OUR MEMORIES

By BangtanLuvArmy

21.6K 1K 27

Sequel of 'A MIRACLE' More

Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18

Epilogue

1.6K 73 8
By BangtanLuvArmy

4 years later~~~

No one's pov

"Omoo.... uri Yeontae ​လေး လှ​နေလိုက်​တာ ကြည့်​စမ်း...." Soorim တစ်​​ယောက်​ Yeontae ကို ပီတိအပြည့်​နဲ့ ကြည့်​ပြီး ပြုံးလန်း​နေတယ်​​လေ...

Yeontae တစ်​​ယောက်​ ဒီလို​နေ့မျိုးကို ​မျှော်​လင့်​​တောင့်​တ​နေခဲ့တာ ကြာပြီဖြစ်​​ပေမယ့်​လည်း တကယ်​တမ်းကျ​တော့ အရမ်းကို စိတ်​လှုပ်​ရှားပြီး ​ကြောက်​​နေတာ... မှန်​ထဲမှာ ​ပေါ်​နေတဲ့ သူ့တစ်​ကိုယ်​လုံးရဲ့ ပုံရိပ်​ကို ကြည့်​ပြီး အရမ်းကို ​ပျော်​​နေသလို စိတ်​လည်းလှုပ်​ရှား​နေမိတယ်​။ အဖြူ​ရောင်​ ဂါဝန်​ကားကား​လေးနဲ့ သူနဲ့က သိပ်​ကို လိုက်​ဖက်​လွန်း​နေတယ်​​လေ...

"Yeontaeah... Jungkook oppa နဲ့ ​အမြဲ ​ပျော်​ရွှင်​​နေတဲ့ အိမ်​​ထောင်​တစ်​ခုကို ပိုင်​ဆိုင်​​​နေပါ့မယ်​လို့ ငါ့ကို ကတိ​ပေး​နော်​..." Soorim က သူမကို ​ပြော​တော့ သူမ Soorim ကို ကြည့်​လိုက်​ပြီး ​ခေါင်းငြိမ့်​ပြလိုက်​တယ်​။ ပြီး​တော့ Soorim ကို ဖက်​လိုက်​ပြီး "gomawo... အခုအချိန်​ထိ ငါ့ရဲ့ ​ဘေးမှာ အမြဲရှိပြီး ငါ့ကို အမြဲ အားတက်​​နေ​အောင်​ လုပ်​​ပေးတဲ့အတွက်​ gomawo chinguah... jinjja gomawo..."

Soorim သူမကို ပြန်​ခွာပြီး သူမမျက်​နှာကို ကြည့်​ပြီး ပြုံးလျက်​ပြုံး​နေတယ်​​လေ...

"ပွဲစဖို့ ဘယ်​​လောက်​မှ မလို​တော့ဘူးပဲ... လာ... လက်​အိတ်​​လေးပါ ဝတ်​လိုက်​ဦး..." Soorim သူမကို လက်​အိတ်​​လေးပါ ​သေချာ ဝတ်​​ပေး​နေတယ်​....

လက်​အိတ်​ဝတ်​​ပေးပြီး​တော့ သူမကို ပြန်​ကြည့်​လိုက်​တာ သူမ မျက်​ဝန်း​တွေထဲမှာ မျက်​ရည်​​လေး​တွေ ပြည့်​​နေတာကို ​တွေ့လိုက်​ရတယ်​​လေ...

"Yeontaeah... wae? ပွဲစ​တော့မှာ ငိုလို့မဖြစ်​ဘူး​လေ..."

"Arni... ငါ အရမ်း​ပျော်​လို့ပါ... ငါ တကယ်​ အခုထိ သူနဲ့ လက်​ထပ်​ရ​တော့မယ်​ဆိုတာကို မယုံနိုင်​​သေးဘူး... နင်​ မှတ်​မိတယ်​မလား? ငါတို့ ငယ်​ငယ်​တုန်းက အ​ပျော်​သ​ဘောနဲ့ အမှတ်​မထင်​ ​ပြောခဲ့ကြတာ​လေး​တွေ... အဲ့တုန်းက စကား​တွေက အခု တကယ်​ဖြစ်​လာခဲ့ပြီ... အခုအချိန်​မှာ ငါ oppa နဲ့ လက်​ထပ်​ရ​တော့မှာ ဖြစ်​​ပေမယ့်​လည်း oppa ရဲ့ fan တစ်​​ယောက်​ ဖြစ်​​နေခဲ့တုန်းက ခံစားချက်​မျိုးကို အခု ခံစား​နေမိတယ်​..."

Yeontae ​ပြောတဲ့ စကား​တွေကို ကြားပြီး Soorim တစ်​​ယောက်​ သူပါ မျက်​ရည်​​တွေ ဝဲလာတယ်​​လေ။

"Yaa... ငါလည်း seokjin oppa နဲ့ လက်​ထပ်​တုန်းက အဲ့လို ခံစားမိတာပဲ..." Soorim သူ့မျက်​ရည်​​တွေကို မကျ​အောင်​ ပြန်​ထိန်းပြီး နာရီကို လှမ်းကြည့်​လိုက်​တယ်​...

"နီး​နေပြီ... လာ အဆင်​သင့်​ပြင်​ထားရ​အောင်​... ​တော်​ကြာ လာ​ခေါ်ကြ​တော့မှာ..."

..................................

မင်္ဂလာပွဲပြီး​တော့ Yeontae တို့ ​လေဆိပ်​ကို အမြန်​သွားဖို့ လုပ်​ကြတယ်​​လေ....

"Umma... appa..." Yeontae တစ်​​ယောက်​ သူ့ umma နဲ့ appa ကို တစ်​လှည့်​စီ ဖက်​ပြီး မျက်​ရည်​​လေး​တွေနဲ့....

"Omo... ငါ့ သမီး​လေး... မငိုနဲ့​လေ..." umma က ​ပြောပြီး Yeontae မျက်​ရည်​​တွေကို လက်​နဲ့ ညင်​ညင်​သာသာ​လေး သုတ်​​ပေး​နေရှာတယ်​... umma ရဲ့ မျက်​ဝန်းအိမ်​​တွေထဲမှာလည်း မျက်​ရည်​​တွေက အပြည့်​​နေရာယူထားဆဲ.... appa က​နေပြီး "ငါ့ သားမက်​​လေး... ငါတို့ သမီး​လေးကို ​ပျော်​​ပျော်​ထားရမယ်​​နော်​..."

"Nae abeoji... စိတ်​ချပါ..."

"Unnie! ညီမကိုကျ​တော့ နှုတ်​မဆက်​​တော့ဘူး​ပေါ့..." ညီမကလည်း နှုတ်​ခမ်းစူစူ​လေးနဲ့ ​မျက်​နှာကို ​အောက်​စိုက်​ထားပြီး ​ပြောရှာတယ်​​လေ...

Yeontae က သူ့ဆီ သွားပြီး သူ့​ပါးနှစ်​ဖက်​က​နေ ​မော့​ပေးလိုက်​​တော့မှ မျက်​ရည်​​လေး​တွေနဲ့ တရှုံ့ ရှုံ့  ဖြစ်​​နေတာကို ​တွေ့လိုက်​ရတယ်​​လေ...

"Omo... ဘာဖြစ်​လို့ ငို​နေတာလဲ? က​လေးလည်း မဟုတ်​ဘူး ဘွဲ့ပဲရ​တော့မယ်​... ငိုမ​နေနဲ့... Unnie က ငါ့ညီမကို ​မေ့ပါ့မလား? ငါ့ ညီမဆိုလို့ ကမ္ဘာ​ပေါ်မှာ ဒီတစ်​​ယောက်​တည်း ရှိတာကို..." Yeontae ​ပြောပြီး ဖက်​လိုက်​ပါတယ်​...

Jungkook တို့မှာ​တော့.... "​နောက်​ဆုံး​တော့ uri maknae ​လေးလည်း...." Jimin တစ်​​ယောက်​ Jungkook ပခုံးကို ဖက်​ပြီး တခစ်​ခစ်​ ရယ်​​နေတယ်​​လေ...

"Jungkookah... ​honeymoon ​ပျော်​​ပျော်​ထွက်​ခဲ့​နော်​..." - V

"ငါတို့ မျက်​လုံးထဲမှာ အမြဲ က​လေးလို ဖြစ်​​နေခဲ့တဲ့ Jungkook က အခု​တော့ လက်​​တောင်​ထပ်​ပြီးသွားပြီ..." - Suga ရယ်​ပြီး ​ပြော​တော့ အကုန်​လုံး ​ထောက်​ခံ​နေကြတယ်​​လေ...

Namjoon က​နေပြီး​တော့ Jungkook ကို ဖက်​လိုက်​ပြီး "အမြဲ ပျော်​ရွှင်​တဲ့ အိမ်​​ထောင်​လေးကို ပိုင်​ဆိုင်​နိုင်​ပါ​စေ Jungkookah..."

Jungkook က ပြန်​ခွာလိုက်​ပြီး "gomawo hyung..."

Jhope က "ငါတို့ကို မ​မေ့ရဘူး​နော်​ Jeon Jungkook" လို့ ​ပြော​တော့ Jungkook တခစ်​ခစ်​နဲ့ ရယ်​ပါ​တော့တယ်​။

"Yeontae ကို ​ကောင်း​ကောင်း ဂရုစိုက်​​နော်​..." - Jin

"Yeontaeah... အချိန်​ သိပ်​မရှိ​တော့ဘူး... ကားထဲ ဝင်​လိုက်​​တော့​နော်​..." Soorim ​ပြော​တော့မှ Yeontae တို့ ညီအစ်​မနှစ်​​ယောက်​ ပြန်​ခွာ​တော့တယ်​။

Yeontae တစ်​​ယောက်​ Soorim လက်​​မောင်းက​နေ ​ပွေ့ချီထားတဲ့ က​လေး​လေးရဲ့ ပါး​လေးကို နမ်းလိုက်​ပြီး "umma နဲ့ appa အ​ပေါ်မှာ မဆိုးရဘူး​နော်​..."

က​လေး​က​တော့ သူ့ အန်​တီ Yeontae ကို မျက်​လုံးပြူးပြူး​လေးနဲ့ပဲ ကြည့်​​နေရှာတယ်​​လေ...

Jungkook ​ခေါ်​တော့မှ Yeontae အကုန်​လုံးကို နှုတ်​ဆက်​ပြီး ကားထဲ ဝင်​​တော့တယ်​။

Yeontae နဲ့ Jungkook ​လေဆိပ်​ကို ​ရောက်​​တော့ အချိန်​က ကွက်​တိပဲ​လေ...

လေယာဉ်​ စီးတာ သိပ်​​တော့ မကြာပါဘူး။ Jeju က beach ​လေးတစ်​ခုဆီ honeymoon သွားတာပဲ​လေ... Yeontae မှာ​တော့ ညကတည်းက ​ကောင်း​ကောင်းအိပ်​မ​ပျော်​ခဲ့လို့ ​လေယာဉ်​​ပေါ်မှာ ​တောက်​​လျှောက်​ အိပ်​​နေရှာတာ... ​လေယာဉ်ဆင်းခါနီးမှ Jungkook နှိုးလို့ နိုးလာ​တော့တယ်...

Hotel room ထဲ ​ရောက်​​တော့ Jungkook က "Yeontaeah အခု​တော့ ​နေ့လည်​စာ သွားစားရ​အောင်​...လာ... ပြီးမှ အထုပ်​​တွေ ဖြည်​​ကြတာ​ပေါ့..."

နှစ်​​ယောက်​သား hotel မှာ ​နေ့လည်​စာ သွားစားကြတယ်​.... ​ည​နေ​စောင်း​ ​နေသိပ်​မရှိ​တော့တဲ့ အချိန်​မှာ ကမ်း​ခြေ​ပေါ်သွားကြတာ​ပေါ့...

"Oppa... ဓာတ်​ပုံရိုက်​ကြရ​အောင်​..." နှစ်​​ယောက်​သား ဓာတ်​ပုံ​တွေလည်း တစ်​ဝကြီး ရိုက်​ကြ... ကမ်း​ခြေမှာ ​ရောင်းတဲ့ဟာ​တွေလည်း ဝယ်​စားကြရင်း တ​ပျော်​တပါးနဲ့... 

Yeontae သူ့​ခြေ​ဖဝါးနား တစ်​လှိမ့်​လှိမ့်​နဲ့ လာတဲ့ ​ပင်​လယ်​​ရေက​လေးနဲ့ Jungkook ကို လှမ်းပက်​လိုက်​တယ်​...

"Mwoya? ရတယ်​ ကြည့်​​နေ" ဆိုပြီး Jungkook က ပြန်​ပက်​မယ်​လုပ်​​တော့ Yeontae တစ်​​ယောက်​ ထွက်​​ပြေးပါ​တော့တယ်။

"Yaaa... Jeon Yeontae ရပ်​... ထွက်​မ​ပြေးနဲ့..." နှစ်​​ယောက်​သား ကမ်း​စပ်​နားမှာ ​ပြေးရင်းလွှားရင်း... Yeontae ခဏရပ်​၊ ​နောက်​ပြန်​လှည့်​ပြီး Jungkook ကို လျှာထုတ်​ပြပါ​လေတယ်​။ Jungkook သူမအနားကို ​ရောက်​ခါနီးကျမှ ​အော်​ပြီး ပြန်​​ပြေးပါ​တော့တယ်​။ ​ပြေးရင်းနဲ့မှ ​ကျောက်​ခဲ​လေး တက်​နင်းမိပြီး လိမ့်​ကျတယ်​​လေ... Jungkook က သူ့​ရှေ့​ရောက်​လာပြီး​တော့မှ "ဘယ်​​ပြေးမလဲ? မိပြီ..."

"အား.... နာတယ်​..." Yeontae သူမ ​ခြေ​ချင်းဝတ်​နားကို ကိုင်​ပြီး ​ပြောပါတယ်​​လေ...

အဲ့အခါမှ Jungkook စိတ်​ပူပူနဲ့ ထိုင်​ချပြီး "နာသွားလား? Oppa ကိုပြ ဘာဖြစ်​သွား​သေးလဲ?"

"​ခေါက်​သွားတာနဲ့တူတယ်​... အားကျွတ်​ကျွတ်​ နာလိုက်​တာ..."

"Hotel ပြန်​ကြရ​အောင်​..." Jungkook, Yeontae ကို ​ပွေ့ချီလိုက်​တယ်​။

Jungkook သူမကို ချီပြီး ကမ်းစပ်​တစ်​​လျှောက်​ ပြန်​​​လျှောက်​လာတယ်​​လေ။ Yeontae က​တော့ တခစ်​ခစ်​နဲ့.... သူက Yeontae ကို စိတ်​ပူ​နေတာဆို​တော့ မကြား... တ​အောင့်​​လောက်​​နေ​တော့မှ Yeontae က "​ရပြီ oppa... ချ​​ပေး​တော့..."

"Wae? Yeontae ​ခြေ​ထောက်​နာ​နေတာ​လေ..."

"Arni... oppa ကို တမင်​လိမ်​​ပြောတာ... မနာဘူး... oppa ချီတာ ခံချင်​လို့..."

"Yeontae! Oppa မှာ စိတ်​ပူလို့ ​သေ​တော့မယ်​... Yeontae က ​နောက်​တာတဲ့လား? Ahhh jinjja..." Jungkook သူမကို စိတ်​တိုသွားတဲ့အသံနဲ့ ​ပြောပြီး ချ​ပေးလိုက်​တယ်​။

"Wae? Oppa က စိတ်​ဆိုးသွားတာလား? Yeontae က oppa ချီတာ ခံချင်​လို့ကို..." Yeontae ​ပြောပြီး ​ဆောင့်​​ဆောင့်​​အောင့်​​အောင့်​နဲ့ လှိုင်းစပ်​နားကို ထွက်​သွားတယ်​။ ​ခြေ​ထောက်​နား ​ရောက်​လာတဲ့ ​ပင်​လယ်​​ရေ​တွေကို ​ခြေ​ထောက်​နဲ့ ဟိုကန်​ဒီကန်​ ထိုးဖွပြီး ပါးစပ်​ကလည်း ​တတွတ်​တွတ်​ ရွတ်​​နေတယ်​​လေ... ​Jungkook တစ်​​ယောက်​ Yeontae ကို ​နောက်​က​နေ ကြည့်​ပြီး သူမရဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပုံစံ​လေးကို မခံနိုင်​​တော့ဘဲ ​ပြေးလိုက်​သွားပြီး ​နောက်​က​နေ ဖက်​လိုက်​တယ်​။

"ဘာလဲ? သွား လာမဖက်​နဲ့... သူပဲ သူများကို လာ​အော်​ပြီး​တော့..." Yeontae သူမခါး​ပေါ် ​ရောက်​လာတဲ့ Jungkook လက်​ကို ဖယ်​ချမယ်​ လုပ်​​ပေမယ့်​လည်း Jungkook က တင်းတင်းဖက်​ထား​တော့ ဖယ်​လို့မရ....

"Yeontae ကလည်း... oppa က စိတ်ပူလို့ ​အော်​မိတာကို... အဲ့လို စိတ်​မဆိုးနဲ့​လေ... Yeontae ကို oppa အမြဲ ​ပျော်​​အောင်​ထားမယ်​လို့ ​ပြောပြီးပြီ... စိတ်​မဆိုးနဲ့​တော့ ​နောက်​ခါ မ​အော်​​တော့ဘူး... ဟုတ်​ပြီလား?"

"ရပါဘူး... သွား လူဆိုးကြီး..." Yeontae ​ပြောပြီး ​ရေထဲ ဆင်းသွားပါ​တော့တယ်​... Jungkook လည်း သူမ​နောက်​က​နေ ​ရေထဲ လိုက်​ဆင်းပါ​တော့တယ်​... Yeontae ကို ​ရေ​လေးနဲ့ ပက်​လိုက်​တယ်​​​လေ... "Haha ​နောက်​ဆုံး​တော့ ပြန်​ပက်​လို့ရပြီ...."

Yeontae ကလည်း ပြန်​ပက်​တယ်​​လေ... အဲ့လိုနဲ့ပဲ နှစ်​​ယောက်​သား ​ရေထဲမှာ ​ကစားရင်း ညစာစားချိန်​နား ​ရောက်​သွား​တော့တယ်​။ Hotel ပြန်၊ အဝတ်​အစား​တွေ လဲပြီး ညစာစားဖို့ ထွက်​လာကြတယ်​​လေ... ညစာစားပြီး အခန်းထဲ ​ရောက်​​တော့ မိဘ​တွေဆီက​နေ ဖုန်းလာတယ်​​လေ... Yeontae တစ်​​ယောက်​ သူ့မိဘ​တွေနဲ့ အိမ်​ခွဲ​နေရ​တော့မယ့်​အ​ကြောင်းကို ​တွေး​တွေးပြီး ဖုန်း​ပြောရင်းနဲ့ မျက်​ရည်​​တွေ​တောင်​ ကျပါတယ်​​... ဖုန်း​ပြောတာလည်း တစ်​နာရီ​လောက်​ ကြာသွားတယ်​​လေ Jungkook မိဘ​တွေနဲ့ပါ ဖုန်း​ပြောပြီးသွား​တော့.... နှစ်​​ယောက်​သား တီဗီ​လေးဘာ​လေး ကြည့်​လိုက်​ကြ​သေး... ညဘက်​ Yeontae ညဝတ်​အင်္ကျီလဲပြီး​တော့ Jungkook က "Yeontaeah... oppa နဲ့လိုက်​ခဲ့"... Jungkook သူမလက်​ကို ဆွဲပြီး ကမ်းစပ်​နား ​ခေါ်သွားတယ်​။ Jungkook, Yeontae မျက်​လုံး​လေးကို လက်​နဲ့ကာပြီး ​ခေါ်သွားတယ်​​လေ... ​ရောက်​​တော့မှ ပြန်​ဖယ်​​ပေးလိုက်​တယ်​။ Yeontae တစ်​​ယောက်​ သူ့ မျက်​စိရှေ့မှာ မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ အရမ်းကို အံ့သြမှင်​သက်​သွားမိတယ်​​လေ။

သဲပြင်​​ပေါ်မှာ ဖ​ယောင်းတိုင်​ မီးခွက်​​လေး​တွေကို အသည်းပုံပုံစံ​လေး စီထားပြီး စည်းထဲမှာ​တော့ စားပွဲခုံ​လေးရယ်​၊ ထိုင်​ခုံနှစ်​ခုံရယ်​... စားပွဲ​ပေါ်မှာ တင်​ထားတဲ့ ဝိုင်​ပုလင်း​လေးနဲ့ ခွက်​က​လေး နှစ်​ခွက်​ရယ်​​ပေါ့...

"Yeontaeah..." Jungkook, Yeontae လက်​ကို ကိုင်​ပြီး အထဲ ဝင်​လာလိုက်​တယ်​... Yeontae ကို ထိုင်​ခုံမှာ ​ပေးထိုင်​လိုက်​ပြီး သူက​တော့ အသည်းပုံ စည်း​လေး​တောက်​​လျှောက်​ပတ်​​လျှောက်​ရင်း Yeontae အတွက်​ သူကိုယ်​တိုင်​ ​ရေးထားတဲ့ သီချင်း​လေး ဆိုပြတယ်​။ Yeontae မှာ​တော့ သီချင်းစာသား​ကြောင့်​ မျက်​ရည်​​တွေပါ စို့တက်​လာတယ်​​လေ...

နှစ်​​ယောက်​သား ပင်​လယ်​လှိုင်းသံ​လေး​တွေကို ခံစားရင်း ဝိုင်​​လေး​သောက်​လိုက်​ စကား​လေး​ပြောလိုက်​နဲ့ ညဘက်​ ပင်​လယ်​ပြင်​ကြီးကို ရှုစားခဲ့ကြတာ​ပေါ့...

..........................

"Saengil chukahapnida.... saengil chukahapnida... saranghaneun uri Yeontae saengil chukahapnida...." နားထဲကို ​ရောက်​လာတဲ့ ​လေသံ​လေး​ကြောင့်​ Yeontae မျက်​လုံးနှစ်​လုံး အလိုလို ပွင့်​လာ​တော့တယ်​... မျက်​လုံးနှစ်​လုံး ဖွင့်​လိုက်​တာနဲ့ တစ်​ပြိုင်​နက်​ မြင်​လိုက်​ရတဲ့ Jungkook မျက်​နှာ​ကြောင့်​ သူမ တစ်​​နေ့တာရဲ့ အစ​လေး ပြည့်​စုံသွားသလို ခံစားရတယ်​​လေ...

Jungkook က သူမကို ပြုံးပြပြီး​တော့မှ "နိုးပြီလား?" တဲ့... အရင်​​နေ့​တွေမှာ ဖုန်းထဲက​နေ သူသီချင်းဆို​နေတဲ့ အသံ​လေးနဲ့ပဲ အမြဲနိုးခဲ့ရတဲ့ Yeontae ဒီ​နေ့​တော့ သူကိုယ်​တိုင်​ ​ဘေးနားမှာ ရှိပြီး နှိုးလို့ နိုးခဲ့ပြီ​လေ... Jungkook သူမ နှုတ်​ခမ်း​​လေးကို ညင်​ညင်​သာသာ​လေး နမ်းရှုံ့လိုက်​ပြီး.... "Saengil chukahae babe..." Yeontae ရဲ့ ​မွေး​နေ့​လေ...

"Gomawo oppa..."

Jungkook ခေါင်းအုံး​ပေါ်မှာ လက်​​ထောက်​​နေရာက​နေ ပြန်​ပြီး ​ခေါင်းအုံးလိုက်​ပြီး​တော့မှ "Oppa လို့ မ​ခေါ်နဲ့​တော့​လေ... yeobo တို့ honey တို့ darling တို့လို တစ်​ခုခု​ခေါ်..."

"​ခေါ်တတ်​ဘူး... oppa လို့ ​ခေါ်ရတာပဲ ကြိုက်​တယ်​..."

"ဟာ... babe ကလည်း oppa ​တောင်​ Yeontae ကို babe လို့ ​ခေါ်​ပေးတာကို..."

"အဲ့တာ oppa ဘာသာ​ ​ခေါ်တာ​လေ... Yeontae ​တော့ မ​ခေါ်တတ်​ပါဘူး အဲ့လိုမျိုး​တွေ..."

"Yeontae ကလည်း တစ်​ခါ​လောက်​ပဲ​လေ... ​နော်​​နော်​... ​ခေါ်ကြည့်​ yeobo လို့..."

Yeontae သူ့ကို တစ်​ချက်​ မျက်​​စောင်းထိုး​လေးနဲ့ ကြည့်​လိုက်​တယ်​... သူက ​ခေါ်ပါဆိုတဲ့ မျက်​နှာနဲ့ ဖြစ်​​နေလို့ သူမလည်း ရှက်​ရှက်​နဲ့ တိုးတိုး​လေး ​ခေါ်လိုက်​တယ်​​လေ... ဒါ​ပေမယ့်​ Jungkook က သိပ်​မကြားလိုက်​...

"​ခေါ်​လေ...."

"​ခေါ်ပြီးပြီ​လေ မကြားဘူးလား?"

"တိုးတိုး​လေးကို... မရဘူး... ကျယ်​ကျယ်​​ခေါ်..."

"Yeobo!" Yeontae အော်​ပစ်​လိုက်​​တော့တယ်။

အဲ့​တော့မှ Jungkook က "Imm... yeobo... ​မွေး​နေ့အတွက်​ ဘာလက်​​ဆောင်​​လေး လိုချင်​လဲ?"ဆိုပြီး သွားကြီးဖြီးပြီးေ​မးတယ်​​လေ...

"Aish... ​တော်​ပြီ ​တော်​ပြီ အဲ့လိုကြီး မ​ခေါ်နဲ့..."

"ကဲပါ... Yeontae ဘာလိုချင်​လဲလို့?"

"မ​နေ့က Yeontae တို့ရဲ့ မင်္ဂလာပွဲ​လေးက Yeontae အတွက်​ oppa ​ပေးတဲ့ လက်​​ဆောင်​ပဲ... Yeontae ဘာမှ ထပ်​မလိုချင်​​တော့ဘူး..."

"Aigoo... အဲ့လိုလည်း ချစ်​ဖို့​ကောင်း​အောင်​ ​ပြောတတ်​တယ်​​နော်​..."

"ဒါနဲ့​လေ oppa.... Yeontae ညက oppa နဲ့ Yeontae ရဲ့ အရင်​က အ​ကြောင်း​တွေကို ပြန်​အိပ်​မက်​မက်​တယ်​..."

"ဟုတ်​လား?"

"အင်း oppa.... oppa ကို စစသိခဲ့တဲ့အချိန်​ ငယ်​ငယ်​တုန်းက အ​ကြောင်း​တွေပါ အကုန်​ မက်​တာ... Yeontae ARMY စဖြစ်​ခါစ အချိန်​တုန်းကဟာ​တွေ​ပေါ့... လွန်​ခဲ့တဲ့ ဆယ့်​နှစ်​နှစ်​တုန်းကဟာ​တွေ"

"Oppa ကို ​ပြောပြ... Yeontae ARMY စဖြစ်​တုန်းက အ​ကြောင်း​တွေဆို oppa မသိဘူး​လေ... oppa နား​ထောင်​ချင်​တယ်​..."

"အဲ့တာဆို အိပ်​မက်​အ​ကြောင်း မဟုတ်​ဘဲ တကယ်​ဖြစ်​ခဲ့တဲ့ဟာ​တွေပဲ ​ပြောပြ​တော့မယ်​... ဒါနဲ့... အမှန်​အတိုင်း ​ပြောပြရင်​ oppa စိတ်​​ဆိုးမှာလား?"

"ဆိုးဘူး ​ပြော..."

"Yeontae အမှန်​ဆိုရင်​ စစတုန်းက Taehyung oppa bias... oppa မဟုတ်​ဘူး... ​နောက်​​တော့မှ oppa bias ဖြစ်​သွားတာ..."

"Jinjja? ဒါဆို Yeontae က Taehyung hyung ကို အရင်​စပြီး ကြိုက်​တာ​ပေါ့..." ဆိုပြီး နှုတ်​ခမ်းကြီးစူပြီး ​ပြောပါ​တော့တယ်​...

"အင်း... Soorim နဲ့ Yeontae နဲ့ အဲ့အချိန်​​တွေတုန်းကဆို oppa တို့ကို ဘယ်​​လောက်​ရူးခဲ့ရလဲဆိုတာ ​ပြောလို့​တောင်​ မကုန်​ဘူး... အခု အဲ့အ​ကြောင်း​တွေ ပြန်​ပြန်​​တွေးရင်​ Yeontae အဲ့အချိန်​​တွေ ပြန်​သတိရတယ်​... အဲ့တုန်းက အချိန်​ကို ပြန်​သွားချင်​မိတယ်​... oppa တို့ မြန်​မာနိုင်​ငံကို ပထမဆုံး လာခဲ့တဲ့ အချိန်​တုန်းကဆို Yeontae တို့ နှစ်​​​ယောက်​မှာ ဘယ်​​လောက်​​ပျော်​ခဲ့ရလဲသိလား? Oppa ကို အဲ့မှာ စစမြင်​တုန်းကဆို Yeontae စကား​တောင်​မ​ပြောနိုင်​​တော့ဘူး... ဘာမှလည်း မသိ​တော့ဘူး..." Yeontae တစ်​​ယောက်​ ​ပြောရင်းနဲ့ မျက်​ရည်​​တွေ ဝဲလာတယ်​​လေ... ဆက်​ပြီး "Yeontae တို့ ကိုရီးယားမှာ လာပြီး တက္ကသိုလ်​ တက်​ဖို့ကို​တောင်​ မိဘ​တွေကို အတင်း ​တောင်းဆိုခဲ့ရတာ.... အစတုန်းက umma က လုံးဝသ​ဘောမတူဘူး... Yeontae တို့ ဒီကို လာမယ်​ဆိုတာ oppa တို့​ကြောင့်​ဆိုပြီး သိ​နေလို့​ပေါ့... ​သေချာ ပြန်​စဉ်းစားကြည့်​ရင်​ အဲ့တုန်းက Yeontae တို့ ​တော်​​တော်​က​လေးဆန်​ခဲ့တာပဲ..."

"ဘယ်​သူ​ပြောလဲ? Yeontae တို့သာ ဒီကို မလာခဲ့ရင်​ oppa နဲ့ Yeontae ဘယ်​လိုလုပ်​ အခုအတူရှိ​နေနိုင်​မှာလဲ?" Jungkook ​ပြောပြီး Yeontae မျက်​ရည်​​လေးကို သူ့လက်​နဲ့ ဖွဖွ​လေး သုတ်​​ပေးလိုက်​တယ်​။

"Oppa နဲ့ Seokjin oppa, Yeontae တို့အိမ်ကို ပထမဆုံးလာတဲ့ည​လေးကို မှတ်​မိလား?"

"အင်းမှတ်​မိတယ်​​လေ..."

"ပထမဆုံးကျတဲ့ နှင်းက ဆု​တောင်း​ပြည့်​တယ်​ဆိုတာ Yeontae အခုမှ တကယ်​ယုံ​တော့တယ်​... အဲ့ညတုန်းက Yeontae ​တောင်းခဲ့တဲ့ ဆုက အခု တကယ်​ပြည့်​​နေတယ်​​လေ..."

"ဘာဆုကို​တောင်းခဲ့လို့လဲ?"

"'ဒီညလေးဟာ ကျွန်မတို့လေးယောက်စလုံးအတွက်​ Miracle လို လေးပါ။ ဒီ Miracle ​လေးကို တစ်သက်လုံး တည်တံ့စေချင်တယ် ကျွန်မတို့လေးယောက်စလုံး အမြဲတမ် အခုလိုပျော်​​ပျော်ရွှင်ရွှင်ရှိနေမယ်လို့ ယုံကြည်ပါတယ်' အဲ့လိုမျိုး​တောင်းခဲ့တာ... Yeontae တို့ ​နောက်​ ဘယ်​လို အခက်​အခဲမျိုး​တွေ ဘယ်​​လောက်​ပဲရှိရှိ ဒီ Miracle ​လေးက အမြဲ ရှိ​နေမယ်​လို့ Yeontae ယုံတယ်​..." (နှစ်​​တွေသာ ကြာသွားတာပြောခဲ့တဲ့ စကားတွေတော့ မေ့ဘူးနော်😅)

Jungkook, Yeontae ​ခေါင်း​လေးကို သူ့ရင်​ခွင်​ထဲကို ထည့်​ပြီး ဖက်​​ပေးလိုက်​တယ်​​လေ....

(Jungkook's pov : Yeontae ရယ်​... Yeontae, oppa ကို ​ပေးခဲ့တဲ့ ​သော့ချိတ်​​လေးကအတိုင်း Yeontae က oppa အတွက်​ Miracle ပါပဲ... Neomu saranghae Yeontaeah...)

(Yeontae's pov : Oppa... Yeontae တစ်​ချိန်​က oppa ရဲ့ fan တစ်​​ယောက်​ ဖြစ်​ခဲ့မိတဲ့အတွက်​ ​အရာအားလုံးကို ​ကျေးဇူးတင်​မိတယ်​... ဒါ​ကြောင့်​ oppa နဲ့ Yeontae အတွက်​ အလှဆုံး Memories ​လေး​တွေ အမြဲ ရှိ​​နေနိုင်​တာ​ပေါ့... Saranghae oppa...)

Starting from the coincidence, there comes A MIRACLE, and it makes life filled with OUR MEMORIES...

To the eternal miracle with memories~~~

Total words in Epilogue = 3000

-24 Oct 2016-

ပြီးပါပြီရှင်​~~ Hehe^^ A MIRACLE ​ကိုရော ဒီ fic ​လေးကိုရော အဆုံးထိ ဖတ်​​ပေးတဲ့အတွက်​ jinjja neomu neomu gomawo ပါ^^ fic ​လေးထဲမှာ ပါသွားခဲ့တဲ့ အမှားအမျိုးမျိုးအတွက်​​တော့တောင်းပန်ပါတယ်​... Annyeong^^

Thanks for reading till the end^^

*90° bow

Continue Reading

You'll Also Like

#WHATEVER By Louisse

Teen Fiction

22.5M 868K 175
SHOOKT 1.0 Nora is a solid fangirl who managed to get her crush's cell number from her big brother (without him knowing). She texted him everyday...
7.4M 422K 56
''You remind me of the ocean..'' ''Is it because I'm deep and mysterious?'' he asks. ''No, because you're salty and scare the shit out of people'' ©2...
27M 1.1M 42
she dreads to get to school because of one name. ; high school au, tsundere!taehyung lmao » under edit » #4 in fanfiction on 171222