Ending ... ??
16.4K 1.1K 91
Arjushi
Ending ……
"  အာ … Arjushi ကလည်း မားရှေ့ကနေ ဒီလိုဆွဲခေါ်လာလို့  ဘယ်ဖြစ်မလဲ ? "
ကျွန်တော့အခန်းထဲရောက်လို့  အထုပ်တွေတောင် မချရသေး သူ့ ဆီက မကျေမနပ်သံလေး ထွက်ပေါ်လာတယ် …
အော် … ဒီကလေးနှယ့် သူ့ ကို မကြိုဆိုတဲ့ ကျွန်တော့အမေကိုတောင် တမားမားနဲ့ စိတ်ပူပြနေတာ … ဒါတွေကြောင့်ပဲ မင်းကို ပိုပီးစိတ်မကောင်းဖြစ်မိတယ် Luhan ရယ် …
ဟုတ်တယ် … ။ ရှားရှားပါးပါး ချစ်ရသူလေး တစ်ယောက်ရှိပါတယ် … ကိုယ့်အမေက သူ့ ကိုသဘောမကျဘူးဆိုတော့ … ကြာကြာဆက်နေရင် ကလေးစိတ်မကောင်းဖြစ်ပီး ငိုလာမှာစိုးသောကြောင့် မေမေ့ရှေ့ကနေ ဆွဲခေါ်လာခဲ့တာ ။
"  Arjushi က လူဆိုးပဲ … Lu က Arjushi ကို လိမ္မာလှပီ မှတ်နေတာ ။ ကိုယ့်မေမေကို အဲ့လိုလုပ်ရသလား ဟမ် ? "
ဘယ့်နှယ့်ဗျာ ။ သူစိတ်မကောင်းဖြစ်မှာစိုးလို့ လည်း ခေါ်လာရသေးတယ် သူကပဲ ဆူနေရသေးတယ် …မင်းက  ဘယ်လိုဟာလေးလဲကွ Luhan ရ ။
"  မင်း စိတ်မကောင်းမဖြစ်ဘူးလား Luhan "
"  ဖြစ်တာပေါ့ Arjushi ရယ် … ဒါပေမဲ့ Lu တို့  ဒါကိုရင်ဆိုင်ရမယ်ဆိုတာ Lu ကြိုတွေးထားပီးသားပါ … "
"  တောင်းပန်ပါတယ်ကွာ … ဒီလိုမှန်းသိရင် အစတည်းက ကိုယ်ခေါ်မလာသင့်ဘူး "
သူ့ ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ ဖက်ထားမိတယ် … သူကလဲ ကျွန်တော့ခါးလေးကို ပြန်ဖက်လို့ ။ ဒီအချိန် သူ့ အတွက် ကျွန်တော့ရင်ခွင်ကို လိုအပ်နေမှာ သေချာသည်လေ ။
"  တွေ့လား ? ခုတော့ Arjushi ကြောင့် Lu တော့ တစ်မှတ်လျော့ပါပီ "
"  ကဲ ရော့ ! တစ်မှတ် "
သူ့ ပါးလေး နမ်းလို့  ပြောမိတော့ မလုပ်စဖူး မျက်စောင်းလေးက ဒိုင်းခနဲ ။
"  အယ် အယ် … ဘာလဲ ? အဲ့မျက်စောင်းက ဘာအတွက်လဲ ? "
"  Lu လိုနေတဲ့ တစ်မှတ်က Arjushi ဆီကမှ မဟုတ်တာ ! Arjushi ဆီမှာ အမှတ်ပြည့်ရထားပီးသားလေ … ဟုတ်တယ်မလား ? "
Arjushi ( Completed ) Where stories live. Discover now