Fall In Love With Maknae

Por SeluDeerMoe

24.3K 2.4K 139

Only Hunhan yaoi short fic Supporting members - Kris , Suho , Xiumin , Lay , Kai , Chanyeol Comedy & romance Mais

Fall In Love With Maknae (2)
Fall In Love With Maknae (3)
Fall In Love With Maknae (4)
Fall In Love With Maknae (5)
Fall In Love With Maknae (6)

Fall In Love With Maknae

7.4K 513 23
Por SeluDeerMoe

မောဟိုက်နေတဲ့ ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်လာတော့ လမ်းမပေါ်မှာ ပြေးနေတဲ့ ခြေအစုံကို Sehun အရှိန်လျော့လိုက်တယ်။ ပြီးတော့ ဟန်မြစ်ဘက်ကို မျက်နှာမူကာ လေကို တစ်ဝရှုရှိုက်လိုက်တယ်။ တစ်ဖြူးဖြူး တိုက်ခတ်နေတဲ့လေက ချွေးအနည်းငယ်စို့နေတဲ့ ခန္ဓာကိုယ်ကို အေးမြသွားစေတာကြောင့် ဒီနေ့တစ်နေ့တာ အတွက် လန်းဆန်းသွားသလိုပင်။ ဒါကြောင့်မို့လဲ နေ့တိုင်းမပြတ် ဒီနေရာမှာ လာပြေးနေရခြင်းသာ . . . . ကျန်းမာရေးအတွက်လဲ အထောက်အကူပြုသလို သူ့အတွက်လဲ ကုမ္မဏီက Stress တွေ ခဏတာ မေ့ပစ်နိုင်တဲ့ အချိန်လေးမဟုတ်လား။

" ဘုတ် ''

ရုတ်တရက် အနားကို တစ်ခုခုပြုတ်ကျလာတဲ့ အသံကြောင့် Sehun ကြမ်းပြင်ကိုငုံ့ကြည့်မိတော့ မြေကြီးပေါ်မှာ ပိုင်ရှင်မဲ့နေတဲ့ ပိုက်ဆံအိတ်လေးတစ်အိတ်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်မိတော့ သူနဲ့ မလှမ်းမကမ်းမှာ Headphone တပ်ကာ ပြေးနေတဲ့ ကောင်လေးတစ်ယောက်ရဲ့နောက်ကျောကို တွေ့လိုက်ရတယ်။ Sehun လဲပိုက်ဆံအိတ်ကောက်ကာ ထိုကောင်လေးနောက်ပြေးလိုက်ရာ သိပ်မကြာခင် အနားရောက်လာခဲ့တယ်။

" Hey ဒီမှာ ''

အလိုက်သင့် သူ့နောက်က လိုက်ပြေးရင်း ခေါ်မိပေမယ့် ဘာမှ မတုံ့ပြန်တာမို့ Sehun စိတ်မရှည်တော့ဘူးလေ သူအလုပ်သွားရဦးမယ်မဟုတ်လား။ အလုပ်​နောက်ကျရင် ချစ်လှစွာသော သူငယ်ချင်းကြီးရဲ့ ပါးစပ်စက်သေနတ်ပစ်သံကြားရမှာလေ။ နားကျပ်တပ်ကာ ကြားပုံမရတဲ့ ကောင်လေးရဲ့ ပခုံးကို Sehun လှမ်းကိုင်လိုက်တယ်ဆိုတာနဲ့ မထင်မှတ်ထားတဲ့ အဖြစ်နဲ့ ရင်ဆိုင်လိုက်ရတယ်။ Sehun တစ်ကိုယ်လုံး လေပေါ်မြောက်တက်သွားကာ အငိုက်မိသွားတဲ့အခိုက်မှာ မြေကြီးပေါ်ကို ဘာကျခေါ်ရမှန်းမသိတဲ့ အကျနဲ့ မိတ်ဆက်လေပြီ။ မြေကြီးနဲ့ ကျောပြင်ထိသွားချိန်မှာ ပေါ်ထွက်လာတဲ့ ဘုတ်ခနဲမြည်သံနဲ့အတူ ကျောဖက်ဆီက စူးခနဲအောင့်တက်လာတဲ့ နာကျင်မှုကြောင့်

" အ .... သေပါပြီ ကျိုးကုန်ပြီလားမသိပါဘူး ''

အသံပြဲနဲ့အော်ကာ လက်ထဲကပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်တယ်။ အဖြစ်အပျက်တွေကမြန်ဆန်လွန်းတော့ Sehun သူဘာဖြစ်သွားတယ်ဆိုတာ memory ပြန်ခေါ်ရပြီလေ။ ဟုတ်တယ် သူကိုင်ပေါက်ခံလိုက်ရတာပါ။ လူတွေလဲ ကွက်ကြည့်ကွက်ကြည့်ဖြစ်လာတော့ Sehun ဒေါသက ငယ်ထိပ်ရောက်လေပြီ။ ဘယ့်နှယ် ပိုက်ဆံအိတ် လိုက်ပေးတဲ့သူကို လမ်းမလယ်မှာ ကိုင်ပေါက်ရတယ်လို့ လူကောင်ကသေးသလောက် ဇက မသေးတဲ့ ရှေ့က ကောင်စုတ်လေးရဲ့ မျက်နှာကို မော့ကြည့်တော့ ၀ိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေလေရဲ့

" Yarr!! မင်းက ဘာလို့ ငါ့ကို ကိုင်ပေါက်ရတာလဲ ''

" ခင်များကရောဘာလို့ ကျွန်တော့်ပခုံးကို လာကိုင်ရတာလဲ ''

" ဒီပိုက်ဆံအိတ် မင်းပြုတ်ကျသွားလို့ လိုက်ပေးတာ မင်းက အော်မကြားခေါ်မကြား ဖြစ်နေတော့ ငါက ပခုံးကိုင်ရတာပေါ့ ''

ပိုက်ဆံအိတ်ထောင်ပြကာ အော်ပြောလိုက်တာကြောင့် အဲ့တော့မှ အားနာသွားဟန်နဲ့ Headphone ကို ​ခေါင်းက​နေ လည်​ပင်း​ပေါ်​ပြောင်းချိတ်​ကာ သူ့ကို လာထူပြီး ရှိသမျှသွား ၃၂ ချောင်းလုံး ဖြဲပြနေလေတယ်။

" အယ် အဲ့ဒါ ကျွန်တော့်ပိုက်ဆံအိတ်ပဲ ဟီး sorry ပါဗျာ ရုတ်တရက်ကြီး ပခုံးလာကိုင်တော့ ကျွန်တော့်ကို အန္တရယ်ပြုမယ့်သူထင်ပြီး လက်စွမ်းပြလိုက်တာ ''

" အမလေး ကိုယ်တော်လေးရယ် မနက်ခင်းကြီး ဘယ်သူက ကိုယ်တော်လေးကို အကြမ်းဖက်မှာတဲ့လဲ ခုတော့ ကိုယ်တော်လေး လက်စွမ်းပြကောင်းတာ ဒီကကျွန်တော်မျိုးမှာ ခါးတောင်ကျိုးတော့မှာပါလား ''

Sehun ရဲ့ဘုဘောက်ပြောသံကြောင့် ရှေ့က ကောင်လေး ဇက်ပုသွားကာ

" တကယ်တောင်းပန်ပါတယ်ဗျာ အိမ်မှာက တိုက်ကွမ်ဒိုကို အချိန်ပြည့်သင် action ကားကို မူးမတတ်ကြည့်ရလွန်းလို့ အကျင့်တွေပါပြီး သတိလက်လွတ်ဖြစ်သွားတာပါ။ လာ ကျွန်တော်ဆေးရုံလိုက်ပို့ပေးပါမယ် ''

" နေ ... နေ ဘာမှမဖြစ်ဘူး ခုတော့ နာနေသေးလို့ ကားထိတော့ လိုက်ပို့ပေး ''

ကားနားရောက်တော့ ကောင်လေးကပဲ

" ကျွန်တော်ထပ်ပြီး တောင်းပန်ပါရစေ ကျွန်တော့်နာမည်က Luhan ပါ နောက်လမ်းမှာတွေ့ရင် ခေါ်ပါနော် ''

" ငါ့နာမည်က Sehun နောက်တစ်ခါ ဝေးဝေးက ခေါ်လိုက်ပါမယ်ကွာ မင်းလက်စွမ်းပြမှာ ကြောက်လွန်းလို့ ခုတော့ အချိန်မရှိလို့ သွားဦးမယ် ''

Sehun အ​ပြော​ကြောင့်​ Luhan ကပြုံးကာ

" Nae ပိုက်ဆံအိတ်အတွက် ကျေးဇူးပါ ကောင်းကောင်းသွားပါနော် ''

ကားနောက်ကြည့်မှန်ထဲမှာ မြင်နေရဆဲဖြစ်တဲ့ အပြုံးချိုချိုနဲ့ကောင်လေးကို Sehun ဆက်ကြည့်နေမိတယ်။ ဒီလို ချစ်စရာကောင်းတဲ့ အကောင်သေးသေးလေးက သူ့ကို တစ်ချက်တည်းနဲ့ ကိုင်ပေါက်လိုက်တယ်ဆိုတာ လူရီချင်စရာဖြစ်နေမှာပင်။

************************************

အဲ့နေ့ရုံးရောက်တော့ ထော့နင်းနင်းဖြစ်နေတဲ့ ကျွန်တော့်ကို ဝန်ထမ်းတွေက ကွက်ကျိကွက်ကျိ ကြည့်နေကြသလို Chanyeol ကလဲ လာမေးသေးတယ်လေ။

'' Yarr Oh Sehun ရုံးရောက်လဲ နောက်ကျသေးတယ် ခြေထောက်ကလဲ ပိုလီယို စွဲနေသလား အောင့်မေ့ရတယ် ဘာဖြစ်လာတာလဲ ''

'' လဒ မင်းဟာလေ ငါ့ကိုပြောရင် တစ်လုံးတစ်ခဲပဲ ဘာမှမဖြစ်ဘူး အပြေးလေ့ကျင့်ရင်းချော်လဲလာတာ ''

Sehun စကားကြောင့် Chanyeol က အံ့သြသလိုဖြစ်သွားကာ

'' ဟ မင်းက ချော်လဲတယ် ဟုတ်လား အစစအရာရာ သတိနဲ့လုပ်တဲ့မင်းက ချော်လဲတာ အကြောင်းရှိရမယ် မှန်မှန်ပြော ကောင်မလေးငမ်းတာ မဟုတ်လား ''

'' သေလေ မင်းလိုများမှတ်နေလား ချော်လဲပါတယ်ဆို အကျိုးအကြောင်း ရှင်းပြစရာလိုလို့လား။ အားယားနေလို့ သိချင်ရင် ကိုယ့်ဘာသာ စုံထောက်လုပ်စားပေတော့ ငါတော့ အလုပ်ရှိသေးတယ် ကြွတော့ ကိုယ်တော် ''

'' မင်းအဲ့လိုမပြောတာကိုက တစ်ခုခုပဲဆိုတာ ပေါက်လိုက်ြပီ ဟေ့ကောင်။ နှင်မထုတ်နဲ့ သွားမယ် နောက်လဲကျသေးတယ် ပြန်ငေါက်နေတယ် သူက ''

ပွစိပွစိပြောရင်း Chanyeol ထွက်သွားမှ Sehun လဲ သက်ပြင်းမှုတ်ထုတ်လိုက်တယ်။ Chanyeol ကို အမှန်တိုင်းပြောလိုက်ရင် ဟားတိုက်မှာ သေချာပေါက်ပင်။ အဲ့ဒါမို့ လိမ်ပြောလိုက်ခြင်းသာ။ ဒါပေမယ့် အဲ့ဒီ့ အလိမ်က မကြာခင်ပေါ်တော့မှာ ကျွန်တော် သိခွင့်ရရင် လေကုန်ခံမလိမ်လိုက်ပါဘူး . . . .

************************************

ကျွန်တော်နဲ့ Chanyeol က ကျောင်းပြီးတော့ ကိုယ်ပိုင်လုပ်ငန်းလေးလုပ်ချင်တဲ့ ဆန္ဒရှိတာမို့ တစ်ယောက်တစ်ဝက် ရှယ်ယာဝင်ထားတဲ့ ကုမ္မဏီလေး ထောင်ဖြစ်ခဲ့တယ်လေ။ ခုလဲ ကုန်ပစ္စည်းအသစ်အတွက် Photoshoot စီစဉ်ထားတာကို သွားကြည့်ရဦးမယ်လေ။ ကျွန်တော်တို့ ၂ယောက်လုံး ရိုက်ကွင်းရောက်တော့ ရိုက်တောင်ရိုက်နေကြပီ model ကတော့ ချောမောရုံမက ဓာတ်ပုံရိုက်လိုက်တိုင်း အကြည့်တွေ အပြုံးတွေ ဟန်ပန်တွေက professional ကျလောက်အောင် လိုက်ဖက်လွန်းတာကြောင့် ထွက်လာသမျှ ပုံတိုင်းလိုလို အမိုက်စားတွေချည်းသာ။ အသားညိုတယ် ဆိုပေမယ့် အဲ့အသားအရေကပဲ သူ့ရဲ့ Sexy ကျမှုကို ပံ့ပိုးပေးနေသလိုမို့ Chanyeol အရွေးတော်သားလို့ တွေးမိလိုက်တယ်။ အချိန်အနည်းငယ်လောက် photoshoot ထဲ နှစ်မြောနေရင်း shooting ခဏနားနေတုန်း ပွစိပွစိလုပ်နေတဲ့ အသံလေးကြားလိုက်ရတော့ Sehun အသာလှမ်းကြည့်မိရာ model ဆီကို ဘောက်ဆက်ဆက်လျှောက်သွားနေတဲ့ ကောင်လေးတစ်ယောက် . . . . .

'' ဟွန်း Hyung တို့များ မုန့်ဖိုးပေးဖို့ဆို သတိမရဘူး ခိုင်းဖို့ဆို နံပါတ်တစ်သတိရတာ ကျွန်တော်ပဲ ''

နှုတ်ခမ်းကို ထုံးစံအတိုင်းတစ်တောင်လောက်ပစ်ကာ လက်ထဲကအကျီကို model ဆီထိုးပေးတော့ model က သူ့နှုတ်ခမ်းပေါ် သူလက်ညှိုးတင်လျက်

'' ရှုး တိုးတိုးလုပ်ပါ Xiao Lu ရ ဒါ ရိုက်ကွင်းကွ အိမ်မှာမဟုတ်ဘူး မင်းဟာလေ နည်းနည်းလေးမခိုင်းလိုက်နဲ့ ဘဲနှုတ်သီးက ထွက်လာပြီ။ အိမ်မှာ မင်းပဲ အားတဲ့သူရှိတာ မင်းမခိုင်းလို့ ငါက အစ်ကိုကြီးကို ခိုင်းရမှာလား ''

model က ပြန်ပြောတော့ စောစောကထော်နေတဲ့ နှုတ်ခမ်းအပြင် မျက်နှာပါ မဲ့ရှုံ့သွားပြီး

'' Manager ခန့်ထားတာ ဘာလုပ်ဖို့လဲ
သူ့ကိုခိုင်းပေါ့ အိမ်ရောက်ရင် Hyung နဲ့ တိုင်ပြောမယ် ခိုင်းလဲခိုင်းသေးတယ် လူကိုလဲ ဘဲနှုတ်သီးတဲ့။ နောက်တစ်ခါ လာမခိုင်းနဲ့ လုံးဝမလုပ်ပေးဘူး ''

အဲ့တော့မှ model လဲ ခေါင်းကုတ်ကာ

'' Manager hyung က အလုပ်ရှုပ်နေလို့ပါ Xiao Lu ရာ မင်းလဲ ဒီနေ့ ကျောင်းပိတ်တော့ ခိုင်းလိုက်တာပါ။ Hyung တော့ သွားမချွန်လိုက်ပါနဲ့ ငါကိုက မင်းကိုခိုင်းမိတာမှားတာ မသိရင် ကြီးလေးတဲ့ အပြစ်လုပ်မိသလိုပဲ။ ဒီမှာ မုန့်ဖိုး ကျေနပ်ပြီလား ''

အဲ့တော့မှ ကောင်လေးက model လှမ်​ပေးနေတဲ့ ပိုက်ဆံကို ဇက်ခနဲ ဆွဲယူကာ အိပ်ကပ်ထဲ ခပ်တည်တည် ကောက်ထည့်လိုက်တယ်။ ခုနက ပုံစံလိုမျိုး မျက်နှာက ၈ခေါက်ချိုးမဟုတ်တော့ပေမယ့် နှုတ်ခမ်းကတော့ စူနေဆဲဖြစ်တဲ့ ထိုကောင်လေးကို ကြည့်ရင်း Sehun ပြုံးလိုက်မိတယ်။ မင်းက တကယ်မလွယ်တဲ့ ဟာလေးပါလား Luhan. . . .

'' Annyeon ''

Chanyeol ရဲ့ နှုတ်ဆက်သံအဆုံးမှာ model ရော ထိုကောင်လေးပါ ကျွန်တော်တို့ဘက် လှည့်ကြည့်လာကြတယ်။ Luhan ဆိုတဲ့ ကောင်လေးရဲ့ မျက်လုံးဝိုင်းကြီးတွေကတော့ ကျွန်တော့်ဆီမှာစုပုံကျလျက်ပေါ့။ အဲ့အကြည့်တွေကို အသည်းယားပါတယ်ဆိုမှ . . . . .

'' Annyeon Chanyeol shi ''

model က ပြန်နှုတ်ဆက်တော့ Chanyeol ကပဲ ဆက်ကာ

'' Kai shi ဒါက ကျွန်တော် ပြောပြောနေတဲ့ ကျွန်တော့်သူငယ်ချင်း Sehun ပါ Sehun ဒါက Kai တဲ့ ငါတို့နဲ့ ရွယ်တူပဲကွ ''

'' Nae တွေ့ရတာဝမ်းသာပါတယ် ''

'' Nae ကျွန်တော်လဲ ဝမ်းသာပါတယ် ''

Sehun တို့ လက်ဆွဲနှုတ်ဆက်မှုအပြီးမှာတော့ ခုနထဲကနှုတ်ဆိတ်ကာ စဉ်းစားခန်းဝင်နေတဲ့ Luhan တစ်ယောက် သူဘယ်သူဆိုတာ မှတ်မိပြီထင်ရဲ့ လက်ဖျောက်တီးကာ အော်ပြောလေပြီ

'' Sehun ဟုတ်တယ်မဟုတ်လား ဟိုနေ့က ဟန်မြစ်မှာ တွေ့ခဲ့တဲ့သူမဟုတ်လား ''

'' ထပ်တွေ့ရပြန်ြပီနော် မင်းနဲ့​တွေ့တိုင်း ​​မင်းစိတ်​ကြီးပဲ လုပ်​ချင်​ရာလုပ်​​တော့တာ ''

Sehun ရဲ့ ပြုံးကာဆိုလိုက်တဲ့ စကားကြောင့် ဘေးက Kai နဲ့ Chanyeol လဲ အံ့သြနေကြပြီလေ။ Kai ကပဲ

'' Xiao Lu နဲ့ သိနေကြတာလား ပြောတဲ့စကားအရဆို Xiao Lu မင်း ပြဿနာရှာမထားပါဘူးနော် ''

ထိုအခါ Luhan တစ်ယောက် ရှိသမျှသွားဖြဲပြကာ

'' ဟီး နည်းနည်းပါ Hyung ရာ ဟိုနေ့က ဟန်မြစ်မှာ သူ့ကို ကိုင်ပေါက်ထလိုက်တာ ''

Luhan ရဲ့မြန်ဆန်တဲ့အပြောကြောင့် မျက်လုံးပြူးသွားတာ ကျန်တဲ့သုံးယောက်ပင်။ Sehun ပြူးရခြင်းအကြောင်းကတော့ Chanyeol ပင်။ ထင်ထားတဲ့အတိုင်း ပြူးပြီး သူ့ကိုကြည့်နေပြီမဟုတ်လား မကြာခင် သူတော့ လှောင်ပြောင်ခံရပေဦးမယ်လေ။ Kai အကြည့်တွေကတော့ Luhan ဆီကျရောက်ကာ

'' Xiao Lu မင်းကွာ မျက်နှာပူစရာတွေ ဖြစ်ကုန်ပါပြီ။ တောင်းပန်ပါတယ် Sehun shi ကျွန်တော့်ညီက ဆိုးတယ်ဗျ ''

'' Hyung ကလဲ ကျွန်တော်ကပဲ မသိရင် လူဆိုးဖြစ်နေပြီ အဲ့ဒါက မတော်တဆပါ Sehun shi က ကျွန်တော့်ကို ပခုံးလာပုတ်တော့ လန့်ပြီးလုပ်မိသွားတာပါ ''

'' အဲ့ဒါမို့ ငါဘာပြောလဲ Kris Hyung လုပ်ခိုင်းတိုင်းလျှောက်မလုပ်ပါနဲ့လို့ ''

မကြာခင် တင်းမာလာမယ့်အခြေအနေအပြင် ပြိုတော့မယ့်မိုးလိုဖြစ်နေတဲ့ Luhan မျက်နှာကြောင့် Sehun ပဲ ကြားကနေ

'' ရပါတယ် Kai shi ကျွန်တော် စိတ်မဆိုးပါဘူး သူလဲ တောင်းပန်ပြီးပြီပဲ ''

'' Shooting ပြန်စမယ်ဟေ့ ''

ကင်မရာမန်းရဲ့ လှမ်းအော်သံကြောင့် Kai လဲ အဝတ်စားခန်းထဲ ဝင်သွားသလို Chanyeol လဲ အခြားထွက်သွားတာမို့ Sehun လဲ ဘေးနားက Luhan ကိုကြည့်ကာ ရီလိုက်တယ်။ Luhan ကတော့ ပေစောင်းစောင်းကြညြ့်ပီး

'' ဘာလို့ရီတာလဲဗျ ''

'' Ha Ha မင်း စိတ်ဆိုးနေတဲ့ပုံက ရီစရာကောင်းလို့လေ အဲ့နှုတ်ခမ်းက ဘာလို့ထော်လာတာလဲ ''

'' လာပြန်ပီ တစ်ယောက် နှုတ်ခမ်းထော်တာ ဘာဖြစ်လဲ ထော်ထော်ပဲ ဟွန့် . . . ''

ပြောလဲပြော ခေါင်းမော့ကာ ပိုထော်ပြလိုက်ပြီး အနားကလှည့်ထွက်သွားတဲ့ Luhan ကြောင့် Sehun လဲ Luhan နောက်လိုက်ကာ

'' ဘယ်သွားမလို့လဲ ''

'' အာ ပြန်မှာပေါ့ဗျ လာရင်းအလုပ်ကိစ္စ ပြီးပြီလေ ဒီမှာ ကျွန်တော့်အလုပ်မှ မရှိတော့တာ ''

'' ခဏခဏတွေ့နေတာ ရေစက်လို့ မထင်ဘူးလား။ ခင်မင်မှုအထိမ်းအမှတ်အနေနဲ့ မုန့်လိုက်ကျွေးချင်လို့ ''

ခဏစဉ်းစားနေဟန်ပြင်ြပီးမှ Sehun ကို ကြည့်ကာ

'' Ok သွားကြမယ်လေ ''

ကော့တော့ကော့တော့ထွက်သွားတဲ့ Luhan ကို နောက်ကနေကြည့်ပြီး Sehun အသည်းယားကာ တစ်ခုခုလုပ်ပစ်ချင်စိတ် ပေါက်နေပြီ။ ကြည့်ပါလား မုန့်စားဖို့ကို စဉ်းစားနေကာ အထာကိုင်လိုက်သေးတယ် မဟုတ်လား မသိရင် သူကပဲ မစားချင်သလိုလို။ Sehun ခေါင်းရမ်းလိုက်မိပေမယ့် အပြုံးတွေကတော့ ချိတ်ဆွဲလျက်။ ဒီတစ်ခါတော့ ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံချင်တော့ . . . . . . .

************************************

ဒီလိုနဲ့ Luhan ရဲ့တက္ကသိုလ်ရှေ့မှာ ကျွန်တော့်ခြေရာတွေ ထပ်လာခဲ့တယ်။ ကျောင်းကြို ကျောင်းပို့ တာဝန်ဟာ ကျွန်တော် နေ့စဉ်လုပ်ရမယ့် အလုပ်တစ်ခုဖြစ်လာခဲ့တယ်။ ကုမ္မဏီက Chanyeol ရဲ့ စက်သေနတ်ပစ်သံကိုလဲ အမြဲမပြတ်နားဆင်ရင်းပေါ့။ ခက်နေတာက လူဆိုးလေး Luhan ပေါ့ ကျွန်တော့်အချစ်ကို သိနေရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေခြင်းသာ။ ရလာတဲ့ ကျွန်တော့်ရဲ့ အခွင့်အရေးတိုင်းကို သူက ကြိုပိတ်ထားတတ်တဲ့ အရှောင်အတိမ်း ကောင်းလွန်းသူလေ။ သူ့သူငယ်ချင်းတွေက စနောက်ကြရင်တောင် ခပ်တည်တည်ပြန်တုံ့ပြန်တတ်သူကြီးပေါ့။ တစ်ခါတစ်ရံ အဲ့ပုံစံလေးကြောင့် ပိုမြတ်နိုးရပေမယ့် တစ်ခါတစ်လေကျတော့ သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာတစ်နေရာ မရှိလို့များလားလို့ အတွေးမျိုးဝင်လာတာမို့ ပူလောင်ရပြန်တယ်။ အဲ့လို ကျွန်တော့်ရဲ့ ပဟေဋ္ဌိတွေပြည့်နေတဲ့ ကောင်ဆိုးလေးပါ။

'' Luhan ဟိုမှာ မင်းရဲ့ ferry ကြီး အချိန်မှန်ပဲဟေ့ ''

သူငယ်ချင်းတွေရဲ့ စနောက်သံကြောင့် လှမ်းကြည့်တော့ ကျောင်းရှေ့မှာ ကားကိုမှီရပ်ကာ ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက် ထည့်ထားတဲ့ ဟိုလူကြီး Sehun ကို လှမ်းတွေ့လိုက်ရတော့ Luhan နှုတ်ခမ်းရွဲ့လိုက်မိတယ်။ ဘာမှမလုပ်တောင် smart ကျနေတဲ့ သူက ဒီလိုပဲပိနေမှတော့ ထင်းနေပြီပေါ့။ ကြည့်ပါလား ဖြတ်သွားဖြတ်လာ ကောင်မလေးတွေက ငေးကြည့်သွားရင် ဂုတ်လေးပွတ်ကာ ခေါင်းငုံ့ပြုံးနေတဲ့ပုံက ဆွဲထုချင်စရာကြီး။ ကျွန်တော့်ကို လာကြိုတာ သိရဲ့နဲ့ မိန်းကလေးတန်မဲ့ ငေးကြည့်တဲ့ မိန်းကလေးတွေကို အပြစ်တင်ရမလား သိပ်ပြည့်စုံလွန်းနေတဲ့ သူ့ကိုပဲ အပြစ်တင်ရမလား မသိတော့ချေ။ တစ်ခါတစ်လေ သူ့လက်ကို တွဲချိတ်ကာ ကျွန်တော့်အပိုင်လို့ လူတိုင်းကို ကြော်ငြာလိုက်ချင်ပေမယ့် အဲ့လိုလုပ်နိုင်ရဲ့သားနဲ့ ကျွန်တော်ကိုယ်တိုင် တားဆီးနေတာ မဟုတ်လား။ သူငယ်ချင်းတွေ မသိအောင် သက်ပြင်းချမိလိုက်တယ် ဒါပေမယ့် သက်ပြင်းတောင်မဆုံးလိုက် ရုတ်တရက် လက်ကိုလာဆွဲထားတဲ့ လက်လေးတစ်ဖက်ကြောင့် Luhan အပါအဝင် သူငယ်ချင်းတွေပါ လှည့်ကြည့်လိုက်တော့ အားလုံးမျက်လုံးပြူးသွားကြကာ

'' Hana !! ''

မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းကို တွေ့လိုက်ရတော့ အားလုံးပါးစပ်က တစ်ပြိုင်ထဲ ထွက်လာကြတယ်။ Hana ကလဲ မျက်လုံးလေးများမှိတ်တဲ့အထိ ရီနေလေရဲ့။

'' Hana နင်ဘယ်တုန်းက ပြန်ရောက်တာလဲ ''

'' မနေ့ကဟ ကျောင်းပိတ်တုန်း ပြန်လာတာ နင်တို့ကိုတွေ့ချင်လို့ ဒီနေ့လာခဲ့တာ အံ့သြသွားတယ်မဟုတ်လား။ Yar! Luhan နင်က ငါ့ထက်တောင် ပိုချောလာသလိုပဲ ''

Luhan ပါးနှစ်ဖက်ကိုဆွဲကာ ပြောလဲပြော လူကိုပါဖက်လိုက်တော့ Luhan လဲ Hana ကိုပြန်ဖက်ကာ ပြုံးလိုက်မိတယ်။ Hana နဲ့က ငယ်ငယ်ထဲက ပေါင်းလာတဲ့အပြင် အိမ်ချင်းကလဲနီးတော့ နိုင်ငံခြားကျောင်းသွားမတတ်ခင်ထိ ပြောမနာ ဆိုမနာတွေ။ အမှန်ဆို သူလဲ သတိရနေခဲ့တာ မဟုတ်လား။ ဖက်ြပီးမှ ရုတ်တရက် အတွေးထဲ ဝင်လာတာက ဟိုလူကြီး Sehun . . . .

************************************
************************************

Thank u very much for reading 😍😍
Waiting vitamin feedbacks 😊😊

အ​နော့်​ BD မို့ ဒီ fic ​လေးကို အမှတ်​တရ စတင်​ချင်​လို့ ကြိုးစားပြီးတင်​​ပေးလိုက်​ပါတယ်​။ update ​နောက်​ကျခဲ့ရင်​လဲ နားလည်​​ပေးပါ​နော်​ 😜😜 ဒီ fic ​လေးက အခန်းအများကျိ​တော့ မပါ​လောက်​ပါဘူး။ သ​ဘောကျလိမ့်​မယ်​လို့ ​မျှော်​လင့်​ရင်း 😍😍 Sarahae ​all my readers 😘😘

Continuar a ler

Também vai Gostar

92K 8.6K 8
🚨Warning-Normalမဟုတ်ပါ BLပါ🤧🚨 Original author-Ke Le Ni Xing (可乐逆行) Associated Names-UCNS 是做卧底不是做大嫂 English Tra...
925K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
620K 51K 46
冰山男的猎物 Eng Title : Iceberg Man's Prey Author:乌蒙小燕 (Wumeng Xiaoyan) Status in Original Country: 11 chapters (Complete) Genres: Sadist, BL, Smut, Moder...
205K 27K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...