Only The Flower Knows [Comple...
By Violent14
28.7K 2.4K 33
** Out of many coincidences, a new story is born! Only the flower knows ** This story is adapted by original... More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14 (Final)
The Best Time To See The Flowers (Part 1)
The Best Time To See The Flowers (Part 2-Final)
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Final) (Unicode)
The Best Time To See The Flowers (Part 1) (Unicode)
The Best Time To See The Flowers (Part 2-Final) (Unicode)
Part 9
1.1K 116 0
By Violent14
စာမေးပွဲတစ်ခုမှာ အမှတ်ကောင်းကောင်းရချင်တယ်ဆိုရင် မင်းလုပ်ရမှာအားလုံးက စာလုပ်ဖို့ပဲ
တကယ်လို့ မင်းကို ဖွင့်ပြောတဲ့ မိန်းကလေးကို သဘောကျတယ်ဆိုရင် Yes နဲ့ No ရွေးချယ်စရာနှစ်ခုထဲက မင်းရွေးရမှာ Yes ပေါ့
ကံကောင်းစွာပဲ ကျွန်တော်ကြုံတွေ့ရတဲ့ ကိစ္စတွေမှာ လက်ခံတာပဲဖြစ်ဖြစ် ငြင်းပယ်တာပဲဖြစ်ဖြစ် အဖြေက ဝေဝါးမနေပဲ အမြဲရှင်းလင်းနေခဲ့တယ်!
အခုအချိန် မတိုင်ခင်ကထိပေါ့........
အဖျားတိုင်းသာမိုမီတာလေးမှာ ညွှန်ပြနေတဲ့ ကိန်းဂဏန်းက 101°F~
"အရူးပဲ! ငါတကယ်ကို အရူးပဲ! ဘာလို့ထီးဝယ်မဆောင်း မိတာလည်း?"
စောင်ခြုံထဲမှာနေရင်း Sehun တိုးတိုးရေရွတ်နေသည်!
** နေ့တိုင်း Lab ကို လာပါ့မယ်လို့ ကတိပေးထားလျှက်နဲ့ အခု မကောင်းသေးသ၍တော့ မသွားနိုင်လောက်ဖူး**
**တော်ကြာ သူများကို အဖျားကူးနိုင်တယ်! Luhan လည်း ငါ့ကိုမတွေ့ချင်တော့လောက်ဖူးထင်ပါတယ်**
ထိုအတွေးတို့က ကျွန်တော့်ရင်ကို မွန်းကျပ်စေသည်! နားထဲပဲ့တင်ထပ်နေရတဲ့ စကားတစ်ခွန်းက......
"သူက ငါမရှိရင် အသုံးမကျဘူး"
တဆစ်ဆစ်နာကျင်နေတဲ့ ရင်ဘတ်ကို ဖိဆုတ်ထားမိသည်!
Luhan က သူ့ရဲ့ ပုံပန်းသွင်ပြင်ကြောင့် ယောကျာ်းလေးတွေတိုက်ခိုက်တာခံရတယ်လို့ ကျွန်တော် တလျှောက်လုံး ထင်နေခဲ့ပေမယ့် .......
ဖြစ်နိုင်တာက .......
Luhan ကိုယ်တိုင်ကိုက ယောကျာ်းလေးတွေကို သဘောကျတာမျိုးလား?
အတွေးတို့နဲ့ ရှုပ်ထွေးနောက်ကျိလာပြန်သည်!
"မင်းသူကို ပျင်းလာပြီဆိုရင် ပြန်ပေး!"
ထိုစကားတစ်ခွန်းက ကျွန်တော် နှလုံးကို ဆွဲညှစ်လိုက်သလိုပဲ.......
အာရုံထဲမှာ Luhan ရယ် ကျွန်တော် မမြင်ဘူးတဲ့ Kris ဆိုတဲ့သူ နောက် သူတို့နှစ်ယောက်ရဲ့ သင်္ကေတဖြစ်တဲ့ ပန်းပွင့်ပုံပါတဲ့လည်ဆွဲလေး........
သူတို့နှစ်ယောက်ကြားက သာမန်ထက်ပိုတဲ့ ပတ်သတ်ဆက်နွယ်မှု.....,
**အာ အတွေးနဲ့တင် တကိုယ်လုံးနှုံးချိသွားသလိုပဲ**
"Arrrrrrrrr ဒါကို စဉ်းစားတွေးတောနေလို့ ဘာများကောင်းမှာလည်း?"
ကျွန်တော် နဂိုပုံစံကို ပြန်ရောက်ဖို့လိုနေပြီ!
ကျွန်တော်ခေါင်းထဲကို တခြားအရာတစ်ခု မြန်မြန် အစားမထိုးရင်........
အဲဒီလိုမှ မြန်မြန်မလုပ်ရင်.......
ကျွန်တော် Luhan ကို နာကျင်အောင် ထပ်လုပ်မိလိမ့်မယ်!
Sehun စောင်ခြုံထဲမှနေ၍ ခေါင်းရင်းနားက စာအုပ်တွေဆွဲယူပြီး သချာင်္တစ်ပုဒ်ကို တွက်နေမိသည်!
**Arrrrrrr ဘာလို တွက်မရတော့တာလည်း?????**
ပုစ္ဆာက တစ်ဝက်တစ်ပျက်မှာ ရပ်တန့်လို့နေတယ်!
**ငါဘာတွေဖြစ်နေတာလည်း!!!???**
တွက်ထားတဲ့ စာရွက် တွေကိုဆွဲဆုတ်ရင်း ခေါင်းအုံးပေါ်မှောက်အိပ်နေမိသည်!
*တင်း တောင်*
****************************************************************
"Luhan"
"............"
"Luhan shii!!!!!!!"
".............."
ပရော်ဖက်ဆာရဲ့ အခေါ်ကို Luhan ပြန်မထူးဘူး! Computer screen ကိုသာ မေးထောက်ပြီး မမှိတ်မသုံ စိုက်ကြည့်နေသည်!
"u...waaaaaaaa"
ရုတ်တရက် ပရော်ဖက်ဆာက Luhan နားရွက်ကို ပန်းခက်တစ်ခုနဲ့ တို့လိုက်ရာ Luhan လန့်ပြီးအော်လိုက်မိသည်!
"ဆ..ဆရာကလည်း အရင် လိုပဲ ပုခုံးပုတ်ပြီးခေါ်တာမဟုတ်ဖူး"
Luhan က မျက်နှာရဲရဲနဲ့ နားရွက်ကို အုပ်ရင်း ပြန်ပြောနေသည်!
"မင်းမျက်နှာက ထူးထူးဆန်းဆန်း အမူအရာဖြစ်နေပြန်တာကို"
"ကျွန်တော် အဲ့လိုဖြစ်နေပြန်ပြီလား?"
Luhan က တွေငေးငေးနဲ့ ရေရွတ်နေပြန်သည်!
**ဒီကလေးတကယ်ရိုးသားတယ်**
"ဒါနဲ့ Luhan ! Sehun ဘယ်တော့ ပြန်လာမှာလည်း?"
"အင် ဘယ်လို ဘယ်တော့ပြန်လာမှာလည်း လည်း?"
"အော် သူမင်းကိုမပြောဘူးလား? Sehun သူငယ်ချင်းနဲ့ ငါတွေ့တော့ သူကပြောတယ် Sehun ဖျားနေလို့တဲ့ မလာနိုင်သေးတဲ့အကြောင်း! ငါက မင်းသိတယ်ထင်နေတာ"
"ကျွန်တော် မသိဘူး အဲ့ဒီအကြောင်း"
**ဖျားတယ်တဲ့လား? သူအဲ့ဒီနေ့က ထီးမယူပဲပြန်တယ်ထင်တယ်**
"ဆရာ Sehun ကို ရှာတာ အကြောင်းရှိလို့လား?"
"အင်း ထွေထွေထူးထူးတော့မဟုတ်ပါဘူး! သူ့ကိုပေးစရာလေးရှိလို့! ဒါပေမယ့်ရပါတယ် ဘယ်တော့ပေးပေးပါ"
".............."
"ကဲ နောက်ကျတဲ့ထိ မနေနဲ့နော် Luhan"
ပရော်ဖက်ဆာက Lab ထဲကလှည့်ထွက်သွားသည်!
"ဆ....ဆရာ!!!"
"အင်း ဘာလည်း?"
"ဟို တကယ်...တကယ်လို့ ဆရာ အဆင်ပြေတယ်ဆိုရင်...."
*****************************************************************
*တင်း တောင်*
**အာ ဘယ်သူလည်း???**
Sehun အိပ်ယာထဲက လူးလဲထ မျက်မှန်ကောက်တပ်ပြီး အိမ်ရှေ့ခန်းကိုထွက်လာခဲ့သည်!
*တင်း တောင်*
"လာပြီ လာပြီ"
Sehun တံခါးဖွင့်လိုက်တော့ မျက်လုံးဝိုင်းသွားသည်! တံခါးရှေ့မှာ ရပ်နေတာ Baekhyun!ဆေးတွေ စားစရာမုန့်တွေ နှင့် လူနာမေးရောက်လာလေသည်!
"Good Morning!!!!!"
Baekhyun က ပြုံးပြီးပြောသည်!
"မဖျားဘူးတဲ့ကောင်ကြီး ဖျားလို့ ငါလာ Check လုပ်တာလေ"
"မင်းကွာ တကယ်မဟုတ်ရင်တောင် 'မင်းကို စိုးရိမ်လို့လာတာ'တို့ ဘာတို့ပြောသင့်ပါတယ်!"
"တကယ်လို့ တံခါးဘယ်သူမှ လာမဖွင့်ရင်တော့ မင်းသေနေပြီလို့ ငါထင်မိမှာပဲ! ဒါပေမယ့် အခု မင်း အသက်ရှိနေသေးတော့ ပြန်မယ်ကွာ"
Baekhyun က ရယ်ရယ်မောမော နောက်ပြောင်ပြောရင်း Sehun စားပွဲပေါ်က စာအိတ်တစ်အိတ်ကို တွေ့သွားတယ်!
"Sehun ဒါမင်း ဟိုတလောကပြောတဲ့ စာမေးပွဲမဟုတ်လား? ငါမင်း ဖောင်တင်ပြီးပြီထင်တာ မတင်ရသေးဘူးလား? ဖောင်ပိတ်ရက်နီးနေပြီ"
"အဟွတ် အဟွတ် အဟွတ်"
Baekhyun စကားဆုံးတော့ Sehun ရေသီးသွားတယ်!
"ဟိတ် ဟိတ်ကောင် ဘာဖြစ်တာလည်း?"
Baekhyun က မျက်လုံးပြူး မျက်ဆံပြူးနဲ့ပြောသည်!
Sehun က Baekhyun လက်ထဲက စာအိတ်ကို ဆွဲယူလိုက်ပြီး......
"ငါမေ့နေတာ အဲ့ဒါကို"
"ဘာ!!!!!!!!!!!!!!"
Baekhyun မျက်လုံးပိုပြူးလာပြီး သံပြဲနဲ့ထအော်ပြန်တယ်!
"မင်း အဆင်ပြေရဲ့လား ဟိတ်ကောင်"
"အင်း နှစ်ရက်တော့ အချိန်ရသေးတယ် ငါ လုပ်နိုင်ပါတယ်"
"အဲ့ဒါကိုပြောတာ မဟုတ်ဖူး မင်း အခုတလော ထူးဆန်းနေတယ် အရင်က အဲ့လိုတခါမှ မဖြစ်ဖူးပါဘူး! တခုခုများဖြစ်သလား?"
**တခုခုဖြစ်သလား?**
ထိုအတွေးက ကျွန်တော့်ကို စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားစေသည်!
"အရင်က ငါ့ပုံစံက......ဘယ်လိုလည်း...? "
"အင်....ဘယ်လိုပုံစံလည်းဆိုတော့ကာ....."
"ရုတ်တရက် ငါ ဒေါသကို မထိန်းနိုင်ပဲ မပြောသင့်တာတွေပြောမိတယ်!ပုံမှန်ဆိုရင် ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ချက်ခြင်းရှာနိုင်ပေမယ့် အခု ငါဘာလုပ်ရမှန်းမသိတော့ဘူး! ဒီလိုဖြစ်တာ ဒါပထမဆုံးပဲ! အခုလိုဖြစ်နေတဲ့ ငါ့ကိုယ်ငါ မုန်းတယ်ကွာ!"
"တကယ်ပဲ အဲ့ဒီလိုဖြစ်ခဲ့တာလား?"
".........."
"Sehun?"
Sehun တိတ်ဆိတ်နေသည်! စိတ်ဓာတ်အကြီးအကျယ်ကျနေဟန်တူသော Sehun ကို ကြည့်ရင်း Baekhyun ပြုံးလိုက်တယ်!
"ငါ စိတ်သက်သာရာရသွားသလိုပဲ"
Baekhyun ရဲ့ အပြောကြောင့် Sehun တအံ့တသြမော့ကြည့်သည်!
"........?"
"ဘာလို့လည်းဆိုတော့ မင်းက တစ်ခုခုဆို အာရုံစူးစိုက်နိုင်ပြီး တခါမှ စိတ်ဓာတ်ကျတဲ့ စကားမပြောဘူးလေ! အဲ့ဒါကြောင့် မင်းက ဘယ်လို မဟာလူသားလည်းဆိုပြီး ငါအံ့သြနေတာ! အခုတော့ ငါ့သူငယ်ချင်းမင်းက သာမန်လူသားတစ်ယောက်ပဲကို !"
"..........."
"မင်းလိုလူကတောင် တစ်စုံတစ်ခုကြောင့် စိတ်ပျက်တတ် ဝမ်းနည်းတတ်ပြီး လမ်းပျောက်တတ်သေးတာပဲ"
"ငါတကယ်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်"
Sehun က တိုးတိုးရေရွတ်ရင်း ကုတင်ပေါ်တက်ခွေနေလိုက်သည်!
"ကဲ နေအရင်ကောင်းအောင်လုပ် ! နောက် ပုံမှန်အခြေအနေပြန်ရောက်အောင်လုပ်ပြီးရင် သွားတောင်းပန်လိုက် ဟုတ်ပြီလား"
"အင်း~"
ကုတင်ပေါ်က Sehun က အားမရှိစွာပြန်ဖြေသည်!
"ကဲ ငါပြန်မယ် ဒီဖောင်ကို ငါတင်ပေးထားမယ် မင်းကျောင်းပြန်လာတဲ့ အခါ အဆင်သင့်ဖြစ်တာပေါ့ "
Baekhyun က စာအိတ်ကို ယူရင်းပြောလိုက်သည်!
"Baekhyun!"
"ဟင်"
"ကျေးဇူးကွာ ဆေးတွေအတွက်ရော မုန့်တွေအတွက်ရော နောက်......အားလုံးအတွက်!"
"အင်း"
Baekhyun က ပြုံးပြပြီး ပြန်သွားလေသည်! ကုတင်ပေါ်မှာ Sehun တစ်ယောက် အတွေးတွေထဲ ပြန်လည်နစ်မြုပ်သွားပြန်တယ်!
*တင်း တောင်*
"အာ Baekhyun လား ? ဘာမေ့ခဲ့ပြန်ပြီလည်း မသိဘူး?"
*တင်း တောင်*
"လာပြီ"
*Click*
"အ~"
တံခါးဖွင့်ရင်း ပေါ်လာတဲ့ Sehun က မျက်မှန်နဲ့မို့ Luhan ရုတ်တရက် ကြောင်သွားသည်!
"Luhan?"
"အာ~ အင်း ရုတ်တရက် ငါ အိမ်မှားလာပြီထင်တာ"
"သြော် ..ဟုတ်လား မျက်မှန်ကြောင့်ထင်တယ်"
"ပရော်ဖက်ဆာဆီက မင်းလိပ်စာရတာနဲ့...."
"ဘာဖြစ်လို့လည်း ? မင်းဘာလို့လာတာလည်း?"
"ရော့ ပရော်ဖက်ဆာက မင်းကို ပေးခိုင်းလို့ အဲ့ဒါလာပေးတာ"
Luhan လက်ထဲက အထုတ်ကို Sehun ဆီ မြန်မြန်ထိုးပေးလိုက်သည်!
"သြော် ဒါသိပ်အရေးမကြီးပါဘူး တကူးတက လာပေးရအောင်"
"............."
"............."
ကျွန်တော်တို့ကြားမှာ စကားသံတွေတိတ်ဆိတ်လို့သွားသည်!
**ဒုက္ခပဲ ငါပုံမှန် အခြေအနေကိုပြန်မရောက်သေးလို့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး**
"Sehun!"
".........."
ကျွန်တော် Luhan ကို ကြောင်ကြည့်ပြီး ဘာပြန်ပြောရမှန်းမသိဘူး! ကျွန်တော် အနည်းငယ်ကြောက်ရွံ့လို့နေသည်!
"မင်းဟိုနေ့က ကိစ္စမျိုးကို စိတ်ရှုပ်လိမ့်မယ်လို့ငါထင်တယ်! အဲ့ဒါကြောင့် တကယ်လို့ မင်းအဆင်မပြေရင် Lab ကို ကြိုးစားပြီးလာမနေပါနဲ့ ! ငါ.... အဲ့ဒါလည်းပြောချင်လို့....ဒါ..ဒါပဲ ..ငါပြန်မယ်"
Luhan စကားတွေကို ဆက်တိုက်ပြောချလိုက်ပြီး လှည့်ထွက်လိုက်သည်!
"အ....Luhan နေအုံး"
တံခါးလက်ကိုင်ကို ဆုတ်ကိုင်ထားတဲ့ Luhan လက်ကို Sehun အလျှင်စလို လှမ်းဆွဲပြီးတားလိုက်သည်! Luhan က အရည်လဲ့နေတဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့မော့ကြည့်တယ်!
"အာ~ sorry"
Sehun Luhan လက်ကို လွှတ်ပေးလိုက်ပြီး ဘာဆက်ပြောရမှန်းမသိဖြစ်နေပြန်သည်!
**arrrrr ငါ သူ့ကို တစ်ခုခုပြောမှဖြစ်မယ် ! ဘာပြောရမလည်း? တနေ့လုံး Luhan နဲ့ ကိစ္စအကြောင်းစဉ်းစားနေပေမယ့်လို့ အခုထိ ဘာမှ အဖြေမရသေးဘူး**
Sehun ရုတ်တရက် ဆွဲကြိုးလေးကို အမှတ်ရလိုက်တယ်!
"အ~ Luhan ခဏ မင်းဒီမှာ ခဏစောင့်အုံး"
Sehun အိမ်ထဲကို ပြေးဝင်သွားသည်! အံဆွဲထဲထည့်သိမ်းထားတဲ့ ဆွဲကြိုးလေးကိုယူပြီးအိမ်ရှေ့ကိုပြန်လာခဲ့သည်!
**ဟုတ်တယ် ဒီဆွဲကြိုးလေး Luhan ကို ပြန်ပေးရမယ်**
"Luhan ရော့ ငါပြန်ပြင်ပေးထားတယ် သိပ်တော့မကောင်းဘူး"
Sehun ဆွဲကြိုးလေးကို Luhan ဆီထိုးပေးလိုက်သည်!
**Luhan အတွက် အရေးကြီးတဲ့ တစ်စုံတစ်ယောက်က ပေးထားတဲ့ ပစ္စည်းလေးပဲဟာ**
"ငါ ယူထားလို့ မဖြစ်ဖူးလေ အဲ့ဒါကြောင့်....."
Luhan က ခုထိ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ကြည့်နေဆဲ!
**ဟင့်အင်း ငါမလိုချင်ဘူး**
"ငါ...မင်းကို လွှင့်ပစ်လိုက်ဖို့ပြောထားပြီးသားပဲ"
Sehun ဆီက အကြည့်လွှဲရင်း Luhan တိုးတိုးရေရွတ်လိုက်သည်!
**အဲ့ဒီ့ကလေးက အဲ့ဒါမရှိရင် အသုံးမကျဘူး**
ထိုစကားတစ်ခွန်းက ကြားမိတိုင်း ရင်ထဲတင်းကျပ်ပြီး နေရခက်လှတယ်! ဒီခံစားချက် မြန်မြန်ပျောက်သွားရင်ကောင်းမှာပဲ!
Luhan က အမြဲ တစ်ယောက်ထဲအထီးကျန်နေတတ်တဲ့သူဆိုတော့ သူ့ဘေးမှာ သူ့တန်ဖိုးထားရတဲ့သူတစ်ယောက်ယောက်ရှိနေတာကို ငါဝမ်းသာပေးသင့်တာပေါ့!
"ယူပါ မင်းနဲ့လိုက်တာပဲကို ဟုတ်တယ်မဟုတ်လား?"
Sehun က ပြုံးပြီးပြောရင် ဆွဲကြိုးလေးကိုင်ကာ Luhan လည်တိုင်ဆီလှမ်းလိုက်သည်!
**ဟင့်အင်း**
Luhan အတွေးထဲမှာ တချိန်တုန်းက တစုံတယောက်က ဆွဲကြိုးကို နောက်ကနေဆောင့်ဆွဲလိုက်လို့ လည်ပင်းမှာ နာကျင်သွားခဲ့ရတဲ့ ခံစားမှု အသိက ပြန်ပေါ်လာသည်!
"တွေ့လား လိုက်တယ်"
Luhan မျက်စိရှေ့က Sehun ကို Sehun လို့မမြင်တော့ပဲ Kris လို့မြင်လာတယ်!
"ha~ ah~"
Luhan ရုတ်တရက် ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ကြသွား၏!
"ha...ha.....ha.....ha~"
Luhan အသက်ရှုသံက ပုံမှန်မဟုတ် ခက်ခက်ခဲခဲရှုနေရသလို!
"Luhan!?"
"..........."
"oi~ Luhan ဘာဖြစ်တာလည်း?"
Sehun စိုးရိမ်မှုက ငယ်ထိပ်ရောက်လာသည်! Hyperventilation လား??
"Luhan ခဏနေအုံး ငါ ဆေးအိတ်သွားယူအုံးမယ်"
"ha..ha...haa~"
အလျှင်စလိုထရပ်လိုက်တဲ့ Sehun အကျီစကို Luhan က လှမ်းဆွဲထားသည်!
"Luhan?"
"ha ha ha"
Sehun လက်တစ်ဖက်နဲ့ Luhan ပုခုံးကို ပွေ့ထိန်းပေးထားပြီး ကျန်လက်တစ်ဖက်နဲ့ Luhan ပါးစပ်ကို အုပ်ပေးထားတယ်!
"Luhan ! Luhan နှာခေါင်းနဲ့ အသက်ရှု နှာခေါင်းနဲ့ !! ဖြေးဖြေး!ဟုတ်ပြီ "
ညကတိတ်ဆိတ်လို့နေသည်! အခန်းလေးထဲမှာ ကျွန်တော် Luhan ကိုယ်လုံးလေးကို တင်းကျပ်စွာဖက်ထားမိတယ်!
"Sehun~ ငါ ကောင်းသွားပါပြီ"
*ဒါပေမယ့်*
"Sehun ~ဟားဟ Hyperventilation က မသေနိုင်ပါဘူး"
"ဒါပေမယ့်......"
Sehun Luhan ကို ပိုတိုး၍ဖက်လိုက်တယ်! Luhan ပုခုံးပေါ် မျက်နှာဝှက်ရင်း.........
"ငါ တောင်းပန်ပါတယ်"
*မင်း အပြစ်မှ မဟုတ်ပဲကို*
"Luhan! Lab ကို မလာလည်းရတယ်ဆိုတဲ့ စကားမျိုးမပြောပါနဲ့ကွာ! ငါ မင်းနဲ့ အချိန်အကြာကြီးတူတူရှိချင်သေးတယ်!"
*ငါ မလာနဲ့လို့လည်း မပြောပါဘူး*
"ငါက မင်းမြင်တာထက်ပိုပြီး ကြံခိုင်ပါတယ်! အချင်းများတာတစ်ခုနဲ့ နှိုင်းယှဉ်ရင် Lab ထဲမှာ မင်းနဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက ပိုအရေးကြီးတယ်!"
Sehun က Luhan ကို ပိုတင်းကျပ်စွာ ဖက်ထားလိုက်သည်!
ကျွန်တော် Sehun ရဲ့ ကျယ်လွန်းတဲ့ ရင်ခုန်သံတွေကို အနီးကပ်ကြားနေရတယ်! ဒီရင်ခုန်သံတွေက ကျွန်တော့်ကြောင့်များလား? ကျွန်တော့် အသက်ရှုသံတွေ စည်းချက်မညီဖြစ်လာပြန်ပါတယ်! ကျွန်တော်ရဲ့လက်တွေက Sehun ကျောပြင်ဆီသို့ တဖြည်းဖြည်း ပြန်လည် ဖက်တွယ်ထားမိသည်!
TBC
Continue Reading
You'll Also Like
4.9K 455 6
Chanyeolကပြန်မ‌မွေးဖွားလားဘူးဆိုရင်တောင် ကျွန်တော်က Chanyeolကိုစောင့်နေမှာဘဲ .... -BBH- ကိုယ့်ရဲ့လွတ်မြောက်မှုက Baekhyu...
280K 48.6K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
1.8K 145 20
99.6K 16.1K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...