Fan Boy Is Just A Fan Boy
By mhuu99
18.7K 2.1K 135
This fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ fee... More
Fan Boy Is Just A Fan Boy Ch-1
Fan Boy Is Just A Fan Boy Ch-3
Fan Boy Is Just A Fan Boy Ch-4
Fan Boy Is Just A Fan Boy Ch-5
Fan Boy Is Just A Fan Boy Ch-6
Fan Boy Is Just A Fan Boy Ch-7
Fan Boy Is Just A Fan Boy Ch-8
Fan Boy Is Just A Fan Boy Ch-9
Fan Boy is Just A Fan Boy Ch-10
Fan Boy is Just A Fan Boy Ch-11
Fan Boy Is Just A Fan Boy Ch-12
Fan Boy Is Just A Fan Boy Ch-13
Fan Boy Is Just A Fan Boy Ch-14
Fan Boy Is Just A Fan Boy Ch-15
Fan Boy Is Just A Fan Boy Ch-16(The Last Part)
Fan Boy Is Just A Fan Boy Ch-2
1.3K 152 3
By mhuu99
Unicode (Zawgyi below)
Jaehyun 's POV
ကျနော်အိပ်ရာထတာ ၅နာရီ
အခုမနက် ၆ခွဲ ပြီ
Fan sign ကမနက်၉နာရီ
၂နာရီခွဲလောက်ကျန်သေးတဲ့အချိန်ကိုတောင် ကျနော်သောသေးတယ်လို့မထင်မိ။
လက်ထဲမှာကိုင်ထားတဲ့အသားရောင်ဝက်ဝံရုပ်လေးကိုတစ်ချက်ကြည့်လိုက်ပြီး ဒီအရုပ်လေးကိုသာ Taeyong လက်ခံခဲ့မယ်ဆိုရင်ကျေနပ်ပြီဆိုတဲ့အတွေးကကျနော့်ကိုစိတ်ပူစေသလိုပျော်လည်းပျော်ခဲ့တယ်။ မနက်လေအေးကကျနော့်မျက်နှာကိုလာရိုက်ခတ်နေလို့ပိုအေးနေသလိုလိုထင်ရတယ်။ အမှန်တော့ ကျနော်ဟာအအေးမခံနိုင်တဲ့သူမဟူတ်တာကြောင့်မနက်တိုင်းကျောင်းသွားရင်တောင်အပေါ်ရုံအကျိၤဝတ်ဖို့မလို။ ဒီနေ့မှာရင်တွေခုန်ပြီး တကိုယ်လုံးအေးစက်နေသလိုခံစားနေရတယ်။
လေအေးနဲ့အတူမနက်၆နာရီကျော်မို့လို့ မဖွင့်တဖွင့်ဆိုင်တချို့ကိုတရိပ်ရိပ်နဲ့ဖြတ်လျှောက်လာခဲ့တယ်။
Close ဆိုတဲ့ဆိုင်းဘုတ်သေးလေးကို မှန်သားနဲ့လုပ်ထားတဲ့ဆိုင်ရှေ့တံခါးမှာချိတ်ထားတဲ့ ကျနော်အချိန်ပိုင်းအလုပ်လုပ်နေကျဆိုင်လေးကိုတစ်ဖက်ကမ်းကနေလှမ်းမြင်လိုက်တယ်။ အစိမ်းနဲ့အဝါအစင်းကြားအမိုးလေးကိုဆိုင်ရှေ့ထုတ်မိုးထားတဲ့ Sense Pizza ဆိုင်ဟာတိတ်ဆိတ်နေလေရဲ့။ အဲ့Pizza ဆိုင်မှာ ညနေဆိုင်း အနေနဲ့အချိန်ပိုင်းအလုပ်ဝင်လုပ်တာ ၅လလောက်ရှိပြီ။
စင်ကာပူမှာ တရုတ်စကားကိုအဓိကထားပြီးပြောဆိုကြတာမို့လို့ကျနော့်လို တရုတ်စကားနည်းနည်းပဲတတ်တဲ့သူအတွက်တော့ waiter လုပ်ရတာအခက်အခဲလေးတော့ရှိတယ်။ ဒါပေမယ့် ဆိုင်အတွင်းသုံးနေကျတရုတ်စကားနဲ့ ဧည့်သည်တွေပြောတတ်တဲ့တရုတ်စကားတွေကိုရေရေလည်လည်နားလည်အောင်ကျက်မှတ်ထားလို့အခုလို၅လလောက်ကြာလာတော့အတော်လေးကိုအဆင်ပြေလာတယ်။
အမှန်ဆို ဂျပန်မှာ ကျောင်းနေတုန်းကပညာရေးအခြေအနေအသင့်တင့်ပဲရှိတဲ့ကျနော့်လိုကျောင်းသားဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာလည်း အဖေအမေ မျှော်မှန်းထားသလိုဖြစ်မလာခဲ့တာမထုးဆန်း။ ဒါ့ကြောင့်လည်းမွေးရပ်မြေ ဂျပန်ကနေ စင်ကာပူကိုကျောင်းတက်ဖို့ကိစ္စနဲ့လွင့်လာခဲ့တာ။ စင်ကာပူ ဆိုတာကျနော့်အတွက်တော့ကျောင်းတက်ပြီးစာကြိုးစားရမယ့်နေရာချည်းသင်သက်။ ကျောင်းစရိတ်အတွက် အဖေ အမေကဂျပန်ကနေထောက်ပံ့တဲ့အပြင် စားဝတ်နေရေးစရိတ်ပါအပိုသက်သက်ထပ်ပေးသေးတယ်။ အချိန်ပိုင်းအလုပ်လုပ်ဖို့ဆိုတာလုံးဝစိတ်ကူးမရှိခဲ့သလို လုပ်ဖို့လည်းမလိုခဲ့ဘူးလေ။
kpop ဆိုတာကိုရူးမူးနေတဲ့သားက albumတွေအပြင်ဟိုဝယ်ဒီဝယ်လုပ်မှာစိုးလို့ဆိုပြီး စားဝတ်နေရေးစရိတ်ကိုကွက်တိ ကွက်တိပေးတတ်တဲ့ အဖေကြောင့် ကျနော်မှာရွေးချယ်စရာမရှိတော့။ ပိုဆိုးတာက Taeyong ကကျနော့်ဘဝထဲဝင်လာတော့ ကွက်တိဖြစ်နေတဲ့စရိတ်ကိုချွေတာပေမယ့် ပိုတာက ကလေးမုန့်ဖိုးလောက်တောင်မရှိတဲ့ စင်ကာပူဒေါ်လာ ၂ ၃ dollar လောက်။ 7th Sense Album ကိုမက်မောနေခဲ့တဲ့ အချိန်မှာပေါ့လေ။ ဂျပန်ကမိဘအိမ်ကိုပိုက်ဆံမလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်လေးနဲ့ပြောကြည့်ပါလား။
ကျနော့်အကြောင်းကောင်းကောင်းသိနေတဲ့ မိဘ၂ပါးဟာ မိုးမီးလောင်မယ့်အပြင် ဒီဘရုတ်သုပ်ခ အဖွဲ့ကိုမကြိုက်ဖို့တရားရေအေးတိုက်ကျွေးရင်ကျနော်အဲ့နေ့အိပ်လို့ရတော့မှာတောင်မဟုတ်မှန်းသိနေတယ်။ ဒါတောင်ဖုန်းထဲကပြောတာအားမရရင် စင်ကာပူအထိလိုက်လာပြီးတော့ ပွစိပွစိနဲ့ပါးစပ်ကအမြုပ်မထွက်မချင်းဆုံးမမှာသေချာသိနေတယ်လေ။ အတော်ရင်းရင်းနှီးနှီးခင်တဲ့သူငယ်ချင်းဆိုတာကလည်း ကျနော့်လိုကြောင်တောင်တောင်လုူမှာ ၃ယောက်ထက်ပိုမရှိဘူး။ ရှိတဲ့၃ယောက်ကလည်း ကပ်စေးနှဲမုန့်ထက်တောင်ပိုကပ်တဲ့သူတွေ။ ပိုက်ဆံဆိုတာဘဝလို့သတ်မှတ်ပြီး ပိုက်ဆံနောက်ပဲလိုက်နေတဲ့သူတွေ။ သူတို့၃ယောက်ရှေ့မှာတောင်ဒူးထောက်ပြီးချေးခဲ့တာတောင်ငွေကထင်သလောက်မရဘူး ၃ယောက်ပေါင်းမှ စင်ကာပူဒေါ်လာ ၃၀ အဲ့၃၀တောင်မှသေသွားရင်တောင်အုတ်ဂူကိုထွင်းပြီးလိုက်တောင်းမယ်လုပ်နေလို့ မနည်းတောင်းပန်ထားရသေးတယ်။
လက်ထဲကဒေါ်လာ၃၀နဲ့ မရှိမဲ့ရှိမဲ့ကုတ်ခြစ်စုထားတဲ့ပိုက်ဆံပေါင်းရင်တောင်မဝယ်နိုင်သေးတဲ့ album ကြောင့်အိပ်မပျော်ခဲ့တဲ့ညတွေရှိခဲ့သေးတယ်။
နောက်ဆုံး Pizza ဆိုင်မှာအလုပ်ဝင်လုပ်ရတဲ့အထိ NCT and Taeyong ကိုရူးသွပ်ခဲ့တယ်လေ။
အချိန်ပိုင်းအလုပ်ဝင်လုပ်တယ်ဆိုတာကို အဖေသိသွားကြည့်ပါလား သေတဲ့အထိရိုက်သတ်ခံရမှာ။ အလုပ်ဝင်လုပ်ရခြင်းအကြောင်းကလည်း ကိုယ့်စရိတ်ကိုယ်ရှာဖို့မဟုတ်ဘဲ album ဝယ်ဖို့ဆိုတော့ပိုပြီးရိုက်သတ်ချင်စရာဖြစ်နေတာပေါ့လေ။
Taeyong and NCT ပိုစတာတွေကိုတောင်နံရံမှာမကပ်ရဲတဲ့ဘဝနဲ့ သူတို့တွေကို supportနေရတာ။ စားပွဲတင်ပြက္ခဒိန်တောင်မှပဲ သူတို့ရဲ့ season greeting နဲ့မှ စားပွဲပိုလှတယ်လို့ထင်နေတဲ့ ကျနော်ဟာအတော်လေးကိုရူးနေပြီဖြစ်တဲ့ fan boy တယောက်ပါ။
တခါတလေ စာကျက်နေရင်းနဲ့တောင် Taeyong အကြောင်းတွေးမိရင်ကျက်နေတဲ့စာရော ၊ ကျက်ထားတဲ့စာရော စက္ကန့်ပိုင်းအတွင်းမှာပင် ကျနော့်ခေါင်းထဲကနေ အာကာသဘက်ကိုလွင့်ထွက်သွားတတ်တယ်။
တခါတလေတောင် ယောကျ်ားလေးဖြစ်နေလျက်နဲ့ Taeyong နဲ့ပက်သက်ရင်စိတ်ကူးယဉ်လာတတ်တာတွေက ထိန်းချုပ်နေရင်းနဲ့တောင်ဖြစ်နေတတ်တာ။
The 7th Sense album ရတဲ့နေ့က ကျနော်အရမ်းစိတ်လှုပ်ရှားနေခဲ့တာ။ မသိရင် NCT U ကိုယ်တိုင်ပဲကျနော့်ကို album ကြီးလာပေးတော့မလိုလို။ album ရရချင်းနေ့က ကျောင်းမှာမဖြစ်မနေအချိန်ပိုတက်နေရတာကြောင့် လွယ်အိတ်ထဲက album ကိုပဲခဏခဏစိုက်ကြည့်နေခဲ့ရတာ။ အရှေ့ကဆရာကသင်ချင်တာသင် ၊ ကျနော့်စိတ်ကရောက်ချင်တဲ့နေရာရောက် ဆိုသလိုပါပဲ။ အဲ့နေ့ကဆရာသင်တာဘာတလုံးမှ မသိလိုက်သလို စာအုပ်ကလည်းရှင်းရှင်းလင်းလင်းနဲ့မင်တစ်စက်တောင်မစွန်းဘဲပြန်ပါလာတယ်။
အဆောင်ရောက်တာနဲ့ကျနော်ကိုယ်တိုင်တောင်အမောမဖြေနိုင်ဘဲ album ကိုအမြန် အမြန်ဖွင့်ကြည့်လိုက်တယ်။ Taeyong photo card ကိုမြင်လိုက်ချင်းမှာတင်အသက်ရှူရပ်သွားတယ်။ မောနေတဲ့ကြားထဲကအသက်ရှူပါရပ်တယ်ဆိုတာ သေမလောက်ဖြစ်သွားတဲ့ဖြစ်ရပ်။ "ဒီလိုပဲဖြစ်ရမယ်လေ ဒါဟာဖူးစာပဲ" လို့တောင်နှုတ်ကရေရွတ်မိတဲ့အထိကျနော်စိတ်ကူးယဉ်မိခဲ့တယ်။ ကျနော်အတွေးလွန်သွားပြီတာကိုသိလိုက်ရတဲ့ခဏမှာကျနော်စိတ်တွေရော နှလုံးတွေရောခဏတာငြိမ်သက်သွားခဲ့တယ်။ Fan Girl အချောအလှတွေတောင် သူတို့ဘေးမှာအုံနေပေမယ့် Fan is Fan လို့သတ်မှတ်ထားတဲ့Idol တွေရဲ့အဖြစ်ကိုလှမ်းမြင်ယောင်မိတယ်။ Idol တွေကပြောတဲ့ချစ်တယ်ဆိုတဲ့စကားဟာ Love for Fan လိုမျိုး Fan တွေကိုချစ်တဲ့အချစ်လို့ပဲဆိုတာကိုကျနော်သဘောပေါက်ခဲ့တယ်။ ကျနော့်လို Fan boy ဆိုတာကတော့ ကမ္ဘာပျက်ရင်တောင်ဖြစ်နိုင်ချေက 0%
ကျနော်ဟာ Taeyong ကို Idol ကိုချစ်တဲ့အချစ်နဲ့ချစ်တာမှမဟုတ်ပဲ။ ကိုယ့်ကိုတောင်မသိတဲ့လူတစ်ယောက်ကိုဒီလိုမျိုးသေမလောက်ချစ်နေတာကတော့ ကျနော်ဟာအရမ်းကိုရူးသွပ်လွန်းတဲ့ယောကျ်ားတစ်ယောက်ဖြစ်နေတာ်ဆိုတာကိုပုံဖော်နေသလိုလို။
မှုန်တုန်တုန်မနက်ခင်းတောင်နေရောင်ထွက်ခါစဖြစ်လာတယ်။ လမ်းတွေ ဆိုင်တွေကိုဖြတ်လျှောက်လာတဲ့နောက်မှာ Fan sign ကျင်းပမယ့်နေရာရှေ့တည့်တည့်ကိုကျနော်ရောက်လာတယ်။ အရင်ကထက် ကျနော့်ခြေလှမ်းတွေသွက်နေလိမ့်မယ်လို့ကျနော်မထင်ထားခဲ့ဘူး။
Fan sign စဖို့ ၂ နာရီလောက်လိုသေးပေမယ့်လည်း မိန်းကလေးအများစုက ရုတ်ရုတ်နဲ့ရောက်နေပြီ။ သတိထားလိုက်မိတာက ကျနော်တစ်ယောက်တည်း ယောကျ်ားလေးဖြစ်နေတယ်ဆိုတာ။ ဒါကိုတောင်ကျနော့်စိတ်ထဲမှာရှက်သွားတဲ့စိတ်နည်းနည်းလေးမှအရာမထင်ခဲ့ဘူး။
"Fan boyလား "
ကျနော့်ကိုကောင်မလေးတစ်ယောက်လာခေါ်လို့ကျနော်လည်းပြန်နှုတ်ဆက်လိုက်တယ်
"annyeong"
ကောင်မလေးကတော့အပြုံးတပွင့်နဲ့
"ရောက်တာကြာပြီလား ညီမကတော့ခုနလေးမှရောက်တာ"
"သိပ်မကြာသေးပါဘူး"
"bias ကဘယ်သူလဲ"
"Taeyong"
ကျနော်ရဲရဲဝံ့ဝံ့နဲ့ဖြေလိုက်တယ်
"သူလား?? တကယ့်အချောကိုမှ bias တော်ထားတာပဲ"
"ဟုတ်လား?😄😄"
ကျနော်လည်းဘာပြန်ပြောရမှန်းမသိဘဲနဲ့ခေါင်းကုတ်ကာခပ်ကျဲကျဲရယ်ပြလိုက်တယ်
"အကို့ကြည့်ရတာ အတော်ပင်ပန်းနေတဲ့ပုံပဲ မျက်ကွင်းတွေညိုနေတယ်"
"အယ်!! ဟုတ်လား"
ကောင်မလေးပြောမှကျနော်ကိုယ့်ဘာသာကိုယ်ပြန်သတိထားမိတယ်။
မနေ့ကစာတွေညလုံးပေါက်အကြွေးဆပ်တဲ့အနေနဲ့ထိုင်လုပ်ပြီး မနက်၂နာရီအိပ်တယ်။
ပြန်ထတော့ နှိုးစက်၃လုံးကြောင့်ရော ၊ စိတ်လောနေတာကြောင့်ရော ၅နာရီထတယ်။ မနေ့ညကလည်း Pizza ဆိုင်မှာအလုပ်လုပ်ထားရတော့ အားအင်ကလိုတာထက်ပိုလျော့နေခဲ့တယ်။
"အာာ ဟုတ်မယ်။ ညကအိပ်ရေးသိပ်မဝတဲ့အပြင်ပင်ပန်းထားတာလည်းပါတော့"
"kkkkkk"
ကောင်မလေးက လက်နဲ့ခပ်အုပ်အုပ်ရယ်လိုက်ပြီး
"ကြည့်ရတာ စိတ်လှုပ်ရှားပြီးအိပ်မပျော်တာထင်တယ်"
"အဲဒါလည်းနည်းနည်းပါတာပေါ့"
အခုမှတွေ့တဲ့သူစိမ်းကို မနေ့ညကဘာလုပ်ခဲ့လို့ ပင်ပန်းတဲ့ရုပ်ပေါက်နေတယ်ဆိုတာကိုရှည်ရှည်ဝေးဝေးရှင်းပြမနေတော့ဘဲ ခပ်တိုတိုပဲဖြေလိုက်တယ်။
စကားလာပြောလို့သာပြန်ပြောနေရတာ အမှနိတော့ကျနော် Fan Girl တွေနဲ့အပေါင်းအသင်းသိပ်မလုပ်ချင်ဘူး
#############To Be Continued #########
Zawgyi ver
Jaehyun 's POV
က်ေနာ္အိပ္ရာထတာ ၅နာရီ
အခုမနက် ၆ခွဲ ပြီ
Fan sign ကမနက်၉နာရီ
တခါတလေတောင် ယောက်ျားလေးဖြစ်နေလျက်နဲ့ Taeyong နဲ့ပက်သက်ရင်စိတ်ကူးယဉ်လာတတ်တာတွေက ထိန်းချုပ်နေရင်းနဲ့တောင်ဖြစ်နေတတ်တာ။
"Fan boyလား "
"annyeong"
"သိပ်မကြာသေးပါဘူး"
"bias ကဘယ်သူလဲ"
"Taeyong"
"ဟုတ်လား?😄😄"
"အယ်!! ဟုတ်လား"
"kkkkkk"
#############To Be Continued #########
Continue Reading
You'll Also Like
1.6M 91.6K 42
╻a secret they need to hide╹ ❀ jaeyong ❀ chogiwanese ━┅ ✎ this is made out of pure entertainment and a hundred percent FICTION. the char...
682K 33.7K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
153K 15.2K 33
Chanyeol × Baekhyun [ yaoi ]♥ Written By Yukie_BY64 Cover by Al Lukar
52.8K 2.8K 19
Byun Baekhyun (Byun gpရဲ့တစ်ဦးတည်းသောသား..) Kim Kai (ဒိတ်ဒိတ်ကျဲDancerတစ်ယောက်Dancerဖြစ်သလို..နောက်ခံကလည်းပြောစရာမရှိ..) Oh Sehun (Oh Sehunအဖေပိုင်တ...