Yeontae's pov
ကျွန်မ မနက်ရောက်တော့ ကိုယ်လက်တွေ နည်းနည်း နာနေသလို ခံစားရတယ်။ ခေါင်းလည်း နည်းနည်း မူးနေသလိုလို ကိုက်နေသလိုလို.... အဖျားဝင်သွားတာနေပါလိမ့်မယ်... မျက်နှာသစ် သွားတိုက်ပြီးတော့ အခန်းပြင် ထွက်လာလိုက်တယ်။ မီးဖိုချောင်ထဲ ဝင်လိုက်တော့ ရေခဲသေတ္တာမှာ ကပ်ထားတဲ့ စာရွက်တစ်ရွက်...
ကျွန်မ ယူပြီး ဖတ်ကြည့်လိုက်တော့ "Yeontaeah ငါ ဒီနေ့ morning duty ယူထားတယ်။ မနေ့က Hae Young နဲ့ လဲထားတာ... စားပွဲပေါ်မှာ နင့်အတွက်ပါ ငါ မနက်စာ ပြင်ထားတယ်။ စားလိုက်နော်... မစားဘဲ မနေနဲ့ အားလည်းရှိတာ မဟုတ်ဘူး။ ဆေးလည်း ကိုယ့်ကိုယ်ကို ယူသောက်ဦး... နင် မနေ့ညက အဖျားတော်တော်ကြီးနေတာ..." တဲ့...
ကျွန်မ ဖတ်ပြီးတော့ Soorim ပြင်ပေးထားတဲ့ မုန့်ကို စားလိုက်တယ်။ အဖျားက အခု သိပ်မကြီးတော့ ဆေးတော့ မသောက်တော့ဘူး။ တော်ကြာလောက်ကျရင် ပျောက်သွားမှာပါ... ဆေးသောက်ရမှာ ပျင်းတာလည်း ပါတာပေါ့...
ကျွန်မ အားနေတာက တစ်ကြောင်း၊ လျှောက်သွားချင်တာက တစ်ကြောင်း ပထမဆုံး အိမ်နားက ပန်းခြံလေးဆီ လျှောက်လာခဲ့လိုက်တယ်။
ပန်းခြံလေးထဲမှာတော့ ခုံတန်းလေး တစ်တန်း လွတ်နေတယ်လေ။ အဲ့မှာပဲ ထိုင်လိုက်တယ်။ ဆောင်းဦးလေးဆိုတော့ ရာသီဥတုကလည်း အေးစိမ့်စိမ့်လေးနဲ့.... ပတ်ဝန်းကျင်မှာလည်း ကလေးတွေ ဆော့နေတာတွေရော ၊ အတွဲလေးတွေရော... လူတွေ အများကြီးပဲလေ....
"Hye Jung-ah, နင် သိလား? မနေ့က stage မှာ Jungkook oppa အရမ်းချောတာပဲ..." ကျွန်မ လှည့်ကြည့်လိုက်တော့ ဆယ်ကျော်သက် ကောင်မလေး နှစ်ယောက်...
"အင်းနော်... ပြီးတော့ ဒီတစ်ခေါက် ထွက်တဲ့ သီချင်းနဲ့ သူတို့ 1st ခဏ ခဏရနေတာ... ပျော်လိုက်တာ..."
သူတို့ album အသစ်တောင် ထွက်ပြီတဲ့လား? ကျွန်မတောင် မသိလိုက်ဘူးလေ။ အင်းပေါ့ သူနဲ့ အဆက်အသွယ် ပြတ်ပြီးကတည်းက ကျွန်မလည်း Bangtan အကြောင်း ဘာသတင်းမှ မရတော့တာပဲလေ....
ကျွန်မ ရှေ့ကို လှမ်းကြည့်လိုက်တော့ အတွဲလေးတစ်တွဲ.... ရုတ်တရက် ကျွန်မ ခေါင်းထဲ မြင်ကွင်းတစ်ချို့ ပြန်မြင်ယောင်လာတယ်။ အဲ့နေ့ညလေးပေါ့... stage တွေ fansign တွေ မဟုတ်ဘဲ အပြင်မှာ ဒီအတိုင်း သူနဲ့ တွေ့ခဲ့တဲ့ အချိန်လေး.... ကျွန်မ အဲ့အချိန်တုန်းက ရင်ထဲမှာ ဘယ်လောက် ခံစားခဲ့ရလဲဆိုတာ ဘယ်သူမှ မသိပါဘူး... လေးနှစ်တာလုံး သူ့ကို မေ့ဖို့ ကြိုးစားခဲ့ပြီးမှ သူနဲ့ ပြန်တွေ့ရတဲ့ ခံစားချက်.... (A Miracle ရဲ့ Part 16 တုန်းကပါ)
အခုလည်း ကျွန်မ သူ့ကို မေ့ဖို့ကြိုးစားနေပြန်တာ တစ်လ ရှိပြီလေ.... အချစ်ကို မာနနဲ့ အနိုင်ယူခဲ့တဲ့ ကျွန်မက အခုတော့ သိမ်ငယ်စွာနဲ့ အဲ့နေ့ညတုန်းက အချိန်လေးကို ပြန်တောင့်တနေမိတယ်လေ.... အဲ့တုန်းကလိုမျိုး သူ ကျွန်မကို အခု ဒီပန်းခြံလေးမှာ လာတွေ့မယ်ဆိုရင် ကောင်းမှာပဲလို့ တောင့်တမိတယ်... သူနဲ့သာ အခုအချိန်မှာ ပြန်တွေ့ရမယ်ဆိုရင် ကျွန်မ သူ့ကို ထပ်ပြီး လက်လွှတ်နိုင်မှာ မဟုတ်တော့ဘူး... သူနဲ့ လမ်းခွဲမိတာကို ကျွန်မ အရမ်းနောင်တာရမိတယ်... အခု ကျွန်မ အရမ်းခံစားရတယ်... ရင်ထဲမှာ ဆို့နစ်နေအောင် ခံစားရတယ် သူ့ကို လွမ်းလွန်းလို့... ရူးမတတ်ပဲ... ကျွန်မ ကိုယ်တိုင်က ထိန်းမထားနိုင်တဲ့ မျက်ရည်တွေလည်း အလိုလို စီးကျလာတယ်။ ကျွန်မ ဘာလုပ်သင့်လဲ? အခုချက်ချင်း သူ့ဆီ ပြေးသွားရမလား? ပြေးသွားချင်မိတယ်... ဒါပေမယ့် သူနဲ့ တွေ့ပြီးရင် ကျွန်မ ဘယ်လိုမှ ပြန်ခွဲချင်မှာ မဟုတ်ဘူး။ အခုလို အချိန်မှာ သူ့မျက်နှာကို မြင်ပြီး မခွဲချင်လည်း ခွဲရမယ့်အလုပ်ကို ကျွန်မ မလုပ်ချင်တော့ဘူး... ကျွန်မ ဘာဖြစ်လို့ အဲ့လောက် နာကျင်အောင် ခံစားနေရတာလဲ? သူသိရဲ့လား? ကျွန်မ သူ့ကို လွမ်းနေသလို သူရော ကျွန်မကို လွမ်းနေသေးလား?
ကျွန်မဆီက ထွက်လာတဲ့ ရှိုက်သံတွေကြောင့် ပန်းခြံမှာ ဖြတ်သွားတဲ့ လူတွေက ကျွန်မကို ကြည့်နေကြတယ်လေ... ဒါပေမယ့် ကျွန်မ ဂရုမစိုက်နိုင်ခဲ့ဘူး.... အခု အချိန်မှာ မာနတွေ အရှက်တွေထက် ကျွန်မ ရင်ထဲမှာ ခံစားနေရတာက ပိုပြီး ကြီးမားနေတယ်...
Jungkook's pov
"Yaa Jungkook! Jeon Jungkook!" Hobi hyung ကျွန်တော့်ကို လက်မောင်း ရိုက်ပြီး ခေါ်တော့မှ ကျွန်တော် အတွေးတွေ ရပ်သွားတော့တယ်။
ကျွန်တော် Hobi hyung ဘက်လှည့်ပြီးတော့ "Wae.... waeyo hyung?"
Hyung က ကျွန်တော့် ရှေ့နားလောက်ကို မျက်စပစ်ပြတော့မှ ကျွန်တော် လက်ရှိအချိန်ကို အာရုံပြန်ရောက်တော့တယ်။ ကျွန်တော့်ရှေ့က ARMY က ကျွန်တော့်ကို စောင့်နေတာလေ... သူ ခေါ်တာကို ကျွန်တော် မကြားလိုက်မိဘူး.... ကျွန်တော် Yeontae ဆီပဲ စိတ်ရောက်နေမိခဲ့တယ်...
Yeontae... သူ နေရောကောင်းရဲ့လား? အခု သူ ဘာလုပ်နေမလဲ? ကျွန်တော် သူ့ကို အရမ်း လွမ်းတယ်ဗျာ... သူ ဘာဖြစ်လို့ ကျွန်တော့်ကို ရုတ်တရက် လမ်းခွဲသွားရတာလဲ? သူ့ကို ဖုန်းဆက်လို့လည်း မရဘူး... Soorim ဆီ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ Soorim လည်း Jin hyung နဲ့ အဆက်အသွယ် လုံးဝ ဖြတ်လိုက်ပြီလေ... ကျွန်တော်တို့ နှစ်ယောက် သူတို့နဲ့ ဘယ်လိုမှ အဆက်အသွယ် မရဘူး။ သူတို့ အိမ်ကို သွားဖို့ကလည်း ကျွန်တော်တို့ အချိန်လုံးဝ မရဘူး ဖြစ်နေတယ်။ နေ့ရော ညရော schedule တွေ အပြည့်... ပြီးတော့ manager hyung ကလည်း လုံးဝ ပေးမသွားဘူးလေ PD nim က ပြောထားလို့...
Fansign ပြီးတော့လည်း ဒီနေ့ တစ်နေ့လုံး schedule က လုံးဝ အပြည့်... ကျွန်တော် သူ့ကို အရမ်း တွေ့ချင်တယ်ဗျာ... တစ်လတောင် ရှိပြီ အခုဆို.... သူနဲ့ ဘယ်လို အဆက်အသွယ် ရအောင် လုပ်ရမလဲ လုံးဝ စဉ်းစားလို့လည်း မရဘူး။ မနက်ဖြန်တော့ ကျွန်တော်တို့ schedule ရှင်းတယ်။ မနက်ဖြန် ရအောင်ကို သွားမှ ဖြစ်မယ်။ manager hyung မသိအောင် ခိုးသွားဖို့ပဲ ရှိတော့တာပေါ့။
"Kamsahapnida..." fan က နှုတ်ဆက်ပြီး ထွက်သွားတယ်။ တစ်ခါတစ်လေကျရင် ဒီလို fansign အချိန်တွေမျိုးကျရင် Yeontae အရင်တုန်းက ကျွန်တော်တို့ fansign ကို လာခဲ့တဲ့ အချိန်လေးကို သတိရမိတယ်လေ....
ကျွန်တော် ဘောင်းဘီအိတ်ကပ်ထဲက သူပေးခဲ့တဲ့ keychain လေးကို ထုတ်လိုက်တယ်။
>>>>>>>Flashback
ကျွန်တော်တို့ stage မှာ ဆိုပြီးတော့ fansign ဆီ တမ်းလာခဲ့တယ်။ fansign ပြီးခါနီးအထိ Yeontae နဲ့ Soorim ရောက်မလာသေးဘူးလေ။
ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ jin hyung ကို "hyung သူတို့ မလာဘူးနဲ့တူတယ်" ဆိုပြီး ဝမ်းပန်းတစ်နည်းနဲ့ ပြောတယ်လေ။ ကျွန်တော်က ထောင့်ဆုံးမှာ ထိုင်တာ။ ဘေးမှာ Jin hyung တစ်ယောက်ပဲ ရှိတယ်။
"လာမှာပါ ခဏလေ-" Jin hyung ပြောနေရာကနေ ရပ်ပြီး ခေါင်းကလေး မော့ပြတယ်။ ကျွန်တော် ဒီဘက် ပြန်လှည့်တော့မှ ကျွန်တော် ရင်အေးသွားတော့တယ်။ အပြုံးလေး တစ်ခုကလည်း အလိုလို ကျွန်တော့် နှုတ်ခမ်းသားမှာ နေရာယူလာတယ်လေ။
"Oppa... annyeong" အသံလေးက ချိုနေတာပဲဗျာ။ ကျွန်တော့် ရင်ဘတ်ကြီး တစ်ခုလုံးကို အေးချမ်းသွားတာပဲ။ နှလုံးခုန် မြန်နေတာက လွဲလို့ပေါ့။
ကျွန်တော် သူမကို ပြန်ပြုံးပြပြီးတော့မှ "နာမည်လေးက?"
"Yeontae ပါ။"
"အော် Yeontae လား... နာမည်လေးက လှလိုက်တာ။ လူနဲ့ နာမည်လေးနဲ့ လိုက်တယ်နော်။" သူရှက်ပြီး ပါးလေးနီလာတယ်။
"Gomawo oppa... ဒါနဲ့ ဒါက လက်ဆောင်" သူကျွန်တော့်ကို ဘူးလေး တစ်ဘူးပေးတယ်။ ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အထဲမှာ ရောင်စုံစာရွက်လေးတွေကို အသဲပုံလေးတွေ ခေါက်ထားတာတွေ အများကြီးပဲ။ ကြယ်ကလေးတွေရောပဲ။ ပြီးတော့ ရောင်ပြန် စက္ကူစလေးတွေနဲ့။ တစ်ဘူးလုံး ပြည့်လုနီးပါးပဲ။
"Wow လှလိုက်တာ။ ချစ်စရာလေး။ Yeontae ကိုယ်တိုင် လုပ်ထားတာလား?"
"ဟုတ်တယ် oppa. Yeontae သူငယ်ချင်းနဲ့ တူတူ လုပ်ထားတာ။ ဒါနဲ့ အထဲကို နည်းနည်းပါးပါး မွှေကြည့်လေ။ ရှိသေးတယ်။" သူပြောလို့ ကျွန်တော် လက်ကလေးနဲ့ မွှေကြည့်တော့ အကွင်းလေး တစ်ခုစမ်းမိတယ်။ ကျွန်တော် ထုတ်ကြည့်လိုက်တော့ keychain လေးတစ်ခု။ ဝက်ဝံပုံကလေး။ ကျောဘက်ကို ကြည့်လိုက်တော့ စာသားလေးတစ်ခု "Miracle for JK" တဲ့။
"ချစ်စရာလေး။ ဒါရော Yeontae ကိုယ်တိုင် ရေးထားတာပဲလား?" ကျွန်တော် မေးတော့ သူက ခေါင်းကလေး တငြိမ့်ငြိမ့်နဲ့။
"Wow Yeontae တော်လိုက်တာ။ ဒီစာလုံးလေးတွေက ထွင်းဖို့မှ မလွယ်တာ။"
"Yeontae က ငယ်ငယ်ကတည်းက အဲ့လိုမျိုးတွေ ဝါသနာပါတယ်လေ။"
"ဒါဆို ဒီ ဝက်ဝံကလေးက oppa အတွက် miracle ဆိုတော့.... " ကျွန်တော် သူ့ကို တစ်ချက်လောက် ငေးကြည့်လိုက်တော့ သူက မျက်လုံးပြူးပြူးလေးနဲ့ ကျွန်တော် ပြောတာကို နားထောင်နေတယ်လေ။
"ဒီ ဝက်ဝံလေးက Yeontae ပေါ့။" ကျွန်တော် ပြောလိုက်တော့ သူ့ပါးတွေ နီရဲလာပြီး ခေါင်းကို အောက်ငုံ့လိုက်တယ်။ Omo ချစ်စရာလေး။ ကျွန်တော် ကိုယ့်ကိုယ်ကို မနည်းထိန်းထားရတယ်။
"Omo ပါးလေးတွေ နီကုန်ပြီတော့။" ကျွန်တော် သူ့ပါးဖောင်းဖောင်းလေးကို ဖွဖွလေး ဆွဲလိုက်တော့ သူက တခစ်ခစ်နဲ့ ရယ်နေတယ်လေ။
Flashback ends<<<<<<<
အဲ့တုန်းက အချိန်လေးတွေကို ကျွန်တော် အခုထိ မှတ်မိနေတုန်းပဲ.... ဖြစ်နိုင်ရင် အချိန်တွေကို နောက်ပြန်ရစ်ချင်မိတယ်... ဒါပေမယ့် အဲ့တုန်းကလည်း fansign ပြီးကတည်းက သူ့ကို လေးနှစ်တာလုံးလုံး မမြင်ခဲ့ရဘူးပဲလေ... ကျွန်တော် သူ့ကိုသာ ကိုယ်တိုင် သွားဖွင့်မပြောခဲ့ရင် သူနဲ့ ထပ်ဆုံခွင့်တောင်ရမှာ မဟုတ်ဘူး။ အခုလည်း ကျွန်တော် သူနဲ့ ထပ်ဝေးနေရပြီလေ... သူသာ အခုအချိန်ထိ ကျွန်တော့် fan တစ်ယောက် အနေနဲ့ပဲ ရှိပြီး အခုလို fansign တွေကို လာနေရင်တောင် သူ့မျက်နှာလေးကို မြင်ရမယ့် အချိန်လေးတွေ များပါဦးမယ်။
.......................
ကျွန်တော် ဒီနေ့ schedule မရှိပေမယ့်လည်း မနက်စောစောထတယ်.... Yeontae တို့ဆီကို သွားရမယ်လေ။ ကျွန်တော် ရေမိုးချိုးပြီးတော့ Jin hyung ကလည်း အဆင်သင့်ဖြစ်နေပြီ...
Yeontae's pov
ဆေးရုံကနေ ထွက်ထွက်ချင်းပဲ မိုးက ရွာချလာတယ်လေ.... ဆောင်းဦးတောင် ရောက်ပြီကို မိုးကလည်း.... ထီးလည်း မပါလာဘူး... Soo Rim ကလည်း ဒီနေ့ off day... ထီးက ငှါးချင်တာတောင် ငှါးလို့မရ.... မိုးက အခုမှ ရွာတာဖြစ်ပေမယ့်လည်း ဖွဲဖွဲလေး မဟုတ်ဘူးလေ.... မိနစ်ပိုင်းလောက် စောင့်ပေမယ့်လည်း မိုးကတော့ သိပ်မယ့်ပုံမပေါ်.... မနေ့က အဖျားကလည်း သိပ်မပျောက်ချင်သေးဘူး... ဆေးရုံထဲပဲ ဝင်ပြီး စောင့်တော့မယ်လို့ အလုပ် ကျွန်မ လက်ကို လာလှမ်းဆွဲလိုက်တဲ့ လက်ကို ကြည့်လိုက်တော့ ကျွန်မ ရင်ထဲ အောင့်သက်သွားတယ်။ သူ့ မျက်နှာကို မမြင်သေးပေမယ့်လည်း လက်ကို မြင်တာနဲ့တင် ကျွန်မ သိပါတယ်.... သူ့ကို မော့တောင် ကြည့်နိုင်ဖို့ အားမရှိပေမယ့်လည်း ကျွန်မ အားတင်းပြီး မော့ကြည့်လိုက်တယ်။ သူကတော့ ပြုံးနေလေရဲ့....
"Yeontae ထီးမပါလာဘူးမလား? Oppa လိုက်ပို့ပေးမယ်လေ...."
To be continued~~~
Typing အမှားလေးတွေ ပါရင်တော့ ခွင့်လွှတ်နော် XD Battery ကုန်တော့မှာမို့လို့ ပြန်မစစ်တော့ဘူး XD
Thanks for reading^^
*90° bow