Fan Boy Is Just A Fan Boy

By mhuu99

18.7K 2.1K 135

This fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ fee... More

Fan Boy Is Just A Fan Boy Ch-2
Fan Boy Is Just A Fan Boy Ch-3
Fan Boy Is Just A Fan Boy Ch-4
Fan Boy Is Just A Fan Boy Ch-5
Fan Boy Is Just A Fan Boy Ch-6
Fan Boy Is Just A Fan Boy Ch-7
Fan Boy Is Just A Fan Boy Ch-8
Fan Boy Is Just A Fan Boy Ch-9
Fan Boy is Just A Fan Boy Ch-10
Fan Boy is Just A Fan Boy Ch-11
Fan Boy Is Just A Fan Boy Ch-12
Fan Boy Is Just A Fan Boy Ch-13
Fan Boy Is Just A Fan Boy Ch-14
Fan Boy Is Just A Fan Boy Ch-15
Fan Boy Is Just A Fan Boy Ch-16(The Last Part)

Fan Boy Is Just A Fan Boy Ch-1

3.2K 189 13
By mhuu99

Unicode (Zawgyi below)

Jaehyun 's POV

နှိုးစက်နာရီ ၃လုံးဘေးမှာချပြီး အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်အတွက်တော့ မိုးမမြင်လေမြမြင်နဲ့အိပ်မက်နေမယ်ဆိုတာအိပ်နေတဲ့သူ့ကိုကြည့်တာနဲ့သိတယ်

နှိုးစက်နာရီ ၃လုံး ဟာသူ့တို့ရဲ့ လှုပ်ဆောင်မှုကိုတပြိုင်တည်းမပျက်မကွက်လုပ်ဆောင်ချိန်မှာတော့

⏰⏰⏰⏰⏰⏰⏱⏱⏱⏱🕰🕰🕰🕰🕰

အိပ်မက်ကမထွက်လာနိုင်လောက်အောင်အိပ်မောကျနေတဲ့စောနကကောင်လေးတစ်ယောက်အမြန်နိုးလာပြီး ခေါင်းရင်းကနာရီကိုအမြန်ပိတ်လိုက်တယ်။

ဆက်မြည်နေတဲ့ ခြေရင်းကနာရီကိုခြေထောက်နဲ့ဆွဲယူပြီးထပ်ပိတ်လိုက်တယ်။

ကုတင်အောက်က နှိုူးစက်နာရီကိုလည်း လျစ်လျူရှုထားလို့မရတာကြောင့်အဆက်မပြတ်မြည်နေတဲ့ သံပတ်ခလုတ်ကိုကုတင်အောက်ကနေကုန်းကောက်ပြီးပိတ်လိုက်တယ်။

ကျယ်လောင်စွာမြည်နေတဲ့ နှိုးစက်နာရီ ၃လုံးကိုတစ်လှည့်ဆီပိတ်ပြီးတဲ့နောက်မှာတော့ ကျနော်သိလိုက်ရတာကဒီနေ့ဟာ ၂၆ရက်နေ့။

ကုတင်နဲ့မျက်နှာချင်းဆိုင်မှာကပ်ထားတဲ့ ပြက္ခဒိန်မှာ ထင်းနေအောင် အနီရောင်မင်နဲ့အဝိုင်းခံထားရတဲ့ ၂၆ ရက်နေ့ကိုရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ကျနော့်ခေါင်းထဲကိုသံရည်ပူတွေလောင်းထည့်ထားသလိုပူလောင်သွားတယ်

ကျနော့်ခန္ဓာကိုယ်ကို စပါးကြီးမြွေတစ်ကောင်လိုရစ်ပတ်ထားတဲ့ ဂွမ်းစောင်အဖြူရောင်ကြီးကိုထဲကနေအမြန်ရုန်းထွက်လိုက်ပြီးနောက်

"ဟုတ်တယ် ဒီနေ့ ၂၆ ရက်နေမို့လို့ငါဒီလောက် နှိုးစက်တွေအပြည့်ပေးထားခဲ့တာ"

ကျနော့်ကိုယ့်ကိုကိုယ်ရေရွတ်လိုက်ပြီးကပြာကယာကုတင်ပေါ်ကနေဆင်းလိုက်မိတယ်

"ဒုန်း"

"အားးးးးးး တေ တေပါပြီ နာလိုက်တာ "

ကုတင်ကဆင်းဆင်းချင်းဖင်ထိုင်လျက်ချောလဲတာဟာ ကျနော့်ရဲ့မနက်ခင်းတိုင်းလိုလိုဆိုပေမယ့် ဒီနေ့မှထပ်ချော်လဲရလေသလားလို့ကိုယ့်ဘာသာအပြစ်တင်မိတယ် ဘိလိယက်ဘောလုံးကိုတက်နင်းမိလို့ချော်လဲသွားတာကြောင့် အဲ့ဘိလိယက်ဘောလုံးကို ကျနော်အမြင်ကပ်ကပ်နဲ့ခြေထောက်နဲ့တခြားဘက်ရောက်သွားအောင်ကန်လိုက်တယ်။

ချော်လဲလို့နာနေပေမယ့်လည်း နာလိုက်တာ ဆိုပြီးတခြားရက်တွေမှာချော်လဲနေသလို နွဲ့မနေနိုင်။ အနာသက်သာအောင်လည်းချော်လဲတဲ့နေရာမှာဆက်ထိုင်မနေနိုင်။

ချော်လဲနေရာက ကမန်းကတန်းရှိသမျှခွန်အားနဲ့အမြန်ကုန်းရုန်းထလိုက်ပြီးရေချိုးခန်းထဲကို မျက်နှာသစ်ဖို့ဝင်သွားလိုက်တယ်။ ဒီနေ့မှ သွားတိုက်တာရော ၊ မျက်နှာသစ်တာကအစ ရေချိုးတာကအဆုံး မိနစ်၂၀နဲ့ပြီးသွားတာကို ကျနော်ကိုယ်တိုင်တောင်မယုံနိုင်ခဲ့။

ရေချိုးရင် မိန်းကလေးအရှုံးပေးရအောင် မိနစ်၄၀လောက်ကြာတတ်သလို မနက်မနက် မျက်နှာသစ် သွားတိုက်ရင်တောင်အပျင်းကြောကထူနေတာမို့လို့အနည်းဆုံး မိနစ်၃၀ကြာတတ်တာ ကျနော်ဆိုတဲ့ Jaehyun

တက္ကသိုလ်ကျောင်းသားမို့လို့အဆောင်ငှားနေတာကြောင့် တစ်ယောက်တည်းလွတ်လွတ်လပ်လပ်ရှိသလို ကျနော်နေထိုင်ရာတိုက်ခန်းဆိုတာဟာကြမ်းပြင်ကိုတောင်မမြင်ရလောက်အောင် ဘိလိယက်ဘောလုံးတို့ ၊ ဖဲချပ်တို့ ၊ ဂိမ်းစက်တို့ ၊ အဝတ်အစား ကအစ ခြေအိတ်ကအဆုံး တမင်ဖြန့်ထားသလားအောက်မေ့ရအောင်ကိုပြန့်ကြဲနေတတ်တယ်။ ဒါ့ကြောင့်လည်းမနက်ဆိုရင် ဖင်ထိုင်လျက်တစ်မျိုး မှေက်လျက်တစ်မျိုးနဲ့မရိုးနိုင်အောင်ချော်လဲတတ်တာလည်းမထူးဆန်းတော့။

စာကြည့်စားပွဲဆိုတာဘယ်တော့မှသပ်ရပ်တာမရှိ စာအုပ်တွေဟာလည်းဘယ်တော့မှ ပိတ်ထားတယ်ဆိုတာမရှိ အမြဲဖွင့်လျက်သား။ စာကြည့်စားပွဲပေါ်မှာပဲစာအုပ်ရှိတာလည်းဆိုတော့မဟုတ် တခါတလေအိပ်ရာပေါ်တွေ နဲ့ အခန့်မသင့်ရင်ရေချိုးခန်းထဲမှာတောင်တွေ့နေရတတ်တာမျိုး

ကျနော်ဟာအဲလိုပျင်းပျင်းရိရိနဲ့နေတတ်တဲ့လူတစ်ယောက်ပါ။

မနက်တိုင်း သံလိုက်နဲ့သံဝတ္ထုကပ်ထားသလို အိပ်ရာပေါ်ကမထနိုင်တဲ့ကျနော်ဟာ ဒီနေ့တော့နှိုးစက်မြည်မြည်ချင်းငေါက်ခနဲထထိုင်ပြီးအိပ်ရာပေါ်ကဆင်းတယ်ဆိုတာကို ကျနော့်သူငယ်ချင်းတယောက်ယောက်များမြင်ကြည့်ပါလား

သေမလိုရယ်နေမယ်ဆိုတာကျနော်အာမခံရဲတယ်။

ကျနော်ရေချိုးခန်းထဲကပြန်ထွက်လာတော့ ၅ နာရီခွဲ

ကျနော့်နေရပ်က ဂျပန်မှာဖြစ်ပေမယ့် အခုတော့စင်ကာပူကတက္ကသိုလ်ကိုအဆောင်ငှားနေရင်းတက်ရောက်နေရတဲ့ကျောင်းသားတစ်ယောက်။ ကျနော်မိသားစုကအရမ်းမချမ်းသာပေမယ့်ကျနော့်အတွက်ဆိုအလိုလိုက်ကြတယ်။ Kpop ဆိုတဲ့ korea လှိုင်းကြီးနဲ့ပက်သက်လို့အရာရာအလိုလိုက်ကြတယ်။ ဒါပေမယ့်ကျနော်လိုအပ်နေတာကလည်း အဲဒီ Kpop ကိုပဲ။ K Idol ဆိုပိုမှန်လိမ့်မယ်။

ဒီနေ့ ၂၆ ရက်နေ့မှာ Korea boy gp NCT ကစင်ကာပူမှာ Fan sign လာလုပ်မယ်ဆိုလို့ နှိုူးစက်၃လုံးကိုတပြိုင်တည်းပေးပြီး အိပ်ချင်စိတ်တွေကိုတောင်မနည်းထိန်းချုပ်ပြီးထလာတယ်ဆိုတဲ့သတင်းကို ဂျပန်မှာရှိတဲ့ကျနော့်အမေသိကြည့်ပါလား။ တံမြက်စည်းနဲ့လိုက်ရိုက်လိုက်မယ်ဖြစ်ခြင်း။

အသည်းအသန် paparazzi တွေလို stalk ပြီး အရူးအမူးချစ်ရတဲ့ NCT အဖွဲ့ဝင် Taeyong ကိုကျနော်အနီးကပ်မြင်ရဖို့အရေးဒီလောက်အပင်ပန်းခံရတာကျနော်အတွက်အဆန်းတော့မဟုတ်။ ပင်ပန်းတယ်လို့လည်းနည်းနည်းလေးမှမထင်မိ။ Taeyong ကိုအပြင်မှာတွေ့ရတော့မယ်ဆိုတဲ့အတွေးဝင်လာတိုင်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတတ်တာမို့လို့မနည်းပြန်ထိန်းနေရသေးတယ်။ Taeyong ကိုကျနော်တွေ့ရမှာဟာဒါ ပထမဆုံးပါ။

သူဟာတောင်ကိုရီးယားကအဆိုတော်တစ်ဦး။

သူက Seoul မှာနေတယ်။ကျနော့်ဇာတိက Tokyo ။အခုကျနော်လက်ရှိနေနေတာက Singapore

အဲဒီလိုနေထိုင်တဲ့နိုင်ငံတွေကိုတွေးမိရင် လေပြင်းတချက်ကိုခပ်ပြင်းပြင်းမှုတ်ထုတ်ပြီးစိတ်ဓာတ်ကျမိတာခဏခဏ

မွေးကတည်းကံကြမ္မာကကျနော့်ကို သူနဲ့အဝေးဆုံးမှာနေဖို့အမိန့်ချမှတ်ခဲ့သလားထင်ရတယ်။

ငယ်ငယ်ကကျောင်းစာမှာသင်ခဲ့ရတဲ့ကဗျာတစ်ပုဒ်ကိုအမှတ်ရနေသေးတယ်။ ချောင်းခြားထားလို့မတွေ့ရမမြင်ရတဲ့ချစ်သူကိုအရမ်းလွမ်းနေတဲ့မိန်းမပျိုလေးအကြောင်းကိုရေးဖွဲ့ထားတဲ့ကဗျာလေး

သူများတွေအဲ့ကဗျာကိုခံစားတတ်ပေမယ့်ကျနော်ကတော့ အဲ့ကဗျာထဲကကောင်မလေးကကျနော်ထက်မဆိုးသေးဘူးဆိုပြီးပဲတွေးမိတယ်။

ကျနော်တို့လို ချောင်းတင်မက နိုင်ငံရော ပင်လယ်ပါခြားနေတဲ့သူတွေထက်တော့တော်သေးတယ်လေ။

နောက်ပြီး လွမ်းနေရတာကချစ်သူ။ ကျနော်တို့လို ကိုယ့်ဘက်ကအသည်းအသန်ချစ်ပြီးဟိုကကျနော့်ကိုသိတောင်မသိတဲ့သူကိုလွမ်းနေရတာထက်တော့ ကဗျာထဲကကောင်မလေးက ကျနော့်လောက်တော့အဖြစ်မဆိုးသေးဘူး။

ယောကျ်ားလေးအများစုက မိန်းကလေးအဖွဲ့ကိုအားပေးကြပေမယ့် ကျနော်ကတော့ boy gp ကိုကြိုက်တဲ့အပြင် Taeyong ကိုတောင် bias အနေနဲ့ရွေးလိုက်ပြီး အရူးအမူးဖြစ်နေတော့ တခါတလေ အခြောက် ဆိုပြီးသူငယ်ချင်းတွေစနောက်တာကိုခဏခဏခံရဖူးတယ်။

ဒါပေမယ့်လည်းကျနော်Taeyong ကိုဒီလိုကြိုက်လို့အစခံရတာဆိုပြီး Taeyong ကိုမကြိုက်တော့ဘူး မေ့ပစ်လိုက်မယ်လို့ တခါမှမာနမထားခဲ့ဖူးဘူး။

ဘယ်သူတွေဘယ်လိုပြောပြော ငါ Taeyong ကိုချစ်တဲ့အချစ်ကမပျက်ဘူးဆိုပြီးတော့ဘဲအချစ်တွေတိုးလာတာတော့ကျနော်လည်းမတတ်နိုင်။

ဗီရိုထဲမှာရှိသမျှအကျီၤအကုန်လုံးကို ဝတ်လိုက်၊ ပြန်ချွတ်ပြီးကြမ်းပြင်ပေါ်ပစ်ချလိုက်နဲ့ ကျနော်အတွေးတွေရောက်ယက်ခတ်နေတယ်။

(" Ya Jaehyun မင်းကယောက်ျားလေးသာဖြစ်တာ ပန်းရောင်အကျီၤတွေနဲ့တော့လိုက်သားပဲကွ")

ကျနော့်သူငယ်ချင်း Yuta ရဲ့စကားက တစ်ထည်ပြီးတစ်ထည်ဆွဲဖွနေတဲ့ကျနော့်လက်တွေကိုရပ်တန့်စေခဲ့တယ်။

Yuta ရဲ့စကားကိုပြန်လည်ကြားယောင်မိတဲ့အချိန်မှာ ဗီရိုရဲ့အတွင်းကျကျမှာရှိတဲ့ ပန်းရောင်အကျီၤတစ်ထည်ကိုဆွဲယူလိုက်ပြီး ကိုယ်ပေါ်ကပ်ကြည့်လိုက်တော့ နည်းနည်းတော့စိတ်တိုင်းကျသွားတယ်။

တကယ့်ပွဲတွေတက်မယ်ဆိုရင်တောင်မှ ဖြစ်သလိုဝတ်တတ်လို့ "နင်ငါ့ကိုအရှက်ခွဲနေတာလား" လို့ဒေါသတကြီးနဲ့ပြောတတ်တဲ့အမေ သာကျနော့်ရဲ့ဒီမြင်ကွင်းကိုမြင်ကြည့်ပါလား ကျနော့်ဆံပင်တွေကိုစာကလေးမွေးနှုတ်သလိုလာနှုတ်ပစ်မှာသေချာတယ်။

ဘာမှမဟုတ်တဲ့ အဆိုတော်နဲ့တွေ့ရဖို့အတွက်ဒီလောက်ပြင်နေရသလားဆိုပြီးတော့။

အမေ့အတွက်တော့ Taeyong and NCT ဟာဘာမဟုတ်တဲ့အဆိုတော်ဆိုပေမယ့် ကျနော့်အတွက်တော့ ရွှေထက်တောင်တန်ဖိုးရှိတဲ့သူတွေ။

ရွှေသေတ္တာနဲ့ NCT Fire Truck Official Album ကိုရွေးခိုင်းကြည့်ပါလား ဝေဝါးနေစရာမလိုဘဲ albumပဲကောက်ဆွဲမှာ။ ကျနော့်ရဲ့ဒီဆုံးဖြတ်ချက်ကို အဖေရော အမေရော သိကြည့်ပါလား ။ ဦးနှောက်မရှိတဲ့ကောင် ထက်ဆိုးတဲ့ဆဲနည်းမျိုးစုံနဲ့ဆဲမှာ ကျိန်းသေတယ်။

ကျနော့်အဖေရော အမေရော ဖြစ်စေချင်တာက ကိုယ့်အနာဂတ်ကိုစဉ်းသားဖို့။ ကျနော်အခုဖြစ်နေတာက Taeyong ကလွဲရင်ဘာမှမသိ

Taeyong သာလျှင်ငါ့အနာဂတ်လို့သတ်မှတ်ထားတဲ့ ကျနော့်အဖို့ မိဘတွေရဲ့ "ကိုယ့်အနာဂတ်ကောင်းဖို့စဉ်းစားစမ်း" ဆိုတဲ့စကားကြားရင် Taeyong အကြောင်းစဉ်းစားမိတာ အကြိမ်ကြိမ်တိုင်း

ကျနော်ကလည်းကျနော့်မိဘတွေအသည်းယားပြီးသတ်လည်းသတ်ပစ်ချင်စရာပါပဲ

ပန်းရောင်အင်္ကျီနဲ့ပြင်ဆင်စရာရှိတာပြင်ပြီးတော့ စားပွဲပေါ်မှာအခန့်သားထိုင်နေတဲ့ အရမ်းမကြီးပေမယ့်လက်တပွေ့စာဝက်ဝံရုပ်ကို ယူလိုက်ပြီးအခန်းတံခါးကိုသော့ပိတ်ကာ ထွက်လာလိုက်တယ်

############# To Be Continued ##########




Zawgyi ver 

Jaehyun 's POV

ႏႈိးစက္နာရီ ၃လုံးေဘးမွာခ်ျပီး အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးတစ္ေယာက္အတြက္ေတာ့ မိုးမျမင္ေလမျျမင္နဲ႔အိပ္မက္ေနမယ္ဆိုတာအိပ္ေနတဲ့သူ႕ကိုျကည့္တာနဲ႕သိတယ္

ႏိႈးစက္နာရီ ၃လုံး ဟာသူ႔တို႔ရဲ႕ လႈပ္ေဆာင္မႈကိုတျပိဳင္တည္းမပ်က္မကြက္လုပ္ေဆာင္ခ်ိန္မွာေတာ့

⏰⏰⏰⏰⏰⏰⏱⏱⏱⏱🕰🕰🕰🕰🕰

အိပ္မက္ကမထြက္လာနိုင္ေလာက္ေအာင္အိပ္ေမာက်ေနတဲ့ေစာနကေကာင္ေလးတစ္ေယာက္အျမန္နိုးလာျပီး ေခါင္းရင္းကနာရီကိုအျမန္ပိတ္လိုက္တယ္။
ဆက္ျမည္ေနတဲ့ ေျခရင္းကနာရီကိုေျခေထာက္နဲ႕ဆြဲယူျပီးထပ္ပိတ္လိုက္တယ္။
ကုတင္ေအာက္က နႈိူးစက္နာရီကိုလည္း လ်စ္လ်ဴရႈထားလို႔မရတာေျကာင့္အဆက္မျပတ္ျမည္ေနတဲ့ သံပတ္ခလုတ္ကိုကုတင္ေအာက္ကေနကုန္းေကာက္ျပီးပိတ္လိုက္တယ္။

က်ယ္ေလာင္စြာျမည္ေနတဲ့ နႈိးစက္နာရီ ၃လုံးကိုတစ္လွည့္ဆီပိတ္ျပီးတဲ့ေနာက္မွာေတာ့ က်ေနာ္သိလိုက္ရတာကဒီေန႔ဟာ ၂၆ရက္ေန႔။

ကုတင္နဲ႔မ်က္နွာခ်င္းဆိုင္မွာကပ္ထားတဲ့ ျပကၡဒိန္မွာ ထင္းေနေအာင္ အနီေရာင္မင္နဲ႕အဝိုင္းခံထားရတဲ့ ၂၆ ရက္ေန႔ကိုရုတ္တရက္ေတြ႔လိုက္ရတဲ့အခ်ိန္မွာ က်ေနာ့္ေခါင္းထဲကိုသံရည္ပူေတြေလာင္းထည့္ထားသလိုပူေလာင္သြားတယ္

က်ေနာ့္ခႏၶာကိုယ္ကို စပါးျကီးေျမြတစ္ေကာင္လိုရစ္ပတ္ထားတဲ့ ဂြမ္းေစာင္အျဖဴေရာင္ျကီးကိုထဲကေနအျမန္ရုန္းထြက္လိုက္ျပီးေနာက္

"ဟုတ္တယ္ ဒီေန႔ ၂၆ ရက္ေနမို႔လို႔ငါဒီေလာက္ နႈိးစက္ေတြအျပည့္ေပးထားခဲ့တာ"

က်ေနာ့္ကိုယ့္ကိုကိုယ္ေရရြတ္လိုက္ျပီးကျပာကယာကုတင္ေပါ္ကေနဆင္းလိုက္မိတယ္

"ဒုန္း"

"အားးးးးးး ေတ   ေတပါျပီ  နာလိုက္တာ "

ကုတင္ကဆင္းဆင္းခ်င္းဖင္ထိုင္လ်က္ေခ်ာလဲတာဟာ က်ေနာ့္ရဲ႕မနက္ခင္းတိုင္းလိုလိုဆိုေပမယ့္ ဒီေန႔မွထပ္ေခ်ာ္လဲရေလသလားလို႔ကိုယ့္ဘာသာအျပစ္တင္မိတယ္  ဘိလိယက္ေဘာလုံးကိုတက္နင္းမိလို႔ေခ်ာ္လဲသြားတာေျကာင့္ အဲ့ဘိလိယက္ေဘာလုံးကို က်ေနာ္အျမင္ကပ္ကပ္နဲ႕ေျခေထာက္နဲ႕တျခားဘက္ေရာက္သြားေအာင္ကန္လိုက္တယ္။

ေခ်ာ္လဲလို႔နာေနေပမယ့္လည္း  နာလိုက္တာ  ဆိုျပီးတျခားရက္ေတြမွာေခ်ာ္လဲေနသလို ႏြဲ႕မေနနိုင္။ အနာသက္သာေအာင္လည္းေခ်ာ္လဲတဲ့ေနရာမွာဆက္ထိုင္မေနနိုင္။

ေခ်ာ္လဲေနရာက ကမန္းကတန္းရွိသမ်ွခြန္အားနဲ႕အျမန္ကုန္းရုန္းထလိုက္ျပီးေရခ်ိဳးခန္းထဲကို မ်က္နွာသစ္ဖို႔ဝင္သြားလိုက္တယ္။ ဒီေန႔မွ သြားတိုက္တာေရာ ၊ မ်က္နွာသစ္တာကအစ ေရခ်ိဳးတာကအဆုံး မိနစ္၂၀နဲ႕ျပီးသြားတာကို က်ေနာ္ကိုယ္တိုင္ေတာင္မယုံနိုင္ခဲ့။
ေရခ်ိဳးရင္ မိန္းကေလးအရႈံးေပးရေအာင္ မိနစ္၄၀ေလာက္ျကာတတ္သလို မနက္မနက္ မ်က္နွာသစ္ သြားတိုက္ရင္ေတာင္အပ်င္းေျကာကထူေနတာမို႔လို႔အနည္းဆုံး မိနစ္၃၀ျကာတတ္တာ က်ေနာ္ဆိုတဲ့ Jaehyun
တကၠသိုလ္ေက်ာင္းသားမို႔လို႔အေဆာင္ငွားေနတာေျကာင့္ တစ္ေယာက္တည္းလြတ္လြတ္လပ္လပ္ရွိသလို က်ေနာ္ေနထိုင္ရာတိုက္ခန္းဆိုတာဟာျကမ္းျပင္ကိုေတာင္မျမင္ရေလာက္ေအာင္ ဘိလိယက္ေဘာလုံးတို႔ ၊ ဖဲခ်ပ္တို႔ ၊ ဂိမ္းစက္တို႔ ၊ အဝတ္အစား ကအစ ေျခအိတ္ကအဆုံး တမင္ျဖန္႔ထားသလားေအာက္ေမ့ရေအာင္ကိုျပန္႔ျကဲေနတတ္တယ္။ ဒါ့ေျကာင့္လည္းမနက္ဆိုရင္ ဖင္ထိုင္လ်က္တစ္မ်ိဳး ေမွက္လ်က္တစ္မ်ိဳးနဲ႕မရိုးနိုင္ေအာင္ေခ်ာ္လဲတတ္တာလည္းမထူးဆန္းေတာ့။

စာျကည့္စားပြဲဆိုတာဘယ္ေတာ့မွသပ္ရပ္တာမရွိ စာအုပ္ေတြဟာလည္းဘယ္ေတာ့မွ ပိတ္ထားတယ္ဆိုတာမရွိ အျမဲဖြင့္လ်က္သား။ စာျကည့္စားပြဲေပါ္မွာပဲစာအုပ္ရွိတာလည္းဆိုေတာ့မဟုတ္ တခါတေလအိပ္ရာေပါ္ေတြ နဲ႕ အခန္႕မသင့္ရင္ေရခ်ိဳးခန္းထဲမွာေတာင္ေတြ႔ေနရတတ္တာမ်ိဳး
က်ေနာ္ဟာအဲလိုပ်င္းပ်င္းရိရိနဲ႕ေနတတ္တဲ့လူတစ္ေယာက္ပါ။

မနက္တိုင္း သံလိုက္နဲ႔သံဝတၳဳကပ္ထားသလို အိပ္ရာေပါ္ကမထနိုင္တဲ့က်ေနာ္ဟာ ဒီေန႔ေတာ့နႈိးစက္ျမည္ျမည္ခ်င္းေငါက္ခနဲထထိုင္ျပီးအိပ္ရာေပါ္ကဆင္းတယ္ဆိုတာကို က်ေနာ့္သူငယ္ခ်င္းတေယာက္ေယာက္မ်ားျမင္ျကည့္ပါလား
ေသမလိုရယ္ေနမယ္ဆိုတာက်ေနာ္အာမခံရဲတယ္။

က်ေနာ္ေရခ်ိဳးခန္းထဲကျပန္ထြက္လာေတာ့ ၅ နာရီခြဲ
က်ေနာ့္ေနရပ္က ဂ်ပန္မွာျဖစ္ေပမယ့္ အခုေတာ့စင္ကာပူကတကၠသိုလ္ကိုအေဆာင္ငွားေနရင္းတက္ေရာက္ေနရတဲ့ေက်ာင္းသားတစ္ေယာက္။ က်ေနာ္မိသားစုကအရမ္းမခ်မ္းသာေပမယ့္က်ေနာ့္အတြက္ဆိုအလိုလိုက္ျကတယ္။  Kpop ဆိုတဲ့ korea လိႈင္းျကီးနဲ႕ပက္သက္လို႔အရာရာအလိုလိုက္ျကတယ္။ ဒါေပမယ့္က်ေနာ္လိုအပ္ေနတာကလည္း အဲဒီ Kpop ကိုပဲ။ K Idol ဆိုပိုမွန္လိမ့္မယ္။

ဒီေန႔ ၂၆ ရက္ေန႔မွာ Korea boy gp NCT ကစင္ကာပူမွာ Fan sign လာလုပ္မယ္ဆိုလို႔ နႈိူးစက္၃လုံးကိုတျပိဳင္တည္းေပးျပီး အိပ္ခ်င္စိတ္ေတြကိုေတာင္မနည္းထိန္းခ်ဳပ္ျပီးထလာတယ္ဆိုတဲ့သတင္းကို ဂ်ပန္မွာရွိတဲ့က်ေနာ့္အေမသိျကည့္ပါလား။ တံျမက္စည္းနဲ႕လိုက္ရုိက္လိုက္မယ္ျဖစ္ျခင္း။

အသည္းအသန္ paparazzi ေတြလို stalk ျပီး အရူးအမူးခ်စ္ရတဲ့ NCT အဖြဲ႕ဝင္ Taeyong ကိုက်ေနာ္အနီးကပ္ျမင္ရဖို႔အေရးဒီေလာက္အပင္ပန္းခံရတာက်ေနာ္အတြက္အဆန္းေတာ့မဟုတ္။ ပင္ပန္းတယ္လို႔လည္းနည္းနည္းေလးမွမထင္မိ။ Taeyong ကိုအျပင္မွာေတြ႕ရေတာ့မယ္ဆိုတဲ့အေတြးဝင္လာတိုင္းဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္သြားတတ္တာမို႔လို႔မနည္းျပန္ထိန္းေနရေသးတယ္။ Taeyong ကိုက်ေနာ္ေတြ႔ရမွာဟာဒါ ပထမဆုံးပါ။

သူဟာေတာင္ကိုရီးယားကအဆိုေတာ္တစ္ဦး။
သူက Seoul မွာေနတယ္။က်ေနာ့္ဇာတိက Tokyo ။အခုက်ေနာ္လက္ရွိေနေနတာက Singapore

အဲဒီလိုေနထိုင္တဲ့နိုင္ငံေတြကိုေတြးမိရင္ ေလျပင္းတခ်က္ကိုခပ္ျပင္းျပင္းမႈတ္ထုတ္ျပီးစိတ္ဓာတ္က်မိတာခဏခဏ
ေမြးကတည္းကံျကမၼာကက်ေနာ့္ကို သူနဲ႕အေဝးဆုံးမွာေနဖို႔အမိန္႔ခ်မွတ္ခဲ့သလားထင္ရတယ္။
ငယ္ငယ္ကေက်ာင္းစာမွာသင္ခဲ့ရတဲ့ကဗ်ာတစ္ပုဒ္ကိုအမွတ္ရေနေသးတယ္။ ေခ်ာင္းျခားထားလို႔မေတြ႕ရမျမင္ရတဲ့ခ်စ္သူကိုအရမ္းလြမ္းေနတဲ့မိန္းမပ်ိဳေလးအေျကာင္းကိုေရးဖြဲ႕ထားတဲ့ကဗ်ာေလး

သူမ်ားေတြအဲ့ကဗ်ာကိုခံစားတတ္ေပမယ့္က်ေနာ္ကေတာ့ အဲ့ကဗ်ာထဲကေကာင္မေလးကက်ေနာ္ထက္မဆိုးေသးဘူးဆိုျပီးပဲေတြးမိတယ္။
က်ေနာ္တို႔လို ေခ်ာင္းတင္မက နိုင္ငံေရာ ပင္လယ္ပါျခားေနတဲ့သူေတြထက္ေတာ့ေတာ္ေသးတယ္ေလ။
ေနာက္ျပီး လြမ္းေနရတာကခ်စ္သူ။ က်ေနာ္တို႔လို ကိုယ့္ဘက္ကအသည္းအသန္ခ်စ္ျပီးဟိုကက်ေနာ့္ကိုသိေတာင္မသိတဲ့သူကိုလြမ္းေနရတာထက္ေတာ့ ကဗ်ာထဲကေကာင္မေလးက က်ေနာ့္ေလာက္ေတာ့အျဖစ္မဆိုးေသးဘူး။

ေယာက်္ားေလးအမ်ားစုက မိန္းကေလးအဖြဲ႕ကိုအားေပးျကေပမယ့္ က်ေနာ္ကေတာ့ boy gp ကိုျကိဳက္တဲ့အျပင္ Taeyong ကိုေတာင္ bias အေနနဲ႕ေရြးလိုက္ျပီး အရူးအမူးျဖစ္ေနေတာ့ တခါတေလ အေျခာက္ ဆိုျပီးသူငယ္ခ်င္းေတြစေနာက္တာကိုခဏခဏခံရဖူးတယ္။

ဒါေပမယ့္လည္းက်ေနာ္Taeyong ကိုဒီလိုျကိဳက္လို႔အစခံရတာဆိုျပီး Taeyong ကိုမျကိဳက္ေတာ့ဘူး ေမ့ပစ္လိုက္မယ္လို႔ တခါမွမာနမထားခဲ့ဖူးဘူး။
ဘယ္သူေတြဘယ္လိုေျပာေျပာ ငါ Taeyong ကိုခ်စ္တဲ့အခ်စ္ကမပ်က္ဘူးဆိုျပီးေတာ့ဘဲအခ်စ္ေတြတိုးလာတာေတာ့က်ေနာ္လည္းမတတ္နိုင္။

ဗီရိုထဲမွာရွိသမွ်အက်ီၤအကုန္လုံးကို ဝတ္လိုက္၊ ျပန္ခ်ြတ္ျပီးျကမ္းျပင္ေပါ္ပစ္ခ်လိုက္နဲ႕ က်ေနာ္အေတြးေတြေရာက္ယက္ခတ္ေနတယ္။

(" Ya Jaehyun မင္းကေယာက္်ားေလးသာျဖစ္တာ ပန္းေရာင္အက်ီၤေတြနဲ႕ေတာ့လိုက္သားပဲကြ")

က်ေနာ့္သူငယ္ခ်င္း Yuta ရဲ႕စကားက တစ္ထည္ျပီးတစ္ထည္ဆြဲဖြေနတဲ့က်ေနာ့္လက္ေတြကိုရပ္တန္႔ေစခဲ့တယ္။
Yuta ရဲ႕စကားကိုျပန္လည္ျကားေယာင္မိတဲ့အခ်ိန္မွာ ဗီရိုရဲ႕အတြင္းက်က်မွာရွိတဲ့ ပန္းေရာင္အက်ီၤတစ္ထည္ကိုဆြဲယူလိုက္ျပီး ကိုယ္ေပါ္ကပ္ျကည့္လိုက္ေတာ့ နည္းနည္းေတာ့စိတ္တိုင္းက်သြားတယ္။

တကယ့္ပြဲေတြတက္မယ္ဆိုရင္ေတာင္မွ ျဖစ္သလိုဝတ္တတ္လို႔  "နင္ငါ့ကိုအရွက္ခြဲေနတာလား" လို႔ေဒါသတျကီးနဲ႕ေျပာတတ္တဲ့အေမ သာက်ေနာ့္ရဲ႕ဒီျမင္ကြင္းကိုျမင္ျကည့္ပါလား  က်ေနာ့္ဆံပင္ေတြကိုစာကေလးေမြးနႈတ္သလိုလာနႈတ္ပစ္မွာေသခ်ာတယ္။
ဘာမွမဟုတ္တဲ့ အဆိုေတာ္နဲ႕ေတြ႕ရဖို႔အတြက္ဒီေလာက္ျပင္ေနရသလားဆိုျပီးေတာ့။

အေမ့အတြက္ေတာ့ Taeyong and NCT ဟာဘာမဟုတ္တဲ့အဆိုေတာ္ဆိုေပမယ့္ က်ေနာ့္အတြက္ေတာ့ ေရြွထက္ေတာင္တန္ဖိုးရွိတဲ့သူေတြ။
ေရွြေသတၱာနဲဲ႕ NCT  Fire Truck Official Album ကိုေရြးခိုင္းျကည့္ပါလား   ေဝဝါးေနစရာမလိုဘဲ albumပဲေကာက္ဆြဲမွာ။ က်ေနာ့္ရဲ႕ဒီဆုံးျဖတ္ခ်က္ကို အေဖေရာ အေမေရာ သိျကည့္ပါလား ။ ဦးေနွာက္မရွိတဲ့ေကာင္ ထက္ဆိုးတဲ့ဆဲနည္းမ်ိဳးစုံနဲ႔ဆဲမွာ က်ိန္းေသတယ္။

က်ေနာ့္အေဖေရာ အေမေရာ ျဖစ္ေစခ်င္တာက ကိုယ့္အနာဂတ္ကိုစဥ္းသားဖို႕။ က်ေနာ္အခုျဖစ္ေနတာက Taeyong ကလြဲရင္ဘာမွမသိ

Taeyong သာလ်ွင္ငါ့အနာဂတ္လို႔သတ္မွတ္ထားတဲ့ က်ေနာ့္အဖို႕  မိဘေတြရဲ႕  "ကိုယ့္အနာဂတ္ေကာင္းဖို႕စဥ္းစားစမ္း" ဆိုတဲ့စကားျကားရင္ Taeyong အေျကာင္းစဥ္းစားမိတာ အျကိမ္ျကိမ္တိုင္း
က်ေနာ္ကလည္းက်ေနာ့္မိဘေတြအသည္းယားျပီးသတ္လည္းသတ္ပစ္ခ်င္စရာပါပဲ

ပန္းေရာင္အက်ၤီနဲ႕ျပင္ဆင္စရာရွိတာျပင္ျပီးေတာ့ စားပြဲေပါ္မွာအခန္႔သားထိုင္ေနတဲ့ အရမ္းမျကီးေပမယ့္လက္တေပြ႕စာဝက္ဝံရုပ္ကို ယူလိုက္ျပီးအခန္းတံခါးကိုေသာ့ပိတ္ကာ ထြက္လာလိုက္တယ္

############# To Be Continued ##########

Continue Reading

You'll Also Like

12.9K 171 7
Dolly realizing that she feels something to Dylan, something big and beautiful.
886K 41K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
313K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
153K 15.2K 33
Chanyeol × Baekhyun [ yaoi ]♥ Written By Yukie_BY64 Cover by Al Lukar