My Fate & My Love

By moon_taeny27

20.6K 1.2K 53

Royal TaeNy Fanfic ရှေး ဂျို ဆွန်းခေတ် မှ ကြည်းနူး လွမ်းဆွတ်ဖွယ်ကောင်းတဲ့ တော်ဝင် ဇာတ်လမ်းလေးပါ More

My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love
My Fate & My Love ep - 14
My Fate & My Love ep - 15
My Fate & My Love
My Fate & My Love ep - 17 (final)

My Fate & My Love

1.2K 60 0
By moon_taeny27

My Fate & My Love

ep - 7

အရှင်မင်းမြတ် Kim Tae Yeon တစ်ယောက် ဒဏ်ရာလည်းတော်တော်လေးသက်သာလာပြီး ကောင်းလာပြီဆိုတော့ သူလုပ်ရမယ့် ကိစ္စအများကြီးထဲကမှ အရေးကြီးဆုံးဖြစ်တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကိစ္စကို စရပါတော့တယ်။

sica ya သူ့ကို လက်ထပ်တာတော့ ဟုတ်ပါရဲ့ လက်ထပ်ပြီးရင် ဘယ်လိုလုပ်ရမှာလဲ။

သူ့နန်းဆောင် ကို မသွားပြန်ရင်လည်း သူက သူ့ကို ဂရုမစိုက်ဘူး ထင်ပြန်အုံးမယ်။ သွားပြန်ရင်လည်း
ဟာ မဖြစ်သေးပါဘူး။

ဘယ်လိုလုပ်ရမလဲ။

အာဟုတ်ပြီ လက်ထပ်ပြီးရင် sica ဘဲ သွားအိပ်ကူလိုက်။

လို့ ပြောလာတဲ့ Tae တစ်ယောက်ကြောင့် sica တော်တော်လေးရယ်ချင်မိသွားတယ်။ တခါတလေ အဲ့ လိုဘဲ ကလေးလေးကျနေတာဘဲ။ ဒါနဲ့ sica လည်း

Tae ကလည်း ကလေးကျနေတာဘဲ sica က ဘယ်လိုသွားအိပ်လို့ရမှာလဲ။ ဘုရင်မင်းမြတ်ဘဲ သွားအိပ်ရမှာလေ။

ဒီတိုင်းလေးဘဲ သွားအိပ်ရုံဘဲကို ဘာလို့ အဲ့လောက်တောင်လန့်နေတာလဲ။ အင်းဒါမှ မဟုတ် သူက အရမ်း ဆတ်ဆတ်ထိမခံ ဆိုတော့ ဟို... ရှိတဲ့ ပစ္စည်းတွေနဲ့ ကောက်ပေါက်ခံရမှာစိုးတာလား။

ဒါမှမဟုတ် သူကအရမ်းလှတော့ Tae စိတ်မထိန်းနိုင်ဘဲ ပစ်ကြွေသွားမှာစိုးတာလား ကဲပြော ဘယ်တစ်ခုလဲ

ဆိုပြီးပြုံးပြုံးနဲ့ မေးလိုက်တော့ Tae တစ်ယောက်

အင်းsica ပြောသလိုဘဲ သူကဆတ်ဆတ်ထိမခံ။ သူနဲ့တော့လွယ်ဘူးထင်တယ်နော်။ Tae သူ့ကိုကြောက်တယ်။ သူ့ကြည့်ရတာ တစ်ခုခု အဆင်မပြေရင် ရှိနေတဲ့ သူကိုတောင် ထသတ်မလားဘဲ။

တော်ကြာ ညလယ် Tae အရမ်း အိပ်ပျော်နေတဲ့ အခါကျမှ Tae ကို လည်ပင်းထညှစ်နေရင် ဘယ်လိုလုပ်မလဲ။ ဟို မနေ့က ပန်းကိစ္စ လေ။

ပြီးရင် Tae က sica နဲ့လည်း ဘယ်တော့မှ ခွဲ အိပ်ဖူးတာမှ မဟုတ်တာ။

လို့သနားစရာရုပ်လေးနဲ့ပြောနေတဲ့ Tae လေးကိုကြည့်ပြီး sica လေးသနားမိပြန်တယ်။ Tae ခမျာလည်း ဒုက္ခ တစ်ခု။

Time Skip ×××××××××

အာ ဟုတ်ပြီ sica ရော အတူလိုက်အိပ်။ ၃ ယောက် တူတူ အိပ်မယ်။

အဲ့ဒါကောင်းတယ်နော် နော်လို့
ကောင်းဘူးလား

ဆိုပြီး အကြံကောင်းရသွားတဲ့ ကလေးလို ထအော်တဲ့ Tae ကို ကြည့်ပြီး sica တစ်ယောက် ငိုဘဲငိုရမလို ရယ်ဘဲရယ်ရမလိုဖြစ်သွားတော့တယ်။
ဒါနဲ့ sica လည်း

မင်္ဂလာဦး ညတော့ sica လိုက်အိပ်လို့ မရဘူးလေ။ နောက်ညတွေကျရင် လိုက်အိပ်မယ်။ ဟုတ်ဘူး ၃ ယောက်တူတူအိပ်ကြတာပေါ့။

Fany လေးကချစ်စရာကောင်းတော့ sica လည်း သူ့ကိုချစ်တယ်။

လို့ ပြောလိုက်ရော ကိုရွှေချော Tae လေးက မျက်နှာလေး ညှိုးသွားပြီး

ဟာ sica က သူ့ကိုချစ်တယ် ဟုတ်လား။ အာ ချစ်ရပါဘူး။

ကဲ ခုပြော Tae နဲ့ သူ ဘယ်သူ့ကိုပိုချစ်လဲ။

လည်းဆိုပြီး ကလေးလေးလို ဇွတ်ကြီးမေးနေတဲ့ Tae တစ်ယောက်ကတော့ ဂျို ဆွန်းရဲ့ ပြည့်ရှင်မင်းကြီးဆိုတာ ဘယ်သူကယုံမှာတဲ့လဲ။

ဒါနဲ့ Tae လေးကို စချင်တဲ့ sica လည်း

Tae ကဘယ်လိုထင်လဲ sica က ဘယ်သူ့ကို ပိုချစ်မယ်ထင်လဲ။ Fany လား ဒါမှ မဟုတ်

ဆိုပြီး Tae ကို ကြည့်လိုက်တော့ Tae တစ်ယောက် အရမ်းကို သိချင်နေတဲ့ ရုပ်လေးနဲ့ သူ့ကိုသာလိုက်ကြည့်နေတာလည်း မြင်လိုက်ရော sica တစ်ယောက် Tae ကို ထပ်ပြီးမစချင်တော့။

Tae ကလည်း ဘယ်လိုလုပ် sica က ခုတလောမှ ရောက်လာတဲ့ သူကို Tae ထက်ပိုချစ်ရမှာလဲ။ ဟောဒီက Tae ကို သာ ချစ်ဆုံး

ဆိုပြီး Tae ရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်ပြီး နောက်

ကဲ ကိုလူဆိုး ညနက် ပြီ အိပ်ရာ ဝင်ဖို့ချိန်တန်ပြီ။ မနက်ဖြန်ကျရင် မင်္ဂလာကိစ္စ တွေ စီစဉ်ရအုံးမယ်။

လို့ပြောလည်းပြောရင်း Tae ကိုလည်း မရမက အိပ်ရာ ဝင်ခိုင်းလိုက်တော့တယ်။

xxxxxxxxxxxxxxxxxxxx

နောက်နေ့မနက်ခင်းမှာတော့ Tae တစ်ယောက် နိုးလာပြီး ဘေးမှာအိပ်ပျော်နေတယ် လို့ ထင် တဲ့ sica လေးကို ကြည့်လိုက်တော့ sica လေးက ရှိမနေ။

အော် sica လေးကတောင် နိုးပြီး ဘယ်တွေသွားနေပါလိမ့်။ လိုက်ရှာအုံးမှ။

ဆိုပြီး အဝတ်အစားတွေလဲပြီး ထွက်လာခဲ့တော့တယ်။
အဲလိုနဲ့ ရေကန်လေးနားရောက်တဲ့ အခါမှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်း လေးက အလွန်ကိုမှ လှပနေတော့ Tae Yeon တစ်ယောက် ရပ်ကြည့်နေမိတယ်။

လှပတဲ့ ကောင်းကင်အောက်မှာ သာယာလှတဲ့ သဘာဝရှုမျော်ခင်းလေးတွေအလယ်မှာ အလွန်တရာမှ လှပတဲ့ ကောင်မလေးတစ်ယောက် ပလွေလေး မှုတ်ကာ တစ်ကမ္ဘာလုံး အေးချမ်းအောင် သံစဉ်တွေနဲ့ ခြုံ လွှမ်းနေတယ်။

သူကတော့ Tiffany Hwang လေးပါ။

Kim Tae Yeon တစ်ယောက် ဒီနေ့တော့ တကယ်ကို ဝန်ခံပါတယ်။

သူလေးက သိပ်ကိုလှတာပါ။ အော် ဒီလောက်လှတဲ့ သူလေးကို သူမကြာခင် ပိုင်ဆိုင်ရတော့မှာပါလား။

ဟာ သူ Kim Tae Yeon ဘာဖြစ်နေတာလဲ ရင်ခုန်နေတာလား။ သူ့ကိုတွေ့လိုက်ရင် ဘာဖြစ်သွားမှန်းကို မသိ။ လူက တစ်ကိုယ်လုံး shock ရိုက် ခံရသလို။

အင်း ရင်ခုန်တာတော့မဖြစ်နိုင် အဲ့ ကောင်မလေး ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်လို့ Kim Tae Yeon တစ်ယောက်သူ့ကို ရှိန်နေတာသာ ဖြစ်မယ်။

ဟူးဒီကောင်မလေးက မလွယ်။ သူ့ကိုတော့ Kim Tae Yeon လက်ဖျားခါသည်။
ဘာကြောင့်မှန်းမသိ သူ့ကို Kim Tae Yeon မနိုင်

အနိုင်လည်းမယူချင် အလိုလို

အရှုံး ပေးမိတယ်။

အဲ့လိုတွေးမိပြီးနောက် လှမ်းထွက်ဖို့ လုပ်လိုက်ခါမှ အငေးကောင်းတဲ့ Kim Tae Yeon တစ်ယောက် ခုနကရပ်နေတာက တံတားလေးပေါ်မှာဆိုတော့ ဘုမသိဘမသိ နဲ့လှည့်လိုက်တော့ ဘေးက တံတားဘောင်နဲ့ တိုက်မိပြီး ဒူးတော်တော်လေးကို အီစလန်ဝေ သွားတယ်။

အဲ့လိုတိုက်မိသွားလို့ ထွက်လာတဲ့ အသံကြောင့် fany တစ်ယောက်လှည့်ကြည့်လိုက်တော့ သူ့ရဲ့ ရန်သူတော်ကြီး Kim Tae Yeon ကြီးကို တွေ့လိုက်ရတော့ fany တစ်ယောက်

ဟူး ဒီလူကြီးဘာလာလုပ်ပြန်ပြီလဲ မသိဘူး။ တော်တော်လေးကိုမှ အားနေတာလား မသိဘူး။ သူ့ကြည့်ရတာ ဘုရင်မှ ဟုတ်ပါလေစ။ ဘာလုပ်စရာမှရှိပုံလည်း မပေါ်တဲ့သူ။

ဆိုပြီးတွေးနေတုန်းရှိသေးတယ်။ အလိုက်ကန်းဆိုး မသိ သူ့အနားကို ပေါက်ချလာပါတော့တယ်။

Kim Tae Yeon တစ်ယောက် သူခိုးလူမိသွားသလိုမျိုး စကားမရှိ စကားရှာ ပြောတော့တယ်။

ဟီး ခုနတုန်းက ပလွေသံလေးက နားထောင်လို့ ကောင်းတယ်နော်။ တကယ်မှုတ်တတ် မှုတ်တတ်တာပေါ့။ ဟီး

လို့ပြောလိုက်တော့ fany ကလည်း စိတ်တိုတိုနဲ့ တကယ် မှုတ်တတ်လို့ အသံထွက်လာတာပေါ့။ ရော့ ကြည့်ကြည့် အတုလား အစစ်လားဆိုတာ

လို့ပြောလိုက်ပြီး Tae ရဲ့ လက်ထဲကို သူ့ပလွေလေးထည့်လိုက်တယ်။

Tae တစ်ယောက် ပလွေလေးကိုင်ပြီး

ဟင် ဒါ ကိုယ်တော်က ဘာလုပ်ရမှာလဲဟင်
ကိုယ်တော်မှ ပလွေ မမှုတ်တတ်တာ။ fany ကမှုတ်တတ်တယ်လေ။ ဟို Fany မှုတ်တာ နားထောင်လို့ကောင်းတယ်။ ရော့ Fany ဘဲမှုတ်ပါ။

ဆိုပြီး ဘာမှ မသိတဲ့ ကလေးလေးတစ်ယောက်လို ပလွေလေးကို ပြန်ပေးရှာတဲ့ Tae ကို
Fany က

ဘာ ခု ဘယ်လိုခေါ်လိုက်တာလဲ

ဆိုပြီးရန်လိုတဲ့ အသံနဲ့ပြောလိုက်တော့ Tae တစ်ယောက်

fa ... fany လို့ခေါ်လိုက်တာလေ။ ကိုယ်တော် ရော အဲ့လိုခေါ်လို့ ရဘူးလားဟင်။ sica ကတောင် အဲ့ လိုခေါ်တယ်လေ ဘာလို့ ကိုယ်တော်က ခေါ်လို့မရတာလဲ ဟင်

ဆိုပြီးမေးလိုက်တော့ fany လည်း ဘာမှပြန်မပြောနိုင် တကယ်တော့ ဒါက သူ့အိမ်ဘဲလေ။ Fany တစ်ယောက်ကသာ ဧည့်သည်။ မကြာခင် အချိန်မှာတော့ သူ ဧည့်သည် တစ်ယောက် မဟုတ်တော့ပါ။
ဒါကြောင့် ခုတော့ ခဏလေး သည်းခံ လိုက်ဆိုပြီး

ခေါ်ချင်တယ်ဆိုလည်း ခေါ်လေ။ ရပါတယ်။

ဆိုပြီးလျှော့လိုက်တော့တယ်။

ဟို fany ခေါ်မယ်နော်

fany မနက်ပိုင်း ပွဲတော် မတည်သေးဘူး မဟုတ်လား။ အဲ့ဒါ ဟို fany သာ စိတ်မဆိုး ဘူးဆိုရင် ဟို ကိုယ်တော်နဲ့ အတူစားဖို့ ဟိုလေ sica လည်းပါမှာ။ အတူတူ ပွဲတော်တည်ဖို့ပြောမလို့ပါ။ အဲ့ဒါ

ဆိုပြီး ပွဲတော်တည်ဖို့ပြောတာကို အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတဲ့ Kim Tae Yeon ကို အထူးအဆန်းလိုဘဲ fany ကြည့်နေစဉ်မှာဘဲ

Tae
Tae

Tae က ဒီမှာရောက်နေတာကိုး
sica ကတော့ Tae လေးမနိုးသေးခင် မနက်ပိုင်း ပွဲတော်တည်ဖို့ စားဖိုဆောင်ဘက်ကို သွားနေတာ။
Tae က ဒီမှာ fany နဲ့ စကားပြောနေတာကိုး။

Tae ရော fany ရော
လာလေ ပွဲတော်တည်ဖို့ သွားရအောင်

ဆိုပြီး sica က ခေါ်လိုက်တော့ fany တစ်ယောက် Tae ဆိုတဲ့ တစ်ယောက်နဲ့ အတူ မစားချင်ပေမယ့် sica ကို အားနာလို့ လိုက်သွားရတယ်။

စိတ်ထဲမှာတော့ အဲဒီလို ရူးကြောင်ကြောင်နဲ့ လူကိုများ ဘာ Tae လေး ဟုတ်လား
အံ့ပါရဲ့ ဒီဘုရင်က သူငယ်ပြန်နေတာလား မသိပါဘူး။ ရူးကြောင်ကြောင်နဲ့ လို့ တွေးပြီးလိုက်သွားတော့တယ်။

Tae တစ်ယောက် sica လာမှ ဘဲ အသက်ရှူ ချောင်တော့တယ်။ ဘာလို့များ ဒီကလေးမနဲ့ ဆို စကားပြောရတာ အပေါက်မတည့်တာလဲ မသိ။
ဒီကလေးမ တော်တော်လေးကိုစွာတယ်။ လူကြီးကို မလေးစားတတ်။ အလျှော့ပေးလွန်းရင် ကန်းတက်တယ် ဆိုတဲ့ အတိုင်း ခုလည်း တူတူပင်။

ဒီကလေးမကို လက်ထပ်ရရင်တော့ မလွယ် ငါးပါး မက ၁၀ ပါးလောက်ပင်မှောက်ပေလိမ့်မည်။

ဟို Hwang ဘုရင် ဆိုတဲ့ တစ်ယောက် သူ့သမီး သူမ နိုင်လို့များ ဖြစ်ချင်ရာဖြစ် ဆိုပြီး ငါ့ဆီ လာပို့တာလားမသိ။ တော်တော်ရှုပ်တဲ့ မိသားစုဘဲ လို့ တွေးလိုက်ပြီး စိတ်အိုက်သွားတဲ့ Tae တစ်ယောက် sica က

Tae အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ အထဲကို ဝင်လေ။
ပွဲတော်တည်ပါမယ်ဆိုမှ

လို့ပြောလိုက်မှ Tae သတိရလာပြီး

အော် ကောင်းပြီ လာခဲ့ပြီ။

လို့ပြောလိုက်ပြီး သူတို့ ၃ ယောက် အတူ တူ ပွဲတော် တည်လိုက်ကြတော့တယ်။

ပွဲတော် တည်ပြီးတဲ့ နောက်မှာတော့ sica လေးက

Tae ဟို လုပ်ကြံသူတွေကို စီရင်မယ့် ကိစ္စကိုလေ Fany နဲ့ Tae တို့ရဲ့ မင်္ဂလာ ကိစ္စ ပြီးမှ လုပ်ရအောင်

လို့ပြောလိုက်တော့ 
Tae ကလည်း

အင်း မင်္ဂလာကိစ္စကိုဘဲ အရင်လုပ်ကြတာပေါ့။ sica လေးက ဘာတွေတောင်ပြင်ဆင်ထားပြီလဲ ဟင်

ဆိုပြီးsica ရဲ့ပါးလေးကို လှမ်းဆွဲပြီး ပြုံးလိုက်တဲ့ Kim Tae Yeon ကြောင့် sica လေးမျက်နှာလေးရဲသွားတော့

ဟာ sica လေးက ဘာဖြစ်သွားတာလဲရှက်သွားတာလား ချစ်လို့စတာနော်

လို့ပြောလိုက်တဲ့ Kim Tae Yeon စကားကြောင့် fany မျက်နှာညှိုးသွားတယ်။

ဒီစကားပါဘဲ သူ Kim Tae Yeon ဆိုတဲ့ လူကြီး သူ့ကိုလည်းပြောခဲ့ဖူးတဲ့ စကား သူလုပ်ချင်တာ လုပ်ပြီး နောက်ဆုံးတော့ဘာ ချစ်လို့စတာတဲ့။

သူအဲ့လိုပြောပြောနေတဲ့
မိန်းကလေးတွေ ဘယ်နှယောက်တောင်ရှိပြီလဲ။ အားလုံးကို အဲ့လိုပြောနေကြဘဲလား။

ဆိုပြီး အခန်းတွင်းမှာရှိနေတဲ့ အပျိုတော်တွေ အားလုံးကို လိုက်ကြည့်ပြီး fany တစ်ယောက် စိတ် အလိုမကျ ဖြစ်နေတယ်။

ပြီးမှ ဟဲ့ Tiffany နင် ဘာတွေဖြစ်နေတာလဲ။ ရော် သူ့မိန်းမ သူချစ်တယ်လို့ပြောတာ နင်နဲ့ ဘာဆိုင်တုန်း။

အော် ခက်ပြီ ခက်ပြီ ဘာတွေတွေးနေမှန်းကို မသိ
ဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးလိုက်ပြီး နောက် ဟို ၂ ယောက်ကို ကြည့်လိုက်တော့လည်း အမြင်က မကြည်ချင်တော့ ပိုကိုပိုလွန်းတယ်။ ကြီးကောင်ကြီးမားဖြစ်နေပြီ ကလေးလုပ်နေတဲ့ ဟို ဘုရင်စုတ်ကို လည်းကြည့်လို့မရ။

သက်ကြီးရွယ်အိုလောက်တောင် ဖြစ်နေပြီ ဖြစ်တဲ့ ယောက်ကျားကို လည်း ကိုယ်မွေးထားတဲ့ ကလေးလိုကို ပြုစု ဆက်ဆံနေတဲ့ ဟိုတစ်ယောက်ကိုလည်း အမြင်ကတ်ချင်လာသလို

အော် Tiffany Tiffany အိမ်မှာ နေခဲ့ ရင်တောင် အကောင်း။ ကိုယ်ကသာ သူတို့ ၂ယောက်ကို လုပ်ကြံ ဖို့လာတယ်။ ခုတော့ သူတို့ ၂ ယောက်ကြောင့်ဘဲ fany တစ်ယောက် နှလုံးရောဂါရတော့မယ်။ သေတော့မယ်။ မဖြစ်။ မဖြစ်တော့ဘူး ဒီနေရာ မှာ ဆက်နေလို့ မဖြစ် သူသာလျင် ရူးသွားနိုင်တယ်

လို့တွေးမိပြီး

sica shi
chaw သွားလိုက်အုံးမယ်။

လို့ပြောတော့ sica က

fany ya ခုတော့ မင်းကြီးနားမှာနေပေးအုံး နော်
sica ခု အပ်ချုပ်ဌာန ကို သွားလိုက်အုံးမယ်။

fany လည်း မင်းသမီးတစ်ယောက်ဘဲ ဆိုတော့ တိုင်းရေးပြည်ရေး ကိစ္စတွေ နည်းနည်းတော့ လုပ်တတ်မှာဘဲလေ။

အခု မင်းကြီးက ပြည်သူတွေ ရဲ့ ရင်ဖွင့်သံတွေ သဝန်လွှာတွေ ကိစ္စ ကြီးငယ်တွေကို ပြန်စီစစ်ရမှာဆိုတော့ Fany လေးက ဘေးကနေ ကူပေးလိုက်ပါအုံးနော်။

ဆိုပြီး sica တစ်ယောက်ထွက်သွားလိုက်တော့ fany တစ်ယောက် မျက်နှာတွေရှုံ့မဲ့ပြီး ဘုရင်ကြီး စာဖတ်တဲ့ အခန်းကို ဝင်သွားလိုက်တယ်။

xxxxx .....

အခန်းထဲ ဝင်လာတဲ့ သူ့ကို တစ်စက်ကလေးမှ မော့်မကြည့်ဘဲ ခုနက လို ပေါတောတော လေသံ မဟုတ်တော့ဘဲ ကြည်လင် ပြတ်သားစူးရှတဲ့ အသံနဲ့

စာလိပ်တွေကို သူ့ အကြောင်းအရာလိုက် စီလိုက်ပါ။
စာလိပ်တွေကို ကိုယ်တ်ာရဲ့ ဘေးမှာ ကိုယ်တော် ယူဖတ်လို့ လွယ်အောင်လို့ သေချာစီထားပေးပါ

လို့ပြောလိုက်တဲ့ သူ့ အသံ ကြောင့် fany တစ်ယောက်

အင်း ခုနက လူနဲ့လည်း မတူတော့ဘူး တခြားစီဘဲ။ ၂ ကိုယ်ခွဲလားမသိဘူး။

ဆိုပြီးတွေးလိုက်မိတယ်။

နောက်ပြီး နောက် ၃ ရက်ကျ ရင် မင်းသမီးလေး Hwang နဲ့ ကိုယ်တော်ရဲ့  မင်္ဂလာပွဲ ရှိတယ်။ အဲ့ဒါကြောင့် မင်းသမီးလေးက စဉ်းစားပါ ကိုယ်တော်နဲ့ တကယ်ကိုဘဲ လက်ထပ်ချင်သလား။ ဆိုတာကို။ မိဘပြောလို့ မဟုတ်ဘဲ ကိုယ်ကိုတိုင် သေချာစဉ်းစားပါ။

ခုတော့ စာလိပ်တွေကိုသာသေချာစီပေးပါ။

ဆိုပြီးပြောလိုက်တဲ့ Kim Tae Yeon ရဲ့ အသံကြောင့် Fany လည်း အစမှာ လန့်သွားပြီးမှ
စိတ်ထဲကနေ

လက်ထပ်ပြီး နင့်ကို ကလဲ့ စားချေဖို့လာတာဟဲ့
အဲ့ဒါကြောင့် စဉ်းစားစရာကို မလိုတာ နင်နဲ့ ဘဲ သေချာပေါက် လက်ထပ်မှာ။

ဆိုပြီးတောင်ပြောလိုက်တော့တယ်။

Time Skip....

ဒီလိုနဲ့

ဘယ်အချိန်ထိတောင် ရောက်သွားလဲ မသိ။ fany တစ်ယောက် သူ့ရှေ့က မကုန်နိုင်သေးတဲ့ စာလိပ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်မိတော့။ ဘယ်ချိန်ကတည်းက သူ့ကို ကြည့်နေမှန်းမသိတဲ့ ကိုယ်တော်ချောက

fany ပင်ပန်းနေပြီလား။

တောင်းပန်တယ်နော်

တော်တော်လေးညောင်းသွားပြီ ထင်တယ်။ ခဏ လောက် အနားယူလိုက်လေ။ ဟိုဘက်က လိုက်ကာနောက်ဘက်မှာ အနားယူလို့ရတယ်။

သွားနားလိုက်ပါ fany shi.

လို့ပြောလိုက်တော့ fany ကလည်း ရော် ဒီလူကြီးတော့ ဘယ်လိုလူကြီးမှန်းကို မသိဘူး။

ဘယ်လိုလုပ် သူ့ကို ယုံကြည်ပြီး အဲ့မှာ အနားယူရမှာတဲ့လဲ။ ဘယ်လိုလူကြီးပါလိမ့်။ သူ့ကြောင့်တော့ ခက်ပါတယ်

လို့စဉ်းစားနေတုန်းရှိသေးတယ်။

ဘယ်ချိန်ကတည်းက သူ့နားကို ရောက်နေမှန်း မသိတဲ့ Kim Tae Yeon တစ်ယောက် သူ့ကို အပေါ်စီး ကနေ ရပ်ကြည့်နေပြီးနောက်

fany က ကိုယ့်တော်ကို မုန်းနေတာလားဟင်။ အမြဲ ကိုယ်တော် ပြောတဲ့ အရာတွေကိုဆို မလုပ်ချင် ပေကပ်နေတတ်တယ်။ ကိုယ်တော်ကတော့ ဟောဒီက fany လေးကို စေတနာနဲ့ ဂရုစိုက်တာကို အမြဲ ဘုကလန့်ဘဲ လုပ်နေတယ်။

ခုလည်းကြည့် ပေကပ်ပြီး ထိုင်နေတယ်။

ကိုယ်တော်က အဲ့လိုပေကပ်ပြီးနေနေတာကို မကြိုက်ဘူး။

လို့ပြောလိုက်တဲ့ Tae Yeon တစ်ယောက် သူ့ကိုသူ အံ့သြ မိတယ်။ တကယ်တမ်းကတော့ မုန်းတယ်လို့ပြော မလို့ပါ။ ခုတော့ အဲ့ကလေးမကို ကြည့်ပြီး ဘာတွေ တလွဲ ထွက်ကုန်မှန်းမသိ။
ဟူးဘာဘဲဖြစ်ဖြစ်ပါလေ။

ဆိုပြီး အဲ့လိုဘုကလန့်လုပ်နေတဲ့ ဒီကလေးမတော့ တွေ့မယ်

လို့တွေးလိုက်ပြီး

Tae တစ်ယောက် fany ရဲ့ ခန္တာကိုယ်လေးကို မချီလိုက်တော့တယ်။

ရုတ်တရက်ဆိုတော့ fany တစ်ယောက်လန့်သွားတယ်။ ဒါနဲ့ စကားတွေလည်း အထစ်ထစ် အငေါ့ငေါ့နဲ့

ဒ ဒ ဒါ ဘ ဘာ ဘာလုပ်တာလဲ။

အောက် အောက်ပြန်ချပေးပါ

ဆိုပြီး
မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ fany ကို Tae တစ်ယောက် ဂရုမစိုက်

ပွေ့ချီထားတဲ့ ပုံစံတောင်ပြင်လိုက်သေးတယ်။ ပုံစံပြင်လိုက်မှဘဲ fany တစ်ယောက် ပို ခေါင်းကြီးသွားတော့တယ်။

fany တစ်ယောက် သူ့ရဲ့ မျက်နှာ ကို အရင်တစ်ခေါက်တုန်းကထက် ပိုမို နီးကပ်စွာတွေ့လိုက်ရတယ်။ သူ့ မေးရိုးတွေ က တကယ်ကို ယောက်ကျားတစ်ယောက် ရှိရမယ့် မေးရိုးတွေထက်ကိုတောင် ပိုပြီး လှပ ခန့်ညားနေသေးတယ်။

ပြီးတော့ သူ့ သူ့ နှုတ်ခမ်းလေးတွေက ပြီးပြည့်စုံတဲ့

ဟာ Tiffany နင်အခု ဘာတွေတွေးနေတာလဲ။
ဟယ် ငါ ငါ ရင်တွေခုန်နေတာလား။ အာ မဟုတ်ဘူး Tiffany နင် သူ့ကို ဘယ်တော့မှ ရင်မခုန်ရဘူး။ မချစ်ရဘူး။ မျက်စိမှိတ်ထား

ဆိုပြီး ကိုယ့်ကိုယ်ကို အားတင်းပြီးမှပြောလိုက်တယ်။

တကယ်တမ်း Tiffany တစ်ယောက် သူ့ကို ပွေ့ လိုက်တဲ့ သူဟာ Tae မဟုတ်ခဲ့ ရင် သေချာပေါက် fany တစ်ယောက် ကုတ်ဖဲ့ပြီး မရရအောင် အောက် ဆင်းမည်သာ။

ခုတော့ Tae ဖြစ်နေတော့ fany တစ်ယောက်ဘာမှမပြောနိုင်။ မျက်လုံးပိတ်လျက်သာ ပါလာခဲ့တယ်။ ရင်တွေလည်း တအားခုန်လို့ပေါ့။

#########################

Tae တစ်ယောက် သူပွေ့လာတဲ့ fany ကို အိပ်ရာပေါ်ကို အသာလေးချ ပေးလိုက်ပြီးနောက်

နောက် အဲ့လို ဂျစ်ကန်ကန် မလုပ်နဲ့ ကိုယ်တော် မကြိုက်ဘူး။
လိမ္မာ နော် ကြားလား။ လိမ္မာတဲ့ သူမှ ကိုယ်တော်က ချစ်တာ။

လို့ပြောလိုက်တဲ့ Tae Yeon တစ်ယောက် သူ့ကိုယ်သူ

ဟိုက် သေပြီ Kim Tae Yeon ဘာတွေလျှောက်ပြောပြန်ပြီလဲ။ ထွက်လာတဲ့ စကားတွေက ဟုတ်တာကို မရှိဘူး။ အဲ့တော့ ပိတ်ထားလိုက်တော့

လို့တိုးတိုးလေးပြောလိုက်မိတယ်။

ပြီးမှ ပိတ်လို့မရသော ပါးစပ်ပေါက်ကနေ

အနားယူလိုက်အုံးနော် fany shi

စိတ်ချပြီးသာ အနားယူ ကိုယ်တော် fany ကို ဘာမှ မလုပ်ဘူး။ လက်ဖျားနဲ့တောင် မထိဘူးနော်။နားတာ့ ဆိုပြီး fany ရဲ့ မျက်နှာကို ကြည့်လိုက်မိတော့ ပွဲတော်ရောက်ရင် မီးကျည်တွေ ပစ်လွှတ်လိုက် သလိုဘဲ Tae Yeon ရဲ့ ရင်ထဲမှာလည်း မီးကျည် တစ်ရာ မက ပစ်လွှတ်နေသလို။ ဆူညံ သွားတော့တယ်။

အဲ့တော့ Tae Yeon တစ်ယောက် ဘာလုပ် လို့ လုပ်ရမှန်းမသိ ပါးစပ်ကလည်းပြောမိပြောရာ ပြောနဲ့

ကိုယ်တော် သွားတော့မယ်။ လိုအပ်တာရှိရင်ပြောနော်
ကိုယ်တော် အပြင်မှာရှိတယ်။

လို့ပြောပြီး အပြင် ကို ပြန်ထွက်ခဲ့တော့တယ်။

ကျန်ခဲ့တဲ့ fany တစ်ယောက် ဘယ်လိုမှ နေမသာတော့ပါ။ သူ့နှုတ်ခမ်းလေးကိုဘဲ မြင်ယောင်နေမိတယ်။
သူက တော်တော်လေးကို ချောတယ်။ အစကတော့ အရူးလိုလိုနဲ့ ခုကျတော့လည်း ဘာမှန်းကို မသိ။

အာတော်ပြီ မစဉ်းစားတော့ဘူး။

ဆိုပြီး သူအိပ်ဖို့ ကြိုးစားလိုက်တော့တယ်။
သူ Tae ကို ယုံပါတယ်။ သူ့ကို ဘာမှ မလုပ်ဘူးဆိုတာ။ ဒါကြောင့်လည်း Fany တစ်ယောက် အိပ်ဖို့စဉ်စားလိုက်ခြင်းသာ စိတ်လှုပ်ရှားတာတွေ သိပ်များသွားတော့ မကြာခင်မှာဘဲ fany အိပ်ပျော်သွားတော့တယ်။

Time skip ×××××××

Tiffany တစ်ယောက် ဘယ်ချိန်ထိ အိပ်ပျော်သွားမှန်းမသိ။ အပြင်က Tae ရဲ့ အသံလေးနဲ့ sica ရဲ့တခစ်ခစ် ရယ်သံတွေကို ကြားလိုက်တော့ Fany တစ်ယောက် ဘာဖြစ်သွားမှန်းမသိ။ sica တစ်ယောက် ဘာကြောင့်ရယ်နေမှန်းမသိ။ သူသိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီ။ လိုက်ကာနားကိုသွားပြီး ကြည့်လိုက်တော့

Tae တစ်ယောက် sica ကို ပြုံးပြီး ထိုင်ကြည့်နေတယ်။ sica ကတော့ Tae မကြည့်ဘဲ စာလိပ်တွေ ကို စီရင်းနဲ့ Tae ပြောတာတွေကို နားထောင်နေပုံရတယ်။ ပြီးတော့ ရယ်နေသေးတယ် ဆိုတော့ Tae တစ်ယောက် sica ကို ဘာတွေများပြောနေတာပါလိမ့်။

အော် Tiffany ရယ် နင် ဘယ်တုန်းကများဒီလောက်တောင် စပ်စုတတ်သွားတာလဲ။

သူမ မသိတော့။ သိချင်တာတစ်ခုကတော့ Tae တစ်ယောက် sica နဲ့ တွေ့မှ ဘာလို့ ဒီလောက်ပြုံးပြုံး သွားရတာလဲ။

Tiffany တစ်ယောက် သက်ပြင်းချလိုက်ပြီး လှည့်ထွက်တော့မယ် အလုပ် စာလိပ်တွေကို ချပြီး Tae အနားကို တိုးလာတဲ့ sica ရဲ့ လှုပ်ရှားမှုကြောင့် fany ကြည့်လိုက်တော့

ခုနက သူမြင်ယောင်လို့နေတဲ့ လှပဆွဲမက်ဖွယ်ကောင်းတဲ့ Tae ရဲ့ နှုတ်ခမ်းလေးကို လှမ်းပြီးနမ်းလိုက်တဲ့ sica ကို fany တစ်ယောက် ဘေးကရှိနေတာတွေနဲ့ ကောက်ပေါက်ချင်စိတ်တွေ ပေါ်လာတယ်။

မနည်း ကိုယ့်ကိုယ်ကို ထိန်းလိုက်ရတယ်။
fany စိတ်မကောင်းလည်းဖြစ်သွားတယ်။ ဒါပေမယ့် fany ဘာမှ မတတ်နိုင်ပါ။ Tae ကို သူပိုင်တာမှ မဟုတ်တာ။ sica က ပိုင်ဆိုင်တာကိုး။

ဒါပေမယ့် မကြာတော့ပါ။ Tae ကို သူလည်း ပိုင်ဆိုင်တော့မှာပါ။ အင်း ဒါပေမယ့် Tae ရဲ့ စိတ်ကို သူပိုင်ဆိုင်ဖို့လိုတယ်။

ဆိုပြီးတွေးလိုက်မိတော့မှ Tae ကို ကြည့်ဖို့ သတိရသွားတယ်။ sica ခုနက နမ်းလိုက်တာကို Tae က ဘယ်လိုများ

ဆိုပြီး Tae ကို ကြည့်လိုက်တော့ နဂို အတိုင်းသာ။

fany တစ်ယောက်

ဟူး တော်ပါသေးရဲ့ ဆိုပြီး သက်ပြင်းချ ကာစ ဘဲ ရှိသေး

sica ကို ရင်ခွင်ထဲ ဆွဲ သွင်းလိုက်တဲ့ Tae ကြောင့် fany လေးကြောင်သွားတယ်။

ပြီးတော့ sica ရဲ့ နဖူးလေးကိုတောင် နမ်းလိုက်သေးတဲ့ Tae .

Fany တစ်ယောက် ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပါ။

Fany ရဲ့ပါးပေါ်မှာလည်း မျက်ရည်တွေ စီးကျလာတော့တယ်။

Tiffany ဆိုတဲ့ သူက ဘယ်ယောက်ကျားကြောင့်မှ မျက်ရည်ကျဖူးတာ မဟုတ်။ ခုတော့ Kim Tae Yeon ဆိုတဲ့ လူကြီးကြောင့်။

Tae ရက်စက်တယ်။
ခုနကတော့ ဂျစ်ကန်ကန်မလုပ်ရင် ချစ်တယ်ဆိုပြီး လိမ်ညာတတ်တဲ့သူ။ ဂရုစိုက်တယ်တဲ့

ဒါလား Tae ရဲ့ Fany အပေါ်ဂရုစိုက်တယ်ဆိုတာ။

လို့တွေးမိတဲ့ Fany တစ်ယောက် အပြင်ထွက်လို့လည်း မဖြစ်ပါ။ အဲ့တော့လည်း အိပ်ရာပေါ်မှာဘဲ တစ်ယောက်ထဲ ငိုကြွေးရင်း ငုတ်တုတ်လေး ထိုင်နေလိုက်တော့တယ်။

Time Skip ××××××××××

Tae တစ်ယောက် လုပ်နေတဲ့ အလုပ်တွေကို ခဏရပ်လိုက်ပြီး

အခန်းထဲကို လှမ်းကြည့်လိုက်တယ်။ Fany ဆိုတဲ့ ကလေးမလေး အိပ်နေတာ ကြာလှပြီ။ ခုထိ မထသေး။ နေများမကောင်းနေတာလား။ သွားကြည့်လိုက်အုံးမှဆိုပြီး

အခန်းထဲကို ဝင်လိုက်ရော နံရံကို မှီထားပြီး ငုတ်တုတ်လေး အိပ်နေတဲ့ fany လေးကိုမြင်လိုက်တော့ Tae တစ်ယောက် အနားထိသွားလိုက်ပြီး

ဒီကလေးမတော့ ဘာလို့ ဒီမှာဒီလိုပုံနဲ့ အိပ်နေပါလိမ့် ဆိုပြီး ပုခုံးကို လှုပ်နိုးမယ်လုပ်တော့မှာဘဲ
fany တစ်ယောက် ငိုထားသလို ပုံလေးဖြစ်နေတော့ Taeတစ်ယောက် စိုးရိမ်သွားတယ်။ ဒါနဲ့ Tae လည်း fany ကို

fany ya
fany ya

ဆိုပြီး ညင်ညင်သာသာလေးခေါ်လိုက်တယ်။

Fany ya

လို့ ထပ်ခေါ်လိုက်မှဘဲ fany တစ်ယောက် နိုးလာပြီး မျက်လုံးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့သူကတော့

သူ့ကို နာကျင်အောင် ငိုအောင် လုပ်တဲ့ အကျင့်ပုတ် Kim Tae Yeon ကြီးပါ။

ခုကျပြန်တော့လည်း fany ကို ကြည့်နေတဲ့ သူ့မျက်လုံးတွေက စိုးရိမ်စိတ်အပြည့်နဲ့။

မျက်လုံးလေးဖွင့်ပြီး သူ့ကို စိုက်ကြည့်နေတဲ့ fany လေးကို Tae Yeon က

fany ya
ဘာဖြစ်လို့လဲ
မျက်နှာလည်းမကောင်းဘူး။
နေမကောင်းလို့လား။
ပြောလေ ဘယ်နားမှာ နေမကောင်းလို့လဲ။

ဆိုပြီးစိုးရိမ်တကြီးမေးနေတဲ့ သူ့ကို ကြည့်ပြီး fany တစ်ယောက် စိတ်ထဲမှာကျေနပ်မိနေတယ်။
ဒါနဲ့ Fany လည်း

နေကောင်းပါတယ်။ ဘာမှ မဖြစ်ပါဘူး။

ဆိုပြီးပြောလိုက်ပေမယ့် ခေါင်းမာတုံး Kim Tae Yeon ကတော့ သူ့ရဲ့ ရံခြွေတော်တွေကို ခေါ်လိုက်ပြီး မိဖုရားကြီးကို ခေါ်လိုက်
ပြီးရင်း သမားတော်ကိုလည်းခေါ်လိုက် မြန်မြန်လာပါလို့

ဆိုပြီးပြောနေတဲ့ Tae ကိုကြည့်ပြီး fany တစ်ယောက် သူ့ အချစ်ကို ရဖို့ ငါ ငါ ဘာလုပ်ရမလဲ။ ဆိုပြီး တစ်ကိုယ်တည်းပြောနေမိတော့တယ်။

အဲ့ ချိန်မှာဘဲ sica ရော သမားတော် ကြီးရော အပြေးလေးရောက်လာပြီး

အရှင်မင်းကြီးဘာဖြစ်လို့လဲ။

ဆိုပြီး ပြောတဲ့ သမားတော်ကြီးကို Tae တစ်ယောက်

ကိုယ်တော် ဘာမှ မဖြစ်ဘူး။ ဟောဒီက မင်းသမီးလေးဖြစ်တာ။ သူ့ကို သာ သေချာ လေးကုပေးလိုက်ပါ။

လို့ပြောနေတဲ့ Tae လေးကို sica တစ်ယောက် ပြုံးပြီးသာကြည့်နေလိုက်တော့တယ်။

Fany ကို ကြည့်လိုက်တော့ sica လေးသဘောပေါက်သွားတယ်။ fany တစ်ယောက် ဘာဖြစ်နေလဲ ဆိုတာ။

ဒါကြောင့် sica လေးပျော်မိပါတယ်။ ဘာဘဲ ဖြစ်ဖြစ် သူ့ Tae လေးကို ချစ်တဲ့ နောက်တစ်ယောက် ရှိလာလို့ sica သိပ်ပျော်ပါတယ်။

အဲ့ချိန်မှာဘဲ သမားတော်ကြီး က

မင်းသမီးလေးက အားနည်းနေတာပါ။ ဘာမှတော့ စိုးရိမ်စရာ မရှိပါဘး

ူလို့ ပြောလိုက်တော့ မှ Tae တစ်ယောက် သက်ပြင်းဖွဖွလေးချလိုက်မိတော့တယ်။

ပြီးမှ sica လေး Fany လေးကို သူ့ အဆောင်မှာ နားဖို့ အတွက် sica လေးဘဲ ဦးဆောင်ပြီး လုပ်လိုက်ပါနော်။ Tae ဒီမှာ အလုပ်မပြတ်သေးလို့

လို့ပြောလိုက်တော့ sica ကလည်း

အင်း လုပ်ပေးမှာပေါ့ sica က fany ကို ချစ်တာကိုး

လို့ဆိုပြီး စလိုက်တော့ Tae တစ်ယောက် ပြုံးနေတာပေါ့။

အော် ဒါနဲ့ sica လေး fany အတွက်စားဖို့ ပါ

လို့ဘဲပြောရသေးတယ်။ sica က

sica သိပါတယ်။ Tae ရယ်။ sica အားလုးူံ လိုလေသေးမရှိလုပ်ပေးမှာပေါ့။

လို့ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ညနေပိုင်း ရောက်လာတဲ့ အခါ Tae ဆီကို sica လေးရောက်လာပြီး

Tae
fany ဆီကို သွားကြည့်လိုက်ပါအုံး မင်္ဂလာရက်ကလည်း ရှိသေးတယ် မဟုတ်လား မြန်မြန်သက်သာလာဖို့ လိုတယ်လေ။ Tae က ဘုရင်မင်းမြတ် ပီပီ Fany လေးကို သွားကြည့်လိုက်ပါ။

ညနေစာဖြစ်တဲ့ ဒီ ဆန်ပြုတ်ကိုလည်း ကုန်အောင်တိုက်ခဲ့ နော်။ သွား

သူအားရှိဖို့ လိုတယ်။

ဒါပေမယ့် Tae အိပ်ရင်တော့ sica ဆီကိုဘဲ ပြန်လာရမယ်နော်

လို့ပြောလိုက်တော့ Tae က

ဒီကလေးမ ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့။ စ စရာမရှိ ရှာကြံစတတ်တဲ့ ကလေးမ။ နန်းဆောင်ထဲမှာ စောင့် နေ ပြန်ကိုပြန်ခဲ့မယ်။

ခုလည်းအဲ့ဒီ ကို ဘယ်သူက သွားခိုင်းတာလဲ။ သူဘဲ သွားခိုင်းပြီးတော့

စိတ်သာချ

ပြန်လာခဲ့မယ်။

လို့ဆိုပြီး Tae တစ်ယောက် fany ရဲ့ နန်းဆောင်ဆီကို ထွက်ခဲ့တော့တယ်

Continue Reading

You'll Also Like

18.7K 1.2K 48
မနက်​ဖြန်ဆိုတာ မရှိခဲ့ရင်......
426K 12.8K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
604K 21.8K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
117K 6.6K 59
May Yan ရဲ့ 2nd Fic​လေးပါ ♔️ Taeny ♕️ ပါပဲ I love Taeny 💓 i'm always forever locksmith 💘 & Sone. အ​ရေးသားညံ့ရင်​ရော လိုအပ်​ချက်​ရှိရင်​ရော သည်းခ...