My Fate & My Love

1.1K 64 0
                                    

My Fate & My Love

ep - 8

Tae ကိုလက်နက်ချ အရှုံးပေး ချစ်မိသွားတဲ့ fany တစ်ယောက် Tae သူ့နားမှာ ရှိနေတာလေးကို သိပ်ပျော်မိတယ်။

Tae က

fany အနားယူလိုက်အုံးလေ။ နေလည်းကောင်းသေးတာလည်း မဟုတ်သေးဘဲနဲ့ ။ အိပ်တော့နော်။

ကိုယ်တော်လည်းပြန်လိုက်အုံးမယ်။

လို့ဆိုပြီး ပြန်ဖို့ထတော့မယ့် Tae ရဲ့လက် ကို fany တစ်ယောက် လှမ်းဆွဲထားလိုက်ပြီးနောက်

Ta Tae Tae ya မပြန်ပါနဲ့အုံးလား
fany အိပ်ပျော်သွားမှ ပြန်လို့မရဘူးလားဟင်

ဆိုပြီး တကယ်ကိုမှ တောင်းပန်တဲ့ အကြည့်လေးနဲ့ ပြောနေတဲ့ Tiffany ကို Tae တစ်ယောက် ဒီလိုဘဲတော့ မထားခဲ့ ချင်ပါ။ ဒါပေမယ့် သူ့ကို sica လေးစောင့် နေတာဆိုတော့ မပြန်လို့လည်း မဖြစ်။

ဒါပေမယ့် သူလေးလည်း ဒီမှာစိတ်အားငယ်ရှာမှာပေါ့။ သူ့အိမ်လည်း မဟုတ်ဆိုတော့။

Kim Tae Yeon ရာ ဘယ်လောက်မှ ကြာမှာလည်း မဟုတ် စောင့်ပေးလိုက်ပါ။ သူအိပ်မှ ပြန်လိုက်ပေါ့။ တစ်ညလုံးနေရမှာလည်း မဟုတ်ဘဲ။

ဆိုပြီး ကိုယ့်ကိုယ်ကို ပြောလိုက်ပြီးနောက်

အင်း ကိုယ်တော် စောင့်ပေးမယ်လေ။ fany လေးကတော့ အိပ်တော့လေနော်။ မင်္ဂလာရက် ကလည်း ရောက်တော့မှာ ဘယ်လောက်မှ မကြာတော့ဘူးလေ။ fany အားရှိဖို့လိုတယ်နော်။

လို့ပြောပြီး Fany ကို အိပ်ရာဆီကို တွဲပြီးခေါ်သွားတော့တယ်။

fany တစ်ယောက် လမ်းလျှောက်လို့ ရပါသော်လည်း Tae တစ်ယောက် သူ့ကိုတွဲထားတာမို့ ပိုတောင် အားနည်းပြီး ယိုင်တိုင်တိုင်ဖြစ်အောင် တောင် လုပ်လိုက်သေး။

အော် Tiffany Tiffany နင်ကတော့လေ တော်တော်ကိုတတ်လည်းတတ်နိုင်ပါ့။ မုန်းတော့လည်း မုန်းလို့တဲ့ ဟော ချစ်မိတော့လည်း ချစ်မိလို့တဲ့။

ဒီလောက် ကြံ့ခိုင် စိတ်ဓာတ်မာကျောတဲ့ Tiffany တစ်ယောက် နေ့ချင်း ညချင်း ပျောက်ကွယ် သွားခဲ့ပြီလေ။

My Fate & My LoveDove le storie prendono vita. Scoprilo ora