Arjushi ( Completed )

By ninetyfour_wx

361K 26.3K 1.2K

SEHUN × LUHAN More

Epi - 1
Epi - 2
Epi - 3
Epi - 4
Epi - 5
Epi - 6
Epi - 8
Epi - 9
Epi - 10
Epi - 11
Epi - 12
Epi - 13
Epi - 14
Epi - 15
Epi - 16
Epi - 17
Epi - 18
Epi - 19
Epi - 20
Ending ... ??
New Year Special

Epi - 7

13.9K 1.1K 46
By ninetyfour_wx

Arjushi

Epi - 7

"  Arjushi  Lu ဖျော်ထားတဲ့ Bubble tea က ဘယ်လိုလဲ ကောင်းလား "

"  အင်း ကောင်းတယ် ကောင်းတာပေါ့ "

Sehun အင်တင်တင်နဲ့ ဖြေလိုက်ရင်း sandwish ကို တစ်ကိုက်ကိုက်လိုက်သည် … အင်း မကောင်းဘူးလို့  တပ်အပ်မပြောနိုင်ပေမဲ့ ကွေ့ဝိုက်ပြောရရင်လည်း မကောင်းတကောင်းပေါ့ … မကောင်းတာက အရသာ အရမ်းခါးလွန်းတာကြောင့် …… ကောင်းတယ်ဆိုတာက သူ့ရဲ့ စေတနာနဲ့ ဖျော်ပေးထားတဲ့ ကျွန်တော့အတွက် bubble tea တစ်ခွက်က ဘာနဲ့ မျှ လဲမရနိုင်အောင် ချိုမြိန်တာကြောင့်ရယ်ပါ ……

"  Lu  ဘယ်သွားချင်လဲ စဉ်းစားထားလား "

"  Lu ရေခဲမုန့်  စားချင်တယ် … Arjushi  အင်္ကျီဝယ်ပီးရင် အဲ့ဒါ အရင်သွားစားမယ် "

"  ကဲ သဘောပါ "

ကျွန်တော်နောက်ဆုံး ကျန်နေခဲ့တဲ့ ကျွန်တော့ နှုတ်ခမ်းစပ်နားက ပေါင်မုန့် စလေးကို ဘေးနားမှာ သူအဆင်သင့်ချပေးထားတဲ့ tissue ဘူးထဲက tissue တစ်ရွက်ကို ထုတ်ရင်း သုတ်လိုက်ပီး နေရာကထလာသည် …

"  လာ သွားကြစို့  "

~~~~~~~~~~~~~~~~~~~

"  Arjushi  ဒါလေး ဝတ်ပါ "

"  Luhan အာ့လေး ထားလိုက်နော် … ကိုယ်မဝတ်ချင်ဘူး "

"  Arjushi ဒါလေးရော "

"  Luhan ကိုယ် မဝတ်တတ်ဘူး " 

"  Arjushi  ဒါလေးတော့ ဝတ်ကြည့်ပါဗျာ "

"  Luhan ကိုယ် … "

"  တော်ပီ မပြောတော့ဘူး !! ဟိုဟာလည်း မကြိုက်ဘူး ဒီဟာလည်း မဝတ်တတ်ဘူးနဲ့  မဝယ်နဲ့တော့ ဘာမှလဲ မဝတ်နဲ့တော့ ! "

အယ် … စိတ်တိုသွားပီ … အိုးး စိတ်ကောက်တာလေးကလည်း ဘယ်တော့ဖြစ်ဖြစ် ချစ်စရာကောင်းနေတာ ခက်ပါရော့လား !!

သူဝတ်ခိုင်းတဲ့ အင်္ကျီတွေကို တစ်ခုမှ သဘောမတွေ့တာကို စိတ်တိုတော်မူနေလေရဲ့ … ဒါသူ့ အမှားပဲကို … ကျွန်တော်က လူငယ်မှမဟုတ်တော့တာ သူပြတဲ့ အင်္ကျီတေက စပို့ ရှပ်တွေချည်း … ဒါတွေ ကျွန်တော်ငယ်ငယ်က ဝတ်ခဲ့ပီးပီလေ … ခုမှထဝတ်ရင် ရယ်ခံရမှာပေါ့ … အသက်ကဖြင့်ကြီးနေပီ ခုထိသူငယ်နာမစင်သေးဘူး ပြောခံရမာလေ ~

ဟင်းးး ကောက်တော်မူပီး ဆိုင်ရှေ့မှာ သွားရပ်နေတဲ့ ကိုယ်တော်လေးကို ခုများတော့ ချော့ရပေဦးမည်လေ … မနက်က စေတနာလေးကို ထောက်ထားရင်းပေါ့ ~~~

"  Luhan "

"  ဘာလဲ "

"  ကိုယ့်ကို မရွေးပေးတော့ဘူးလား "

ကိုယ့်ဘာသာ ရွေးလည်းရသော်လည်း သူ့ ဆန္ဒကိုဖြည့်ပေးချင်တာမို့  သူ့ သဘောကိုမလွန်ဆန်ချင်တာကြောင့် ကိုယ်မကြိုက်သော်လည်း အောင့်ကာနေရတော့မယ်လေ

"  မရွေးပေးတော့ဘူး ! Arjushi က Lu ရွေးပေးတာမှ မကြိုက်တာ "

"  ခု ကြိုက်ပါတော့မယ် … ဒါကြောင့် ရွေးပေးပါ "

ကျွန်တော်ခုလို ပြောတော့ သူ့အပြုံးလေး ဖြစ်ထွန်းလာလေရဲ့ … အိုးးး ကျန်တာ မဖြစ်စလောက်လေးတွေပါ သူ့ အပြုံးကသာ အဓိကပါ …

"  တကယ်နော် "

"  အင်း "

သူဆိုင်ထဲ ပြန်ဝင်လာပီး အင်္ကျီတွေကို သေချာရွေးနေတယ် … သူက ဒီလောက်ထိ စေတနာထားပီး ရွေးပေးနေတာကို ကျွန်တော်ဘာလို့  ဂျီးများနေရတာပါလိမ့် !! ~~

"  Arjushi ဒါလေး "

အင်း မဆိုးပါဘူး ဒါလေးကတော့ … ဟင် … သေချာကြည့်မိတော့မှ ဘယ်လိုဖြစ်လို့  အပြာအဆင်းလေးဖြစ်နေတာလဲ ?? မဖြစ်သေးပါဘူး ဒါဝတ်ရင် သူနဲ့ ဆင်တူဖြစ်နေတော့မှာပဲ … သူများတွေ တစ်မျိုးထင်ကုန်ပါဦးမယ် …

ငြင်းရမှာလား … အွန်းးး ဒါလည်းမဖြစ်သေးပါဘူး … ငြင်းလိုက်ရင်လည်း ကောက်တော်မူဦးမယ် … ဘယ်လိုလုပ်ရမလဲ စဉ်းစားနေစဉ်မှာပဲ သူ့နှုတ်ခမ်းက ဆူပုတ်စပြုနေပီ … ဘာမှထပ်မစဉ်းစားတော့ဘဲ သူပေးတဲ့ အင်္ကျီလေးကို ယူရင်း အဝတ်လဲခန်းထဲ ဝင်ခဲ့ရပါတော့တယ် ……

ကားပေါ်ရောက်တော့ သူ့ အင်္ကျီကို တစ်လှည့် ကျွန်တော့အင်္ကျီကို တစ်လှည့် ကြည့်ရင်း ပြုံးနေတာကြောင့် ကျွန်တော်မျက်မှောင်ကြုတ်ရင်း ကြည့်ပြန်တော့ လက်မလေး ထောင်ပြလေရဲ့ …

"  ကဲ ရေခဲမုန့် လည်း စားပီးပီဆိုတော့ ဘယ်သွားမလဲ "

ရေခဲမုန့် ကို ပေပွနေအောင် စားနေသောသူ့ ကို tissue လေးနဲ့ တယုတယသုတ်ပေးရင်း ဆိုမိသည်

"  ဟိုတစ်ခါ appa တို့ နဲ့ တူတူသွားလည်တဲ့ Arjushi ရဲ့ အပန်းဖြေအိမ်လေးကို သွားချင်တယ် "

"  ဟင် အဲ့မှာဆို Luhan ပျင်းနေမှာနော် … ကစားကွင်းတို့  ဘာတို့ သွားပါလား "

"  ဟာ မသွားချင်ပါဘူး … ကစားကွင်းသွားရအောင် Lu က ကလေးမှ မဟုတ်တာ "

"  ကဲပါဗျာ ခင်များလေး သဘောပါ "

Sehun ရဲ့ ဦးတည်လမ်းကတော့ သူ့ရဲ့ အပန်းဖြေအိမ်လေးသို့  ~~~~

"  Lu ဒီအိမ်လေးကို လွမ်းနေတာ "

"  ဘာလို့  "

ကျွန်တော့ရဲ့ အမေးကို မဖြေဘဲ သူပြေးထွက်သွားတာက အိမ်အနောက်ဘက်က ရေကူးကန်လေးသို့  ~~

ဘောင်းဘီကို ခြေသလုံးနားထိ ခေါက်တင်ထားပီး ရေထဲမှာ ခြေထောက်လေးစိမ်ရင်း ထိုင်နေတဲ့ သူ့ဘေးနား ကျွန်တော်သွားထိုင်လိုက်တယ် …

"  Arjushi မှတ်မိသေးလား "

"  ဟမ် "

"  ဒီနားမှာ Lu ငယ်ငယ်က ရေနစ်တော့ Arjushi ကယ်ခဲ့တာလေ " 

မှတ်မိတာပေါ့ ~ သိပ်မှတ်မိတာပေါ့ အဲ့တုန်းက Jongin နဲ့ Kyungsoo က ဘယ်မှမသွားပါနဲ့လို့  သေချာမှာထားတာကို ကလေးသဘာဝ စူးစမ်းချင်တဲ့ စပ်စုလေးက ရေကန်နားသွားရင်း ချော်လဲမိပီး ရေထဲပြုတ်ကျနေတာလေ 

တော်သေးတယ် အိမ်မှာ ခေါက်ဆွဲထုပ်တွေ မရှိတော့လို့  နီးစပ်ရာ စတိုးဆိုင်လေးကနေ ဝယ်စရာရှိတာသွားဝယ်ပီး ပြန်လာတဲ့ ကျွန်တော် သူ့ကို တွေ့မိတာ ကံကောင်းသွားတယ် …

အဲ့တုန်းက ကျွန်တော်ပူထူသွားပီး ဘာလုပ်လို့  လုပ်ရမှန်းမသိ ခြောက်ခြားသွားခဲ့တာ … ရေနစ်နေတဲ့ သူ့ကို အပေါ်တင်ရင်း နှုတ်ခမ်းတွေ ဖြူရော့စွာနဲ့ သတိမေ့နေတဲ့ သူ့ကို တွေ့လိုက်ရတော့ ကျွန်တော်တကယ် သေချင်မိသွားတယ် …

အဲ့အချိန်တုန်းက သူပြန်သတိရလာဖို့ ကိုပဲ ဦးစားပေးနေမိတာကြောင့် ကျွန်တော့ကို ကျွန်တော်ဘာလုပ်မိသွားမှန်းလဲ မသိခဲ့ဘူး … နောက်တော့မှ သေချာပြန်စဉ်းစားမိတော့ ကျွန်တော့ သူ့နှုတ်ခမ်းကို ထိခဲ့မိတာပဲ … သူသတိရစေမဲ့ နည်းကဒါပဲ ရှိတာမို့  ဘာမှမတွေးဘဲ လုပ်ချပစ်မိတာ …

အဲ့တုန်းက ကျွန်တော် နှစ်ရက်လောက် အိပ်မပျော်ဘူး ဖြစ်သွားတယ် …

First kiss ??  အင်း ဟုတ်တယ် သူ့ ဆီက ကျွန်တော်ခိုးယူခဲ့တဲ့ ပထမဆုံး အနမ်းလေး တစ်ခု ~~~

"  Lu အဲ့တုန်းက သတိရလာတော့ Arjushi မျက်နှာကို တန်းမြင်လိုက်ရတာ Lu အားရှိသွားသလိုပဲ ဟီးး "

သူ့ ခေါင်းလေးကို ပုတ်ပေးရင်း သဘောတကျ ကျွန်တော်ရယ်မိတယ် …

"  Lu ဗိုက်ဆာတယ် " 

ဆာလိုက်ရတဲ့  ဒီဗိုက် … စားလို့ ကို မပီးတော့ဘူး ……

နေလည်း စောင်းခါနီးပီ … အချိန်တွေကုန်တာ မြန်လိုက်တာ … သူဗိုက်ဆာတာလည်း ဖြစ်နိုင်ပါတယ် ဒီအပန်းဖြေအိမ်ကို လာရတာကိုက သုံးနာရီလောက်ကြာတယ် … ကလေးလဲ ဆာရောပေါ့ ~~

"  ကိုယ် စားဖို့  တစ်ခုခု သွားလုပ်လိုက်ဦးမယ် … Luhan ထိုင်နေချင်ရင် ထိုင်နေခဲ့လေ "

"  ဟုတ် "

Sehun ထသွားတော့ Luhan  မျက်စိတစ်ဆုံး လိုက်ကြည့်နေမိတယ် … Sehun အိမ်ထဲ ဝင်သွားလောက်ပီဆိုတော့မှ ဖုန်းလေးထုတ်ကာ Appa ဆိုတဲ့ contact လေးကို နှိပ်လိုက်သည် ။

"  အေး သားလေး ပြော "

"  Appa  Lu ဒီနေ့ အိမ်ပြန်မလာတော့ဘူး "

"  ဟင် ဘာဖြစ်လို့ လဲ သားရဲ့ "

"  Lu တို့  Arjushi ရဲ့ အပန်းဖြေအိမ်ကို ရောက်နေတာ ! ပြန်လာမဲ့အချိန်ကျရင် မှောင်သွားရင် Lu ကြောက်လို့  … ပီးတော့ ညဘက်ပိုင်းကြီးလည်း Arjushi ကို ကားမမောင်းစေချင်လို့  "

"  ဖြစ်ပါ့မလား သားရဲ့ ~ Arjushi က အဲ့လိုလုပ်မယ်တဲ့လား "

"  Arjushi ကို မပြောရသေးဘူး … Appa ကို အရင်လှမ်းပြောတာ "

"  …… "

Jongin ဆီက ဘာအသံမှ ထပ်မထွက်လာတော့၍ Luhan ခန့် မှန်းတာ မမှားဘူးဆို appa က သူရေနစ်ခဲ့တာကို တွေးပီး စိတ်ပူနေမှာအမှန်ပဲ …

"  Lu ကို စိတ်မပူပါနဲ့ appa ရဲ့ … Arjushi တစ်ယောက်လုံး ရှိနေတာ Lu ဘာမှဖြစ်မှာမဟုတ်ပါဘူး … ပီးတော့ Lu ကလေးလို မနေတော့ပါဘူး "

"  ဒါဆို appa ကို ညကျတစ်ခါ ဖုန်းပြန်ဆက်ပေးမလား "

"  သေချာပေါက် ဆက်ပါ့မယ်နော် … "

"  Luhan ! မုန့် စားလို့ ရပီ "

အဝေးကနေ Sehun လှမ်းအော်သံကို ဖုန်းထဲက တစ်ဆင့် Jongin ကြားလိုက်ရပါသည် … Sehun နဲ့ဆို သူ့ သားကို စိတ်မချစရာ မရှိပါဘူး …

"  appa  Arjushi ခေါ်နေပီ သွားတော့မယ်နော် … bye bye "

သူ့ ဘက်က စကားကို မစောင့်တော့ဘဲ ဇွတ်အတင်းဖုန်းချသွားသော Luhan ကြောင့် Jongin ပြုံးလိုက်မိတာ အမှန်ပါ …

"  ဝါးးး daebak !! ကမ္ဘ္ဘာပေါ်မှာ Arjushi လုပ်ပေးတဲ့ pancake ကို Lu အကြိုက်ဆုံးပဲ "

ကြိုက်တယ်ဆိုလို့  ကျေနပ်ရပါသေးသည် … ကျွန်တော်လုပ်ပေးတဲ့ pancake ကို အားရပါးရစားနေတဲ့ သူ့ကိုကြည့်ရင်း ဆွဲစိပစ်ချင်တဲ့ စိတ်ကလေးကို ထိန်းချုပ်ရတာ အတော်တော့ ခက်သားဗျ !!

ဆူချွန်ချွန် သူ့ နှုတ်ခမ်းကို ပြစ်မှားမိတာလဲ အကြိမ်ကြိမ်ပင် ။

ကျွန်တော် စားခဲ့ပီးသော အစအနလေးတွေကို သိမ်းစည်းဆေးကြောပီး ပြင်ဖို့ အတွက် ဧည့်ခန်းကို ထွက်လာတော့ ကလေးက ဆိုဖာပေါ် ခေါင်းလေးမှီရင်း နားကျပ်လေးတပ်ကာ သီချင်းနားထောင်နေလေရဲ့  … 

"  Luhan ပြန်ကြစို့  "

ကျွန်တော် သူ့ပုခုံးကို ဘေးနားကနေ ပုတ်ရင်း ပြောလိုက်သည်နှင့်ပင် နားကျပ်လေးဖြုတ်ကာ ဘာလဲဆိုပီး မေးငေါ့ပီး မေးနေပြန်ပီ … ဘာလို့  ဒီချစ်စရာကောင်းတဲ့ အပြုအမူတွေ လုပ်နေရတာလဲ !! ~~~~

"  ပြန်ကြစို့ လေ "

"  ဒီည ဒီမှာအိပ်ကြမယ်လေ "

"  ဟမ် ?? "

ကျွန်တော် မျက်လုံးအတော်ပြူးသွားလောက်တယ် ထင်ပါတယ် … အမလေးး ကိုယ်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ … ဒီနေ့မှ သူ့ကိုချစ်တဲ့စိတ်တွေ ထိန်းမရဖြစ်နေတာကို ဒီညဒီမှာ အိပ်ကြမယ်တဲ့ ……

ပြောထွက်ရက်လေခြင်း ~~~

"  ဘာ ဘာလို့ အိပ်မှာလဲ "

ကတုန်ကရင်နဲ့ စကားတွေလဲ ထစ်ကုန်ပါပီ … ဒုက္ခတော့ တွေ့နေပီ

"  ခနနေ မှောင်တော့မှာလေ Lu ည ကားမစီးရဲဘူး ကြောက်တယ် "

"  ကိုယ်ရှိတယ်လေ ကိုယ်တစ်ယောက်လုံး ပါနေတာကို ဘာကြောက်စရာရှိလို့ လဲ "

"  ဟာ မသိဘူးကွာ ~ ဘာလဲ Arjushi က တွန့် တိုတာလား … Arjushi အိမ်မှာ မအိပ်ခိုင်းချင်လို့ လား "

"  အဲ … အင် "

"  ကဲပါ လာထိုင် ရော့ ဒါနားထောင်  "

မတ်တပ်ရပ်နေတဲ့ ကျွန်တော့ကို လက်ကနေ ဆွဲချရင်း သူ့ ဘေးနားထိုင်စေလိုက်တယ် … ပီးတော့ နားကျပ်တစ်ဖက်ကို ကျွန်တော့နားတစ်ဖက်ထဲ အတင်းထိုးထည့်ပေးရင်း သီချင်းကို သူလိုက်ညည်းနေတယ် …

သေချာနားထောင်ကြည့်တော့ မကြာသေးခင်ကမှ ထွက်ထားတဲ့ Zhang YiXing @ Lay ရဲ့ Monodrama  သီချင်းလေး ဖြစ်နေတယ် …

တကယ်ကို ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပါ … စာသားတွေက အရမ်းခံစားရပီး သီချင်းလေးက သူ့အသံလေးနဲ့ လိုက်ဖက်စွာ အေးဆေးတည်ငြိမ်နေတယ်လေ …

သူလဲ ဒီသီချင်း ကြိုက်တာပဲလား ……

သူ့လိုပဲ ကျွန်တော် ဆိုဖာနောက်ကျောလေးကို မှီလိုက်ရင်း သီချင်းကို ခံစားနေလိုက်တယ် ……

ပုခုံးပေါ်က အထိအတွေ့ကို ခံစားမိလို့ ကျွန်တော်မျက်လုံးကို ဖွင့်ကြည့်လိုက်
တော့ ကျွန်တော့ပုခုံးပေါ် မှီရင်း သူလေးအိပ်ပျော်နေပီ … အိပ်ပျော်မှာပေါ့ တစ်နေကုန် သောင်းကျန်းထားတာကို မနက်ကလည်း အစောကြီး ထလာခဲ့တာလေ ……

ဒီလို အနေအထားလေး ဆက်နေချင်သေး၍ ကျွန်တော်မနှိုးသေးဘဲ ဆက်နေလိုက်တယ် … ကြာတော့ သူဇက်ညောင်းနေမှာလည်း စိုးရတော့ အိပ်နေတဲ့ကလေးကို နှိုးရပါတော့တယ် ……

"  Luhan  ထ ထတော့ အပေါ်မှာ သွားအိပ်ရအောင် "

"  အွန်းးး "

သူလေး ညည်းကာ တစ်ဖက်စောင်းကာ အိပ်နေပြန်တယ် …

"  Luhan လိမ်မာတယ် ထ ထ "

အဲ့တော့မှ မျက်စိကို ပွတ်ရင်း ထလာသည် …

အပေါ်ရောက်၍ အခန်းထဲရောက်မှ အကြပ်ရိုက်သွားတယ် … အခန်းက တစ်ခန်းထဲပဲ ကုတင်ရှိတယ် … တစ်ခြားအခန်းတွေက လူမနေ၍ ကုတင်မထားခဲ့မိတာ ဒီနေ့တော့ အမှားကြီး မှားပီ …

"  ကိုယ် အောက်က ဆိုဖာပေါ်မှာပဲ အိပ်တော့မယ် … Luhan ဒီမှာ အိပ်လိုက်လေ "

"  wae ? ဘာလို့  အတူတူအိပ်လည်း ရတာပဲကို "

ဘာ !!!!!! အတူတူအိပ်မယ် … အတူတူအိပ်ရမယ် !!

ဟာာ မဖြစ်နိုင်တာ !!~~ မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး !!

ကျွန်တေည်မျက်လုံးပြူးသွား၍ ထင်သည် သူက ရယ်ကာ

"  အံမယ် လူပျိုကြီးက ရှက်နေတာလား ! အဟေးး အဟေးး !! ဘာရှက်စရာလိုလဲ ယောက်ကျားချင်း အတူတူပဲကို "

မင်း မသိလို့ ပါကွာ ~~~~

"  လာပါ  လူပျိုကြီးရယ် ~ အဲ့လောက် မျက်နှာရဲစရာ ကိစ္စမရှိပါဘူး "

သူပြောမှ ကျွန်တော်ပိုပီး မျက်နှာပူလာရတယ် … အလိုက်ကမ်းဆိုး မသိတဲ့ဟာလေး !!

သူကတော့ မွေ့ရာပေါ်အကျအန နေရာယူထားနှင့်နေပီ … ကျွန်တော် ရင်တုန်တုန်နဲ့ အိပ်ရာပေါ်တက်လိုက်ပီး သူ့ ကိုနောက်ကျောပေးကာ အိပ်လိုက်တယ် …

မျက်လုံးကို အတင်းမှိတ်နေပေမဲ့ ရင်တုန်နေလို့ ပဲလားမသိ ဘယ်လိုမှအိပ်မရဘူး … ကလေးဘက်ကတော့ ဘာအသံမှမကြားရတော့ဘူး အိပ်နေပီထင်တယ် ။

သူ့ဘက်ကို လှည့်ရင်း သူ့နောက်ကျောလေးကို ကြည့်နေမိတယ် … အနောက်ကနေဖက်ထားချင်လိုက်တာ ~

မျက်လုံးကို အသာမှိတ်လိုက်ရင်း အိပ်ဖို့ ကြိုးစားနေစဉ်မှာပဲ   * အင်း *  ခနဲ့ ညည်းသံနဲ့အတူ ရင်ခွင်ထဲ ရောက်လာသော ကလေး ~~

သွားပီ ကျွန်တော် သွားပီ …… ရင်တွေခုန်လွန်းလို့  ရင်ခွင်ထဲက ကလေးလန့် သွားမှာ စိုးရိမ်ရလောက်အောင် ကျွန်တော့ နှလုံးခုန်သံတွေ မြန်နေတာပါ .…

Sehun  လှုပ်ကိုမလှုပ်နိုင်တော့ဘဲ တောင့်တောင့်ကြီး ဖြစ်နေပေမဲ့ ရင်ခွင်ထဲက ကလေးကတော့ ကျေနပ်သလို ပြုံးနေလေရဲ့ ~~

T B C

တကယ့် အဆိုးလေး Luhan :*:*

ကျနော် Lay ရဲ့ သီချင်းကို အရမ်းကြိုက်လို့  ထည့်ရေးမိတာပါ … မနေ့ ကမှ ထွက်ပေမဲ့လို့  ဒီထဲတော့ မကြာသေးဘူးလို့  ရေးလိုက်မိပါတယ် … အမှားပါရင် တောင်းပန်ပါရစေ ~~

ကျေးဇူးတင်ပါတယ် :* 

Continue Reading

You'll Also Like

27.9K 6.3K 37
tk sinhala
168K 36.3K 97
අවසරද නිල් කටරොලු මලකට.... බොරලු පොලොවක සෙනෙහෙ පතන්නට........... (ධතාශ් X තීනු)
8.6K 1K 6
For Aurora Book Publishing House's Donation Project ! < 3 Recommended Song - If I could ride a bike !