hyungနဲ့ Baek ရန်ဖြစ်တဲ့နေ့က စပြီး စကားမပြောဖြစ်ဘူး။ ဒီလိုချိန်ဆို ချစ်ရတဲ့ ကျွန်တော်ကပဲ စပြောရတာမလား။ ခုလည်း ထုံးစံအတိုင်းပေါ့...။
''hyung..,hyung.,ဒီမှာ ကြည့်ဦး...''
''ဘာလဲ...''
hyungကို Appaရဲ့ ဒိုင်ယာရီစာအုပ် ဖတ်ခိုင်းလိုက်တယ်။
#မနက်ဖြန် လချုပ်စာရင်းကွာနေတဲ့ ကိစ္စ Mr.kimကို ပြောရန်##
''အဲဒါ ဘာဖြစ်လဲ...''
''Baek စိတ်ထဲထူးဆန်းနေလို့ပါ။ ဒီစာက Appa မသေခင် ၁၀ရက်အလိုက ရေးထားတာ။ မသေခင် ၃ရက်အလိုက Appa က Mr.kimဆီက လချုပ်စာရင်းတောင်းတော့ ပိုက်ဆံတွေကွာနေတယ်။Appa က အဲ့ပိုက်ဆံတွေ ဘယ်ရောက်သွားလဲမေးတော့ ဟိုလိုလို ဒီလိုလို နဲ့ရေရေ ရာရာ မပြောဘူး . Baek Mr.kimကို မသင်္ကာဘူး hyung...''
ဒီcaseကို အမည်တပ်ပြီး ရဲစခန်းကို အကြောင်းကြား Mr.kim ကို ဆင့်ခေါ်ပြီး စစ်ဆေးတော့ သူ အားလုံးကို ကြံစည်ခဲ့တာဆိုပြီး ဝန်ခံသွားခဲ့တယ်။
#hyung အခု Baek ကို သံသယရှင်းလောက်ပြီထင်ပါတယ် ##
ကိစ္စတွေ အားလုံးပြီးသွားပြီးဆိုတော့....
နောက်နေ့ မနက် Baek အထုပ်အပိုးပြင်ဆင်ပြီး အပေါ်ထပ်က ဆင်းလာပြီး ဧည့်ခန်းမှာ ထိုင်နေတဲ့ hyungကို နောက်ဆုံးအနေနဲ့
''hyung... baek အဆောင်မှာပဲ သွားနေတော့မယ်။Baek အိမ်က ခိုးဝှက်ယူသွားတာမရှိပါဘူး...။hyung စစ်ကြည့်ဦးလေ...''
''မင်း..ငါ့ကို ရွဲ့နေတာလား...''
''မဟုတ်ပါဘူး hyung.,. hyung သုံးဖို့ ပိုက်ဆံကို Bankကနေ လွှဲလိုက်မယ်။Appaပိုင်ဆိုင်မှုတွေကိုတော့ Baek ၂၅နှစ်ပြည့်တော့မှ လွှဲပေးနိုင်မှာပါ...Baek သွားတော့မယ် hyung...''
#အချစ်ဆိုတာ ကြည့်နေရုံ သက်သက်မှ မဟုတ်တာ ရယူပိုင်ဆိုင်မှုဆိုတာ အနည်းနဲ့အများ ရှိတတ်ကြပါတယ်..။ကိုယ်လိုချင်တဲ့ အချစ်မျိုး သူဆီက မရဘူးဆိုရင် သူနဲ့ဝေးရာကို ရှောင်ထွက်သွားပြီး သူ့ကို မေ့နိုင်အောင်ကြိုးစားခြင်းသည် အကောင်းဆုံးပါ.,။hyung ဆီက အချစ်ကို Baek မျှော်လင့်လို့ ရတော့မယ် မထင်ဘူး.,။သူလည်း တစ်နေ့ သူချစ်တဲ့သူနဲ့ သက်ဆုံးတိုင် ပေါင်းဖက်ကြမှာ အမှန်ပဲလေ...##
ဒါပေမယ့် ကောင်လေးတစ်ယောက် စိတ်ထဲမှာတော့....
##မ..သွား..ပါ...နဲ့..ဆိုတဲ့ စကားလုံး လေးလုံးကို ပြောရမှာ ငါ့အတွက် ခက်ခဲအားကြီးလွန်းနေတယ် Puppyရာ...##
############CB#################
Baek အိမ်က ထွက်လာပြီး အလုပ်ထဲမှာ စိတ်နှစ်နေလိုက်တယ်။hyung ကို သတိရလာတဲ့အချိန် Baekနှလုံးသားလေး နာကျင်ရတယ်။ဒါကြောင့် hyungကို မေ့နိုင်အောင်ကြိုးစားတယ်...။ကိုယ့်ကို မကြင်နာနိုင်သူကို သတိရနေခြင်းဟာ ကိုယ့်ကို နှိပ်စက်ရာရောက်တယ်လေ...။hyung ကတော့ အခု ပြောမယ့်သူမရှိတော့ ဆိုးချင်တိုင်းဆိုးနေတယ်။သူ့ချစ်သူEunheeနဲ့လည်း လျှောက်လည်တာ မမောပန်းနိုင်။Eunhee မိဘတွေကလည်း hyung ရဲ့ နောက်ခံ background ကို ကြည့်ပြီး hyungကို သဘောကျနေကြတာ။ ဒီလို အခြေအနေမျိုးမှာ Baek အတွက် နေရာတစ်နေရာစာတောင် ကျန်ပါဦးမလား...။
##############CB################
အမှန်အတိုင်းပြောရရင် အိမ်ကို စရောက်လာတဲ့ Puppyလေးက ကျွန်တော့်အပေါ် အလွန်ကောင်းရှာပါတယ်။ ကျွန်တော်သာ သူ့ကို လျစ်လျူရှုခဲ့ပေမယ့် သူကတော့ ကျွန်တော့်အပေါ် ဘယ်တော့မှ အဆိုးမမြင်ဘူး...။Appa ပိုင်ဆိုင်မှုတွေ လွှဲပေးရင်လည်း ကျွန်တော် အကုန်လုံး သိမ်းကျုံး မယူပါဘူး။ တစ်ယောက်တစ်ဝက်ပဲ ယူမှာပါ...။Chanyeolဆိုတဲ့ ကျွန်တော်က အပေအတေသာလုပ်မယ် ယုတ်မာတာတော့ မလုပ်ဘူး....။Puppy ကျွန်တော့်ကို ချစ်နေတာသိပေမယ့် ကျွန်တော် ဘာမှမတတ်နိုင်ဘူးလေ...ကျွန်တော်မှ စိတ်မဝင်စားတာ...။
#############CB################
Baek အိမ်ကထွက်လာတာ ၆လတာရှိသွားပြီ။ တစ်နေ့ အဲ့ တစ်နေ့ဟာ Baekဘဝအတွက် ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်စေခဲ့တယ်...
ph အသံမြည်လာတော့ Phကိုင်လိုက်ရင်း
''ဗျာာာာ....ဟုတ်...ဟုတ်ပါတယ်..အ..အခု ပဲ လာခဲ့ပါ့မယ်...''
ဒါ ဘယ်လို အဖြစ်မျိုးလဲ Baek မကြားချင်ဆုံး accidentဆိုတဲ့ အရာကို Baek နောက်တစ်ခါ ပြန်ကြားနေရပြီ။ ပထမ တစ်ခါက သိပ်ချစ်ရတဲ့ Omma... accident ကြောင့် Baekကို ထားခဲ့တယ်။ ဒီတစ်ခါ Baek အလွန်ချစ်ရတဲ့ hyung.... ကံကြမ္မာရယ် မရက်စက်လိုက်ပါနဲ့...
hyung တို့ သူငယ်ချင်းအုပ်စု Busan သွားရင် accident ဖြစ်ကြတာ အဲ့ထဲမှာ hyungက အခြေအနေအဆိုးဆုံးဆိုပဲ hyung ချစ်သူကတော့ ပွန်းပဲ့ရုံလေးတင် ထိခိုက်သွားတယ်တဲံဲ့....။
အခု hyung ခွဲစိတိခန်းထဲက ထွက်လာပြီးကတည်းက တစ်ညလုံး သတိမရဘဲ နောက်နေ့ မနက်ကျမှ သတိရလာတယ်...။
သတိရရခြင်း hyung ဆီက ထွက်လာတဲ့ အသံက
''Eunhee...Eunhee...''
ဝမ်းနည်းမှုကို မျိုသိပ်ပြီး...
''hyung သတိရလာပြီလား...''
''Eunheeရော သူဘာဖြစ်သွားသေးလဲ...ဘာဖြစ်သွားသေးလဲလို့...''
''သူ ဘာမှ မဖြစ်ပါဘူး..ပွန်းပဲ့ ရုံလေးတင်..''
''aww...''
ဒါလေးမေးပြီ မျက်လုံး ပြန်မှိတ်သွားတဲ့ hyungကို ကြည့်ပြီး စိတ်ထဲကနေ hyungကို ပြောနေမိတယိ...
##hyungရယ် Baek ဘယ်လိုသိပြီး ရောက်လာတာလဲ။ ဘယ်တုန်းက ရောက်လာတာလဲ မမေးဘဲ ရည်းစား နာမည်သာ တမ်းတနေရလား hyungရယ်...
hyung ခေါ်သံတွေကလေ Baek နှလုံးသားကို acid နဲ့ ပက်နေသလိုပဲ hyung...##
#############CB#################
sweet ကြိုက်တဲ့ gu နောက်ပိုင်းတွေ sweetတော့မယ်လို့။ မsweet ဘူးဆိုပြီး မဖတ်ဘဲ မနေပါနဲ့နော်။ readers လေးတွေ စိတ်တိုင်း ကြိုက်ရေးပေးပါ့မယ်။
Thanks for you reading