My Puppy 11

2.7K 119 9
                                    

Knock ... Knock

'သူ​ဋ္ဌေး ဒီ​နေ့ Chinaက ဧည့်​သည်​နဲ့​တွေ့ဖို့ရှိတာ အခု အပြင်​မှာ ​ရောက်​​နေပါပြီ...'

'​ဟေ ငါ အခု ဒီအလုပ်​​လေး လက်​စသတ်​လိုက်​မယ်​ ဝင်​လာခိုင်းလိုက်​...'

'ဟုတ်​ကဲ့...'

အို ဘုရား​ရေ သူ...ကျွန်​​တော့်​ရဲ့ hyung...

'Hyung...'

'Hmm ... Baekhyun.. မ​တွေ့တာကြာပြီ​နော်​...အဆင်​​ပြေရဲ့လား...'

မေးရက်​တယ်​ hyung ...hyungထားခဲ့တဲ့ ​နေရာမှာ hyungကို ​မေ့ပစ်​ဖို့ ကြိုးစားခဲ့ရတဲ့ သူကို စစ​တွေ့ချင်း ​မေးရမယ့်​စကားလားဗျာ...

'​ပြေပါတယ်​...hyungမရှိတာက လွဲရင်​​ပေါ့...'
ဟုတ်​ပါတယ်​ တကယ်​လည်း hyungမရှိဘူးဆိုတဲ့ အသိတစ်​ချက်​ကလွဲရင်​ အားလုံးအဆင်​​ပြေပါတယ်​...

'Baekhyun​လေး​တောင်​ ရင့်​ကျက်​လာပြီပဲ.ပွင့်​လင်းပုံက​တော့ အရင်​ကအတိုင်းပဲ..မ​ပြောင်း​လဲ​သေးဘူးပဲ..'

ကျွန်​​တော်​​ပြောပါတယ်​ hyungနဲ့ပတ်​သတ်​တာက လွဲရင်​ အကုန်​​ပြောင်းလဲခဲ့ပြီ​လေ..hyungလည်း ရင့်​ကျက်​လာပါပြီ.အရင်​ကဆို မိတဆိုးအမည်​ခံပြီး ဂျစ်​ကန်​ကန်​ ​ကောင်​​လေးက အခု​တော့ နက်​​​မှောင်​တဲ့ ဆံသား​တွေနဲ့ မျက်​ခုံးထူထူ နှာတံ​ဖြောင်ေ့ဖြာင့်​နဲ့ ​ဝတ်​စားထားတဲ့ပုံက အရင်​ကနဲ့မတူ ​ယောက်ျားပီသပြီး ​ဖြောင့်​မတ်​တဲ့ပုံက ကျွန်​​တော်​ကြိုက်​ခဲ့တဲ့ hyungမှ ဟုတ်​ရဲ့လားဗျာ...

'Baekhyun...အချိန်​ရလား..အချိန်​ရရင်​ hyungတို့ ​တစ်​​နေရာရာမှာ စကား​ပြောရ​အောင်​...မ​တွေ့တာကြာတဲ့ ညီအစ်​ကို​တွေ ​ပြန်​​တွေ့ရတာပဲကို...'

ဟုတ်​တာ​ပေါ့ သူခံယူထားတဲ့ ကျွန်​​တော်​နဲ့ သူ့ကြားက ညီအစ်​ကိုဆိုတဲ့ စည်း​လေးတစ်​ခု...

သာယာတဲ့မနက်​ခင်းမှာ ချစ်​ရသူနဲ့အတူ ချို​​မွှေး​နေတဲ့ ​ကော်​ဖီ​သောက်​ရင်း ချစ်​စကား​လေး​တွေ​ပြောချင်​တဲ့ အိမ်​မက်​ ကျွန်​​တော်​ မက်​ခဲ့ဘူးတယ်​...ခုလက်​​တွေ့ဖြစ်​လာတာက​..မ​တွေ့တာကြာတဲ့ ညီအစ်​ကို ဆက်​ဆံ​ရေး...

My PuppyWhere stories live. Discover now