🌴အမွှေစိန်တို့ရွာ🌴
🌴အပိုင်း[၁၆]🌴
ရီဖန့်ဆရာမအိမ်ရောက်လာကတည်းက
ဒင်းကို ကျူ.ပ်သိပ်ကြည့်မရလှ။
တစ်ယောက်တည်းကို ပြာယာခတ်နေတာ
ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိတာ။
အခုပဲကြည့် ရီလေးနဲ့မိရှု ထမင်းခူးခပ်နေတာ
တောင် ဒင်းကလောကွပ်ချော်ပြီး ဟိုခိုင်းသည်ခိုင်း။
မြင်ပျင်းတော်တော် ကတ်လာပြီမို့...။
"su~~တော် ကိုသူကြီး ငြိမ်ငြိမ်ထိုင်မနေနိုင်
ရလောက်အောင် တော့်ဖင်ပုရွတ်ဆိတ်ကိုက်
နေလို့လား?"
"chen~~မင်းကြီးတော်ကြီး ပုရွတ်ဆိတ်ကိုက်
ပါလား? ဆရာမလေးကို ထမင်းကျွေးမလို့
လိုအပ်တာတွေ စုံပြီးလားလို့ စစ်ဆေးနေတာ"
"su~~အဲ့ဒါတော့အလုပ်လား? ကိုယ့်နေရာ
ကိုယ်မနေဘူး ဟွန်း ! မျက်စိထဲတော့ ထောင့်
သိပ်မတည့်တော့ဘူး"
"chen~~မတည့်လဲနေကွာ ဟဲ့ ရီလေး နင့်အစ်မ
ရီဖန့်ရော"
"xing~~ရွှေ အဲ ဆရာမလေးနဲ့ အပြင်ထွက်
သွားတယ် သူကြီး"
"chen~~အာ ဒီကလေးမကတော့ ညနေစောင်း
နေပြီ ထမင်းကျွေးရမယ်ဆိုတာ နားမလည်ဘူးလား?
ခက်တယ် တကယ် ခက်တယ်"
"su~~ခက်နေတာက ရှင်! အပေါ်မော့ကြည့်
နေတောင်မစောင်းသေးဘူး လောကွပ်တွေ
ချော်နေတာ"
"chen~~ဟ အိမ်ရှင်ဆိုတာ အလိုက်သိရတယ်လေ!
ဧည့်သည်မပြောခင် ကျွေးရမှာပေါ့!"
"xiu~~ဦးရီးကလည်း သူတို့မြို့မှာက အဲ့လို
စောစောစီးစီးမစားဘူး"
"chen~~နင်ကမြို့ရောက်ဖူးလို့လား?"
"xiu~~ဟီး ဇာတ်ကားထဲမှာ ကြည့်ဖူးတာပြောတာ"
"xing~~သွားရှည်နေပြန်ပြီ ကိုယ့်အလုပ်
ကိုယ်မလုပ်ဘူး တော်ကြာ ဟိုကစိတ်မရှည်ရင်
နေရင်းထိုင်ရင်း ၆ပေါက်စာမိနေအုန်းမယ်"
"xiu~~သိပါတယိဟယ် နင်ကလည်း ရမလား
လို့ပြောကြည့်တာ"
"chen~~မဟုတ်သေးပါဘူး ပြန်လာသင့်ပြီ"
"su~~ကိုချမ်း တော့်ကိုကျူ.ပ် ထလုပ်မိတော့
မယ်နော်! အချိန်တန်ပြန်လာမှာ တော်သမီးက
ဒီရွာသူ သူဒီလောက်တော့ သွားတတ်တယ်"
"chen~~ရီဖန်က အူကြောင်ကြားရယ်!
မဖြစ်ပါဘူးကွာ ငါလိုက်သွားမှပါ"
လှမ်းဆွဲဖို့တောင် မမှီလိုက်။
ဘယ်အချိနါကတည်းက လိုက်ချင်တာ
ရွနေတယ် မသိ။
ဟွန်း တွေ့မယ် ကိုသူကြီး တော်လည်းပြန်လာရင်
ထိပ်တုံးပဲ!!
ကို့ယို့ကားယားမိန်းမ အဝတ်အစားဝတ်ထား
ရတာကလွဲရင် အရာရာအားလုံးက ပျော်စရာ။
ငခိုင့်ထန်းတောထဲမှာ ထိုင်ပြီးစကားဖောင်
ဖွဲ့နေတာ နေစောင်းလို့စောင်းမှန်းမသိ။
"baek~~ဟျောင့် ရော့ချကွာ"
ငဘတ်အရှေ့ချပေးသည့် ထန်းရည်ခွက်အား
မြင်တော့ အကျင့်ဖြစ်ပြီးသား လက်တွေက
အဖော်ညှိစရာမလို။
"yifan~~ဘာကိုသောက်မှာလဲ? ကိုယ့်ပုံစံ
လည်း ကိုယ်ပြန်ကြည့်အုန်း"
"yeol~~နည်းနည်းလေးပဲ"
"yifan~~မရဘူး"
"baek~~ဖန့်ကလည်းဟာ ငါတို့ကောင်ကြီးက
ဒီလောက်နဲ့ မမူးပါဘူးဟ"
"kai~~ဟုတ်တယ် ငါအာမခံတယ်"
"hun~~ငါရောပဲ"
"yifan~~မူးမူးမမူးမူးမရဘူး ဒါပြဿ နာတတ်မယ့်
အပေါက်ကြီးလေ!;တစ်တတ်စားလည်း ကြက်သွန်
နှစ်တတ်စားလည်း ကြက်သွန်ပဲ အနံ့ကထွက်မှာက
ထွက်မှာပဲ"
"yeol~~မထွက်စေရဘူးလေ နော်နော်"
"yifan~~ရွှေရိုး"
နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးတဲ့!
ပြာကျနိုင်လောက်တဲ့ သူမနဂါးမျက်စောင်း
တွေအောက်မှာ ကိုင်ထားတဲ့ခွက်အား မသိမသာ
လေး လွှတ်လိုက်သည်။
"yeol~~ငဘတ် နောက်မှပဲကွာ"
ထိုင်နေရာမှ ထကာသူမအား မစောင့်ပဲ
အရှေ့မှထထွက်လာတော့ သူမအပြေးတပိုင်း
လိုက်လာသည်။
"yifan~~ဒါက ဘာလဲ? စိတ်ဆိုးတာလား?"
"yeol~~မဆိုးပါဘူး နင့်ကိုစိတ်ဆိုးပိုင်ခွင့်ရော
ငါ့မှာရှိလို့လား?"
"yifan~~နင်ငါ့ကို မရွဲ့နဲ့ရွှေရိုး အဲ့လောက်သောက်
ချင်တယ်မလား? လာ သွား သောက်မယ် လာ"
"yeol~~ရီဖန့်ဘယ်လိုဖြစ်နေတာလဲ? သောက်တော့လည်း သောက်လို့ နင့်စိတ်ကြိုက်
မသောက်ပြန်တော့လည်း ရွဲ့တယ် ကဲ ငါဘယ်လို
နေပေးရမလဲ ပြော"
"yifan~~ရွှေရိုး နင်ငါ့ကို စိန်လာမခေါ်နဲ့နော်"
"yeol~~မခေါ်ရဲပါဘူး နင်ငါ့ကိုပြတ်နိုင်မှန်း
ငါသိပါတယ် ငါကသာ မပြတ်နိုင်လို့ နင့်ဘေးမှာ
ဒီလိုပုံစံနဲ့နေနေတာ"
"yifan~~ထန်းရည်တစ်ခွက် အတွက်နဲ့ နင်နဲ့ငါဒီလောက်ထိ စကားများနေဖို့လိုလို့လား ရွှေရိုး"
"yeol~~ထန်းရည်တစ်ခွက် အဲ့တန်ဖိုးလောက်ပဲ
နင်မြင်တာကို! ငါ့သူငယ်ချင်းတွေ ဘယ်လိုမြင်
သွားမလဲ နင်မတွေးမိဘူးမလား ရီဖန့်"
"yifan~~နင့်သူငယ်ချင်း သူတို့အားလူံးက
ငါ့သူငယ်ချင်းတွေပဲ နင်ကျန်တဲ့အချိန် ထန်းရည်အိုးထဲပဲခေါင်းနစ်နေနစ်နေ ငါဘာ
တစ်ခွန်းပြောဖူးလို့လဲ? အခုဟာက ငါတို့ကြိုးစား
ထားတဲ့ အရာအားလုံး မြောင်းထဲရောက်ကုန်မှာ"
"yeol~~ငါမှားသွားတယ်ဆိုရင် ငါတောင်းပန်
တဟ် ရီဖန့်! ငါနင်နဲ့ထပ်ပြီး အချေအတင်မဖြစ်
ချင်တော့ဘူး လာပါ ပြန်ကြရအောင်"
သူကမ်းပေးသည့် လက်အားကျွန်မဆုတ်ကိုင်
လိုက်ရင်း.........။
"yifan~~ငါ့စိတ်ကိုနားလည်ပေးပါ ရွှေရိုးရယ်"
"tao~~ဖန့် ဖန့် "
နောက်ကနေ တကြော်ကြော်အော်ကာ ပြေးလိုက်လာသည့် အသံကြောင့် လှမ်းနေသည့်
ခြေလှမ်းတွေအား ခြေစုံရပ်ပစ်လိုက်သည်။
"tao~~ဟဲဟော ဟဲဟော"
"yifan~~ဟဲ့ ဘာလဲ?"
"tao~~ပြောဆာချိလို့ ဒါနဲ့သူက..."
"yifan~~ငါ့ဆရာမလေ မြို့ကလာတာ"
"tao~~အော် ဆရာမကချောတယ်နော်ဟီး"
"yeol~~အယ်တော် ဘယ်လိုလား?"
"tao~~ဆရာမကျွန်တော့်နာမည်က အတာအိုးပါ
ဟီး ဒီရွာမှာအချမ်းသာဆုံး ရွာမျက်နှာဖုံးရဲ့သား"
ဟွန်းးအတာအိုး မင်းငါ့ကိုမမှတ်မိနိုင်
လောက်အောင် ဘယ်လိုများမွှန်နေတာပါလိမ့်!
"yeol~~nice to meet you"
"tao~~ဟမ် နှိုက်တူမိယု ဟုတ်လား အာ့ဘာလဲ?
မိယုကိုနှိုက်ရမယ်လို့ ပြောတာလား? အာ မလုပ်
ပါနဲ့ဆရာမရာ မယုနှိုက်တော့ သူ့လင်သာကျော်
ကျူ.ပ်လိုက်သတ်မှာပေါ့လို့"
"yeol~~အိုက်စ် ဘယ်လိုလူလဲ? E language
ကိုမသိဘူးလား?"
"tao~~အီး အာ ဆရာမကလည်း အဲ့ဒါရွံစရာဗျ"
"yifan~~ဟဲ့ english အင်္ဂလိပ်ဘာသာကို
ပြောတာဟဲ့"
"tao~~နို့သိမှသိပဲကို"
"yeol~~နို့မသိ လှန်ကြည့် ရော့"
"tao~~ဆရာမက သဘောကောင်းတယ်နော်ဟီး"
"yeol~~ဟဲ့အကောင် ဘာလဲ?"
"tao~~နို့မသိရင် လှန်ကြည့်ဆို"
"yeol~~ဟဲ့ လှန်ကြည့်ဆိုတာ နင့်နို့နင်ပြောတာ
ငါ့လာလှန်တော့ ပါးရိုက်လိုကိမှာပေါ့"
"yifan~~ဟဲ့ အတာအိုး နင်ငါ့ကိုပြောစရာ
ရှိတယ်ဆို ပြောလေ"
"tao~~အော် အေး ဆရာမ အလှမှာမျောသွားတာ
နဲ့ မေ့သွားတာ! နင့်ရွှေရိုးကြီး ဒီရွာကလွင့်သွားပြီဆို"
"yifan~~ဘာလဲ လွင့်တာ"
"tao~~ရွာကထွက်သွားတာကို ပြောတာ"
"yifan~~ဟဲ့ ရွှေရိုးက ငါ့အနားမှာ အမြဲတမ်း
ရှိတယ်ဟဲ့"
"tao~~တော်စမ်းပါဟာ အလကားအကောင်
ပါ မိန်းမတစ်ယောက်ကိုတောင် တင့်တောင်း
တင့်တယ် မယူနိုင်တဲ့ကောင်"
"yeol~~ဒီမှာ အဲ့ကိစ္စမင်းနဲ့ဘာဆိုင်လို့လဲ?
လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ အပေါ်
ယံမျက်စိတပြေး မကြည့်စမ်းပါနဲ့ မျက်စိတစ်ဆုံး
ကြည့် တကယ်ပိုင်ဆိုင်ရတဲ့သူကမှ အရည်အချင်း
ရှိတာဟဲ့"
"tao~~ဆရာမမမက အဲ့လိုထင်တာလား?
ဟီး ဟုတ်တယ်နော် ရီဖန့် နင်ရွှေရိုးနောက်
လိုက်သွားတော့သိလား? ငါနင့်ကိုမချစ်တော့ဘူး။
ငါ့ရင်ခူန်သံအစစ်လေးက အခုမှစတင်တာ"
ရွှေရိုးအား မျက်စပစ်ပြကာ ပြောနေတဲ့
အတာအိုးကြောင့် ကျွန်မမရယ်မိအောင်
မနည်းထိန်းထားရသည်။
"yifan~~အေးပါဟယ် ကျေးဇူးတင်ပါတယ်"
"yeol~~ဟဲ့ကောင်လေး နင့်မျက်လုံးတွေ
ဘတ်ဂီယာ ပြန်ထိုးစမ်း! ငါမနေတတ်တော့ဘူး"
"chen~~ဘာတွေမနေတတ်တာလဲ "
"yeol~~ဟယ် သူကြီး"
လာပြန်ပြီတစ်ယောက် ကိုယ်ယာကိုယ်ချစ်သူ
လေးနဲ့ ငြိမ့်ပါမယ်ဆိုနေမှ ဟူးး။
"chen~~ဟျောင့် အတာအိုး မင်းကဒီမှာဘာ
လုပ်နေတာလဲ?"
"tao~~ဆရာမမမကို နှုတ်ဆက်နေတာ"
"chen~~ဘာ! ငါ့ဆရာမသွားမယ့် လမ်းမှာ
မင်းကနှောင့်ယှက်ရဲတယ် ဟုတ်လား?"
"tao~~ငါ့ဆရာမ သူကြီးကတော် ဒေါ်ခင်စုနဲ့
သွားတိုင်မယ်"
"chen~~ဟျောင့် နေဦးလေကွာ! မင်းနဲ့ငါက
တစိရွာတည်းသားချင်း ပြီးတော့မင်းကငါ့တူ
လိုသားလို ဖြစ်နေတော့ အဲ့လိုမလုပ်နဲ့လေကွာ"
"tao~~မရဘူး"
"chen~~အောင်မာ မင်းကိုငါကလေပြေ
သွေးနေလို့ ရောင့်တတ်နေတယ်ဟုတ်လား?
လာခဲ့ မင်းမတိုင်ခင် မင်းအပေါက်ကို ငါပိတ်
ပေးမယ်လာ"
"tao~~ဟင့်အင်း ကျွန်တော်သွားတော့မယ်နော်
မမနောက်မှလာမယိနော် ဟီး"
"chen~~သွားမှဖြင့်မသွားဘူး ငါဖနောင့်နဲ့
လိုက်ပေါက်လိုက်ရ"
ပုဆိုးအားမကာ ခြေတစ်ဖက်ကြွပြီး ဆောင့်ကန်
မည့်ဟန်လုပ်မှ သကောင့်သား ပြေးလိုက်တာများ
တန်းလို့!
"chen~~အဲ့လိုပဲ အဲ့ကောင်က မိန်းမမြင်ရင်
မရဘူးဟဲဟဲ"
"yeol~~ဟွန့် မထူးမခြားမနားပါပဲရှင်"
..............................Thank for reading..............................