Loveliest BOY //RatedM // (Co...

By Dollyjulli_9394

221K 11.9K 149

ChanYeol And BaekHyun MYANMAR VER [YAOI] Mature Content @Dollyjulli_9394 More

Part-1
Part-2
Part-3
>>Part-4<<
>>Part-5<<
>>Part-6<<
>>Part-7<<
Part-8 T.T
First LoveMaking
Baek Love Yeol
Mind
Lovey-Dovey
Wedding
FINAL

Part-11

11.1K 693 11
By Dollyjulli_9394

Updateမလုပ်​တာကြာ​တော့ မမှတ်​မိ​လောက်​​တော့ဘူး ဟုတ်​တယ်​မလား ??အဲ့ဒါဆို ​ရှေ့တပိုင်းပြန်​ဖတ်​​ပေး​နော်​ ​ခ်​ခ်​..

ChanBaek
#Yaoi
#Part-11

မိုးလင်းလို့ အိပ်​ရာထထချင်း ​ဘေးနားကို လက်​​လေးယှက်​လိုက်​​တော့ ဘာမှပင်​မရှိ ။ ​မွေ့ရာကို မျက်​လုံးမဖွင့်​​သေးဘဲ ဟိုစမ်းဒီစမ်းလုပ်​ကြည့်​​ပေမယ့်​ သူမရှိတာ ​သေချာသွားသည်​မို့ ChanYeol မျက်​လုံးဖွင့်​ကာ ငုပ်​တုတ်​ထထိုင်​လိုက်​သည်​ ။

"​ဘေဘီ"

သူဘယ်​​ရောက်​သွားတာလဲ ????

အိပ်​ခန်းတံခါးကြီးက ပွင့်​​နေကာ ဂလုံဂလွမ်​ဆို​သော အသံ​ပေါင်းစုံကို ChanYeol ကြား​လိုက်​ ​ရ၏ ။

ChanYeol လည်း မျက်​နှာမသစ်​​သေးဘဲ​လေးလံစွာပင်​ မီးဖို​ချောင်​ဘက်​ ထွက်​လာသည်​။

အို ! ChanYeol မျက်​လုံးကို ကျယ်​​အောင်​လုပ်​​ပေးလိုက်​တာက​တော့..​ရှေ့က apron ၀တ်​ကာ သူ့ကို​ကျော​​ပေးထားသည့်​​ကောင်​​လေး ။ သူဘာ​တွေလုပ်​​နေတာပါလိမ့်​ ​စော​စောစီးစီး ။

"Baek!!"

ChanYeol အခုမှ အိပ်​ရာထလာ​သော​ကြောင့်​ အသံက သြရှရှ ဖြစ်​​နေသည်​ ။ ထို​ကြောင့်​ BaekHyun ​နောက်​လှည့်​ကျိကာ ရယ်​သံ​သေး​သေး​လေးထွက်​​အောင်​ ရယ်​လိုက်​​လေရဲ့ ။

"ဘယ်​လိုဖြစ်​လို့ မျက်​နှာမသစ်​​သေးဘဲ ထွက်​လာရတာတုံး ?"

"မသိဘူး​လေ...မျက်​လုံးဖွင့်​ဖွင့်​ချင်း ​ဘေးနားမှာလဲ ရှိမ​နေ ။ ပန်းကန်​သံ​တွေကလည်း ကြား​နေရတာ။ မထွက်​လာဘဲ မ​နေနိုင်​ဘူး​"

"ငါ့အသံ​တွေ​ကြောင့်​ နိုးသွားတာလား ??"

"ဟင့်​အင်း မဟုတ်​ပါဘူး"

ChanYeol ​ရှေ့တိုးလာတာ Baek ကို ခါး​လေးကို ​နောက်​က​နေ ဖက်​လိုက်​၏ ။

"အခုမှ မနက်​ခင်း​လေးက ပြည့်​စုံသွား​တော့တယ်​ ။"

"အံမယ်​...တတ်​​နေတာ စကား​တွေ"

"Baek အ​စောကြီး ဘာ​တွေချက်​​နေတာလဲ ?"

"ဟို....ဂျီနာ့ကို ​နေ့လည်​စာ​ကျွေးဖို့ ဖိတ်​ထားတယ်​​လေ"

"ဂျီနာ...ဘယ်​က ဂျီနာ.... ??? အာ...tsk"

ChanYeol မျက်​​မှောင်​တချက်​ကျုံ့ကာ BaekHyun ကိုယ်​လေး​ကိုဆွဲလှည့်​လိုက်​သည်​ ။

"ဘာလို့ဖိတ်​​ကျွေးရဦးမှာလဲ ??? အခုဖုန်းဆက်​ပြီး မလာဖို့​ပြောလိုက်​ ။ Baek ရယ်​...သူ့အတွက်​ အပင်​ပန်းခံ ထလုပ်​​ပေး​နေရတယ်​လို့"

"​အားနာစရာကြီး စကားခံပီးမှ ChanYeol! ငါလဲဒီမှာအကုန်​ပြင်​ဆင်​ပြီး​နေပီ ၊ သွား​ရေသွားချိုး​ချေ​တော့"

"........"

ChanYeol ဘာမှမ​ပြောဘဲ ထွက်​သွား​ပေမယ့်​ အလိုမကျ​သော မျက်​နှာဖြစ်​​နေတာကို​တော့ BaekHyun ရိပ်​မိလိုက်​ပါတယ်​ ။

L..................................................B

BaekHyun ​ချဉ်​ရည်​ဟင်းအိုး​လေးတည်​ထားပြီး အိပ်​ခန်းထဲပြန်​၀င်​လာ​တော့ ChanYeol အခုထိ ​ရေချိုးခန်းထဲကထွက်​မလာ​သေး ။

"Yeol ​ရေချိုးတာကြာ​နေပြီ အ​အေးပတ်​မယ်​ကွာ"

"ပြီးပြီ ​ဘေဘီ ခနဘဲ.."

Baek တစ်​ချက်​ပြုံးပြီး​နောက်​ ​Yeol ဖရိုဖရဲထားခဲ့​သော ​စောင်​​တွေ​ခေါင်းအုံး​တွေသိမ်း​နေသည်​ ။

*​အော်​ ငါ ChanYeol နဲ့​တွေ့ပြီး​တော်​​တော်​​တောင်​ ​ပြောင်းလဲလာပါ​ရော့လား ?*
BaekHyun ​တွေးလိုက်​၏ ။

Beepppppp Beepppppp 📱📱

Baek ​တွေး​နေရင်း ဖုန်း vibrate မြည်​သံကြားလိုက်​ရ​တော့ စားပွဲ​ခုံ​ပေါ်မျက်​လုံးအလိုလို​ရောက်​သွားသည်​ ။

ChanYeol ဖုန်းက messagd ၀င်​တာဖြစ်​၏

BaekHyun...ChanYeol ဖုန်း​လေးကိုယူလိုက်​တာ message box ​လေးထဲဝင်​ကြည့်​လိုက်​​တော့ ...

#ဆူ​ဂျောင်း....

Nameက ဆူ​ဂျောင်းတဲ့ ။ ဆူ​ဂျောင်းဆို​တာ ဘယ်​သူလဲ ??

BaekHyun သူ့ကိုယ်​သူ ​မေးခွန်းထုတ်​မိရင်း messageကို ဖတ်​လိုက်​​တော့..

// ChanYeol shi !! ​​​အခုနေ့လည်​11နာရီလောက်​ကျရင်​ ​တွေ့ရ​အောင်​လား ? ကျမ menu ​ကောင်းတဲ့ restaurant ​တွေ့ထားတယ်​ ။ reply ​နော်​ ChanYeol shi //

BaekHyun..Back key ကို အမြန်​ပြန်​နှိပ်​ပြီး ဖုန်းကို ခုတင်​​ပေါ်ပစ်​တင်​လိုက်​သည်​ ။ ChanYeol ​ရေချိုးခန်းထဲမှထွက်​လာ​တာ ​ကြောင့်​ပင်​ ။

BaekHyun chanyeol ကိုလှည့်​မကြည့်​ဘဲ ဗီရိုထဲမှ အ၀တ်​​တွေ ထုတ်​​နေသည်​ ။

"Baek..."

"........"

"Baekလို့...."

"အင်​...အင်း.."

"ဘာ​တွေစဉ်းစား​နေတာလဲ Baek?"

"ဟင့်​အင်း အ​ထွေအထူးမဟုတ်​ဘူး ။ ငါ..ဟင်းအိုးတည်​ထားတာသွားကြည့်​ဦးမယ်​ ။ ဒီမှာ အကျီနဲ့ ​ဘောင်းဘီ ။ ​နောက်​တခါ​ရေချိုးရင်​အာ့​လောက်​မကြာနဲ့ ​သေလိမ့်​မယ်​"

ဟင်​ ???? လူကိုစိတ်​ပူတဲ့ပုံစံက ။

ChanYeol ​ခြေသံပြင်းပြင်းနှင့်​ အခန်းထဲက ထွက်​သွား​သော BaekHyun  ကို ​သေချာလိုက်​ကြည့်​​နေမိတယ်​ ။

တခုခုများ ဖြစ်​လို့လား ??????

*

*

*

*

BaekHyun..ဆူ​ဂျောင်းဆို​သော ChanYeol ဖုန်းထဲက တစ်​​ယောက်​ဟာ Yeol နဲ့ ဘယ်​လိုပက်​သက်​လဲ သူသိပ်​သိချင်​မိသည်​ ။

Yeol ကို​မေ့သင့်​လား မ​​မေးသင့်​လားစဉ်းစား​နေတာဖြင့်​ နာရီပိုင်း ခန့်​ပင်​ရှိပြီဖြစ်​သည်​ ။

#တင်း​တောင်​.....

"အင်း ...ဂျီနာဝင်​...."

BaekHyun ဂျီနာ့ကို ​ကြိုဆိုသည်​ ။

"ငါလဲ..အခုမှ ​သေချာအိမ်​ထဲဝင်​ရတယ်​ မ​နေ့က ငါ့ကိုသူနှင်​ထုတ်​တာနဲ့ 😅 အခုသူ​ရော..."

ထိုအချိန်​ ChanYeol တံခါးဘက်​ထွက်​လာသည်​ ။ ​ရေဘူး​ကိုင်​ပြီး ဆံပင်​ကိုဖွ​နေသည်​ ။

"အထဲဝင်​....​လေ ဂျီနာ"

ဂျီနာကို ဧည့်​ခန်းမှာ ထိုင်​ခိုင်းထားပြီး BaekHyun ...မီးဖို​ချောင်ဘက်​ ထွက်​လာသည်​ ။ Yeol လည်း​နောက်​ကတ​ကောက်​​ကောက်​ လိုက်​လာ​လေ၏

"​ဘေဘီ ကိုယ့်​ကို တခုခုဖြစ်​​နေတာလား ?"

"ဘာမှမဖြစ်​ဘူး သွား ဧည့်​သည်​ကိုသွားဧည့်​ခံ​နေ..."

"ဟာ...အရှုပ်​​တွေကွာ...မြန်​မြန်​ ​ထမင်း​ကျွေးပြီး ပြန်​လွှတ်​လိုက်​​တော့..."

ဟူး.........

Baek သက်​ပြင်းတချက်​နှင့်​အတူ ခက်​ပါလား​​ဆို​သော အကြည့်​ဖြင့်​ အ​အေးဗူးကိုင်​ကာ ပြန်​ထွက်​လာသည်​ ။

"​ရော့ .....ဂျီနာ အ​အေး"

"အင်း ​ကျေဇူး..ငါ့ကို သူနဲ့မိတ်​ဆက်​​ပေးဦး​လေ BaekHyun"

"အာ...သူက ChanYeol.."

"​တွေ့ရတာ ၀မ်းသာတယ်​ ကျ​တော်​က BaekHyun ရဲ့ချစ်​သူ Park ChanYeol"

ChanYeol ဂုဏ်​ယူ ၀င့်​ကြွားစွာ ​ပြောလိုက်​​​သော ထိုစကား​ကြောင့်​ BaekHyun ​ကြောင်​သွားရသည်​ ။ BaekHyun သူ ဒီလိုမျိုးကြီး ​ပြောချလိုက်​လိမ့်​မယ်​လို့​ လုံးဝ မထင်​ထား ... ။

ဂျီနာကို လှမ်းကြည့်​လိုက်​​တော့..သူတို့နှစ်​​ယောက်​ကို ​သာ ကြည့်​​နေ၏ ။

"ဟို.....ဟို....ဂျီနာ ....ငါ"

"BaekHyun ရယ်​....."

ဂျီနာရယ်သံ​ကြောင့် ​BaekHyun မျက်​လွှာ ​အောက်​ချထား၏ ။ သူတို့နှစ်​​ယောက်​ကို အထင်​များ​သေးသွားပြီလား​ ???

"ငါ သိပါတယ်​..."

"O.O"

"မ​နေ့က နင်​ Chen ကို Bar မှာ ရင်​ဖွင့်​​နေတာ ငါ အကုန်​ကြားတယ်​ ။ ChanYeol ဆိုတဲ့တစ်​​ယောက်​ကို ဘယ်​​လောက်​ချစ်​ကြောင်း ဘယ်​​လောက်​​မြတ်​နိုး​ကြောင်း ​အော်​​ပြော​နေတဲ့ဟာ...ငါသက်​သက်​မဲ့အပိုစကား​တွေ​ပြောတာပါဟာ ။ ငါရည်းစားသာရှုပ်​တာ အာ့လို စနိုက်​မ​ကျော်​တတ်​ပါဘူး"

BaekHyun ဂျီနာ့ရဲ့စကားကို ကြားကာ ပါး​လေး​တွေရဲ​နေ၏ ။ Yeol က​တော့....

"တကယ်​ အာ့လို​တွေ​အော်​​ပြော​နေခဲ့တာလား ​BaekHyunee..."

သူ့ပခုံးကို လာဖက်​​သော Yeol ရဲ့လက်​များကို ဖယ်​ချကာ....

"မင်း တိတ်​တိတ်​​နေ...Park Chan..! ဟင်း​တွေ ​အေးကုန်​မယ်​ ​နေ့လယ်​စာ စားကြစို့ ဂျီနာ.."

"အို​ခေ..."

ဂျီနာ မီးဖို​ချောင်​ဘက်​ ထွက်​သွား​တော့...

"Baek...."

"......."

"ဟို ကိုယ်​​နေ့လယ်​စာပြန်​လာမှ စားမယ်​​နော်​ ကိုယ်​အပြင်​ခနသွားဦးမယ်​..."

"အင်း..."

"ကိုယ်​ ဂျီနာနဲ့ Baek ကိုစိတ်​ချမယ်​​နော်​.."

"ငါ​တောင်​ မင်းနဲ့ မင်းသွား​တွေ့မယ့်​သူကို စိတ်​ချ​သေးတာဘဲ သွားမှာသာ သွားစမ်းပါ..."

"Baek..."

ChanYeol အနဲငယ်​​တော့ အံ့သြ သွားမိသည်​ ။ BaekHyun အ​ပြော​တွေက တခုခု ထူးဆန်း​နေသလိုလို ။

"BaekHyun...ငါ ဗိုက်​ဆာပြီ​လေ..."

နောက်​​ဖေးမှ ဂျီနာကလှမ်း​အော်​သည်​ ။

"အဲ့ဒါဆို ကိုယ်​သွားမယ်​​နော်"

"အင်း အင်း...."

ဆူ​ဂျောင်းဆိုတာ ဘယ်​သူလဲ ငါ့ကိုနည်းနည်း​တော့​ပြောသင့်​တယ်​ မဟုတ်​လား ChanYeol ?

ဘယ်​သူဘယ်​၀ါမှန်းမသိတဲ့မိန်းက​လေး တစ်​​ယောက်​နဲ့ မင်း ဒိတ်​သွားလုပ်​တာ ငါ့ရင်​ထဲမှာ ဘယ်​​လောက်​ခံရခက်​​နေလဲ မင်းသိလား ?

ငါ့ကို ရိုးသွားပြီလား Park ChanYeol.. ??

တစ်​ခါတ​စ်​​လေမှာ မပွင့်​မလင်းဖြစ်​​နေတဲ့ အချစ်​​တွေကြားထဲကို အ​နှောက်​အယှက်​​တွေ ဆက်​​​တိုက်​၀င်​​ရောက်​လာတဲ့အခါ.....မ​ဖြစ်​သင့်​ မဖြစ်​ထိုက်​တာ​တွေ ဖြစ်​လာတတ်​တယ်​...

NO ONE'S POV,

မုန်​တိုင်း​လေးရယ်​ ဘယ်​​တော့မှ မတိုက်​ခတ်​ဘဲငြိမ်​​နေ​ပေးပါ .... နူးညံ့သာယာတဲ့​​လေပြည်​​​အေးလေးကိုသာ ကျွန်ုပ်​​လိုအပ်​ပါသည်​ ။

L_______________________________B

TBC...

အမ​လေး အ​ရေးအသားဟာစုတ်​ပြတ်​သတ်​ ။ ဘာ​တွေ​ရေးလိုက်​မိသလဲ 😭

ဖိဘတ်​​တောင်​မ​တောင်းရဲ​တော့ပါ...

VOTE 200 ပြည့်​မှပြန်​လာမယ်​​နော်​ ကြာမှာ​သေချာတယ်​ 😁

@Dollyjulli_9394

Continue Reading

You'll Also Like

14.5K 1.4K 18
ကျ​နော့်​၏ Crush Jong In ကျနော်၏ Crush Jong In
9.3K 1.2K 32
အဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ...
381K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."