OUR MEMORIES

By BangtanLuvArmy

21.6K 1K 27

Sequel of 'A MIRACLE' More

Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Epilogue

Part 7

573 48 2
By BangtanLuvArmy

No one's pov

Yeontae တစ်​​ယောက်​ သူ့ရဲ့ luggage ကို ဆွဲသွားပြီး Jungkook ဆီ အမြန်​​ပြေးသွားလိုက်​တယ်​။ နှစ်​​ယောက်​သား အားရပါးရ ဖက်​​နေလိုက်​ကြတာ Soorim ​မေးတာကို​တောင်​ မကြားလိုက်​ရှာဘူး​လေ။

"Yaa! ငါ ​မေး​နေတာကို​ရော ကြားကြ​သေးရဲ့လား?" Soorim တစ်​​​ယောက်​ ​အော်​​ပြောလိုက်​​တော့မှ နှစ်​​ယောက်​သား စပ်​ဖြီးဖြီးနဲ့ ​ခေါင်းကုတ်​​နေ​တော့တယ်​။

"Hehe mianhae Soorimah, ဘာ​မေးလိုက်​တာလဲဟင်​?" - JK

"Seokjin oppa ​ရောလို့? Oppa နဲ့ တူတူ လာမကြိုဘူးလား?" သူတို့​တွေ ကိုရီးယားကို ပြန်​လာပြီ​လေ...

"​အော်​ hyung လား? Hyung ကားထဲမှာ ​စောင့်​နေတယ်​။ ကားက ထွက်​ထွက်​ချင်း တံခါး​ပေါက်​နား​လေးမှ-" Jungkook ​ပြောလို့​တောင်​ မပြီး​သေး Soorim တစ်​​ယောက်​ ကားရှိတဲ့ ​နေရာကို သိတာနဲ့ ​ပြေးသွား​တော့တယ်​။

"Oppa... Yeontae toilet ခဏ သွားလိုက်​ဦးမယ်​။" - YT

"အင်း သွား​လေ... oppa ဒီမှာပဲ ​စောင့်​​နေမယ်​​နော်​... Yeontae ​သေတ္တာ oppa ကို ​ပေးလိုက်​" Yeontae တစ်​​ယောက်​ Jungkook ကို သူ့​သေတ္တာ ​ပေးပြီးတာနဲ့ toilet ဆီ အမြန်​သွားလိုက်​​တော့တယ်​။

"Lim Yeontaessi... ကျွန်​မ ​ပြောထားတာ​တွေကို​တော့ မှတ်​မိပါတယ်​​နော်​?" Yeontae အိမ်​သာထဲက ထွက်​လာပြီး လက်​​ဆေး​နေတုန်း ​​ဘေးက​နေ ထွက်​လာတဲ့ စကားသံ​ကြောင့်​ မှန်​ထဲက​နေ လှမ်းကြည့်​လိုက်​​တော့ ​ကောင်​မ​လေးတစ်​​ယောက်​... ရုပ်​ကို​တော့ ​သေချာ မမြင်​ရဘူး။ ဦးထုပ်​လည်း ​ဆောင်းထားပြီး mask လည်း တပ်​ထား​သေးတယ်​​လေ။

Yeontae ​ရေပိတ်​လိုက်​ပြီး​တော့မှ "ဒါနဲ့... ဘယ်​သူလဲ မသိဘူး?"

သူမက တစ်​ချက်​ရယ်​လိုက်​ပြီး​တော့ "ရှင့်​ဆီ လွန်​ခဲ့တဲ့ နှစ်​ပတ်​က message ပို့ပြီး သတိ​ပေးလိုက်​တာ ကျွန်​မ​လေ..." ဆို​တော့မှ Yeontae တစ်​​ယောက်​ ​ခေါင်းထဲမှာ အဲ့​ကောင်​မ​လေးကို ဘွားခနဲ မှတ်​မိသွား​တော့တယ်​​လေ... Yeontae သူ့စိတ်​ထဲမှာ​ ​ကြောက်​​နေမိ​ပေမယ့်​လည်း သူမ​ရှေ့မှာ​တော့ ဂရုမစိုက်​သလိုပင်​.... တစ်​ရှူး တစ်​ရွက်​နှစ်​ရွက်​​လောက်​ကိုယူ လက်​ကို ​သေချာ​ခြောက်​​အောင်​ သုတ်​ပြီး​တော့မှ "ကျွန်​မ မှတ်​မိပြီ။ ဒါနဲ့ Yoo Na က ကျွန်​မကို ဘာကိစ္စ လိုက်​နှောင့်​ယှက်​ချင်​ရတာလဲ? ကျွန်​မနဲ့ Jungkook နဲ့ မတွဲ​တော့​ရော Yoo Na ကို Jungkook က စိတ်​ဝင်​စားလာမှာမှ မဟုတ်​ပဲ..." သူ ​ပြောပြီး တစ်​ရှူးကို အမှိုက်​ပုံးထဲ ပစ်​ထည့်​လိုက်​တယ်​။

"ဒီလို ထင်​​နေရင်​​တော့ Yeontaessi လုံးဝ မှားသွားပြီ။ Lim Yeontae သာ သူ့ ဘဝထဲ မဝင်​ခဲ့ရင်​ ကျွန်​မ အခုအချိန်​မှာ သူနဲ့ ​ပျော်​ရွှင်​​တဲ့ ဘဝမှာ ​နေ​နေရမှာ...  အခု ကျွန်​မ အိပ်​မက်​​တွေ အကုန်​ပျက်​စီးခဲ့ရပြီ!"

"အဲ့အတွက်​​တော့ ကျွန်​မလည်း စိတ်​မ​ကောင်းပါဘူး။ ကျွန်​မ တမင်​ လုပ်​တာမှ မဟုတ်​ပဲ... ​ကျွန်​မ မအားလို့ သွားလိုက်​ဦးမယ်​..." ဆိုပြီး Yeontae toilet ထဲက​နေ မြန်​မြန်​ ထွက်​လာခဲ့​တော့တယ်​။ သူလည်း ​ပြောသာ​ပြောလိုက်​တာ။ တကယ်​တမ်းကျ​တော့ ရင်ထဲမှာ အရမ်း​ကြောက်​​နေမိတာ​လေ... Yoo Na သာ တကယ်​ သတင်းဖြန့်​လိုက်​ရင်​ ဘယ်​လိုလုပ်​မလဲ? ပြီး​တော့ တချို့ fans ​တွေဆိုရင်​ အသက်​အန္တရာယ်​ကို​တောင်​ ထိခိုက်​နိုင်​တယ်​​လေ
.... သူတို့က ဘာကိုမှ ဂရုစိုက်​တာ မဟုတ်​ဘူး။ လုပ်​ချင်​ရာ ဇွတ်​လုပ်​ကြတာ....

"Oppa မြန်​မြန်​ သွားရ​အောင်​... Soorim တို့ ​စောင့်​နေတာ ကြာ​တော့မယ်​ထင်​တယ်​။" Yeontae Jungkook လက်​​မောင်းကို ချိတ်​ပြီး ထွက်​​ပေါက်​ဆီ မြန်​မြန်​ ဆွဲ​ခေါ်သွားတယ်​။

လေဆိပ်​ထဲမှာ ကျန်​​နေခဲ့တဲ့ Yoo Na က​တော့ လက်​ချင်းချိတ်​ပြီး ​ထွက်​သွားတဲ့ သူတို့နှစ်​​ယောက်​ကို ကြည့်​ပြီး ​ဒေါသ​တွေထွက်​လို့​နဲ့​ပေါ့...

"Lim Yeontae! နင်​ ငါ့ oppa နဲ့ ​ဝေးကို​ဝေး​စေရမယ်​ ​စောင့်​ကြည့်​​နေ!" လက်​သီးကို တင်းတင်း ဆုပ်​ရင်း ​ပြောလိုက်​တယ်​။

လေး​ယောက်​သား Yeontae တို့ရဲ့ အိမ်​ကိုပဲ လာခဲ့လိုက်​ကြတယ်​​လေ... Yeontae နဲ့ Soorim က အခန်းထဲမှာ အထုပ်​​တွေ ဘာ​တွေ ဖြည်​​နေတုန်း Jungkook နဲ့ Jin က​တော့ ဧည့်​ခန်းထဲမှာပဲ သူတို့ကို ​စောင့်​ရင်း စကား​တွေ ဘာ​တွေ​ပြောလို့ ​ကောင်း​နေကြတုန်း...

နှစ်​​ယောက်​သား ရယ်​ရယ်​​မော​မောနဲ့ စကား​တွေ ​ပြောရင်းနဲ့မှ ရုတ်​တရက်​ Jungkook မျက်​နှာ expression ​ပြောင်းသွားတာကို သတိထားမိလိုက်​တဲ့ Jin က "Jungkook ဘာဖြစ်​လို့လဲ?" တဲ့....

Jungkook Yeontae တို့ အခန်းဘက်​ကို တစ်​ချက်​လှမ်းကြည့်​လိုက်​တယ်​။ မပြီး​လောက်​​သေးဘူးလို့ ထင်​ရသလို ရှိ​တော့မှ Jin ဘက်​ ပြန်​လှည့်​ပြီး "Hyung.... ကျွန်​​တော်​ ဒီ​နေ့ ​လေဆိပ်​မှာ Yoo Na ကို ​တွေ့လိုက်​သလိုပဲ..."

"ဟုတ်​လား? သူ မင်းဆီ စကား​တွေ​ရော လာ​ပြော​သေးလား?"

Jungkook ​ခေါင်းခါလိုက်​ပြီး "သူလားဆိုတာကို ကျွန်​​တော်​ မ​သေချာဘူး။ အ​ဝေးက​နေပဲ လှမ်းမြင်​လိုက်​တာ... သူက mask တပ်​ထားတယ်​။ ကျွန်​​တော်​ကလည်း လူ​တွေ ကျွန်​​တော့်​ကို သတိထားမိမှာစိုးလို့ ​​သေချာ​တောင်​ ​ခေါင်းမ​မော့ရဲဘူး။ ဒါ​ကြောင့်​ သူ့ကို ​သေချာ မမြင်​လိုက်​တာ.... Yeontae အိမ်​သာသွား​နေတုန်းမှာ ​တွေ့လိုက်​တာ... သူလည်း အိမ်​သာ သွားမလို့နဲ့ တူတယ်​။"

Jungkook စကားကို ကြားလိုက်​ရပြီး Jin က အလန့်​တကြားနဲ့ "ဒါဆို မင်း ဆိုလိုတာက Yeontae နဲ့ သူနဲ့ အိမ်​သာ သွားတဲ့ အချိန်​က တူတူပဲ​ပေါ့?"

"အင်း ဟုတ်​တယ်​။ Yeontae ဝင်​သွားပြီးတာနဲ့ သူလည်း လိုက်​ဝင်​သွားတာပဲ...." Jungkook တစ်​​ယောက်​ ​ပြောရင်းနဲ့မှ မျက်​လုံးပြူးသွားပြီး....  "hyung ​တော်​ကြာ သူ Yeontae ကို တစ်​ခုခု ​ပြောလိုက်​ရင်​ ဘယ်​လိုလုပ်​မလဲ?"

"ငါလည်း အဲ့တာကို စဉ်းစား​နေတာ​လေ...."

"ဘာကို စဉ်းစား​နေတာလဲ?" ရုတ်​တရက်​ ထွက်​လာတဲ့ Soorim အသံ​ကြောင့်​ နှစ်​​ယောက်​သား မျက်​နှာချင်းဆိုင်​ပြီး ဘာ​ပြောရမလဲမသိ ဖြစ်​သွားကြတယ်​​လေ။

"အဲ.... ဟိုဟာ​လေ Soorimssi.... ​နေ့လည်​စာကို အပြင်​မှာ သွားစားကြရင်​ ​ကောင်းမလားလို့ စဉ်းစား​နေတာပါ။" Jungkook တစ်​​ယောက်​ နီးစပ်​ရာကို ဆွဲ​ပြောလိုက်​ရှာတယ်​။

Soorim က Jin ​ဘေးနားမှာ ဝင်​ထိုင်​ပြီး​တော့မှ "နဂိုကတည်းက အပြင်​မှာ သွားစားမယ်​လို့ ​ပြောပြီးသားပဲ​လေ... oppa ဘာ​တွေ ​ပြော​နေတာလဲ?"

Jin က​နေပြီး​တော့မှ "ဒီလို Soorim ရဲ့..... oppa တို့ ​ပြောတာက အဲ့ဒီ အပြင်​မှာ သွားစားတာကို members ​တွေ အကုန်​လုံးကိုပါ ​ခေါ်လိုက်​ရင်​ ​ကောင်းမလားလို့ စဉ်းစား​နေတာ..."

"​ကောင်းသားပဲ ​ခေါ်လိုက်​​လေ oppa" Yeontae က Jungkook ​ဘေးမှာ ဝင်​ထိုင်​ပြီး ​ဖြေလိုက်​တယ်​။ "​အကုန်​ပါ​တော့ ​ပျော်​စရာ​ကောင်းတာ​ပေါ့။"

"​အော်​... အင်း..." ဆိုပြီး Jin တစ်​​ယောက်​ Jungkook ကို ​ကြည့်​လိုက်​​တော့ Jungkook ကလည်း မသိဘူးဆိုတဲ့ ပုံစံနဲ့ ပခုံးတွန့်​ပြပါ​လေတယ်​။ Jin လည်း Taehyung ဆီ ဖုန်းဆက်​ပြီး သူတို့ သွားမယ့်​ဆိုင်​ကို ​လာခဲ့ဖို့ ခေါ်လိုက်​​တော့တယ်​။ ဆိုင်​​လေးက​တော့ လူရှင်းတဲ့ ဆိုင်​မျိုး​လေး​ပေါ့... လွတ်​လွတ်​လပ်​လပ်​ စကား​ပြောလို့ရ​အောင်​လည်း အခန်းတစ်​ခန်းကို booking လုပ်​ထားတယ်​​လေ။

စားမယ့်​ဆိုင်​ကို အကုန်​​ရောက်​တာနဲ့ မှာစရာ ရှိတာ​တွေမှာပြီး စား​သောက်​ကြပါ​လေ​ရော... ဒီလို အပြင်​မှာ စားပြီး ​အေး​အေး​ဆေး​ဆေး စကားမ​ပြောရတာ ကြာပြီးဆို​တော့လည်း... အားလုံး ဆူညံ​နေတဲ့ အချိန်​မှာ Jungkook နဲ့ Yeontae က တိတ်​​နေကြတယ်​​လေ.... Jungkook ငြိမ်​​နေတဲ့ အ​ကြောင်းအရင်းကို Jin က သိ​ပေမယ့်​လည်း Yeontae ငြိမ်​​နေတဲ့ ​အ​ကြောင်းအရင်းကို မသိတဲ့ Soorim က​တော့ သူ့ကို လက်​တို့ပြီး "ဟဲ့ နင်​ ဘာဖြစ်​​နေလို့လဲ? သိပ်​လည်း မစားပါလား?" ဆိုပြီး ​မေးပါ​လေတယ်​။

Jungkook ကလည်း Yoo Na ​ကြောင့်​ စိတ်​ရှုပ်​​နေရလို့ ​ဘေးမှာ ထိုင်​​နေတဲ့ Yeontae ငြိမ်​​နေတာကို မသိလိုက်​... Soorim ​ပြော​တော့မှ သတိထားမိတယ်​​လေ။ Yeontae ​လေဆိပ်​က ပြန်​လာကတည်းက သူနဲ့ စကားလည်း သိပ်​မ​ပြောဖြစ်​တာကို အခုမှ ​သေချာ သတိထားမိတယ်​။ Yeontae ကပဲ ငြိမ်​​နေတာလား သူ့ဘက်​ကပဲ Yeontae ကို သိပ်​ဂရုမထားမိသလို ဖြစ်​​နေတာလား ဆိုတာကိုလည်း သူ ​ဝေခွဲလို့မရ.... ​လေဆိပ်​မှာ Yoo Na ကို မြင်​လိုက်​ရပြီး ကတည်းက သူ စိတ်​ပူ​နေတာ​ကြောင့်​ ဘာကိုမှ ​သေချာ စဉ်းစားလို့လည်း မရ​တော့...

"Hmm? ငါ စားပါတယ်​ဟာ နင်​ကလည်း.... ငါ ​ဗိုက်​ သိပ်​မဆာလို့ပါ...." Yeontae ညာ​ပြောလိုက်​တယ်​။ သူ ​Yoo Na နဲ့ ​တွေ့ခဲ့တဲ့ အ​ကြောင်းကို members ​တွေ ​ရှေ့မှာ ​ပြောမပြချင်​ဘူး​လေ...

Yeontae Jungkook ကို လှမ်းကြည့်​လိုက်​​တော့ Jungkook လည်း မျက်​နှာ သိပ်​မ​ကောင်းတာကို သတိထားမိတယ်​​လေ.... သူ​ရော Yoo Na အ​ကြောင်းကို သိ​နေတာလား? တစ်​​ယောက်​နဲ့ တစ်​​ယောက်​ စိမ်းကား​နေသလို ခံစားမိတယ်​...

To be continued~~~

Thanks for reading^^

*90° bow

Continue Reading

You'll Also Like

5.4M 315K 65
'The devil has a name and it is Kim Taehyung' Every girl wants a bad boy who would be good just for her. But what happens when you get the ultimate...
9.7M 315K 52
"you're all mine; the hair, the lips, the body, it's all mine." highest previous rankings: - #1 in jimin - #1 in pjm - #1 in btsfanfic cover by: @T...
4.1M 199K 101
βœ… "We always long for the forbidden things." 𝐝𝐲𝐬𝐭𝐨𝐩𝐒𝐚𝐧 𝐧𝐨𝐯𝐞π₯ β†― βš”οΈŽ ʙᴏᴏᴋ ᴏɴᴇ α΄€Ι΄α΄… ᴛᴑᴏ ᴄᴏᴍʙΙͺɴᴇᴅ βš”οΈŽ ...
8.4M 110K 63
"Bad guys can be good too... when they're in bed." #1 in FANFICTIONβœ“ Β© sujinniie 2018-2019 βœ“ Β© sujinniie revised 2022