Episode-5(ချိုမြိန်သောအနမ်း)

2.4K 248 49
                                    

" ငါ့ကို လွှတ် ။ "

ကျောင်းခေါင်မိုးထပ်သို့ ရောက်သည်အထိ လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားခံရပြီး မလွှတ်ပေးသောကြောင့် ချမ်း အော်လိုက်သည်။

"ပျော်နေလား? ဟမ်? "

Yi Fan လက်ကိုဆောင့်၍ လွှတ်လိုက်ကာ မေးလိုက်သည်။

"ဘာကိုလဲ ။"

ချမ်း လက်ကောက်ဝတ်နီရဲနေသည်ကို ကြည့်ရင်းပြန်မေးလိုက်သည်။

"မင်းဘေးနားက အကောင်နဲ့ သိပ်ပျော်နေတယ်မလား? ခေါင်းအကိုင်ခံရတာ သိပ်ကြိုက်နေရအောင် မင်းက‌ခွေးလား ၊ ကြောင်လား? "

Yi Fan ၏ ခပ်ကြမ်းကြမ်းစကားများ အဆုံးတွင် ချမ်း မျက်ဝန်းအတွင်းမှ မျက်ရည်များ စီးကျလာသည်မို့ ခေါင်းကိုသာ ငုံ့နေလိုက်သည်။

"ဖြေလေ !!! "

ကိုယ်ကို ဆွဲလှုပ်ရင်း မေးနေသော Yi Fan ကို ချမ်း မော့ကြည့်လိုက်သည်။

"မင်းအရမ်းလွန်တယ် Wu Yi Fan...မင်းငါ့ကို ဇစ်ကိစ္စကြောင့် အမြင်မကြည်ဘူးဆိုရင်တောင် ဒီလိုတော့ မပြောပါနဲ့။ ငါ့ကို ဆွဲထိုးချင်ဦး ။ ရတယ် ငါအထိုးခံမယ်။ ဒီလိုမျိုးတော့ မထိခိုက်ပါနဲ့ တောင်းဆိုပါရစေ။"

"......"

"မကျေနပ်တာ ငါလုပ်မိရင်လည်း ပြောပါ။"

"မင်း...!! "

Yi Fan ချမ်း မျက်နှာကို စေ့စေ့ကြည့်ရင်းတစ်စုံတစ်ခုပြောမည်ပြုသော်လည်း...။

"အတန်းမတက်နဲ့။"

ပြောပြီးသည်နှင့် Yi Fan ထွက်လာကာ ခေါင်းမိုးထပ်တံခါးအား ချက်ချခဲ့လိုက်သည်။

"Wu Yi Fan... တံခါးဖွင့်ပေး !! ဟေး ...Wu Yi Fan!!"

ချမ်း မည်မျှပင် အော်ဟစ်ကာ တံခါးဖွင့်ခိုင်းသော်လည်း တံခါးသည်မပွင့်လာခဲ့။

"ဘာလို့လဲ?? ငါ့ကိုမှ ဘာလို့လဲ?? မင်းကိုငါဘာအပြစ်တွေများ ကျူးလွန်မိလို့လဲ?"

ချမ်း မျက်ရည်များစွာကျလျက် ပြောရင်း တံခါးကိုမှီထားလိုက်သည်။ ထိုတံခါး၏ တစ်ဖက်တစ်ချပ်၌ မှီထားသောကောင်လေး၏ မျက်ဝန်းထဲ၌လည်း မျက်ရည်များစွာဖြင့် ။ ထို့အတူ နာကျင်သော နှလုံးသားရှိရာဘက်ကို လက်ဖြင့်အသာဖိရင်း မျက်လုံးများ မှိတ်ထားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 12, 2021 ⏰

Add this story to your Library to get notified about new parts!

If I Love You Again....-KRISYEOL[Hiatus]Where stories live. Discover now