ကျွန်မအသက်လောက်ချစ်ရပါသော Kri...

By KrisYeolLOVEHunHan

12.2K 1.1K 80

KrisYeol One Shot Collections and Short Story More

EXAM LOVE { Part*1* }
EXAM LOVE { Part*2* }
***ကြွေရုပ်***
Special Request
All With You(Yeol)
EveryDay LOVE
EveryDay LOVE
EveryDay LOVE
နှောင်ကြိုး
Back-Room Boys
နေမင်း ချစ်သည့် တောင်တန်း/တောင်တန်း ချစ်သည့် နေမင်း
ချစ်ရသော Hyungဆီသို့~~~{မွေးနေ့အကြို}
*မွေးနေ့မှာ ပျော်ရွှင်ပါစေ*Hyung
LOVE (*Sarang*)
*Julyကိုချစ်သောကျွန်တော်၏ခလေး*
All Mine * Baby *
All Mine * Hyung *
***ပန်းချစ်သူ***
Miracles In Our Precious November

For My Love*ChanYeol*

1.8K 123 4
By KrisYeolLOVEHunHan

For My Love* ChanYeol *

" နောက်ထပ် မင်းမျက်နှာကို မမြင်ချင်တော့ဘူး ChanYeol "

နှုတ်ခမ်းဖျားက ထွက်ကျလာတဲ့ ဒေါသပါသော လေသံဖြင့် ကျွန်တော့်ချစ်ရသူကို မျက်နှာမပျက်ယွင်းပဲ ပြောနေရပေမဲ့လို့

ကျွန်တော့် ဘဝကို အသက်ဆက်ပေးနေတဲ့နှလုံးသားတစ်စုံကတော့ အလွန်အမင်းကို နာကျင်လွန်းလှနေပြီ။

" Hyung ~~~~~~~~~~~~~~~~~~ "

သူအော်ခေါ်နေပေမဲ့ အဲ့ဒီ အသံလေးကို မျက်ကွယ်ပြုလိုက်ရင်း ကျွန်တော်ရွေးချယ်ထားသော သူကောင်းစားမည့် နေရာမှန်သို့ ~~~~~~

For My Love* ChanYeol *

အချိန်ကာလ ၁၀စုနှစ်တခုဖြတ်ကျော်ပြီးသည့်နောက်တွင်တော့ ~~~

ကျွန်တော်ဆိုတဲ့ Wu Yi Fan
တချိန်က အောင်မြင်ကျော်ကြားမူဆိုတဲ့
အရာတွေကိုပိုင်ဆိုင်ခဲ့သည့် သီချင်းရေးဆရာတယောက်

ယခုတော့ သာမာန် ကျေးလက်ဒေသတခုမှာ
ကျွန်တော် သင်ယူလေ့လာခဲ့ဖူးသော
ဆရာဝန် တယောက်အဖြစ်နှင့်သာ
ဘဝကို မြုပ်နှံထားလိုက်တော့သည်။

အကြောင်းရင်းတခု ကတော့ တခုမှ တခုထဲပါ။

ကျွန်တော့်ချစ်သူ ၏ ဘဝ တိုးတက်ကောင်းစား စေမည့် အလင်းရောင်လမ်းတခု***************

သူအနားမှာ အရင်ကလို မရှင်သန်ရတော့ပေမဲ့လို့
ကျွန်တော် ပျော်အောင်သာ ကြိုးစားပြီးနေထိုင်ခဲ့သည်။

ဟုတ်တယ်လေ

အခုဆို ကျွန်တော့်ရဲ့ခလေးလေးက
ကမ္ဘာတဝှမ်းလုံးမှာပါ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ Idol Actor တယောက် အဖြစ် ကြယ်ပွင့်တွေအများကြီးထဲကမှ အရမ်းလင်းလက်တောက်ပနေသည့် ဓူဝံကြယ် လေးအဖြစ်နှင့်တောင် နှိုင်းယှဉ်လို့ရနေပြီ။

အသက် ၃၀အရွယ်ဆိုတဲ့အတိုင်းအတာ အထိတောင် ရောက်ရှိနေပေမဲ့လို့ ကျွန်တော့်ခလေးလေးကတော့ နုပျိုနေဆဲပဲ။

လွန်ခဲ့သော ၁၀နှစ်ကလိုမျိုး ခလေးဆန်ပြီး
ချစ်ဖို့ကောင်းတဲ့ အကျင့်လေးတွေ ပျောက်နေတာတခုကလွဲလို့ပေါ့လေ။

အရမ်းသတိရတယ်
အရမ်းလည်း ချစ်တယ် ChanYeol.

*********************************

အတွေးစတွေကို ပြန်ရုတ်သိမ်းရင်း
ကျွန်တော့် ဆေးခန်းကို ဖွင့်ဖို့ အချိန်တန်နေပြီမို့

ဆေးခန်းအရှေ့က ဆိုင်းဘုတ်လေးကို OPEN ဆိုပြီး ပြောင်းပြန် လှန်ချိတ်လိုက်သည်။

ဒီနေ့လည်း ကျွန်တော့်လူနာတွေအတွက် အကောင်းဆုံးကုသပေးရင်း အချစ်မရှိတဲ့ နေ့တနေ့ကို ကုန်ဆုံးစေရအုံးပေမည်။

" Doctor Wu ...... Doctor Wu "

" nae ဝင်ခဲ့ပါ "

" ဟူး ~~~ Doctor Wu ရေ pali pali
လူတယောက် ဒဏ်ရာရနေလို့
သွေးတွေ အများကြီးပဲ ထွက်နေတယ် "

" ဗျာ ... ဘယ်နားမှာလဲ Arjashi
ကျွန်တော့်ကိုလမ်းပြပေး~~~

ခဏ ကျွန်တော်လိုအပ်တာတွေထည့်လိုက်အုံး
မယ် "

" မြန်မြန်လေး လုပ်ပါ Doctor Wu ရယ်
ဟိုမှာ သွေးတွေက မြင်မကောင်းအောင် ထွက်နေတာ "

" ပြီးပြီ Arjashi သွားရအောင်ဗျာ "

>>>>>>>>>>>>>>>>>>>>>>>>>>>>

" ဟော ဟိုမှာ လဲကျနေတဲ့သူပဲ
Doctor Wu .

ဘုရား ဘုရား ဘာမှမဖြစ်ပါစေနဲ့ "

မိုးကတစက်တစက် ရွာနေပေမဲ့လို့
ဆောင်းမိုးဆိုတော့ အရမ်းကို အေးစက်လွန်းနေသည်။

Arjashi ပြောတဲ့လူနာ အတွက်လဲ ဆရာဝန်တယောက်ပေမို့ အလွန်စိုးရိမ်နေမိတယ်။

သစ်ပင် ခြေရင်းအောက်မှာ ခပ်လျောလျော မှီထိုင်နေတဲ့ ခြေထောက်ဒဏ်ရာ ရထားသော လူတယောက်

အနားသို့ တိုးကပ်ပြီးကြည့်မိလိုက်လေတော့

" ChanYeol??? "

" Doctor Wu အသိလား?"

" nae Arjashi "

" ဒါဆိုလဲ မြန်မြန် ကုပေးတော့လေ Doctor ရယ်
ဒီကောင်လေးကို စတွေ့ကထဲက အေးစက်ပြီး သွေးတွေအရမ်းထွက်နေတာ

အခု အခြေအနေကောင်းပါ့မလား ?"

" nae Arjashi ကျွန်တော့်ကို ကူညီပေးပါအုံး ရွာထဲက လူ၂ယောက်လောက် နဲ့ အထမ်းတခုလောက် စီစဉ်ပေးပါလား
ဖြစ်နိုင်ရင် မြန်မြန်လေး "

" awwww အေးအေး
မြန်မြန်စီစဉ်ပြီး လာခဲ့ပေးမယ်နော်
ခဏ လေးစောင့် ပေး "

Arjashi ထွက်သွားပြီးတော့
ကျွန်တော့် သူ့ဒဏ်ရာ အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။

ဟူး ... တော်သေးတာပေါ့ အသက်အန္တရာယ်မပေးလောက်တဲ့ ဒဏ်ရာမို့လို့ပေပဲ။

ဒါပေမဲ့ သွေးက အရမ်းထွက်နေတော့ စိတ်ပူလိုက်တာ ခလေးရယ်

ဘာတွေဘယ်လိုဖြစ်ပြီး တယောက်ထဲ ဒီလို ခေါင်ခိုက်တဲ့ အရပ်ကို ရောက်နေတာပါလိမ့်။

မနေ့ကအထိ သူ Seoul မှာ အစီစဉ်တခု ဖျော်ဖြေနေခဲ့တာပဲလို့

ကျွန်တော် နေ့စဉ်နှင့်အမျှ စောင့်ကြည့်နေဖြစ်ခဲ့သော သူ့fansite အများစုစီက သိရခဲ့တာ ဒီလောက်အထိပဲ။

အခု ဘယ်လိုဖြစ်ပြီး ဒီနေရာကိုရောက်~~~

" အွန်း ...... အား နာလိုက်တာ ဗျာ "

" ဟင် ခလေး နိုးလာပြီလား ? "

" ဟာ Park ChanYeol မင်းရူးနေပြီထင်တယ်

မျက်စိထဲမှာ သူ့ကိုပဲ စွဲလန်းလွန်းနေရသလား

အရူး ... အရူး "

" ခလေး ကိုယ့်ခေါင်းကို အရမ်းမထုနဲ့လေ
နာမှာပေါ့ နောက်ပြီး ဒဏ်ရာကလဲ သွေးတွေ အများကြီး ထွက်နေလို့ အရမ်းအားနည်းနေတယ် ChanYeol'a "

" Hyung ???????? "

" inn Hyung လေ ခလေး "

" Hyung အရမ်းရက်စက်လွန်းတယ်ဗျာ
ကျွန်တော့်မှာ Hyung ပြန်လာမဲ့နေ့ကို ဘယ်လောက်ထိ မျှော်နေရလဲသိလား???

Hyung ကတော့ ကျွန်တော့်ကို မချစ်တော့
ဘယ်သိပါ့မလဲ

အခုလဲ Hyung အကြောင်းစုံစမ်းပြီး
Hyung ရှိတဲ့ဒီ ရွာကို လိုက်လာရင်းနဲ့လမ်းမှားပြီး ကျွန်တော့်ခြေထောက်ထိလာတာ
<sob sob sob>

အရမ်းရက်စက်တယ် Hyung "

" ChanYeol'a တောင်းပန်ပါတယ်ကွာ
Hyung ကိုနားလည်ပေးပါ .........

ဟင် ခလေး ......... ခလေး
ခလေးလေး သတိရပါအုံးကွာ

ခလေး ............... ခလေးလေး "

*********************************

For My Love* ChanYeol *

" Hyung ............ Hyung ............"

" inn ခလေး အနားမှာ ရှိတယ်လေ
Hyung ဘယ်မှ မထွက်သွားတော့ဘူး "

" Hyung ............ < sob sob > "

" မငိုပါနဲ့ခလေးရယ်
Hyung တောင်းပန်ပါတယ် နော်
ခလေး ငိုရင် Hyung စိတ်ထဲ မကောင်းလွန်းလို့ပါ
တောင်းပန်ပါတယ် မငိုနဲ့တော့နော် ခလေးလေး "

" လူဆိုးကြီး အရမ်းဆိုးတဲ့လူဆိုးကြီး
ခလေးကို အနိုင်ကျင့်တဲ့ မကောင်းတဲ့လူကြီး

၁၀နှစ်ကြီးများတောင် ခလေးကို ပစ် ထားရက်တဲ့ မကောင်းတဲ့လူကြီး

မုန်းလိုက်တာ < sob sob > "

" Hyung တောင်းပန်ပါတယ် ခလေးရယ်
Hyung လဲ ခလေးကို ဘယ်ထားခဲ့ချင်ပါ့မလဲ ?

ဒါပေမဲ့ ခလေးဘဝ ကောင်းစား ဖို့လမ်းအတွက် Hyung ............ "

သဘာဝအတိုင်း ပန်းနုသွေးရောင်ထနေသော
နှုတ်ခမ်းတစုံ ကျွန်တော့်နှုတ်ခမ်းဖူးလေးတွေကို လာပြီး ထိကပ်နေလိုက်တော့

ကျွန်တော့် စကားတွေ ရှေ့မဆက်နိုင်ပဲ ရပ်တန့်ခဲ့ပြီ။

" အရမ်းလွမ်းနေတာ Hyung.
အရမ်းလည်း ချစ်တယ် "

" ဟို Hyung တို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးထင် ......... "

* Chu *

နောက်ထပ်တကြိမ် ထိကပ်လာသော ခလေး၏ နှုတ်ခမ်းဖျား

" ဟိုအရင်က အကြောင်းတွေ ကို ပြန်မပြောပါနဲ့တော့ Hyung.
ယခု လက်ရှိအချိန်တွေကိုပဲ ကျွန်တော့်အတွက်စဉ်းစားပေး

ဘယ်လိုလဲ ခလေးကို ချစ်သေးရဲ့လား Hyung "

" ဘယ်လိုပြောလိုက်တာလဲ ခလေးရယ်
Hyung ဒီတသက်လုံးမှာ ခလေးဆိုတဲ့ ChanYeol ကိုသာ အချစ်ဆုံးပါ။

Arnyi အချစ်ဦး လည်းဟုတ်သလို
နောက်ဆုံး အချစ်လည်း ခလေး ပါပဲ။

ဒါတွေကို Hyung သေတောင် မမေ့ပဲ နောင်ဘဝထိယူသွားအုံးမှာ "

" အဲ့လောက်တောင်ပဲလား Hyung

ဒါနဲ့များ ပစ်ထားရက်တယ်နော်

ခလေးမှာတော့ နေ့တိုင်းလွမ်းနေရတာ "

" တောင်းပန်ပါတယ် ဆိုတာကလွဲပြီး Hyung ဘာမှ ထပ်မပြောတတ်တော့ဘူး ခလေးရယ်။

Hyung တောင်းပန်တယ်နော် ခွင့်လွှတ်ပေး "

" arnyi မခွင့်လွှတ်ဘူး
Hyung ကို အပြစ်ပေးရမယ်

အဲ့ဒီအပြစ်ကို Hyung ကျေကျေနပ်နပ် လက်ခံပေးရမယ် ဒါပဲ "

" ဘာများလဲ ခလေး
Hyung အပြစ်ခံယူဖို့ အဆင်သင့်ပါ "

" inn ကတိနော် "

" inn ကတိပေးတယ် ခလေး "

" ဒါဆို Hyung ကျွန်တော့်ကို လက်ထပ်ရမယ်

အမြဲအတူ သေတဲ့အထိ အတူတူ နေသွားပေးရမယ်

အရင်၁၀နှစ်လောက် ပျက်ကွက်ခဲ့တဲ့ အချစ်တွေအတွက် အစားထိုးပိုပြီး ချစ်ပေးရမယ်

ကဲ ဘယ်လိုလဲ Hyung အပြစ်ခံယူဖို့ အဆင်သင့်ပဲလား??? "

" ဟို ခလေး အလုပ်တွေလဲရှိသေးတယ်လေ
နောက်ပြီး ဒီသတင်းထွက်သွားရင်
ခလေးပဲ နာမည်ပျက်ပြီး ဒုက္ခရောက်မှာ "

" Hyung တခါမှ ကျွန်တော့် သတင်းတွေ မကြည့်ဘူးလား နားမထောင်ဘူးလား ???"

" နားထောင်တာပေါ့ ကြည့်တာပေါ့ ခလေးရယ် နေ့တိုင်းနီးပါးပဲ
Hyung စောင့်ကြည့်နေတာ "

" ဒါနဲ့တောင် မနေ့က ကျွန်တော့်အကြောင်းတောင် မသိရဘူးလား Hyung .ညနေ ၄း၀၀လောက်က ကျွန်တော့် Ent က သတင်းထုတ်ပြန်လိုက်တယ်လေ

တကယ် မသိဘူးလား Hyung "

" ဟင့်အင့် မနေ့ညနေ ၃း၀၀လောက်ကထဲက Hyung နောက်ဆုံး line သုံးဖြစ်တာပဲ

နောက်တော့ Ph အားကုန်သွားလို့ power ပိတ်ထားလိုက်ရတယ်လေ

မီးကလဲ ရွာအရှေ့ပိုင်း Transformer အသစ်လဲနေလို့ဆိုပြီး တရက် မီးဖြတ်ထားလို့ ခုထိ အားမသွင်းရသေးဘူး ခလေး "

" awww ဖြစ်ရမယ်လေ
ဒါကြောင့် Hyung ဘာမှမသိသေးတာပဲ။

ကဲ ဒီ စာလေးကို ဖတ်ကြည့်လိုက် Hyung "

ခလေးပေးလာသော သူ့ph စီမှ စာချုပ်တခုကို ဖတ်လိုက်ရသောအခါ

" ခလေး အဆင်ပြေရဲ့လား???
ဘာလို့ အဖွဲ့ထဲက ထွက်လာရတာလဲကွာ
ဒီလောက်အောင်မြင်နေပြီးမှ ...... "

" ကျွန်တော် အရမ်းပင်ပန်းနေပြီ Hyung
ငယ်ရွယ်တဲ့ ကျွန်တော့် အချိန် တွေကို ကျွန်တော့ အိမ်မက်
ကျွန်တော့ fan တွေအတွက် ကြိုးစားပြီး
ဖြတ်သန်းခဲ့ပြီးပြီပဲ။

ဒီအချိန်လေးမှာတော့ ကျွန်တော် ချစ်ရတဲ့
Hyung အနားမှာပဲ နေပြီး ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းချင်ပြီ

Hyung ကကော ဘယ်လို ရှေ့ဆက်မယ် စိတ်ကူးထားလဲ ???

ကျွန်တော်နဲ့ စိတ်ကူး တူပါစေလို့တော့ အမြဲဆုတောင်းနေခဲ့တာပဲ။

တူနိုင်မလား Hyung ??? "

" inn Hyung လဲ ခလေးကို နောက်ထပ် မခွဲ ချင်တော့ပါဘူးကွယ်
Hyung တို့ လက်ထပ်ကြမယ်နော်
ပြီးရင် ဒီရွာလေးမှာပဲ အေးအေးချမ်းချမ်း
ဇာတ်မြုပ်ပြီးနေကြမယ်လေ ။

အဆင်ပြေမလား ခလေး "

" Gwinchanna Hyung သာအနားမှာရှိရင် ကျွန်တော့်ဘဝအတွက်ပြည့်စုံပြီ

အရမ်းချစ်တယ် Hyung "

" inn Hyung ကောပဲ
အရမ်းအရမ်းချစ်တယ် ခလေး "

*********************************

ဒီလိုနဲ့ ခလေး ခြေထောက်ဒဏ်ရာ ပြန်ကောင်း ပြီး တပတ်လောက်အကြာမှာပဲ
ကျွန်တော်တို့ ရွာ ဘုရားကျောင်းမှာပဲ
၂ဦးသဘောတူ လက်ထပ်ဖြစ်ခဲ့ကြတယ်။

ရိုးသားလွန်းတဲ့ ရွာခံတွေကတော့
ကျွန်တော်တို့ ၂ယောက်ကို သာမာန်လူအဖြစ်နဲ့သာ သိခဲ့ပြီး

လက်ထပ်ပွဲကိုလဲ လှလှပပလေးဖြစ်အောင် ဝိုင်းဝန်းပြီး ပြင်ဆင်ပေးခဲ့ကြသည်။

အသက်အရွယ်ကြီးသော လူကြီးအများစုသာ
ရွာတွင် နေထိုင်ကြသဖြင့်

လူငယ်ဖြစ်သည့်
ကျွန်တော်တို့ ၂ယောက်ကို ရွာခံလူကြီးများက ဝိုင်းပြီး ချစ် ဝိုင်းပြီး ဂရုစိုက်မှုကို အများကြီး ပေးနေကြလေတော့

ခလေးလေးလဲ ကျွန်တော်ရွေးချယ်ထားတဲ့ဒီရွာလေးမှာ ပဲ
လွတ်လပ်ပျော်ရွှင်တဲ့ဘဝတခုကိုပိုင်ဆိုင်နေရပြီလေ။

* အပြုံးနှင့်လိုက်ဖက်လွန်းတဲ့ ခလေးလေး
ချစ်ဖို့ကောင်းတဲ့ ခလေးလေး *

အမြဲတမ်း

ခလေးလေး အပြုံးတွေကို အသက်ဝင်သထက် ဝင်အောင် Hyung ဖန်တီးပေးပါ့မယ်။

မစည်ကားလှသော မပြည့်စုံလှသော

Hyung ရဲ့ကမ္ဘာ ကျဉ်းကျဉ်းလေးမှာပဲ

ခလေးလေးကို

အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင်လို့တော့

Hyung ဖန်တီးပေးထားတယ်။

အမြဲတမ်းပျော်ရွှင်ပါစေ ခလေးလေး

Hyung ရဲ့ခလေးလေးကို ဘယ်တော့မှ မခွဲပဲ အနားမှာ အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ အပြုံးတွေကို ဖလှယ်ရင်း လှပတဲ့နေ့များစွာကို
Hyung ချစ်တဲ့ခလေးနှင့်အတူ ဖြတ်သန်းသွားပါ့မယ်။

ကမ္ဘာတည်သ၍ Hyung အချစ်တွေမပြောင်းလဲပဲ ခလေးကို ချစ်နေမယ်။

အရမ်းချစ်တယ် ChanYeol
အရမ်းချစ်တယ် ခလေးလေး

For My Love * ChanYeol *

*********************************

THE END

Author ဖြစ်ခြင်း ၁လပြည့် အမှတ်တရ

By-KrisYeolLOVEHunHan

1.9.2016/ 5:00PM

Continue Reading

You'll Also Like

143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
2.5M 250K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
871K 34.7K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...