OUR MEMORIES

By BangtanLuvArmy

21.6K 1K 27

Sequel of 'A MIRACLE' More

Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Epilogue

Part 6

591 45 0
By BangtanLuvArmy

Yeontae's pov

ကျွန်​မ မနက်​စာ စားပြီး​တော့ ပန်းကန်​​တွေ ဘာ​တွေ​ဆေးပြီး ကျွန်​မ အခန်းထဲ ပြန်​လာလိုက်​တယ်​။

"Yeontae... ဘာဖြစ်​လို့ လိုင်း​ပေါ် တက်​မလာတာလဲ? Oppa ကို စိတ်​ပူ​အောင်​ မလုပ်​ပါနဲ့... အခုဆို Yeontae လိုင်း​ပေါ် မတက်​လာတာ တစ်​ပတ်​ရှိပြီ။ ပြီးခဲ့တဲ့ အပတ်​ကတည်းက oppa ကို reply ​တွေ လုပ်​ထားတာလည်း မ​တွေ့ဘူး။"

သူ့ဆီက message ​လေးက တမ်း​ရောက်​လာတယ်​​လေ။ အ​ပေါ်ဘက်​ကို ဆက်​တက်​ကြည့်လိုက်​​တော့ သူ ပို့ထားတဲ့စာ​တွေမှ အများကြီး... ကျွန်​မလည်း အခုတ​လော တချို့ကိစ္စ​တွေနဲ့ အလုပ်​​တွေ ​တော်​​တော်​​လေး ရှုပ်​​နေတာ​ကြောင့်​ လိုင်း​ပေါ် မတက်​ဖြစ်​ခဲ့တာ.... အိပ်​ချိန်​​တောင်​မှ သိပ်​မှန်​တာ မဟုတ်​​တော့ဘူး... ဒီကို ပြန်​​ရောက်​ပြီးကတည်းကပဲ... အခုဆို နှစ်​ပတ်​​တောင်​ ရှိပြီ​လေ... ဒီ​နေ့မှ တစ်​ရက်​တ​လေ​လေး အားလို့ လိုင်း​ပေါ် တက်​ဖြစ်​တာ...

"Oppa mianhae... Yeontae အလုပ်​​တွေ ရှုပ်​​နေလို့ လိုင်း​ပေါ် မတက်​ဖြစ်​တာပါ။ Oppa ကို စိတ်​ပူ​အောင်​ လုပ်​မိလို့ mian ​နော်​..."

သူ ​လော​လောဆယ်​ လိုင်း​ပေါ်မှာ မရှိ​တော့ reply ပြန်​မ​ရောက်​လာဘူး​လေ.... ကျွန်​မလည်း တခြားဟာ​တွေ ​လျှောက်​​မွှေ​နေတုန်း message တစ်​​​စောင်​ ​ရောက်​လာလို့ သူလို့ ထင်​ပြီး ချက်​ချင်း ဖွင့်​ကြည့်​လိုက်​တယ်​။ ဖွင့်​ကြည့်​လိုက်​​တော့ သူ မဟုတ်​ဘူး​လေ... pro pic ကို ကြည့်​လိုက်​​တော့လည်း အရုပ်​က​လေးတစ်​ရုပ်​ပုံနဲ့... နာမည်​ကို ကြည့်​လိုက်​​တော့ Lee Yoo Na တဲ့....

"ဒီမှာ Lim Yeontaessi... Jungkook နဲ့ ဆက်ပြီး အဆက်​အသွယ်​ မလုပ်​ဖို့ ကျွန်​မ သတိ​ပေးချင်​ပါတယ်​... မဟုတ်​လို့က​တော့ ရှင်​တို့ နှစ်​​ယောက်​ လျှို့လျှို့ဝှက်​ဝှက်​ တွဲ​နေတယ်​ဆိုတဲ့ အ​ကြောင်းကို ကျွန်​မ သတင်း​ဖြန့်​​ပေးလိုက်​မယ်​... အဲ့လို သတင်းသာ ထွက်​သွားရင်​ ဘယ်​​လောက်​ အုံးအုံးကြွကြွ ဖြစ်​သွားမယ်​ဆိုတာ သိတယ်​မလား?"

စာကို ဖတ်​ပြီး ချက်​ချင်းပဲ ကျွန်​မ လက်​​တွေ ​အေးစက်​လာပြီး ရင်​​တွေလည်း အရမ်း တုန်​လာသလို ခံစားမိတယ်​။ သူက ဘယ်​သူလဲ?

"Yoo Nassi က ဘယ်​သူမို့လို့လဲဟင်​? ဘာဖြစ်​လို့ ကျွန်​မတို့ နှစ်​​ယောက်​ အ​ကြောင်းကို သိ​နေရတာလဲ?"

"ဒီမှာရှင့်​... မသိရင်​ မှတ်​ထား... ကျွန်​မက Jungkook ​နောက်​ကို အမြဲလိုက်​​နေတာပါ။ သူ့​ ​နောက်​ကိုပါ မဟုတ်​ဘူး။ Yeontaessi အ​ကြောင်း​တွေလည်း အကုန်​သိတယ်​။ ဒါမို့​ကြောင့်​ ဆင်​ဆင်​ခြင်​ခြင်​ ​နေဖို့ ကျွန်​မ ​ပြောတာပါ။"

သူက Jungkook oppa ​နောက်​ကို အမြဲလိုက်​​နေတာ? ပြီး​တော့ ကျွန်​မ အ​ကြောင်း​တွေပါ အကုန်​ သိတယ်​တဲ့? ဘာ​တွေလဲ? သူက ဘာ​ကြောင့်​ ကျွန်​မတို့ နှစ်​​ယောက်​အ​ကြောင်းကို အကုန်​ သိ​နေရတာလဲ? သူ ခုနက ​ပြောတဲ့ သတင်းဖြန့်​လိုက်​မယ်​ဆိုတာက​ရော? တကယ်​သာဆိုရင်​ ကျွန်​မ oppa နဲ့ ​ဝေးရမှာလား? ပြီး​တော့ oppa က​ရော? သူ့ idol career ကို ထိခိုက်​သွားမှာကိုလည်း ကျွန်​မ အရမ်း​ကြောက်​တယ်​။ သူ့မှာ အခုလို အချိန်​ထိ ​ရောက်​​အောင်​ သူ့ရည်​မှန်းချက်​​တွေနဲ့ ကြိုးစားခဲ့ရတာ.... ကျွန်​မ​ကြောင့်​ သူ့ ​အောင်​မြင်​မှုကို မထိခိုက်​​စေချင်​ဘူး။

ကျွန်​မ Yoo Na ဆိုတဲ့ တစ်​​ယောက်​ကို ဘာမှ ပြန်​ reply မလုပ်​နိုင်​​တော့ဘဲနဲ့ ဒီအတိုင်း ထွက်​လာခဲ့တယ်​။ ကျွန်​မ ဘယ်​လို လုပ်​ရမှာလဲ? ဒီ ကိစ္စကို oppa ကို အသိ​ပေးသင့်​လား?

ကျွန်​မ ချက်​ချင်းပဲ Soorim ဆီ ဖုန်းလှမ်းဆက်​လိုက်​တယ်​။ သူနဲ့ တစ်​​နေရာမှာ ​တွေ့ဖို့ ချိန်းပြီး အင်္ကျီ​တွေ ဘာ​တွေလဲ၊ ချိန်းထားတဲ့ ​နေရာကို လာခဲ့လိုက်​တယ်​။ ငါးမိနစ်​​လောက်​​နေ​တော့ သူ ​ရောက်​လာတယ်​​လေ။

သူက ခုံဆွဲ ဝင်​ထိုင်​ပြီး​တော့မှ "ရုတ်​တရက်​ကြီး ​ခေါ်လို့ပါလား? မ​တွေ့ရတာ​တောင်​ နှစ်​ပတ်​ရှိပြီ။"

"​အေး​နော်​... ငါ နင့်​ကို အ​ရေးကြီး ​ပြောစရာ အ​ကြောင်း ရှိလို့..."

Waiter ကို သူက coffee တစ်​ခွက်​ မှာလိုက်​ပြီး​တော့ ကျွန်​မဘက်​ ပြန်​လှည့်​ပြီး..... "အင်း ​ပြော​လေ..."

"နင့်​ကို​လေ.... ​နင်​ မသိတဲ့ ​ကောင်​မ​လေး တစ်​​ယောက်​ message ​တွေဘာ​တွေ ပို့​သေးလား?"

"မပို့ပါဘူး။ ဘာဖြစ်​လို့လဲ? ငါ အခုတ​လော ဘယ်​သူနဲ့မှ သိပ် စကားမ​ပြောဖြစ်​ဘူး။"

"ဟုတ်​လား?....." သက်​ပြင်းတစ်​ချက်​က ကျွန်​မဆီက​နေ အလိုလို ထွက်​လာတယ်​​လေ။

"ဘာဖြစ်​လို့လဲ? နင့်​ဆီ အဲ့လို ပို့တာမျိုး ရှိလို့လား?"

ကျွန်​မ ဖုန်းကို ပိုက်​ဆံအိတ်​ထဲက ထုတ်​ပြီး သူ့ကို Yoo Na နဲ့ ​ပြောထားတဲ့ စကား​တွေ ပြလိုက်​တယ်​။

သူက ဖတ်​ပြီး​တော့ ကျွန်​မကို မျက်​လုံးပြူးကြီးနဲ့ ကြည့်​ပြီး "ဟဲ့.... သူက ဘယ်​သူလဲ? ဒါ.... ဒါ သူတကယ်​ ​ပြော​နေတာလား?" ဆိုပြီး အလန့်​တကြားနဲ့ ​အော်​​မေးပါတယ်​​လေ။ သူ့​ကြောင့်​ coffee လာချတဲ့ waiter ​တောင်​ ​ကြောင်​​တောင်​​တောင်​ ဖြစ်​သွားသလိုလို....

"အဲ့မှာ နင်​ မြင်​တဲ့အတိုင်းပဲ.... ငါလည်း ​သေချာ မသိဘူး။ ငါ အခု ဘာလုပ်​ရမှန်း မသိလို့ နင့်​ကို ​ခေါ်လိုက်​တာ..."

"Jungkook oppa ​ရော ဒီကိစ္စကို သိပြီးပြီလား?"

ကျွန်​မ ​ခေါင်းခါပြလိုက်​ပြီး "သူ့ကို ​ပြောပြရင်​ ​ကောင်းမ​ကောင်း စဉ်းစား​နေတာ..."

"ငါ့ အထင်​​တော့ နင်​​ ​ပြောပြလည်း သူက နင့်​ကို လက်​​လွှတ်​မှာ မဟုတ်​ဘူး။ သူ အရင်​ကတည်းက ​ပြောပြီးသား​လေ.... သတင်း​တွေထွက်​လည်း နင့်​ကို လက်​မလွှတ်​ဘူးဆိုတာကို... "

"အဲ့တာကို ငါလည်း သိပါတယ်​။ ဘယ်​လိုပဲဖြစ်​ဖြစ်​ သူ ဒီကိစ္စနဲ့ ပတ်​သတ်​ပြီး stress ​တွေ များလာမှာကို ငါ စိတ်​ပူတာ..."

"ဟုတ်​တယ်​... ဒါ​ပေမယ့်​ အဲ့ Yoo Na ​ဆိုတဲ့ တစ်​​ယောက်​က တကယ်​​ပြော​နေတဲ့ ပုံပဲ.... မ​တော်​လို့ နင်​တို့ နှစ်​​ယောက်​ သတင်း​တွေ ထပ်​ထွက်​လာရင်​ ဘယ်​လိုလုပ်​မလဲ? မနှစ်​ကလည်း တစ်​​ခေါက်​ ထွက်​ပြီးပြီ။ fan ​တွေက သိတဲ့အတိုင်းပဲ... ငါလည်း သူတို့ကို စာနာပါတယ်​... ဒါ​ပေမယ့်​.... အခုက ငါတို့ ကိုယ်​တိုင်​ကိုက သူတို့ မနာလိုစရာ ဖြစ်​​နေ​တော့..."

"ငါ​ရောပဲ အဲ့တာကို စဉ်းစား​နေတာ... ငါသာဆို သူတို့ ​နေရာမှာ ဘယ်​လို​နေမလဲ မသိဘူးလို့.... ဒါ​ပေမယ့်​လည်း အခုက လက်​လွှတ်​ဖို့ကလည်း ဘယ်​လိုမှ မလုပ်​နိုင်​တဲ့အရာ... တကယ်​ ဘာလုပ်​ရမှန်းကို မသိ​တော့ဘူး!" ကျွန်​မ စိတ်​ပျက်​ပျက်​နဲ့ ​ကော်​ဖီခွက်​ကို စားပွဲ​ပေါ်တင်​လိုက်​တယ်​။

"ဆက်​​စောင့်​ကြည့်​လိုက်​ဦး​လေ... သူက တကယ်​​ပြောတာ ဟုတ်​ချင်​မှလည်း ဟုတ်​မှာပါ။ ငါတို့ဘာသာ အလကား စိတ်​အပူလွန်​​တာလည်း ဖြစ်​နိုင်​တာပဲ..." ကျွန်​မလည်း သူငယ်​ချင်း စကားကို ​ခေါင်းငြိမ့်​ပြရင်း သ​ဘောတူလိုက်​ရတာ​ပေါ့။ သူ ​ပြောတာလည်း ဖြစ်​နိုင်​တာပါပဲ...

"ဒါနဲ့​လေ နင်​ သိလား? ငါ ဟိုတစ်​​လောက ငါတို့ ​ကျောင်း​ရှေ့​ရောက်​ခဲ့တယ်​။"

သူက ​ကော်​ဖီ​သောက်​ရင်းနဲ့... "အဲ့တာ ဘာဖြစ်​လို့လဲ?"

ထိုင်​ခုံကို ​နောက်​မှီပြန်​ထိုင်​ပြီး "ငါတို့ ​ကျောင်းသူ ဘဝတုန်းက ​Bangtan ကို ရူးခဲ့တာ​လေး​တွေကို ငါ ပြန်​မြင်​​ယောင်​လာတယ်​။ ငါတို့ ​ပြောခဲ့တဲ့ စကား​တွေ ငါတို့ သူတို့အ​ကြောင်း​တွေ ​ပြောပြီး ​ပျော်​ခဲ့တဲ့ အချိန်​၊ ရယ်​ခဲ့ ငိုခဲ့ရတဲ့ အချိန်​​လေး​တွေ..... ငါ အကုန်​ မှတ်​မိ​နေတုန်းပဲ သိလား? ​ငါတို့ အထက်​တန်း​ကျောင်းပြီးတာ ​ခြောက်​နှစ်​​တောင်​ ရှိပြီ​လေ... ဒါ​ပေမယ့်​ သူတို့နဲ့ ပတ်​သတ်​ပြီး ​ပြောခဲ့တဲ့ အ​ကြောင်း​လေး​တွေကို ငါ အကုန်​မှတ်​မိတယ်​ဟဲ့ အဟီး..." ​ပြောပြီး ​ကော်​ဖီ တစ်​ချက်​ ​စုပ်​​သောက်​လိုက်​ပြန်​တယ်​...

"နင်​ တစ်​​ယောက်​တည်း မှတ်​မိတာလား? ငါလည်း မှတ်​မိပါ့... အဲ့တုန်းက သူတို့ကို ငါတို့​တော်​ရုံတန်​ရုံ ကြိုက်​ခဲ့တာမှ မဟုတ်​တာ... အခု ဒီလို အ​ခြေအ​နေ​တွေထိ ​ရောက်​လာလိမ့်​မယ်​ဆိုတာကိုလည်း ငါတို့ လုံးဝ မထင်​ထားခဲ့ဘူး။ ဒါ​ပေမယ့်​လည်း ငါတို့ သူတို့နဲ့ ​တွေ့နိုင်​ဖို့​တော့ ​တော်​​တော်​​လေး ကြိုးစားခဲ့တာပဲ​လေ..."

Jungkook's pov

Yeontae.... သူ ဘာ​တွေဖြစ်​​နေတာလဲ? ကျွန်​​တော်​ သူနဲ့ အဆက်​အသွယ်​ မရတာ တစ်​ပတ်​ရှိပြီ​ဗျာ... ကျွန်​​တော့်​ message ​တွေကိုလည်း သူ reply ပြန်​မလုပ်​ဘူး။ လိုင်း​ပေါ် တက်​လာတာကိုလည်း ကျွန်​​တော်​ မ​တွေ့ဘူး။ ဖုန်းဆက်​ဖို့ကလည်း ကျွန်​​တော်​ သူ့ မြန်​မာနိုင်​ငံက ဖုန်းနံပါတ်​ကို မသိဘူး​လေ။ ကျွန်​​တော်​ ​တွေး​နေတုန်း Jin hyung အခန်းထဲ ဝင်​လာတယ်​။

"Jungkook ဘာ​တွေ စဉ်းစား​နေတာလဲ? မျက်​နှာက သိပ်​မလန်းသလိုပဲ..." hyung က ကုတင်​​ပေါ် ကျွန်​​တော့်​ ​ဘေးမှာ ဝင်​ထိုင်​ပြီး ​ပြောတယ်​​လေ။

"Hyung.... Soorim နဲ့ ညတိုင်း chat ဖြစ်​တယ်​မလားဟင်​? သူ့ဆီက Yeontae သတင်း​တွေ ဘာ​တွေများ ရ​သေးလား?"

"Yeontae သတင်း? Yeontae က ဘာဖြစ်​လို့လဲ? Soorim လည်း ငါ့ကို ဘာမှ မ​ပြောပါဘူး။"

"ဟုတ်​လား? သူ ကျွန်​​​တော်​နဲ့ မ chat ဖြစ်​တာ တစ်​ပတ်​​ကျော်​ ရှိပြီ... ကျွန်​​တော်​ စိတ်​ပူတယ်​​ဗျာ... သူ့ကို လွမ်းလည်းလွမ်း​နေပြီ။"

ကျွန်​​တော်​ စိတ်​ရှုပ်​ရှုပ်​နဲ့ ​ပြောပြီး လိုင်း​ပေါ်တက်​ကြည့်​လိုက်​တယ်​။

"Oppa mianhae... Yeontae အလုပ်​​တွေ ရှုပ်​​နေလို့ လိုင်း​ပေါ် မတက်​ဖြစ်​တာပါ။ Oppa ကို စိတ်​ပူ​အောင်​ လုပ်​မိလို့ mian ​နော်​..." သူ့ဆီက reply ​ရောက်​လာပြီ... ကျွန်​​တော်​ သူ့စာ ဖတ်​ပြီး​တော့မှပဲ ရင်​ထဲ ​ပေါ့သွား​တော့တယ်​။

ကျွန်​​တော်​ ပြုံး​နေတာကို မြင်​တဲ့ hyung က "ပြန်​လာပြီမလား? မင်း မျက်​နှာကို ကြည့်​တာနဲ့တင်​ ငါ သိပါတယ်​ကွာ.." တဲ့။

ကျွန်​​တော်​ ဘာမှ ပြန်​မ​ပြော​တော့ hyung က "ကယ်​ အဲ့တာဆို ​အေး​ဆေး chat ​တော့... ငါ သွားပြီ" ဆိုပြီး ထွက်​သွား​တော့တယ်​။

To be continued~~~

Thanks for reading^^

*90° bow

Continue Reading

You'll Also Like

6.7M 347K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
5.4M 315K 65
'The devil has a name and it is Kim Taehyung' Every girl wants a bad boy who would be good just for her. But what happens when you get the ultimate...
11M 344K 71
You and Jungkook were childhood best friends. Theres just one thing...You hadn't realized he was in love with you.
16.3M 670K 48
In which Jeon Jungkook agrees to marry Song Taehee(you) because of some reasons. She's happy. While he isn't. She does everything for him. While he d...