ခ်စ္လွစြာေသာ......

By Gorgeoustulip

40.4K 2.9K 150

ခင္ဗ်ားဟာ အရာအားလံုးနဲ႔ လဲပစ္လိုက္ဖို႔ ထိုက္တန္ၿပီးသား....... More

ခ်စ္လွစြာေသာ...........
ခ်စ္လွစြာေသာ.........
ခ်စ္လွစြာေသာ........

ခ်စ္လွစြာေသာ........

17.9K 799 20
By Gorgeoustulip

ဆိုဂျုး ပုလင်းတစ်ချို့က ထောင်လျက်.... လဲလျက်...။
စီးကရက် အပိုင်းအစတစ်ချို့က ဟို တစ်စ သည်တစ်စ..။

TV ဖန်သားပြင်မှ ရုပ်ပုံတို့အား စူးစိုက်ကြည့်လျက်ရှိသော.. မျက်လုံးတို့သည်... တင်းမာလျက်...။ တစ်ပြိုင်နက်တည်းမှာပဲ.. အားငယ်လျက်....။

ရယ်ပြုံးလျက် ရှိသော... အမျိုးသားသyည်... သိမ်မွေ့နူးညံ့စွာလှပသည့်.. အမျိုးသမီး၏ ဘေးတွင် .. ဧည့်သည်များအား နှုတ်ဆက်နေသည်..။
ကုမ္ပဏီကြီးတစ်ခု၏ နှစ်ပတ်လည် ညစာ စားပွဲ...။

မှောင်ရိပ်ထဲမှ... နှုတ်ခမ်းပါးတို့က .. ခပ်မဲ့မဲ့ ပြုံးသွားကြသည်...။

ရက်တော်တော်ကြာ... ထမင်းစားခဲ့ပုံမရသော.. ခန္တာကိုယ်က အားနည်းလာနေသည်...။ အနည်းငယ် အားယူကာ... TV ကို ထပိတ်ရန် ကြိုးစားမိသည်...။

ဆက်ကြည့်နေနိုင်သည့် အင်အားလဲမရှိတော့...။ ပြိုလဲသွားသော ကိုယ်က.. ကြမ်းပြင်ပေါ် ထွေးပွေ့သူ ကင်းမဲ့လျက်.. ကျသွားခဲ့သည်...။ ဆိုဂျုးပုလင်းတွေအား တိုက်မိကာ လဲကျသံများ.. ပေါ်ထွက်လာခဲ့သည်...။

ကျွန်တော် နာနာကျင်ကျင် ရယ်မောမိသည်...။ ရင်ဘက်တစ်နေရာက တဆစ်ဆစ် ကိုက်နေသည်...။
ဒီလို အခြေအနေပေါင်းများစွာ... ထပ်ခါတလဲလဲ ဖြတ်ကျော်ခဲ့ပြီးသား မဟုတ်လား...။

အမှန်ဆို... ကျွန်တော် အလေ့အကျင့် ဖြစ်သွားရတော့မှာလေ...။
ဘယ်လို ဖြစ်နေရတာလဲ.. ကျွန်တော်က... ။

အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ပြီးသည့်တိုင်... ထို မိန်းမနဲ့ အတူ သူ့ကို တွဲမြင်နေရသည့် အခါတိုင်းက ကျွန်တော့်အတွက် ငရဲပဲ ဖြစ်သည်...။

တံခါးခေါက်သံ ခပ်တိုးတိုးနဲ့အတူ.... အိမ်တော်ထိန်း ဦးလေး၏ အသံ ထွက်ပေါ်လာသည်..။

" .... Luhan... ထမင်း နည်းနည်းဖြစ်ဖြစ်... စားလိုက်ပါဦး... သား.. "

ကျွန်တော် အခုချိန် လိုအပ်နေတာ ထမင်းမှ မဟုတ်ပဲ...။
မသိကြဘူးလား.....။ သိပ်ညံ့တာပဲ...။

" ခေါ်ပေး...!! Wu Yifan ကို !! အခုချက်ချင်း.. ! "

"...... "

" မလုပ်နိုင်ဘူးမလား ! .. သွားတော့.. ! အဲ့ဒီလို မလုပ်ပေးနိုင်ဘဲနဲ့... !!! "

တံခါး အပြင်ဘက်မှ တိတ်ဆိတ်သွားလေသည်..။
ညံ့လိုက်တာ... ။ သူတို့ မသိကြဘူး...။ ကျွန်တော် ဘာကို လိုအပ်တယ်ဆိုတာကို..။

စူးရဲသော အကြည့်တို့က TV ဖန်သားပြင်ကို ရောက်သွားကြပြန်သည်...။
သူတို့ ပြုံးနေလိုက်ကြတာ..။ ဟင့်အင်း...အဲ့ဒါ.. ကျွန်တော့်ရဲ့ အရှုံးတွေ...။

မမြင်ချင်ဘူး...။ လူတွေဟာ ကိုယ့် အရှုံးကို ပြန်မြင်ရသည့်အခါ.. ဒီလိုပဲ နာကျင်တတ်ကြသလား ကျွန်တော် မသိ...။

ခွမ်း !..

ထို ပုံရိပ်တို့အား....လက်ထဲရှိ ပုလင်းဖြင့် ကောက်ပေါက်ပစ်လိုက်တော့သည်..။

အောင့်တက်လာသည့် ဝမ်းဗိုက်အား.. လျစ်လျူရှုလျက်..
ဘယ်နှစ်ပုလင်းမြောက်မှန်း မသိသည့်... ဆိုဂျူးကို မော့ချလိုက်မိသည်...။

သတိလွတ်တစ်ချက်... မလွတ်တစ်ချက် ဖြစ်နေရာမှ..
စူးစူးဝါးဝါး ထိုးအောင့်တက်လာသည်...။

တစ်ခုခု ဖြစ်သွားစမ်းပါစေ...။

ကျွန်တော် သေမလောက် နာကျင်ရပြီးမှ... ခင်ဗျား ဘေးနား ရှိနေနိုင်မယ်ဆို ဘာအရေးလဲ...။
အရာအားလုံးနဲ့ လဲပစ်လိုက်ဖို့.. ခင်ဗျားက ထိုက်တန်ပြီးသား...။

•••

လှစ်ဟထားသည့် လိုက်ကာစများကြားမှ နေရောင်စူးစူးက ကျွန်တော့်ကို အနှောင့်အယှက်ပေးလျက်ရှိသည်...။
မျက်လုံးများကို ခပ်ဖြေးဖြေး ဖွင့်လိုက်သော်လည်း..
ဦးခေါင်းက ဆစ်ခနဲ.. ဆစ်ခနဲ ထိုးကိုက်လာသည်..။

ဘယ်ဘက် လက်ဖျံက အောင့်နေသောကြောင့် ကြည့်မိတော့.... ။
ကျွန်တော် Drip ချိတ်ထားရသည်ပဲ...။

ကုတင်ဘေးနားရှိ ခုံပေါ်တွင် ရေပတ်ဝတ်အစ ရှိနေသည်..။
အခန်းက သန့်ရှင်း သပ်ရပ်နေသည်...။

သူရော.... သူ ရောက်မလာခဲ့ဘူးလား...။ ကျွန်တော် ဒီလောက် နေမကောင်းတာကို...။ ကျွန်တော် အားနည်းနေတာကို...။

ဝေ့ဝဲတက်လာသော မျက်ရည်တို့အား... ပုတ်ခတ်ပစ်လိုက်သည်...။

" Luhan... "

အခန်းထဲဝင်လာသည့်.. ခြေသံနဲ့အတူ.. သူ့ အသံကို ကြားလိုက်ရသည် ..။ ကျွန်တော် လှည့်ကြည့်မိတော့.. လက်ထဲမှာ .. ပန်းကန်တစ်လုံးကို ကိုင်ထားလျက်..။
ကျွန်တော် တဖက်လှည့်ကာ.. ပြုံးလိုက်မိသည်...။

သူ ကျွန်တော့်ကို ပစ်မထားဘူး...။

ကုတင်ဘေးနားက .. ခုံတစ်ခုံအား ဆွဲယူထိုင်ပြီး.. လက်တစ်ဖက်က ကျွန်တော့် နဖူးအား ခပ်ဖွဖွ လာထိသည်..။

" မင်း မေ့နေတာ.. ၃ရက်တောင်ရှိပြီ... ပြော.. ဘာလို့ ထမင်းမစားလဲ... "

၃ရက်တောင်...။ ကျွန်တော် ၃ရက်တောင် မေ့သွားတာလား...။

အဲ့ဒါထက် အရေးကြီးသည်က .. သူ ၃ရက်လုံး.. ကျွန်တော့်ဘေးမှာ ရှိနေသလား . ဆိုတာပဲ..။

" ကျွန်တော့် ဘေးမှာ.. တစ်ချိန်လုံးရှိနေခဲ့တာလား... "

သက်ပြင်းဖွဖွ သူချလိုက်သည်...။ ထို့နောက်... ကျွန်တော့်ကို ခပ်တည်တည် ကြည့်သည် ...။

" ဟုတ်တယ်... မင်း မေ့နေတဲ့ ၃ရက်လုံး... ကိုယ် ဒီမှာ ရှိတယ်... အလုပ်တွေကို ပစ်ထားပြီးတော့.. ရှယ်ယာရှင် အစည်းအဝေးတွေကို ဖျက်ပြီးတော့... "

သူ ကျွန်တော့်ကို မကျေနပ်ဘူး..။ ကျွန်တော် သိတာပေါ့...။
သို့သော် ကျွန်တော်ကတော့ ကျေနပ်သည်...။

" ကျေနပ်ပြီလား.. အခုလို ဆန္ဒပြလိုက်ရတော့... "

သူ နည်းနည်းမှ မပြုံးဘူး..။ ဘာဖြစ်သေးလဲ...။ ကျွန်တော်က သူ့ရဲ့ ဘယ်လို စိတ်အခြေအနေမျိုးကို မဆို..
ချစ်မြတ်နိုးတယ်. ..။

သူ စိတ်ဆိုးသည်ဖြစ်စေ... ။ မဆိုးသည်ဖြစ်စေ...။

ဘယ်လိုပဲ ဖြစ်ဖြစ် သူက ကျွန်တော့်ရဲ့.. Wu Yifan...။

" ကျေနပ်တာပေါ့... ခင်ဗျား... ရောက်လာပြီပဲ... "

ကျွန်တော် သူ့လက်ဖျားများကို ခပ်ဖြေးဖြေး ဆုပ်ညစ်လိုက်တော့.. သူ အသာ ရုန်းထွက်သည်...။

"... မင်း အစာအိမ်မှာ အနာဖြစ်ခါနီးဆဲဆဲပဲ... ကိုယ့် အခြေအနေရော.. ကိုယ် သိရဲ့လား.. Luhan...."

ခင်ဗျားရော သိလို့လား.. ။ ကျွန်တော့် နှလုံးသားတွေလဲ .. တစစီ ဖြစ်ခါနီး ဆဲဆဲ ဆိုတာ... ။

ထိုင်ခုံမှာ ထိုင်နေရာက ကုတင်ပေါ် ဘေးစောင်းထိုင်ရင်း..
ရုတ်တရက် သူ ကျွန်တော့်ကို ပွေ့ဖက်ထားသည်...။
သူ့ မျက်လုံးတွေ နူးညံ့ငြိမ်သက်လာပြီ....။

" ဒီလိုမျိုးတွေ ခဏ ခဏ မလုပ်ပါနဲ့... ကလေးရယ်..
မင်းသိရဲ့သားနဲ့.. ကိုယ် မင်းကို ဘယ်လောက် ချစ်တဲ့ အကြောင်း..."

နွေးထွေးသော... သူ့ ရင်ခွင်ထဲ ကျွန်တော် အသာမှေးရင်း... နှလုံး ခုန်သံတို့အား နားစွင့်နေမိသည်...။
ဒီရင်ခွင်ဟာ ကျွန်တော် တစ်ဦးတည်း အပိုင် ဖြစ်လာဖို့..
ဘာများ ထပ်ပေးဆပ်ရဦးမလဲ.....။
ဒီနှလုံးခုန်သံတွေကို တစ်ခြား တစ်စုံတစ်ယောက်မှ နားထောင် ခွင့်မရှိအောင် ဘယ်လိုများ...တားမြစ်နိုင်ဦးမလဲ..။

ဟင့်အင်း... ကျွန်တော် ဘာမှမတတ်နိုင်ဘူး...။

" ဆန်ပြုတ်စားမယ်နော်.... ကိုယ် ခွံ့ပေးမယ်..... "

ကျွန်တော့် အာရုံက ထိုနှုတ်ခမ်း ဖူးဖူးတို့၏ အဖွင့်အပိတ် လှုပ်ရှားမှုများတွင်သာ ရှိသည်...။ ပြီးတော့..
စကားပြောလိုက်တိုင်း .. လှုပ်ရှားသွားတတ်သည့် သူ့
ပါးပြင်ပေါ်က သွေးခြည်မျှင် စိမ်းစိမ်းတွေ...။

ရှည်လျားသော လက်ချောင်းသွယ်သွယ်တို့က
ဆန်ပြုတ် ပန်းကန်အား လှမ်းယူလျက် ....
ဆန်ပြုတ် နွေးနွေး အား ခပ်ကာ.. ကျွန်တော့်ကို တိုက်သည်...။

သူဟာ ဘယ်လောက်တောင် ကြင်နာ သိမ်မွေ့တတ်သည့် လူလဲ..။

တရားဝင် လက်ထပ်ထားပြီးသော... ယောကျ်ားတစ်ယောက်အား... တွယ်ကပ်နေခြင်းက... အများအမြင်တွင်
ဆိုးရွားလွန်းသည့်.. ယုတ်ညံ့မှု တစ်ခုလား...။

သူတို့မှ မမြင်ခဲ့ပဲ... သူတစ်ပါးဆီရောက်နေတဲ့ ကျွန်တော့် နှလုံးသားကို ...။ သူတို့ နားလည်နိုင်မှာမှ မဟုတ်ပဲ.. ကျွန်တော့်ရဲ့ နာကျင်မှုတွေကို....။

" ကျွန်တော့် အနားမှာပဲ နေပါလား.... "

သူ သက်ပြင်းချသည်.....။ စိတ်ရှုပ်ရပြန်ပြီပေါ့.. ကျွန်တော့်ကြောင့်.. ။

" အဲ့ဒါက အကောင်းဆုံး အဖြေမဟုတ်တာ ကိုယ်တို့နှစ်ယောက်လုံး သိရဲ့သားနဲ့..Luhan ရယ်.."

ဒါဖြင့်.. ကျွန်တော် နာကျင်နေရခြင်းက အကောင်းဆုံး အဖြေပေါ့ ..။
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်နေတာက ဖြစ်သင့်တဲ့ တရားမျှတခြင်းပေါ့...။

သို့သော်... ကျွန်တော် ဘာတစ်ခွန်းမှ ထပ်မဟတော့ပါ...။

" ဒီနေ့ညတော့.. ဒီမှာ အိပ်မယ်မလား.. "

သူ ကျွန်တော့်ကို ငုံ့ကြည့်ရင်း.
နဖူးပေါ်သို့ တစ်ချက်နမ်းကာ.. ခေါင်းညိတ်ပြလေသည်..။

ကျေနပ်စွာ.. လက်သင့်ခံထားပြီးသော... အမှားတွေ အတွက် တရားမျှတစွာ... ကျွန်တော် နာကျင်ရလိမ့်မည်..။

သို့တိုင်အောင်.. ဘယ်သောအခါမှ ကျွန်တော် နောင်တရလိမ့်မည်မဟုတ်...။

ကျွန်တော့် မျက်ရည်တွေ ခမ်းခြောက်သွားသည့်တိုင်...။

ကျွန်တော့် အိပ်မက်တွေအား..စွန့်လွှတ် ပေးဆပ်ရသည့်တိုင်...။

ကျွန်တော့် နှလုံးသား မွစာကြဲသွားသည့်တိုင်....။

နူးညံ့ သိမ်မွေ့သော.. သူ့ အမိန့်တွေအောက်မှာ... ကျွန်တော့်ရဲ့ အရာရာ အားလုံးသည်.... အသားတကျ နာခံသေဝပ်ပြီးသား ဖြစ်နေခဲ့ပြီးပြီ...။

•••

အကယ်၍ ကျွန်တော်တို့သာ....စောပြီး တွေ့ခဲ့ကြလျှင် ဘယ်လောက်များကောင်းလိုက်မလဲ လို့ အကြိမ် ကြိမ်တွေးကြည့်မိဖူးသည်...။

မိန်းမတစ်ယောက်က တရားဝင်ပိုင်ဆိုင်ထားသော.. ယောကျ်ားတစ်ယောက် မဖြစ်ခင်အချိန်မှာ...သူ့ကို ကျွန်တော်တွေ့ခဲ့ရမှာ...။

အဲ့သည်လိုဆို.. သည်လောက် မရှုပ်ထွေးလောက်ဘူး....။
ယောကျ်ားလေးနှစ်ယောက် ချစ်နေသည့်တိုင် ... သည်လောက် နာကျင်စရာမကောင်းလောက်ဘူး ထင်ရဲ့..။

အခုတော့... ကျွန်တော်တို့က သဘာဝတရားကို ဆန့်ကျင်နေရုံမက.. လူ့ကျင့်ဝတ်ကိုပါ ဖောက်ဖျက်ပြီးသားဖြစ်ခဲ့ပြီ....။

အခု အချိန်မှတော့.. ကျွန်တော် နောက်ဆုတ်ဖို့ မကြိုးစားနိုင်တော့...။ အရာအားလုံးက နေသားတကျ... ဖြစ်သွားပြီ...။
အခု အချိန်မှတော့ ကျွန်တော် သူ့ကို လက်လွှတ် အလျှော့ပေးနိုင်မည်မဟုတ်....။

သူရော... ကျွန်တော့်ကို စွန့်လွှတ်နိုင်လိမ့်မလား....။
ဟင့်အင်း... မသေချာဘူး..။

ကျွန်တော်တို့ ပြဿနာဖြစ်ကြပြီဆိုလျှင် ..... သူ့ကို ထားမသွားဖို့သာ တဖွဖွ ပြောနေခဲ့ရင်း... နိဂုံးချုပ်သွားလေ့ရှိသည့် သူက .. ကျွန်တော့်ကို စွန့်ပစ်မည် မဟုတ် ဟု.. ဘယ်တုန်းကမှ မပြောဖူး....။

ထို မိန်းမနဲ့ ပက်သက်၍ ကျွန်တော် ရန်စသည့်အခါတိုင်းလိုလို... သူက ပါးနပ်ကျွမ်းကျင်စွာ.. ကျွန်တော့် အချစ်တွေကို မီးမောင်းထိုးပြလေ့ရှိသည်...။

နောက်ဆုံး ..... နောက်ဆုံးမှာတော့... ကိုယ်တိုင် ဇာတ်မသိမ်းချင်ခဲ့သော ပြဇာတ်တစ်ပုဒ်အား... ရင်နာနာဖြင့် ... ဆက် ကခဲ့ရပြန်သည်...။

•••

" အေးတာကို... ဘာလို့ ပြတင်းပေါက်ကြီး ဖွင့်ထားလဲ.. "

ကျွန်တော့်ခါးကို ပွေ့ဖက်ထားရင်း.. ပြတင်းမှန်ကို ဆွဲကာ..
လိုက်ကာကို ပိုပြီး ဟလိုက်သည်...။ ထို့နောက် သူ
ကျွန်တော့် ခါးကို ဖက်လျက်... ပုခုံးပေါ် မေးတင်လိုက်ရင်း.. ( ပုလိုက်တာ ) လို့ ခပ်တိုးတိုး ရေရွတ်လိုက်သည်..။

" ဘာပြောလိုက်တယ်.. "

သူ ဘာမှမပြောပဲ ပြုံးစိစိလုပ်နေသည့်အခါ.. ကျွန်တော် ခေါင်းအသာ စောင်းရင်း သူ့ပါးတစ်ဖက်ကို ကိုက်ဆွဲပစ်လိုက်မိသည်...။

သူ တစ်ချက်သာ ရှုံ့မဲ့ရင်း ... ပြုံးနေပြန်သည်...။ သူ့မျက်နှာပေါ်က အရေးအကြောင်းအနည်းငယ်အား.. အနီးကပ် ငေးမောရင်း... ထို အခိုက်အတန့်အား... ကျွန်တော် ကြည်နူးရပြန်သည်...။

ပြတင်းပေါက်မှတဆင့် အပြင်ပတ်ဝန်းကျင်အား.. လှမ်းငေးမိတော့... တစ်ခါတစ်ရံမှ ဖြတ်သွားတတ်သော.. ကားတစ်စီးတစ်လေမှ လွဲ၍ တိတ်ဆိတ်နေခြင်းက ပိုများလေသည်...။

ရုတ်တရက် ဖေဖေ့ကို သတိရသွားသဖြင့်... ကျွန်တော် မဲ့လိုက်မိသည်..။
သည်အိမ်ကြီးထဲ ... ကျွန်တော် တစ်ယောက်တည်းလိုလို ဖြတ်သန်းခဲ့ရသည့် အချိန်တွေတုန်းက ... ဖေဖေ့ကို အထီးကျန်သည်ဟု.. ပြောမိသည့်အခါ...

( ဖေဖေ ပြန်လာခဲ့ရမလား ) ဟူသော အဖြေအစား..

( မြို့လယ်ခေါင်မှာ အိမ်တစ်လုံးဝယ်ပေးရမလား ) ဟူသည့် စကားကို
ကြားခဲ့ရဖူးသည်..။

အခုတော့ ကျွန်တော် သိပ်အထီးမကျန်ရတော့ဘူး.. ထင်သည်...။
အထီးကျန်ခြင်းတွေ အစား.. သံသယနဲ့ အားငယ်ခြင်းတွေ အစားထိုးလာကြသည်...။

တစ်လမှာ.. ဆယ်ရက်နီးပါးလောက်သာ ကျွန်တော့် အနား ရှိပေးနိုင်သည့် သူ့ကို ကျွန်တော် အပြစ်မတင်ရက်ပေမယ့်..
ပြဿနာတော့ ရှာမိသည့် ကျွန်တော့်ကိုလဲ အပြစ်မတင်စေချင်....။

ကျွန်တော်က ဖြစ်နိုင်ချေများစွာကြားထဲ သူ့ နှလုံးသားကို မျက်စိမှိတ် ယုံထားရသူ.....။

လှပ၍ ထက်မြက်လွန်းသော အမျိုးသမီးတစ်ယောက် အပေါ် နည်းနည်းမှ စိတ်မယိုင်မိဘူး ဟူသော သူ့စကားအား.. မည်သည့်အာမခံချက်ဖြင့် အကြွင်းမဲ့ ယုံကြည်လိုက်ရပါ့မလဲ...။

သူ့အား ယုံကြည်သည့်တိုင် ကံကြမ္မာဆိုသော လူယုတ်မာ အား ကျွန်တော် စိတ်မချ...။

တဆိတ်... ဆုံးရှုံးရခြင်းတွေ များစွာရဲ့ ဆုလာဒ် အဖြစ်.. သူ့ကိုတော့ ကျွန်တော် လက်လွှတ်မခံနိုင်....။

ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်အား... အိမ်တော်ထိန်း တစ်ချို့နဲ့ ထားပစ်နိုင်ခဲ့၍ ငွေမှတပါး.. ဘာမှမကြည့်တတ်သည့်.. ဖေဖေ့ကိုလဲ ကျွန်တော် အခုအချိန်တွင် မတမ်းတမိတော့....။

နာမည်ပျက်ခြင်းနဲ့ ဂုဏ်သိက္ခာအား ထားတော့..။ မိသားစုဟူသည့် အသိုက်အမြုံအား စွန့်ခွာရက်၍ ရည်းစားဦးအား... အသက်သခင်ကဲ့သို့ ကိုးကွယ်သွားခဲ့သော.. မေမေ့အားလဲ စိတ်မနာချင်တော့..။

ကျွန်တော့်ရဲ့ ခြောက်ကပ်အထီးကျန်သော ကန္တာရငယ်သည်.. သူ ဝင်ရောက်လာခဲ့သည့်နေ့မှ စ၍
ပြောင်းလဲ လှပလာသည်...။
ဥပမာ... အိုအေစစ်တစ်ခုလိုမျိုး...။
အကယ်၍ သူ ပျောက်ကွယ်သွားခဲ့မည်ဆိုလျှင်....။

•••

ကျွန်တော်တို့ စတင် တွေ့ဆုံခဲ့သည့် နေ့က မိုး ခပ်ဖွဲဖွဲ ကျနေခဲ့သည်... ။

______________________________________

ခေါင်းစွပ်အနွေးထည်ထူထူအား.. ထပ်ဝတ်လျက်... ခြံထဲသို့ ဆင်းလိုက်သည်...။ ခပ်ဖွဲဖွဲ ကျနေသော မိုးစက်များအား.. လက်ဖဝါးဖြင့် ခံရင်း ထိတွေ့လိုက်သည်..။

ခေါင်းစွပ်ကို ဆောင်းဖို့ ပြင်လိုက်ပြီးမှ.. စိုလဲ စိုပါစေတော့ ဟု ... ဒီအတိုင်း ဆက်လျှောက်မိသည်....။ ခြံအပြင်ထိ တော်တော် ဝေးဝေး လျှောက်ရ ဦးမည် ဖြစ်သောကြောင့်..
ကျွန်တော် အေးဆေးစွာ လျှောက်နေမိသည်...။

မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်း မှ ကားတစ်စီး မောင်းဝင်လာသဖြင့် ကျွန်တော် ရပ်ကာ... မျက်မှောင်ကြုတ်လိုက်မိသည်...။

ကျွန်တော့်ဆီ လာစရာ ဧည့်သည် မရှိဘူး...။

ကျွန်တော့် အနား ရောက်လာသည့်အခါ.. ကားရပ်သွားပြီး... လူတစ်ယောက် ဆင်းလာခဲ့သည်...။

မီးခိုးရောင် ဖျော့ဖျော့ ရှပ် လက်ရှည်အား.. ခေါက်လျက် ..။
အနက်ရောင် စတိုင်ပဲန်ဖြင့် ... သေသပ်သပ်ရပ်သော ရုပ်ပုံလွှာ တစ်ခု ကျွန်တော့်နား.. ရောက်လာခဲ့သည်...။

အတော်လေး ရှည်သော.. အရပ်အမောင်းအား.. ကျွန်တော့် မော့ကြည့်လိုက်ရသည်....။
Shit.. ။

ထူထဲသော မျက်ခုံးနဲ့ စူးရဲသော မျက်ဝန်းတို့နဲ့ မလိုက်ဖက်သော.. နှုတ်ခမ်းဖူးတို့ ပံ့ပိုးထားသော...
မျက်နှာသည် ... ယောကျ်ားပီသလွန်းနေသည်...။

" Luhan ဆိုတာ.. မင်း ထင်တယ်.. "

ကျွန်တော် မကြည်မလင် ခေါင်းညိတ်ပြတော့ သူ ပြုံးသည်..။

" ကိုယ့်ကို မင်း ဖေဖေ လွှတ်လိုက်တာ... Berlin က ရုံးခွဲမှာ.. အန်ကယ်လ်က တော်တော် ကြာဦးမယ်ဆိုတော့.. မင်း... တစ်ခုခု လိုအပ်ရင် ကိုယ် ကူညီလို့ရတာပေါ့... "

တစ်ခုခု လိုအပ်ရင်...။ ကျွန်တော် ဘာကို လိုအပ်ရမှာလဲ...။
ပြည့်စုံသည်ထက်ပိုသော.. ငွေကြေးပမာဏနဲ့.. နန်းတော် တမျှ ကြီးမားခမ်းနားသော အိမ်တစ်လုံးအား.... ဖေဖေ ပေးခဲ့ပြီးပြီပဲ...။ ကျေးဇူးတောင် တင်ရဦးမယ် မဟုတ်လား..။

" မလိုတော့ပါဘူး.. ဖေဖေ့ကို ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောပေးပါ... "

ကျွန်တော့်ရဲ့ ခပ်ရွဲ့ရွဲ့ စကားသံကို သူ အကဲခတ်မိပုံရသည်...။ အနည်းငယ် တည်နေသော.. မျက်နှာပေါ်တွင်....တစ်စုံတစ်ရာ ဖြတ်ပြေးသွားသည်..။

မကြည့်စမ်းနဲ့ ....။ အဲ့သည်လို သနားစရာကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့...။

" ဟုတ်ပါတယ်... ဒါပေမယ့် ဥပမာ.. ကျောင်းရုံးခန်းက အုပ်ထိန်းသူတွေ ဘာတွေ ခေါ်တဲ့ အခါမျိုးမှာ မင်း ကိုယ့်ကို ဆက်သွယ်လို့ရတာပေါ့... "

ဒါဟာ တစ်ဖက်လှည့်ဖြင့်... ခပ်ဆိုးဆိုးကောင်လေး တစ်ယောက်မှန်း သူ သိပြီးသားဟု.. ပြောလိုက်ခြင်း ဖြစ်နိုင်သည်...။

ကျွန်တော် သူ့မျက်လုံးများကို စိုက်ကြည့်သည့်အခါ.. ရယ်မြူးရိပ် သန်းလျက် ..။ အုပ်ထိန်းသူမဲ့နေတဲ့ ကလေး တစ်ယောက် ဆိုးသွမ်းနေတာ ဟာသမမြောက်ဘူး...။

" မလိုဘူး.. "

ခပ်ပြတ်ပြတ်ပြောပြီး.. ကျွန်တော် လမ်းဆက်လျှောက်တော့ သူ ကျွန်တော့်ဘေးက ပါလာသည်..။

" ကိုယ်က မင်းကို ဆိုးတယ်လို့ ဆိုလိုချင်တာမျိုး မဟုတ်ဘူးနော်.. "

ဘယ်လိုမျိုးပဲ ဆိုလို ချင်ချင်.. နောက်ဆုံး.. ဒီအဓိပ္ပါယ်ပဲ မဟုတ်ဘူးလား...။

" မင်းက လိမ္မာတဲ့ ကလေးမှန်း.. ကိုယ် မြင်တာနဲ့ သိပါတယ် ... "

နေစမ်းပါဦး...။ သူကပဲ ကျွန်တော့်ထက် ဘယ်နှစ်နှစ်များ ပိုကြီးနေလို့.. ကျွန်တော့် အဖေအရွယ် လေသံနဲ့ ဒီလို လာပြောနေရပါသလဲ...။

ကျွန်တော် စိတ်မရှည်စွာ.. လမ်းလျှောက်ခြင်းကို ရပ်ပြီး.
သူ့ဘက်သို့ ကြည့်လိုက်မိသည်...။
ခပ်ဖျော့ဖျော့ မီးခိုးရောင် အကျီင်္မှာ... အနည်းငယ် စိုနေပြီ..။

မိုးစက်အနည်းငယ်ဆိုပေမယ့်... အကျီင်္ပါးပါးဝတ်ထားသည့် သူ မကြာခင် စိုရွဲသွားတော့မည်..။ ကျွန်တော့်ဘာသာ မိုးရေထဲ လမ်းလျှောက်နေသည့် ကိစ္စ သူက ဘာလို့ အခုလို ပါလာနေရသလဲ ဟု စိတ်ရှုပ်လာရသည်...။

" ခင်ဗျား အခု ကျွန်တော့်နောက် ဘာလို့ လိုက်နေရတာလဲ.."

သူ ကျွန်တော့်ကို စူးရဲစွာ စိုက်ကြည့်လျက်.. ပြုံးသည်...။

ဘုရားသခင် ....။ အဲ့သည့် အပြုံးနဲ့ အတူ ရုတ်တရက် ကျယ်လောင်လာသော.. နှလုံးခုန်သံအား.. နားမလည်နိုင်တော့ ...။

" မင်းကရော.. ဘာဖြစ်လို့ မိုးရေထဲ ဒီလိုမျိုး.. လျှောက်နေလဲ... "

ခပ်အေးအေးပင် ကျွန်တော့်အား ပြန်ကြည့်လျက် မေးခွန်းထုတ်သည် ..။ ဒီလူဟာ.. ကျွန်တော့်ကို ဒေါသထွက်စေချင်နေပုံရသည် ...။

" အဲ့ဒီတော့ .. ခင်ဗျားနဲ့ ဘာဆိုင်လဲ... "

သူ ရယ်လိုက်သည်ဟု.. ကျွန်တော် ထင်သည်...။

" ကိုယ်က အခု မင်းရဲ့ ယာယီ အုပ်ထိန်းသူလေ.... ကိုယ် မင်းကို တားမြစ်ခွင့်ရှိတယ်... စိတ်ပူခွင့်ရှိတယ်... "

အဟက် .. သွားလိုက်စမ်းပါ...။ ဘာကို အုပ်ထိန်းသူလဲ...။
ကျွန်တော် ရယ်မော ပစ်လိုက်သည့်အခါ... သူ့ မျက်ဝန်းတို့ လှုပ်ခတ်သွားကြပြန်သည်...။

" ဘာလဲ...! ဖေဖေကြောင့်လား...! မလိုဘူးလို့ ကျွန်တော်ပြောပြီးပြီလေ...!! ကျွန်တော် တစ်ယောက်တည်းနေ... နိုင်..တယ်.. "

သေလိုက်စမ်း...Luhan.. ။ နေနိုင်တယ် ဆိုသော စကားအဆုံးမှာ.. တိုးတိတ် သိမ်ဝင်သွားသော... အသံအား.. ကျိန်ဆဲပစ်လိုက်သည်....။
ရုတ်တရက် ဝေါခနဲ ရွာချလာသော... မိုးအား... ကျေးဇူးတင်စွာ မော့ကြည့်လိုက်မိသည်...။

ကျွန်တော့်မျက်ရည်တွေ သူ့အား မမြင်စေချင်...။
မှီတွယ် စရာ ပခုံးတစ်ဖက် လိုအပ်သည့်သည့်အကြောင်း.. သူ မရိပ်မိစေချင် ...။

" မိုးတွေ ရွာလာပြီ... အိမ်ထဲပြန်ဝင်မယ်.. "

မိုးသည်းသည်းကြားထဲ ကျွန်တော်ကြားစေရန် အော်ပြောနေသော သူ့ကို ခေါင်းခါပြသည့်အခါ... သူ စိတ်မရှည်ဖြစ်သွားပုံရသည် ..။

ချက်ချင်း ထိုင်ချလိုက်သော သူ့ကြောင့် ဘာလုပ်မလို့လဲ တွေးနေတုန်းမှာပဲ... လေထဲ မြောက်တက်သွားသည့် ခံစားချက်နဲ့ အတူ... ကျွန်တော်က သူ့ပုခုံးပေါ်မှာ..။

" ခင်ဗျား.. ! ဘာလုပ်.. ဘာလုပ်တာလဲ... အောက်ချပေး.. အခုချက်ချင်း.."

အော်ဟစ်ထုရိုက်နေသော.. ကျွန်တော့်အား.. လျစ်လျုရှုကာ.. သူ ဆင်ဝင်အောက်သို့ ပြေးဝင်သွားသည်...။

အိမ်ရှေ့တံခါးမကြီးနား.. အိမ်တော်ထိန်းက အံ့သြဟန်ဖြင့် ကြောင်ကြည့်နေသည်..။

" ကျွန်တော်... Yifan ပါ.. အန်ကယ်လ် ဖုန်းဆက်ထားတယ် မလား.. ဒီမှာ.. ကားသော့.. ကျွန်တော့်ကားကို ဒီအရှေ့ရွေ့ပေးပါလား.. သူ့ကို အပေါ်သွားပို့လိုက်ဦးမယ်.. "

နည်းနည်းမှ ကျွန်တော့်အားရှိသည်ဟုပင် မထင်သော.. အချိုးပဲ ဖြစ်သည် ..။
လှေကားနားရောက်မှ... ကျွန်တော့်အား အောက်ချပေးပြီး.. ပြုံးလျက် ကြည့်နေပြန်သည်...။

ဆွဲထိုးပစ်လိုက်ရမလား.. စဉ်းစားနေတုန်း.. စိုရွဲနေသော.. ကျွန်တော့်ဆံပင်တွေပေါ် လက်ရောက်လာပြန်သည် ..။

"သွား.. အကျီင်္လဲတော့... နောက်တစ်ခါဆို.. ကိုယ့်စကားနားမထောင်ရင် လူကြားထဲလဲ မင်းကို ဒီလိုမျိုး ချီသွားမှာ.. ကြားလား.. "

ကျွန်တော် ဘာမှပြန်မပြောပဲ စူးစူးရဲရဲ ကြည့်ကာ.. အပေါ်တက်လာခဲ့တော့သည်...။
အနှောင့်အယှက်ပဲ.. ခင်ဗျားက.. ။

ဒေါသကြောင့်.. နှလုံးခုန်မြန်လာတာပါ လို့ ကိုယ့်နှလုံးသားကို ကြိတ်မှိတ် နှစ်သိမ့်နေရင်း...
ထိုနေ့ညကတော့... နွေးထွေးလုံခြုံသော.. ရင်ခွင်တစ်ခုအား.. အိပ်မက် မက်ခဲ့လေသည်....။

______________________________________

ကျွန်တော် ခိုလှုံ ပျော်မွေ့တတ်ခဲ့သော.. ရင်ခွင်တစ်ခု ဖြစ်ပေးခဲ့သည့်.. သူ့အား.. ဆုံးရှုံးဖို့ မဖြစ်နိုင်ဟု... ကျွန်တော် တုန်လှုပ်ခြောက်ခြားစွာ... အကြိမ်ကြိမ် တွေးနေခဲ့သည်...။

တကယ်တော့... ကျွန်တော်ဟာ.. ဇွတ်ကြိတ်မှိတ် ငြင်းနေခဲ့တာ...။

သည်ဇာတ်လမ်း အစတည်းက.. သူဟာ.. ကျွန်တော်မှ မပိုင်ဆိုင်ခဲ့ပဲ...။
ကျွန်တော်မပိုင်ဆိုင်သည့်အရာအား.. ဆုံးရှုံးရန် ကြောက်ရွံ့နေခြင်းသည်... ဟာသ တစ်ခုပဲ ဖြစ်သည်...။

ထို အကြောင်းအား.. တွေးမိတိုင်း.. ကျွန်တော် နာနာကျင်ကျင် ရယ်မောရမြဲ...။

•••

" ကလေး ... ညစာ စားရအောင်.. စွပ်ပြုတ်လုပ်ထားတယ်.."

ကျွန်တော့်ခါးပေါ်ရှိလက်များအား ဖက်လျက်... လိုက်ကာအား ဆွဲပိတ်လိုက်လေသည်..။

ကုတင်ဘေးရှိ.. ခုံအပုလေးပေါ်တွင် အငွေ့တထောင်းထောင်းထနေသော... စွပ်ပြုတ်ပန်းကန်က အဆင်သင့်...။

ကျွန်တော် ကုတင်ပေါ် ထိုင်လိုက်သည့်အခါ.. သူက စွပ်ပြုတ်ပန်းကန်အား... ယူလျက်.. ကျွန်တော့်ကို ခွံ့ကျွေးမည် ပြင်သည်...။

" ခုံကို ကုတင်ပေါ် တင်ပေးပါလား... "

သူ ကျွန်တော့်ကို တစ်ချက် ကြည့်ကာ... ဘာမှမပြောပဲ. ခုံကို တင်ပေးသည်...။
" ကျွန်တော့် ဘာသာ သောက်ပါ့မယ်... "

အမြဲတမ်း... ခွံ့ကျွေးဖို့ မတတ်နိုင်ပါပဲ... ကျွန်တော့်ကို ကိုယ့်ဘာသာ မစားတတ်အောင် အကျင့် မလုပ်ပါနဲ့လား..။

သူ ကျွန်တော့်အတွေးများကို ခန့်မှန်းမိသွားလောက်ပြီ...။ သက်ပြင်းဖွဖွချကာ... စွပ်ပြုတ်ပန်းကန်အား... ကျွန်တော့်ရှေ့ ချပေးသည်...။

" ကိုယ့်ကို စိတ်တိုနေတုန်းလားဟင်.. "

နူးညံ့သိမ်မွေ့လွန်းသော ထိုစကားသံမျိုးအား ကြားရသည့်အခါတိုင်း... တင်းထားသမျှ စိတ်တို့ ပြေလျော့ သွားတတ်စမြဲ..။

ကျွန်တော် ပြုံးပြလျက်.. ခေါင်းခါပြလိုက်သည်...။

" ဒီနေ့.. ကိုယ် မင်းနဲ့ အိပ်မယ်နော်... "

ကျွန်တော့် ဆံပင်တို့အား.. ဖွလျက်.. သူပြုံးကာ ဆိုသည်...။
ဒါလဲ သူအကျင့် လုပ်ပေးတာ...။
နွေးထွေးသည့် ရင်ခွင်အား အစဉ်အမြဲ ဖန်တီး မပေးနိုင်ပဲ.. အိပ်မပျော်သည့်ညတိုင်း... ထို ရင်ခွင်အား... တမ်းတတတ်အောင်... သူ အကျင့် လုပ်ပေးခဲ့သည်...။

ကျေးဇူးပြုပြီး... သည်လောက်ပဲ ချည်နှောင်လို့မရဘူးလား...။

•••

တစ်ခုခု ပြုတ်ကျသည့် အသံကြောင့် ကျွန်တော် လန့်နိုးသွားကာ.. ထကြည့်မိသည် ..။

" Sorry .. ကိုယ့်ကြောင့် လန့်နိုးသွားပြီ... "

စားပွဲခုံစွန်းရှိ.. သစ်သားပန်းပုရုပ်အား ..နေရာတကျ ပြန်တင်ပြီး... သူ ကျွန်တော့်နား လျှောက်လာသည်..။

သူ ပြန်တော့မှာပေါ့...။

ကျွန်တော့် နဖူးအား ဖွဖွနမ်းကာ.. သူ အဆက်မပြတ် မှာကြားနေသည်...။ ထုံးစံအတိုင်း...ထမင်း မှန်မှန်စားဖို့..။
တဇွတ်ထိုးမလုပ်ဖို့ ..။

ကုတ်အကျီင်္အား ဆွဲယူလျက်... အခန်းထဲမှ ငြင်သာစွာ ထွက်သွားသော သူ့ခြေသံအား.. ကျွန်တော် ငြိမ်သက်စွာ နားစိုက်ထောင်နေလိုက်သည်...။

ကျွန်တော် ကုတင်ပေါ်က.. အမြန်ထကာ... ပြတင်းပေါက်နား.. သွားရပ်ပြီး... လိုက်ကာကို အလျင်အမြန် ဟလျက်... ထွက်သွားသော.. ကားအနက်အား ငေးကြည့်လိုက်မိသောအခါ.....။

အဲ့သည့် ခံစားချက်မျိုးပဲ...။

လွန်ခဲ့သော.. ဆယ့်ငါးနှစ်က... မေမေ အိမ်ကထွက်သွားတုန်းကလို...။

လွန်ခဲ့သော.. ငါးနှစ်က ခဏပါ လို့ ပြောပြီး.. ဂျာမနီသို့ ဖေဖေ ထွက်သွားတုန်းကလို...။

ဟင့်အင်း...။ သူကတော့ ပြန်လာမှာပါ...။

သူကတော့... သူ တစ်ယောက်ကတော့... ကျွန်တော့်ဆီကို ပြန်လာမှာ...။

နှလုံးသားအား မြှုပ်နှံထည့်သွင်းခဲ့သော.. ကျွန်တော့် ယုံကြည်ခြင်းတွေအပေါ်.. သူ သစ္စာရှိပါစေ... ဘုရားသခင်..။

•••

အခုအချိန်ဆို သူ ဘာများ လုပ်နေမှာပါလိမ့် ဟု တွေးရင်း.. ကျွန်တော် လက်ဖဝါးကို ဆုတ်ချည် ဖြန့်ချည် လုပ်နေမိသည်...။

ညနေစောင်းနေပြီ...။ သူ ကုမ္ပဏီမှာပဲ ရှိနေဦးမလား...။
တကယ်လို့များ... ဟို မိန်းမနဲ့ ညနေစာ အတူတူ စားဖို့ ချိန်းထားကြရင်ရော...။

သွားစမ်း... အဓိပ္ပါယ်မရှိတဲ့ အတွေးတွေ..။ ညစာစားတော့ရော.. ဘာဖြစ်သေးလဲ..။

သူက ကျွန်တော့် တစ်ယောက်တည်းကိုပဲ ချစ်တာ...။

ထို အတွေးရဲ့ အဆုံးမှာတော့ ကျွန်တော် ကျေနပ်စွာ ပြုံးမိသွားသည်...။ သူ ကျွန်တော့်ကို ချစ်သည် ဟုသော.. အကြောင်းပြချက် တစ်ခုတည်းကပင် ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်နေပြီ...။

အိပ်ယာထဲက ထထိုင်ရင်း... စာအုပ်စင်ထားရာ အခန်းထဲ လျှောက်လာမိသည်...။ စာအုပ်တစ်အုပ်လောက် ဖတ်ရန် ကြံစည်ရင်း...ဟိုဟို ဒီဒီ ရွေးနေတုန်း...

ကျွန်တော့် ခန္တာကိုယ်သည်... ရင်းနှီးနွေးထွေးသော ရင်ခွင် တစ်ခုထဲ ရောက်သွားခဲ့သည်..။
ဖျတ်ခနဲ ပါးပေါ် ရောက်လာသည့် အနမ်းနွေးနွေးကို လက်ခံပြီး... ကျွန်တော် အမြန်လှည့်ကြည့်သည့်အခါ... သူက ကျွန်တော့် နဖူးပေါ်ရှိ ဆံစများအား.. လေဖြင့် မှုတ်ထုတ်သည်..။

သူ့ခါးကို ဖက်လျက် မျက်လုံးများ မှိတ်ထားတုန်း.. သူ ကျွန်တော့် ဆံပင်များကို နူးညံ့စွာ ပွတ်သတ်ပေးနေသည်..။

" ကျွန်တော် လွမ်းနေတာ... "

" ကိုယ် သိတာပေါ့... "

( ကိုယ်လဲ လွမ်းနေတာ ) လို့များ ပြန်ပြောလိုက်ရင်... သူ သေသွားမှာလား...။ မကျေမနပ်ဖြင့် ကျွန်တော် မော့ကြည့်သည့်အခါ... နှုတ်ခမ်းတို့ဖြင့် နှစ်သိမ့်သည်...။

•••

တကယ်တမ်း ညအိပ်ဖို့လဲ အစီအစဉ်မရှိပဲ ဘာဖြစ်လို့များ ပြန်လာခဲ့ရသေးလဲ...။
ရက်ပေါင်းများစွာ.. အကြောင်းပြချက်မဲ့ အိမ်ပြန်မလာသည့်အတွက် သူ အခက်အခဲ ရှိနိုင်နေသော်လည်း... ကျွန်တော် ဆိုးနေမိသည်..။

" ဒီလိုလုပ်... Luhan အိပ်ပျော်သွားတဲ့ အထိ ကိုယ် ရှိနေမယ် .. "

တစ်စုံတစ်ယောက်လစ်ဟာနေတဲ့ အေးစက်စက် မနက်ခင်းမျိုး... ကျွန်တော် မဖြတ်သန်းချင်ဘူး...။
ကျွန်တော့် ဆန္ဒတွေ သိပ်များလွန်းနေပြီမှန်း သိပေမယ့်.. အတ္တကြီးချင်မိတုန်း...။

နွေးထွေးကြင်နာသည့် လက်များကို ဖမ်းဆုတ်ထားချင်မိတုန်း...။

နူးညံ့ချိုမြိန်သည့် နှုတ်ခမ်းများကို
ယစ်မူးချင်မိတုန်း....။

လုံခြုံအေးချမ်းသည့် ရင်ခွင်ကို
နားခိုချင်နေမိတုန်း...။

နောက်ဆုံးတော့လဲ..... ထပ်တလဲလဲဖြစ်နေကြ... ပုံစံတူများ အတိုင်း...

ကျွန်တော့် ရင်ဘတ်ထဲရှိ ခံစားချက်တိုင်းအား.. သူ့စကားလုံးများဖြင့် လဲလှယ်ခဲ့မိပြီး ဖြစ်သည်...။

•••

ပြတင်းပေါက်မှတဆင့်... ကြယ်များကို ရေတွက်နေရခြင်းက သက်တောင့်သက်သာ ရှိနေနိုင်မည်ဟု ထင်လိုက်ပေမယ့်...
ကောင်းကင်မှာ ပုံရိပ်ထင်လာတတ်သော.. သူက ကျွန်တော့်ကို နှောင့်ယှက်နေပြန်သည်...။

သူ ရောက်မလာခဲ့တာ... ၆ရက် နီးပါး...။
စောင့်ဆိုင်းခြင်းအတွက်.. ကျွန်တော် ကသိကအောက် မဖြစ်...။

၂နှစ် လုံးလုံး... သို့မဟုတ် ၃နှစ်နီးပါး... စောင့်ဆိုင်းခြင်းနဲ့ ကျွန်တော်ဟာ မိတ်ဆွေကောင်းတွေ ဖြစ်နေခဲ့ကြပြီ...။

သူ့ တစ်ယောက်တည်းအတွက် ... ပတ်ဝန်းကျင်ဆိုတာကြီးကို ကျွန်တော် ဘေးဖယ်ခဲ့တာ ကြာပြီ...။

လိုလဲ မလိုအပ်ဘူးလေ...။
အချိန်တစ်ခုရောက်လာလျှင်... ကျွန်တော့်ရဲ့ ကန္တာရကို စိမ်းစိုအေးမြသွားစေဖို့ သူ ရောက်လာလိမ့်မည်...။

သူ ရောက်လာနေကြ....။

ပြိုင်ဘက် လုပ်ငန်းများစွာနဲ့ မီဒီယာသမားများအတွက်..
ကျွန်တော်က သူ့အားနည်းချက် မဖြစ်ချင်ပါ...။
ကောလဟာလဆိုသော အရာများနဲ့ သူ့ကို ခပ်ဝေးဝေးမှာသာ ရှိနေစေချင်သည်...။

ထို့ကြောင့်... သူ အပြင်ထွက်ပြီး.. Date ကြမလား ဟု မေးတိုင်း.. ကျွန်တော် စကားလမ်းကြောင်းလွှဲ ငြင်းဆန်နေကြ...။

အပိုစာသားတွေ ဘာလုပ်ဖို့ လိုအပ်မလဲ...။
သူ ကျွန်တော့်အနားရှိရုံနဲ့ အရာအားလုံးပြည့်စုံတယ်...။

•••

ဖုန်း တစ်ချိန်လုံးဆက်ပြီး... စိတ်အနှောင့်အယှက်ပေးနေတာမျိုး.. မဖြစ်ချင်ပေမယ့်...

ကျွန်တော်အကြည့်တို့ကတော့... ဧည့်ခန်းရှိ ကြိုးဖုန်းတွင်..... ။
ထိန်းသိမ်းမရနိုင်သော လက်တို့က အလွတ်ရနေသည့် နံပါတ်များအား... နှိပ်မိပြီးဖြစ်သည်....။

" Hello .. "

ကြည်လင်ပြတ်ရှသော... ဖုန်းဖြေသံတွင် ကျွန်တော် ခဏလောက် မျောနေတုန်း...

" Luhan ?? "

" အင်း... ကျွန်တော် .. ဒီအတိုင်း ဆက်လိုက်တာ.. "

သူ ခပ်တိုးတိုး ရယ်လိုက်သည်ဟု . ကျွန်တော် ထင်သည်...။

" လွမ်း လို့ မဟုတ်ဘူးပေါ့... "

တွေ့လား...။ အမိန့်ရယ်လို့ မယူဆနိုင်သည့်... စကားလုံးတို့ဖြင့်.. ကျွန်တော့်ကို.. သိမ်းသွင်းပြန်သည်...။

" အလုပ်ရှုပ်နေမှာပေါ့... ဒါပဲလေ .. "

" ထမင်း စားနော်... ချစ်တယ်.. "

( ကိုယ် လာခဲ့ရမလား ) လို့ ဝတ်ကျေတန်းကျေလေးတောင် မမေးဘူး....။

မေးခဲ့သည်ရှိရင်တောင် ကျွန်တော် အလိုက်တသိ ငြင်းပေးမှာပါ...။
တယ်လီဖုန်း ဘေးနား ထိုင်ရင်း.. ကျွန်တော် ခြံထဲကို အကြည့်ရောက်သွားပြန်သည် ..။

မနေ့ညက မိုးသည်းထားသဖြင့်... မြက်ခင်းတို့က စိမ်းစို နေလျက်...။ အုပ်ဆိုင်းနေသော.. သစ်ပင်တွေကပါ.. စိမ်းညှို့လျက်..။

ခပ်ထိုင်းထိုင်း စိုစွတ်နေသော ရာသီဥတုကြောင့်.. ကော်ဖီ ပူပူ ... တစ်ခွက်လောက်သောက်ဖို့ ဆုံးဖြတ်လိုက်သည် ..။

အသင့်ကြိတ်ထားသော.. ကော်ဖီမှုန့်ပုလင်းကို မြင်တော့.. ကျွန်တော် သူ့အကြောင်းတွေးမိသွားပြန်သည်..။

ခါးသက်သက် ကော်ဖီအရသာအား... ဘယ်အချိန်က စတင်ချစ်တတ်သွားသလဲ ကျွန်တော် မသိ...။

( ကော်ဖီကို တစ်နေ့ တစ်ခွက်တော့ သောက်သင့်တယ် ..ကလေး..ရဲ့.. )

ခပ်ပြုံးပြုံး.. နှုတ်ခမ်းတွေအား.. မြင်ယောင်လာသော အခါ.. ကျွန်တော် ပြုံးလိုက်မိသည်...။

ကော်ဖီခွက်ဖြင့်.. ကျွန်တော်အပေါ်တက်တော့မည် ပြင်တုန်း...

" သား.. ပါဆယ်ထုပ်ရောက်လာတယ်.... "

ကျွန်တော် အိမ်တော်ထိန်းလက်ထဲမှ ပါဆယ်ထုတ်အား.. .စူးစိုက်ကြည့်မိသည်...။
( Berlin .... )

ေဩာ် .....ဖေဖေ့ ဆီကပဲ... ။

" ထားလိုက်လေ... ကျွန်တော် နောက်မှ ဖောက်ကြည့်လိုက်မယ်.. "

တစ်နှစ် တစ်ခါ.. ရောက်လာနေကြ... လက်ဆောင်ထုပ်အတွက်လဲ ကျွန်တော် မကြည်နူးတတ်တော့တာ ကြာပြီထင်ပါရဲ့.....။

သည်းခံထိန်းချုပ်ရခြင်းတွေဟာ... အချိန်အတိုင်းအတာ တစ်ခုအောက်မှာ . အနည်ထိုင်သွားတတ်တာမျိုး...။

•••

" Luhan... Luhan.. "

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း... ခပ်တိုးတိုး လေသံက နှောင့်ယှက်သည် ...။
ခါးပေါ်ရှိ တင်းကျပ်နေသော.. လက်တို့က ကျွန်တော် ရင်းနှီးပြီးသား....။

ကျွန်တော် လှည့်ကြည့်တော့... သူ...။
တိုင်ကပ်နာရီအား.. လှမ်းကြည့်မိလိုက်သည်...။ ညနေစောင်းနေပြီ...။ ရုတ်တရက် ရောက်လာနေကြ.. သူ့အား.. ကျွန်တော် မအံ့ဩမိတော့...။

" ဘာဖြစ်လို့ အိပ်နေလဲ .. ညနေစောင်းနေပြီ..."

ကျွန်တော် သူ့ပါးအား... လှစ်ခနဲ နမ်းပြီး.. နှုတ်ဆက်လိုက်သည် ...။

" အိပ်ပျော်သွားတာ.... "

ကျွန်တော့်အား.. ရင်ခွင်ထဲ ထည့်ထားလျက်.. သူ ငြိမ်သက်စွာ.. ငေးမောနေသည်...။
အခုလို အခြေအနေမျိုးမှာ...
အကြိမ်ပေါင်းများစွာ... မေးခဲ့သော... မေးခွန်းမျိုးအား... ကျွန်တော် မေးချင်စိတ်မရှိ...။

အံ့ဩစရာပဲ....။ ကျွန်တော် ..ခင်ဗျားနဲ့ ပက်သက်ပြီး.. အနည်ထိုင်စ ပြုလာသလား....။

ဒါ မဖြစ်နိုင်ဘူး... ထင်သည်...။
ကျွန်တော် သူ့နှုတ်ခမ်းတွေအား.. ရူးသွပ် စွဲလမ်းတတ်ဆဲပါ..။
သူ့ နှလုံးခုန်သံအား... တမ်းတမက်မောဆဲပါ..။

" ကိုယ်တို့ အပြင်မှာ.. ညစာ ထွက်စားရအောင်... "

ကျွန်တော့် ဆံပင်များအား.. သပ်တင်လျက် သူ ပြောသည်..။
ညဘက် အပြင်ထွက်တာကတော့.. သိပ် မသိသာလောက်ပါဘူးလေ...။

" အင်း... သွားလေ ... "

•••

တိတ်ဆိတ်မနေသော်လည်း... ဆူညံမနေသည့် ပတ်ဝန်းကျင်အား.. ကျွန်တော် သဘောကျမိသည်...။

ခပ်ဖျော့ဖျော့ နီယွန်မီးသီးတွေကြား... သူ့မျက်နှာ ထူးခြားလွန်းနေသည်...။
သည်လို မျက်နှာချင်းဆိုင်ပြီး...အပြင်ထွက် ညစာ မစားဖြစ်တာ... ဘယ်လောက်ကြာသွားခဲ့ပြီလဲ....။

Menu အားကိုင်လျက်... သူ အစားအသောက်များ မှာနေတုန်း.. ကျွန်တော်.. ဆိုင် အပြင်အဆင်အား.. အကဲခတ်မိသည်....။
ပြင်သစ်ဆန်သည်...။ တေးသွားတစ်ခုက နူးနူးညံ့ညံ့ ပျံ့လွင့်လျက်....။

ရုတ်တရက် စူးရှသော... ရေမွှေး နံ့ကြောင့်.. ကျွန်တော် သတိဝင်လာသည်...။

" Yifan... အစည်းအဝေးရှိတာဆို... "

ဘုရားသခင်....။ ထိုမိန်းမ...။
တည့်တည့် မတိုးချင်သော.. ကျွန်တော် အခုတော့ မျက်နှာချင်းဆိုင်နေရပြီ...။

" ေဩာ်.. Luhan လဲ ပါတာပဲ... "

လက်ကျန် လူမှုရေး အသိစိတ်ဖြင့်.. ကျွန်တော် ပြုံးပြလိုက်မိသည်ထင်သား...။ အပြုံးနဲ့ တူမတူတော့ သိပ် မသေချာ...။

" တို့ကိုတော့ တစ်ခါမှ... ညစာ ထွက်စားဖို့ မပြောဘူး.. သူ့ ညီကို ကျတော့ အလိုလိုက်တတ်လိုက်တာ.... "

ရယ်မောစွာ စနောက်နေသော... အပြုံးတွေက ဖြူစင်လျက်..။ သို့တိုင်အောင် ... ကျွန်တော့် မျက်စိထဲတော့ ... အံဝင်ခွင်ကျမဖြစ်...။

သူ့ကို ကြည့်မိသည့်အခါ.. ကသိကအောက်ဖြစ်နေသည်ကလွဲလို့..ပြုံးလျက်....။
ဘာတစ်ခုမှ မလုပ်ထားသော.. တည်ငြိမ် အေးဆေးသည့် အပြုံးမျိုးဖြစ်သည်...။

အရွဲ့တိုက်ချင်လာသော... တဇွတ်ထိုးစိတ်က ဝုန်းခနဲ ပေါ်ထွက်လာသည့်နောက်...

" ဟုတ်တာပေါ့.. Jie ရဲ့.. GeGeက ကျွန်တော့်ကိုပဲ ချစ်တာလေ... "

တုန်လှုပ်သွားသည်ဟု မဆိုလိုနိုင်သော်လည်း.. အနည်းငယ် ပျက်ယွင်းသွားသော... သူ့ အပြုံးအား.. ကျွန်တော် ငေးကြည့်မိသည်...။
ထို မိန်းမကတော့ ရယ်မောလျက် ..။

" ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ဒါဖြင့်.. အလုပ်ရှိသေးလို့ Jie သွားတော့မယ်... "

အပြစ်လုပ်ထားသော.. ကလေးတစ်ဦးကို ကြည့်သော မျက်လုံးမျိုးဖြင့် သူ ကျွန်တော့်အား လှမ်းကြည့်ပြီး ပြုံးသည်...။
မနိုင်သဖြင့် လက်လျှော့ထားသည်ဟူသော အဓိပ္ပါယ်မျိုး...။

ကျွန်တော် အောက်နှုတ်ခမ်းအား.. ကိုက်လျက် မျက်လွှာချလိုက်မိသည်...။
ကျွန်တော် နာကျင်နေသည့်တိုင် အေးဆေးလွန်းသော.. သူ့နှလုံးသားအား.. မကျေနပ်...။
ကျွန်တော် မလုံမလဲ ဖြစ်နေသည့်တိုင်.. ဟန်ဆောင်တတ်လွန်းသာ.. သူ့အား.. မကျေနပ် ..။

ဘာဖြစ်လို့ အမြဲပဲ.. ကျွန်တော် တစ်ယောက်တည်း ခံစားနေရပါသလဲ...။
ကိုယ်ချင်းစာတရားဆိုတာမျိုး.. သူ ခံစားဖူးရဲ့လား.. ကျွန်တော် စိတ်ဝင်စားမိသည်...။

ဒီလို အခြေအနေမျိုးပဲ...။ လွန်ခဲ့သည့် တစ်ချိန်တုန်းကလဲ..။

ဒီလို အနေအထားမျိူးပဲ...။

ကျွန်တော် တစ်ယောက်တည်း.. ရှက်စိတ်တွေ... အားနာမှုတွေ... မလုံမလဲဖြစ်စိတ်တွေနဲ့ ပျာယာခတ်နေပေမယ့်... ဘာမှမဖြစ်ခဲ့သလို.. သူ အေးဆေးနေခဲ့ဖူးသည် ..။

ထပ်တူညီသော.. နာကျင်မှု တစ်မျိုး... နှလုံးသားထဲ စိမ့်ဝင်လာသည့်အခါ.... အက်ကွဲကြောင်းက တဆစ်ဆစ်ကိုက်လာပြန်သည်...။
______________________________________

ဖေဖေ နဲ့ စီးပွားဖက် မိတ်ဆွေအဖြစ် ကျွန်တော့် ဘဝထဲ ရောက်လာသည့် သူက မကြာခင်မှာပဲ .. ကျွန်တော့် အုပ်ထိန်းသူ ဖြစ်မှန်း မသိဖြစ်လာသည်....။

ကျောင်းမှာ ... ကျွန်တော် ပြဿနာရှာတိုင်း..ဒိုင်ခံလိုက်ရှင်းသူက သူဖြစ်သလို...
ကျွန်တော့် ဒဏ်ရာ ဒဏ်ချက်များကို အမြဲ ဆေးလိမ်းပေးသူမှာ သူဖြစ်သည်....။

ကျွန်တော် မိုးရေထဲ လမ်းထွက်လျှောက်သည့်အချိန်တိုင်း..
ထီး တစ်ချောင်းဖြင့် သူ ရောက်လာတတ်သလို...
နေမကောင်းဖြစ်သည့်အခါတိုင်း ... တစ်ညလုံး. ထိုင်စောင့်ပေးသူမှာ သူပဲဖြစ်သည်....။

တစ်စစီဖြစ်နေပြီးသား... ကျွန်တော့် အသိစိတ်တွေအား.. သူ တစ်ခုစီ.. စိတ်ရှည် လက်ရှည် ပြန်ဆက်ပေးခဲ့သည်...။

တဖြည်းဖြည်း... ကျွန်တော့် နှလုံးသားသည် ယဉ်ပါးစပြုလာသည်...။
ကျွန်တော့် ယုံကြည်မှုများအား.. တဆင့်ချင်း.... တည်ဆောက်နေသည့် သူက...
ကျွန်တော့် နှလုံးသားကိုပါ.. သိမ်းသွင်းထားပြီး ဖြစ်သည့် အကြောင်း.. သိလိုက်သည့်အချိန်တွင်...

အရာအားလုံးဟာ.. အစီအစဉ်တကျ လွဲမှားသွားခဲ့ပြီ ဖြစ်သည်...။

•••

Beijing ရှိ ရုံးချုပ်အား... လက်ရှိ သူ ယာယီ တာဝန်ယူထားပေမယ့်...ဆက်ခံသူ အဖြစ် ကျွန်တော့်အား.. မကြာခဏ ဝန်ထမ်းများနဲ့ မိတ်ဆက်လေ့ရှိသည်...။
ကုမ္ပဏီ ဧည့်ခံပွဲတိုင်း... ကျွန်တော့်ကို သူ အမြဲ တက်ရောက်စေသည်...။

အဲ့သည့် ညနေခင်းကတော့..ကျွန်တော့် ဘဝတစ်ခုလုံးမှာ.. အဆိုးရွားဆုံး.. ညနေခင်း တစ်ခုပဲ ဖြစ်လိမ့်မည်...။

ကျွန်တော်... တစ်ခါမှ ခန့်မှန်း မထားခဲ့မိသော... အနည်းပင် မရိပ်မိခဲ့သော... သူ့ဇနီးဖြစ်သူ အမျိုးသမီးနှင့် သူ ပွဲတက်လာခဲ့သည်...။
တစ်နှစ် .. တစ်နှစ်လုံးလုံး.... သူ ကျွန်တော့်ဘေးမှာ ရိုးသားစွာရှိနေခဲ့သည်ပေါ့...။

( ကိုယ့် ဇနီးလေ.. ) ဟု မိတ်ဆက်ပေးနေသော... သူ့မျက်လုံးများထဲတွင် နည်းနည်းမှ ကသိကအောက်ဖြစ်နေဟန်မရှိ...။

ပတ်ဝန်းကျင် ဆိုတာကို မေ့သွားပြီး.. ဝဲတက်လာသော မျက်ရည်များအား.. ပုတ်ခတ်လိုက်သည့်အခါ... ထို မိန်းမအား.. ဖက်ထားသော.. လက်တို့က ပြေလျော့သွားသည် ဟု ကျွန်တော် ထင်သည်...။

ကျွန်တော် တစ်လှမ်းချင်း နောက်ဆုတ်လိုက်မိသည်...။

" ဗိုက်.. ဗိုက်အောင့်လို့... "

သရုပ်ဆောင်ခြင်း အတတ်အား.. သူ့လောက် မကျွမ်းကျင်သော်လည်း... ထို အမျိုးသမီးကတော့ ပျာပျာသလဲ ကျွန်တော့်အား စိတ်ပူလျက်.. အနားယူဖို့ တိုက်တွန်းသည် ...။

သူကတော့ ကျွန်တော် အဓိပ္ပါယ်မကောက်တတ်သည့် မျက်လုံးများဖြင့်. ကျွန်တော့်အား ငေးလျက်...

" အိမ်ပြန်ကြမယ်.. Luhan .. ကိုယ် လိုက်ပို့မယ်... "

ကျွန်တော့် လက်များအား.. ဆုပ်ကိုင်လာသည့် လက်တို့သည်... ပထမဆုံးအကြိမ် မနွေးထွေးတော့သလို ခံစားမိလာသည်....။
မသိမသာ ရုန်းထွက်လိုက်သည့်အခါ... သူ ကျွန်တော့်ကို စိုက်ကြည့်သည်...။

" Luhan... ဘာဖြစ်နေတာလဲ.... "

အသိစိတ်မဲ့ သူတစ်ဦးလို ....။
ဘုရားသခင် ..။ ဒီလောက် ဖြူစင်သည့် သူ့မေတ္တာတွေအား.. ကျွန်တော် ပြစ်မှား မိခဲ့တာပေါ့....။

ရှက်ရွံ့အားငယ်ခြင်းတွေက ကျွန်တော့် တစ်ကိုယ်လုံးကို နွမ်းလျသွားစေသည်....။
ကျွန်တော် သူ့ကို ချစ်နေခဲ့တာပါလား....။

ဘုရား...။ ဘုရား..။ ဘယ်လောက်တောင် မိုက်မဲလိုက်သည့် နှလုံးသားလဲ...။

ကျွန်တော့်ကို ညီတစ်ယောက်လို ဂရုစိုက်ပေးနေခဲ့ခြင်းတွေ အပေါ်. ... ကျွန်တော် ဘာတွေများ .. မျှော်မှန်းနေခဲ့မိပါလိမ့်....။

အိမ်ထဲရောက်သည့်အခါ... ကျွန်တော် အသိစိတ်မဲ့စွာ.. သူ့ကို နှုတ်ဆက်လိုက်မိသည်...။

" ကျေး.. ကျေးဇူးတင်ပါတယ်... ကျွန်တော် အိပ်တော့မယ်..."

သူ ကျွန်တော့်ကို မသင်္ကာစွာ စိုက်ကြည့်လျက်....။

" Luhan ... "

စိတ်မကြည်လင်သော...ကလေးတစ်ယောက်ကို ချော့တော့မည့် အသံမျိုး....။
ကျွန်တော် အသံတိတ်နေသည့်အခါ... သက်ပြင်းချလျက်...
သူ လှည့်ထွက်မည့်ဟန်ပြင်သည်....။

" ဘယ်.. ဘယ်တုန်းက လက်ထပ်ခဲ့တာလဲဟင်..."

သွားပြီ....။ ကျွန်တော့် မာန နဲ့ သိက္ခာများသည်... ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာ ပြိုလဲသွားပြီ ဖြစ်သည်...။
ပါးနပ်လွန်းသော... သူသည်... ကျွန်တော့် မေးခွန်းနောက်ကွယ်မှ ခံစားချက်များအား... အလွယ်တကူ ရိပ်မိသွားတော့မည်...။

အံ့ဩဟန်ဖြင့် သူ ကျွန်တော့်ကို ပြန်လှည့်ကြည့်လာသည်...။

" Luhan... "

" Sorry ...ဒီအတိုင်း.. ဒီအတိုင်း မေးကြည့်တာ.. ဘာမှ.. မဟုတ်ဘူး.. တကယ်... ဘာမှ.. မဟုတ်ပါဘူး.. "

အလျင်အမြန် တစ်ဖက်လှည့်လိုက်ဖို့ ကြိုးစားပေမယ့်... သိမ်ဝင်သွားသော စကားအဆုံး... ကျွန်တော့် မျက်ရည်များကို သူ သတိပြုမိသွားပြီ....။

တဖြည်းဖြည်း ... သူ ကျွန်တော့်နား ချဉ်းကပ်လာသည် ..။
မလာနဲ့ ...။ မလာခဲ့ပါနဲ့...။

ကျွန်တော် ပြိုလဲသွားခဲ့သည့်အခါ.. သူ ထွေးပွေ့ထားသည်...။
( ကိုယ် တောင်းပန်ပါတယ် .. ကလေးရယ် ... ) ဆိုသော စကားအား... ထပ်တလဲလဲ ရေရွတ်လျကိ....။

ကျွန်တော် သူ့ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုမိသည်...။
ထွက်သွားတော့မှာလား...။ ဖေဖေတို့လို...။
ကျွန်တော့်ကို ထားခဲ့ဦးမှာလား.ဆိုသော အတွေးတို့က ခြောက်လှန့်လာနေသည်....။

ကျွန်တော် ပိုင်ဆိုင်ရတော့မည်ဟု မျှော်လင့်ထားသော သူက တစ်ချိန်လုံး... တစ်ဦးတစ်ယောက်ရဲ့ ခင်ပွန်းဖြစ်နေခဲ့ပြီးသား...ဟူသာ အသိက...
နှလုံးသားအား.. ထိုးဆွနေသည် ..။

ကျွန်တော် ငြိမ်သက်သွားသည့်အခါ... သူ ကျွန်တော့်အား ထိုင်ခုံတွင် ထိုင်စေလျက်... ရေတစ်ခွပ် ခပ်ပေးသည်...။

တုန်လှုပ်အေးစက်နေသေးသော.... ကျွန်တော့် လက်ဖျားများအား... သူ ဆုပ်ကိုင်ထားလျက်...။

" ကိုယ်က မင်း .. အန်ကယ်လ့်ကို လွမ်းလို့ ထင်နေခဲ့တာ..."

ကျွန်တော့် မဲ့လိုက်မိသည်...။ ဒါဖြင့်... အခုတော့... ကျွန်တော့် မျက်ရည်များအား... သူ သဘောပေါက် နားလည်သွားပြီပေါ့ ...။

" ကိုယ်..."

" ကျွန်တော် တစ်ယောက်တည်းနေချင်တယ်... "

သူ ထွက်မသွားသေး...။
ကျွန်တော် ထိုင်နေသော.. Sofa ရှေ့ ဒူးထောက်လျက်.. ကျွန်တော့် မျက်နှာအား... ဆွဲမော့သည်....။

" ကိုယ့် ကို ဘာဖြစ်စေချင်သလဲ ... ပြော.. "

ဘာဖြစ်စေချင်သလဲတဲ့ ...။ ထို စကားအား..မျက်နှာပြောင်တိုက်ကာ... ကျွန်တော့်ကို ဖြေစေချင်သည်လား....။

ကျွန်တော် ခေါင်းခါပြလိုက်သည်.....။

" မငိုပါနဲ့ .... ကိုယ်က မင်းဖြစ်စေချင်သလို အားလုံး လုပ်ပေးမလို့... အဲ့ဒီ့တော့... .."

" ကွာရှင်းပေးနိုင်လား... "

အံ့ဩတကြီး.. သူ ကျွန်တော့်ကို ကြည့်လျက် ဆွံ့အသွားသည်....။
မလုပ်နိုင်ဘူး....။ ခင်ဗျား မလုပ်နိုင်ပါဘူး....။

" ပြန်တော့ .... သွားတော့.. ကျွန်တော် ပင်ပန်းနေပြီ.... "

သူ့အား.. တွန်းဖယ်လျက်.. ကျွန်တော် လှေကားထစ်များပေါ် အားအင် ချည့်နှဲ့စွာ..လှမ်းမိသည် ..။
တိုးညင်းသော... သက်ပြင်းချသံ သဲ့သဲ့သည်... တစ တစ ကျွန်တော်နဲ့ ဝေးကွာသွားသည် ..။

တံခါးမကြီးအား... ဆွဲဖွင့်လိုက်သံ...။ နောက်တော့ .. ကျွန်တော် အလွတ်ရနေပြီးသော... သူ့ ခြေသံ...။
ပိတ်သွားပြီဖြစ်သော... တံခါးသံနဲ့ အတူ .. ကျွန်တော် လှေကားတစ်ဝက်တွင် ထိုင်ချလိုက်သည်....။

မငိုမိတော့....။ သူ ကျွန်တော့်ကို စိတ်ပျက်သွားလောက်ပြီ..။

( ကွာရှင်းပေးနိုင်လား... ) ဆိုသည့် မေးခွန်းက ဘယ်လောက်တောင် ဘောင်ကျော်သွားပါလိမ့်....။

ကျွန်တော်နဲ့ တစွန်းတစမျှ မသက်ဆိုင်သော...သူ့ဘဝအား.. ဘာလို့ စွက်ဖက်မိသွားပါလိမ့်....။

တွေးရင်း... တွေးရင်း... ကျွန်တော်ဟာ.. သူ့ဇနီးဖြစ်သူ ထို အမျိုးသမီးအား... အားနာရှက်ရွံ့သွားသည်....။
သာယာနေလိမ့်မည် ဖြစ်သော... အိမ်ထောင်ရေး တစ်ခုအား... ကျွန်တော် ခလောက်ဆန်ဖို့ ကြိုးစားခဲ့မိသည် မဟုတ်လား....။

•••

ကျောင်းမတက်ပဲ... အခန်းတံခါးပိတ်ကာ..... ငြိမ်သက်နေသော... ကျွန်တော့်အား... သူ မကြာခဏ လာကြည့်တတ်သည်ဟု... အိမ်တော်ထိန်းဦးလေးဆီမှ ကြားရသည်....။

ကျွန်တော့်ရဲ့ ... ဆင်ခြင်နိုင်စွမ်းနဲ့... မျိုသိပ် ထိန်းချုပ်နိုင်စွမ်းဟာ... တစ်ညနေခင်းမှာပဲ... ချိုးဖျက်ခြင်းခံလိုက်ရသည်...။

ခြံထဲတွင် ဆင်း၍ ဟိုဟို ဒီဒီ ငေးမောနေသည့် ကျွန်တော့်အနား... သူ ရောက်လာသည့်အခါ... ကျွန်တော် လန့်သွားသည်...။
ထထွက်ဖို့ ကြိုးစားပေမယ့်.. ကျွန်တော့် လက်ကောက်ဝတ်အား... ချုပ်ကိုင်ထားသော သူ့အားကို ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့....။

" Luhan... မင်း ဘာဖြစ်ချင်နေသလဲ.... "

ကျွန်တော် ဘာဖြစ်ချင်နေသလဲ ဆိုတာ.. ကျွန်တော်လဲ သိချင်သား....။

" မင်း ကိုယ့်ကို ရှောင်နေတယ် ... "

" ..... "

" ကိုယ်တို့ ..... ဒီအတိုင်းလေးပဲ... ဆက်နေသွားလို့ မဖြစ်ဘူးလား...ဟင် ??.. "

သိမ်မွေ့သော...မေးခွန်းက ကျွန်တော့် ရင်ခွင်တစ်ခုလုံးအား... ဓားဖြင့် ဆွဲမွှေလိုက်သလိုမျိုး...။
ကျွန်တော့် သည်းခံခြင်းတရားအား.... သူ ပေါက်ကွဲလိုက်စေသည်....။

စူးရဲစွာ ကျွန်တော် သူ့ကို ကြည့်မိသည်....။

" ဒီအတိုင်း...?? ဒီအတိုင်းဆိုတာ... ဘယ်လိုမျိုးလဲ !! ..."

".. Lu... "

" ဒီအတိုင်း !!..... ခင်ဗျားရဲ့ ရိုးသားတဲ့ ဂရုစိုက်မှုတွေကို သာယာနေတာမျိုးလား... !! ဒီအတိုင်း... အိမ်ထောင်ရှိပြီးသား... လူကို .... ပြစ်မှားနေတာမျိုးလား....!! ဟင် ! ပြောစမ်းပါ....!
ခင်ဗျားရဲ့ ဒီအတိုင်းဆိုတဲ့... အဓိပ္ပါယ်ကို ...!! "

ကျွန်တော့်ကို အံ့ဩဆွံ့အစွာ.. သူ ငေးကြည့်နေသည့်အခါ... ကျွန်တော်.. သက်ပြင်းတစ်ခုချလျက်.... မျက်လုံးများကို မှိတ်ပစ်လိုက်သည်....။

နွေးထွေးသော... နှလုံးခုန်သံအား... ခပ်ပါးပါး.. ရှပ်အကျႌမှတဆင့် ကျွန်တော် ခံစားမိလိုက်သည်....။
ပြီးတော့... အဲ့ဒီ ... ဆွဲဆောင်မှု တစ်မျိုးဖြင့် ကိုယ်သင်းရနံ့..။

ဘုရားသခင်... ကျွန်တော့်ကို သူ ထွေးပွေ့ထားသည်ပဲ....။

" ကိုယ်ဆိုလိုချင်တာက... ဒီအတိုင်း...."

"..... "

" ကိုယ်တို့ ချစ်နေကြလို့ရတာပဲ...လို့ "

ကျွန်တော့် နှလုံးခုန်သံ ရုတ်တရက် ကျယ်လောင်လာသည်...။
သူ... သူ ဘာပြောလိုက်ပါလိမ့်....။

တစ်ခွန်းပဲ....။
အဲ့ဒီစကားတစ်ခွန်းပဲ သူပြောခဲ့တာ....။

ကျွန်တော့် ရဲ့ ဆင်ခြင်နိုင်စွမ်းတွေကို အဲ့ဒီစကားတစ်ခွန်းနဲ့ ရိုက်ချိုးခဲ့တာ.....။
ကျွန်တော် တိုးဝင်တော့မယ့် ထောင်ချောက်တစ်ခုထဲ ဆွဲသွင်းခဲ့တာ....။

တတ်မြောက်နားလည်ပြီးခဲ့သည့်... ကျင့်ဝတ်တွေအား...
နှလုံးသားက ပုန်ကန်ခဲ့လေသည်...။
______________________________________

ကားပေါ်တွင် ကျွန်တော် ပုံမှန်ထက် ငြိမ်သက်နေသည့်အခါ.. သူ မနေတတ်...။

" သီချင်းနားထောင်မလား.. ကလေး.. "

ကျွန်တော် ခေါင်းခါပြလိုက်သည့်အခါ... သူ တိတ်ဆိတ်သွားပြန်သည်.....။
ဖုန်းမြည်လာသံကြောင့်... သူ Ear.ph ကို တပ်ကာ... ဖြေဆိုသည်...။

" Hello .. "

" ... "

ကျွန်တော် ထင်နေသည့် လူပဲ ဖြစ်လိမ့်မည်... ။ သူ ကျွန်တော့်ကို လှည့်ကြည့်ကာ... ပြုံးသည်....။

" Sorry ချစ်.. ကိုယ် ဒီနေ့... Luhanအိမ်မှာပဲ အိပ်လိုက်တော့မယ်... ကုမ္ပဏီ ကိစ္စတစ်ချို့ ပြောစရာရှိလို့ ညဉ့်နက်မှာနဲ့.. "

ကျွန်တော် တစ်ဖက်လှည့်ကာ... ပြုံးလိုက်သည်...။
ရင်ဘတ်တစ်နေရာက မသိမသာ... နာနေပေမယ့်လို့..။

ဦးနှောက် အစိတ်အပိုင်းအချို့က လွဲမှားနေသည့် တစ်စုံတစ်ရာအား... ထောက်ပြနေပေမယ့်လို့...။

ရုတ်တရက်... ကျွန်တော့်လက်များကို သူ ခပ်ဖွဖွ ဆုပ်ကိုင်ရင်း... နှုတ်ခမ်းဖြင့် အသာအယာ နမ်းသည်...။
ကားမောင်းနေရာက လှည့်မကြည့်ပေမယ့် သူ ပြုံးလျက်...။

ကြည့်....။ ကျွန်တော် အရာအားလုံးကို ဆန့်ကျင်ပစ်လိုက်ဖို့ သူဟာ... ထိုက်တန်လွန်းနေသည် မဟုတ်လား....။

•••

အေးစက်တဲ့ အငွေ့အသက်တွေနဲ့...။ နောက်... ဆူညံသံ..။
အော်ဟစ်ရန်ဖြစ်နေတဲ့ အသံ...။

" တော်လိုက်တော့.. !! မင်း ဖောက်ပြန်ချင်တိုင်း .. ဖောက်ပြန်လို့ ဝမှ ငါ့အိမ်ပေါ် ပြန်တက်မလာနဲ့ ! "

ကြားနေကြ ထပ်တလဲလဲ ဖြစ်ရပ်မျိုး....။ မေမေ့ရဲ့ ခြောက်ကပ်ကပ် ရယ်သံ..။

" ရှင်က သိပ်ရယ်ရတာပဲ.... ! ရှင့်အိမ်လား... ! မှားနေပြီ ထင်တယ်... ဒါ ကျွန်မ အဖေ အမွေပေးခဲ့တာလေ... !! "

ပြန့်ကျဲသွားတဲ့ ငွေစက္ကူတွေနဲ့ စားပွဲခုံအား.. ဆွဲမှောက်ပစ်လိုက်သံ....။

" မင်းအဖေရဲ့ စုတ်ပြတ်သတ်နေတဲ့ ကုမ္ပဏီကို ငါ ဘယ်လို ပြန်တည်ဆောက်ခဲ့ရလဲ.... နားလည်ရဲ့လား... !! "

တစ်ပေါက်ချင်းကျလာသော မျက်ရည်တို့အား... လျစ်လျူရှုရင်း... ဟထားသော တံခါးကို အသာပြန်စေ့လိုက်ရင်း.... လှေကားပေါ်မှ ပြေးဆင်းခဲ့မိသည်.....။ မြင်ကွင်းတွေက ဝေဝေဝါးဝါး....။

မောဟိုက်နေသော.. နှလုံးခုန်သံတွေ... တုန်ယင်နေတဲ့ လက်တို့က ... ပါးစပ်ကို အုပ်လျက် ...။
မထွက်နဲ့ ...။ အော်ဟစ်ငိုယိုတတ်တာ.. ယောကျ်ားမဟုတ်ဘူး....။

ဝုန်းခနဲ ပွင့်လာတဲ့ အိမ်တံခါး...။ မေမေ....။
ဟင် ...။ အိတ်တွေနဲ့...။ ဟင့်အင်း .. ဒီလို မလုပ်ပါနဲ့...။

ဆွဲထားမိသော... သေးငယ်သည့် လက်တို့အား... အကြမ်းပတမ်းပဲ ဆွဲဖြုတ်သွားခဲ့သည်...။
တစ်စက်မှ နောက်လှည့်မကြည့်ခဲ့....။

" မေမေ.. !!... မေမေ.. ! မေ !..."

" Luhan !! ထ.... အိပ်မက်ဆိုးတွေ မက်ပြန်ပြီ ! "

ရုတ်တရက် ဆွဲလှုပ်ခြင်းခံလိုက်ရသဖြင့်... လန့်ဖြန့်ပြီး ထထိုင်မိသည် ..။
အိပ်မက် ..။ အိပ်မက်ပဲ...။

သူ ကမ်းပေးလာသော... ရေခွက်အား .. အငမ်းမရပဲ မော့ချလိုက်ရသည်...။ နိမ့်ချည် မြင့်ချည် ဖြစ်နေသေးသော.. ရင်ဘတ်အား ဖိလျက်... ကျွန်တော် နွမ်းလျနေတုန်း ..။

ပါးပေါ်ရှိ မျက်ရည်စီးကြောင်းများကို လက်ဖမိုးဖြင့်..ဆွဲသုတ်လိုက်သည်..။

ကျွန်တော့်အား စိုးရိမ်တကြီး စိုက်ကြည့်နေသော.. သူ့ကို မော့ကြည့်လိုက်မိသည်...။

" Luhan.. အဆင်ပြေရဲ့လား.... "

မပြေဘူး....။
အတိတ်ဆိုးတွေက လက်ရှိ ကျွန်တော့်ရဲ့ ပစ္စုပ္ပန်ကို ခြောက်လှန့်နေတာ....။
ဆိုးရွားတဲ့ ဖောက်ပြန်မှုဆိုတဲ့ နွံထဲ ကျွန်တော် ပျော်မွေ့နေတဲ့ အကြောင်း... သတိပေးနေကြတာ....။

ကျွန်တော့် လက်များကို ဆွဲယူ ဆုပ်ကိုင်လိုက်သည့်အခါ...
ထိတ်လန့်သွားမိသည်....။ မော့ကြည့်မိသည့်အခါ... နွေးထွေးနူးညံ့သော မျက်ဝန်းများက ငေးလျက်....။
တိုးဝင်ဖက်တွယ်မိသော ရင်ခွင်ဟာ.. အရင်လို အေးချမ်းမသွားစေတာ ဘာကြောင့်ပါလိမ့်....။

ကျွန်တော် ပင်ပန်းနေပြီ......။

•••

ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်လျက်ရှိသော... သူ့အနား.. ကျွန်တော် ကပ်သွားခဲ့သည်...။
မနက်ဖြန်.....။ ကျွန်တော် မုန်းတီးမိသော ... ရက်စွဲများထဲမှ တစ်ခု....။
မနက်ဖြန် သူမ မွေးနေ့...။ သူ သွားရဦးမှာပေါ့...။
ကျွန်တော် သူ့ကို မသွားစေချင်ဘူး....။

ခါးကို ဖက်လျက် သူ့ကျောပြင်အား မျက်နှာအပ်ထားမိသည်...။

( ခင်ဗျား မနက်ဖြန် ကျွန်တော့် ဘေးနားပဲ ရှိပေးရင် ကောင်းမှာပဲ... )

သိုင်းဖက်ထားသော ကျွန်တော့်လက်များကို ဆွဲယူနမ်းပြီးမှ ကျွန်တော့်ဖက် လှည့်လာခဲ့သည်...။

" ဘာဖြစ်လို့လဲ....Luhan.. တစ်ခုခု ပြောစရာရှိလား...."

ငြင်းဆန်လိမ့်မည်မှန်း သိပေမယ့်လို့.. ကျွန်တော်ဟာ
ကိုယ့် နာကျင်မှု ကိုယ်အစဆွဲထုတ်ဖို့ ဝါသနာပါသူပဲဖြစ်သည်..။

" မနက်ဖြန်... အိမ်ကို ပြန်မှာပေါ့... "

ကြားရတော့မည်ကို မျှော်လင့်ထားပြီးသလို သူ့မျက်နှာက အံ့ဩသွားဟန်မရှိ....။ ထုံးစံအတိုင်းလဲ ကျွန်တော့်ကို ဖျောင်းဖျတော့မည့် စကားလုံးများ ရှာထားပြီးသားပေါ့...။

" မင်း သိရဲ့သားနဲ့ ကိုယ် အဲ့ဒီ မွေးနေ့မှာ ရှိဖို့ လိုအပ်တယ်လေ... "

လိုအပ်တယ် ဆိုသော စကားက ကျွန်တော့်ရဲ့ စောဒက တက်တော့မည့် အကြောင်းပြချက် များအား.. ပိတ်ပင်တားဆီးပြီးသားဖြစ်သည်....။ သို့မဟုတ်....
ကျွန်တော် ဇွတ်ကြိတ်မှိတ်မေ့ထားသည့် သူတို့ နှစ်ယောက်၏ ပက်သက်မှုအား... ထောက်ပြလိုက်ပြီးသားလဲ ဖြစ်သည် ...။

ငိုင်သွားသော... ကျွန်တော့်အား... ထိုင်နေသော
သူ့ပေါင်ပေါ် ဆွဲတင်ကာ.. ချော့ဖို့ ကြိုးစားတော့သည်...။

" ကလေးကလဲကွာ.. အဲ့လိုမျိုးမနေပါနဲ့. ကိုယ် မင်းနားမှာ ရှိနေတဲ့ အချိန်တွေက ပိုများတာပဲ မဟုတ်လား...Luhan ရဲ့ .. "

ခင်ဗျားက အချစ်ကို အချိန်ခွဲဝေပိုင်းခြားပြီး... ပေးတာနဲ့ ဆုံးဖြတ်ချင်နေသလား....။ သိပ်ရယ်ရတာပဲ....။
ဟက်ခနဲ ကျွန်တော် ရယ်မိတော့... သူ ပြုံးကာ စိုက်ကြည့်နေဆဲ....။

ဘာမှမပြောပဲ... ကျွန်တော် တိတ်ဆိတ်နေပြန်တော့... ။

" ကဲ .... ကိုယ်တို့ ခရီးထွက်ကြမယ်... ဟုတ်ပြီလား.. မင်းသွားချင်တဲ့ နေရာတစ်ခုခု.... "

သူ့ပေါ် ဘေးတိုက် ထိုင်နေရာက ခပ်စောင်းစောင်းကြည့်လိုက်မိသည်...။ ဒီလူဟာ.. ဘယ်တော့မဆို ကျွန်တော့်ကို လိုက်လျောပေးတာထက် သူ့ ဆန္ဒတွေကိုပဲ အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်တာ...။

ဘယ်တုန်းကများ အလျှော့ပေးဖူးသလဲ... ကျွန်တော့်ကို ...။

ဘာစကားတွေပဲ ပြောပြော... နောက်ဆုံးတော့ သူ ဒီမွေးနေ့ကို သွားကို သွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ..။
ကျင်ခနဲ နာသွားသော ရင်ဘတ်တစ်နေရာက ကျွန်တော့်ကို တားမြစ်ပြန်သည်....။

ဆက်မပြောနဲ့... ။ အဆုံးသတ်တော့လဲ အေးစက်စက် တစ်ဖက်သတ်ရန်ပွဲနဲ့ ကျွန်တော်ပဲ ရင်နာရမှာ....။
ကျွန်တော် ဆိုတဲ့ကောင်ပဲ အရူးလို... အော်ဟစ် ပေါက်ကွဲပြီး.... သူကတော့..... လိုချင်တာ မရသဖြင့်.. ခြေဆောင့် စိတ်တိုနေသည့် ကလေးတစ်ယောက်ကို ကြည့်သလို ကြည့်ပြီး.. ကျွန်တော့် ဒဏ်ရာတွေကို လျစ်လျူရှုပစ်ဦးမည်....။

ကျွန်တော့် သည်းခံမျိုသိပ်မှုတွေ အတိုင်းအတာ တစ်ခု ရောက်တဲ့ တစ်နေ့အထိ... ခင်ဗျားကို ချစ်နေနိုင်သေးဖို့ ... ဆုတောင်းတယ်..။

" ရပါတယ်... အချိန်လဲ မရှိပဲ ခရီးမထွက်ပါနဲ့ ... ကျွန်တော် အိပ်တော့မယ်... "

ဖက်တွယ်ထားသော လက်တို့အား ဆွဲဖယ်ပြီး... ကုတင်ပေါ် တက်ကာ... မျက်လုံးတွေ မှိတ်လိုက်သည်...။
အိပ်တော့...။ အိပ်လိုက်တော့....။
ဆိုးရွားတဲ့ အိပ်မက်တစ်ခုက လက်ရှိ အနေအထားထက် ပိုကောင်းနိုင်သေးတယ်....။

•••

အနည်းငယ်မှောင်နေပေမယ့် ... လင်းခါနီးဆဲဆဲ....။

ကျွန်တော့်ဘေးနားတွင် နှစ်ခြိုက်စွာ သူ အိပ်မောကျနေသည်....။ သိပ် အပြစ်ကင်းစင်သူ တစ်ဦးလို...။

ကျွန်တော့်ကို ဘယ်လို အနေအထားမျိုးအထိ ပြုပြင်ပြောင်းလဲပစ်ချင်နေသလဲ...။
ကျွန်တော် လက်ဖျားခါရပါသည်...။ လူတစ်ယောက်ကို အဆုံးစွန်ထိ ချစ်တတ်လာအောင် သိမ်းသွင်းတတ်သည့် နေရာမှာ သူက သိပ်တော်လွန်းသည်...။

ကျွန်တော့်ကို အတ္တတွေနဲ့ လောင်မြိုက်တတ်လာဖို့... သူက ချစ်ခြင်းတရားအား လောင်စာထည့်ခဲ့ခြင်းဖြစ်သည်...။

ကျွန်တော့် အနာဂတ်အားလုံး.. ဝေဝါးသွားရတာ သူ့ကို ချစ်သွားခဲ့လို့ ဟု တွေးမိတိုင်း.. ကျွန်တော် သူ့ကို သတ်ပစ်ချင်သည်...။
သို့သော်.... ကျွန်တော် ဘာမှမလုပ်နိုင်...။

အရာအားလုံး... လွဲမှားနေမှန်း သိနေသည့်တိုင်.. အမှန်တရားကို ကျွန်တော် မျက်နှာချင်း မဆိုင်ရဲ..။
ခါးသီးလွန်းသည့် အမှန်တရားများကို မေ့ဖျောက်ထားဖို့..
ချိုမြိန်သည့် အမှားများကို ထပ်တလဲလဲ စားသုံးနေမိသည်...။

ရပ်တန့်ပစ်လိုက်ဖို့ အသိဝင်လာချိန်မှာ... နောက်ကျပြီးသွားပြီ....။

•••

အိပ်ရေးမဝမှုကြောင့် စိတ်မကြည်လင်ရသည့်အပြင်....
အိမ်ပြန်ဖို့ ပြင်ဆင်နေသည့် သူ့ကို ကြည့်ပြီး ဒေါသပါ ထွက်လာတော့သည်...။

ကုတင်ဘေးက Sofaမှာ ထိုင်ရင်း... ကျွန်တော် သူ့ကို စူးစူးဝါးဝါး ကြည့်နေမိသည်...။
အဲ့သည့် ဘာမှမဖြစ်သလို... အပြုံးတွေကို တစစီ ဆွဲဖြဲပစ်ချင်လိုက်တာ....။

" ကလေး.. ထမင်းစားနော်... ကိုယ်သွားတော့မယ်... "

တံခါးလက်ကိုင်အား ဆွဲဖွင့်ရင်း.. သူ ကျွန်တော့်ကို လှမ်းမှာသည်...။ ကျွန်တော့် ဒေါသက ဂိတ်ဆုံးသွားပြီ...။

" မသွားနဲ့..! "

စိတ်မရှည်သလို သက်ပြင်းချရင်း... သူ တံခါးကို ပြန်ပိတ်ကာ ကျွန်တော့်ဘက်လှည့်လာသည်..။

" Luhan.. ကိုယ် ပြောပြီးပြီနော်... ဒါ ရစ်စရာ ကိစ္စ မဟုတ်ဘူး.. ထင်တာပဲ ..... "

ကျွန်တော် မတ်တပ်ထရပ်ရင်း... အံကြိတ်လိုက်မိသည်...။

" ခင်ဗျား အခုသွားမယ်ဆို... ပြန်မလာခဲ့နဲ့ ... "

ဖျတ်ခနဲ အံ့ဩသွားသော်လည်း.. သူ ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်သည်....။

" သေချာလို့လား.. ကလေး... "

သူ မရှိပဲ နေနိုင်မှာလား ဆိုသည့် အပြုံးမျိုးနဲ့...
အဲ့ဒီ ပိုင်နိုင် သေချာနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း... ကျွန်တော် အသားတွေ တုန်လာသည်အထိ စိတ်တိုသွားသည်....။

တိုးဝင် ပျောက်ကွယ်စပြုနေသော.. မာနတရားတို့က ခေါင်းထောင်လာကြသည်...။

" သေ.. ချာ.. တာ.. ပေါ့... "

တစ်လုံးချင်း ပီသစွာ ထွက်လာသည့် ကျွန်တော့် စကားသံအဆုံး... သူ ပခုံး တစ်ချက်တွန့်ကာ...
တံခါးကို ဖွင့်လျက် အေးအေးဆေးဆေးပဲ ထွက်သွားသည်...။

ကျွန်တော့်ကို နည်းနည်းမှ အလေးမထားခြင်းမျိုး...။

နောက်ဆုံးတော့... ဒီလိုပဲ ထားခဲ့တာပဲ...။
( လမ်းခွဲကြမယ် ) ဆိုတဲ့ သဘောမျိုး.. ကျွန်တော် ပြောခဲ့တာတောင်... ပြီးတာပဲ ဆိုသည့် အချိုးမျိုး...။

ကျွန်တော်ဟာ သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူးလား...။

•••

သူ့အတွက် ကျွန်တော် အားလုံး.. ပေးဆပ်ခဲ့သည့်တိုင် .. ကျွန်တော်က ဘာမှမဟုတ်သေးဘူး.. ဆိုလျှင်..

ကျွန်တော့်ရဲ့ ဖြစ်တည်မှုအား... ပြန်စဉ်းစားသင့်ပြီ ထင်သည်...။

ပြဿနာဖြစ်တိုင်း... ဒေါသတကြီး အော်ဟစ် ပေါက်ကွဲလျက် ကျွန်တော် သောင်းကျန်းလေ့ရှိပေမယ့်...
အခုတော့.. ကျွန်တော် ငြိမ်သက်နေလိုက်သည်..။

ထပ်တလဲလဲ မေးနေမိသည့် မေးခွန်းက...
( ဘာကြောင့်လဲ.. )
ကျွန်တော် အားလုံး စွန့်လွှတ်ခဲ့သည့်တိုင်... သူကတော့..။

ယုံကြည်မှုတွေ စတင် ပျောက်ဆုံးသည့်အခါ....... ချစ်ခြင်းမေတ္တာကို သံသယဝင်လာမိတာပဲ...။
______________________________________

ကျွန်တော့်ကို သူ နားလည်သွားပြီးသည့်နောက် သို့မဟုတ် ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး.. ပွင့်လင်းခဲ့ပြီးသည့်နောက်..။

သူပြောခဲ့သလို... ဒီအတိုင်းလေးပဲ.. ကျွန်တော်တို့ ချစ်နေခဲ့ကြသည်...။

ညနေကျောင်းဆင်းချိန်တိုင်း .. သူ လာကြိုခဲ့သလို....
ကျွန်တော့်အနား သူ ရှိနေသည့် ရက်စွဲတွေ စိပ်လာခဲ့သည်...။
ကျွန်တော်တို့ နှစ်ယောက်အား... တွဲမြင်ပါများလာသည့်အခါ... တီးတိုးသံတွေ ထွက်လာတော့သည်...။

ပတ်ဝန်းကျင်ကို ကျွန်တော် ဂရုမစိုက်ပေမယ့် သူကတော့ ဂရုစိုက်ရမည်ဖြစ်သည်...။

ကျွန်တော့်အတွက်ကြောင့် သူ နည်းနည်းမှ မထိခိုက်စေရ...။
သတင်းတွေ ငြိမ်သက်သွားဖို့ ကျွန်တော် သူနဲ့ သိပ်မတွေ့ဖို့ ဆုံးဖြတ်လိုက်သည်...။

အဆုံးစွန်ထိ တွေးထားခဲ့ပေမယ့်......။

... ကျွန်တော့် အိမ်အထိရောက်လာခဲ့သော သူ့အား... ကျွန်တော် မလွန်ဆန်နိုင်ခဲ့...။

( မင်း... ကိုယ့်ကို လမ်းခွဲနိုင်ရဲ့လား.. ) ဆိုသည့် မေးခွန်းအောက်တွင်.. ကျွန်တော် ဆွံ့အကာ ဒူးထောက်သွားခဲ့သည်...။

ကျွန်တော့်ရဲ့ မာနတွေ... ။ နောက်တော့ သိက္ခာတရားတွေ..။
ထိုနေ့မှစပြီး... ကျွန်တော် ကျောင်းမသွားတော့... ။ အပြင်ထွက်ဖို့လဲ မကြိုးစားတော့...။

ကျွန်တော့်ကို မတွေ့တော့ဘူးဆိုရင်... သတင်းတွေ ငြိမ်းသွားကြလိမ့်မည်...။
သူ့ရဲ့ ဇနီးဖြစ်သူကတော့ ထိုကိစ္စအား.. ဟာသတစ်ခုကို ကြားရသလို အရွှန်းဖောက်ရင်း.. အင်တာဗျုးတစ်ခုမှာ ချေပလိုက်သည့်အကြောင်း.. ကျွန်တော် ပြန်ကြားပါသည်...။

ကျွန်တော် အူလှိုက် သည်းလှိုက်ကို ရယ်မောပစ်လိုက်ပါသည်...။ မျက်ရည်များထွက်သည်အထိ...။

•••

ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကမ္ဘာသည်.. များသောအားဖြင့် စနေ တနင်္ဂနွေ ပိတ်ရက်များပဲဖြစ်သည်...။

သူ ရောက်လာသည့် အခါ ကျွန်တော်တို့.. မုန့်တွေ လုပ်စားဖူးသည်...။
သူ့ ပုခုံးအား မှီရင်း.. ရုပ်ရှင်ကြည့်ကာ.. အိပ်ပျော်သွားဖူးသည်..။
ပန်းပင်တွေ ရေဖြန်းရင်း... နှစ်ယောက်လုံး စိုရွဲကာ.....
တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး.. အော်ဟစ် ရယ်မောဖူးသည်...။
ဘယ်တော့မှလဲ သူ့ကို မနိုင်သည့် Chess ပွဲပေါင်းများစွာ ဆော့ရင်း.. ရှုံးသည့်အခါတိုင်း.. စိတ်ကောက်ဖူးသည်...။
ညဘက် ကြယ်တွေ ရေတွက်ရင်း.. သူ့ရင်ခွင်အား.. ခေါင်းအုံးတစ်လုံးလို ဖက်တွယ်ခဲ့ဖူးသည်...။

ပြက္ခဒိန်တစ်ခု၏ အစပိုင်းရက်စွဲများကတော့ ပျော်ရွှင် ကြည်နူးဖွယ်အတိပဲ ဖြစ်သည်...။

တဖြည်းဖြည်း သူ ပျိုးထောင်ပေးခဲ့သော.. အချစ်သည်.. အတ္တများနဲ့ ကြီးထွားလာသည့်အခါ... ကျွန်တော် မထိန်းချုပ်နိုင်တော့...။

အထူးသဖြင့်... သူ့ ဇနီး ဖြစ်သူနဲ့ တွဲတွေ့ရသည့် အခါမျိုးမှာ.. ကျွန်တော် နာကျင်လာခဲ့သည်...။

အိမ်ထောင်တစ်ခုအား ဖျက်ဆီးမိခဲ့တာ မဟုတ်ပေမယ့်.. ကျွန်တော်တို့ ဖောက်ဖျက်ကျုးလွန်နေခဲ့ကြပြီးပြီ...။
ကိုယ့်အပြစ်ကိုယ် ထိန်းချုပ် ဟန်ဆောင်နိုင်ဖို့... ကျွန်တော် လူတွေကြားထဲ ဝင်ဆန့်ဖို့ မကြိုးစားတော့...။

တဖြည်းဖြည်း... ကျွန်တော့် အနားတွင် သူတစ်ယောက်တည်းကလွဲပြီး... ဘာမှမရှိဟု သဘောပေါက်လာခဲ့သည်...။

ထိုအချိန်ကတော့... ကျွန်တော့်၏ အကြောင်းပြချက်မဲ့ အချစ်များအား.... ဂုဏ်ယူနေခဲ့မိပုံရသည်...။

______________________________________

လမ်းခွဲပစ်လိုက်ရမလား ဆိုသည့် ရူးနှမ်းသည့် အတွေးအား.. တွေးမိလိုက်ချိန်တွင် ကျွန်တော် ကိုယ့်ကိုကိုယ် တုန်လှုပ်သွားခဲ့သည်....။

မဖြစ်နိုင်ဘူး...။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ...။
ကျွန်တော် သူ့ကို ရွေးချယ်ခဲ့သားနဲ့...။

ဝမ်းနည်းအထီးကျန်စွာ... ကျွန်တော် ငိုဖို့.. သူ့ ပုခုံးတစ်ဖက်လိုအပ်သည်...။
( ထိုမျက်ရည်များက သူ့ကြောင့်ဖြစ်တည်လာခြင်းအား.. မေ့ထားပေမယ့်လို့.. )

ပျော်ရွှင်ကြည်နူးစွာ.. ကျွန်တော် ရယ်မောဖို့.. သူ ပြောပြလေ့ရှိသည့်.. ဟာသတစ်ချို့လိုအပ်သည်..။
( ခေတ်နောက်ကျနေသော ... ဟာသများက အမှနိတကယ် ရယ်စရာမကောင်းပေမယ့်လို့... )

စိုးရိမ်ပူပန်စွာ... ကျွန်တော့်အား ဂရုစိုက်တတ်သည့်... သူ့ အပြစ်တင်သံများအား လိုအပ်သည်....။
( တကယ်တမ်း... သူ့ကြောင့်.... ဆိုးသွမ်းနေရပေမယ့်လို့..)

နှစ်ခြိုက်စွာ ကျွန်တော် အိပ်မောကျတတ်ဖို့... သူ့ အနမ်းများအား လိုအပ်သည်...။
( အိပ်မပျော်သည့် ညတွေမှာ... သူ့ကို လွမ်းနေရသည်က များပေမယ့်လို့.. )

ကျွန်တော့် သူ့ကို လိုအပ်သည့် အကြောင်းပြချက်တွေ သိပ်များသည်...။

အိပ်မက်ဆိုးမက်သည့်အခါ...။
နေမကောင်းသည့်အခါ...။
ဖေဖေ့ကို သတိရသည့်အခါ... .... ။
စသည်.. စသည်ဖြင့်...

•••

( ပြန်မလာခဲ့နဲ့ ) ဆိုသော... ကျွန်တော့် စကားအား..
သူ အတည်ယူသည် မဟုတ်ပေမယ့်... အပြစ်ပေးလိမ့်မည်မှန်း... ကျွန်တော် သိပြီးသား...။

အရွဲ့တိုက်ခြင်းဖြင့်... မလိုက်ဖက်သည့် သူဟာ...
၁လ တိတိ... ကျွန်တော့်ဆီ ရောက်မလာခဲ့ ..။
ပြောခဲ့မိသည့်စကားအတွက်.. နောင်တ တရားအား... ခပ်ရေးရေး... မြင်မိပေမယ့်... ကြာလာသည့်အခါ... ကျွန်တော် စောက်ဂရုမစိုက်တော့...။

သိပ်ပင်ပန်းလာသည့်အခါ... စိတ်ဆတ်နေတတ်တာမျိုးပဲလို့.. ကျွန်တော် ထင်နေခဲ့တာ...။

ခက်ခဲပင်ပန်းတဲ့ ညတွေအစား.....
ကြယ်တွေ ထိုင်ရေနေမည့် အစား....

ကျွန်တော့် လက်တွေက ဂစ်တာကြိုးများနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့တာ....။

သူ မရှိလဲ ကျွန်တော် နေဖြစ်ရတာပါပဲ.....။

•••

တစ်လကြာမှ.... အိမ်ရှေ့ ထိုးရပ်လာတဲ့ သူ့ကားအား..
အရင်တုန်းက ဆယ်ကျော်သက်တစ်ယောက်ရဲ့ ရင်ခုန် တမ်းတမှုများဖြင့်... မကြည့်မိတော့...။

တစ်ပြိုင်တည်းမှာပဲ... နူးညံ့လျက်... တစ်ပြိုင်တည်းမှာပဲ.. ဟစ်တလာဆန်သည့် သူ့မျက်လုံးများအား... မှီခိုအားငယ်မှုများဖြင့်... ရင်မဆိုင်မိ...။

ကျွန်တော် ရင့်ကျက်စွာ ချစ်တတ်လာပုံရပါသည်....။

ကျွန်တော့်အား... ပြုံးလျက်... ကြည့်နေသည်...။
အဲ့ဒီ အကြည့်တွေထဲ... လွှမ်းမိုး အနိုင်ယူလိုမှုနဲ့ အချစ် ဘယ်အရာ... ပို အလေးသာ သလဲ ကျွန်တော် မတွက်ချက်နိုင်ခဲ့..။

" ကိုယ့် ရဲ့ ကလေးက... လိမ္မာနေပြီပဲ... "

ကျွန်တော် အသာ ပုခုံးတွန့်ရင်း... ရယ်မိသည်...။
ထိုရယ်သံတွေများ... ခြောက်ကပ်ကပ် ဖြစ်နေမလား... ကျွန်တော် စိုးရိမ်သွားသည်...။

" .. ဖုန်းလေးတောင် ဆက်မလာခဲ့ဘူးဆိုတော့..
Luhan က နေတတ်နေပြီဆိုတဲ့ သဘောလား... ဟင်..."

ကျွန်တော့် မျက်နှာအပြောင်းအလဲတိုင်းကို စူးစိုက် အကဲခတ်သလို ကြည့်ရင်း.
သူ မေးခွန်းထုတ်လာသည်...။

ဆင်ဝင်အောက်တွင် ရပ်နေသည့် ကျွန်တော်တို့ နှစ်ယောက်လုံး... အိမ်ထဲ မဝင်ဖြစ်သေး...။

" မဟုတ်ပါဘူး... ကျွန်တော် အနှောင့်အယှက် မပေးချင်တာပါ...... "

ထိုစကားအား... အရင်လို အရွဲ့တိုက် ပြောလိုက်ခြင်း မဟုတ်ပေမယ့်....

" မင်း... စိတ်ကောက်နေပြီ မဟုတ်လား.... "

အနည်းငယ် ရွှင်မြူးလာသော လေသံဖြင့်... သူ ကျွန်တော့် နဖူးပြင်အား... ခပ်ကြာကြာ ဖိကပ်လျက် နမ်းသည်....။

ကျွန်တော် ထိတ်လန့်တကြား ဖြစ်လာသည်....။
ဘယ်မှာလဲ....။ သူ့ နှုတ်ခမ်းများ နီးကပ်လာတိုင်း... ခုန်ပေါက်နေတတ်သည့် .. ကျွန်တော့်နှလုံးသား..... အခု ..... ဘယ်မှာလဲ...။

အပျက်ပျက် အယွင်းယွင်းဖြစ်လာသည့်.. တုန်လှုပ်မှုအား.
ကြိုးစားထိန်းချုပ်လိုက်ရသည်....။
ဒီလို မဟုတ်ပါဘူး...။ ဒါ ကျွန်တော် မဟုတ်ဘူး....။

" အေးလာပြီ.. ကိုယ်တို့ အထဲဝင်ရအောင်...."

ပခုံးတစ်ဖက်အား... ခပ်တင်းတင်း... ဆုပ်ကိုင်ထားသည့်.. လက်နွေးနွေးများထဲ ကြည်နူးရင်ခုန်စွာ.. ပြုံးသွားတတ်သည့်... ကျွန်တော့် နှုတ်ခမ်းတွေ ဘယ်မှာလဲ....။

ဆို့နင့်လာသည့် ခံစားမှုအား... ကျွန်တော် ဖယ်ရှားဖို့ ကြိုးစားနေမိသည်...။
ဧည့်ခန်းထောင့်ရှိ မီးလင်းဖိုနားထိုင်လျက်.. ကျွန်တော် ငြိမ်သက်နေမိသည်...။

သူကတော့ Wu Yifan နဲ့ မတူစွာပဲ... စကားတွေ အဆက်မပြတ် ပြောနေသော်လည်း... ကျွန်တော် အာရုံမရ...။

လှုပ်ရှားသက်ဝင်နေသော... သူ့နှုတ်ခမ်းများအား... ထိတွေ့နမ်းရှိုက်လိုသည့်.. ကျွန်တော်... ဘယ်မှာလဲ....။

ဘုရားသခင်... ။ ကျွန်တော် ပျောက်ဆုံးနေပြီ....။

နှစ်နှစ်အတိုင်းအတာ ကာလအတွင်း... ကျွန်တော့် ခံစားချက်တွေဟာ... စိတ်ကစားမှု မဟုတ်ကြောင်း လောင်းရဲပါသည်...။

အချစ်ဟာ... အချိန်အတိုင်းအတာနဲ့ မသက်ဆိုင်ဘူး.. မဟုတ်လား...။
အချစ်ဟာ တန်ဖိုးထားတတ်ခြင်းနဲ့သာ သက်ဆိုင်သည်ပဲ..။

" Luhan... ကိုယ်ပြောနေတာရော... ကြားရဲ့လား..
ခရီးထွက်ဖို့ စီစဉ်ထားတယ်ဆိုတာ... "

" ဟင် .. အင်း.. ကြားတယ်... ကျွန်တော် ကြားပါတယ်.."

ကျွန်တော် အားနည်းစွာ ပြုံးပြတော့...သူ ကျွန်တော့်အနား ထိုင်ခုံကို တိုးကပ်ဆွဲယူကာ.. ပါးပြင်အား ဖွဖွ နမ်းရှိုက်သည်...။

ထူးဆန်းစွာပဲ အဲ့ဒီ့ညက ကျွန်တော် လိုအပ်နေကြ ရင်ခွင်ထဲ အိပ်စက်ဖို့ ကြိုးစားရင်း...
လိုအပ်နေဆဲ တစ်စုံတစ်ရာအား... ရှာဖွေနေခဲ့မိသည်...။

•••

မွေးနေ့ပွဲ ပြဿနာမှစ၍ တအုံ့နွေးနွေး အခဲမကြေ ဖြစ်နေခဲ့သည့် ကျွန်တော်၏ အပြုအမူများအား.. သူ ပါးနပ်စွာ ရိပ်မိကောင်း ရိပ်မိနိုင်သည် ....။

ဥပမာ.. သူ အလုပ်ရှုပ်နေသည့်အခါ... အရင်လို ထမင်းအတူစားဖို့ ကျွန်တော် စောင့်မနေတော့တာမျိူး...။
သူ ညဉ့်နက်သည် အထိ စာဖတ်နေသည့်အခါ.. ကျွန်တော် တစ်ယောက်တည်းစောစီးစွာ အိပ်ပျော်သွားတတ်တာမျိုး..။

သို့သော်လည်း... သူ ဘာစကားတစ်ခွန်းမှ မမေးခဲ့...။
တစ်ခါတစ်လေတော့ ကျွန်တော့်ကို စူးစိုက်ငေးမောနေတတ်ပေမယ့်... သူက ပုံမှန်လိုပဲ..။

သူ အိပ်ခါနီးတိုင်း... ကျွန်တော့်ကို ရင်ခွင်ထဲ ဆွဲသွင်းမြဲ..။
မနက်လင်းတိုင်း... ကျွန်တော့် နဖူးကို ဖွဖွ နမ်းမြဲ...။

•••
စည်းချက်မှန်နေသော နာရီမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည်...။
ညနက်သည်အထိ ကျွန်တော် အိပ်မပျော်သေး... ။

ဘေးတွင် အိပ်မောကျနေသော သူ့ကို လှည့်ကြည့်မိသည်..။
ပြေပြစ်စွာ အချိုးကျနေသည့် မျက်နှာပြင် အစိတ်အပိုင်းများအား ထိတွေ့ကိုင်တွယ်ကြည့်မိသည်....။

သေချာ စဉ်းစားကြည့်မှ ကျွန်တော် နားလည်ခဲ့တာ....။
ကျွန်တော့်နှလုံးသားကို နားလည်သဘောပေါက်ပြီးမှ သူက ကျွန်တော့် ဘဝထဲ ဝင်ရောက်လာခဲ့တာ... ။
ရလာဒ်ကို ကြိုတင် သိထားပြီးသား လောင်းကစား သမား တစ်ဦးလို ...။

ကျွန်တော် အော်ဟစ် ပေါက်ကွဲသည့်အခါတိုင်း...
( မင်း ကိုယ့်ကို လမ်းမခွဲနိုင်ဘူး မဟုတ်လား ) လို့ မေးလေ့ရှိသည့်သူက ဘယ်တုန်းကမှ ကျွန်တော့်ကို မခွဲနိုင်ပါဘူးလို့ မပြောခဲ့ဖူးဘူး...။

( ခင်ဗျား .... ကျွန်တော့်ကို မချစ်ခဲ့ဘူးလား )

တစ်ဆထက် တစ်ဆကြီးထွားလာသည့် သံသယတွေက
ကျွန်တော့် နှလုံးသားအား ရစ်ပတ်နွယ်တက်လျက်...။
မကြာခင်အတွင်းမှာပဲ... နှလုံးသားတစ်ခုလုံးကို ဝါးမျိုသွားရင် ဘယ်လို လုပ်ရပါ့မလဲ....။

•••

သည်တစ်ခေါက်တော့.. အချိန်တော်တော်ကြာ.. သူ အိမ်ပြန်မသွား....။ ကျွန်တော့် အိမ်ကနေ ကုမ္ပဏီသွားပြီး.. ကျွန်တော့်အိမ်ကိုပဲ ပြန်လာသည်.....။
အရင်ထက် စကားနည်းကာ တိတ်ဆိတ်နေသော ကျွန်တော့်ကို သူစိတ်ပူနေတာ ဖြစ်ကောင်းဖြစ်မည်....။

သွေးအေးနေမှန်း.. ကျွန်တော့်ကိုယ်ကျွန်တော် သဘောပေါက်စပြုလာသည်....။

ဒါဟာ ခဏတာ စိတ်ကောက်နေခြင်း မဟုတ်....။
ညစာအတူ ထွက်စားပေးရုံဖြင့် စိတ်ပြေသွားနိုင်မည့် အနေအထား မဟုတ်...။

ကျွန်တော် တဖြေးဖြေး သူ့အား.. ရှောင်ဖယ်နေမိသည်....။
သည် အခြေအနေကြီးအား ရပ်တန့်ပစ်လိုက်ရတော့မလား ဟု တွေးလိုက်မိသော အခါ ကျွန်တော် နှလုံးသားက ဆစ်ခနဲတော့ အောင့်သွားခဲ့သည်....။

( ကျွန်တော် ခင်ဗျားနဲ့ ဝေးဖို့ အဆင်သင့်ဖြစ်ပြီလား မသေချာဘူး )

•••

" ကျွန်တော် ခရီးက ပြန်လာရင် ကျောင်းပြန်တက်တော့မယ်... "

အထစ်အငေါ့ မရှိ ထွက်ကျလာသော ကျွန်တော့်စကားလုံးများအား... အံ့ဩတကြီး... သူ တုန့်ပြန်သည်...။
သည်လို မျက်နှာအခြေအနေမျိုး မြင်တွေ့ရတာ သိပ်ရှားသဖြင့် ကျွန်တော် ငေးမောပြီး ကြည့်နေမိသည်...။

ချက်ချင်းဆိုသလို ပြန်တည်သွားသော.. သူက ကျွန်တော့် အား ထွင်းဖောက်တော့မတတ် စူးစိုက်ကြည့်လျက် ပြုံးသည်...။
သို့သော်.. ပြုံးသည် ဆိုရုံကလေး... ။

အရာအားလုံးအား သူနားလည်နေသလို အပြုံးမျိုးပေါ့...။

" ကောင်းတာပေါ့... ကိုယ် စီစဉ်ပေးမယ် .. "

ကျွန်တော် ဖတ်လက်စ စာအုပ်အား ပြန်ကောက်ကိုင်လျက်... အာရုံစိုက်ချင်ဟန်ဆောင်နေသည့်အခါ.. သူ ခပ်တိုးတိုးရယ်လျက် ကျွန်တော့် အနားတိုးကပ်လာသည်...။

" မင်း .. ကိုယ့်ဆီက ထွက်သွားတော့မလို ကိုယ်ခံစားနေရတယ်..သိလား.. ကလေး.... "

တိုးတိတ်ညင်သာနေသည့် စကားသံက တည်ငြိမ်လျက်...။
အဟက်... ဆုံးရှုံးရမှာ ကြောက်နေသည့် အရိပ်အယောင် နည်းနည်းတောင် ရှိမနေသည့်.. ။

အေးစက်စွာ... ကျွန်တော် ပြုံးလိုက်မိသည်...။
ဘာအဓိပ္ပါယ်မှ မပါပဲ... ဒီအတိုင်း ပြောစရာ စကားမရှိသဖြင့် ... ပြုံးလိုက်သလိုမျိုး...။

ကျွန်တော့် စာအုပ်အား.. ဆွဲယူ ပိတ်လျက်.. မီးအိမ်ကို လှမ်းပိတ်ကာ... ရင်ခွင်ထဲဆွဲသွင်းသည်...။

" အိပ်တော့.. လေယာဉ်ပေါ်မှာ အိပ်ရေးမဝရင် ခေါင်းမူးနေမယ်... "

တင်းကျပ်လွန်းနေသည့် လက်မောင်းတွေကြား.. အနည်းငယ် ကျဉ်းကျပ်နေသဖြင့် ရုန်းလိုက်မိသည့်အခါ.

" Sorry ... Luhan... "

ပြေလျော့သွားသော ... လက်မောင်းတို့နဲ့ အတူ.. သူ တစ်ဖက်လှည့်လျက် အနည်းငယ် ခွာသွားသည်....။

ဘာခံစားချက်မှ မပါဝင်သလို ကျလာသည့် မျက်ရည်များအား.. ကျွန်တော် မသိချင်ယောင်ဆောင်ခဲ့သည်...။

ဟောင်းနွမ်းနေပြီးသား.. ကြိုးတစ်ချောင်းအား.. ကျွန်တော် အနည်းငယ်ရုန်းသည်နှင့် ပြတ်သွားတော့မည့် ခံစားချက်မျိုး ဖြင့် ကျွန်တော် အော်ဟစ် ငိုကြွေးပစ်ချင်ပေမယ့်.....။

မျိုသိပ်ထားလျှင်... ထိန်းချုပ်ထားလျှင်... အေးစက်စက် သူ့အပြုအမူများအား.. ကျွန်တော် အနိုင်ရသွားသလို ... ထင်မိသဖြင့်... ထိုအရေးမပါသော... မာနအား.. ရှေ့တန်းတင်ခဲ့မိသည်....။

•••

လေယာဉ်ခရီးစဉ် တစ်လျှောက်လုံး.. ဘေးမှာ သူရှိနေသည်ကို ဂရုမစိုက်မိနိုင်လောက်အောင် ကျွန်တော် အာရုံတွေ ပျံ့လွင့်နေခဲ့သည်....။

ကျွန်တော့်တို့ရဲ့ တစ်ချိန်က အမှတ်တရတွေက ဒီလို အေးစက်မနေဘူး...။

" Luhan... "

ကျွန်တော့်လက်များကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သော လက်နွေးနွေးကြောင့် အသိဝင်လာကာ လှည့်ကြည့်သည့်အခါ... ပြုံးလျက် သူကြည့်နေသည်..။

" ကိုယ်တို့ မကြာခဏ ခရီးထွက်သင့်တယ်နော် .."

ကျွန်တော် နည်းနည်းပြုံးမိသွားသည်...။
( မကြာ ခဏ ) ဆိုသော စကားအား... ရယ်မောပစ်လိုက်ချင်ပေမယ့်... ထိန်းချုပ်လိုက်ရသည်..။

သို့သော်... ဂျယ်ဂျုးကျွန်းသို့ လေယာဉ်ဆိုက်ရောက်တာနဲ့ .. ဟိုတယ်များဆိုင်ရာ အစည်းအဝေး ဟူသော ခေါင်းစဉ်ဖြင့်.. လာကြိုသည့် ကားတစ်စီးနောက် လိုက်သွားသည့် သူ့ကို ကြည့်ပြီး... ကျွန်တော် အသံထွက်သည် အထိ ရယ်မောမိတော့သည်...။

ဒီလိုဆိုတော့ .. မကြာခဏ ဆိုတဲ့ သဘောတရားမှာ.. သူ့အလုပ်ကိစ္စနဲ့ ပူးတွဲဆိုလိုခြင်း ဖြစ်နိုင်သည်....။

ကားတစ်စီး စီစဉ်ပေးထားခဲ့ပြီး.. ကမ်းခြေအနီးရှိ အိမ်သို့ ကျွန်တော် တစ်ယောက်တည်း သွားနှင့်သည်...။
မရောက်တာ.. တစ်နှစ်ကျော်ကြာခဲ့ပေမယ့်.. ဝန်ထမ်းများကြောင့် သန့်ရှင်း သပ်ရပ်နေလိမ့်မည်....။

အဝါရောင်ဖျော့ဖျော့ ခြံစည်းရိုးအား... လက်ဖြင့် ဖွဖွ ထိမိတော့....။
______________________________________

" အဲ့ဒီဘက်မှာ မညီတော့ပါဘူးဆိုနေ... ခင်ဗျားက ဆေးတောင် မသုတ်တတ်တာ... ဘယ်လို CEO လဲ .. "

ညစ်ကျယ်ကျယ် ပြုံးလျက် ကျွန်တော့်အနား ကပ်လာသော သူ့အား လန့်ကာ.. အနောက်ကို ဆုတ်မိသည့်အခါ.. သုတ်လက်စ ခြံစည်းရိုး၏ ဆေးဝါဝါများက အကျႌတွင် ပေကုန်တော့သည်....။

" CEO က ဆေးမှ မသုတ်ရဘဲ.. ကလေးရဲ့ .. "

စူပုပ်နေသော ကျွန်တော့်ပါးနှစ်ဖက်အား.. ဆေးတွေ ပေနေသော သူ့လက်ဖြင့် ဖျစ်ညှစ်သည်...။
ကျွန်တော် အော်ဟစ်ပစ်သည့်အခါ.. သူ ရယ်မောလေသည်..။

ထိုအချိန်က သူ့ရယ်သံတွေက အနှောင်အဖွဲ့ကင်းနေခဲ့သလိုမျိုး....။
______________________________________

ဟောင်းနွမ်းလာသည့်အခါ... အရောင်ဖျော့သွားတတ်သည့်အထဲ ချစ်ခြင်းတရားရော ပါဝင်သလား... ကျွန်တော် သံသယဝင်မိသည်...။

ခြံတံခါးအား... တွန်းဖွင့်လျက်... ကျောက်တုံးတွေ စီစီရီရီ ခင်းထားသော လမ်းဘေး တစ်ဖက်တစ်ချက်အား ငေးကြည့်မိတော့.. မြက်ခင်းပြင်ထဲ ဟိုတစ်စု သည်တစ်စု ပျံ့နှံ့ ပေါက်ရောက်နေ့သည့် နှင်းပန်းဖြူဖြူတွေ.... ။
______________________________________

" Luhan ရာ... လိမ္မာပါတယ်.. မနက်အစောကြီး ရှိသေးတာကို...ညနေမှ စိုက်ကြရအောင်ကွာ.. နော်.. "

ကြက်သွန်ဥအရွယ်အစားရှိ ပန်းပင်ငယ်များနဲ့ ဥဖြူဖြူများအား.. ကိုင်ထားလျက် ကျွန်တော် ခေါင်းခါပြလိုက်သည်...။

" ကျွန်တော်က အခုစိုက်ချင်တာ... ခင်ဗျား .. အိပ်ချင်... သွား အိပ်ပေါ့ .. "

နောက်ဆုံးတော့ ကျွန်တော့်ကို စိတ်မချပဲ... အပင်စိုက်သည့် ဂေါ်ပြား အသေးအား ကိုင်လျက် သူ ကျွန်တော့်ဘေးရောက်လာသည်...။

အိပ်ရေးမဝသည့်အခါ.. သိပ်ချစ်စရာကောင်းသည့် သူက ထုံးစံအတိုင်း မျက်ခုံးထူထူများအား ကျုံ့လျက်...။
နှုတ်ခမ်းဖူးဖူးတို့က အနည်းငယ် အလိုမကျလျက်...။

မြေကြီးများအား.. မဆွချင် ဆွချင်ဖြင့် နှေးတိနှေးကန် လုပ်နေသည့် သူ့ပုံစံက သိပ်အသည်းယားစရာကောင်းသည်...။

အဲ့ဒီလို သူ့ပုံစံက .. လုပ်ငန်းများစွာ ဦးစီးနေသည့် လူကြီးလူကောင်းတစ်ဦးမဟုတ်....။
မိန်းမတစ်ယောက်နှင့် လက်ထပ်ပြီးသား.. ယောကျ်ားတစ်ဦးမဟုတ်...။

အဲ့ဒီလို သူ့ပုံစံက ကျွန်တော် တစ်ဦးတည်းသာ... မြင်တွေ့နိုင်သည့်... ကျွန်တော့်အား... သိပ်ချစ်သည့် လူတစ်ဦး၏ ပုံစံမျိုး....။

ဖျတ်ခနဲ သူ့နှုတ်ခမ်းများအား.. နမ်းလိုက်တော့ ... စူးစူးရဲရဲ ကျွန်တော့်အား လှည့်ကြည့်သည့် မျက်လုံးများက ခုနက အိပ်ချင်နေသည့် သူ မဟုတ်သလို....။

ရုတ်တရက် ကျွန်တော့်အား မြက်ခင်းပေါ် သူ လှဲချလိုက်သည်...။ သိမ်းငှက်တစ်ကောင်လို မျက်ဝန်းတွေက အုပ်မိုးလျက်...။

အဲ့သည့် မနက်က ကျွန်တော်တို့ နှင်းပန်းတွေ မစိုက်ဖြစ်ခဲ့ကြ...။

ထိုအချိန်ကတော့.. ကျွန်တော်တို့ အချစ်သည် နှင်းပန်းဖြူဖြူတွေ အပြစ်ကင်းစင်နေခဲ့သလိုမျိုး...။
______________________________________

အိမ်တံခါး အရှေ့ရှိ မသေမသပ် နှစ်ယောက်ထိုင် ကုလားထိုင်အား.. ကျွန်တော်မြင်မိတော့.... ရယ်မောမိပြန်သည်...။

အိမ်ထဲ မဝင်ဖြစ်သေးပဲ.. ထို ကုလားထိုင်တွင် ခဏ ထိုင်ကြည့်လိုက်သည်....။
ကျိုးကျမသွားဖို့တော့ ဆုတောင်းရသေးသည်...။
တန်းတွေ သံတွေ ခိုင်မခိုင် သိပ် မသေချာဘူး မဟုတ်လား... ။

ညာဘက်လက်ရန်းတွင် တရုတ်စာလုံးဖြင့် ကျွန်တော်တို့ နှစ်ယောက်၏ နာမည်အတိုကောက်များအား ထွင်းထားသည်...။

( ကလေးကလားနဲ့ .. ) ဆိုသော ခပ်တိုးတိုး အသံအား ကြားယောင်လာမိသည့်အခါ... ထိုစာလုံးများအား.. တို့ထိကြည့်မိလိုက်တော့.....။
______________________________________

ပျဉ်ပြားတွေကို မညီမညာစီလျက် ရိုက်ထားသော.. သစ်သားခုံတန်းကို ကြည့်ပြီး သဘောကျစွာ ကျွန်တော် ရယ်သည့်အခါ.. သူ မကြည်သလို ကြည့်သည်...။

ထို့နောက် ခပ်တည်တည်ဖြင့် လက်ပိုက်လျက်... အတော်လေး ကဗျာဆန်စွာ မညီမညာဖြစ်နေသော သူရိုက်ထားသည့် သစ်သားခုံတန်းအား... လက်တန်းတွေ တပ်လျက်... ကုလားထိုင်နဲ့ တူတယ် မဟုတ်လား ဟု မေးသည့်အခါ... ကျွန်တော် အကျယ်ကြီး.. အော်ရယ်မိတော့သည်...။

လက်ရန်း တစ်ခုပေါ်တွင်... အချွန်တစ်ခုဖြင့်.. ကျွန်တော်တို့ နှစ်ယောက်၏ နာမည်များအား.. အတိုကောက် ရေးထိုးသည့်အခါ..

( ကလေးကလားနဲ့.. ) ဟု တိုးတိုးပြောလျက်.. သူပြုံးနေခဲ့သည်...။

ထိုအချိန်ကတော့...ပျော်ရွှင်မှုဆိုသည့်အရာဟာ.. ကျွန်တော် ထွင်းထားခဲ့သည့် .. စာလုံးတွေလို အမြဲတမ်းရှိနေမည်လို့ ထင်ခဲ့မိသလိုမျိုး...။
______________________________________

တင်းကျပ်လာသော .. ရင်ဘတ်တစ်နေရာက ကျွန်တော့်အား.. သတိပေးနေသလိုမျိုး...။
ကျွန်တော် ဝမ်းနည်း တုန်ရီလာခဲ့သည်...။

ကျွန်တော်တို့ ဘယ်လိုမျိုး.. တည်ဆောက်ခဲ့ရတဲ့ အရာတွေလဲ... ။
ဘုရား... ဘုရား... ဒါတွေကို ကျွန်တော် ကျောခိုင်းလိုက်ဖို့ စိတ်ကူးနေခဲ့တာပေါ့...။

ကျွန်တော့်ရဲ့ ကလေးဆန်ဆန် ဂရုစိုက်ခံချင်မှုတွေနဲ့
အမှတ်တရအားလုံးကို ဖျက်ဆီးပြီး .အရွဲ့တိုက်ပစ်ဖို့ တွေးနေခဲ့တာပေါ့...။

ဘာမှမဟုတ်သည့် မာနတွေအား... ဦးစားပေးပြီး...
နှလုံးသားအား ဘေးဖယ်လျက်... ကျွန်တော်က အနိုင် အရှုံးတွေ တွက်နေခဲ့တာပေါ့...။

သစ်သားကုလားထိုင်နား.. ဒူးထောက်ထိုင်လျက် နာနာကျင်ကျင် ငိုကြွေးနေခဲ့သည်....။
ကျွန်တော်က .. ကျွန်တော်က သူ့ကို သိပ်ချစ်ရဲ့သားနဲ့... ဘာဖြစ်လို့ အရေးမပါတာတွေ စဉ်းစားမိခဲ့ရတာပါလိမ့်...။

နွေးထွေးကြင်နာသော လက်တို့က ကျွန်တော့်အား ဆွဲဖက်လျက် ဖြေးဖြေးချင်း ထစေသည်.....။

" ကလေး... "

ကျွန်တော် အင်အားချည်နှဲ့စွာ သူ့အား မှီတွယ်လိုက်သည်...။

" ကျွန်တော်... ကျွန်တော်လေ... "

ဆက်မပြောနိုင်ပဲ... ကျွန်တော် ရှိုက်လိုက်မိသည်...။
သည်ရင်ခွင်အား... စွန့်လွှတ်ပစ်လိုက်ဖို့.. တွေးမိအောင် ကျွန်တော် ရူးနေခဲ့ပုံရသည်...။

•••

ကျွန်တော့် ပုခုံးများအား တင်းတင်းဖက်လျက် အိမ်ထဲသို့ သူ ဝင်လာခဲ့သည်....။
Sofa ခုံတွင် ကျွန်တော့်ကို ထိုင်စေလျက် သူ ထသွားမည့်ဟန်ပြင်သောအခါ.. ကျွန်တော် ဆွဲထားမိသည်..။

" ကျွန်တော့် အနားမှာနေပါလား...."

သူ ပြန်ထိုင်လျက် ကျွန်တော့်ကို ပွေ့ဖက်ထားသည်...။
စည်းချက်ညီနေသော.. နှလုံးခုန်သံအား.. ကျွန်တော် နားထောင်လျက်... ငြိမ်သက်နေမိသည်.....။

" ကိုယ် မင်းကို သိပ်ချစ်တယ်... "

ကျွန်တော် မျက်ရည်များကြားမှ ပြုံးလိုက်သည်...။

" ယုံရဲ့လား.. ကလေး.. "

အသံတိတ် ခေါင်းညိတ်ပြတော့ .. သူ ပေါ့ပါးစွာရယ်မောလေသည်..။
ကျွန်တော့် နှလုံးသားထဲအထိ စီးဝင်သွားသလို...။

" ကိုယ်တို့ လမ်းခွဲပစ်လိုက်ဖို့... မလွယ်မှန်း.. အခု မင်း သဘောပေါက်ပြီလားဟင်.... "

မေးခွန်းမဟုတ်ပေမယ့် အမိန့်ဆန်နေသည့် အငွေ့အသက်တို့နှင့်....။

နူးညံ့ညင်သာစွာ ကျွန်တော့်မေးဖျားအား ဆွဲမော့လျက် သူပြုံးလေသည် ..။

" ကိုယ့်ကို ထားခဲ့ဖို့ တွေးဦးမှာလား... ကလေး.. "

တွေဝေဆုတ်ဆိုင်းခြင်းကင်းမဲ့စွာ ကျွန်တော် ဖြေခဲ့သည်..။

" ဟင့်အင်း.. "

ယုံကြည်မှုတွေနဲ့ တွန့်ချိုးသွားသည့် နှုတ်ခမ်းစွန်းတွေက သိပ် စွဲမက်စရာကောင်းသည်...။

" လိမ္မာတယ် "

•••

ကျောက်ဆောင်အား... တဝုန်းဝုန်း ရိုက်ခတ်နေသည့် လှိုင်းသံများက အနည်းငယ် ဆူညံသော်လည်း... ကျွန်တော့် နားထဲတွင်တော့.. သူ့ အသက်ရှုသံဖွဖွက ကြီးစိုးလျက်...။

ခပ်နွေးနွေး သဲသောင်ပေါ်တွင် သူ့ရင်ခွင်အတွင်း မှီလျက် နေဝင်ချိန်အား... ငေးမောရခြင်းကို ကျွန်တော် ချစ်သည်...။
ရံဖန်ရံခါ... နှုတ်ခမ်းတို့က ကျွန်တော့်ပါးပြင်အား.. ကျီစယ်လျက်...။

ကျွန်တော် သူနဲ့ ဝေးပစ်လိုက်ဖို့ တကယ်တမ်း မဖြစ်နိုင်ပါလား... လို့ တွေးမိသည့်အခါ...
လွန်ခဲ့သော ရက်ပိုင်းက ကျွန်တော့်ကိုယ် ကျွန်တော် တုတ်နဲ့ ရိုက်ပြီး.. ဆုံးမပစ်ချင်သွားသည်...။

သံသယဆိုသော မကောင်းဆိုးဝါးအား.. ကျွန်တော့်နှလုံးသားကို နောက်တစ်ဖန် ဝင်ရောက်နှောင့်ယှက်ခြင်း မပြုစေရန် သေချာ စောင့်ရှောက်ရပါဦးမည်...။
ဆိုဂ်ဳး ပုလင္းတစ္ခ်ိဳ႕က ေထာင္လ်က္.... လဲလ်က္...။
စီးကရက္ အပိုင္းအစတစ္ခ်ိဳ႕က ဟို တစ္စ သည္တစ္စ..။

TV ဖန္သားျပင္မွ ရုပ္ပံုတို႔အား စူးစိုက္ၾကည့္လ်က္ရွိေသာ.. မ်က္လံုးတို႔သည္... တင္းမာလ်က္...။ တစ္ၿပိဳင္နက္တည္းမွာပဲ.. အားငယ္လ်က္....။

ရယ္ျပံဳးလ်က္ ရွိေသာ... အမ်ိဳးသားသyည္... သိမ္ေမြ႕ႏူးညံ့စြာလွပသည့္.. အမ်ိဳးသမီး၏ ေဘးတြင္ .. ဧည့္သည္မ်ားအား ႏႈတ္ဆက္ေနသည္..။
ကုမၸဏီႀကီးတစ္ခု၏ ႏွစ္ပတ္လည္ ညစာ စားပြဲ...။

ေမွာင္ရိပ္ထဲမွ... ႏႈတ္ခမ္းပါးတို႔က .. ခပ္မဲ့မဲ့ ျပံဳးသြားၾကသည္...။

ရက္ေတာ္ေတာ္ၾကာ... ထမင္းစားခဲ့ပံုမရေသာ.. ခနၱာကိုယ္က အားနည္းလာေနသည္...။ အနည္းငယ္ အားယူကာ... TV ကို ထပိတ္ရန္ ႀကိဳးစားမိသည္...။

ဆက္ၾကည့္ေနႏိုင္သည့္ အင္အားလဲမရွိေတာ့...။ ၿပိဳလဲသြားေသာ ကိုယ္က.. ၾကမ္းျပင္ေပၚ ေထြးေပြ႕သူ ကင္းမဲ့လ်က္.. က်သြားခဲ့သည္...။ ဆိုဂ်ဳးပုလင္းေတြအား တိုက္မိကာ လဲက်သံမ်ား.. ေပၚထြက္လာခဲ့သည္...။

ကၽြန္ေတာ္ နာနာက်င္က်င္ ရယ္ေမာမိသည္...။ ရင္ဘက္တစ္ေနရာက တဆစ္ဆစ္ ကိုက္ေနသည္...။
ဒီလို အေျခအေနေပါင္းမ်ားစြာ... ထပ္ခါတလဲလဲ ျဖတ္ေက်ာ္ခဲ့ၿပီးသား မဟုတ္လား...။

အမွန္ဆို... ကၽြန္ေတာ္ အေလ့အက်င့္ ျဖစ္သြားရေတာ့မွာေလ...။
ဘယ္လို ျဖစ္ေနရတာလဲ.. ကၽြန္ေတာ္က... ။

အႀကိမ္ေပါင္းမ်ားစြာ ၾကံဳေတြ႕ခဲ့ၿပီးသည့္တိုင္... ထို မိန္းမနဲ႔ အတူ သူ႔ကို တြဲျမင္ေနရသည့္ အခါတိုင္းက ကၽြန္ေတာ့္အတြက္ ငရဲပဲ ျဖစ္သည္...။

တံခါးေခါက္သံ ခပ္တိုးတိုးနဲ႔အတူ.... အိမ္ေတာ္ထိန္း ဦးေလး၏ အသံ ထြက္ေပၚလာသည္..။

" .... Luhan... ထမင္း နည္းနည္းျဖစ္ျဖစ္... စားလိုက္ပါဦး... သား.. "

ကၽြန္ေတာ္ အခုခ်ိန္ လိုအပ္ေနတာ ထမင္းမွ မဟုတ္ပဲ...။
မသိၾကဘူးလား.....။ သိပ္ညံ့တာပဲ...။

" ေခၚေပး...!! Wu Yifan ကို !! အခုခ်က္ခ်င္း.. ! "

"...... "

" မလုပ္ႏိုင္ဘူးမလား ! .. သြားေတာ့.. ! အဲ့ဒီလို မလုပ္ေပးႏိုင္ဘဲနဲ႔... !!! "

တံခါး အျပင္ဘက္မွ တိတ္ဆိတ္သြားေလသည္..။
ညံ့လိုက္တာ... ။ သူတို႔ မသိၾကဘူး...။ ကၽြန္ေတာ္ ဘာကို လိုအပ္တယ္ဆိုတာကို..။

စူးရဲေသာ အၾကည့္တို႔က TV ဖန္သားျပင္ကို ေရာက္သြားၾကျပန္သည္...။
သူတို႔ ျပံဳးေနလိုက္ၾကတာ..။ ဟင့္အင္း...အဲ့ဒါ.. ကၽြန္ေတာ့္ရဲ႕ အရႈံးေတြ...။

မျမင္ခ်င္ဘူး...။ လူေတြဟာ ကိုယ့္ အရႈံးကို ျပန္ျမင္ရသည့္အခါ.. ဒီလိုပဲ နာက်င္တတ္ၾကသလား ကၽြန္ေတာ္ မသိ...။

ခြမ္း !..

ထို ပံုရိပ္တို႔အား....လက္ထဲရွိ ပုလင္းျဖင့္ ေကာက္ေပါက္ပစ္လိုက္ေတာ့သည္..။

ေအာင့္တက္လာသည့္ ဝမ္းဗိုက္အား.. လ်စ္လ်ဴရႈလ်က္..
ဘယ္ႏွစ္ပုလင္းေျမာက္မွန္း မသိသည့္... ဆိုဂ်ဴးကို ေမာ့ခ်လိုက္မိသည္...။

သတိလြတ္တစ္ခ်က္... မလြတ္တစ္ခ်က္ ျဖစ္ေနရာမွ..
စူးစူးဝါးဝါး ထိုးေအာင့္တက္လာသည္...။

တစ္ခုခု ျဖစ္သြားစမ္းပါေစ...။

ကၽြန္ေတာ္ ေသမေလာက္ နာက်င္ရၿပီးမွ... ခင္ဗ်ား ေဘးနား ရွိေနႏိုင္မယ္ဆို ဘာအေရးလဲ...။
အရာအားလံုးနဲ႔ လဲပစ္လိုက္ဖို႔.. ခင္ဗ်ားက ထိုက္တန္ၿပီးသား...။

•••

လွစ္ဟထားသည့္ လိုက္ကာစမ်ားၾကားမွ ေနေရာင္စူးစူးက ကၽြန္ေတာ့္ကို အေႏွာင့္အယွက္ေပးလ်က္ရွိသည္...။
မ်က္လံုးမ်ားကို ခပ္ေျဖးေျဖး ဖြင့္လိုက္ေသာ္လည္း..
ဦးေခါင္းက ဆစ္ခနဲ.. ဆစ္ခနဲ ထိုးကိုက္လာသည္..။

ဘယ္ဘက္ လက္ဖ်ံက ေအာင့္ေနေသာေၾကာင့္ ၾကည့္မိေတာ့.... ။
ကၽြန္ေတာ္ Drip ခ်ိတ္ထားရသည္ပဲ...။

ကုတင္ေဘးနားရွိ ခံုေပၚတြင္ ေရပတ္ဝတ္အစ ရွိေနသည္..။
အခန္းက သန္႔ရွင္း သပ္ရပ္ေနသည္...။

သူေရာ.... သူ ေရာက္မလာခဲ့ဘူးလား...။ ကၽြန္ေတာ္ ဒီေလာက္ ေနမေကာင္းတာကို...။ ကၽြန္ေတာ္ အားနည္းေနတာကို...။

ေဝ့ဝဲတက္လာေသာ မ်က္ရည္တို႔အား... ပုတ္ခတ္ပစ္လိုက္သည္...။

" Luhan... "

အခန္းထဲဝင္လာသည့္.. ေျခသံနဲ႔အတူ.. သူ႔ အသံကို ၾကားလိုက္ရသည္ ..။ ကၽြန္ေတာ္ လွည့္ၾကည့္မိေတာ့.. လက္ထဲမွာ .. ပန္းကန္တစ္လံုးကို ကိုင္ထားလ်က္..။
ကၽြန္ေတာ္ တဖက္လွည့္ကာ.. ျပံဳးလိုက္မိသည္...။

သူ ကၽြန္ေတာ့္ကို ပစ္မထားဘူး...။

ကုတင္ေဘးနားက .. ခံုတစ္ခံုအား ဆြဲယူထိုင္ၿပီး.. လက္တစ္ဖက္က ကၽြန္ေတာ့္ နဖူးအား ခပ္ဖြဖြ လာထိသည္..။

" မင္း ေမ့ေနတာ.. ၃ရက္ေတာင္ရွိၿပီ... ေျပာ.. ဘာလို႔ ထမင္းမစားလဲ... "

၃ရက္ေတာင္...။ ကၽြန္ေတာ္ ၃ရက္ေတာင္ ေမ့သြားတာလား...။

အဲ့ဒါထက္ အေရးႀကီးသည္က .. သူ ၃ရက္လံုး.. ကၽြန္ေတာ့္ေဘးမွာ ရွိေနသလား . ဆိုတာပဲ..။

" ကၽြန္ေတာ့္ ေဘးမွာ.. တစ္ခ်ိန္လံုးရွိေနခဲ့တာလား... "

သက္ျပင္းဖြဖြ သူခ်လိုက္သည္...။ ထို႔ေနာက္... ကၽြန္ေတာ့္ကို ခပ္တည္တည္ ၾကည့္သည္ ...။

" ဟုတ္တယ္... မင္း ေမ့ေနတဲ့ ၃ရက္လံုး... ကိုယ္ ဒီမွာ ရွိတယ္... အလုပ္ေတြကို ပစ္ထားၿပီးေတာ့.. ရွယ္ယာရွင္ အစည္းအေဝးေတြကို ဖ်က္ၿပီးေတာ့... "

သူ ကၽြန္ေတာ့္ကို မေက်နပ္ဘူး..။ ကၽြန္ေတာ္ သိတာေပါ့...။
သို႔ေသာ္ ကၽြန္ေတာ္ကေတာ့ ေက်နပ္သည္...။

" ေက်နပ္ၿပီလား.. အခုလို ဆနၵျပလိုက္ရေတာ့... "

သူ နည္းနည္းမွ မျပံဳးဘူး..။ ဘာျဖစ္ေသးလဲ...။ ကၽြန္ေတာ္က သူ႔ရဲ႕ ဘယ္လို စိတ္အေျခအေနမ်ိဳးကို မဆို..
ခ်စ္ျမတ္ႏိုးတယ္. ..။

သူ စိတ္ဆိုးသည္ျဖစ္ေစ... ။ မဆိုးသည္ျဖစ္ေစ...။

ဘယ္လိုပဲ ျဖစ္ျဖစ္ သူက ကၽြန္ေတာ့္ရဲ႕.. Wu Yifan...။

" ေက်နပ္တာေပါ့... ခင္ဗ်ား... ေရာက္လာၿပီပဲ... "

ကၽြန္ေတာ္ သူ႔လက္ဖ်ားမ်ားကို ခပ္ေျဖးေျဖး ဆုပ္ညစ္လိုက္ေတာ့.. သူ အသာ ရုန္းထြက္သည္...။

"... မင္း အစာအိမ္မွာ အနာျဖစ္ခါနီးဆဲဆဲပဲ... ကိုယ့္ အေျခအေနေရာ.. ကိုယ္ သိရဲ႕လား.. Luhan...."

ခင္ဗ်ားေရာ သိလို႔လား.. ။ ကၽြန္ေတာ့္ ႏွလံုးသားေတြလဲ .. တစစီ ျဖစ္ခါနီး ဆဲဆဲ ဆိုတာ... ။

ထိုင္ခံုမွာ ထိုင္ေနရာက ကုတင္ေပၚ ေဘးေစာင္းထိုင္ရင္း..
ရုတ္တရက္ သူ ကၽြန္ေတာ့္ကို ေပြ႕ဖက္ထားသည္...။
သူ႔ မ်က္လံုးေတြ ႏူးညံ့ၿငိမ္သက္လာၿပီ....။

" ဒီလိုမ်ိဳးေတြ ခဏ ခဏ မလုပ္ပါနဲ႔... ကေလးရယ္..
မင္းသိရဲ႕သားနဲ႔.. ကိုယ္ မင္းကို ဘယ္ေလာက္ ခ်စ္တဲ့ အေၾကာင္း..."

ေႏြးေထြးေသာ... သူ႔ ရင္ခြင္ထဲ ကၽြန္ေတာ္ အသာေမွးရင္း... ႏွလံုး ခုန္သံတို႔အား နားစြင့္ေနမိသည္...။
ဒီရင္ခြင္ဟာ ကၽြန္ေတာ္ တစ္ဦးတည္း အပိုင္ ျဖစ္လာဖို႔..
ဘာမ်ား ထပ္ေပးဆပ္ရဦးမလဲ.....။
ဒီႏွလံုးခုန္သံေတြကို တစ္ျခား တစ္စံုတစ္ေယာက္မွ နားေထာင္ ခြင့္မရွိေအာင္ ဘယ္လိုမ်ား...တားျမစ္ႏိုင္ဦးမလဲ..။

ဟင့္အင္း... ကၽြန္ေတာ္ ဘာမွမတတ္ႏိုင္ဘူး...။

" ဆန္ျပဳတ္စားမယ္ေနာ္.... ကိုယ္ ခြံ႕ေပးမယ္..... "

ကၽြန္ေတာ့္ အာရုံက ထိုႏႈတ္ခမ္း ဖူးဖူးတို႔၏ အဖြင့္အပိတ္ လႈပ္ရွားမႈမ်ားတြင္သာ ရွိသည္...။ ၿပီးေတာ့..
စကားေျပာလိုက္တိုင္း .. လႈပ္ရွားသြားတတ္သည့္ သူ႔
ပါးျပင္ေပၚက ေသြးျခည္မၽွင္ စိမ္းစိမ္းေတြ...။

ရွည္လ်ားေသာ လက္ေခ်ာင္းသြယ္သြယ္တို႔က
ဆန္ျပဳတ္ ပန္းကန္အား လွမ္းယူလ်က္ ....
ဆန္ျပဳတ္ ေႏြးေႏြး အား ခပ္ကာ.. ကၽြန္ေတာ့္ကို တိုက္သည္...။

သူဟာ ဘယ္ေလာက္ေတာင္ ၾကင္နာ သိမ္ေမြ႕တတ္သည့္ လူလဲ..။

တရားဝင္ လက္ထပ္ထားၿပီးေသာ... ေယာက်္ားတစ္ေယာက္အား... တြယ္ကပ္ေနျခင္းက... အမ်ားအျမင္တြင္
ဆိုးရြားလြန္းသည့္.. ယုတ္ညံ့မႈ တစ္ခုလား...။

သူတို႔မွ မျမင္ခဲ့ပဲ... သူတစ္ပါးဆီေရာက္ေနတဲ့ ကၽြန္ေတာ့္ ႏွလံုးသားကို ...။ သူတို႔ နားလည္ႏိုင္မွာမွ မဟုတ္ပဲ.. ကၽြန္ေတာ့္ရဲ႕ နာက်င္မႈေတြကို....။

" ကၽြန္ေတာ့္ အနားမွာပဲ ေနပါလား.... "

သူ သက္ျပင္းခ်သည္.....။ စိတ္ရႈပ္ရျပန္ၿပီေပါ့.. ကၽြန္ေတာ့္ေၾကာင့္.. ။

" အဲ့ဒါက အေကာင္းဆံုး အေျဖမဟုတ္တာ ကိုယ္တို႔ႏွစ္ေယာက္လံုး သိရဲ႕သားနဲ႔..Luhan ရယ္.."

ဒါျဖင့္.. ကၽြန္ေတာ္ နာက်င္ေနရျခင္းက အေကာင္းဆံုး အေျဖေပါ့ ..။
ကၽြန္ေတာ့္ ရင္ဘတ္တစ္ခုလံုး စုတ္ျပတ္သတ္ေနတာက ျဖစ္သင့္တဲ့ တရားမၽွတျခင္းေပါ့...။

သို႔ေသာ္... ကၽြန္ေတာ္ ဘာတစ္ခြန္းမွ ထပ္မဟေတာ့ပါ...။

" ဒီေန႔ညေတာ့.. ဒီမွာ အိပ္မယ္မလား.. "

သူ ကၽြန္ေတာ့္ကို ငံု႔ၾကည့္ရင္း.
နဖူးေပၚသို႔ တစ္ခ်က္နမ္းကာ.. ေခါင္းညိတ္ျပေလသည္..။

ေက်နပ္စြာ.. လက္သင့္ခံထားၿပီးေသာ... အမွားေတြ အတြက္ တရားမၽွတစြာ... ကၽြန္ေတာ္ နာက်င္ရလိမ့္မည္..။

သို႔တိုင္ေအာင္.. ဘယ္ေသာအခါမွ ကၽြန္ေတာ္ ေနာင္တရလိမ့္မည္မဟုတ္...။

ကၽြန္ေတာ့္ မ်က္ရည္ေတြ ခမ္းေျခာက္သြားသည့္တိုင္...။

ကၽြန္ေတာ့္ အိပ္မက္ေတြအား..စြန္႔လႊတ္ ေပးဆပ္ရသည့္တိုင္...။

ကၽြန္ေတာ့္ ႏွလံုးသား မြစာၾကဲသြားသည့္တိုင္....။

ႏူးညံ့ သိမ္ေမြ႕ေသာ.. သူ႔ အမိန္႔ေတြေအာက္မွာ... ကၽြန္ေတာ့္ရဲ႕ အရာရာ အားလံုးသည္.... အသားတက် နာခံေသဝပ္ၿပီးသား ျဖစ္ေနခဲ့ၿပီးၿပီ...။

•••

အကယ္၍ ကၽြန္ေတာ္တို႔သာ....ေစာၿပီး ေတြ႕ခဲ့ၾကလၽွင္ ဘယ္ေလာက္မ်ားေကာင္းလိုက္မလဲ လို႔ အႀကိမ္ ႀကိမ္ေတြးၾကည့္မိဖူးသည္...။

မိန္းမတစ္ေယာက္က တရားဝင္ပိုင္ဆိုင္ထားေသာ.. ေယာကၽ္ားတစ္ေယာက္ မျဖစ္ခင္အခ်ိန္မွာ...သူ႔ကို ကၽြန္ေတာ္ေတြ႕ခဲ့ရမွာ...။

အဲ့သည္လိုဆို.. သည္ေလာက္ မရႈပ္ေထြးေလာက္ဘူး....။
ေယာက်္ားေလးႏွစ္ေယာက္ ခ်စ္ေနသည့္တိုင္ ... သည္ေလာက္ နာက်င္စရာမေကာင္းေလာက္ဘူး ထင္ရဲ႕..။

အခုေတာ့... ကၽြန္ေတာ္တို႔က သဘာဝတရားကို ဆန္႔က်င္ေနရုံမက.. လူ႔က်င့္ဝတ္ကိုပါ ေဖာက္ဖ်က္ၿပီးသားျဖစ္ခဲ့ၿပီ....။

အခု အခ်ိန္မွေတာ့.. ကၽြန္ေတာ္ ေနာက္ဆုတ္ဖို႔ မႀကိဳးစားႏိုင္ေတာ့...။ အရာအားလံုးက ေနသားတက်... ျဖစ္သြားၿပီ...။
အခု အခ်ိန္မွေတာ့ ကၽြန္ေတာ္ သူ႔ကို လက္လႊတ္ အေလၽွာ့ေပးႏိုင္မည္မဟုတ္....။

သူေရာ... ကၽြန္ေတာ့္ကို စြန္႔လႊတ္ႏိုင္လိမ့္မလား....။
ဟင့္အင္း... မေသခ်ာဘူး..။

ကၽြန္ေတာ္တို႔ ျပႆနာျဖစ္ၾကၿပီဆိုလၽွင္ ..... သူ႔ကို ထားမသြားဖို႔သာ တဖြဖြ ေျပာေနခဲ့ရင္း... နိဂုံးခ်ဳပ္သြားေလ့ရွိသည့္ သူက .. ကၽြန္ေတာ့္ကို စြန္႔ပစ္မည္ မဟုတ္ ဟု.. ဘယ္တုန္းကမွ မေျပာဖူး....။

ထို မိန္းမနဲ႔ ပက္သက္၍ ကၽြန္ေတာ္ ရန္စသည့္အခါတိုင္းလိုလို... သူက ပါးနပ္ကၽြမ္းက်င္စြာ.. ကၽြန္ေတာ့္ အခ်စ္ေတြကို မီးေမာင္းထိုးျပေလ့ရွိသည္...။

ေနာက္ဆံုး ..... ေနာက္ဆံုးမွာေတာ့... ကိုယ္တိုင္ ဇာတ္မသိမ္းခ်င္ခဲ့ေသာ ျပဇာတ္တစ္ပုဒ္အား... ရင္နာနာျဖင့္ ... ဆက္ ကခဲ့ရျပန္သည္...။

•••

" ေအးတာကို... ဘာလို႔ ျပတင္းေပါက္ႀကီး ဖြင့္ထားလဲ.. "

ကၽြန္ေတာ့္ခါးကို ေပြ႕ဖက္ထားရင္း.. ျပတင္းမွန္ကို ဆြဲကာ..
လိုက္ကာကို ပိုၿပီး ဟလိုက္သည္...။ ထို႔ေနာက္ သူ
ကၽြန္ေတာ့္ ခါးကို ဖက္လ်က္... ပုခံုးေပၚ ေမးတင္လိုက္ရင္း.. ( ပုလိုက္တာ ) လို႔ ခပ္တိုးတိုး ေရရြတ္လိုက္သည္..။

" ဘာေျပာလိုက္တယ္.. "

သူ ဘာမွမေျပာပဲ ျပံဳးစိစိလုပ္ေနသည့္အခါ.. ကၽြန္ေတာ္ ေခါင္းအသာ ေစာင္းရင္း သူ႔ပါးတစ္ဖက္ကို ကိုက္ဆြဲပစ္လိုက္မိသည္...။

သူ တစ္ခ်က္သာ ရႈံ့မဲ့ရင္း ... ျပံဳးေနျပန္သည္...။ သူ႔မ်က္ႏွာေပၚက အေရးအေၾကာင္းအနည္းငယ္အား.. အနီးကပ္ ေငးေမာရင္း... ထို အခိုက္အတန္႔အား... ကၽြန္ေတာ္ ၾကည္ႏူးရျပန္သည္...။

ျပတင္းေပါက္မွတဆင့္ အျပင္ပတ္ဝန္းက်င္အား.. လွမ္းေငးမိေတာ့... တစ္ခါတစ္ရံမွ ျဖတ္သြားတတ္ေသာ.. ကားတစ္စီးတစ္ေလမွ လြဲ၍ တိတ္ဆိတ္ေနျခင္းက ပိုမ်ားေလသည္...။

ရုတ္တရက္ ေဖေဖ့ကို သတိရသြားသျဖင့္... ကၽြန္ေတာ္ မဲ့လိုက္မိသည္..။
သည္အိမ္ႀကီးထဲ ... ကၽြန္ေတာ္ တစ္ေယာက္တည္းလိုလို ျဖတ္သန္းခဲ့ရသည့္ အခ်ိန္ေတြတုန္းက ... ေဖေဖ့ကို အထီးက်န္သည္ဟု.. ေျပာမိသည့္အခါ...

( ေဖေဖ ျပန္လာခဲ့ရမလား ) ဟူေသာ အေျဖအစား..

( ၿမိဳ႕လယ္ေခါင္မွာ အိမ္တစ္လံုးဝယ္ေပးရမလား ) ဟူသည့္ စကားကို
ၾကားခဲ့ရဖူးသည္..။

အခုေတာ့ ကၽြန္ေတာ္ သိပ္အထီးမက်န္ရေတာ့ဘူး.. ထင္သည္...။
အထီးက်န္ျခင္းေတြ အစား.. သံသယနဲ႔ အားငယ္ျခင္းေတြ အစားထိုးလာၾကသည္...။

တစ္လမွာ.. ဆယ္ရက္နီးပါးေလာက္သာ ကၽြန္ေတာ့္ အနား ရွိေပးႏိုင္သည့္ သူ႔ကို ကၽြန္ေတာ္ အျပစ္မတင္ရက္ေပမယ့္..
ျပႆနာေတာ့ ရွာမိသည့္ ကၽြန္ေတာ့္ကိုလဲ အျပစ္မတင္ေစခ်င္....။

ကၽြန္ေတာ္က ျဖစ္ႏိုင္ေခ်မ်ားစြာၾကားထဲ သူ႔ ႏွလံုးသားကို မ်က္စိမွိတ္ ယံုထားရသူ.....။

လွပ၍ ထက္ျမက္လြန္းေသာ အမ်ိဳးသမီးတစ္ေယာက္ အေပၚ နည္းနည္းမွ စိတ္မယိုင္မိဘူး ဟူေသာ သူ႔စကားအား.. မည္သည့္အာမခံခ်က္ျဖင့္ အႂကြင္းမဲ့ ယံုၾကည္လိုက္ရပါ့မလဲ...။

သူ႔အား ယံုၾကည္သည့္တိုင္ ကံၾကမၼာဆိုေသာ လူယုတ္မာ အား ကၽြန္ေတာ္ စိတ္မခ်...။

တဆိတ္... ဆံုးရႈံးရျခင္းေတြ မ်ားစြာရဲ႕ ဆုလာဒ္ အျဖစ္.. သူ႔ကိုေတာ့ ကၽြန္ေတာ္ လက္လႊတ္မခံႏိုင္....။

ဆယ့္ငါးႏွစ္အရြယ္ ကေလးတစ္ေယာက္အား... အိမ္ေတာ္ထိန္း တစ္ခ်ိဳ႕နဲ႔ ထားပစ္ႏိုင္ခဲ့၍ ေငြမွတပါး.. ဘာမွမၾကည့္တတ္သည့္.. ေဖေဖ့ကိုလဲ ကၽြန္ေတာ္ အခုအခ်ိန္တြင္ မတမ္းတမိေတာ့....။

နာမည္ပ်က္ျခင္းနဲ႔ ဂုဏ္သိကၡာအား ထားေတာ့..။ မိသားစုဟူသည့္ အသိုက္အျမံဳအား စြန္႔ခြာရက္၍ ရည္းစားဦးအား... အသက္သခင္ကဲ့သို႔ ကိုးကြယ္သြားခဲ့ေသာ.. ေမေမ့အားလဲ စိတ္မနာခ်င္ေတာ့..။

ကၽြန္ေတာ့္ရဲ႕ ေျခာက္ကပ္အထီးက်န္ေသာ ကနၱာရငယ္သည္.. သူ ဝင္ေရာက္လာခဲ့သည့္ေန႔မွ စ၍
ေျပာင္းလဲ လွပလာသည္...။
ဥပမာ... အိုေအစစ္တစ္ခုလိုမ်ိဳး...။
အကယ္၍ သူ ေပ်ာက္ကြယ္သြားခဲ့မည္ဆိုလၽွင္....။

•••

ကၽြန္ေတာ္တို႔ စတင္ ေတြ႕ဆံုခဲ့သည့္ ေန႔က မိုး ခပ္ဖြဲဖြဲ က်ေနခဲ့သည္... ။

______________________________________

ေခါင္းစြပ္အေႏြးထည္ထူထူအား.. ထပ္ဝတ္လ်က္... ျခံထဲသို႔ ဆင္းလိုက္သည္...။ ခပ္ဖြဲဖြဲ က်ေနေသာ မိုးစက္မ်ားအား.. လက္ဖဝါးျဖင့္ ခံရင္း ထိေတြ႕လိုက္သည္..။

ေခါင္းစြပ္ကို ေဆာင္းဖို႔ ျပင္လိုက္ၿပီးမွ.. စိုလဲ စိုပါေစေတာ့ ဟု ... ဒီအတိုင္း ဆက္ေလၽွာက္မိသည္....။ ျခံအျပင္ထိ ေတာ္ေတာ္ ေဝးေဝး ေလၽွာက္ရ ဦးမည္ ျဖစ္ေသာေၾကာင့္..
ကၽြန္ေတာ္ ေအးေဆးစြာ ေလၽွာက္ေနမိသည္...။

မ်က္ႏွာခ်င္းဆိုင္ ခပ္လွမ္းလွမ္း မွ ကားတစ္စီး ေမာင္းဝင္လာသျဖင့္ ကၽြန္ေတာ္ ရပ္ကာ... မ်က္ေမွာင္ၾကဳတ္လိုက္မိသည္...။

ကၽြန္ေတာ့္ဆီ လာစရာ ဧည့္သည္ မရွိဘူး...။

ကၽြန္ေတာ့္ အနား ေရာက္လာသည့္အခါ.. ကားရပ္သြားၿပီး... လူတစ္ေယာက္ ဆင္းလာခဲ့သည္...။

မီးခိုးေရာင္ ေဖ်ာ့ေဖ်ာ့ ရွပ္ လက္ရွည္အား.. ေခါက္လ်က္ ..။
အနက္ေရာင္ စတိုင္ပဲန္ျဖင့္ ... ေသသပ္သပ္ရပ္ေသာ ရုပ္ပံုလႊာ တစ္ခု ကၽြန္ေတာ့္နား.. ေရာက္လာခဲ့သည္...။

အေတာ္ေလး ရွည္ေသာ.. အရပ္အေမာင္းအား.. ကၽြန္ေတာ့္ ေမာ့ၾကည့္လိုက္ရသည္....။
Shit.. ။

ထူထဲေသာ မ်က္ခံုးနဲ႔ စူးရဲေသာ မ်က္ဝန္းတို႔နဲ႔ မလိုက္ဖက္ေသာ.. ႏႈတ္ခမ္းဖူးတို႔ ပံ့ပိုးထားေသာ...
မ်က္ႏွာသည္ ... ေယာကၽ္ားပီသလြန္းေနသည္...။

" Luhan ဆိုတာ.. မင္း ထင္တယ္.. "

ကၽြန္ေတာ္ မၾကည္မလင္ ေခါင္းညိတ္ျပေတာ့ သူ ျပံဳးသည္..။

" ကိုယ့္ကို မင္း ေဖေဖ လႊတ္လိုက္တာ... Berlin က ရုံးခြဲမွာ.. အန္ကယ္လ္က ေတာ္ေတာ္ ၾကာဦးမယ္ဆိုေတာ့.. မင္း... တစ္ခုခု လိုအပ္ရင္ ကိုယ္ ကူညီလို႔ရတာေပါ့... "

တစ္ခုခု လိုအပ္ရင္...။ ကၽြန္ေတာ္ ဘာကို လိုအပ္ရမွာလဲ...။
ျပည့္စံုသည္ထက္ပိုေသာ.. ေငြေၾကးပမာဏနဲ႔.. နန္းေတာ္ တမၽွ ႀကီးမားခမ္းနားေသာ အိမ္တစ္လံုးအား.... ေဖေဖ ေပးခဲ့ၿပီးၿပီပဲ...။ ေက်းဇူးေတာင္ တင္ရဦးမယ္ မဟုတ္လား..။

" မလိုေတာ့ပါဘူး.. ေဖေဖ့ကို ကၽြန္ေတာ္က ေက်းဇူးတင္ေၾကာင္း ေျပာေပးပါ... "

ကၽြန္ေတာ့္ရဲ႕ ခပ္ရြဲ႕ရြဲ႕ စကားသံကို သူ အကဲခတ္မိပံုရသည္...။ အနည္းငယ္ တည္ေနေသာ.. မ်က္ႏွာေပၚတြင္....တစ္စံုတစ္ရာ ျဖတ္ေျပးသြားသည္..။

မၾကည့္စမ္းနဲ႔ ....။ အဲ့သည္လို သနားစရာေကာင္းတယ္ဆိုတဲ့ အဓိပၸါယ္ေတြနဲ႔...။

" ဟုတ္ပါတယ္... ဒါေပမယ့္ ဥပမာ.. ေက်ာင္းရုံးခန္းက အုပ္ထိန္းသူေတြ ဘာေတြ ေခၚတဲ့ အခါမ်ိဳးမွာ မင္း ကိုယ့္ကို ဆက္သြယ္လို႔ရတာေပါ့... "

ဒါဟာ တစ္ဖက္လွည့္ျဖင့္... ခပ္ဆိုးဆိုးေကာင္ေလး တစ္ေယာက္မွန္း သူ သိၿပီးသားဟု.. ေျပာလိုက္ျခင္း ျဖစ္ႏိုင္သည္...။

ကၽြန္ေတာ္ သူ႔မ်က္လံုးမ်ားကို စိုက္ၾကည့္သည့္အခါ.. ရယ္ျမဴးရိပ္ သန္းလ်က္ ..။ အုပ္ထိန္းသူမဲ့ေနတဲ့ ကေလး တစ္ေယာက္ ဆိုးသြမ္းေနတာ ဟာသမေျမာက္ဘူး...။

" မလိုဘူး.. "

ခပ္ျပတ္ျပတ္ေျပာၿပီး.. ကၽြန္ေတာ္ လမ္းဆက္ေလၽွာက္ေတာ့ သူ ကၽြန္ေတာ့္ေဘးက ပါလာသည္..။

" ကိုယ္က မင္းကို ဆိုးတယ္လို႔ ဆိုလိုခ်င္တာမ်ိဳး မဟုတ္ဘူးေနာ္.. "

ဘယ္လိုမ်ိဳးပဲ ဆိုလို ခ်င္ခ်င္.. ေနာက္ဆံုး.. ဒီအဓိပၸါယ္ပဲ မဟုတ္ဘူးလား...။

" မင္းက လိမၼာတဲ့ ကေလးမွန္း.. ကိုယ္ ျမင္တာနဲ႔ သိပါတယ္ ... "

ေနစမ္းပါဦး...။ သူကပဲ ကၽြန္ေတာ့္ထက္ ဘယ္ႏွစ္ႏွစ္မ်ား ပိုႀကီးေနလို႔.. ကၽြန္ေတာ့္ အေဖအရြယ္ ေလသံနဲ႔ ဒီလို လာေျပာေနရပါသလဲ...။

ကၽြန္ေတာ္ စိတ္မရွည္စြာ.. လမ္းေလၽွာက္ျခင္းကို ရပ္ၿပီး.
သူ႔ဘက္သို႔ ၾကည့္လိုက္မိသည္...။
ခပ္ေဖ်ာ့ေဖ်ာ့ မီးခိုးေရာင္ အက်ီၤမွာ... အနည္းငယ္ စိုေနၿပီ..။

မိုးစက္အနည္းငယ္ဆိုေပမယ့္... အက်ီၤပါးပါးဝတ္ထားသည့္ သူ မၾကာခင္ စိုရြဲသြားေတာ့မည္..။ ကၽြန္ေတာ့္ဘာသာ မိုးေရထဲ လမ္းေလၽွာက္ေနသည့္ ကိစၥ သူက ဘာလို႔ အခုလို ပါလာေနရသလဲ ဟု စိတ္ရႈပ္လာရသည္...။

" ခင္ဗ်ား အခု ကၽြန္ေတာ့္ေနာက္ ဘာလို႔ လိုက္ေနရတာလဲ.."

သူ ကၽြန္ေတာ့္ကို စူးရဲစြာ စိုက္ၾကည့္လ်က္.. ျပံဳးသည္...။

ဘုရားသခင္ ....။ အဲ့သည့္ အျပံဳးနဲ႔ အတူ ရုတ္တရက္ က်ယ္ေလာင္လာေသာ.. ႏွလံုးခုန္သံအား.. နားမလည္ႏိုင္ေတာ့ ...။

" မင္းကေရာ.. ဘာျဖစ္လို႔ မိုးေရထဲ ဒီလိုမ်ိဳး.. ေလၽွာက္ေနလဲ... "

ခပ္ေအးေအးပင္ ကၽြန္ေတာ့္အား ျပန္ၾကည့္လ်က္ ေမးခြန္းထုတ္သည္ ..။ ဒီလူဟာ.. ကၽြန္ေတာ့္ကို ေဒါသထြက္ေစခ်င္ေနပံုရသည္ ...။

" အဲ့ဒီေတာ့ .. ခင္ဗ်ားနဲ႔ ဘာဆိုင္လဲ... "

သူ ရယ္လိုက္သည္ဟု.. ကၽြန္ေတာ္ ထင္သည္...။

" ကိုယ္က အခု မင္းရဲ႕ ယာယီ အုပ္ထိန္းသူေလ.... ကိုယ္ မင္းကို တားျမစ္ခြင့္ရွိတယ္... စိတ္ပူခြင့္ရွိတယ္... "

အဟက္ .. သြားလိုက္စမ္းပါ...။ ဘာကို အုပ္ထိန္းသူလဲ...။
ကၽြန္ေတာ္ ရယ္ေမာ ပစ္လိုက္သည့္အခါ... သူ႔ မ်က္ဝန္းတို႔ လႈပ္ခတ္သြားၾကျပန္သည္...။

" ဘာလဲ...! ေဖေဖေၾကာင့္လား...! မလိုဘူးလို႔ ကၽြန္ေတာ္ေျပာၿပီးၿပီေလ...!! ကၽြန္ေတာ္ တစ္ေယာက္တည္းေန... ႏိုင္..တယ္.. "

ေသလိုက္စမ္း...Luhan.. ။ ေနႏိုင္တယ္ ဆိုေသာ စကားအဆံုးမွာ.. တိုးတိတ္ သိမ္ဝင္သြားေသာ... အသံအား.. က်ိန္ဆဲပစ္လိုက္သည္....။
ရုတ္တရက္ ေဝါခနဲ ရြာခ်လာေသာ... မိုးအား... ေက်းဇူးတင္စြာ ေမာ့ၾကည့္လိုက္မိသည္...။

ကၽြန္ေတာ့္မ်က္ရည္ေတြ သူ႔အား မျမင္ေစခ်င္...။
မွီတြယ္ စရာ ပခံုးတစ္ဖက္ လိုအပ္သည့္သည့္အေၾကာင္း.. သူ မရိပ္မိေစခ်င္ ...။

" မိုးေတြ ရြာလာၿပီ... အိမ္ထဲျပန္ဝင္မယ္.. "

မိုးသည္းသည္းၾကားထဲ ကၽြန္ေတာ္ၾကားေစရန္ ေအာ္ေျပာေနေသာ သူ႔ကို ေခါင္းခါျပသည့္အခါ... သူ စိတ္မရွည္ျဖစ္သြားပံုရသည္ ..။

ခ်က္ခ်င္း ထိုင္ခ်လိုက္ေသာ သူ႔ေၾကာင့္ ဘာလုပ္မလို႔လဲ ေတြးေနတုန္းမွာပဲ... ေလထဲ ေျမာက္တက္သြားသည့္ ခံစားခ်က္နဲ႔ အတူ... ကၽြန္ေတာ္က သူ႔ပုခံုးေပၚမွာ..။

" ခင္ဗ်ား.. ! ဘာလုပ္.. ဘာလုပ္တာလဲ... ေအာက္ခ်ေပး.. အခုခ်က္ခ်င္း.."

ေအာ္ဟစ္ထုရုိက္ေနေသာ.. ကၽြန္ေတာ့္အား.. လ်စ္လ်ဳရႈကာ.. သူ ဆင္ဝင္ေအာက္သို႔ ေျပးဝင္သြားသည္...။

အိမ္ေရွ႕တံခါးမႀကီးနား.. အိမ္ေတာ္ထိန္းက အံ့ၾသဟန္ျဖင့္ ေၾကာင္ၾကည့္ေနသည္..။

" ကၽြန္ေတာ္... Yifan ပါ.. အန္ကယ္လ္ ဖုန္းဆက္ထားတယ္ မလား.. ဒီမွာ.. ကားေသာ့.. ကၽြန္ေတာ့္ကားကို ဒီအေရွ႕ေရြ႕ေပးပါလား.. သူ႔ကို အေပၚသြားပို႔လိုက္ဦးမယ္.. "

နည္းနည္းမွ ကၽြန္ေတာ့္အားရွိသည္ဟုပင္ မထင္ေသာ.. အခ်ိဳးပဲ ျဖစ္သည္ ..။
ေလွကားနားေရာက္မွ... ကၽြန္ေတာ့္အား ေအာက္ခ်ေပးၿပီး.. ျပံဳးလ်က္ ၾကည့္ေနျပန္သည္...။

ဆြဲထိုးပစ္လိုက္ရမလား.. စဥ္းစားေနတုန္း.. စိုရြဲေနေသာ.. ကၽြန္ေတာ့္ဆံပင္ေတြေပၚ လက္ေရာက္လာျပန္သည္ ..။

"သြား.. အက်ီၤလဲေတာ့... ေနာက္တစ္ခါဆို.. ကိုယ့္စကားနားမေထာင္ရင္ လူၾကားထဲလဲ မင္းကို ဒီလိုမ်ိဳး ခ်ီသြားမွာ.. ၾကားလား.. "

ကၽြန္ေတာ္ ဘာမွျပန္မေျပာပဲ စူးစူးရဲရဲ ၾကည့္ကာ.. အေပၚတက္လာခဲ့ေတာ့သည္...။
အေႏွာင့္အယွက္ပဲ.. ခင္ဗ်ားက.. ။

ေဒါသေၾကာင့္.. ႏွလံုးခုန္ျမန္လာတာပါ လို႔ ကိုယ့္ႏွလံုးသားကို ႀကိတ္မွိတ္ ႏွစ္သိမ့္ေနရင္း...
ထိုေန႔ညကေတာ့... ေႏြးေထြးလံုျခံဳေသာ.. ရင္ခြင္တစ္ခုအား.. အိပ္မက္ မက္ခဲ့ေလသည္....။

______________________________________

ကၽြန္ေတာ္ ခိုလႈံ ေပ်ာ္ေမြ႕တတ္ခဲ့ေသာ.. ရင္ခြင္တစ္ခု ျဖစ္ေပးခဲ့သည့္.. သူ႔အား.. ဆံုးရႈံးဖို႔ မျဖစ္ႏိုင္ဟု... ကၽြန္ေတာ္ တုန္လႈပ္ေျခာက္ျခားစြာ... အႀကိမ္ႀကိမ္ ေတြးေနခဲ့သည္...။

တကယ္ေတာ့... ကၽြန္ေတာ္ဟာ.. ဇြတ္ႀကိတ္မွိတ္ ျငင္းေနခဲ့တာ...။

သည္ဇာတ္လမ္း အစတည္းက.. သူဟာ.. ကၽြန္ေတာ္မွ မပိုင္ဆိုင္ခဲ့ပဲ...။
ကၽြန္ေတာ္မပိုင္ဆိုင္သည့္အရာအား.. ဆံုးရႈံးရန္ ေၾကာက္ရြံ႕ေနျခင္းသည္... ဟာသ တစ္ခုပဲ ျဖစ္သည္...။

ထို အေၾကာင္းအား.. ေတြးမိတိုင္း.. ကၽြန္ေတာ္ နာနာက်င္က်င္ ရယ္ေမာရျမဲ...။

•••

" ကေလး ... ညစာ စားရေအာင္.. စြပ္ျပဳတ္လုပ္ထားတယ္.."

ကၽြန္ေတာ့္ခါးေပၚရွိလက္မ်ားအား ဖက္လ်က္... လိုက္ကာအား ဆြဲပိတ္လိုက္ေလသည္..။

ကုတင္ေဘးရွိ.. ခံုအပုေလးေပၚတြင္ အေငြ႕တေထာင္းေထာင္းထေနေသာ... စြပ္ျပဳတ္ပန္းကန္က အဆင္သင့္...။

ကၽြန္ေတာ္ ကုတင္ေပၚ ထိုင္လိုက္သည့္အခါ.. သူက စြပ္ျပဳတ္ပန္းကန္အား... ယူလ်က္.. ကၽြန္ေတာ့္ကို ခြံ႕ေကၽြးမည္ ျပင္သည္...။

" ခံုကို ကုတင္ေပၚ တင္ေပးပါလား... "

သူ ကၽြန္ေတာ့္ကို တစ္ခ်က္ ၾကည့္ကာ... ဘာမွမေျပာပဲ. ခံုကို တင္ေပးသည္...။
" ကၽြန္ေတာ့္ ဘာသာ ေသာက္ပါ့မယ္... "

အျမဲတမ္း... ခြံ႕ေကၽြးဖို႔ မတတ္ႏိုင္ပါပဲ... ကၽြန္ေတာ့္ကို ကိုယ့္ဘာသာ မစားတတ္ေအာင္ အက်င့္ မလုပ္ပါနဲ႔လား..။

သူ ကၽြန္ေတာ့္အေတြးမ်ားကို ခန္႔မွန္းမိသြားေလာက္ၿပီ...။ သက္ျပင္းဖြဖြခ်ကာ... စြပ္ျပဳတ္ပန္းကန္အား... ကၽြန္ေတာ့္ေရွ႕ ခ်ေပးသည္...။

" ကိုယ့္ကို စိတ္တိုေနတုန္းလားဟင္.. "

ႏူးညံ့သိမ္ေမြ႕လြန္းေသာ ထိုစကားသံမ်ိဳးအား ၾကားရသည့္အခါတိုင္း... တင္းထားသမၽွ စိတ္တို႔ ေျပေလ်ာ့ သြားတတ္စျမဲ..။

ကၽြန္ေတာ္ ျပံဳးျပလ်က္.. ေခါင္းခါျပလိုက္သည္...။

" ဒီေန႔.. ကိုယ္ မင္းနဲ႔ အိပ္မယ္ေနာ္... "

ကၽြန္ေတာ့္ ဆံပင္တို႔အား.. ဖြလ်က္.. သူျပံဳးကာ ဆိုသည္...။
ဒါလဲ သူအက်င့္ လုပ္ေပးတာ...။
ေႏြးေထြးသည့္ ရင္ခြင္အား အစဥ္အျမဲ ဖန္တီး မေပးႏိုင္ပဲ.. အိပ္မေပ်ာ္သည့္ညတိုင္း... ထို ရင္ခြင္အား... တမ္းတတတ္ေအာင္... သူ အက်င့္ လုပ္ေပးခဲ့သည္...။

ေက်းဇူးျပဳၿပီး... သည္ေလာက္ပဲ ခ်ည္ေႏွာင္လို႔မရဘူးလား...။

•••

တစ္ခုခု ျပဳတ္က်သည့္ အသံေၾကာင့္ ကၽြန္ေတာ္ လန္႔ႏိုးသြားကာ.. ထၾကည့္မိသည္ ..။

" Sorry .. ကိုယ့္ေၾကာင့္ လန္႔ႏိုးသြားၿပီ... "

စားပြဲခံုစြန္းရွိ.. သစ္သားပန္းပုရုပ္အား ..ေနရာတက် ျပန္တင္ၿပီး... သူ ကၽြန္ေတာ့္နား ေလၽွာက္လာသည္..။

သူ ျပန္ေတာ့မွာေပါ့...။

ကၽြန္ေတာ့္ နဖူးအား ဖြဖြနမ္းကာ.. သူ အဆက္မျပတ္ မွာၾကားေနသည္...။ ထံုးစံအတိုင္း...ထမင္း မွန္မွန္စားဖို႔..။
တဇြတ္ထိုးမလုပ္ဖို႔ ..။

ကုတ္အက်ီၤအား ဆြဲယူလ်က္... အခန္းထဲမွ ျငင္သာစြာ ထြက္သြားေသာ သူ႔ေျခသံအား.. ကၽြန္ေတာ္ ၿငိမ္သက္စြာ နားစိုက္ေထာင္ေနလိုက္သည္...။

ကၽြန္ေတာ္ ကုတင္ေပၚက.. အျမန္ထကာ... ျပတင္းေပါက္နား.. သြားရပ္ၿပီး... လိုက္ကာကို အလ်င္အျမန္ ဟလ်က္... ထြက္သြားေသာ.. ကားအနက္အား ေငးၾကည့္လိုက္မိေသာအခါ.....။

အဲ့သည့္ ခံစားခ်က္မ်ိဳးပဲ...။

လြန္ခဲ့ေသာ.. ဆယ့္ငါးႏွစ္က... ေမေမ အိမ္ကထြက္သြားတုန္းကလို...။

လြန္ခဲ့ေသာ.. ငါးႏွစ္က ခဏပါ လို႔ ေျပာၿပီး.. ဂ်ာမနီသို႔ ေဖေဖ ထြက္သြားတုန္းကလို...။

ဟင့္အင္း...။ သူကေတာ့ ျပန္လာမွာပါ...။

သူကေတာ့... သူ တစ္ေယာက္ကေတာ့... ကၽြန္ေတာ့္ဆီကို ျပန္လာမွာ...။

ႏွလံုးသားအား ျမႇဳပ္ႏွံထည့္သြင္းခဲ့ေသာ.. ကၽြန္ေတာ့္ ယံုၾကည္ျခင္းေတြအေပၚ.. သူ သစၥာရွိပါေစ... ဘုရားသခင္..။

•••

အခုအခ်ိန္ဆို သူ ဘာမ်ား လုပ္ေနမွာပါလိမ့္ ဟု ေတြးရင္း.. ကၽြန္ေတာ္ လက္ဖဝါးကို ဆုတ္ခ်ည္ ျဖန္႔ခ်ည္ လုပ္ေနမိသည္...။

ညေနေစာင္းေနၿပီ...။ သူ ကုမၸဏီမွာပဲ ရွိေနဦးမလား...။
တကယ္လို႔မ်ား... ဟို မိန္းမနဲ႔ ညေနစာ အတူတူ စားဖို႔ ခ်ိန္းထားၾကရင္ေရာ...။

သြားစမ္း... အဓိပၸါယ္မရွိတဲ့ အေတြးေတြ..။ ညစာစားေတာ့ေရာ.. ဘာျဖစ္ေသးလဲ..။

သူက ကၽြန္ေတာ့္ တစ္ေယာက္တည္းကိုပဲ ခ်စ္တာ...။

ထို အေတြးရဲ႕ အဆံုးမွာေတာ့ ကၽြန္ေတာ္ ေက်နပ္စြာ ျပံဳးမိသြားသည္...။ သူ ကၽြန္ေတာ့္ကို ခ်စ္သည္ ဟုေသာ.. အေၾကာင္းျပခ်က္ တစ္ခုတည္းကပင္ ရူးသြပ္ပစ္လိုက္ဖို႔ လံုေလာက္ေနၿပီ...။

အိပ္ယာထဲက ထထိုင္ရင္း... စာအုပ္စင္ထားရာ အခန္းထဲ ေလၽွာက္လာမိသည္...။ စာအုပ္တစ္အုပ္ေလာက္ ဖတ္ရန္ ၾကံစည္ရင္း...ဟိုဟို ဒီဒီ ေရြးေနတုန္း...

ကၽြန္ေတာ့္ ခနၱာကိုယ္သည္... ရင္းႏွီးေႏြးေထြးေသာ ရင္ခြင္ တစ္ခုထဲ ေရာက္သြားခဲ့သည္..။
ဖ်တ္ခနဲ ပါးေပၚ ေရာက္လာသည့္ အနမ္းေႏြးေႏြးကို လက္ခံၿပီး... ကၽြန္ေတာ္ အျမန္လွည့္ၾကည့္သည့္အခါ... သူက ကၽြန္ေတာ့္ နဖူးေပၚရွိ ဆံစမ်ားအား.. ေလျဖင့္ မႈတ္ထုတ္သည္..။

သူ႔ခါးကို ဖက္လ်က္ မ်က္လံုးမ်ား မွိတ္ထားတုန္း.. သူ ကၽြန္ေတာ့္ ဆံပင္မ်ားကို ႏူးညံ့စြာ ပြတ္သတ္ေပးေနသည္..။

" ကၽြန္ေတာ္ လြမ္းေနတာ... "

" ကိုယ္ သိတာေပါ့... "

( ကိုယ္လဲ လြမ္းေနတာ ) လို႔မ်ား ျပန္ေျပာလိုက္ရင္... သူ ေသသြားမွာလား...။ မေက်မနပ္ျဖင့္ ကၽြန္ေတာ္ ေမာ့ၾကည့္သည့္အခါ... ႏႈတ္ခမ္းတို႔ျဖင့္ ႏွစ္သိမ့္သည္...။

•••

တကယ္တမ္း ညအိပ္ဖို႔လဲ အစီအစဥ္မရွိပဲ ဘာျဖစ္လို႔မ်ား ျပန္လာခဲ့ရေသးလဲ...။
ရက္ေပါင္းမ်ားစြာ.. အေၾကာင္းျပခ်က္မဲ့ အိမ္ျပန္မလာသည့္အတြက္ သူ အခက္အခဲ ရွိႏိုင္ေနေသာ္လည္း... ကၽြန္ေတာ္ ဆိုးေနမိသည္..။

" ဒီလိုလုပ္... Luhan အိပ္ေပ်ာ္သြားတဲ့ အထိ ကိုယ္ ရွိေနမယ္ .. "

တစ္စံုတစ္ေယာက္လစ္ဟာေနတဲ့ ေအးစက္စက္ မနက္ခင္းမ်ိဳး... ကၽြန္ေတာ္ မျဖတ္သန္းခ်င္ဘူး...။
ကၽြန္ေတာ့္ ဆနၵေတြ သိပ္မ်ားလြန္းေနၿပီမွန္း သိေပမယ့္.. အတၱႀကီးခ်င္မိတုန္း...။

ေႏြးေထြးၾကင္နာသည့္ လက္မ်ားကို ဖမ္းဆုတ္ထားခ်င္မိတုန္း...။

ႏူးညံ့ခ်ိဳၿမိန္သည့္ ႏႈတ္ခမ္းမ်ားကို
ယစ္မူးခ်င္မိတုန္း....။

လံုျခံဳေအးခ်မ္းသည့္ ရင္ခြင္ကို
နားခိုခ်င္ေနမိတုန္း...။

ေနာက္ဆံုးေတာ့လဲ..... ထပ္တလဲလဲျဖစ္ေနၾက... ပံုစံတူမ်ား အတိုင္း...

ကၽြန္ေတာ့္ ရင္ဘတ္ထဲရွိ ခံစားခ်က္တိုင္းအား.. သူ႔စကားလံုးမ်ားျဖင့္ လဲလွယ္ခဲ့မိၿပီး ျဖစ္သည္...။

•••

ျပတင္းေပါက္မွတဆင့္... ၾကယ္မ်ားကို ေရတြက္ေနရျခင္းက သက္ေတာင့္သက္သာ ရွိေနႏိုင္မည္ဟု ထင္လိုက္ေပမယ့္...
ေကာင္းကင္မွာ ပံုရိပ္ထင္လာတတ္ေသာ.. သူက ကၽြန္ေတာ့္ကို ေႏွာင့္ယွက္ေနျပန္သည္...။

သူ ေရာက္မလာခဲ့တာ... ၆ရက္ နီးပါး...။
ေစာင့္ဆိုင္းျခင္းအတြက္.. ကၽြန္ေတာ္ ကသိကေအာက္ မျဖစ္...။

၂ႏွစ္ လံုးလံုး... သို႔မဟုတ္ ၃ႏွစ္နီးပါး... ေစာင့္ဆိုင္းျခင္းနဲ႔ ကၽြန္ေတာ္ဟာ မိတ္ေဆြေကာင္းေတြ ျဖစ္ေနခဲ့ၾကၿပီ...။

သူ႔ တစ္ေယာက္တည္းအတြက္ ... ပတ္ဝန္းက်င္ဆိုတာၿကီးကို ကၽြန္ေတာ္ ေဘးဖယ္ခဲ့တာ ၾကာၿပီ...။

လိုလဲ မလိုအပ္ဘူးေလ...။
အခ်ိန္တစ္ခုေရာက္လာလၽွင္... ကၽြန္ေတာ့္ရဲ႕ ကနၱာရကို စိမ္းစိုေအးျမသြားေစဖို႔ သူ ေရာက္လာလိမ့္မည္...။

သူ ေရာက္လာေနၾက....။

ၿပိဳင္ဘက္ လုပ္ငန္းမ်ားစြာနဲ႔ မီဒီယာသမားမ်ားအတြက္..
ကၽြန္ေတာ္က သူ႔အားနည္းခ်က္ မျဖစ္ခ်င္ပါ...။
ေကာလဟာလဆိုေသာ အရာမ်ားနဲ႔ သူ႔ကို ခပ္ေဝးေဝးမွာသာ ရွိေနေစခ်င္သည္...။

ထို႔ေၾကာင့္... သူ အျပင္ထြက္ၿပီး.. Date ၾကမလား ဟု ေမးတိုင္း.. ကၽြန္ေတာ္ စကားလမ္းေၾကာင္းလႊဲ ျငင္းဆန္ေနၾက...။

အပိုစာသားေတြ ဘာလုပ္ဖို႔ လိုအပ္မလဲ...။
သူ ကၽြန္ေတာ့္အနားရွိရုံနဲ႔ အရာအားလံုးျပည့္စံုတယ္...။

•••

ဖုန္း တစ္ခ်ိန္လံုးဆက္ၿပီး... စိတ္အေႏွာင့္အယွက္ေပးေနတာမ်ိဳး.. မျဖစ္ခ်င္ေပမယ့္...

ကၽြန္ေတာ္အၾကည့္တို႔ကေတာ့... ဧည့္ခန္းရွိ ႀကိဳးဖုန္းတြင္..... ။
ထိန္းသိမ္းမရႏိုင္ေသာ လက္တို႔က အလြတ္ရေနသည့္ နံပါတ္မ်ားအား... ႏွိပ္မိၿပီးျဖစ္သည္....။

" Hello .. "

ၾကည္လင္ျပတ္ရွေသာ... ဖုန္းေျဖသံတြင္ ကၽြန္ေတာ္ ခဏေလာက္ ေမ်ာေနတုန္း...

" Luhan ?? "

" အင္း... ကၽြန္ေတာ္ .. ဒီအတိုင္း ဆက္လိုက္တာ.. "

သူ ခပ္တိုးတိုး ရယ္လိုက္သည္ဟု . ကၽြန္ေတာ္ ထင္သည္...။

" လြမ္း လို႔ မဟုတ္ဘူးေပါ့... "

ေတြ႕လား...။ အမိန္႔ရယ္လို႔ မယူဆႏိုင္သည့္... စကားလံုးတို႔ျဖင့္.. ကၽြန္ေတာ့္ကို.. သိမ္းသြင္းျပန္သည္...။

" အလုပ္ရႈပ္ေနမွာေပါ့... ဒါပဲေလ .. "

" ထမင္း စားေနာ္... ခ်စ္တယ္.. "

( ကိုယ္ လာခဲ့ရမလား ) လို႔ ဝတ္ေက်တန္းေက်ေလးေတာင္ မေမးဘူး....။

ေမးခဲ့သည္ရွိရင္ေတာင္ ကၽြန္ေတာ္ အလိုက္တသိ ျငင္းေပးမွာပါ...။
တယ္လီဖုန္း ေဘးနား ထိုင္ရင္း.. ကၽြန္ေတာ္ ျခံထဲကို အၾကည့္ေရာက္သြားျပန္သည္ ..။

မေန႔ညက မိုးသည္းထားသျဖင့္... ျမက္ခင္းတို႔က စိမ္းစို ေနလ်က္...။ အုပ္ဆိုင္းေနေသာ.. သစ္ပင္ေတြကပါ.. စိမ္းညႇဳိ႕လ်က္..။

ခပ္ထိုင္းထိုင္း စိုစြတ္ေနေသာ ရာသီဥတုေၾကာင့္.. ေကာ္ဖီ ပူပူ ... တစ္ခြက္ေလာက္ေသာက္ဖို႔ ဆံုးျဖတ္လိုက္သည္ ..။

အသင့္ႀကိတ္ထားေသာ.. ေကာ္ဖီမႈန္႔ပုလင္းကို ျမင္ေတာ့.. ကၽြန္ေတာ္ သူ႔အေၾကာင္းေတြးမိသြားျပန္သည္..။

ခါးသက္သက္ ေကာ္ဖီအရသာအား... ဘယ္အခ်ိန္က စတင္ခ်စ္တတ္သြားသလဲ ကၽြန္ေတာ္ မသိ...။

( ေကာ္ဖီကို တစ္ေန႔ တစ္ခြက္ေတာ့ ေသာက္သင့္တယ္ ..ကေလး..ရဲ႕.. )

ခပ္ျပံဳးျပံဳး.. ႏႈတ္ခမ္းေတြအား.. ျမင္ေယာင္လာေသာ အခါ.. ကၽြန္ေတာ္ ျပံဳးလိုက္မိသည္...။

ေကာ္ဖီခြက္ျဖင့္.. ကၽြန္ေတာ္အေပၚတက္ေတာ့မည္ ျပင္တုန္း...

" သား.. ပါဆယ္ထုပ္ေရာက္လာတယ္.... "

ကၽြန္ေတာ္ အိမ္ေတာ္ထိန္းလက္ထဲမွ ပါဆယ္ထုတ္အား.. .စူးစိုက္ၾကည့္မိသည္...။
( Berlin .... )

ေဩာ္ .....ေဖေဖ့ ဆီကပဲ... ။

" ထားလိုက္ေလ... ကၽြန္ေတာ္ ေနာက္မွ ေဖာက္ၾကည့္လိုက္မယ္.. "

တစ္ႏွစ္ တစ္ခါ.. ေရာက္လာေနၾက... လက္ေဆာင္ထုပ္အတြက္လဲ ကၽြန္ေတာ္ မၾကည္ႏူးတတ္ေတာ့တာ ၾကာၿပီထင္ပါရဲ႕.....။

သည္းခံထိန္းခ်ဳပ္ရျခင္းေတြဟာ... အခ်ိန္အတိုင္းအတာ တစ္ခုေအာက္မွာ . အနည္ထိုင္သြားတတ္တာမ်ိဳး...။

•••

" Luhan... Luhan.. "

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနတုန္း... ခပ္တိုးတိုး ေလသံက ေႏွာင့္ယွက္သည္ ...။
ခါးေပၚရွိ တင္းက်ပ္ေနေသာ.. လက္တို႔က ကၽြန္ေတာ္ ရင္းႏွီးၿပီးသား....။

ကၽြန္ေတာ္ လွည့္ၾကည့္ေတာ့... သူ...။
တိုင္ကပ္နာရီအား.. လွမ္းၾကည့္မိလိုက္သည္...။ ညေနေစာင္းေနၿပီ...။ ရုတ္တရက္ ေရာက္လာေနၾက.. သူ႔အား.. ကၽြန္ေတာ္ မအံ့ဩမိေတာ့...။

" ဘာျဖစ္လို႔ အိပ္ေနလဲ .. ညေနေစာင္းေနၿပီ..."

ကၽြန္ေတာ္ သူ႔ပါးအား... လွစ္ခနဲ နမ္းၿပီး.. ႏႈတ္ဆက္လိုက္သည္ ...။

" အိပ္ေပ်ာ္သြားတာ.... "

ကၽြန္ေတာ့္အား.. ရင္ခြင္ထဲ ထည့္ထားလ်က္.. သူ ၿငိမ္သက္စြာ.. ေငးေမာေနသည္...။
အခုလို အေျခအေနမ်ိဳးမွာ...
အႀကိမ္ေပါင္းမ်ားစြာ... ေမးခဲ့ေသာ... ေမးခြန္းမ်ိဳးအား... ကၽြန္ေတာ္ ေမးခ်င္စိတ္မရွိ...။

အံ့ဩစရာပဲ....။ ကၽြန္ေတာ္ ..ခင္ဗ်ားနဲ႔ ပက္သက္ၿပီး.. အနည္ထိုင္စ ျပဳလာသလား....။

ဒါ မျဖစ္ႏိုင္ဘူး... ထင္သည္...။
ကၽြန္ေတာ္ သူ႔ႏႈတ္ခမ္းေတြအား.. ရူးသြပ္ စြဲလမ္းတတ္ဆဲပါ..။
သူ႔ ႏွလံုးခုန္သံအား... တမ္းတမက္ေမာဆဲပါ..။

" ကိုယ္တို႔ အျပင္မွာ.. ညစာ ထြက္စားရေအာင္... "

ကၽြန္ေတာ့္ ဆံပင္မ်ားအား.. သပ္တင္လ်က္ သူ ေျပာသည္..။
ညဘက္ အျပင္ထြက္တာကေတာ့.. သိပ္ မသိသာေလာက္ပါဘူးေလ...။

" အင္း... သြားေလ ... "

•••

တိတ္ဆိတ္မေနေသာ္လည္း... ဆူညံမေနသည့္ ပတ္ဝန္းက်င္အား.. ကၽြန္ေတာ္ သေဘာက်မိသည္...။

ခပ္ေဖ်ာ့ေဖ်ာ့ နီယြန္မီးသီးေတြၾကား... သူ႔မ်က္ႏွာ ထူးျခားလြန္းေနသည္...။
သည္လို မ်က္ႏွာခ်င္းဆိုင္ၿပီး...အျပင္ထြက္ ညစာ မစားျဖစ္တာ... ဘယ္ေလာက္ၾကာသြားခဲ့ၿပီလဲ....။

Menu အားကိုင္လ်က္... သူ အစားအေသာက္မ်ား မွာေနတုန္း.. ကၽြန္ေတာ္.. ဆိုင္ အျပင္အဆင္အား.. အကဲခတ္မိသည္....။
ျပင္သစ္ဆန္သည္...။ ေတးသြားတစ္ခုက ႏူးႏူးညံ့ညံ့ ပ်ံ႕လြင့္လ်က္....။

ရုတ္တရက္ စူးရွေသာ... ေရေမႊး နံ႔ေၾကာင့္.. ကၽြန္ေတာ္ သတိဝင္လာသည္...။

" Yifan... အစည္းအေဝးရွိတာဆို... "

ဘုရားသခင္....။ ထိုမိန္းမ...။
တည့္တည့္ မတိုးခ်င္ေသာ.. ကၽြန္ေတာ္ အခုေတာ့ မ်က္ႏွာခ်င္းဆိုင္ေနရၿပီ...။

" ေဩာ္.. Luhan လဲ ပါတာပဲ... "

လက္က်န္ လူမႈေရး အသိစိတ္ျဖင့္.. ကၽြန္ေတာ္ ျပံဳးျပလိုက္မိသည္ထင္သား...။ အျပံဳးနဲ႔ တူမတူေတာ့ သိပ္ မေသခ်ာ...။

" တို႔ကိုေတာ့ တစ္ခါမွ... ညစာ ထြက္စားဖို႔ မေျပာဘူး.. သူ႔ ညီကို က်ေတာ့ အလိုလိုက္တတ္လိုက္တာ.... "

ရယ္ေမာစြာ စေနာက္ေနေသာ... အျပံဳးေတြက ျဖဴစင္လ်က္..။ သို႔တိုင္ေအာင္ ... ကၽြန္ေတာ့္ မ်က္စိထဲေတာ့ ... အံဝင္ခြင္က်မျဖစ္...။

သူ႔ကို ၾကည့္မိသည့္အခါ.. ကသိကေအာက္ျဖစ္ေနသည္ကလြဲလို႔..ျပံဳးလ်က္....။
ဘာတစ္ခုမွ မလုပ္ထားေသာ.. တည္ၿငိမ္ ေအးေဆးသည့္ အျပံဳးမ်ိဳးျဖစ္သည္...။

အရြဲ႕တိုက္ခ်င္လာေသာ... တဇြတ္ထိုးစိတ္က ဝုန္းခနဲ ေပၚထြက္လာသည့္ေနာက္...

" ဟုတ္တာေပါ့.. Jie ရဲ႕.. GeGeက ကၽြန္ေတာ့္ကိုပဲ ခ်စ္တာေလ... "

တုန္လႈပ္သြားသည္ဟု မဆိုလိုႏိုင္ေသာ္လည္း.. အနည္းငယ္ ပ်က္ယြင္းသြားေသာ... သူ႔ အျပံဳးအား.. ကၽြန္ေတာ္ ေငးၾကည့္မိသည္...။
ထို မိန္းမကေတာ့ ရယ္ေမာလ်က္ ..။

" ဟုတ္ပါၿပီ.. ဟုတ္ပါၿပီ.. ဒါျဖင့္.. အလုပ္ရွိေသးလို႔ Jie သြားေတာ့မယ္... "

အျပစ္လုပ္ထားေသာ.. ကေလးတစ္ဦးကို ၾကည့္ေသာ မ်က္လံုးမ်ိဳးျဖင့္ သူ ကၽြန္ေတာ့္အား လွမ္းၾကည့္ၿပီး ျပံဳးသည္...။
မႏိုင္သျဖင့္ လက္ေလၽွာ့ထားသည္ဟူေသာ အဓိပၸါယ္မ်ိဳး...။

ကၽြန္ေတာ္ ေအာက္ႏႈတ္ခမ္းအား.. ကိုက္လ်က္ မ်က္လႊာခ်လိုက္မိသည္...။
ကၽြန္ေတာ္ နာက်င္ေနသည့္တိုင္ ေအးေဆးလြန္းေသာ.. သူ႔ႏွလံုးသားအား.. မေက်နပ္...။
ကၽြန္ေတာ္ မလံုမလဲ ျဖစ္ေနသည့္တိုင္.. ဟန္ေဆာင္တတ္လြန္းသာ.. သူ႔အား.. မေက်နပ္ ..။

ဘာျဖစ္လို႔ အျမဲပဲ.. ကၽြန္ေတာ္ တစ္ေယာက္တည္း ခံစားေနရပါသလဲ...။
ကိုယ္ခ်င္းစာတရားဆိုတာမ်ိဳး.. သူ ခံစားဖူးရဲ႕လား.. ကၽြန္ေတာ္ စိတ္ဝင္စားမိသည္...။

ဒီလို အေျခအေနမ်ိဳးပဲ...။ လြန္ခဲ့သည့္ တစ္ခ်ိန္တုန္းကလဲ..။

ဒီလို အေနအထားမ်ိဴးပဲ...။

ကၽြန္ေတာ္ တစ္ေယာက္တည္း.. ရွက္စိတ္ေတြ... အားနာမႈေတြ... မလံုမလဲျဖစ္စိတ္ေတြနဲ႔ ပ်ာယာခတ္ေနေပမယ့္... ဘာမွမျဖစ္ခဲ့သလို.. သူ ေအးေဆးေနခဲ့ဖူးသည္ ..။

ထပ္တူညီေသာ.. နာက်င္မႈ တစ္မ်ိဳး... ႏွလံုးသားထဲ စိမ့္ဝင္လာသည့္အခါ.... အက္ကြဲေၾကာင္းက တဆစ္ဆစ္ကိုက္လာျပန္သည္...။
______________________________________

ေဖေဖ နဲ႔ စီးပြားဖက္ မိတ္ေဆြအျဖစ္ ကၽြန္ေတာ့္ ဘဝထဲ ေရာက္လာသည့္ သူက မၾကာခင္မွာပဲ .. ကၽြန္ေတာ့္ အုပ္ထိန္းသူ ျဖစ္မွန္း မသိျဖစ္လာသည္....။

ေက်ာင္းမွာ ... ကၽြန္ေတာ္ ျပႆနာရွာတိုင္း..ဒိုင္ခံလိုက္ရွင္းသူက သူျဖစ္သလို...
ကၽြန္ေတာ့္ ဒဏ္ရာ ဒဏ္ခ်က္မ်ားကို အျမဲ ေဆးလိမ္းေပးသူမွာ သူျဖစ္သည္....။

ကၽြန္ေတာ္ မိုးေရထဲ လမ္းထြက္ေလၽွာက္သည့္အခ်ိန္တိုင္း..
ထီး တစ္ေခ်ာင္းျဖင့္ သူ ေရာက္လာတတ္သလို...
ေနမေကာင္းျဖစ္သည့္အခါတိုင္း ... တစ္ညလံုး. ထိုင္ေစာင့္ေပးသူမွာ သူပဲျဖစ္သည္....။

တစ္စစီျဖစ္ေနၿပီးသား... ကၽြန္ေတာ့္ အသိစိတ္ေတြအား.. သူ တစ္ခုစီ.. စိတ္ရွည္ လက္ရွည္ ျပန္ဆက္ေပးခဲ့သည္...။

တျဖည္းျဖည္း... ကၽြန္ေတာ့္ ႏွလံုးသားသည္ ယဥ္ပါးစျပဳလာသည္...။
ကၽြန္ေတာ့္ ယံုၾကည္မႈမ်ားအား.. တဆင့္ခ်င္း.... တည္ေဆာက္ေနသည့္ သူက...
ကၽြန္ေတာ့္ ႏွလံုးသားကိုပါ.. သိမ္းသြင္းထားၿပီး ျဖစ္သည့္ အေၾကာင္း.. သိလိုက္သည့္အခ်ိန္တြင္...

အရာအားလံုးဟာ.. အစီအစဥ္တက် လြဲမွားသြားခဲ့ၿပီ ျဖစ္သည္...။

•••

Beijing ရွိ ရုံးခ်ဳပ္အား... လက္ရွိ သူ ယာယီ တာဝန္ယူထားေပမယ့္...ဆက္ခံသူ အျဖစ္ ကၽြန္ေတာ့္အား.. မၾကာခဏ ဝန္ထမ္းမ်ားနဲ႔ မိတ္ဆက္ေလ့ရွိသည္...။
ကုမၸဏီ ဧည့္ခံပြဲတိုင္း... ကၽြန္ေတာ့္ကို သူ အျမဲ တက္ေရာက္ေစသည္...။

အဲ့သည့္ ညေနခင္းကေတာ့..ကၽြန္ေတာ့္ ဘဝတစ္ခုလံုးမွာ.. အဆိုးရြားဆံုး.. ညေနခင္း တစ္ခုပဲ ျဖစ္လိမ့္မည္...။

ကၽြန္ေတာ္... တစ္ခါမွ ခန္႔မွန္း မထားခဲ့မိေသာ... အနည္းပင္ မရိပ္မိခဲ့ေသာ... သူ႔ဇနီးျဖစ္သူ အမ်ိဳးသမီးႏွင့္ သူ ပြဲတက္လာခဲ့သည္...။
တစ္ႏွစ္ .. တစ္ႏွစ္လံုးလံုး.... သူ ကၽြန္ေတာ့္ေဘးမွာ ရုိးသားစြာရွိေနခဲ့သည္ေပါ့...။

( ကိုယ့္ ဇနီးေလ.. ) ဟု မိတ္ဆက္ေပးေနေသာ... သူ႔မ်က္လံုးမ်ားထဲတြင္ နည္းနည္းမွ ကသိကေအာက္ျဖစ္ေနဟန္မရွိ...။

ပတ္ဝန္းက်င္ ဆိုတာကို ေမ့သြားၿပီး.. ဝဲတက္လာေသာ မ်က္ရည္မ်ားအား.. ပုတ္ခတ္လိုက္သည့္အခါ... ထို မိန္းမအား.. ဖက္ထားေသာ.. လက္တို႔က ေျပေလ်ာ့သြားသည္ ဟု ကၽြန္ေတာ္ ထင္သည္...။

ကၽြန္ေတာ္ တစ္လွမ္းခ်င္း ေနာက္ဆုတ္လိုက္မိသည္...။

" ဗိုက္.. ဗိုက္ေအာင့္လို႔... "

သရုပ္ေဆာင္ျခင္း အတတ္အား.. သူ႔ေလာက္ မကၽြမ္းက်င္ေသာ္လည္း... ထို အမ်ိဳးသမီးကေတာ့ ပ်ာပ်ာသလဲ ကၽြန္ေတာ့္အား စိတ္ပူလ်က္.. အနားယူဖို႔ တိုက္တြန္းသည္ ...။

သူကေတာ့ ကၽြန္ေတာ္ အဓိပၸါယ္မေကာက္တတ္သည့္ မ်က္လံုးမ်ားျဖင့္. ကၽြန္ေတာ့္အား ေငးလ်က္...

" အိမ္ျပန္ၾကမယ္.. Luhan .. ကိုယ္ လိုက္ပို႔မယ္... "

ကၽြန္ေတာ့္ လက္မ်ားအား.. ဆုပ္ကိုင္လာသည့္ လက္တို႔သည္... ပထမဆံုးအႀကိမ္ မေႏြးေထြးေတာ့သလို ခံစားမိလာသည္....။
မသိမသာ ရုန္းထြက္လိုက္သည့္အခါ... သူ ကၽြန္ေတာ့္ကို စိုက္ၾကည့္သည္...။

" Luhan... ဘာျဖစ္ေနတာလဲ.... "

အသိစိတ္မဲ့ သူတစ္ဦးလို ....။
ဘုရားသခင္ ..။ ဒီေလာက္ ျဖဴစင္သည့္ သူ႔ေမတၱာေတြအား.. ကၽြန္ေတာ္ ျပစ္မွား မိခဲ့တာေပါ့....။

ရွက္ရြံ႕အားငယ္ျခင္းေတြက ကၽြန္ေတာ့္ တစ္ကိုယ္လံုးကို ႏြမ္းလ်သြားေစသည္....။
ကၽြန္ေတာ္ သူ႔ကို ခ်စ္ေနခဲ့တာပါလား....။

ဘုရား...။ ဘုရား..။ ဘယ္ေလာက္ေတာင္ မိုက္မဲလိုက္သည့္ ႏွလံုးသားလဲ...။

ကၽြန္ေတာ့္ကို ညီတစ္ေယာက္လို ဂရုစိုက္ေပးေနခဲ့ျခင္းေတြ အေပၚ. ... ကၽြန္ေတာ္ ဘာေတြမ်ား .. ေမၽွာ္မွန္းေနခဲ့မိပါလိမ့္....။

အိမ္ထဲေရာက္သည့္အခါ... ကၽြန္ေတာ္ အသိစိတ္မဲ့စြာ.. သူ႔ကို ႏႈတ္ဆက္လိုက္မိသည္...။

" ေက်း.. ေက်းဇူးတင္ပါတယ္... ကၽြန္ေတာ္ အိပ္ေတာ့မယ္..."

သူ ကၽြန္ေတာ့္ကို မသကၤာစြာ စိုက္ၾကည့္လ်က္....။

" Luhan ... "

စိတ္မၾကည္လင္ေသာ...ကေလးတစ္ေယာက္ကို ေခ်ာ့ေတာ့မည့္ အသံမ်ိဳး....။
ကၽြန္ေတာ္ အသံတိတ္ေနသည့္အခါ... သက္ျပင္းခ်လ်က္...
သူ လွည့္ထြက္မည့္ဟန္ျပင္သည္....။

" ဘယ္.. ဘယ္တုန္းက လက္ထပ္ခဲ့တာလဲဟင္..."

သြားၿပီ....။ ကၽြန္ေတာ့္ မာန နဲ႔ သိကၡာမ်ားသည္... ထိန္းခ်ဳပ္ႏိုင္စြမ္း ကင္းမဲ့စြာ ၿပိဳလဲသြားၿပီ ျဖစ္သည္...။
ပါးနပ္လြန္းေသာ... သူသည္... ကၽြန္ေတာ့္ ေမးခြန္းေနာက္ကြယ္မွ ခံစားခ်က္မ်ားအား... အလြယ္တကူ ရိပ္မိသြားေတာ့မည္...။

အံ့ဩဟန္ျဖင့္ သူ ကၽြန္ေတာ့္ကို ျပန္လွည့္ၾကည့္လာသည္...။

" Luhan... "

" Sorry ...ဒီအတိုင္း.. ဒီအတိုင္း ေမးၾကည့္တာ.. ဘာမွ.. မဟုတ္ဘူး.. တကယ္... ဘာမွ.. မဟုတ္ပါဘူး.. "

အလ်င္အျမန္ တစ္ဖက္လွည့္လိုက္ဖို႔ ႀကိဳးစားေပမယ့္... သိမ္ဝင္သြားေသာ စကားအဆံုး... ကၽြန္ေတာ့္ မ်က္ရည္မ်ားကို သူ သတိျပဳမိသြားၿပီ....။

တျဖည္းျဖည္း ... သူ ကၽြန္ေတာ့္နား ခ်ဥ္းကပ္လာသည္ ..။
မလာနဲ႔ ...။ မလာခဲ့ပါနဲ႔...။

ကၽြန္ေတာ္ ၿပိဳလဲသြားခဲ့သည့္အခါ.. သူ ေထြးေပြ႕ထားသည္...။
( ကိုယ္ ေတာင္းပန္ပါတယ္ .. ကေလးရယ္ ... ) ဆိုေသာ စကားအား... ထပ္တလဲလဲ ေရရြတ္လ်ကိ....။

ကၽြန္ေတာ္ သူ႔ရင္ခြင္ထဲတြင္ ရႈိက္ႀကီးတငင္ ငိုမိသည္...။
ထြက္သြားေတာ့မွာလား...။ ေဖေဖတို႔လို...။
ကၽြန္ေတာ့္ကို ထားခဲ့ဦးမွာလား.ဆိုေသာ အေတြးတို႔က ေျခာက္လွန္႔လာေနသည္....။

ကၽြန္ေတာ္ ပိုင္ဆိုင္ရေတာ့မည္ဟု ေမၽွာ္လင့္ထားေသာ သူက တစ္ခ်ိန္လံုး... တစ္ဦးတစ္ေယာက္ရဲ႕ ခင္ပြန္းျဖစ္ေနခဲ့ၿပီးသား...ဟူသာ အသိက...
ႏွလံုးသားအား.. ထိုးဆြေနသည္ ..။

ကၽြန္ေတာ္ ၿငိမ္သက္သြားသည့္အခါ... သူ ကၽြန္ေတာ့္အား ထိုင္ခံုတြင္ ထိုင္ေစလ်က္... ေရတစ္ခြပ္ ခပ္ေပးသည္...။

တုန္လႈပ္ေအးစက္ေနေသးေသာ.... ကၽြန္ေတာ့္ လက္ဖ်ားမ်ားအား... သူ ဆုပ္ကိုင္ထားလ်က္...။

" ကိုယ္က မင္း .. အန္ကယ္လ့္ကို လြမ္းလို႔ ထင္ေနခဲ့တာ..."

ကၽြန္ေတာ့္ မဲ့လိုက္မိသည္...။ ဒါျဖင့္... အခုေတာ့... ကၽြန္ေတာ့္ မ်က္ရည္မ်ားအား... သူ သေဘာေပါက္ နားလည္သြားၿပီေပါ့ ...။

" ကိုယ္..."

" ကၽြန္ေတာ္ တစ္ေယာက္တည္းေနခ်င္တယ္... "

သူ ထြက္မသြားေသး...။
ကၽြန္ေတာ္ ထိုင္ေနေသာ.. Sofa ေရွ႕ ဒူးေထာက္လ်က္.. ကၽြန္ေတာ့္ မ်က္ႏွာအား... ဆြဲေမာ့သည္....။

" ကိုယ့္ ကို ဘာျဖစ္ေစခ်င္သလဲ ... ေျပာ.. "

ဘာျဖစ္ေစခ်င္သလဲတဲ့ ...။ ထို စကားအား..မ်က္ႏွာေျပာင္တိုက္ကာ... ကၽြန္ေတာ့္ကို ေျဖေစခ်င္သည္လား....။

ကၽြန္ေတာ္ ေခါင္းခါျပလိုက္သည္.....။

" မငိုပါနဲ႔ .... ကိုယ္က မင္းျဖစ္ေစခ်င္သလို အားလံုး လုပ္ေပးမလို႔... အဲ့ဒီ့ေတာ့... .."

" ကြာရွင္းေပးႏိုင္လား... "

အံ့ဩတႀကီး.. သူ ကၽြန္ေတာ့္ကို ၾကည့္လ်က္ ဆြံ႕အသြားသည္....။
မလုပ္ႏိုင္ဘူး....။ ခင္ဗ်ား မလုပ္ႏိုင္ပါဘူး....။

" ျပန္ေတာ့ .... သြားေတာ့.. ကၽြန္ေတာ္ ပင္ပန္းေနၿပီ.... "

သူ႔အား.. တြန္းဖယ္လ်က္.. ကၽြန္ေတာ္ ေလွကားထစ္မ်ားေပၚ အားအင္ ခ်ည့္ႏွဲ႔စြာ..လွမ္းမိသည္ ..။
တိုးညင္းေသာ... သက္ျပင္းခ်သံ သဲ့သဲ့သည္... တစ တစ ကၽြန္ေတာ္နဲ႔ ေဝးကြာသြားသည္ ..။

တံခါးမႀကီးအား... ဆြဲဖြင့္လိုက္သံ...။ ေနာက္ေတာ့ .. ကၽြန္ေတာ္ အလြတ္ရေနၿပီးေသာ... သူ႔ ေျခသံ...။
ပိတ္သြားၿပီျဖစ္ေသာ... တံခါးသံနဲ႔ အတူ .. ကၽြန္ေတာ္ ေလွကားတစ္ဝက္တြင္ ထိုင္ခ်လိုက္သည္....။

မငိုမိေတာ့....။ သူ ကၽြန္ေတာ့္ကို စိတ္ပ်က္သြားေလာက္ၿပီ..။

( ကြာရွင္းေပးႏိုင္လား... ) ဆိုသည့္ ေမးခြန္းက ဘယ္ေလာက္ေတာင္ ေဘာင္ေက်ာ္သြားပါလိမ့္....။

ကၽြန္ေတာ္နဲ႔ တစြန္းတစမၽွ မသက္ဆိုင္ေသာ...သူ႔ဘဝအား.. ဘာလို႔ စြက္ဖက္မိသြားပါလိမ့္....။

ေတြးရင္း... ေတြးရင္း... ကၽြန္ေတာ္ဟာ.. သူ႔ဇနီးျဖစ္သူ ထို အမ်ိဳးသမီးအား... အားနာရွက္ရြံ႕သြားသည္....။
သာယာေနလိမ့္မည္ ျဖစ္ေသာ... အိမ္ေထာင္ေရး တစ္ခုအား... ကၽြန္ေတာ္ ခေလာက္ဆန္ဖို႔ ႀကိဳးစားခဲ့မိသည္ မဟုတ္လား....။

•••

ေက်ာင္းမတက္ပဲ... အခန္းတံခါးပိတ္ကာ..... ၿငိမ္သက္ေနေသာ... ကၽြန္ေတာ့္အား... သူ မၾကာခဏ လာၾကည့္တတ္သည္ဟု... အိမ္ေတာ္ထိန္းဦးေလးဆီမွ ၾကားရသည္....။

ကၽြန္ေတာ့္ရဲ႕ ... ဆင္ျခင္ႏိုင္စြမ္းနဲ႔... မ်ိဳသိပ္ ထိန္းခ်ဳပ္ႏိုင္စြမ္းဟာ... တစ္ညေနခင္းမွာပဲ... ခ်ိဳးဖ်က္ျခင္းခံလိုက္ရသည္...။

ျခံထဲတြင္ ဆင္း၍ ဟိုဟို ဒီဒီ ေငးေမာေနသည့္ ကၽြန္ေတာ့္အနား... သူ ေရာက္လာသည့္အခါ... ကၽြန္ေတာ္ လန္႔သြားသည္...။
ထထြက္ဖို႔ ႀကိဳးစားေပမယ့္.. ကၽြန္ေတာ့္ လက္ေကာက္ဝတ္အား... ခ်ဳပ္ကိုင္ထားေသာ သူ႔အားကို ဘယ္လိုမွ ရုန္းမထြက္ႏိုင္ခဲ့....။

" Luhan... မင္း ဘာျဖစ္ခ်င္ေနသလဲ.... "

ကၽြန္ေတာ္ ဘာျဖစ္ခ်င္ေနသလဲ ဆိုတာ.. ကၽြန္ေတာ္လဲ သိခ်င္သား....။

" မင္း ကိုယ့္ကို ေရွာင္ေနတယ္ ... "

" ..... "

" ကိုယ္တို႔ ..... ဒီအတိုင္းေလးပဲ... ဆက္ေနသြားလို႔ မျဖစ္ဘူးလား...ဟင္ ??.. "

သိမ္ေမြ႕ေသာ...ေမးခြန္းက ကၽြန္ေတာ့္ ရင္ခြင္တစ္ခုလံုးအား... ဓားျဖင့္ ဆြဲေမႊလိုက္သလိုမ်ိဳး...။
ကၽြန္ေတာ့္ သည္းခံျခင္းတရားအား.... သူ ေပါက္ကြဲလိုက္ေစသည္....။

စူးရဲစြာ ကၽြန္ေတာ္ သူ႔ကို ၾကည့္မိသည္....။

" ဒီအတိုင္း...?? ဒီအတိုင္းဆိုတာ... ဘယ္လိုမ်ိဳးလဲ !! ..."

".. Lu... "

" ဒီအတိုင္း !!..... ခင္ဗ်ားရဲ႕ ရုိးသားတဲ့ ဂရုစိုက္မႈေတြကို သာယာေနတာမ်ိဳးလား... !! ဒီအတိုင္း... အိမ္ေထာင္ရွိၿပီးသား... လူကို .... ျပစ္မွားေနတာမ်ိဳးလား....!! ဟင္ ! ေျပာစမ္းပါ....!
ခင္ဗ်ားရဲ႕ ဒီအတိုင္းဆိုတဲ့... အဓိပၸါယ္ကို ...!! "

ကၽြန္ေတာ့္ကို အံ့ဩဆြံ႕အစြာ.. သူ ေငးၾကည့္ေနသည့္အခါ... ကၽြန္ေတာ္.. သက္ျပင္းတစ္ခုခ်လ်က္.... မ်က္လံုးမ်ားကို မွိတ္ပစ္လိုက္သည္....။

ေႏြးေထြးေသာ... ႏွလံုးခုန္သံအား... ခပ္ပါးပါး.. ရွပ္အက်ႌမွတဆင့္ ကၽြန္ေတာ္ ခံစားမိလိုက္သည္....။
ၿပီးေတာ့... အဲ့ဒီ ... ဆြဲေဆာင္မႈ တစ္မ်ိဳးျဖင့္ ကိုယ္သင္းရနံ႔..။

ဘုရားသခင္... ကၽြန္ေတာ့္ကို သူ ေထြးေပြ႕ထားသည္ပဲ....။

" ကိုယ္ဆိုလိုခ်င္တာက... ဒီအတိုင္း...."

"..... "

" ကိုယ္တို႔ ခ်စ္ေနၾကလို႔ရတာပဲ...လို႔ "

ကၽြန္ေတာ့္ ႏွလံုးခုန္သံ ရုတ္တရက္ က်ယ္ေလာင္လာသည္...။
သူ... သူ ဘာေျပာလိုက္ပါလိမ့္....။

တစ္ခြန္းပဲ....။
အဲ့ဒီစကားတစ္ခြန္းပဲ သူေျပာခဲ့တာ....။

ကၽြန္ေတာ့္ ရဲ႕ ဆင္ျခင္ႏိုင္စြမ္းေတြကို အဲ့ဒီစကားတစ္ခြန္းနဲ႔ ရုိက္ခ်ိဳးခဲ့တာ.....။
ကၽြန္ေတာ္ တိုးဝင္ေတာ့မယ့္ ေထာင္ေခ်ာက္တစ္ခုထဲ ဆြဲသြင္းခဲ့တာ....။

တတ္ေျမာက္နားလည္ၿပီးခဲ့သည့္... က်င့္ဝတ္ေတြအား...
ႏွလံုးသားက ပုန္ကန္ခဲ့ေလသည္...။
______________________________________

ကားေပၚတြင္ ကၽြန္ေတာ္ ပံုမွန္ထက္ ၿငိမ္သက္ေနသည့္အခါ.. သူ မေနတတ္...။

" သီခ်င္းနားေထာင္မလား.. ကေလး.. "

ကၽြန္ေတာ္ ေခါင္းခါျပလိုက္သည့္အခါ... သူ တိတ္ဆိတ္သြားျပန္သည္.....။
ဖုန္းျမည္လာသံေၾကာင့္... သူ Ear.ph ကို တပ္ကာ... ေျဖဆိုသည္...။

" Hello .. "

" ... "

ကၽြန္ေတာ္ ထင္ေနသည့္ လူပဲ ျဖစ္လိမ့္မည္... ။ သူ ကၽြန္ေတာ့္ကို လွည့္ၾကည့္ကာ... ျပံဳးသည္....။

" Sorry ခ်စ္.. ကိုယ္ ဒီေန႔... Luhanအိမ္မွာပဲ အိပ္လိုက္ေတာ့မယ္... ကုမၸဏီ ကိစၥတစ္ခ်ိဳ႕ ေျပာစရာရွိလို႔ ညဥ့္နက္မွာနဲ႔.. "

ကၽြန္ေတာ္ တစ္ဖက္လွည့္ကာ... ျပံဳးလိုက္သည္...။
ရင္ဘတ္တစ္ေနရာက မသိမသာ... နာေနေပမယ့္လို႔..။

ဦးေႏွာက္ အစိတ္အပိုင္းအခ်ိဳ႕က လြဲမွားေနသည့္ တစ္စံုတစ္ရာအား... ေထာက္ျပေနေပမယ့္လို႔...။

ရုတ္တရက္... ကၽြန္ေတာ့္လက္မ်ားကို သူ ခပ္ဖြဖြ ဆုပ္ကိုင္ရင္း... ႏႈတ္ခမ္းျဖင့္ အသာအယာ နမ္းသည္...။
ကားေမာင္းေနရာက လွည့္မၾကည့္ေပမယ့္ သူ ျပံဳးလ်က္...။

ၾကည့္....။ ကၽြန္ေတာ္ အရာအားလံုးကို ဆန္႔က်င္ပစ္လိုက္ဖို႔ သူဟာ... ထိုက္တန္လြန္းေနသည္ မဟုတ္လား....။

•••

ေအးစက္တဲ့ အေငြ႕အသက္ေတြနဲ႔...။ ေနာက္... ဆူညံသံ..။
ေအာ္ဟစ္ရန္ျဖစ္ေနတဲ့ အသံ...။

" ေတာ္လိုက္ေတာ့.. !! မင္း ေဖာက္ျပန္ခ်င္တိုင္း .. ေဖာက္ျပန္လို႔ ဝမွ ငါ့အိမ္ေပၚ ျပန္တက္မလာနဲ႔ ! "

ၾကားေနၾက ထပ္တလဲလဲ ျဖစ္ရပ္မ်ိဳး....။ ေမေမ့ရဲ႕ ေျခာက္ကပ္ကပ္ ရယ္သံ..။

" ရွင္က သိပ္ရယ္ရတာပဲ.... ! ရွင့္အိမ္လား... ! မွားေနၿပီ ထင္တယ္... ဒါ ကၽြန္မ အေဖ အေမြေပးခဲ့တာေလ... !! "

ျပန္႔က်ဲသြားတဲ့ ေငြစကၠဴေတြနဲ႔ စားပြဲခံုအား.. ဆြဲေမွာက္ပစ္လိုက္သံ....။

" မင္းအေဖရဲ႕ စုတ္ျပတ္သတ္ေနတဲ့ ကုမၸဏီကို ငါ ဘယ္လို ျပန္တည္ေဆာက္ခဲ့ရလဲ.... နားလည္ရဲ႕လား... !! "

တစ္ေပါက္ခ်င္းက်လာေသာ မ်က္ရည္တို႔အား... လ်စ္လ်ဴရႈရင္း... ဟထားေသာ တံခါးကို အသာျပန္ေစ့လိုက္ရင္း.... ေလွကားေပၚမွ ေျပးဆင္းခဲ့မိသည္.....။ ျမင္ကြင္းေတြက ေဝေဝဝါးဝါး....။

ေမာဟိုက္ေနေသာ.. ႏွလံုးခုန္သံေတြ... တုန္ယင္ေနတဲ့ လက္တို႔က ... ပါးစပ္ကို အုပ္လ်က္ ...။
မထြက္နဲ႔ ...။ ေအာ္ဟစ္ငိုယိုတတ္တာ.. ေယာက်္ားမဟုတ္ဘူး....။

ဝုန္းခနဲ ပြင့္လာတဲ့ အိမ္တံခါး...။ ေမေမ....။
ဟင္ ...။ အိတ္ေတြနဲ႔...။ ဟင့္အင္း .. ဒီလို မလုပ္ပါနဲ႔...။

ဆြဲထားမိေသာ... ေသးငယ္သည့္ လက္တို႔အား... အၾကမ္းပတမ္းပဲ ဆြဲျဖဳတ္သြားခဲ့သည္...။
တစ္စက္မွ ေနာက္လွည့္မၾကည့္ခဲ့....။

" ေမေမ.. !!... ေမေမ.. ! ေမ !..."

" Luhan !! ထ.... အိပ္မက္ဆိုးေတြ မက္ျပန္ၿပီ ! "

ရုတ္တရက္ ဆြဲလႈပ္ျခင္းခံလိုက္ရသျဖင့္... လန္႔ျဖန္႔ၿပီး ထထိုင္မိသည္ ..။
အိပ္မက္ ..။ အိပ္မက္ပဲ...။

သူ ကမ္းေပးလာေသာ... ေရခြက္အား .. အငမ္းမရပဲ ေမာ့ခ်လိုက္ရသည္...။ နိမ့္ခ်ည္ ျမင့္ခ်ည္ ျဖစ္ေနေသးေသာ.. ရင္ဘတ္အား ဖိလ်က္... ကၽြန္ေတာ္ ႏြမ္းလ်ေနတုန္း ..။

ပါးေပၚရွိ မ်က္ရည္စီးေၾကာင္းမ်ားကို လက္ဖမိုးျဖင့္..ဆြဲသုတ္လိုက္သည္..။

ကၽြန္ေတာ့္အား စိုးရိမ္တႀကီး စိုက္ၾကည့္ေနေသာ.. သူ႔ကို ေမာ့ၾကည့္လိုက္မိသည္...။

" Luhan.. အဆင္ေျပရဲ႕လား.... "

မေျပဘူး....။
အတိတ္ဆိုးေတြက လက္ရွိ ကၽြန္ေတာ့္ရဲ႕ ပစၥဳပၸန္ကို ေျခာက္လွန္႔ေနတာ....။
ဆိုးရြားတဲ့ ေဖာက္ျပန္မႈဆိုတဲ့ ႏြံထဲ ကၽြန္ေတာ္ ေပ်ာ္ေမြ႕ေနတဲ့ အေၾကာင္း... သတိေပးေနၾကတာ....။

ကၽြန္ေတာ့္ လက္မ်ားကို ဆြဲယူ ဆုပ္ကိုင္လိုက္သည့္အခါ...
ထိတ္လန္႔သြားမိသည္....။ ေမာ့ၾကည့္မိသည့္အခါ... ေႏြးေထြးႏူးညံ့ေသာ မ်က္ဝန္းမ်ားက ေငးလ်က္....။
တိုးဝင္ဖက္တြယ္မိေသာ ရင္ခြင္ဟာ.. အရင္လို ေအးခ်မ္းမသြားေစတာ ဘာေၾကာင့္ပါလိမ့္....။

ကၽြန္ေတာ္ ပင္ပန္းေနၿပီ......။

•••

ဖုန္းတစ္လံုးျဖင့္ အလုပ္ရႈပ္လ်က္ရွိေသာ... သူ႔အနား.. ကၽြန္ေတာ္ ကပ္သြားခဲ့သည္...။
မနက္ျဖန္.....။ ကၽြန္ေတာ္ မုန္းတီးမိေသာ ... ရက္စြဲမ်ားထဲမွ တစ္ခု....။
မနက္ျဖန္ သူမ ေမြးေန႔...။ သူ သြားရဦးမွာေပါ့...။
ကၽြန္ေတာ္ သူ႔ကို မသြားေစခ်င္ဘူး....။

ခါးကို ဖက္လ်က္ သူ႔ေက်ာျပင္အား မ်က္ႏွာအပ္ထားမိသည္...။

( ခင္ဗ်ား မနက္ျဖန္ ကၽြန္ေတာ့္ ေဘးနားပဲ ရွိေပးရင္ ေကာင္းမွာပဲ... )

သိုင္းဖက္ထားေသာ ကၽြန္ေတာ့္လက္မ်ားကို ဆြဲယူနမ္းၿပီးမွ ကၽြန္ေတာ့္ဖက္ လွည့္လာခဲ့သည္...။

" ဘာျဖစ္လို႔လဲ....Luhan.. တစ္ခုခု ေျပာစရာရွိလား...."

ျငင္းဆန္လိမ့္မည္မွန္း သိေပမယ့္လို႔.. ကၽြန္ေတာ္ဟာ
ကိုယ့္ နာက်င္မႈ ကိုယ္အစဆြဲထုတ္ဖို႔ ဝါသနာပါသူပဲျဖစ္သည္..။

" မနက္ျဖန္... အိမ္ကို ျပန္မွာေပါ့... "

ၾကားရေတာ့မည္ကို ေမၽွာ္လင့္ထားၿပီးသလို သူ႔မ်က္ႏွာက အံ့ဩသြားဟန္မရွိ....။ ထံုးစံအတိုင္းလဲ ကၽြန္ေတာ့္ကို ေဖ်ာင္းဖ်ေတာ့မည့္ စကားလံုးမ်ား ရွာထားၿပီးသားေပါ့...။

" မင္း သိရဲ႕သားနဲ႔ ကိုယ္ အဲ့ဒီ ေမြးေန႔မွာ ရွိဖို႔ လိုအပ္တယ္ေလ... "

လိုအပ္တယ္ ဆိုေသာ စကားက ကၽြန္ေတာ့္ရဲ႕ ေစာဒက တက္ေတာ့မည့္ အေၾကာင္းျပခ်က္ မ်ားအား.. ပိတ္ပင္တားဆီးၿပီးသားျဖစ္သည္....။ သို႔မဟုတ္....
ကၽြန္ေတာ္ ဇြတ္ႀကိတ္မွိတ္ေမ့ထားသည့္ သူတို႔ ႏွစ္ေယာက္၏ ပက္သက္မႈအား... ေထာက္ျပလိုက္ၿပီးသားလဲ ျဖစ္သည္ ...။

ငိုင္သြားေသာ... ကၽြန္ေတာ့္အား... ထိုင္ေနေသာ
သူ႔ေပါင္ေပၚ ဆြဲတင္ကာ.. ေခ်ာ့ဖို႔ ႀကိဳးစားေတာ့သည္...။

" ကေလးကလဲကြာ.. အဲ့လိုမ်ိဳးမေနပါနဲ႔. ကိုယ္ မင္းနားမွာ ရွိေနတဲ့ အခ်ိန္ေတြက ပိုမ်ားတာပဲ မဟုတ္လား...Luhan ရဲ႕ .. "

ခင္ဗ်ားက အခ်စ္ကို အခ်ိန္ခြဲေဝပိုင္းျခားၿပီး... ေပးတာနဲ႔ ဆံုးျဖတ္ခ်င္ေနသလား....။ သိပ္ရယ္ရတာပဲ....။
ဟက္ခနဲ ကၽြန္ေတာ္ ရယ္မိေတာ့... သူ ျပံဳးကာ စိုက္ၾကည့္ေနဆဲ....။

ဘာမွမေျပာပဲ... ကၽြန္ေတာ္ တိတ္ဆိတ္ေနျပန္ေတာ့... ။

" ကဲ .... ကိုယ္တို႔ ခရီးထြက္ၾကမယ္... ဟုတ္ၿပီလား.. မင္းသြားခ်င္တဲ့ ေနရာတစ္ခုခု.... "

သူ႔ေပၚ ေဘးတိုက္ ထိုင္ေနရာက ခပ္ေစာင္းေစာင္းၾကည့္လိုက္မိသည္...။ ဒီလူဟာ.. ဘယ္ေတာ့မဆို ကၽြန္ေတာ့္ကို လိုက္ေလ်ာေပးတာထက္ သူ႔ ဆနၵေတြကိုပဲ အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားတတ္တာ...။

ဘယ္တုန္းကမ်ား အေလၽွာ့ေပးဖူးသလဲ... ကၽြန္ေတာ့္ကို ...။

ဘာစကားေတြပဲ ေျပာေျပာ... ေနာက္ဆံုးေတာ့ သူ ဒီေမြးေန႔ကို သြားကို သြားမယ္ဆိုတဲ့ အဓိပၸါယ္ပဲ..။
က်င္ခနဲ နာသြားေသာ ရင္ဘတ္တစ္ေနရာက ကၽြန္ေတာ့္ကို တားျမစ္ျပန္သည္....။

ဆက္မေျပာနဲ႔... ။ အဆံုးသတ္ေတာ့လဲ ေအးစက္စက္ တစ္ဖက္သတ္ရန္ပြဲနဲ႔ ကၽြန္ေတာ္ပဲ ရင္နာရမွာ....။
ကၽြန္ေတာ္ ဆိုတဲ့ေကာင္ပဲ အရူးလို... ေအာ္ဟစ္ ေပါက္ကြဲၿပီး.... သူကေတာ့..... လိုခ်င္တာ မရသျဖင့္.. ေျခေဆာင့္ စိတ္တိုေနသည့္ ကေလးတစ္ေယာက္ကို ၾကည့္သလို ၾကည့္ၿပီး.. ကၽြန္ေတာ့္ ဒဏ္ရာေတြကို လ်စ္လ်ဴရႈပစ္ဦးမည္....။

ကၽြန္ေတာ့္ သည္းခံမ်ိဳသိပ္မႈေတြ အတိုင္းအတာ တစ္ခု ေရာက္တဲ့ တစ္ေန႔အထိ... ခင္ဗ်ားကို ခ်စ္ေနႏိုင္ေသးဖို႔ ... ဆုေတာင္းတယ္..။

" ရပါတယ္... အခ်ိန္လဲ မရွိပဲ ခရီးမထြက္ပါနဲ႔ ... ကၽြန္ေတာ္ အိပ္ေတာ့မယ္... "

ဖက္တြယ္ထားေသာ လက္တို႔အား ဆြဲဖယ္ၿပီး... ကုတင္ေပၚ တက္ကာ... မ်က္လံုးေတြ မွိတ္လိုက္သည္...။
အိပ္ေတာ့...။ အိပ္လိုက္ေတာ့....။
ဆိုးရြားတဲ့ အိပ္မက္တစ္ခုက လက္ရွိ အေနအထားထက္ ပိုေကာင္းႏိုင္ေသးတယ္....။

•••

အနည္းငယ္ေမွာင္ေနေပမယ့္ ... လင္းခါနီးဆဲဆဲ....။

ကၽြန္ေတာ့္ေဘးနားတြင္ ႏွစ္ၿခိဳက္စြာ သူ အိပ္ေမာက်ေနသည္....။ သိပ္ အျပစ္ကင္းစင္သူ တစ္ဦးလို...။

ကၽြန္ေတာ့္ကို ဘယ္လို အေနအထားမ်ိဳးအထိ ျပဳျပင္ေျပာင္းလဲပစ္ခ်င္ေနသလဲ...။
ကၽြန္ေတာ္ လက္ဖ်ားခါရပါသည္...။ လူတစ္ေယာက္ကို အဆံုးစြန္ထိ ခ်စ္တတ္လာေအာင္ သိမ္းသြင္းတတ္သည့္ ေနရာမွာ သူက သိပ္ေတာ္လြန္းသည္...။

ကၽြန္ေတာ့္ကို အတၱေတြနဲ႔ ေလာင္ၿမိဳက္တတ္လာဖို႔... သူက ခ်စ္ျခင္းတရားအား ေလာင္စာထည့္ခဲ့ျခင္းျဖစ္သည္...။

ကၽြန္ေတာ့္ အနာဂတ္အားလံုး.. ေဝဝါးသြားရတာ သူ႔ကို ခ်စ္သြားခဲ့လို႔ ဟု ေတြးမိတိုင္း.. ကၽြန္ေတာ္ သူ႔ကို သတ္ပစ္ခ်င္သည္...။
သို႔ေသာ္.... ကၽြန္ေတာ္ ဘာမွမလုပ္ႏိုင္...။

အရာအားလံုး... လြဲမွားေနမွန္း သိေနသည့္တိုင္.. အမွန္တရားကို ကၽြန္ေတာ္ မ်က္ႏွာခ်င္း မဆိုင္ရဲ..။
ခါးသီးလြန္းသည့္ အမွန္တရားမ်ားကို ေမ့ေဖ်ာက္ထားဖို႔..
ခ်ိဳၿမိန္သည့္ အမွားမ်ားကို ထပ္တလဲလဲ စားသံုးေနမိသည္...။

ရပ္တန္႔ပစ္လိုက္ဖို႔ အသိဝင္လာခ်ိန္မွာ... ေနာက္က်ၿပီးသြားၿပီ....။

•••

အိပ္ေရးမဝမႈေၾကာင့္ စိတ္မၾကည္လင္ရသည့္အျပင္....
အိမ္ျပန္ဖို႔ ျပင္ဆင္ေနသည့္ သူ႔ကို ၾကည့္ၿပီး ေဒါသပါ ထြက္လာေတာ့သည္...။

ကုတင္ေဘးက Sofaမွာ ထိုင္ရင္း... ကၽြန္ေတာ္ သူ႔ကို စူးစူးဝါးဝါး ၾကည့္ေနမိသည္...။
အဲ့သည့္ ဘာမွမျဖစ္သလို... အျပံဳးေတြကို တစစီ ဆြဲျဖဲပစ္ခ်င္လိုက္တာ....။

" ကေလး.. ထမင္းစားေနာ္... ကိုယ္သြားေတာ့မယ္... "

တံခါးလက္ကိုင္အား ဆြဲဖြင့္ရင္း.. သူ ကၽြန္ေတာ့္ကို လွမ္းမွာသည္...။ ကၽြန္ေတာ့္ ေဒါသက ဂိတ္ဆံုးသြားၿပီ...။

" မသြားနဲ႔..! "

စိတ္မရွည္သလို သက္ျပင္းခ်ရင္း... သူ တံခါးကို ျပန္ပိတ္ကာ ကၽြန္ေတာ့္ဘက္လွည့္လာသည္..။

" Luhan.. ကိုယ္ ေျပာၿပီးၿပီေနာ္... ဒါ ရစ္စရာ ကိစၥ မဟုတ္ဘူး.. ထင္တာပဲ ..... "

ကၽြန္ေတာ္ မတ္တပ္ထရပ္ရင္း... အံႀကိတ္လိုက္မိသည္...။

" ခင္ဗ်ား အခုသြားမယ္ဆို... ျပန္မလာခဲ့နဲ႔ ... "

ဖ်တ္ခနဲ အံ့ဩသြားေသာ္လည္း.. သူ ညစ္က်ယ္က်ယ္ တစ္ခ်က္ျပံဳးလိုက္သည္....။

" ေသခ်ာလို႔လား.. ကေလး... "

သူ မရွိပဲ ေနႏိုင္မွာလား ဆိုသည့္ အျပံဳးမ်ိဳးနဲ႔...
အဲ့ဒီ ပိုင္ႏိုင္ ေသခ်ာေနတဲ့ မ်က္လံုးေတြကို ၾကည့္ရင္း... ကၽြန္ေတာ္ အသားေတြ တုန္လာသည္အထိ စိတ္တိုသြားသည္....။

တိုးဝင္ ေပ်ာက္ကြယ္စျပဳေနေသာ.. မာနတရားတို႔က ေခါင္းေထာင္လာၾကသည္...။

" ေသ.. ခ်ာ.. တာ.. ေပါ့... "

တစ္လံုးခ်င္း ပီသစြာ ထြက္လာသည့္ ကၽြန္ေတာ့္ စကားသံအဆံုး... သူ ပခံုး တစ္ခ်က္တြန္႔ကာ...
တံခါးကို ဖြင့္လ်က္ ေအးေအးေဆးေဆးပဲ ထြက္သြားသည္...။

ကၽြန္ေတာ့္ကို နည္းနည္းမွ အေလးမထားျခင္းမ်ိဳး...။

ေနာက္ဆံုးေတာ့... ဒီလိုပဲ ထားခဲ့တာပဲ...။
( လမ္းခြဲၾကမယ္ ) ဆိုတဲ့ သေဘာမ်ိဳး.. ကၽြန္ေတာ္ ေျပာခဲ့တာေတာင္... ၿပီးတာပဲ ဆိုသည့္ အခ်ိဳးမ်ိဳး...။

ကၽြန္ေတာ္ဟာ သူ႔အတြက္ ဘာအဓိပၸါယ္မွ မရွိခဲ့ဘူးလား...။

•••

သူ႔အတြက္ ကၽြန္ေတာ္ အားလံုး.. ေပးဆပ္ခဲ့သည့္တိုင္ .. ကၽြန္ေတာ္က ဘာမွမဟုတ္ေသးဘူး.. ဆိုလၽွင္..

ကၽြန္ေတာ့္ရဲ႕ ျဖစ္တည္မႈအား... ျပန္စဥ္းစားသင့္ၿပီ ထင္သည္...။

ျပႆနာျဖစ္တိုင္း... ေဒါသတႀကီး ေအာ္ဟစ္ ေပါက္ကြဲလ်က္ ကၽြန္ေတာ္ ေသာင္းက်န္းေလ့ရွိေပမယ့္...
အခုေတာ့.. ကၽြန္ေတာ္ ၿငိမ္သက္ေနလိုက္သည္..။

ထပ္တလဲလဲ ေမးေနမိသည့္ ေမးခြန္းက...
( ဘာေၾကာင့္လဲ.. )
ကၽြန္ေတာ္ အားလံုး စြန္႔လႊတ္ခဲ့သည့္တိုင္... သူကေတာ့..။

ယံုၾကည္မႈေတြ စတင္ ေပ်ာက္ဆံုးသည့္အခါ....... ခ်စ္ျခင္းေမတၱာကို သံသယဝင္လာမိတာပဲ...။
______________________________________

ကၽြန္ေတာ့္ကို သူ နားလည္သြားၿပီးသည့္ေနာက္ သို႔မဟုတ္ ကၽြန္ေတာ္တို႔ တစ္ဦးနဲ႔ တစ္ဦး.. ပြင့္လင္းခဲ့ၿပီးသည့္ေနာက္..။

သူေျပာခဲ့သလို... ဒီအတိုင္းေလးပဲ.. ကၽြန္ေတာ္တို႔ ခ်စ္ေနခဲ့ၾကသည္...။

ညေနေက်ာင္းဆင္းခ်ိန္တိုင္း .. သူ လာႀကိဳခဲ့သလို....
ကၽြန္ေတာ့္အနား သူ ရွိေနသည့္ ရက္စြဲေတြ စိပ္လာခဲ့သည္...။
ကၽြန္ေတာ္တို႔ ႏွစ္ေယာက္အား... တြဲျမင္ပါမ်ားလာသည့္အခါ... တီးတိုးသံေတြ ထြက္လာေတာ့သည္...။

ပတ္ဝန္းက်င္ကို ကၽြန္ေတာ္ ဂရုမစိုက္ေပမယ့္ သူကေတာ့ ဂရုစိုက္ရမည္ျဖစ္သည္...။

ကၽြန္ေတာ့္အတြက္ေၾကာင့္ သူ နည္းနည္းမွ မထိခိုက္ေစရ...။
သတင္းေတြ ၿငိမ္သက္သြားဖို႔ ကၽြန္ေတာ္ သူနဲ႔ သိပ္မေတြ႕ဖို႔ ဆံုးျဖတ္လိုက္သည္...။

အဆံုးစြန္ထိ ေတြးထားခဲ့ေပမယ့္......။

... ကၽြန္ေတာ့္ အိမ္အထိေရာက္လာခဲ့ေသာ သူ႔အား... ကၽြန္ေတာ္ မလြန္ဆန္ႏိုင္ခဲ့...။

( မင္း... ကိုယ့္ကို လမ္းခြဲႏိုင္ရဲ႕လား.. ) ဆိုသည့္ ေမးခြန္းေအာက္တြင္.. ကၽြန္ေတာ္ ဆြံ႕အကာ ဒူးေထာက္သြားခဲ့သည္...။

ကၽြန္ေတာ့္ရဲ႕ မာနေတြ... ။ ေနာက္ေတာ့ သိကၡာတရားေတြ..။
ထိုေန႔မွစၿပီး... ကၽြန္ေတာ္ ေက်ာင္းမသြားေတာ့... ။ အျပင္ထြက္ဖို႔လဲ မႀကိဳးစားေတာ့...။

ကၽြန္ေတာ့္ကို မေတြ႕ေတာ့ဘူးဆိုရင္... သတင္းေတြ ၿငိမ္းသြားၾကလိမ့္မည္...။
သူ႔ရဲ႕ ဇနီးျဖစ္သူကေတာ့ ထိုကိစၥအား.. ဟာသတစ္ခုကို ၾကားရသလို အရႊန္းေဖာက္ရင္း.. အင္တာဗ်ဳးတစ္ခုမွာ ေခ်ပလိုက္သည့္အေၾကာင္း.. ကၽြန္ေတာ္ ျပန္ၾကားပါသည္...။

ကၽြန္ေတာ္ အူလႈိက္ သည္းလႈိက္ကို ရယ္ေမာပစ္လိုက္ပါသည္...။ မ်က္ရည္မ်ားထြက္သည္အထိ...။

•••

ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ ကမၻာသည္.. မ်ားေသာအားျဖင့္ စေန တနဂၤေႏြ ပိတ္ရက္မ်ားပဲျဖစ္သည္...။

သူ ေရာက္လာသည့္ အခါ ကၽြန္ေတာ္တို႔.. မုန္႔ေတြ လုပ္စားဖူးသည္...။
သူ႔ ပုခံုးအား မွီရင္း.. ရုပ္ရွင္ၾကည့္ကာ.. အိပ္ေပ်ာ္သြားဖူးသည္..။
ပန္းပင္ေတြ ေရၿဖန္းရင္း... ႏွစ္ေယာက္လံုး စိုရြဲကာ.....
တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ၿပီး.. ေအာ္ဟစ္ ရယ္ေမာဖူးသည္...။
ဘယ္ေတာ့မွလဲ သူ႔ကို မႏိုင္သည့္ Chess ပြဲေပါင္းမ်ားစြာ ေဆာ့ရင္း.. ရႈံးသည့္အခါတိုင္း.. စိတ္ေကာက္ဖူးသည္...။
ညဘက္ ၾကယ္ေတြ ေရတြက္ရင္း.. သူ႔ရင္ခြင္အား.. ေခါင္းအံုးတစ္လံုးလို ဖက္တြယ္ခဲ့ဖူးသည္...။

ျပကၡဒိန္တစ္ခု၏ အစပိုင္းရက္စြဲမ်ားကေတာ့ ေပ်ာ္ရႊင္ ၾကည္ႏူးဖြယ္အတိပဲ ျဖစ္သည္...။

တျဖည္းျဖည္း သူ ပ်ိဳးေထာင္ေပးခဲ့ေသာ.. အခ်စ္သည္.. အတၱမ်ားနဲ႔ ႀကီးထြားလာသည့္အခါ... ကၽြန္ေတာ္ မထိန္းခ်ဳပ္ႏိုင္ေတာ့...။

အထူးသျဖင့္... သူ႔ ဇနီး ျဖစ္သူနဲ႔ တြဲေတြ႕ရသည့္ အခါမ်ိဳးမွာ.. ကၽြန္ေတာ္ နာက်င္လာခဲ့သည္...။

အိမ္ေထာင္တစ္ခုအား ဖ်က္ဆီးမိခဲ့တာ မဟုတ္ေပမယ့္.. ကၽြန္ေတာ္တို႔ ေဖာက္ဖ်က္က်ဳးလြန္ေနခဲ့ၾကၿပီးၿပီ...။
ကိုယ့္အျပစ္ကိုယ္ ထိန္းခ်ဳပ္ ဟန္ေဆာင္ႏိုင္ဖို႔... ကၽြန္ေတာ္ လူေတြၾကားထဲ ဝင္ဆန္႔ဖို႔ မႀကိဳးစားေတာ့...။

တျဖည္းျဖည္း... ကၽြန္ေတာ့္ အနားတြင္ သူတစ္ေယာက္တည္းကလြဲၿပီး... ဘာမွမရွိဟု သေဘာေပါက္လာခဲ့သည္...။

ထိုအခ်ိန္ကေတာ့... ကၽြန္ေတာ့္၏ အေၾကာင္းျပခ်က္မဲ့ အခ်စ္မ်ားအား.... ဂုဏ္ယူေနခဲ့မိပံုရသည္...။

______________________________________

လမ္းခြဲပစ္လိုက္ရမလား ဆိုသည့္ ရူးႏွမ္းသည့္ အေတြးအား.. ေတြးမိလိုက္ခ်ိန္တြင္ ကၽြန္ေတာ္ ကိုယ့္ကိုကိုယ္ တုန္လႈပ္သြားခဲ့သည္....။

မျဖစ္ႏိုင္ဘူး...။ ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္ပါ့မလဲ...။
ကၽြန္ေတာ္ သူ႔ကို ေရြးခ်ယ္ခဲ့သားနဲ႔...။

ဝမ္းနည္းအထီးက်န္စြာ... ကၽြန္ေတာ္ ငိုဖို႔.. သူ႔ ပုခံုးတစ္ဖက္လိုအပ္သည္...။
( ထိုမ်က္ရည္မ်ားက သူ႔ေၾကာင့္ျဖစ္တည္လာျခင္းအား.. ေမ့ထားေပမယ့္လို႔.. )

ေပ်ာ္ရႊင္ၾကည္ႏူးစြာ.. ကၽြန္ေတာ္ ရယ္ေမာဖို႔.. သူ ေျပာျပေလ့ရွိသည့္.. ဟာသတစ္ခ်ိဳ႕လိုအပ္သည္..။
( ေခတ္ေနာက္က်ေနေသာ ... ဟာသမ်ားက အမွနိတကယ္ ရယ္စရာမေကာင္းေပမယ့္လို႔... )

စိုးရိမ္ပူပန္စြာ... ကၽြန္ေတာ့္အား ဂရုစိုက္တတ္သည့္... သူ႔ အျပစ္တင္သံမ်ားအား လိုအပ္သည္....။
( တကယ္တမ္း... သူ႔ေၾကာင့္.... ဆိုးသြမ္းေနရေပမယ့္လို႔..)

ႏွစ္ၿခိဳက္စြာ ကၽြန္ေတာ္ အိပ္ေမာက်တတ္ဖို႔... သူ႔ အနမ္းမ်ားအား လိုအပ္သည္...။
( အိပ္မေပ်ာ္သည့္ ညေတြမွာ... သူ႔ကို လြမ္းေနရသည္က မ်ားေပမယ့္လို႔.. )

ကၽြန္ေတာ့္ သူ႔ကို လိုအပ္သည့္ အေၾကာင္းျပခ်က္ေတြ သိပ္မ်ားသည္...။

အိပ္မက္ဆိုးမက္သည့္အခါ...။
ေနမေကာင္းသည့္အခါ...။
ေဖေဖ့ကို သတိရသည့္အခါ... .... ။
စသည္.. စသည္ျဖင့္...

•••

( ျပန္မလာခဲ့နဲ႔ ) ဆိုေသာ... ကၽြန္ေတာ့္ စကားအား..
သူ အတည္ယူသည္ မဟုတ္ေပမယ့္... အျပစ္ေပးလိမ့္မည္မွန္း... ကၽြန္ေတာ္ သိၿပီးသား...။

အရြဲ႕တိုက္ျခင္းျဖင့္... မလိုက္ဖက္သည့္ သူဟာ...
၁လ တိတိ... ကၽြန္ေတာ့္ဆီ ေရာက္မလာခဲ့ ..။
ေျပာခဲ့မိသည့္စကားအတြက္.. ေနာင္တ တရားအား... ခပ္ေရးေရး... ျမင္မိေပမယ့္... ၾကာလာသည့္အခါ... ကၽြန္ေတာ္ ေစာက္ဂရုမစိုက္ေတာ့...။

သိပ္ပင္ပန္းလာသည့္အခါ... စိတ္ဆတ္ေနတတ္တာမ်ိဳးပဲလို႔.. ကၽြန္ေတာ္ ထင္ေနခဲ့တာ...။

ခက္ခဲပင္ပန္းတဲ့ ညေတြအစား.....
ၾကယ္ေတြ ထိုင္ေရေနမည့္ အစား....

ကၽြန္ေတာ့္ လက္ေတြက ဂစ္တာႀကိဳးမ်ားနဲ႔ ရင္းႏွီးကၽြမ္းဝင္လာခဲ့တာ....။

သူ မရွိလဲ ကၽြန္ေတာ္ ေနျဖစ္ရတာပါပဲ.....။

•••

တစ္လၾကာမွ.... အိမ္ေရွ႕ ထိုးရပ္လာတဲ့ သူ႔ကားအား..
အရင္တုန္းက ဆယ္ေက်ာ္သက္တစ္ေယာက္ရဲ႕ ရင္ခုန္ တမ္းတမႈမ်ားျဖင့္... မၾကည့္မိေတာ့...။

တစ္ၿပိဳင္တည္းမွာပဲ... ႏူးညံ့လ်က္... တစ္ၿပိဳင္တည္းမွာပဲ.. ဟစ္တလာဆန္သည့္ သူ႔မ်က္လံုးမ်ားအား... မွီခိုအားငယ္မႈမ်ားျဖင့္... ရင္မဆိုင္မိ...။

ကၽြန္ေတာ္ ရင့္က်က္စြာ ခ်စ္တတ္လာပံုရပါသည္....။

ကၽြန္ေတာ့္အား... ျပံဳးလ်က္... ၾကည့္ေနသည္...။
အဲ့ဒီ အၾကည့္ေတြထဲ... လႊမ္းမိုး အႏိုင္ယူလိုမႈနဲ႔ အခ်စ္ ဘယ္အရာ... ပို အေလးသာ သလဲ ကၽြန္ေတာ္ မတြက္ခ်က္ႏိုင္ခဲ့..။

" ကိုယ့္ ရဲ႕ ကေလးက... လိမၼာေနၿပီပဲ... "

ကၽြန္ေတာ္ အသာ ပုခံုးတြန္႔ရင္း... ရယ္မိသည္...။
ထိုရယ္သံေတြမ်ား... ေျခာက္ကပ္ကပ္ ျဖစ္ေနမလား... ကၽြန္ေတာ္ စိုးရိမ္သြားသည္...။

" .. ဖုန္းေလးေတာင္ ဆက္မလာခဲ့ဘူးဆိုေတာ့..
Luhan က ေနတတ္ေနၿပီဆိုတဲ့ သေဘာလား... ဟင္..."

ကၽြန္ေတာ့္ မ်က္ႏွာအေျပာင္းအလဲတိုင္းကို စူးစိုက္ အကဲခတ္သလို ၾကည့္ရင္း.
သူ ေမးခြန္းထုတ္လာသည္...။

ဆင္ဝင္ေအာက္တြင္ ရပ္ေနသည့္ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္လံုး... အိမ္ထဲ မဝင္ျဖစ္ေသး...။

" မဟုတ္ပါဘူး... ကၽြန္ေတာ္ အေႏွာင့္အယွက္ မေပးခ်င္တာပါ...... "

ထိုစကားအား... အရင္လို အရြဲ႕တိုက္ ေျပာလိုက္ျခင္း မဟုတ္ေပမယ့္....

" မင္း... စိတ္ေကာက္ေနၿပီ မဟုတ္လား.... "

အနည္းငယ္ ရႊင္ျမဴးလာေသာ ေလသံျဖင့္... သူ ကၽြန္ေတာ့္ နဖူးျပင္အား... ခပ္ၾကာၾကာ ဖိကပ္လ်က္ နမ္းသည္....။

ကၽြန္ေတာ္ ထိတ္လန္႔တၾကား ျဖစ္လာသည္....။
ဘယ္မွာလဲ....။ သူ႔ ႏႈတ္ခမ္းမ်ား နီးကပ္လာတိုင္း... ခုန္ေပါက္ေနတတ္သည့္ .. ကၽြန္ေတာ့္ႏွလံုးသား..... အခု ..... ဘယ္မွာလဲ...။

အပ်က္ပ်က္ အယြင္းယြင္းျဖစ္လာသည့္.. တုန္လႈပ္မႈအား.
ႀကိဳးစားထိန္းခ်ဳပ္လိုက္ရသည္....။
ဒီလို မဟုတ္ပါဘူး...။ ဒါ ကၽြန္ေတာ္ မဟုတ္ဘူး....။

" ေအးလာၿပီ.. ကိုယ္တို႔ အထဲဝင္ရေအာင္...."

ပခံုးတစ္ဖက္အား... ခပ္တင္းတင္း... ဆုပ္ကိုင္ထားသည့္.. လက္ေႏြးေႏြးမ်ားထဲ ၾကည္ႏူးရင္ခုန္စြာ.. ျပံဳးသြားတတ္သည့္... ကၽြန္ေတာ့္ ႏႈတ္ခမ္းေတြ ဘယ္မွာလဲ....။

ဆို႔နင့္လာသည့္ ခံစားမႈအား... ကၽြန္ေတာ္ ဖယ္ရွားဖို႔ ႀကိဳးစားေနမိသည္...။
ဧည့္ခန္းေထာင့္ရွိ မီးလင္းဖိုနားထိုင္လ်က္.. ကၽြန္ေတာ္ ၿငိမ္သက္ေနမိသည္...။

သူကေတာ့ Wu Yifan နဲ႔ မတူစြာပဲ... စကားေတြ အဆက္မျပတ္ ေျပာေနေသာ္လည္း... ကၽြန္ေတာ္ အာရုံမရ...။

လႈပ္ရွားသက္ဝင္ေနေသာ... သူ႔ႏႈတ္ခမ္းမ်ားအား... ထိေတြ႕နမ္းရႈိက္လိုသည့္.. ကၽြန္ေတာ္... ဘယ္မွာလဲ....။

ဘုရားသခင္... ။ ကၽြန္ေတာ္ ေပ်ာက္ဆံုးေနၿပီ....။

ႏွစ္ႏွစ္အတိုင္းအတာ ကာလအတြင္း... ကၽြန္ေတာ့္ ခံစားခ်က္ေတြဟာ... စိတ္ကစားမႈ မဟုတ္ေၾကာင္း ေလာင္းရဲပါသည္...။

အခ်စ္ဟာ... အခ်ိန္အတိုင္းအတာနဲ႔ မသက္ဆိုင္ဘူး.. မဟုတ္လား...။
အခ်စ္ဟာ တန္ဖိုးထားတတ္ျခင္းနဲ႔သာ သက္ဆိုင္သည္ပဲ..။

" Luhan... ကိုယ္ေျပာေနတာေရာ... ၾကားရဲ႕လား..
ခရီးထြက္ဖို႔ စီစဥ္ထားတယ္ဆိုတာ... "

" ဟင္ .. အင္း.. ၾကားတယ္... ကၽြန္ေတာ္ ၾကားပါတယ္.."

ကၽြန္ေတာ္ အားနည္းစြာ ျပံဳးျပေတာ့...သူ ကၽြန္ေတာ့္အနား ထိုင္ခံုကို တိုးကပ္ဆြဲယူကာ.. ပါးျပင္အား ဖြဖြ နမ္းရႈိက္သည္...။

ထူးဆန္းစြာပဲ အဲ့ဒီ့ညက ကၽြန္ေတာ္ လိုအပ္ေနၾက ရင္ခြင္ထဲ အိပ္စက္ဖို႔ ႀကိဳးစားရင္း...
လိုအပ္ေနဆဲ တစ္စံုတစ္ရာအား... ရွာေဖြေနခဲ့မိသည္...။

•••

ေမြးေန႔ပြဲ ျပႆနာမွစ၍ တအံု႔ေႏြးေႏြး အခဲမေၾက ျဖစ္ေနခဲ့သည့္ ကၽြန္ေတာ္၏ အျပဳအမူမ်ားအား.. သူ ပါးနပ္စြာ ရိပ္မိေကာင္း ရိပ္မိႏိုင္သည္ ....။

ဥပမာ.. သူ အလုပ္ရႈပ္ေနသည့္အခါ... အရင္လို ထမင္းအတူစားဖို႔ ကၽြန္ေတာ္ ေစာင့္မေနေတာ့တာမ်ိဴး...။
သူ ညဥ့္နက္သည္ အထိ စာဖတ္ေနသည့္အခါ.. ကၽြန္ေတာ္ တစ္ေယာက္တည္းေစာစီးစြာ အိပ္ေပ်ာ္သြားတတ္တာမ်ိဳး..။

သို႔ေသာ္လည္း... သူ ဘာစကားတစ္ခြန္းမွ မေမးခဲ့...။
တစ္ခါတစ္ေလေတာ့ ကၽြန္ေတာ့္ကို စူးစိုက္ေငးေမာေနတတ္ေပမယ့္... သူက ပံုမွန္လိုပဲ..။

သူ အိပ္ခါနီးတိုင္း... ကၽြန္ေတာ့္ကို ရင္ခြင္ထဲ ဆြဲသြင္းျမဲ..။
မနက္လင္းတိုင္း... ကၽြန္ေတာ့္ နဖူးကို ဖြဖြ နမ္းျမဲ...။

•••
စည္းခ်က္မွန္ေနေသာ နာရီမွလြဲ၍ တိတ္ဆိတ္ၿငိမ္သက္ေနသည္...။
ညနက္သည္အထိ ကၽြန္ေတာ္ အိပ္မေပ်ာ္ေသး... ။

ေဘးတြင္ အိပ္ေမာက်ေနေသာ သူ႔ကို လွည့္ၾကည့္မိသည္..။
ေျပျပစ္စြာ အခ်ိဳးက်ေနသည့္ မ်က္ႏွာျပင္ အစိတ္အပိုင္းမ်ားအား ထိေတြ႕ကိုင္တြယ္ၾကည့္မိသည္....။

ေသခ်ာ စဥ္းစားၾကည့္မွ ကၽြန္ေတာ္ နားလည္ခဲ့တာ....။
ကၽြန္ေတာ့္ႏွလံုးသားကို နားလည္သေဘာေပါက္ၿပီးမွ သူက ကၽြန္ေတာ့္ ဘဝထဲ ဝင္ေရာက္လာခဲ့တာ... ။
ရလာဒ္ကို ႀကိဳတင္ သိထားၿပီးသား ေလာင္းကစား သမား တစ္ဦးလို ...။

ကၽြန္ေတာ္ ေအာ္ဟစ္ ေပါက္ကြဲသည့္အခါတိုင္း...
( မင္း ကိုယ့္ကို လမ္းမခြဲႏိုင္ဘူး မဟုတ္လား ) လို႔ ေမးေလ့ရွိသည့္သူက ဘယ္တုန္းကမွ ကၽြန္ေတာ့္ကို မခြဲႏိုင္ပါဘူးလို႔ မေျပာခဲ့ဖူးဘူး...။

( ခင္ဗ်ား .... ကၽြန္ေတာ့္ကို မခ်စ္ခဲ့ဘူးလား )

တစ္ဆထက္ တစ္ဆႀကီးထြားလာသည့္ သံသယေတြက
ကၽြန္ေတာ့္ ႏွလံုးသားအား ရစ္ပတ္ႏြယ္တက္လ်က္...။
မၾကာခင္အတြင္းမွာပဲ... ႏွလံုးသားတစ္ခုလံုးကို ဝါးမ်ိဳသြားရင္ ဘယ္လို လုပ္ရပါ့မလဲ....။

•••

သည္တစ္ေခါက္ေတာ့.. အခ်ိန္ေတာ္ေတာ္ၾကာ.. သူ အိမ္ျပန္မသြား....။ ကၽြန္ေတာ့္ အိမ္ကေန ကုမၸဏီသြားၿပီး.. ကၽြန္ေတာ့္အိမ္ကိုပဲ ၿပန္လာသည္.....။
အရင္ထက္ စကားနည္းကာ တိတ္ဆိတ္ေနေသာ ကၽြန္ေတာ့္ကို သူစိတ္ပူေနတာ ျဖစ္ေကာင္းျဖစ္မည္....။

ေသြးေအးေနမွန္း.. ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ သေဘာေပါက္စျပဳလာသည္....။

ဒါဟာ ခဏတာ စိတ္ေကာက္ေနျခင္း မဟုတ္....။
ညစာအတူ ထြက္စားေပးရုံျဖင့္ စိတ္ေျပသြားႏိုင္မည့္ အေနအထား မဟုတ္...။

ကၽြန္ေတာ္ တေျဖးေျဖး သူ႔အား.. ေရွာင္ဖယ္ေနမိသည္....။
သည္ အေျခအေနႀကီးအား ရပ္တန္႔ပစ္လိုက္ရေတာ့မလား ဟု ေတြးလိုက္မိေသာ အခါ ကၽြန္ေတာ္ ႏွလံုးသားက ဆစ္ခနဲေတာ့ ေအာင့္သြားခဲ့သည္....။

( ကၽြန္ေတာ္ ခင္ဗ်ားနဲ႔ ေဝးဖို႔ အဆင္သင့္ျဖစ္ၿပီလား မေသခ်ာဘူး )

•••

" ကၽြန္ေတာ္ ခရီးက ျပန္လာရင္ ေက်ာင္းျပန္တက္ေတာ့မယ္... "

အထစ္အေငါ့ မရွိ ထြက္က်လာေသာ ကၽြန္ေတာ့္စကားလံုးမ်ားအား... အံ့ဩတႀကီး... သူ တုန္႔ျပန္သည္...။
သည္လို မ်က္ႏွာအေျခအေနမ်ိဳး ျမင္ေတြ႕ရတာ သိပ္ရွားသျဖင့္ ကၽြန္ေတာ္ ေငးေမာၿပီး ၾကည့္ေနမိသည္...။

ခ်က္ခ်င္းဆိုသလို ျပန္တည္သြားေသာ.. သူက ကၽြန္ေတာ့္ အား ထြင္းေဖာက္ေတာ့မတတ္ စူးစိုက္ၾကည့္လ်က္ ျပံဳးသည္...။
သို႔ေသာ္.. ျပံဳးသည္ ဆိုရုံကေလး... ။

အရာအားလံုးအား သူနားလည္ေနသလို အျပံဳးမ်ိဳးေပါ့...။

" ေကာင္းတာေပါ့... ကိုယ္ စီစဥ္ေပးမယ္ .. "

ကၽြန္ေတာ္ ဖတ္လက္စ စာအုပ္အား ျပန္ေကာက္ကိုင္လ်က္... အာရုံစိုက္ခ်င္ဟန္ေဆာင္ေနသည့္အခါ.. သူ ခပ္တိုးတိုးရယ္လ်က္ ကၽြန္ေတာ့္ အနားတိုးကပ္လာသည္...။

" မင္း .. ကိုယ့္ဆီက ထြက္သြားေတာ့မလို ကိုယ္ခံစားေနရတယ္..သိလား.. ကေလး.... "

တိုးတိတ္ညင္သာေနသည့္ စကားသံက တည္ၿငိမ္လ်က္...။
အဟက္... ဆံုးရႈံးရမွာ ေၾကာက္ေနသည့္ အရိပ္အေယာင္ နည္းနည္းေတာင္ ရွိမေနသည့္.. ။

ေအးစက္စြာ... ကၽြန္ေတာ္ ျပံဳးလိုက္မိသည္...။
ဘာအဓိပၸါယ္မွ မပါပဲ... ဒီအတိုင္း ေျပာစရာ စကားမရွိသျဖင့္ ... ျပံဳးလိုက္သလိုမ်ိဳး...။

ကၽြန္ေတာ့္ စာအုပ္အား.. ဆြဲယူ ပိတ္လ်က္.. မီးအိမ္ကို လွမ္းပိတ္ကာ... ရင္ခြင္ထဲဆြဲသြင္းသည္...။

" အိပ္ေတာ့.. ေလယာဥ္ေပၚမွာ အိပ္ေရးမဝရင္ ေခါင္းမူးေနမယ္... "

တင္းက်ပ္လြန္းေနသည့္ လက္ေမာင္းေတြၾကား.. အနည္းငယ္ က်ဥ္းက်ပ္ေနသျဖင့္ ရုန္းလိုက္မိသည့္အခါ.

" Sorry ... Luhan... "

ေျပေလ်ာ့သြားေသာ ... လက္ေမာင္းတို႔နဲ႔ အတူ.. သူ တစ္ဖက္လွည့္လ်က္ အနည္းငယ္ ခြာသြားသည္....။

ဘာခံစားခ်က္မွ မပါဝင္သလို က်လာသည့္ မ်က္ရည္မ်ားအား.. ကၽြန္ေတာ္ မသိခ်င္ေယာင္ေဆာင္ခဲ့သည္...။

ေဟာင္းႏြမ္းေနၿပီးသား.. ႀကိဳးတစ္ေခ်ာင္းအား.. ကၽြန္ေတာ္ အနည္းငယ္ရုန္းသည္ႏွင့္ ျပတ္သြားေတာ့မည့္ ခံစားခ်က္မ်ိဳး ျဖင့္ ကၽြန္ေတာ္ ေအာ္ဟစ္ ငိုေႂကြးပစ္ခ်င္ေပမယ့္.....။

မ်ိဳသိပ္ထားလၽွင္... ထိန္းခ်ဳပ္ထားလၽွင္... ေအးစက္စက္ သူ႔အျပဳအမူမ်ားအား.. ကၽြန္ေတာ္ အႏိုင္ရသြားသလို ... ထင္မိသျဖင့္... ထိုအေရးမပါေသာ... မာနအား.. ေရွ႕တန္းတင္ခဲ့မိသည္....။

•••

ေလယာဥ္ခရီးစဥ္ တစ္ေလၽွာက္လံုး.. ေဘးမွာ သူရွိေနသည္ကို ဂရုမစိုက္မိႏိုင္ေလာက္ေအာင္ ကၽြန္ေတာ္ အာရုံေတြ ပ်ံ႕လြင့္ေနခဲ့သည္....။

ကၽြန္ေတာ့္တို႔ရဲ႕ တစ္ခ်ိန္က အမွတ္တရေတြက ဒီလို ေအးစက္မေနဘူး...။

" Luhan... "

ကၽြန္ေတာ့္လက္မ်ားကို ခပ္ဖြဖြ ဆုပ္ကိုင္လိုက္ေသာ လက္ေႏြးေႏြးေၾကာင့္ အသိဝင္လာကာ လွည့္ၾကည့္သည့္အခါ... ျပံဳးလ်က္ သူၾကည့္ေနသည္..။

" ကိုယ္တို႔ မၾကာခဏ ခရီးထြက္သင့္တယ္ေနာ္ .."

ကၽြန္ေတာ္ နည္းနည္းျပံဳးမိသြားသည္...။
( မၾကာ ခဏ ) ဆိုေသာ စကားအား... ရယ္ေမာပစ္လိုက္ခ်င္ေပမယ့္... ထိန္းခ်ဳပ္လိုက္ရသည္..။

သို႔ေသာ္... ဂ်ယ္ဂ်ဳးကၽြန္းသို႔ ေလယာဥ္ဆိုက္ေရာက္တာနဲ႔ .. ဟိုတယ္မ်ားဆိုင္ရာ အစည္းအေဝး ဟူေသာ ေခါင္းစဥ္ျဖင့္.. လာႀကိဳသည့္ ကားတစ္စီးေနာက္ လိုက္သြားသည့္ သူ႔ကို ၾကည့္ၿပီး... ကၽြန္ေတာ္ အသံထြက္သည္ အထိ ရယ္ေမာမိေတာ့သည္...။

ဒီလိုဆိုေတာ့ .. မၾကာခဏ ဆိုတဲ့ သေဘာတရားမွာ.. သူ႔အလုပ္ကိစၥနဲ႔ ပူးတြဲဆိုလိုျခင္း ျဖစ္ႏိုင္သည္....။

ကားတစ္စီး စီစဥ္ေပးထားခဲ့ၿပီး.. ကမ္းေျခအနီးရွိ အိမ္သို႔ ကၽြန္ေတာ္ တစ္ေယာက္တည္း သြားႏွင့္သည္...။
မေရာက္တာ.. တစ္ႏွစ္ေက်ာ္ၾကာခဲ့ေပမယ့္.. ဝန္ထမ္းမ်ားေၾကာင့္ သန္႔ရွင္း သပ္ရပ္ေနလိမ့္မည္....။

အဝါေရာင္ေဖ်ာ့ေဖ်ာ့ ျခံစည္းရုိးအား... လက္ျဖင့္ ဖြဖြ ထိမိေတာ့....။
______________________________________

" အဲ့ဒီဘက္မွာ မညီေတာ့ပါဘူးဆိုေန... ခင္ဗ်ားက ေဆးေတာင္ မသုတ္တတ္တာ... ဘယ္လို CEO လဲ .. "

ညစ္က်ယ္က်ယ္ ျပံဳးလ်က္ ကၽြန္ေတာ့္အနား ကပ္လာေသာ သူ႔အား လန္႔ကာ.. အေနာက္ကို ဆုတ္မိသည့္အခါ.. သုတ္လက္စ ျခံစည္းရုိး၏ ေဆးဝါဝါမ်ားက အက်ႌတြင္ ေပကုန္ေတာ့သည္....။

" CEO က ေဆးမွ မသုတ္ရဘဲ.. ကေလးရဲ႕ .. "

စူပုပ္ေနေသာ ကၽြန္ေတာ့္ပါးႏွစ္ဖက္အား.. ေဆးေတြ ေပေနေသာ သူ႔လက္ျဖင့္ ဖ်စ္ညႇစ္သည္...။
ကၽြန္ေတာ္ ေအာ္ဟစ္ပစ္သည့္အခါ.. သူ ရယ္ေမာေလသည္..။

ထိုအခ်ိန္က သူ႔ရယ္သံေတြက အေႏွာင္အဖြဲ႕ကင္းေနခဲ့သလိုမ်ိဳး....။
______________________________________

ေဟာင္းႏြမ္းလာသည့္အခါ... အေရာင္ေဖ်ာ့သြားတတ္သည့္အထဲ ခ်စ္ျခင္းတရားေရာ ပါဝင္သလား... ကၽြန္ေတာ္ သံသယဝင္မိသည္...။

ျခံတံခါးအား... တြန္းဖြင့္လ်က္... ေက်ာက္တံုးေတြ စီစီရီရီ ခင္းထားေသာ လမ္းေဘး တစ္ဖက္တစ္ခ်က္အား ေငးၾကည့္မိေတာ့.. ျမက္ခင္းျပင္ထဲ ဟိုတစ္စု သည္တစ္စု ပ်ံ႕ႏွံ႔ ေပါက္ေရာက္ေန႔သည့္ ႏွင္းပန္းျဖဴျဖဴေတြ.... ။
______________________________________

" Luhan ရာ... လိမၼာပါတယ္.. မနက္အေစာႀကီး ရွိေသးတာကို...ညေနမွ စိုက္ၾကရေအာင္ကြာ.. ေနာ္.. "

ၾကက္သြန္ဥအရြယ္အစားရွိ ပန္းပင္ငယ္မ်ားနဲ႔ ဥျဖဴျဖဴမ်ားအား.. ကိုင္ထားလ်က္ ကၽြန္ေတာ္ ေခါင္းခါျပလိုက္သည္...။

" ကၽြန္ေတာ္က အခုစိုက္ခ်င္တာ... ခင္ဗ်ား .. အိပ္ခ်င္... သြား အိပ္ေပါ့ .. "

ေနာက္ဆံုးေတာ့ ကၽြန္ေတာ့္ကို စိတ္မခ်ပဲ... အပင္စိုက္သည့္ ေဂၚျပား အေသးအား ကိုင္လ်က္ သူ ကၽြန္ေတာ့္ေဘးေရာက္လာသည္...။

အိပ္ေရးမဝသည့္အခါ.. သိပ္ခ်စ္စရာေကာင္းသည့္ သူက ထံုးစံအတိုင္း မ်က္ခံုးထူထူမ်ားအား က်ံဳ႕လ်က္...။
ႏႈတ္ခမ္းဖူးဖူးတို႔က အနည္းငယ္ အလိုမက်လ်က္...။

ေျမႀကီးမ်ားအား.. မဆြခ်င္ ဆြခ်င္ျဖင့္ ေႏွးတိေႏွးကန္ လုပ္ေနသည့္ သူ႔ပံုစံက သိပ္အသည္းယားစရာေကာင္းသည္...။

အဲ့ဒီလို သူ႔ပံုစံက .. လုပ္ငန္းမ်ားစြာ ဦးစီးေနသည့္ လူႀကီးလူေကာင္းတစ္ဦးမဟုတ္....။
မိန္းမတစ္ေယာက္ႏွင့္ လက္ထပ္ၿပီးသား.. ေယာကၽ္ားတစ္ဦးမဟုတ္...။

အဲ့ဒီလို သူ႔ပံုစံက ကၽြန္ေတာ္ တစ္ဦးတည္းသာ... ျမင္ေတြ႕ႏိုင္သည့္... ကၽြန္ေတာ့္အား... သိပ္ခ်စ္သည့္ လူတစ္ဦး၏ ပံုစံမ်ိဳး....။

ဖ်တ္ခနဲ သူ႔ႏႈတ္ခမ္းမ်ားအား.. နမ္းလိုက္ေတာ့ ... စူးစူးရဲရဲ ကၽြန္ေတာ့္အား လွည့္ၾကည့္သည့္ မ်က္လံုးမ်ားက ခုနက အိပ္ခ်င္ေနသည့္ သူ မဟုတ္သလို....။

ရုတ္တရက္ ကၽြန္ေတာ့္အား ျမက္ခင္းေပၚ သူ လွဲခ်လိုက္သည္...။ သိမ္းငွက္တစ္ေကာင္လို မ်က္ဝန္းေတြက အုပ္မိုးလ်က္...။

အဲ့သည့္ မနက္က ကၽြန္ေတာ္တို႔ ႏွင္းပန္းေတြ မစိုက္ျဖစ္ခဲ့ၾက...။

ထိုအခ်ိန္ကေတာ့.. ကၽြန္ေတာ္တို႔ အခ်စ္သည္ ႏွင္းပန္းျဖဴျဖဴေတြ အျပစ္ကင္းစင္ေနခဲ့သလိုမ်ိဳး...။
______________________________________

အိမ္တံခါး အေရွ႕ရွိ မေသမသပ္ ႏွစ္ေယာက္ထိုင္ ကုလားထိုင္အား.. ကၽြန္ေတာ္ျမင္မိေတာ့.... ရယ္ေမာမိျပန္သည္...။

အိမ္ထဲ မဝင္ျဖစ္ေသးပဲ.. ထို ကုလားထိုင္တြင္ ခဏ ထိုင္ၾကည့္လိုက္သည္....။
က်ိဳးက်မသြားဖို႔ေတာ့ ဆုေတာင္းရေသးသည္...။
တန္းေတြ သံေတြ ခိုင္မခိုင္ သိပ္ မေသခ်ာဘူး မဟုတ္လား... ။

ညာဘက္လက္ရန္းတြင္ တရုတ္စာလံုးျဖင့္ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္၏ နာမည္အတိုေကာက္မ်ားအား ထြင္းထားသည္...။

( ကေလးကလားနဲ႔ .. ) ဆိုေသာ ခပ္တိုးတိုး အသံအား ၾကားေယာင္လာမိသည့္အခါ... ထိုစာလံုးမ်ားအား.. တို႔ထိၾကည့္မိလိုက္ေတာ့.....။
______________________________________

ပ်ဥ္ျပားေတြကို မညီမညာစီလ်က္ ရုိက္ထားေသာ.. သစ္သားခံုတန္းကို ၾကည့္ၿပီး သေဘာက်စြာ ကၽြန္ေတာ္ ရယ္သည့္အခါ.. သူ မၾကည္သလို ၾကည့္သည္...။

ထို႔ေနာက္ ခပ္တည္တည္ျဖင့္ လက္ပိုက္လ်က္... အေတာ္ေလး ကဗ်ာဆန္စြာ မညီမညာျဖစ္ေနေသာ သူရုိက္ထားသည့္ သစ္သားခံုတန္းအား... လက္တန္းေတြ တပ္လ်က္... ကုလားထိုင္နဲ႔ တူတယ္ မဟုတ္လား ဟု ေမးသည့္အခါ... ကၽြန္ေတာ္ အက်ယ္ႀကီး.. ေအာ္ရယ္မိေတာ့သည္...။

လက္ရန္း တစ္ခုေပၚတြင္... အခၽြန္တစ္ခုျဖင့္.. ကၽြန္ေတာ္တို႔ ႏွစ္ေယာက္၏ နာမည္မ်ားအား.. အတိုေကာက္ ေရးထိုးသည့္အခါ..

( ကေလးကလားနဲ႔.. ) ဟု တိုးတိုးေျပာလ်က္.. သူျပံဳးေနခဲ့သည္...။

ထိုအခ်ိန္ကေတာ့...ေပ်ာ္ရႊင္မႈဆိုသည့္အရာဟာ.. ကၽြန္ေတာ္ ထြင္းထားခဲ့သည့္ .. စာလံုးေတြလို အျမဲတမ္းရွိေနမည္လို႔ ထင္ခဲ့မိသလိုမ်ိဳး...။
______________________________________

တင္းက်ပ္လာေသာ .. ရင္ဘတ္တစ္ေနရာက ကၽြန္ေတာ့္အား.. သတိေပးေနသလိုမ်ိဳး...။
ကၽြန္ေတာ္ ဝမ္းနည္း တုန္ရီလာခဲ့သည္...။

ကၽြန္ေတာ္တို႔ ဘယ္လိုမ်ိဳး.. တည္ေဆာက္ခဲ့ရတဲ့ အရာေတြလဲ... ။
ဘုရား... ဘုရား... ဒါေတြကို ကၽြန္ေတာ္ ေက်ာခိုင္းလိုက္ဖို႔ စိတ္ကူးေနခဲ့တာေပါ့...။

ကၽြန္ေတာ့္ရဲ႕ ကေလးဆန္ဆန္ ဂရုစိုက္ခံခ်င္မႈေတြနဲ႔
အမွတ္တရအားလံုးကို ဖ်က္ဆီးၿပီး .အရြဲ႕တိုက္ပစ္ဖို႔ ေတြးေနခဲ့တာေပါ့...။

ဘာမွမဟုတ္သည့္ မာနေတြအား... ဦးစားေပးၿပီး...
ႏွလံုးသားအား ေဘးဖယ္လ်က္... ကၽြန္ေတာ္က အႏိုင္ အရႈံးေတြ တြက္ေနခဲ့တာေပါ့...။

သစ္သားကုလားထိုင္နား.. ဒူးေထာက္ထိုင္လ်က္ နာနာက်င္က်င္ ငိုေႂကြးေနခဲ့သည္....။
ကၽြန္ေတာ္က .. ကၽြန္ေတာ္က သူ႔ကို သိပ္ခ်စ္ရဲ႕သားနဲ႔... ဘာျဖစ္လို႔ အေရးမပါတာေတြ စဥ္းစားမိခဲ့ရတာပါလိမ့္...။

ေႏြးေထြးၾကင္နာေသာ လက္တို႔က ကၽြန္ေတာ့္အား ဆြဲဖက္လ်က္ ေျဖးေျဖးခ်င္း ထေစသည္.....။

" ကေလး... "

ကၽြန္ေတာ္ အင္အားခ်ည္ႏွဲ႔စြာ သူ႔အား မွီတြယ္လိုက္သည္...။

" ကၽြန္ေတာ္... ကၽြန္ေတာ္ေလ... "

ဆက္မေျပာႏိုင္ပဲ... ကၽြန္ေတာ္ ရႈိက္လိုက္မိသည္...။
သည္ရင္ခြင္အား... စြန္႔လႊတ္ပစ္လိုက္ဖို႔.. ေတြးမိေအာင္ ကၽြန္ေတာ္ ရူးေနခဲ့ပံုရသည္...။

•••

ကၽြန္ေတာ့္ ပုခံုးမ်ားအား တင္းတင္းဖက္လ်က္ အိမ္ထဲသို႔ သူ ဝင္လာခဲ့သည္....။
Sofa ခံုတြင္ ကၽြန္ေတာ့္ကို ထိုင္ေစလ်က္ သူ ထသြားမည့္ဟန္ျပင္ေသာအခါ.. ကၽြန္ေတာ္ ဆြဲထားမိသည္..။

" ကၽြန္ေတာ့္ အနားမွာေနပါလား...."

သူ ျပန္ထိုင္လ်က္ ကၽြန္ေတာ့္ကို ေပြ႕ဖက္ထားသည္...။
စည္းခ်က္ညီေနေသာ.. ႏွလံုးခုန္သံအား.. ကၽြန္ေတာ္ နားေထာင္လ်က္... ၿငိမ္သက္ေနမိသည္.....။

" ကိုယ္ မင္းကို သိပ္ခ်စ္တယ္... "

ကၽြန္ေတာ္ မ်က္ရည္မ်ားၾကားမွ ျပံဳးလိုက္သည္...။

" ယံုရဲ႕လား.. ကေလး.. "

အသံတိတ္ ေခါင္းညိတ္ျပေတာ့ .. သူ ေပါ့ပါးစြာရယ္ေမာေလသည္..။
ကၽြန္ေတာ့္ ႏွလံုးသားထဲအထိ စီးဝင္သြားသလို...။

" ကိုယ္တို႔ လမ္းခြဲပစ္လိုက္ဖို႔... မလြယ္မွန္း.. အခု မင္း သေဘာေပါက္ၿပီလားဟင္.... "

ေမးခြန္းမဟုတ္ေပမယ့္ အမိန္႔ဆန္ေနသည့္ အေငြ႕အသက္တို႔ႏွင့္....။

ႏူးညံ့ညင္သာစြာ ကၽြန္ေတာ့္ေမးဖ်ားအား ဆြဲေမာ့လ်က္ သူျပံဳးေလသည္ ..။

" ကိုယ့္ကို ထားခဲ့ဖို႔ ေတြးဦးမွာလား... ကေလး.. "

ေတြေဝဆုတ္ဆိုင္းျခင္းကင္းမဲ့စြာ ကၽြန္ေတာ္ ေျဖခဲ့သည္..။

" ဟင့္အင္း.. "

ယံုၾကည္မႈေတြနဲ႔ တြန္႔ခ်ိဳးသြားသည့္ ႏႈတ္ခမ္းစြန္းေတြက သိပ္ စြဲမက္စရာေကာင္းသည္...။

" လိမၼာတယ္ "

•••

ေက်ာက္ေဆာင္အား... တဝုန္းဝုန္း ရုိက္ခတ္ေနသည့္ လႈိင္းသံမ်ားက အနည္းငယ္ ဆူညံေသာ္လည္း... ကၽြန္ေတာ့္ နားထဲတြင္ေတာ့.. သူ႔ အသက္ရႈသံဖြဖြက ႀကီးစိုးလ်က္...။

ခပ္ေႏြးေႏြး သဲေသာင္ေပၚတြင္ သူ႔ရင္ခြင္အတြင္း မွီလ်က္ ေနဝင္ခ်ိန္အား... ေငးေမာရျခင္းကို ကၽြန္ေတာ္ ခ်စ္သည္...။
ရံဖန္ရံခါ... ႏႈတ္ခမ္းတို႔က ကၽြန္ေတာ့္ပါးျပင္အား.. က်ီစယ္လ်က္...။

ကၽြန္ေတာ္ သူနဲ႔ ေဝးပစ္လိုက္ဖို႔ တကယ္တမ္း မျဖစ္ႏိုင္ပါလား... လို႔ ေတြးမိသည့္အခါ...
လြန္ခဲ့ေသာ ရက္ပိုင္းက ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ တုတ္နဲ႔ ရုိက္ၿပီး.. ဆံုးမပစ္ခ်င္သြားသည္...။

သံသယဆိုေသာ မေကာင္းဆိုးဝါးအား.. ကၽြန္ေတာ့္ႏွလံုးသားကို ေနာက္တစ္ဖန္ ဝင္ေရာက္ေႏွာင့္ယွက္ျခင္း မျပဳေစရန္ ေသခ်ာ ေစာင့္ေရွာက္ရပါဦးမည္...။

Continue Reading

You'll Also Like

565K 49.3K 29
Taekook Fanfiction Jeon Kim Own creation
1.2K 148 11
နာရီလက်တံတွေကို တစ်ချက်ငေးလိုက်တဲ့အခါ ဆယ့်တစ်နာရီ ဆယ်တစ်မိနစ် ညွှန်ပြနေတယ်တဲ့... ဆုတောင်းတစ်ခုကို ဆုတောင်းမိပါရဲ့.. ကိုယ်တို့ဆုတောင်းတွေဟာ နောက်ဘဝမျ...
94.8K 6.2K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
39.5K 3.1K 10
ေမြးစားသားက အစားခံရမွာ မဟုတ္ပါဘူး ေမြးစားသားက ျပန္စားမွာပါေနာ္ 😌 မွေးစားသားက အစားခံရမှာ မဟုတ်ပါဘူး မွေးစားသားက ပြန်စားမှာပါနော် 😌