If I Love You Again....-KRISY...

By Steven_Cheng

22.9K 1.3K 163

Sequel to All Of Me✔ ✔ By...Steven_Chengヅ More

Episode-1(နိဒါန်းတစ်ခု၏ အစ)
Episode-3(နားလည်ရခက်ခဲသော)
Episode-4(ချစ်ခြင်းရဲ့နိဒါန်း)
Episode-5(ချိုမြိန်သောအနမ်း)

Episode-2(အလွဲဖြင့်တွေ့ဆုံမှု)

2.5K 259 19
By Steven_Cheng

"Chanyeol'a......"

သူ့အမည်ခေါ်သံလိုလိုကြားရသည်မို့ ချမ်း မျက်လုံးဖွင့်ကြည့်လိုက်သည်။

"Chanyeol'a........."

ထပ်မံကြားရပြန်သည်။ ချမ်း ဟူသော အမည်နောက်က တစ်စုံတစ်ခုကို သေချာမကြားသော်ငြား သူ့ကို ခေါ်နေမှန်းမသိစိတ်ထဲမှ သိနေသည်။

"Kris...Kris လား။"

သူ့စကားကိုသူမယုံနိုင်။ Kris ဟူသော အမည်နာမကို သူ မည်သို့သိသနည်း။

"Chanyeol'a......"

လူတစ်ယောက်မတ်တပ်ရပ်နေပြီး အလှမ်းဝေးသောတစ်နေရာတွင်ရပ်စောင့်နေဟန်။ သူပြေး၍ သွားလေလေ အသံနှင့်တကွ ရပ်စောင့်နေသောသူပါ ဝေးသွားလေလေ......။

"Kris............Kris ............"

#ဘုတ်#

ဟင် ... အိပ်မက်ပဲလား?

ချမ်း ... အမှန်တကယ်ပြေးထားသကဲ့သို့ရင်တွေတစ်လှပ်လှပ်ဖြစ်နေသည်မို့ ရေသောက်ရန် ထွက်လာခဲ့သည်။

သူ ဘယ်သူလဲ? ဘာဖြစ်လို့ 10နှစ်လုံးလုံး ထိုအိပ်မက်သာထပ်တလဲလဲမက်နေရသလဲ? Kris ဆိုတာ ဘယ်သူလဲ ? Chanyeol ဆိုတာကကော ဘယ်သူလဲ ???

ချမ်း ... အတွေးပေါင်းများစွာဖြင့် ရေသောက်ပြီး အခန်းထဲပြန်ဝင်လာပြီးအိပ်ယာထက်လှဲလိုက်ကာ သူ့ညာဘက်ရင်အုံကို ဖိ၍ -

"ဘာလို့ဒီနားက တစ်ခုခု ပြည့်ကျပ်နေသလို ခံစားနေရတာလဲ ?Wae? ခင်ဗျားဘယ်သူလဲ ?? ဘာဖြစ်လို့ ခင်ဗျားကို အိပ်မက် မက်ပြီးတိုင်း ငိုချင်လာရတာလဲ Wae???? "

ချမ်း မကျေမချမ်းရေရွတ်ပြီး မျက်လုံးများမှိတ်ပစ်လိုက်သည်နှင့် မျက်ရည်လေးများကျလာခဲ့သည်။

*** *** *** *** *** *** *** *** *** *** ***

"မာမား ကလည်း ပါပါးတောင် ဘာမှမပြောတာကို "

"............"

"တကယ်ပါ ... သားစာမေးပွဲရလဒ် တွေကို ဓာတ်ပုံရိုက်ပြပါ့မယ်။ "

"............"

"ဟုတ်ကဲ့ပါ မာမားရယ် သားဖုန်းချပြီနော် တာ့တာ I love you,mom  "

ဖုန်းချပြီးသက်ပြင်းရှည်တစ်ခုကို မှုတ်ထုတ်လိုက်သည်။

"Yi Fan... မင်း အန်တီ့ကို အကွက်တွေရွှေ့လာတာလား?"

သူ့ထက်အရင် ကိုရီးယားသို့ ကျောင်းလာတက်နေသူ ငယ်ပေါင်းရင်းချာ သူငယ်ချင်းကြီး Xiao Luhan ၏ အမေးကို Yi Fan ရယ်ရင်း-

"အေးပေါ့ကွာ။ ငါလာချင်နေတာကို ဘယ်တတ်နိုင်မှာလဲ ။ Wu Yi Fan ပါ ဖြစ်ချင်တာရှိရင် အလွယ်လေး ။ "

"အေးပါကွာ ... မင်းအခုကျောင်းကိစ္စတွေဘာညာလုပ်ရဦးမှာပေါ့ ။ "

"အေးကွာ။ ကျောင်းတက်ဖို့လို့ ပြောပြီးလာတော့လည်း လုပ်ရမှာပေါ့ ။ "

"ဘယ်ကျောင်းလျှောက်မှာလဲ? ငါတို့ ကျောင်းလား?"

"ဟွာရမ်းကျောင်းလေ လျှောက်တောင် လျှောက်ပြီးပြီ ။ "

"အဲဒါ ငါတို့ကျောင်းလေ အရူးရဲ့ ! "

" ခွီးးး သိမှမသိတာ သမင်စုတ်ရဲ့ "

"လခွမ်းကောင် ... ဘာသမင်စုတ်လဲ ငါလုပ်လိုက်ရ  "

Yi Fan တစ်ယောက် Coffee ဆိုင်တွင် Luhanပေါက်ကွဲနေသည်ကို ကြည့်ပြီးထိုင်သာခွီနေသည်။

*** *** *** *** *** *** *** *** *** *** ***

At airport...,

"ချမ်း...ဟိုမှာ ကျန်းမာရေးဂရုစိုက်နော်။ ဒီကရာသီဥတုနဲ့ ဟိုကရာသီဥတုနဲ့က တူတာမဟုတ်ဘူး။ မေမေ့ကိုလည်း ဖုန်းအဆက်အသွယ်မှန်မှန်လေးလုပ်ဦး။ ငွေလိုရင်မပြောဘဲ မနေနဲ့။ အပေါင်းအသင်းလည်း မမှားစေနဲ့။ အစစအရာရာ ဂရုစိုက်ကွယ် ။ "

"ဟုတ်ကဲ့မေမေ... သားသွားတော့မယ်နော် ..."

ချမ်း ... ခရီးဆောင် အိတ်လေးဆွဲရင်းထွက်သွားပြီးမှပြန်လှည့်လာပြီး အမေဖြစ်သူအားဖက်လိုက်ပြီး -

"ကျေးဇူးတင်ပါတယ် မေမေ... သားကို မွေးဖွားလာပေးတဲ့အတွက်။ သားမေမေ့ကို အရမ်း...ချစ်တယ် ။"

"မေမေလည်း သားကို အရမ်းချစ်ပါတယ်ကွယ်။ "

"မငိုနဲ့လေနော် မေမေ။ မေမေငိုတော့ သားသွားဖို့စိတ်မဖြောင့်ဘူး။"

"အင်းပါ မေမေ မငိုတော့ဘူး။ သွားတော့လေ သား။"

"Nae...အဲ ဟုတ် သားသွားပြီနော် ။ "

ခရီးဆောင်အိတ်လေးဆွဲကာ Style ကျကျ ထွက်ခွာသွားသည့် ချမ်း ရဲ့နောက်ကျောလေးကို ကြည့်ကာ ဒေါ်ကြာဖြူ မျက်ရည်ကျရပြန်သည်။

******Time skip******

"WoW......TV ထဲမှာထက်ပိုလှတာပဲ။"

ချမ်း တစ်ယောက် လေဆိပ်မှ ထွက်လာသည်နှင့် ကိုရီးယားနိုင်ငံ အလှကိုဝေ့ကြည့်ကာ ကိုရီးယားလေကိုလက်နှစ်ဖက်ကားကာ တဝကြီးရှူလိုက်သည်။

"ကိုရီးယားတော့ ရောက်လာတာပဲ။ ခင်ဗျားသာဒီမှာရှိရင် တွေ့ချင်မိရဲ့။ "

ပညာသင်ဆု ဟုဆိုသော်လည်း တက်ရမည့်ကျောင်းနှင့် ချိတ်ဆက်ပေးပြီး အဆောင်ကြေးနှင့်တကွ ကျန်သည့် ကိစ္စ အဝဝ ကို ကိုယ့်ဘာသာဖြေရှင်းရမည် သာဖြစ်သည်။

"Hotel မှာအရင်တည်းရမှာပေါ့လေ"

ချမ်း တစ်ယောက်တည်း ရေရွတ်ပြီး Taxi ငှားကား Seoul မြို့တွင်းရှိ hotel တစ်ခုသို့ ပို့ဆောင်စေသည်။ Hotel ရှေ့ရောက်တော့ ကုန်ကျစရိတ်ပေးချေပြီး အဝင်......Yi Fan တစ်ယောက် ပျင်းပျင်းရှိသည်မို့ ကားသော့ယူကာ Seoul မြို့ အနှံ့ လည်ပတ်ရန် Hotel မှ အထွက်...

"အာ့ ..."

"အယ် "

Yi Fan ဘောင်းဘီမှ အလှဇစ်နှင့် ချမ်း ရဲ့ခရီးဆောင်အိတ်မှ ဇစ် နှင့် ငြိသွားကာ နှစ်ယောက်သား ပြိုင်တူ အသံထွက်လာသည်။

"Yarr...မင်းသေချာကြည့်ဝင်ပါလား? ကန်းနေလား?"

ချမ်း ... ဘာမှပြန်မပြောမိ။ ထို သူရဲ့ အသံကိုသာအာရုံစိုက်မိနေသည်။ သည်အသံ ... အိပ်မက်ထဲက လူ၏ အသံ ...!

"Yarrr...နားပါကန်းနေလား?"

Yi Fan ထပ်မံအော်လိုက်မှ ချမ်း အသိပြန်ဝင်လာကာ အတွေးတွေကို မောင်းထုတ်လိုက်သည်။

" ငါတစ်ယောက်တည်းအမှားမှမဟုတ်တာ "

"ဘာ? မင်းဘာပြောလိုက်တယ်။ "

"ကြည့်ရတာ ငါကန်းတာမဟုတ်ပဲ မင်းပဲကန်းနေတာထင်တယ် ။"

"ဘာ!! မင်း ......"

"ဟူးးးး... ရန်မဖြစ်ချင်လို့ ငါပဲ တောင်းပန်လိုက်ပါ့မယ် sorry ...။ "

ချမ်း ပြောလိုက်ရင်း ငြိနေသည်ကို ဆွဲဖြုတ်နေသည်။

"Yarr...Yarr အဲဒီလို ဖြုတ်ရင် ငါ့ ဘောင်းဘီကဇစ်ပြုတ်မှာပေါ့ အရူးရ ။"

"မင်းကမှတကယ်ရူးတာ main နေရာက ဇစ်မှမဟုတ်တာ အဲ့ဇစ်ပြုတ်လည်း မင်းပစ္စည်းမပေါ်ဘူး။"

"ဘာ...မင်းညစ်ပတ်လိုက်တာ"

Yi Fan စကားအဆုံးတွင် ချမ်း အားနှင့်ဆွဲဖြုတ်လိုက်သည်မို့ ငြိနေသည်က ကွာသွားပေမယ့် Yi Fan ဇစ်တွင် ချမ်း အိတ်မှဇစ်ပါသွားသည်။

"...အယ် "

ချမ်း...Yi Fan ကို မော့ကြည့်ပြီး-

"ငါ့ အိတ်ပြန်လျော်ပေး !!!!!!!"

ချမ်း အသံသြသြဖြင့် အော်လိုက်သည်ကြောင့် ဟိုတယ်ဝန်ထမ်းများထွက်လာကြသည်။ Yi Fan ချမ်းရဲ့ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး နားအနားကပ်ကာ-

"ဟေ့ကောင် အကျယ်ကြီးအော်ရလား အရူးရဲ့။"

ချမ်း ... သူ့ပါးစပ်က်ိုပိတ်ထားသော Yi Fan လက်ကို ကိုက်လိုက်သည်။

"အာ့ ...သေမလို့ကိုက်တာလား။"

ချမ်း...ပါးချိုင့်လေးပေါ်အောင် smink ပြုလိုက်ပြီး -

"အိတ်ပြန်လျော်ပေး "

*** *** *** *** *** *** *** *** *** *** ***

Tbc ....

Continue Reading

You'll Also Like

227K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
617K 59.1K 36
Taekook 💜 ( Own Creation )
42.8K 3.1K 72
ဖတ်ကြည့်နော်😉😉
52.6K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!