu အနားမှာပဲ တွယ်​ကပ်​​နေမှာ ''

စိတ်ချပါ ချစ်သူရယ် ကိုယ့်ရင်ခွင်က မင်းအတွက် အနွေးထွေးဆုံးမဖြစ်နိုင်ရင်တောင် မင်းကို ထိခိုက်စေမယ့်အအေးဓာတ်တွေကို ကာကွယ်ပေးနိုင်စွမ်းတော့ အပြည့်ရှိနေပြီးသားပါ . . . .

************************************

ကျွန်တော်တို့၂ယောက်ရဲ့ ချစ်သူသက်တမ်း ၃လလောက်ရောက်တဲ့ထိ ဘာအနှောင့်အယှက်မှ မရှိခဲ့ပါဘူး။ သူများတွေ လက်ညှိုးထိုးခံရလဲ ကျွန်တော့်ချစ်သူလေးက မထင်ထားလောက်အောင် ရင်ဆိုင်နိုင်ခဲ့တော့ လူတို့သဘာဝအရ ကြာလာတော့လဲ ပြောစရာ တစ်ခုအဖြစ်ကနေ ပျောက်ကွယ်လာပြီး လက်ခံစပြုလာကြပါပြီ။ ဒီနေ့လဲ အလုပ်မှန်သမျှ အမြန်​လက်စသတ်နေတဲ့ ကျွန်တော့်ကို ကြညြ့်ပီး Chanyeol က ခေါင်းတရမ်းရမ်းနဲ့

'' မင်းနှယ်ကွာ တစ်နေ့တစ်နေ့ မင်းမျက်နှာ မြင်ဖို့အရေး ငါ့မှာတကူးတက လာကြည့်ရတဲ့ အဖြစ်ပါလားနော်။ မနက်ပိုင်းရှိသမျှအလုပ် သိမ်းကြုံးလုပ်ပြီး ကျောင်းဆင်းချိန်ဆို အစအန ရှာမရတော့ပဲ ပျောက်ထွက်သွားတာ ဒါပဲ သံသရာလည်နေတယ်။ ဘေးနားက ဘူးကြီးက ဘာကြီးလဲ ''

'' Lu ကို ပြန်ချော့မလို့ကွ ငါ့ကို စိတ်ကောက်နေတယ် ဟိုနေ့က သူ့ကို လူကြားထဲ ဖက်နမ်းမိလို့တဲ့ ''

'' ခံပေါ့ကွာ ရုပ်ကိုက ခုတောင် စပ်ဖြဲဖြဲနဲ့ ပြန်တွေးပြီး ထပ် feel နေသလား။ ဟိုကလဲ တကယ့်ကလေးစိတ် အားရှိစိတ်ကောက်ဖို့ပဲ ဒါပေမယ့် မင်းလို ရေခဲတုံးကို အဲ့လိုလက်ရဲဇက်ရဲဖြစ်အောင် အရည်ဖျော်နိုင်တဲ့ အရည်အချင်းကိုတော့ လေးစားတာအမှန်ပဲဟေ့ ''

Sehun လဲ Chanyeol ကို ပြုံးကြည့်ကာ

'' ဒါကတော့ ချစ်တာကိုးကွ Lu က သိပ်ချစ်စရာကောင်းလွန်းတော့ ငါလဲ တစ်ခါတစ်လေ စိတ်မထိန်းနိုင်ဘူး ဖြစ်သွားတာပါ။ သူစိတ်ကောက်တာလေးကို ပြန်ချော့ရတာလဲ ခံစားမှုတစ်မျိုးပဲကွ ဒါတွေ မင်းကို ပြောနေလဲအပိုပါပဲ မင်းချစ်သူရမှ သိမှာ ''

'' အမလေး ငါ့ပါ ပြန်​ပက်​လိုက်​​သေး။ အေးပါကွာ ချစ်ကြစမ်းပါ ငါကတော့ မင်းကြညြ့်ပီး အလုပ်ရှုပ်လွန်းလို့ လူပျိုကြီးပဲ လုပ်တော့မယ်ဟေ့ ''

ရွှဲ့ပြောကာ ထွက်သွားတဲ့ Chanyeol ကို ကြညြ့်ပီး Sehun အားရပါးရ ရီမိပြန်တယ်။ ဒါပေမယ့် ခဏပါပဲ အလုပ်အမြန်လက်စသတ်ကာ ကျောင်းရှေ့သွားရဦးမယ်မဟုတ်လား။

************************************

ကျောင်း​ရှေ့မှာစောင့်နေတာ အနည်းငယ်ကြာတော့ တွေ့ပါပြီ ကျွန်တော့်ကလေးလေးကို။ သူငယ်ချင်းတွေနဲ့ စနောက်ရင်းရီနေလိုက်တာ ချစ်ဖို့သိပ်ကောင်းလွန်းပါတယ်။ ချစ်သူ သက်တမ်းကြာလာတာနဲ့အမျှ အချစ်ဆိုတာ တဖြေးဖြေးပျောက်ကွယ်လာတယ်လို့ အချို့က ပြောကြပေမယ့် ကျွန်​​တော့်အဖို့ကတော့ ပိုလို့ပိုလို့ သူ့အပေါ်မြတ်နိုးလာမိတာပါ။ ဟော သူ ကျွန်တော့်ကိုမြင်သွားတော့ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ကာ လမ်းလျှောက်လာနေရင်း နှုတ်ခမ်းက တစ်တောင်လောက် စူထွက်လာပြန်ပြီလေ။ ဘာတွေအလိုမကျလဲ မသိပေမယ့် အနားရောက်တာနဲ့ ကျွန်​တော့်လက်ကို လာချိတ်ကာ ပါးပြင်ကို လာနမ်းသွားတဲ့ Lu ကြောင့် ကျွန်တော် မျက်လုံးများပြူးသွားမိတယ်။ လူကြားထဲမှာ နမ်းတာမကြိုက်တဲ့ သူက ခုဘာဖြစ်ရပြန်တာလဲ။ ပြီးတော့ ကားထဲဝင်ထိုင်သွားတာမို့ Sehun လဲ ကားပေါ်တက်ကာ မောင်းထွက်လာလိုက်တယ်။

ကားပေါ်မှာတော့ ခုနက သူမဟုတ်သလို မသိချင်ယောင်ဆောင်ကာ ပြတင်းပေါက်ဘက် မျက်နှာမူတိတ်ဆိတ်နေတဲ့ Lu ကြောင့် နားမလည်ပေမယ့် စချင်သွားတာကြောင့် ကားကို လမ်းဘေးခဏရပ်လိုက်တယ်။ ကားရပ်သွားတာကြောင့် သူ့ကို လှည့်ကြည့်လာတဲ့ Lu ကို

'' ကဲ ကားရပ်လိုက်ြပီ အခွင့်အရေးပေးတုန်း ယူထားနော် ''

'' ဘာကိုလဲ ''

'' ဟင် ခုနကပဲ လူကို ကျောင်းရှေ့ကြီးမှာ နမ်းသွားပြီးတော့ တန်းလန်းထားခဲ့လို့ ဘယ်ရမလဲ အစအဆုံးတာဝန်ပြန်ယူရမှာပေါ့ Oh Sehun တို့ကို ဒီလို ပစ်​စလက်​ခတ်​ထားခဲ့လို့မရပါဘူး ''

Sehun အပြောကြောင့် Luhan မျက်နှာလေး ပန်းရောင်လွှမ်းသွားကာ

'' ဘာ. .ဘာကိုလဲ မသိဘူး ပြန်မောင်းတော့ ဗို. . ဗိုက်ဆာနေပြီ ''

စကားတွေပါထစ်လာတဲ့ Luhan ကြောင့် Sehun ပိုအသည်းယားသွားကာ

'' အဲ့လို စကားလွှဲလို့ ဘယ်ရမလဲ ဘာလဲ ကိုယ်ပြန်ဆက်ပေးရမှာလား ''

ပြောရင်းအနားတိုးလာတဲ့ Sehun ကို Luhan တွန်းကာ
'' မလာနဲ့ စိတ်ဆိုးပြေသေးတာမဟုတ်ဘူး ''

'' ဟား. . စိတ်ဆိုးမပြေသေးတဲ့သူက နမ်းရတယ်ပေါ့ ''

'' မစနဲ့ဗျာ အဲ့တာမို့ ဘယ်သူက ကျောင်းရှေ့မှာ အဲ့လိုအလှပြရပ်စောင့်ခိုင်းလဲလို့ ခုတော့ ကောင်မလေးတွေ ပါးစပ်ဖျားမှာ ခင်များကြီးဘယ်လိုချောတဲ့အကြောင်းပဲ စာဖွဲ့နေကြတယ်မဟုတ်လား ''

Sehun မျက်လုံးလဲပြူး ရီလဲရီချင်သွားတယ် လက်စသတ်တော့ ကောင်မလေးတွေကို မကျေမနပ် ဖြစ်​နေတာကိုး

'' အဲ့တော့ သူက ကျွန်တော့်မူပိုင်ဆြိုပီး အားလုံးရှေ့မှာ တံဆိပ်ခတ်ထလိုက်တာပေါ့လေ ဟုတ်လား သွားပါပြီ လူတော့ စန်းပိတ်ြပီထင်ပါ့ ''

Sehun ရဲ့ စိတ်ညစ်သွားသလို အပြောကြောင့် Luhan နှုတ်ခမ်းတွေ ပြန်စူထွက်လာကာ မျက်နှာကြီးပုပ်​သိုးလာလျက်
'' စန်းပွင့်ချင်ရင်လဲ ကျွန်တော့်ကို ဘာလို့ ခေါ်လာသေးလဲ အဲ့ကျောင်းရှေ့မှာ အလှပြပြီး နေခဲ့ပါလား မုန်းစရာကြီး ''

ကား​ပေါ်က​နေဆင်းဖို့်​ ခါးပတ်ကြိုးဖြည်နေတဲ့ Luhan လက်တွေကို ဆွဲတားကာ အနီးကိုဆွဲလိုက်ပြီး လည်ပင်းကို လက်နဲ့ထိန်းကာ နှုတ်ခမ်းတို့ကို ထိတွေ့စေလိုက်တယ်။ ရုန်းနေတဲ့ကိုယ်လေးက အချိန်ကြာလာတော့ နှုတ်ခမ်းတို့ရဲ့ လှုပ်ရှားမှုစည်းချက်ကို မျောပါကာ ရပ်တန့်သွားပြီး ကျွန်တော့်ကျောပြင်ကို လာရောက်ဖက်တွယ်ထားပြီလေ။ ပြန်တုံ့ပြန်လာတဲ့ နှုတ်ခမ်းလေးတွေကို Sehun မလွှတ်ချင်လောက်အောင် စွဲမက်ပါသည်။ အသက်ရှုရခက်လာပြီး မြတ်နိုးရတဲ့ နှုတ်ခမ်းလေး ထိခိုက်ပွန်းပဲ့သွားမှာစိုးလို့ မရောင့်ရဲပေမယ့် ပြန်လွှတ်လိုက်ရပြီ။ ဒါပေမယ့် နှဖူးချင်းထိကပ်ထားကာ

'' မှတ်ထားပေးပါ Lu ရယ် ကိုယ်က ထာဝရ မင်းတစ်ယောက်တည်းအတွက်ဖြစ်နေပြီးသားသူတစ်ယောက်ပါ။ ဘယ်သူ့ကြောင့်မှလဲ ပျက်စီးမှာ မဟုတ်သလို ဘယ်သူကမှလဲ ဖျက်ဆီးဖို့မရတဲ့ နေရာလေးက မင်းတစ်ယောက်တည်းအတွက်ပါ အဲ့ဒါမို့ ကိုယ့်ကိုစိတ်ချထားပါ။ ဒါပေမယ့် သဝန်တိုတာတော့ သဘောကျမိတယ် Lu က ကိုယ့်ကို လူကြားထဲနမ်းဖူးသွားပြီလေ ''

Luhan အလှပဆုံးပြုံးကာ ခေါင်းလေးကို Sehun ပခုံးပေါ်မှီထားလိုက်တော့ လောကကြီး တစ်ခုလုံးအပိုင်ရသွားတဲ့သူတစ်ယောက်လိုပါပဲ။

'' ကိုယ်တို့ လက်ထပ်ရအောင် Lu ည​နေ​တွေဆို ခွဲ​​နေရတာကိုမုန်းတယ်​ ည​ရော မ​နက်​​ရော Lu နားမှာပဲ​နေချင်​တယ်​ ''

အံ့သြစွာမြော့ကည့်လာတဲ့ မျက်လုံးတွေ ပြီးတော့ စိုးရိမ်မှုတွေနဲ့ အရောင်မှိန်သွားတဲ့ မျက်ဝန်းတွေဖြစ်တည်သွားတယ်။ အဲ့နောက်မှာတော့ Lu ဘာကြောင့် ကျွန်တော့်ကိုလက်ခံဖို့ ခက်ခဲခဲ့တဲ့ အကြောင်းတွေ ကျွန်တော့်အတွက် မဖြစ်မနေ ကျော်ဖြတ်ရမယ့် တံတိုင်းကြီးကို ကျွန်တော် သိရှိခဲ့ရတယ် . . . . .

************************************

ဘဝမှာ ရင်တုန်ဒူးတုန်ဖြစ်ရဆုံးနေ့ဆို ဒီနေ့ကို ကျွန်တော်ရွေးမိမှာပင်။ ဘေးနားက ပုပ်သိုးနေတဲ့ မျက်နှာကြီးနဲ့ မျက်မှောင်ကျုံ့ လက်ပိုက်ကြည့်နေတဲ့ Chanyeol ကို ကြည့်ရတာ အလိုမကျနိုင်သေးတဲ့ ကျွန်တော့်ကို စိတ်တိုနေပြီထင်ရဲ့။

'' မင်းကလဲကွာ စိတ်ရှည်ပါ ငါ့စိတ်ထင် ဒီအရောင်လေးက ပိုလင်းမလားလို့ပါ ''

မပြီးဆုံးနိုင်ပဲ ခုထိ တစ်ထည်ပြီးတစ်ထည်ပြနေသေးတဲ့ Sehun ကို Chanyeol က အမြင်ကတ်ပုဒ်မနဲ့

'' ဟေ့ကောင် စိတ်ရှည်ရအောင် မင်းလုပ်ပုံကိုလဲ ကြည့်ဦးလေ။ မနက်အစောကြီး လူကို ဖုန်းနဲ့ မညှာမတာ နှိုးခေါ်ထားပြီး ဆွေပြမျိုးပြသွားမှာကို ငါ့ကို အကျီလာရွေးခိုင်းတယ်။ ငါက ကောင်းတယ် ပြောရင် မင်းက အခြားကို စိတ်သန်ြပီး ပိုကောင်းမယ် ထင်နေတယ်။ အဲ့လို ကန့်လန့်တိုက်ဖို့ဆို ငါ့အကြံ ဘာလို့တောင်းနေသေးလဲ မင်းဘာသာမင်း ရွေးပါတော့လား ''

'' အဲ့ဒါကတော့ကွာ ငါက အကောင်းဆုံးဖြစ်ချင်နေတာဆိုတော့ စိတ်တွေက ဟိုလိုလိုဒီလိုလို ဝေခွဲမရဖြစ်နေလို့ပါ ငါ့မှာ တိုင်ပင်စရာဆိုလို့ မင်းပဲ ရှိတာလေကွာ မင်းကပါ ဒီလိုမလုပ်ပါနဲ့ ''

အရင်ကဆို သူ့ကိုဒီလို အပူကပ်ဖို့နေနေသာသာ ကိုယ့်ဘာသာအေးဆေးနေတတ်တဲ့ Sehun ရဲ့ ပြောင်းလဲသွားပုံတွေကို Chanyeol သက်ပြင်းချရင်း

'' အေးပါ ငါလဲသိလို့ ချက်ချင်း ထလာတာပေါ့ကွ။ ဒါပေမယ့် မင်းဟာက over ဖြစ်လွန်းနေပြီ ပုံမှန်ပဲလုပ်စမ်းပါကွာ။ မင်းယူရမှာ Luhan ကွ သူ့အစ်ကိုတွေမဟုတ်ဘူး။ Luhan မင်းကို သဘောကျရင် ပြီးရောပေါ့ ခုတော့ မတော်ရသေးတဲ့ ယောက်ဖတွေဆီက အမှတ်ရဖို့အရေး ဒီလို အသေးအဖွဲကအစ ဂရုစိုက်နေစရာ လိုလို့လားကွာ ''

Chanyeol အပြောကို Sehun ကပြုံးရင်း

'' မင်းပြောသလောက် မလွယ်လို့ပေါ့ကွာ Lu ကပြောတယ် ငါ့အပေါ် အရင်က ချက်ချင်းလက်မခံခဲ့တာလဲ သူ့အစ်ကိုတွေကြောင့်တဲ့။ သူက အစ်ကိုတွေ ကြားမှာနေရတာဆိုတော့ သူလက်ထပ်ဖို့က သူ့အစ်ကိုတွေ သဘောတူမှအဆင်ပြေမှာတဲ့ ''

'' Luhan အမေကလဲ မွေးပဲမွေးနိုင်လွန်းတယ်ကွာ ၄ ယောက်တောင် အဲ့တာအပြင် တစ်ဝမ်းကွဲအစ်ကိုကပါ အဆစ်​ပါလာသေး ခယ်မဆိုလဲ တော်သေး ခုဟာက ယောက်ျားတွေကြီးပဲ။ ဒါကို Luhan က အငယ်ဆုံးဆိုတော့ ဘယ်သူ့ကိုမှ ပြန်ပြောလို့လဲမရ ခက်တာပေါ့။ ဒီကြားထဲ ဘယ်သူမှအစွံမထုတ်သေးတဲ့ လူပျိုကြီးတွေဆိုတော့ ပိုဆိုး Sehun မင်းအဖြစ်တော့ ငါမြင်ယောင်နေပြီ ''

Chanyeol အ​ပြောကြောင့် Sehun သက်ပြင်း အရှည်ကြီးချမိပေမယ့် ကိုယ့်ကိုကိုယ် ပြန် အားတင်းထားလိုက်တယ်။ ဘာပဲဖြစ်ဖြစ် Lu ကို လက်မလွှတ်ချင်ရင် ကျွန်တော် ရင်ဆိုင်ရတော့မှာပေါ့။

************************************
************************************

Thank u very much for reading 😄😄
Waiting vitamin feedbacks ☺☺

ဒီ fic ရဲ့ ဇာတ်​လိုက်​အ​ကျော်​အ​မော်​​တွေလာ​တော့မှာမို့ ​သေချာ​စောင့်​ဖတ်​ပါလို့ 😜😜

ဒီ​နေ့ အ​နော့်​ညီမ Xiuchen HC ရဲ့ Birthday မို့ အ​နော့်​ wall ​ပေါ်မှာ Xiuchen new fic ​လေး သူ့အတွက်​​မွေး​နေ့လက်​​ဆောင်​အ​နေနဲ့ တင်​ထားပါတယ်​။ အစအဆုံးတင်​ထားတာမို့ XC HC များ ဝင်​ဖတ်​​ပေးကြပါ​နော်​ ☺☺ sarahae all my readers 😍😍

Continue Reading

You'll Also Like

308K 27.8K 145
WARNING❗❗❗ (BL, Mpreg, Intersex) Summary သူ့အသက် ၁၈ နှစ်၌ ဖုန်ကျန်းရဲ့အဖေသည် တရားမဝင်သမီးတစ်ယောက်ကို အိမ်သို့ခေါ်လာခဲ့သည်။ သူ့ကို ကလေးဘဝထဲက သဲသဲလှုပ...
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
92K 8.6K 8
🚨Warning-Normalမဟုတ်ပါ BLပါ🤧🚨 Original author-Ke Le Ni Xing (可乐逆行) Associated Names-UCNS 是做卧底不是做大嫂 English Tra...
60.4K 15.7K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥