OUR MEMORIES

De BangtanLuvArmy

21.5K 1K 27

Sequel of 'A MIRACLE' Mais

Prologue
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Epilogue

Part 1

2.2K 79 1
De BangtanLuvArmy

No one's pov

Members ​တွေ အကုန်​လုံး နှာ​ခေါင်းထဲကို တိုးဝင်​လာတဲ့ စွဲ​ဆောင်​​နေတဲ့ အနံ့​တွေ​ကြောင့်​ ထမင်းစားခန်းထဲကို ​ရောက်​သွားကြတယ်​​လေ။ ဆာ​နေတဲ့ ​ဗိုက်​ကလည်း တဂွီဂွီနဲ့.... ချက်​ချင်းပဲ အကုန်​ ကိုယ့်​​နေရာကိုယ်​ ထိုင်​ကြပြီး စားကြပါ​ရော....

ညစာစားပြီးကြ​တော့ Jungkook နဲ့ Yeontae က ပန်းကန်​​ဆေးကြပါတယ်​။

JK : Yeontae-ah ​နောက်​လကျရင်​ oppa နဲ့ တူတူ Busan ကို လိုက်​ခဲ့ပါလား? ပိတ်​ရက်​​လေးရတုန်း ​အိမ်​ကို ပြန်​ချင်​လို့။ အဲ့တာ Yeontae ကိုပါ တစ်​ခါတည်း မိတ်​ဆက်​​ပေးချင်​တယ်​။

YT : ​နောက်​လ? ရပါတယ်​။ လိုက်​ခဲ့မယ်​​လေ။ Yeontae လည်း အလုပ်​က​နေ ခဏ​လောက်​ ခွင့်​ယူလိုက်​မယ်​။ ဒါ​ပေမယ့်​ oppa မိဘ​တွေနဲ့ မိတ်​ဆက်​​ပေးဖို့က မ​စောလွန်းဘူးလား oppa?

JK : ​Yeontae ကလည်း... oppa တို့ တွဲ​နေခဲ့တာ တစ်​နှစ်​​ကျော်​​တောင်​ ရှိပြီ။ ဘယ်​လိုလုပ်​ ​စောမှာလဲ?

YT : ရပါတယ်​။ Oppa သ​ဘောပါ။ Yeontae အမှန်​​တော့ နည်းနည်း ​ကြောက်​​နေမိလို့ပါ။

Jungkook ​ရေပိတ်​လိုက်​ပြီး​​ Yeontae လက်​က​လေးကို သူ့လက်​ထဲမှာ ဆုပ်​ကိုင်​လိုက်​ပြီး​တော့ "Yeontae ဘာမှ စိတ်​မပူပါနဲ့။ Oppa မိဘ​တွေကို oppa ​ပြောပြီးသွားပါပြီ။ Yeontae ​​ကြောက်​​နေရင်​​တောင်​မှ Yeontae ​ဘေးမှာ oppa အမြဲ ရှိ​နေ​ပေးတယ်​​လေ။"

Yeontae အချိုသာဆုံး အပြုံး​လေးကို ဆင်​မြန်းလို့ ဘာမှ ဆက်​မ​ပြောဘဲ ပန်းကန်​​တွေ ဆက်​​ပြီးဆေး​နေလိုက်​တယ်​။

ည​နည်းနည်း ​နောက်​ကျ​တော့မှ Yeontae နဲ့ Soorim နှစ်​​ယောက်​ ပြန်​ကြ​တော့မယ်​လို့ လုပ်​တယ်​​လေ။

Jin : oppa လိုက်​ပို့​ပေးမယ်​​လေ။ ည​နောက်​ကျ​နေပြီ။

SR : ​တော်​ကြာ လူ​တွေ မြင်​သွားဦးမယ်​။ ​နေပါ​စေ Soorim တို့ဘာသာပဲ ပြန်​မယ်​။ နှစ်​​ယောက်​ အ​ဖော်​ရှိတာပဲကို။

YT : ဟုတ်​တယ်​ seokjin oppa... နှစ်​​ယောက်​ဆို​တော့ အဆင်​​ပြေပါတယ်​။

Jin : အင်းအင်း အဲ့တာဆိုလည်း ဂရုစိုက်​ဦး​နော်​။ Annyeong...

သူတို့နှစ်​​ယောက်​လည်း ခုနှစ်​​ယောက်​လုံးကို နှုတ်​ဆက်​ပြီး ပြန်​လာလိုက်​​တော့တယ်​။

အိမ်​ပြန်​​ရောက်​တာနဲ့ Yeontae က sofa ​ပေါ် အားမရှိသလို လှဲချလိုက်​​တော့တယ်​လေ။

SR : ဟဲ့ ဘာဖြစ်​လို့လဲ?

YT : ငါ ​ကြောက်​တယ်​....

SR : ဘာကို ​ကြောက်​တာလဲ နင်​ကလည်း အစမရှိ အဆုံးမရှိ။

YT : (လှဲ​နေရာက​နေ ထထိုင်​ပြီး) နင်​သိလား Jungkook oppa က ငါ့ကို ​နောက်​လကျရင်​ busan လိုက်​ခဲ့ပါလားတဲ့...

SR : အဲ့တာက ​ကြောက်​စရာလားဟယ်​။ ​ပျော်​​တောင်​​ပျော်​ရမယ့်​ ကိစ္စ.... သူ့မိဘ​တွေနဲ့လည်း နင်​​တွေ့ရ​တော့မှာ​ပေါ့...

YT : ဒါ​ပေမယ့်​ ငါ သူ့မိဘ​တွေနဲ့ ​တွေ့ဖို့ အဆင်​သင့်​မဖြစ်​​သေးဘူး....

SR : (သက်​ပြင်းတစ်​ချက်​ချလိုက်​ပြီး) ​အေ​ပေါ့​လေ... အချင်းချင်းသာ ​မေတ္တာမျှကြတာ... သူ့မိဘ​တွေက လက်​ခံမခံဆိုတာက​တော့ စဉ်းစားစရာပဲ...

YT : ငါလည်း အဲ့တာကို ​ကြောက်​တာ​လေ... ငါက ကိုရီးယား လူမျိုးလည်း မဟုတ်​ဘူး။ ပြီး​တော့ ငါတို့ တကယ်​တွဲ​နေဖြစ်​ခဲ့တာကလည်း တစ်​နှစ်​​ကျော်​ပဲ ရှိ​သေးတယ်​။ ​ပြောရရင်​ တစ်​နှစ်​​ကျော်​​လောက်​က သူ့မိဘ​တွေအ​နေနဲ့ ကြည့်​ရင်​ သိပ်​မကြာ​သေးသ​လောက်​ပဲ ရှိမှာ...

Yeontae တစ်​​ယောက်​ ရင်​ထဲမှာ အရမ်း​ကြောက်​​နေခဲ့တယ်​။ Jungkook oppa ကို သူ အရမ်းချစ်​​ပေမယ့်​လည်း သူ့မိဘ​တွေက သူ့ကို အသိအမှတ်​မပြုရင်​ သူဘယ်​လို​နေရမလဲ? Jungkook ကလည်း သူ့အ​ပေါ်မှာ တကယ့်​ စိတ်​ရင်း အချစ်​စစ်​နဲ့ ချစ်​တယ်​ဆိုတာကို သူ ​ကောင်း​ကောင်းကြီး သိပါတယ်​။ သူ လွန်​ခဲ့တဲ့ ငါးနှစ်​တုန်းက အိပ်​မက်​စိတ်​ကူးခဲ့တာ​တွေက မှားများမှားခဲ့ပြီလား? တကယ်​တမ်း လက်​​တွေ့​လောကမှာ ဖြစ်​ပျက်​​နေတာ​တွေက စိတ်​ကူးထဲက​လောက်​ လွယ်​ကူတာမှ မဟုတ်​တာ​လေ...

"Yeontaeah... ဟဲ့ Yeontae" Soorim တစ်​​ယောက်​ သူ့ပခုံးကို လှုပ်​ရမ်းလိုက်​​တော့မှ သူပြန်သတိဝင်​လာ​တော့တယ်​။

"နင်​ အဲ့​လောက်​လည်း စိတ်​ပူမ​နေပါနဲ့ဟယ်​။ သူ့မိဘ​တွေက ငါတို့​တွေ ထင်​သလို ဟုတ်​ချင်​မှ ဟုတ်​မှာပါ။ အ​ကောင်းဆုံးကိုပဲ ​မျှော်​လင့်​ထားကြတာ​ပေါ့။" Soorim လည်း အား​ပေးစကား ​ပြော​ပေးရုံကလွဲပြီး ဘာမှ မတတ်​နိုင်​။

Jungkook's pov

Yeontae တို့ ပြန်​သွား​တော့ ကျွန်​​တော်​ ​ရေမိုးချိုးလိုက်​တယ်​​လေ။ ​ရေချိုး​နေတုန်း ကျွန်​​တော်​ ​နောက်​လ သူ့ကို ကျွန်​​တော့်​ မိဘ​တွေနဲ့ ​ပေး​တွေ့​ပေးဖို့ကို တစ်​စိမ့်​စိမ့်​​တွေးပြီး ​ပျော်​​နေမိတယ်​။ Umma နဲ့ appa ကို အရင်​က သူ့အ​ကြောင်း​တော့ ​ပြောဖူးပါတယ်​။ သူ့ကို မြင်​ရင်​လည်း သ​ဘောကျကြလိမ့်​မယ်​လို့လည်း ကျွန်​​တော်​ ယုံကြည်​တယ်​။

ကျွန်​​တော်​ ​ရေချိုးပြီး​တော့ Jin hyung က အခန်းထဲ ဝင်​လာတယ်​။ Namjoom hyung က​တော့ အခန်းထဲမှာ မရှိဘူး။ (A/N : roommate ​တွေက အရင်​ fic ထဲကလိုပဲ တကယ် အပြင်က အမှန်အတိုင် ထားထားတုန်းပါ Namjoon နဲ့ Jungkook က တစ်ခန်ပေါ့နော်​)

"Jungkookah မင်း မျက်​နှာက ခုန Yeontae တို့ ပြန်​သွားကတည်းက ပြုံးစိပြုံးစိနဲ့ ဘာ​ဖြစ်​​နေတာလဲ?"

"Hyung ကျွန်​​တော်​တို့ ​နောက်​လကျရင်​ နားရက်​ရမှာမလား?"

"အင်း ဟုတ်​တယ်​​လေ။ wae?"

"အဲ့တာ ကျွန်​​တော်​ Yeontae ကို ကျွန်​​တော့်​ မိဘ​တွေနဲ့ မိတ်​ဆက်​​ပေးမလို့ စဉ်းစားထားတာ..."

"မင်း မိဘ​တွေနဲ့?" Jin တစ်​​ယောက်​ တအံ့တသြနဲ့ ရုတ်​တရက်​ ​မေးလိုက်​တယ်​။

"အင်း ဟုတ်​တယ်​​လေ။ waeyo hyung?"

"​အော်​... ဘာမှ မဟုတ်​ပါဘူး။ အဲ ဒါ​ပေမယ့်​ မ​စောလွန်း​သေးဘူးလား?"

"Yeontae လည်း ကျွန်​​တော့်​ကို အဲ့လိုပဲ ​မေးတယ်​။ ကျွန်​​တော့်​အ​နေနဲ့​တော့ မ​စောဘူးလို့ ထင်​တာပဲ..."

"အင်း​ပေါ့ မင်း သ​ဘော​လေ။ ဒါ​ပေမယ့်​ ငါ့ အမြင်​​တော့ Yeontae အတွက်​ နည်းနည်း အချိန်​ယူရဦးမယ်​လို့ ထင်​တယ်​။ သူက မိန်းက​လေးဆို​တော့ သိပ်​အဆင်​သင့်​ဖြစ်​ဦးမယ်​ မထင်​ဘူး။"

Jin စကားအဆုံးမှာ Jungkook ရုတ်​တရက်​ ငိုင်​သွားတယ်​။ တကယ်​ပဲ အရမ်း​လောသလိုများ ဖြစ်​​နေတာလား? 

"Nae hyung ကျွန်​​တော်​ ​ပြန်​စဉ်းစားကြည့်​ပါ့မယ်​။"

To be continued~~~

နောက်​​နေ့ကျရင်ဆက်တင်​​ပေးပါ့မယ်​ XD

Thanks for reading^^

*90° bow

Continue lendo

Você também vai gostar

180K 7.6K 22
I'm sorry baby, but you know how much I Love You... #Jung_kook #Lee_Yoonhwa(you)
14.3K 1.2K 10
BTS fanfic (short) Main:: Min Yoongi x Haneul (OC) Supporting:: Jimin x Sojin (OC), JungKook x ShinAh (OC) Taehyung, Jin, Hoseok, Rap Monster ...
1K 100 6
පාර්ක් හියුන් මහතා සොයා ගත් සෑම දෙයක් ම දෘශ්‍ය මායාවක් බව අවසානයේ දී හෙලි විය. ලීසා මනෝබන් යනු මෙම කුරුරු ක්‍රීඩාවෙ තවත් එක් ක්‍රීඩිකාවක් බව පසක් වි...
1.1M 37.7K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...