OUR MEMORIES

By BangtanLuvArmy

21.6K 1K 27

Sequel of 'A MIRACLE' More

Prologue
Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Epilogue

Part 5

662 49 0
By BangtanLuvArmy

Jungkook's pov

ကျွန်​​တော်​တို့ နားရက်​ တစ်​ပတ်​ပြည့်​​တော့ ကျွန်​​တော်​လည်း busan က​နေ ပြန်​လာခဲ့တယ်​​လေ... ည​ရောက်​​တော့ Yeontae ဆီ စာ​လေးဘာ​လေး ပို့လိုက်​ဦးမယ်​ဆိုပြီး online တက်​လာလိုက်​တယ်​.....

"Yeontaeah... တစ်​ပတ်​​တောင်​ ရှိပြီ​နော်​... bogoshipeo ​နောက်​ထပ်​ သုံးပတ်​ကြီးများ​တောင်​ ​စောင့်​ရဦးမယ်​...."

တော်​​တော်​ကြာတဲ့အထိ သူ့ဆီက reply ပြန်​မလာဘူး။ ကျွန်​​တော်​လည်း အ​အေး​လေး ဘာ​လေး ​သောက်​ချင်​တာနဲ့ ထမင်းစားခန်းထဲ ဝင်​လာလိုက်​တယ်​။ ​V hyung လည်း ​ရောက်​​နေတယ်​​လေ။

"Hyung ဘာလုပ်​​နေတာလဲ?"

"အင်း... ရုတ်​တရက်​ အ​အေး​သောက်​ချင်​လာလို့ လာရှာတာ ဘာအ​အေးမှ မရှိဘူးကွာ..."

"ဟုတ်​လား ကျွန်​​တော်​လည်း အ​အေး​သောက်​ချင်​လို့ ထွက်​လာတာ.... အဲ့တာဆို သွားဝယ်​ကြမယ်​​လေ။"

"အင်း hyung တို့ကို ​ပြောလိုက်​ဦးမယ်​။"

ကျွန်​​တော်​နဲ့ V hyung members ​တွေကို ​ပြောပြီး grocery store ဆီ လမ်း​လျှောက်​လာခဲ့တယ်​။ ဝယ်​စရာ ရှိတာ​တွေ ဝယ်​ပြီး ပြန်​အထွက်​ ​ကောင်​မ​လေးတစ်​​ယောက်​ ကျွန်​​တော်​တို့ ​ရှေ့မှာ လာရပ်​တယ်​​လေ။ မျက်​နှာကို​တော့ ညဘက်​​မှောင်​​နေတာမို့လို့ ​သေချာမမြင်​ရ။ hoodie လည်း ​ဆောင်းထား​သေးတယ်​​လေ။

ကျွန်​​တော်​တို့ နှစ်​​ယောက်​ သူ့​ဘေးက​နေ ဖြတ်​ပြီး သွားမယ်​လုပ်​​တော့ "Jeon Jungkook" ဆိုပြီး သူ့ပါးစပ်​က​နေ ထွက်​လာတဲ့ အသံ​ကြောင့်​ ကျွန်​​တော်​​ရော hyung ပါ ရပ်​သွားတယ်​။

"ဘယ်​သူလဲမသိဘူး? ဘာကိစ္စများ ရှိလို့လဲခင်​​ဗျ?" ကျွန်​​တော်​ ​မေးလိုက်​တာပါ။

"ကျွန်​မ ရှင်​နဲ့ နှစ်​​ယောက်​တည်း စကား​ပြောချင်​တယ်​။"

V hyung က​နေပြီး​တော့ "အားနာ​ပေမယ့်​ ဘယ်​သူလဲမသိဘူး? စိတ်​ချရတဲ့ သူဆိုမှ ကျွန်​​တော်​ ထွက်​သွား​ပေးပါ့မယ်​။"

ကောင်​မ​လေးက တစ်​ချက်​ ​လှောင်​ရယ်​ရယ်​လိုက်​ပြီး​တော့ "စိတ်​ချပါ... ကျွန်​မ သူ့ကို ဘာမှ မလုပ်​ပါဘူးရှင်​.... ဒါ​ပေမယ့်​ ကျွန်​မ ​ပြောတဲ့အတိုင်း ရှင်​ ထွက်​မသွား​ပေးရင်​​တော့ ရှင်​တို့ရဲ့ လျှို့ဝှက်​ချက်​ကြီး ​ပေါက်​ကြားသွားမှာကို​တော့ ကျွန်​မ တာဝန်​မယူနိုင်​ဘူး​နော်​..." လျှို့ဝှက်​ချက်​? မဟုတ်​မှလွဲ​ရော... သူ ကျွန်​​တော်​နဲ့ Yeontae ကိစ္စကို သိ​နေတာလား?

"မင်းက ဘယ်​သူမို့လို့ ဒီလိုစကား-" ကျွန်​​တော်​ hyung ကို ​ခေါ်လိုက်​လို့ hyung ဆက်​မ​ပြော​တော့ဘဲနဲ့ သက်​ပြင်းတစ်​ချက်​ချလိုက်​တယ်​။

Hyung က ကျွန်​​တော့်​ကို သတိ​ပေးတဲ့ အကြည့်​နဲ့ တစ်​ချက်​​လောက်​ကြည့်​ပြီး​တော့မှ ထွက်​သွား​ပေး​တော့တယ်​​လေ။

"Store ထဲမှာ ထိုင်​ပြီး ​ပြောကြတာ​ပေါ့။" ​ကောင်​မ​လေးက ​ပြောပြီး အရင်​ ဝင်​သွားတယ်​။ ကျွန်​​တော်​လည်း တခြား​ရွေးစရာမရှိတာနဲ့ သူ​ပြောတဲ့အတိုင်းပဲ လိုက်​သွားရတာ​ပေါ့။ သူ သိထားတဲ့ ကျွန်​​တော်​တို့ရဲ့ လျှို့ဝှက်​ချက်​က ဘာလဲဆိုတာ အ​ရေးကြီးတယ်​​လေ။

ကျွန်​​တော်​ သူ့​ဘေးက ခုံကို ဆွဲပြီး ဝင်​ထိုင်​လိုက်​တယ်​။

"ရှင်​ Yeontae ဆိုတဲ့ တစ်​​ယောက်​နဲ့ တွဲ​နေခဲ့တာ နှစ်​နှစ်​နီးပါး ရှိ​နေပြီဆိုတာ ကျွန်​မ သိတယ်​။ အဲ့တုန်းက​တော့ ကြာရင်​ ပြတ်​သွား​လောက်​မှာပါဆိုပြီး ကျွန်​မ ဒီအတိုင်း ငြိမ်​​နေခဲ့တာ အခု​တော့ ထင်​ထားတာနဲ့ မတူ​အောင်​ ရှင်​တို့ နှစ်​​ယောက်​က သိပ်​ချစ်​​နေကြတယ်​​လေ။"

"အဲ့တာကို မင်းက ဘာလုပ်​ချင်​လို့လဲ? ပြီး​တော့ မင်းက ဘယ်​သူလဲ? ဘာဖြစ်​လို့ ငါနဲ့သူ့အ​ကြောင်းကို သိ​နေရတာလဲ?"

သူက ကျွန်​​တော့်​ကို စိုက်​ကြည့်​ပြီး​တော့မှ "ကျွန်​မ နာမည်​က Yoo Na ... ကျွန်​မက လွန်​ခဲ့တဲ့ ရှစ်​နှစ်​ကတည်းက ရှင့်​​နောက်​ကို အမြဲ တ​ကောက်​​ကောက်​ လိုက်​​နေခဲ့တဲ့ ရှင့်​ကို သိပ်​ချစ်​တဲ့ ရှင့်​ရဲ့ fan... အဲ့​တော့ ရှင်​နဲ့ Yeontae အ​ကြောင်းကို သိ​နေတာ မဆန်းပါဘူး.... ရှင်​တို့ နှစ်​​ယောက်​အ​ကြောင်းကိုပဲ သိတာ မဟုတ်​ဘူး​နော်​... ကျွန်​မ အဲ့ဒီ Lim Yeontae ဆိုတဲ့ ​ကောင်​မ​လေး အ​ကြောင်းလည်း အကုန်​သိတယ်​။ ဥပမာ ​ပေးရရင်​​တော့ သူ လတ်​တ​လော ဘယ်​​ဆေးရုံမှာ အလုပ်​လုပ်​​နေလဲဆိုတာက အစ​ပေါ့... အခုဆိုရင်​လည်း သူ မြန်​မာပြည်​ကို တစ်​လ ခွင့်​ယူပြီး ပြန်​သွား​နေတာ​လေ..."

ကျွန်​​တော်​ ရင်​ထဲ အရမ်း ပူထူသွားတယ်​။ Wae? သူက ကျွန်​​တော်​တို့ ​နောက်​ကို အဲ့​လောက်​ထိ​တောင်​ သိ​အောင်​ တ​ကောက်​​ကောက်​ လိုက်​​နေတာလား? ဒီ့အပြင်​ Yeontae အ​ကြောင်းပါ သိတယ်​ဆို​တော့....

"မင်း ငါ့ကို မှန်​မှန်​​ပြောစမ်း... မင်း အခု ငါ့ဆီက ​တောင်းဆိုချင်​တာ ရှိလို့ လာ​တွေ့တာမလား?"

ခပ်​မာမာ အပြုံးကို တစ်​ချက်​ ထပ်​ပြုံးလိုက်​ပြန်​တယ်​​လေ။ "ရှင်​ ​တော်​တယ်​ဆိုတာ ကျွန်​မက သိပြီးသားပါ။ အဲ့တာထက်​ ကျွန်​မ ​တောင်းဆိုချင်​တာက ဘာလဲဆိုတာပါ ရှင်​ သိမှာ​ပေါ့​နော်​။"

ဘာများရှိဦးမှာမို့လို့လဲ​ဗျာ? ကျွန်​​တော့်​ကို Yeontae နဲ့ ဆက်​မတွဲဖို့​ပေါ့... ​ပြော​နေစရာလို​သေးလို့လား....

"သိတယ်​ ဒါ​ပေမယ့်​ ငါ မင်း​​တောင်းဆိုတဲ့ ကိစ္စကို လုံးဝ လက်​မခံ​ပေးနိုင်​ဘူး။" ကျွန်​​တော်​ ​ပြောပြီး စိတ်​တိုတိုနဲ့ မတ်​တတ်​ထရပ်​လိုက်​တယ်​။

ကျွန်​​တော်​ လှည့်​ပြီး ထွက်​သွား​တော့မယ့်​ အချိန်​မှာ သူက ထပ်​ပြီး​တော့.... "ရတယ်​​လေ။ ရှင်​ လက်​မခံရင်​လည်း ရပါတယ်​။ ခုနက ကျွန်​မ ​ပြောသလိုပဲ ​ပေါက်​ကြားသွားတဲ့အချိန်​ကိုပဲ ရှင်​​ ​စောင့်​​မျှော်​လိုက်​​ပေါ့။"

သူ ​ပြောပြီး ကျွန်​​တော့ ပခုံးကို တိုက်​ပြီး ထွက်​သွားတယ်​​လေ။ Wae? ကျွန်​​တော်​နဲ့ Yeontae ရဲ့ အချစ်​ကို တားဆီးချင်​​နေတဲ့သူ​တွေ ဘာဖြစ်​​လောက်​ တစ်​​ယောက်​ပြီး တစ်​​ယောက်​ ထွက်​​ပေါ်လာရတာလဲ?

ဖုန်းက ဆက်​တိုက်​ တုန်​​နေ​တော့မှ ကျွန်​​တော်​ hyung ရဲ့ ဖုန်းကို ကိုင်​လိုက်​မိ​တော့တယ်​။ ကျွန်​​တော်​ ထွက်​လာ​တော့ hyung က အပြင်​မှာ ရပ်​​စောင့်​​နေတာကိုး....

"ဘာတဲ့လဲ? သူ ​ပြောတဲ့ လျှို့ဝှက်​ချက်​ဆိုတာက?" hyung ကျွန်​​တော့်​ကို ​လေသံ​လေးနဲ့ ​မေးတယ်​​လေ။

"Hyung... သူက ကျွန်​​တော်​နဲ့ Yeontae ကို ဆက်​မတွဲဖို့ ​ပြောတယ်​။ မဟုတ်​ရင်​ media ​တွေ​ပေါ် ဖြန့်​ပစ်​လိုက်​မယ်​တဲ့...." hyung မျက်​လုံး​တွေ ပြူးသွားပြီး​တော့ "Yeontae နဲ့ အ​ကြောင်း?"

"ဟုတ်​တယ်​ hyung.... အမှန်​​တော့ ကျွန်​​တော်​က သတင်းပြန့်​သွားမှာကို ​ကြောက်​တာ မဟုတ်​ဘူး။ သတင်းပြန့်​သွားလည်း ကျွန်​​တော်​ Yeontae ကို လက်​လွှတ်​မှာ မဟုတ်​ဘူး။ ကျွန်​​တော်​ ​ကြောက်​တာက သူ Yeontae ကို ဒုက္ခ လိုက်​​ပေးမှာကိုပဲ.... သူက Yeontae အ​ကြောင်း​တွေပါ အကုန်​သိ​နေတာ​လေ...."

"Aish! အဲ့တာမှ ကွိုင်​ပဲ.... သူက မင်းနဲ့ Yeontae အ​ကြောင်း သိ​နေပုံကို ကြည့်​ရတာ​တော့ ​တော်​ရုံတန်​ရုံ မဟုတ်​​လောက်​ဘူး။ ​တော်​​တော်​​လေးကို ​ကြောက်​စရာ​ကောင်းတဲ့ fan ပဲ​နေမှာ... Yeontae နဲ့ မင်းနဲ့ တွဲ​နေတာက ဒီ​လောက်​ လျှို့ဝှက်​တဲ့ ကိစ္စကြီးကို သူက သိတယ်​ဆို​တော့.... လွန်​ခဲ့တဲ့ နှစ်​နှစ်​လောက်​က မင်းနဲ့ Yeontae ရဲ့ သတင်း​ကြောင့်​ ပိုဆိုးသွားတာ​နေမယ်​။ သတင်းအမှန်​ မဟုတ်​ဘူးလို့ ငြင်းလိုက်​​ပေမယ့်​လည်း သူက မင်း​နောက်​ ​တောက်​​လျှောက်​လိုက်​​နေခဲ့တာ ​နေမယ်​။"

"Nae hyung... သူက ကျွန်​​တော်​တို့ debut စဖြစ်​ကတည်းက ကျွန်​​တော့​နောက်​ကို ​ခြေရာမပြတ်​ လိုက်​​နေခဲ့တာလို့ ​ပြောတယ်​။"

"​လော​လောဆယ်​​တော့ ဘာမှ မတတ်​နိုင်​​သေးဘူး​ပေါ့.... ​စောင့်​ကြည့်​ရဦးမှာပဲ သူ ဘာလုပ်​မလဲဆိုတာ...."

အခု ကျွန်​​တော်​နဲ့ hyung dorm ကို ပြန်​တဲ့ လမ်း​တောက်​​လျှောက်​​ရော သူက လိုက်​​နေတာလား? ကျွန်​​တော်​ ​ပတ်​ဝန်းကျင်​ကို တစ်​ချက်​​ဝှေ့ကြည့်​လိုက်​​တော့ hyung က လွဲပြီး ဘယ်​သူ့ကိုမှ မ​တွေ့.... သူ media ​တွေအ​ပေါ် သတင်း မဖြန့်​ပါ​စေနဲ့လို့ ဆု​တောင်းရုံကလွဲပြီးလည်း မတတ်​နိုင်​...

Yeontae's pov

ကျွန်​မ ဒီကို ပြန်​​ရောက်​ပြီး တစ်​ပတ်​လုံး ​စိတ်​​ရော ကိုယ်​​ရော ​နေလို့မ​ကောင်း... ပြန်​မ​ရောက်ဖြစ်​​တာ ကြာပြီဖြစ်​တဲ့ အိမ်နဲ့ မ​တွေ့ရတာ ကြာပြီဖြစ်​တဲ့ ကျွန်​မ မိသားစု​ကြောင့်​ ကျွန်​မ ​ပျော်​​နေရမယ့်​ အချိန်​မှာလည်း ကျွန်​မ ​ပျော်​ရွှင်​မှုဆိုတာကို မခံစားရ.... ဒီတစ်​ပတ်​လုံး ကျွန်​မစိတ်​ ဘာ​တွေဖြစ်​​နေတာလဲ? ညတိုင်း Jungkook oppa နဲ့ online ​ပေါ်မှာ ​တွေ့ဖြစ်​​ပေမယ့်​လည်း ကျွန်​မ ရင်​ထဲမှာ ဘယ်​က ဘယ်​လို ဝမ်းနည်းမှု​မျိုးတွေ ​ရောက်​နေလဲဆိုတာကိုလည်း ​ဖော်​ပြလို့မတတ်​... အ​ဖေ့ရဲ့ စကား​ကြောင့်​များလားဆို​တော့လည်း ​သေချာမသိ... ကျွန်​မ တကယ်​ ဘာ​တွေဖြစ်​​နေလဲဆိုတာ ​တကယ်​ မသိ​တော့ပါဘူး။

ကျွန်​မ Soorim ဆီ ဖုန်းဆက်​လိုက်​တယ်​။

"​ပြော Yeontae..."

"​အော်​ အင်း..... နင်​​လေ..." ကျွန်​မ သူ့ဆီ ဖုန်းသာ​ခေါ်လိုက်​တာ ဘာ​ပြောရမလဲဆိုတာ​တောင်​ မသိ....

"အင်း ​ပြော​လေ ငါ ဘာဖြစ်​လဲ?"

"......" ကျွန်​မ ဘာမှ မ​ပြောဖြစ်​။

"​ပြော​လေ... ဒါနဲ့.... နင်​.... အိမ်​မှာ ဘာဖြစ်​လို့လဲ?" ကျွန်​မ သူ့ကို ဘာမှ ပြန်​မ​​ဖြေလို့ သူက တမ်းသိတယ်​​လေ။

"Aniya... ​နောက်​​နေ့မှပဲ ​ပြော​တော့မယ်​။ ဒါပဲ​နော်​"

"Ya ya Yeontaeya Ya Lim Yeont-" ကျွန်​မ ဖုန်းချပစ်​လိုက်​​တော့တယ်​။ ကျွန်မ ဘာဖြစ်​လို့မှန်းမသိ မျက်​ရည်​​တွေ စီးကျလာပြန်​တယ်​။ ​နေ့တိုင်းလိုလိုပဲ မျက်​ရည်​က ထိန်းမရနိုင်​​အောင်​ ဖြစ်​​နေခဲ့တယ်​ ဒီတစ်​ပတ်​လုံး။

ဘေးနားက ကျွန်​မ ဖုန်း ringtone ကလည်း အဆက်​မပြတ်​ဘဲ မြည်​​နေတယ်​။ Soorim ​​ခေါ်​နေတာ သိ​​ပေမယ့်​လည်း ကျွန်​မ မကိုင်​ဘဲ ဖုန်း ပိတ်​လိုက်​တယ်​။

မျက်​လုံးမှိတ်​ပြီး အိပ်​မယ်​လို့ ကြိုးစား​ပေမယ့်​လည်း လုံးဝမရ။ Jungkook oppa ကို လွမ်း​နေလို့လားဆို​တော့လည်း လုံးဝမဟုတ်​။ ကျွန်​မ သူနဲ့ ညတိုင်းလိုလို စကား​တောင်​ ​ပြောဖြစ်​တာပဲကို.... "သူနဲ့ ဆိုရင်​​တော့ မဖြစ်​ဘူး သမီး" ဖေ​ဖေ့စကားကို နားထဲမှာလည်း ပြန်​ပြန်​ကြား​ယောင်​လာတယ်​.... ​ဖေ​ဖေ့ အဲ့စကားက ကျွန်​မကို အဲ့​လောက်​​တောင်​ နာကျင်​​စေနိုင်​တာလား?

To be continued~~~

အခုတ​လော သိပ်​မအားလို့ပါ XD

Thanks for reading^^

*90° bow

Continue Reading

You'll Also Like

14.9M 682K 81
"I just choked on my champagne," It was supposed to be your crush's number. How on earth did you end up texting Kim Taehyung, the Korean Royalty? A...
16.3M 670K 48
In which Jeon Jungkook agrees to marry Song Taehee(you) because of some reasons. She's happy. While he isn't. She does everything for him. While he d...
905K 29.9K 59
COMPLETED *Terrible grammar* Jeon Jungkook takes an attraction to Y/n after she moves in his city and interferes with his life. The circle of danger...
4.2M 236K 57
"This photo is from seven months ago and you heart reacted yesterday" "..." "You're a stalker aren't you?" When a girl finally gets noticed by her...